18/08/2026
ပုသိမ်သာသနာပိုင်နယ် အထက်ပိုင်း အသင်းတော်များ စုပေါင်းပြုလုပ်သည့် သင်တန်း၊ စုပေါင်းဝတ်ပြုခြင်းနှင့် နယ်လှည့်ကွင်းဆင်း ခရီးစဉ်အတွက် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းရင်း ကျေးဇူးတင်လွှာ။ 🙏✨
တောကျောင်း၊ ကျောင်းတော်၊ ဝက်ချောင်း၊ နှင့် ဘဝိုင်း ကျေးရွာများသို့ သာသနာပိုင်ချုပ်နယ်၊ အလငသ ဌာနမှူး Rev. ရစ်ချက်ရန်အောင်သည် နယ်လှည့်ကွင်းဆင်း သွားရောက်နိုင်ခဲ့သည့်အပြင် ပါလျဲ့ကျေးရွာတွင် ကျင်းပသည့် စုပေါင်းဝတ်ပြုခြင်းနှင့် သင်တန်းများတွင်လည်း အတူတကွ ပါဝင်ခွင့်ရရှိခဲ့ပါသည်။
ခရီးစဉ်အတွင်း ဆောင်ရွက်နိုင်ခဲ့သည့် အစီအစဉ်များ -
* မိတ်သဟာယဖွဲ့ခြင်း & အိမ်လှည့်ဝတ်ပြုခြင်း: အသင်းတော် အသီးသီးမှ လူငယ်များနှင့် တွေ့ဆုံကာ ရင်းနှီးစွာ မိတ်သဟာယဖွဲ့နိုင်ခဲ့ပြီး အိမ်လှည့်ဝတ်ပြုခြင်းများ ပြုလုပ်နိုင်ခဲ့ပါသည်။
* ဗဟိုအစီအစဉ်များ ရှင်းလင်းပြောကြားခြင်း: ပုသိမ်လူငယ်ကော်မတီနှင့် ပူးပေါင်း၍ ဗဟိုချုပ် အစီအစဉ်များနှင့် အနာဂတ် လုပ်ငန်းစဉ်များကို ရှင်းလင်းမျှဝေနိုင်ခဲ့ပါသည်။
* အသိပညာပေး အစီအစဉ်: သင်တန်းတွင် အလငသဆိုင်ရာ သိကောင်းစရာများကို အပြန်အလှန် မျှဝေဆွေးနွေးနိုင်ခဲ့ပါသည်။
ဘုရားရှင်၏ ကောင်းမြတ်ခြင်းနှင့် စောင့်ရှောက်မှုကြောင့် ခရီးစဉ်တစ်ခုလုံးကို လုံခြုံအေးချမ်းစွာဖြင့် အစအဆုံး ပါဝင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အထူးပင် ကျေးဇူးတော်ကို ချီးမွမ်းပါသည်။
ဤခရီးစဉ်နှင့် အစီအစဉ်များ အောင်မြင်စွာ ပြီးမြောက်ရေးအတွက် အလှူငွေများဖြင့် ပါဝင်လှူဒါန်းပေးကြသူများ၊ ဆုတောင်းပေးကြသူများနှင့် ကော်မတီဝင် တစ်ဦးချင်းစီတိုင်းကို ဘုရားသခင် အဆပေါင်းများစွာ ကောင်းချီးပေးပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။