AYPA Myanmar

Call Directions Website

AYPA Myanmar VISION
For Christ And Church

AIM
To be a committed Christian
To be a good citizen

🙏🏻 မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) သာသနာပိုင်ချုပ်နယ် - အင်္ဂလီကန်လူငယ်များအသင်း ✨အမှုဆောင်သစ်ဆက်ကပ်ခြင်းနှင...
13/09/2026

🙏🏻 မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) သာသနာပိုင်ချုပ်နယ် - အင်္ဂလီကန်လူငယ်များအသင်း ✨အမှုဆောင်သစ်ဆက်ကပ်ခြင်းနှင့် လူငယ်များ စုပေါင်းဝတ်ပြုခြင်း ✝️🔥 ကို ၁၃ ရက်၊ စက်တင်ဘာလ၊ ၂၀၂၆ (တနင်္ဂနွေနေ့) ညနေ ၅:၀၀ နာရီတွင် Zoom ဖြင့် ပြုလုပ်ခဲ့ရာ ဒေသအသီးသီးမှ လူငယ်မောင်မယ် (၄၅) ပါဝင်ခဲ့ကြပါသည်။ အစီအစဉ်တွင် -

✝️ဝတ်ပြုကိုးကွယ်ရေးသဘာပတိများမှ ဝတ်ပြုခြင်းကို ဦးဆောင်ပေးခြင်း
✝️ သာသနာပိုင်ချုပ်ဆရာတော်ကြီးမှ ၂၀၂၆-၂၀၂၈ သာသနာပိုင်ချုပ်နယ် အလငသအမှုဆောင်ကော်မတီဝင်အသစ်များအား ဆက်ကပ်ဆုတောင်းပေးခြင်းနှင့် ဩဝါဒစကားမွက်ကြားခြင်း
✝️ သာသနာပိုင်နယ်အသီးသီးမှ လူငယ်များက သမ္မာကျမ်းစာဖတ်ခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်း၊ သက်သေခံခြင်းနှင့် အထူးဆုတောင်းပေးခြင်း
✝️ ဘုန်းတော်ကြီး Richard G. ဝေမှူးက တရားဒေသနာဟောကြားခြင်း
✝️ အွန်လိုင်းမှတဆင့် ပေးလှူခြင်း
✝️ ကောင်းချီးခံယူခြင်းများနှင့်အတူ
✨ သမ္မာကျမ်းစာနှင့်အထွေထွေဗဟုသုတဆိုင်ရာ Kahoot Game အား ကစားပြီး ပျော်ရွှင်စွာ မိတ်သဟာယဖွဲ့ ပါဝင်ခဲ့ကြပါသည်။

🕊️ အစီအစဉ်ကဏ္ဍအသီးသီးတွင် ပါဝင်ဆက်ကပ်ခြင်းနှင့်အတူ ဒေသအသီးသီးမှ ကြိုးစားပါဝင်တက်ရောက်ပေးခဲ့ကြသော အလငသညီအစ်ကိုမောင်နှမများအား အထူးပင်ကျေးဇူးးတင်ရှိပါကြောင်းနှင့် အဘဘုရားထံတော်ပါးမှ ကြွယ်ဝသော ကောင်းချီးမင်္ဂလာများစွာ ခံစားရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။

🌟
အမှုတော်မြတ်၌
အမှုဆောင်ကော်မတီ
အ.လ.င.သ
သာသနာပိုင်ချုပ်နယ်
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)

🙏🏻 မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) သာသနာပိုင်ချုပ်နယ် - အင်္ဂလီကန်လူငယ်များအသင်း ✨အမှုဆောင်သစ်ဆက်ကပ်ခြင်းနှင...
05/09/2026

🙏🏻 မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) သာသနာပိုင်ချုပ်နယ် - အင်္ဂလီကန်လူငယ်များအသင်း ✨အမှုဆောင်သစ်ဆက်ကပ်ခြင်းနှင့် လူငယ်များ စုပေါင်းဝတ်ပြုခြင်း ✝️🔥
နေရာဒေသအသီးသီးမှာ ရောက်ရှိနေကြတဲ့ အလငသလူငယ်မောင်မယ်များအားလုံး မင်္ဂလာပါ👋
သခင်ခရစ်တော်ရဲ့ မေတ္တာတော်မှာ အတူတကွ ပေါင်းစည်းရင်း အမှုတော်အတွက် အသစ်တဖန် ဆက်ကပ်အပ်နှံကြဖို့ အင်္ဂလီကန်လူငယ်များအသင်းရဲ့ "အမှုဆောင်သစ်ဆက်ကပ်ခြင်းနှင့် လူငယ်များ စုပေါင်းဝတ်ပြုခြင်း" အစီအစဉ်မှာ ပါဝင်ဖို့ နွေးထွေးဝမ်းမြောက်စွာ ဖိတ်ကြားအပ်ပါတယ်။

📅 ရက်စွဲ - ၁၃ ရက်၊ စက်တင်ဘာလ၊ ၂၀၂၆ (တနင်္ဂနွေနေ့)
⏰ အချိန် - ညနေ ၅:၀၀ နာရီ
💻 အစီအစဉ်ပြုလုပ်မည့်နေရာ (Zoom Online)
🆔 Zoom ID: 628 263 7907
🔑 Passcode: 123
ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အတူတကွ ချီးမွမ်းကြဖို့နဲ့ နေရာဒေသအသီးသီးမှာ ရောက်ရှိနေကြတဲ့ လူငယ်အချင်းချင်း မိတ်သဟာယ ဖွဲ့နိုင်ဖို့အတွက် လူငယ်မောင်မယ်များအားလုံး မပျက်မကွက် ပါဝင်တက်ရောက်ကြဖို့ ချစ်ခြင်းမေတ္တာဖြင့် ဖိတ်ခေါ်လိုက်ပါတယ်နော်။ ✝️✨🕊️🌟

✨ သာသနာပိုင်ချုပ်နယ် အလငသ အမှုဆောင်များ၏ ပုံမှန်အစည်းအဝေး ✨၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက် ညနေ (၆:၀၀) နာရီတွင် သာသနာပိုင်...
01/09/2026

✨ သာသနာပိုင်ချုပ်နယ် အလငသ အမှုဆောင်များ၏ ပုံမှန်အစည်းအဝေး ✨
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက် ညနေ (၆:၀၀) နာရီတွင် သာသနာပိုင်ချုပ်နယ် အလငသ အမှုဆောင်များ၏ ပုံမှန်အစည်းအဝေးကို Zoom Online မှတဆင့် အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ အမှုဆောင်ကော်မတီဝင် (၁၇) ဦး ပါဝင်တက်ရောက်ခဲ့ကြပြီး အောက်ပါ အစီအစဉ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည် -

* 🏻 အထူးဆုတောင်းခြင်း နှင့် ကော်မတီဝင်များ မိတ်ဆက်ခြင်း
* 📄 သာသနာပိုင်ချုပ်နယ် ဗဟိုကော်မတီအစီရင်ခံစာ အား ဖတ်ကြားအတည်ပြုခြင်း
* 🗓️ ၂၀၂၆ စက်တင်ဘာလ (၁၃) ရက် (ညနေ ၅:၀၀ နာရီ) တွင် အွန်လိုင်းမှတဆင့် ပြုလုပ်မည့် "ကော်မတီဝင် ဆက်ကပ်ခြင်းနှင့် စုပေါင်းဝတ်ပြုခြင်း" အစီအစဉ်များ ရေးဆွဲခြင်း
* 🌐 ပြည်ပဆက်သွယ်ရေး သဘာပတိများ ရွေးချယ်ခြင်း
* ✝️ အလငသ လုပ်ငန်းစဉ်များ တိုင်ပင်ဆွေးနွေးခြင်း

ဘုရားသခင်၏ သာသနာတော်အတွက် ဆက်လက်ပါဝင် ဆုတောင်းပေးကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

အမှုတော်မြတ်၌ -
အလငသ အမှုဆောင်ကော်မတီ
သာသနာပိုင်ချုပ်နယ်
(၁ စက်တင်ဘာ ၂၀၂၆)

ပုသိမ်သာသနာပိုင်နယ် အထက်ပိုင်း အသင်းတော်များ စုပေါင်းပြုလုပ်သည့် သင်တန်း၊ စုပေါင်းဝတ်ပြုခြင်းနှင့် နယ်လှည့်ကွင်းဆင်း ခရီ...
18/08/2026

ပုသိမ်သာသနာပိုင်နယ် အထက်ပိုင်း အသင်းတော်များ စုပေါင်းပြုလုပ်သည့် သင်တန်း၊ စုပေါင်းဝတ်ပြုခြင်းနှင့် နယ်လှည့်ကွင်းဆင်း ခရီးစဉ်အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းရင်း ကျေးဇူးတင်လွှာ။ 🙏✨

တောကျောင်း၊ ကျောင်းတော်၊ ဝက်ချောင်း၊ နှင့် ဘဝိုင်း ကျေးရွာများသို့ သာသနာပိုင်ချုပ်နယ်၊ အလငသ ဌာနမှူး Rev. ရစ်ချက်ရန်အောင်သည် နယ်လှည့်ကွင်းဆင်း သွားရောက်နိုင်ခဲ့သည့်အပြင် ပါလျဲ့ကျေးရွာတွင် ကျင်းပသည့် စုပေါင်းဝတ်ပြုခြင်းနှင့် သင်တန်းများတွင်လည်း အတူတကွ ပါဝင်ခွင့်ရရှိခဲ့ပါသည်။

ခရီးစဉ်အတွင်း ဆောင်ရွက်နိုင်ခဲ့သည့် အစီအစဉ်များ -

* မိတ်သဟာယဖွဲ့ခြင်း & အိမ်လှည့်ဝတ်ပြုခြင်း: အသင်းတော် အသီးသီးမှ လူငယ်များနှင့် တွေ့ဆုံကာ ရင်းနှီးစွာ မိတ်သဟာယဖွဲ့နိုင်ခဲ့ပြီး အိမ်လှည့်ဝတ်ပြုခြင်းများ ပြုလုပ်နိုင်ခဲ့ပါသည်။

* ဗဟိုအစီအစဉ်များ ရှင်းလင်းပြောကြားခြင်း: ပုသိမ်လူငယ်ကော်မတီနှင့် ပူးပေါင်း၍ ဗဟိုချုပ် အစီအစဉ်များနှင့် အနာဂတ် လုပ်ငန်းစဉ်များကို ရှင်းလင်းမျှဝေနိုင်ခဲ့ပါသည်။

* အသိပညာပေး အစီအစဉ်: သင်တန်းတွင် အလငသဆိုင်ရာ သိကောင်းစရာများကို အပြန်အလှန် မျှဝေဆွေးနွေးနိုင်ခဲ့ပါသည်။

ဘုရားရှင်၏ ကောင်းမြတ်ခြင်းနှင့် စောင့်ရှောက်မှုကြောင့် ခရီးစဉ်တစ်ခုလုံးကို လုံခြုံအေးချမ်းစွာဖြင့် အစအဆုံး ပါဝင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အထူးပင် ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

ဤခရီးစဉ်နှင့် အစီအစဉ်များ အောင်မြင်စွာ ပြီးမြောက်ရေးအတွက် အလှူငွေများဖြင့် ပါဝင်လှူဒါန်းပေးကြသူများ၊ ဆုတောင်းပေးကြသူများနှင့် ကော်မတီဝင် တစ်ဦးချင်းစီတိုင်းကို ဘုရားသခင် အဆပေါင်းများစွာ ကောင်းချီးပေးပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Alpha Asia Pacific Conference 2026 🇲🇾၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၉) ရက်မှ ဇူလိုင်လ (၂) ရက်နေ့အထိ မလေးရှားနိုင်ငံ၊ Kuala Lumpur ...
04/07/2026

Alpha Asia Pacific Conference 2026 🇲🇾

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၉) ရက်မှ ဇူလိုင်လ (၂) ရက်နေ့အထိ မလေးရှားနိုင်ငံ၊ Kuala Lumpur မြို့တွင် ကျင်းပပြုလုပ်ခဲ့သော Alpha Converge နှင့် Alpha Asia Pacific Conference သို့ AYPA ဗဟိုချုပ်ဥက္ကဌ နှင့် ရန်ကုန်သာသနာပိုင်နယ် AYPA ဥက္ကဌ တို့မှပါဝင်တက်ရောက်ခွင့်ရရှိခဲ့ပါသည်။

အဆိုပါ Conference တွင် အာရှ-ပစိဖိတ်ဒေသတစ်ဝန်းရှိ နိုင်ငံအသီးသီးမှ အသင်းတော်ခေါင်းဆောင်များနှင့်အတူ စုဝေးကာ ဘုရားသခင်ကို အတူတကွ ချီးမွမ်းကိုးကွယ်ဝတ်ပြုခြင်း၊ ဆုတောင်းခြင်း၊ သင်ယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် သတင်းကောင်းဝေငှခြင်း (Evangelism) အမှုတော်အတွက် လိုအပ်သော ခွန်အား၊ အသိပညာနှင့် အတွေ့အကြုံများကို မျှဝေသင်ယူနိုင်ခဲ့ပါသည်။

ထို့အပြင် ကမ္ဘာတစ်ဝန်းမှ အသင်းတော်ခေါင်းဆောင်များ၊ ဧဝံဂေလိဆရာများနှင့် လက်တွေ့အမှုတော်ဆောင်ရွက်နေသူများ၏ သက်သေခံချက်များ၊ သွန်သင်ပို့ချမှုများနှင့် အတွေ့အကြုံမျှဝေမှုများကို နားထောင်သင်ယူနိုင်ခဲ့ပြီး၊ မိမိတို့အသင်းတော်နှင့် လူငယ်အစီအစဉ်များတွင် ပြန်လည်အသုံးချနိုင်မည့် ရှုပါရုံ၊ အတွေးအမြင်နှင့် လုပ်ဆောင်ရမည့် ဦးတည်ချက်များကိုလည်း ရရှိခဲ့ပါသည်။

ဤ Conference သို့ ပါဝင်တက်ရောက်နိုင်ရန် အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့သော သာသနာပိုင်ချုပ်ရုံး၊ ရန်ကုန်သာသနာပိုင်နယ်ရုံး၊ သာသနာပိုင်ချုပ်နယ် AYPA ဌာန နှင့် ဖိတ်ကြားပေးခဲ့သော Alpha Myanmar မှ ဆရာမ စင်သီယာ အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

၂၀၂၆ ဧပြီလ ၂၅ဗဟိုချုပ် အလငသ၏ လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ၂၀၂၆ ခုနှစ် ဧပြီလ (၂၅) ရက်နေ့တွင် သာသနာပိုင်ချုပ်ရ...
25/04/2026

၂၀၂၆ ဧပြီလ ၂၅

ဗဟိုချုပ် အလငသ၏ လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ၂၀၂၆ ခုနှစ် ဧပြီလ (၂၅) ရက်နေ့တွင် သာသနာပိုင်ချုပ်ရုံး၌ ပြုလုပ်ခဲ့ရာ သာသနာပိုင်နယ် (၉)နယ် မှ လူငယ်မောင်မယ် (၅၂) ဦးပါဝင်တက်ရောက်ခဲ့ပါသည်။ ထိုသင်တန်းတွင် ဗဟိုချုပ် အလငသ၏ ဘုန်းတော်ကြီး Revd. Richard G. Wai Moo မှ သမ္မာကျမ်းစာလေ့လာခြင်းကို ဦးဆောင်ပေးခြင်း၊ ဗဟိုချုပ် အလငသ၏ ဒု-ဥက္ကဌ ဆရာမ Teresa နှင်းပွင့်ဖြူမှ Leadership & Facilitation Skills သင်ခန်းစာအား သင်ကြားပေးခြင်း၊ ဆရာစောလင်းလင်းထွန်းမှ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) နှင့် လူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်ခြင်းဆိုင်ရာ သိကောင်းစရာများအား သင်ကြားပေးခြင်းများအပြင် နံနက်ဝတ်တွင် တရားဒေသနာဝေမျှပေးသော ရန်ကုန်-အလငသ၏ အတွင်းရေးမှူး Rev. Michael ပြည့်ဖြိုးဟန်၊ လုပ်အားပေးကူညီကြသော လူငယ်မောင်မယ်များ၊
သင်တန်းအတွက် စားသောက်ဖွယ်ရာအား ချက်ပြုတ်ပြင်ဆင်ပေးသော မရိုမား၊ မပူစူး၊ အန်တီမာလာ၊ မစုမွန်တို့အားလည်းကောင်း၊ အလှူငွေအားဖြင့် ပါဝင်လှူဒါန်းပေးကြပါသော သာသာနာပိုင်ချုပ်ရုံး၊ သန့်ရှင်းသောတြိနတိကသီဒြယ်အသင်းတော်၊ သာသနာပိုင်ဒေါက်တာရှမွေလစံမြတ်ရွှေ၊ ဘုန်းတော်ကြီးရစ်ချက်ဝေမူး၊ မ Angela ဖူးသစ်ဦး၊ မမာရီဖိုးဦး၊ မဥမ္မာခင်၊ ကိုအောင်ထက်၊ ကိုအာရုံ၊ နန့်ယဉ်မျိုးမင်း၊ ဆရာမအဂ္ဂနက်ဆိုင်းဆမ်၊ ဆရာမမေရီနီကမွီးစဲ တို့အားလည်းကောင်း၊ ဆုတောင်းပေးခြင်း၊ လှူဒါန်းခြင်းများအားဖြင့် ပါဝင်ပေးခဲ့ကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ဘုရားရှင်ထံမှ ကြွယ်ဝသောကောင်းချီးအပေါင်း ခံစားရရှိပါစေကြောင်း အလငသမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

အမှုဆောင်ကော်မတီ
အလငသ-ဗဟိုချုပ်

၂၀၂၆ မတ်လ ၂၈ပုသိမ်သာသနာပိုင်နယ် အလငသမှ ပြုလုပ်သော တတိယအကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးနှင့်သင်တန်းကို ၂၀၂၆ ခုနှစ် မတ်လ (၂...
25/04/2026

၂၀၂၆ မတ်လ ၂၈

ပုသိမ်သာသနာပိုင်နယ် အလငသမှ ပြုလုပ်သော တတိယအကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးနှင့်သင်တန်းကို ၂၀၂၆ ခုနှစ် မတ်လ (၂၈) ရက်နေ့တွင် ရှင်မာရိဘုရားကျောင်း (တူးချောင်း) တွင် ပြုလုပ်ခဲ့ရာ ပုသိမ်သာသနာပိုင်နယ်မှ လူငယ်မောင်မယ် (၁၂၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ပါသည်။ ထိုသင်တန်းတွင် အလငသ-ဗဟိုချုပ်၏အတွင်းရေးမှူး ဘုန်းတော်ကြီးရစ်ချက်ရန်အောင်၊ ဘုန်းတော်ကြီးဂျော့တင်ထွဋ်၊ ဆရာမထရီဇာနှင်းပွင့်ဖြူ၊ ဆရာ Sa Samuel တို့မှ Resilience, Mentel Health, Safe Migration, Technology, Media and Christian life စသည့် သင်ခန်းစာများတို့အား ပို့ချဝေမျှခဲ့ကြပါသည်။ ခရီးစဉ်အတွက် ဆုတောင်းပေးခြင်း၊ လှူဒါန်းခြင်းများအားဖြင့် ပါဝင်ပေးခဲ့ကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ဘုရားရှင်ထံမှ ကြွယ်ဝသောကောင်းချီးအပေါင်း ခံစားရရှိပါစေကြောင်း အလငသမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

အမှုဆောင်ကော်မတီ
အလငသ-ဗဟိုချုပ်

၂၀၂၅ စက်တင်ဘာ (၁၉-၂၀)အလငသ-ဗဟိုချုပ်နှင့် တောင်ငူသာသနာပိုင်နယ်အလငသတို့မှ ပူးတွဲပြုလုပ်သော လူငယ့်စွမ်းဆောင်ရည်မြှင့်တင်ခြင...
25/04/2026

၂၀၂၅ စက်တင်ဘာ (၁၉-၂၀)

အလငသ-ဗဟိုချုပ်နှင့် တောင်ငူသာသနာပိုင်နယ်အလငသတို့မှ ပူးတွဲပြုလုပ်သော လူငယ့်စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၉-၂၀) ရက်နေ့တွင် ရှင်ပေါလု ကသီဒြယ်-တောင်ငူတွင် ပြုလုပ်ခဲ့ရာ တောင်ငူသာသနာပိုင်နယ်မှ လူငယ်မောင်မယ် (၅၅) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ ထိုသင်တန်းတွင် ဘုန်းတော်ကြီးစောဘွယ်ဟီထူးနှင့် ဆရာမအိုမူဖေါတို့မှ သမ္မာကျမ်းစာသင်ကြားခြင်း၊ ဘုန်းတော်ကြီးရစ်ချက်ရန်အောင်၊ ဘုန်းတော်ကြီးဂျော့တင်ထွဋ်၊ ဆရာစအိုင်စေး (MCC)၊ ဆရာမထရီဇာနှင်းပွင့်ဖြူ၊ ဆရာ Sa Samuel တို့မှ Resilience, Mentel Health, Youth & Church, Life-skill, AI & Technology စသည့် သင်ခန်းစာများတို့အား ပို့ချဝေမျှခဲ့ကြပါသည်။ သင်တန်းအားလက်ခံပေးပါသော သာသနာပိုင်ကြီးဒေါက်တာစောရှီးရှို၊ ဘုန်းတော်ကြီးစောအောင်ခိုင်ညွှန့်၊ ဆရာစောဂျားဘာ၊ ဘုန်းတော်ကြီးစောထင်လင်း၊ သင်းထောက်ဝေလ်ဆင် သိန်းဌေးနှင့်တကွ ဆုတောင်းပေးခြင်း၊ လှူဒါန်းခြင်းများအားဖြင့် ပါဝင်ပေးခဲ့ကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ဘုရားရှင်ထံမှ ကြွယ်ဝသောကောင်းချီးအပေါင်း ခံစားရရှိပါစေကြောင်း အလငသမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

အမှုဆောင်ကော်မတီ
အလငသ-ဗဟိုချုပ်

သမ္မာကျမ်းစာလေ့လာခြင်းနှင့်လူငယ်ခေါင်းဆောင်သင်တန်း (Alpha TOT Training) ကို ၂၀၂၆ ခုနှစ် ဧပြီလ ၂၄ သောကြာနေ့တွင် သာသနာပိုင...
25/04/2026

သမ္မာကျမ်းစာလေ့လာခြင်းနှင့်လူငယ်ခေါင်းဆောင်သင်တန်း (Alpha TOT Training) ကို ၂၀၂၆ ခုနှစ် ဧပြီလ ၂၄ သောကြာနေ့တွင် သာသနာပိုင်ချုပ်ရုံး၌ ပြုလုပ်ခဲ့ရာ သာသနာပိုင်နယ်အသီးသီးမှ အလငသ မောင်မယ် (၅၄) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ ထိုသင်တန်းတွင် သာသနာပိုင်ချုပ်ကြီးမှ အဖွင့်ဩဝါဒမိန်းကြားခြင်း၊ သာသနာပိုင်ဒေါက်တာရှမွေလစံမြတ်ရွှေမှ အထူးဆုတောင်းပေးခြင်း၊ အလငသဉက္ကဌဆရာမမေရီနှင်းနှင်းအေးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ Alpha Myanmar မှ ဆရာမစင်သီယာလွင်မှ တနေ့တာအစီအစဉ်တွင် Alpha အစီအစဉ်နှင့်သက်ဆိုင်သည့်အကြောင်းအရာများအား ဦးဆောင်သင်ကြားပေးခြင်း၊ အတူတကွဆုတောင်းခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်း စသည်တို့ဖြင့် မိတ်သဟာရပြု လုပ်ဆောင်ခဲ့ကြပါသည်။ သင်တန်းအတွက် အဖက်ဖက်မှ အားပေးကူညီပေးပါသော သာသနာပိုင်ချုပ်ကြီး၊ ဆရာတော်ကြီးများ၊ သာသနာပိုင်ချုပ်နယ်အထွေထွေအတွင်းရေးမှူးနှင့်အတူ ဆုတောင်းပေးခြင်း၊ လှူဒါန်းခြင်းများအားဖြင့် ပါဝင်ပေးခဲ့ကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ဘုရားရှင်ထံမှ ကြွယ်ဝသောကောင်းချီးအပေါင်း ခံစားရရှိပါစေကြောင်း အလငသမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

အမှုဆောင်ကော်မတီ
အလငသ-ဗဟိုချုပ်

Happy Blessed AYPA Day✨🌟
23/10/2025

Happy Blessed AYPA Day✨🌟

Address

140 Pyidaungsu Yeiktha Road, Dagon
Yangon

Alerts

Be the first to know and let us send you an email when AYPA Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share