အလင်းရောင်စကားဝိုင်း - Alin Yaung Talk

  • Home
  • Myanmar
  • Yangon
  • အလင်းရောင်စကားဝိုင်း - Alin Yaung Talk

အလင်းရောင်စကားဝိုင်း - Alin Yaung Talk Alin Yaung Talk

30/04/2026

Rev. Dr. Hmun Oke (ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းကို ဟန့်တားသောအချက်များ)
အပြည့်အစုံ ကြည့်ရှု့နိူင်ရန် -
ALinYaungTalk YouTube Channel :
https://youtu.be/zMqN_4vgjaU

"ကျေနပ်မှုမရှိတာ ဘာကြောင့်လဲ”* * * * * * * * * * * *💯 ဓမ္မမိတ်ဆွေတို့၊ ယနေ့ ခရစ်ယာန်သက်တာကို ပြန်လည်ဆန်းစစ်ကြည့်ကြရအောင်...
29/04/2026

"ကျေနပ်မှုမရှိတာ ဘာကြောင့်လဲ”
* * * * * * * * * * * *
💯 ဓမ္မမိတ်ဆွေတို့၊ ယနေ့ ခရစ်ယာန်သက်တာကို ပြန်လည်ဆန်းစစ်ကြည့်ကြရအောင်။ ကွန်တော်တို့ မိမိတို့ရဲ့ဘဝကို ကျေနပ်ပါသလား (သို့) ရုန်းကန်နေရသလား။ ခရစ်ယာန်ဖြစ်သော်လည်း ဘဝမှာတစ်ခုခုလိုနေသကဲ့သို့ မကျေနပ်မှုများ ခံစားနေရပါသလား။ ဤ မကျေနပ်မှုများ၏အဖြေမှာ မိမိသည် မည်သည့် "နေထိုင်မှုပုံစံ"ဖြင့် အသက်ရှင်နေထိုင်သနည်းဟူသော အချက်ပေါ်တွင် မူတည်နေပါသည်။

၁။ ဝိညာဉ်တော် မပါသော ဘဝဖြင့် အသက်ရှင်နေထိုင်ခြင်း။
💯 ဒါက ခရစ်တော်ကို မသိတဲ့ အသက်ရှင်ပုံစံ ဖြစ်ပါသည်။ ဤဘဝပုံစံတွင် လူသည် မိမိကိုယ်ကိုသာ ဗဟိုပြုပြီး ဝိညာဉ်တော်၏လမ်းပြမှု မရှိပါ။ ဝိညာဉ်ရေးရာ အမြင်မရှိသောဘဝ ဖြစ်ပါသည်။ ထိုသူ၌ ဝိညာဉ်တော်မရှိသော ကြောင့် ဘုရားသခင်၏အရာများကို နားမလည်နိုင်ပါ။ ဘုရားသခင်၏သမ္မာတရားများသည် သူတို့အတွက် အဓိပ္ပာယ်မရှိသကဲ့သို့ ဖြစ်နေတတ်ပါသည်။ ဤသို့ နေထိုင်ခြင်းကြောင့် စိတ်ပျက်ခြင်းနှင့် မကျေနပ်မှုများကိုသာ ကြုံတွေ့ရတတ်ပါသည်။ သူတို့သည် မယုံကြည်သောသူများ ဖြစ်ပါသည်။ ဘုရားသခင်ကိုနှစ်သက်စေရန်ထက် မိမိကိုယ်ကိုနှစ်သက်စေရန် ရှင်သန်နေထိုင်မှုကြောင့်အဆင်မပြေမှုများ ဖြစ်လာသည်။ လူသားတို့၏အပြစ်ရှိသောသဘာဝ ဆန္ဒများ သည် ဝိညာဉ်တော်နှင့်ဆန့်ကျင်ဘက်ဖြစ်နေပြီး၊ ဝိညာဉ်တော်သည်လည်း ထို သဘာဝနှင့်ဆန့်ကျင်ဘက် ဖြစ်နေပါသည်။ ထိုအရာနှစ်ခုသည် အမြဲပဋိပက္ခဖြစ်နေသောကြောင့် မိမိတို့အမှန်တကယ် လုပ်ဆောင်လိုသောအရာများကို မလုပ် ဆောင်နိုင်ဘဲ ဖြစ်နေတတ်ပါသည်။

၂။ လောကီဆန်သော မိမိကိုယ်ကိုဗဟိုပြုသော အသက်ရှင်နေထိုင်ခြင်း။
💯 ဤဒုတိယပုံစံမှာ အန္တရာယ်အရှိဆုံးဖြစ်ပါသည်။ ခရစ်တော်ကိုသိသော် လည်း ဝိညာဉ်တော်ကို မကိုးစားဘဲ မိမိကိုယ်ပိုင်အားထုတ်မှုဖြင့် နေထိုင်သူများ ဖြစ်ပါသည်။ အသက်ရှင်သန်နေထိုင်ရာတွင် မိမိတို့၏ကိုယ်ပိုင်အားထုတ်မှုနှင့် ကိုယ်ပိုင်ခွန်အားအပေါ်တွင်သာ မှီခိုအားကိုးနေပါက ရှုံးနိမ့်ခြင်းနှင့်စိတ်ပျက်ခြင်းများကိုသာ ကြုံတွေ့ရလိမ့်မည်ဖြစ် သည်။ ဘုရားသခင်ထံမှလာသောခွန်အားထက် မိမိ၏ကိုယ်ပိုင်အရည်အချင်းနှင့် ခွန်အားကိုသာ အားကိုးသောသူဖြစ်သည်။ ခရစ်ယာန်အသက်တာသည် မိမိတို့၏ကိုယ်ပိုင်ခွန်အားဖြင့် မရှင်သန်နိုင်ပါ။ ဝိညာဉ်တော်ဖြင့်စတင်ခဲ့ပြီးမှ မိမိ၏လူသားဆန်သော အားထုတ်မှုဖြင့် ပန်းတိုင်သို့ရောက်ရန် ကြိုးစားခြင်းသည် မိုက်မဲရာရောက်သည်ဟု ကျမ်းစာက သတိပေးထားပါသည်။ ဤသို့ နေထိုင်ခြင်းကြောင့် ရှုံးနိမ့်ခြင်း၊ စိတ်ပျက်ခြင်းနှင့် မကျေနပ်မှုများကိုသာ ကြုံတွေ့ရတတ်ပါသည်။ သူတို့သည် ခရစ်ယာန်ဖြစ်သော်လည်း လောကီဆန်နေဆဲ ဖြစ်ပါသည်။

၃။ ခရစ်တော်ကို ဗဟိုပြုသောဘဝဖြင့် အသက်ရှင်နေထိုင်ခြင်း။
💯 နောက်ဆုံးပုံစံမှာ ဘုရားသခင်အလိုရှိသော"ကျေနပ်မှု"ကို ပေးနိုင်သည့်ဘဝပုံစံ ဖြစ်ပါ သည်။ ဝိညာဉ်တော်၏လမ်းပြမှုကို အပြည့်အဝခံယူပြီး ဘုရား သခင်ကိုနှစ်သက်စေသောအရာများကိုသာ စဉ်းစားတွေးတောသည်။ ဤဘဝပုံစံသည် ဘုရားသခင်နှင့်နက်ရှိုင်းသောရင်းနှီးကျွမ်းဝင်မှုကိုရရှိစေပြီး ဘုရား သခင်ပြင်ဆင်ထားသော အရာအားလုံးကို ခံစားစေပါသည်။

ဓမ္မမိတ်ဆွေ၊ သင်သည် မည်သည့်ဘဝပုံစံတွင် ရှိနေပါသနည်း။
ကျွန်ုပ်တို့သည် ဝိညာဉ်တော်ကို မကိုးစားဘဲ၊ ကိုယ်ပိုင်အားထုတ်မှုဖြင့် ရှင်သန်ရန် ကြိုးစားနေခြင်း(သို့)မိမိကိုယ်ကို ဗဟိုပြုသောဆန္ဒများနောက်သို့ လိုက်နေခြင်းတို့ကြောင့် ဘုရားသခင်ပြင်ဆင်ထားသော စစ်မှန်သောကျေနပ်မှုနှင့်ရင်းနှီးကျွမ်းဝင်မှုကို မခံစား နိုင်ဘဲဖြစ်နေရခြင်း ဖြစ်ပါသည်။

29/04/2026

Rev. Dr. Hmun Oke (ဝိညာဉ်တော်နှင့်ပြည့်ဝခြင်း)

အပြည့်အစုံကြည့်ရှု့နိူင်ရန် -
ALinYaungTalk YouTube Channel -
https://youtu.be/kuJzfmuaoX0

28/04/2026

Rev. Dr. Sawm Lian Pau ပြောတဲ့ God's Calling အကြောင်း

မွေးခြင်းနှစ်မျိုးနှင့် သေခြင်းနှစ်မျိုးယောဟန် ၃:၃-၇၊ ဗျာဒိတ် ၂၀:၆၊ ၂၁:၈* * * * * * * * * * * * * * * * * *💢🚦လောကမှာ လူတ...
23/04/2026

မွေးခြင်းနှစ်မျိုးနှင့် သေခြင်းနှစ်မျိုး
ယောဟန် ၃:၃-၇၊ ဗျာဒိတ် ၂၀:၆၊ ၂၁:၈
* * * * * * * * * * * * * * * * * *
💢🚦လောကမှာ လူတွေအကြောက်ဆုံးအရာဟာ "သေခြင်း" ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ပိုပြီးသတိထားဖို့ ပြောထားတာက "ပထမသေခြင်း" ထက် "ဒုတိယသေခြင်း" ဖြစ်ပါတယ်။
"If you are born once, you will die twice. If you are born twice, you will die once." တစ်ကြိမ်ပဲ မွေးရင် နှစ်ကြိမ် သေရမယ်။ နှစ်ကြိမ် မွေးရင်တော့ တစ်ကြိမ်ပဲ သေရမယ်။ ဒီနေ့ ဒီစကားရဲ့ နက်နဲတဲ့ အဓိပ္ပာယ်ကို အတူတူ လေ့လာကြရအောင်။

💢🚦တစ်ကြိမ်သာ မွေးဖွားခြင်းနှင့် နှစ်ကြိမ် သေရခြင်း
(Born Once, Die Twice)
💢 တစ်ကြိမ်သာ မွေးဖွားခြင်း:
၎င်းသည် မိခင်ဝမ်းမှ ရုပ်ပိုင်းဆိုင်ရာ မွေးဖွားခြင်း ဖြစ်သည်။ အာဒံ မှဆင်းသက် မွေးဖွားလာသူတိုင်းသည် အပြစ်သားအဖြစ် မွေးဖွားလာကြသည်။
ပထမသေခြင်း: ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် မြေကြီးသို့ ပြန်သွားခြင်းဖြစ်သည်။ ၎င်းသည် လူသားအားလုံး ကြုံတွေ့ရမည့် ရုပ်ပိုင်းဆိုင်ရာ သေခြင်းဖြစ်သည်။ ခန္ဓာကိုယ်နှင့်ဝိညာဉ် ကွဲကွာသွားခြင်းဖြစ်ပြီး အာဒံနှင့်ဧဝ ပြစ်မှားခဲ့မှုကြောင့် လူသားမျိုးနွယ်ပေါ်သို့ ရောက်ရှိလာသော အကျိုးဆက်ဖြစ်သည်။

💢ဒုတိယသေခြင်း (နှစ်ခါသေခြင်း):
ဗျာဒိတ် ၂၁:၈ တွင် ဖော်ပြထားသော "မီးအိုင်" ဖြစ် သည်။ ၎င်းသည် ဘုရား သခင်နှင့် ထာဝရကွဲကွာသွားခြင်း ဖြစ်သည်။ ဝိညာဉ်ရေးရာအရ အသစ်တဖန်မွေးဖွားခြင်းမရှိသူသည် ရုပ်ပိုင်းဆိုင်ရာ တစ်ကြိမ်သေရုံတင်မကဘဲ၊ နောင် ဘဝတွင် ဘုရားသခင်၏တရားစီရင်ခြင်းဖြစ်သော "ဒုတိယသေခြင်း" ကိုပါ ခံစားရမည် ဖြစ်သည်။

💢🚦 နှစ်ကြိမ် မွေးဖွားခြင်းနှင့် တစ်ကြိမ်သာ သေရခြင်း (Born Twice, Die Once)
💢နှစ်ကြိမ် မွေးဖွားခြင်း (Born Again):
ယောဟန် ၃:၃ တွင် သခင်ယေရှုက နိကောဒင်ကို "အသစ်တဖန် မွေးဖွားခြင်း" အကြောင်း ပြောခဲ့သည်။
💢 ပထမအကြိမ် - အမိဝမ်းမှ ရုပ်ပိုင်းဆိုင်ရာ၊
💢 ဒုတိယအကြိမ် - ဝိညာဉ်တော်အားဖြင့်(သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်စိတ်နှလုံး ပြောင်းလဲခြင်း)။
💢 ဝိညာဉ်တော်၌မွေးဖွားခြင်း - သခင်ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသောအခါကျွန်ုပ်တို့၏ဝိညာဉ်သည်အသစ်တဖန်မွေးဖွားခြင်းခံရသည်။
ထိုသို့ နှစ်ကြိမ် မွေးဖွားသူသည် ရုပ်ပိုင်းဆိုင်ရာ (ပထမသေခြင်း)ကိုသာ ရင်ဆိုင်ရမည် ဖြစ်သော်လည်း၊ "ဒုတိယသေခြင်း" (မီးအိုင်)သည် ထိုသူကို အစိုးမရတော့ပါ။ (ဗျာဒိတ် ၂၀:၆)

💢 ဝိညာဉ်တော်၏အခန်းကဏ္ဍ (The Role of the Holy Spirit)
ခမည်းတော်ဂတိထားသော ဝိညာဉ်တော်ဆင်းသက်လာခြင်း၏အဓိက ရည်ရွယ်ချက် တစ်ခုမှာ လူတို့ကို အသစ်တဖန် မွေးဖွားစေရန် ဖြစ်သည်။ ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏အထဲ၌ကျိန်းဝပ်သောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးဖြစ်ကြောင်း သက်သေခံပြီး၊ ထာဝရအသက်အတွက် "တံဆိပ်ခတ်ခြင်း" ခံရသည်။

💢 ကျွန်ုပ်တို့သည် ဒုတိယအကြိမ် မွေးဖွားပြီးသူများဖြစ်ပါက သေခြင်းတရားကို ကြောက် စရာမလိုတော့ပါ။ ကျွန်ုပ်တို့အတွက်သေခြင်းသည် ကောင်းကင်နိုင်ငံ တော်သို့ကူးပြောင်းရာ "တံခါး"သာ ဖြစ်သည်။

💢 ရုပ်ပိုင်းဆိုင်ရာမွေးဖွားခြင်း တစ်ခုတည်းနဲ့ရပ်တန့်မနေပါနဲ့။ ဝိညာဉ်တော်အားဖြင့် ဒုတိယအကြိမ်မွေးဖွားခြင်း (Born Again)ကို ခံယူပါ။

💢🚦 မိမိကိုယ်ကို ပြန်လည်စစ်ဆေးပါ။
"ကျွန်ုပ်သည် အသစ်တဖန်မွေးဖွားပြီးပြီလား?"
"ကျွန်ုပ်၏အမည်သည် အသက်စာစောင်၌ ပါပြီလား?"

💢🚦ဒုတိယသေခြင်း(ထာဝရပျက်စီးခြင်း)မှ လွတ်မြောက်လိုသူတိုင်း၊ ယနေ့ ဝိညာဉ်တော်၏ခေါ်ဖိတ်သံကို နားထောင်ပြီး ခရစ်တော်ကို မိမိအသက်တာထဲ ဖိတ်ခေါ်ကြပါစို့။

🌟 ခမည်းတော်၏ ကတိတော်ကို သင် လက်ခံရရှိပြီးပြီလား?လူတိုင်းက အောင်မြင်တဲ့ခရစ်ယာန်အသက်တာကို ပိုင်ဆိုင်ချင်ကြပါတယ်။ဒါပေမဲ့ ကျ...
22/04/2026

🌟 ခမည်းတော်၏ ကတိတော်ကို သင် လက်ခံရရှိပြီးပြီလား?
လူတိုင်းက အောင်မြင်တဲ့ခရစ်ယာန်အသက်တာကို ပိုင်ဆိုင်ချင်ကြပါတယ်။
ဒါပေမဲ့ ကျွန်ုပ်တို့ဟာ ကိုယ့်ခွန်အားနဲ့ကိုယ် ကြိုးစားရင်း မောပန်းနေကြပြီလား?

သခင်ယေရှု ကောင်းကင်သို့ မတက်ကြွမီမှာ တပည့်တော်တွေကို မှာကြားခဲ့တဲ့ အရေးကြီးဆုံးအချက်က "ခမည်းတော် ဂတိထားတဲ့အရာ" ကို စောင့်ဖို့ ဖြစ်ပါတယ်။ ဒီကတိတော်က ကျွန်ုပ်တို့ရဲ့ အသက်တာကို ဘယ်လို ပြောင်းလဲစေသလဲ?

ဒီအပတ်ရဲ့ အလင်းရောင်းစကားဝိုင်း မှာ -
✅ ခမည်းတော်ရဲ့ ကတိတော် ဆိုတာ ဘာလဲ?
✅ ကိုယ်ပိုင်ခွန်အားမဟုတ်ဘဲ "တန်ခိုးတော်" နဲ့ ဘယ်လို သက်သေခံမလဲ?
✅ ယေရုရှလင်ကနေ မြေကြီးစွန်းတိုင်အောင် သက်သေခံဖို့ ဘယ်လို ပြင်ဆင်မလဲ?
✅ Wait (စောင့်ဆိုင်းခြင်း): ဘုရားသခင်ရဲ့ အချိန်ကို ဘယ်လို စိတ်ရှည်ရမလဲ?
✅ Receive (ခံယူခြင်း): ဝိညာဉ်တော်ရဲ့ တန်ခိုးကို ဘယ်လို လက်ခံမလဲ?
✅ Witness (သက်သေခံခြင်း): နေ့စဉ်ဘဝမှာ ခရစ်တော်ကို ဘယ်လို ဖော်ပြမလဲ?

တမန်တော်ဝတ္ထု ၁:၈ မှာ ပါတဲ့ "တန်ခိုး"ဆိုတာ အံ့သြဖွယ်ရာတွေ လုပ်ဖို့သက်သက် မဟုတ်ပါဘူး။ အခက်အခဲတွေကြားမှာ ခရစ်တော်ရဲ့ သက်သေအဖြစ် ရပ်တည်နိုင်ဖို့ ဖြစ်ပါတယ်။
ဒီအကြောင်းအရာတွေကို Panelist ဆရာကြီးနှစ်ဦးကနေ အသေးစိတ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
📅 နေ့ရက်: ၂၀၂၆၊ ဧပြီလ (၂၆) ရက် (တနင်္ဂနွေနေ့)
🕗 အချိန်: မြန်မာစံတော်ချိန် ည (၈:၀၀) နာရီ
📍 နေရာ: Alin Yaung Talk (Facebook Live & YouTube)
နားဆင်ပြီး ဝိညာဉ်ရေးခွန်အားယူဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ 🕯️

#ခမည်းတော်၏ကတိတော်

Coming Soon, 8PM.
12/04/2026

Coming Soon, 8PM.

📣 "ဟောရှဏ္ဏ" လို့ ကြွေးကြော်ခဲ့တဲ့ အသံတွေက ဘာကြောင့် "ကားတိုင်မှာတင်ပါ" ဆိုတဲ့ အော်ဟစ်သံတွေအဖြစ် ပြောင်းလဲသွားခဲ့တာလဲ?

လက်ဝါးကပ်တိုင်ပေါ်က နောက်ဆုံးထွက်သက် စကားသံနဲ့ ရှင်ပြန်ထမြောက်ပြီးနောက် ပေးခဲ့တဲ့ အံ့သြဖွယ် ဂတိတော်များ... ဤအကြောင်းအရာများသည် သင်၏ယုံကြည်ခြင်းခရီးစဉ်ကို မည်သို့ ပြောင်းလဲပေးနိုင်သနည်း?

🔍 ဆွေးနွေးမည့် အချက်များ -
၁။ လူအုပ်ကြီး၏ စိတ်သဘောထား အလှည့်အပြောင်းနောက်ကွယ်က သင်ခန်းစာ။
၂။ ရှင်ပြန်ထမြောက်ခြင်းက သင့်ဘဝအတွက် ယူဆောင်လာပေးတဲ့ တကယ့်ကောင်းကြီး။
၃။ သခင်ယေရှု ပြောခဲ့သမျှထဲက အထိမိဆုံး စကားလုံးရဲ့ လျှို့ဝှက်ချက်။

🌟 ကားတိုင်တော်ပေါ်က သခင်၏စကားသံဟာ "ရှုံးနိမ့်ခြင်း" မဟုတ်ဘဲ "ပြီးပြည့်စုံခြင်း" ဖြစ်ပါတယ်။ ရှင်ပြန်ထမြောက်ခြင်းဟာလည်း "နိဂုံး" မဟုတ်ဘဲ "ဘဝသစ် အစ" ဖြစ်ပါတယ်။
🌟 ရှင်ပြန်ထမြောက်ခြင်းက ပေးတဲ့ ဂတိတော်တွေကို သင် သိပါသလား?
🌟 ကားတိုင်ပေါ်မှာ ကိုယ်တော် ပြောခဲ့တဲ့ အမှုပြီးပြီ' ဆိုတဲ့ စကားက သင့်ဘဝရဲ့ အရှုံးတွေကို ဘယ်လို အောင်မြင်မှုအဖြစ် ပြောင်းလဲပေးနိုင်သလဲ?

🔍 ဒီမေးခွန်းတွေရဲ့ အဖြေကို 'အလင်းရောင်စကားဝိုင်း' ရဲ့ အထူးဆွေးနွေးပွဲမှာ ကျွန်တော်တို့ အတူတူ ရှာဖွေသွားမှာပါ။ လက်မလွတ်တမ်း ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်!

🗓 နေ့ရက် - ဧပြီလ (၁၂)ရက်၊ တနဂ်နွေနေ့။
🕗 အချိန် - မြန်မာစံတော်ချိန် ည(၈)နာရီ။
📍 နေရာ - Alin Yaung Talk YouTube Channel
"ကားတိုင်တော်ပေါ်က သခင်၏စကားသံနှင့် ရှင်ပြန်ထမြောက်သော သခင်၏ဂတိတော်" ခေါင်းစဉ်ဖြင့် အလင်းရောင်စကားဝိုင်းသို့ ဖိတ်ခေါ်အပ်ပါသည်။

#အမှုပြီးပြီ

နယ်စည်းမခြားသော ဘုရားသခင်၏ကျေးဇူးတော်*******************တမန်တော် ၁၁ သည် ခရစ်ယာန်သာသနာ့သမိုင်းတွင် အလွန်အရေးပါသော အချိုးအ...
11/04/2026

နယ်စည်းမခြားသော ဘုရားသခင်၏ကျေးဇူးတော်
*******************
တမန်တော် ၁၁ သည် ခရစ်ယာန်သာသနာ့သမိုင်းတွင် အလွန်အရေးပါသော အချိုးအကွေ့တစ်ခုဖြစ်သည်။ ဤအခန်းကြီးတွင် ဘုရားသခင်၏ကယ်တင်ခြင်းတရားသည် လူမျိုးရေး အတားအဆီးများကို ကျော်လွှားပုံနှင့်ယုံကြည်သူတို့၏ စည်းလုံးခြင်း အင်အားကို အထင်အရှားမြင်တွေ့နိုင်ပါသည်။

📌 ရှင်ပေတရုသည် တစ်ပါးအမျိုးသား ကော်နေလိအိမ်သို့သွား၍တရားဟော
ခဲ့ခြင်းအပေါ် ယေရုရှလင်မြို့ရှိယုံကြည်သူအချို့က ဝေဖန်ခဲ့ကြသည်။ သို့သော် ပေတရုက မိမိတွေ့ ကြုံခဲ့ရသော ဝိညာဉ်တော်၏လုပ်ဆောင်ချက်များကို ပြန် လည်ရှင်းပြသောအခါ ဘုရားသခင်၏ကယ်တင်ခြင်းသည် ဂျူးလူမျိုးများအတွက် သာမဟုတ်ဘဲ လူမျိုးတကာအတွက်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ဘုရားသခင်၏မေတ္တာတော်သည် လူမျိုးရေး၊ ဘာသာရေးစသည့်ဖြင့် မည်သည့် အတားအဆီးကိုမဆို ချိုးဖျက်နိုင်ပြီး လူတိုင်းကို နောင်တရခြင်းနှင့် အသက်ရှင်ခြင်းသို့ ဖိတ်ခေါ်နေသည်။

📌 ဘုရားသခင်၏နှုတ်ကပတ်တော်သည် အန္တိအုတ်မြို့သို့ ရောက်ရှိသွားသော အခါ ထူးခြားသော၊ ပထမဆုံးသော ဂျူးနှင့်တစ်ပါးအမျိုးသားများ ရောနှောပါ ဝင်သည့် အားကောင်းသော အသင်းတော်ဖြစ်လာခဲ့သည်။ ထိုမြို့ရှိ တပည့် တော်များသည် သူတို့၏အပြုအမူ နှင့် သွန်သင်ချက်များကြောင့် "ခရစ်ယာန်" ဟူသောအမည်ကို ရှေးဦးစွာ ခေါ်ဝေါ်ခြင်းခံခဲ့ရသည်။ ဗာနဗနှင့် ရှောလု (ရှင်ပေါလု)တို့သည် ထိုမြို့တွင် တစ်နှစ်ပတ်လုံး အတူတကွ သွန်သင်ပေးခြင်းဖြင့် ခေါင်းဆောင်သစ်များကိုမြေတောင်မြှောက်ပေးခဲ့ကြသည်။

📌 အန္တိအုတ်အသင်းတော်သည် နှုတ်ကပတ်တော်ကို သင်ယူရုံသာမက လက် တွေ့ အသုံး ပြုခဲ့ကြသည်။ ယုဒပြည်တွင် ငတ်မွတ်ခေါင်းပါးမှုဖြစ်ပေါ်သော အခါ မိမိတို့တတ်နိုင်သလောက် အကူအညီများကို စုပေါင်း၍ပေးပို့ခဲ့ကြသည်။ ၎င်းသည် ခရစ်ယာန်တို့၏ညီအစ်ကိုစိတ်ဓာတ်နှင့်စေတနာကို လက်တွေ့ပြသခဲ့ခြင်း ဖြစ်သည် ။

📌 တမန်တော် ၁၁ သည် ကျွန်ုပ်တို့အား အရေးကြီးသော မက်ဆေ့ချ်နှစ်ခု ပေးနေပါသည်။ ပထမအချက်မှာ ဘုရားသခင်၏ကျေးဇူးတော်သည် လူမျိုးခွဲခြားမှု မရှိကြောင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ စစ်မှန်သောခရစ်ယာန်များသည် နှုတ်ကပတ်တော်၌မြဲမြံရုံ သာမက အချင်းချင်းအပေါ် မေတ္တာဖြင့်ကူညီတတ်သူများ ဖြစ်ရမည်ဟူသောအချက်ပင်ဖြစ်သည်။

📌 ကျွန်ုပ်တို့သည်လည်း အန္တိအုတ်အသင်းတော်ကဲ့သို့ သူတစ်ပါးအပေါ်နားလည်ခွင့်လွှတ် ပြီး မေတ္တာဖြင့် အစေခံတတ်သော"ခရစ်ယာန်"စစ်စစ်များ ဖြစ်ကြပါစို့။

#တမန်တော်ဝတ္ထု #ဘုရားသခင်၏ကျေးဇူးတော် #မေတ္တာနှင့်အစေခံခြင်း #ညီအစ်ကိုစိတ်ဓာတ် #နယ်စည်းမခြားသောမေတ္တာ

📣 "ဟောရှဏ္ဏ" လို့ ကြွေးကြော်ခဲ့တဲ့ အသံတွေက ဘာကြောင့် "ကားတိုင်မှာတင်ပါ" ဆိုတဲ့ အော်ဟစ်သံတွေအဖြစ် ပြောင်းလဲသွားခဲ့တာလဲ?လက...
10/04/2026

📣 "ဟောရှဏ္ဏ" လို့ ကြွေးကြော်ခဲ့တဲ့ အသံတွေက ဘာကြောင့် "ကားတိုင်မှာတင်ပါ" ဆိုတဲ့ အော်ဟစ်သံတွေအဖြစ် ပြောင်းလဲသွားခဲ့တာလဲ?

လက်ဝါးကပ်တိုင်ပေါ်က နောက်ဆုံးထွက်သက် စကားသံနဲ့ ရှင်ပြန်ထမြောက်ပြီးနောက် ပေးခဲ့တဲ့ အံ့သြဖွယ် ဂတိတော်များ... ဤအကြောင်းအရာများသည် သင်၏ယုံကြည်ခြင်းခရီးစဉ်ကို မည်သို့ ပြောင်းလဲပေးနိုင်သနည်း?

🔍 ဆွေးနွေးမည့် အချက်များ -
၁။ လူအုပ်ကြီး၏ စိတ်သဘောထား အလှည့်အပြောင်းနောက်ကွယ်က သင်ခန်းစာ။
၂။ ရှင်ပြန်ထမြောက်ခြင်းက သင့်ဘဝအတွက် ယူဆောင်လာပေးတဲ့ တကယ့်ကောင်းကြီး။
၃။ သခင်ယေရှု ပြောခဲ့သမျှထဲက အထိမိဆုံး စကားလုံးရဲ့ လျှို့ဝှက်ချက်။

🌟 ကားတိုင်တော်ပေါ်က သခင်၏စကားသံဟာ "ရှုံးနိမ့်ခြင်း" မဟုတ်ဘဲ "ပြီးပြည့်စုံခြင်း" ဖြစ်ပါတယ်။ ရှင်ပြန်ထမြောက်ခြင်းဟာလည်း "နိဂုံး" မဟုတ်ဘဲ "ဘဝသစ် အစ" ဖြစ်ပါတယ်။
🌟 ရှင်ပြန်ထမြောက်ခြင်းက ပေးတဲ့ ဂတိတော်တွေကို သင် သိပါသလား?
🌟 ကားတိုင်ပေါ်မှာ ကိုယ်တော် ပြောခဲ့တဲ့ အမှုပြီးပြီ' ဆိုတဲ့ စကားက သင့်ဘဝရဲ့ အရှုံးတွေကို ဘယ်လို အောင်မြင်မှုအဖြစ် ပြောင်းလဲပေးနိုင်သလဲ?

🔍 ဒီမေးခွန်းတွေရဲ့ အဖြေကို 'အလင်းရောင်စကားဝိုင်း' ရဲ့ အထူးဆွေးနွေးပွဲမှာ ကျွန်တော်တို့ အတူတူ ရှာဖွေသွားမှာပါ။ လက်မလွတ်တမ်း ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်!

🗓 နေ့ရက် - ဧပြီလ (၁၂)ရက်၊ တနဂ်နွေနေ့။
🕗 အချိန် - မြန်မာစံတော်ချိန် ည(၈)နာရီ။
📍 နေရာ - Alin Yaung Talk YouTube Channel
"ကားတိုင်တော်ပေါ်က သခင်၏စကားသံနှင့် ရှင်ပြန်ထမြောက်သော သခင်၏ဂတိတော်" ခေါင်းစဉ်ဖြင့် အလင်းရောင်စကားဝိုင်းသို့ ဖိတ်ခေါ်အပ်ပါသည်။

#အမှုပြီးပြီ

Address

Yangon

Alerts

Be the first to know and let us send you an email when အလင်းရောင်စကားဝိုင်း - Alin Yaung Talk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to အလင်းရောင်စကားဝိုင်း - Alin Yaung Talk:

Share