Sayar U Htut Aung Lin

Sayar U Htut Aung Lin ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး
ဆရာဦးထွဋ်အောင်လင်း
ပယောဂ၊ဗေဒင်ယတြာနှင့်အစီအရင်၊ပညာပေးဆရာ
☎09756889384

ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ပညာရပ်ဖြင့်စီရင်ထားသော အန္တရာယ်ကင်း၊လာဘ်ပွင့် အဆောင်အား မွန်ပြည်နယ်မှ ကြာသာပတေးသမီးတစ်ဦး...
01/03/2024

ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ပညာရပ်ဖြင့်စီရင်ထားသော အန္တရာယ်ကင်း၊လာဘ်ပွင့် အဆောင်အား မွန်ပြည်နယ်မှ ကြာသာပတေးသမီးတစ်ဦးအတွက် စီရင်ပေးခြင်း🌷

#ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး
#ဆရာဦးထွဋ်အောင်လင်း
☎️09756889384
09452679216

28/02/2024

မြွေကိုမထီမဲ့မြင်မပြုလုပ်နဲ့

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

#ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတ်ေမြတ်ကြီး
#ဆရာဦးထွဋ်အောင်လင်း
☎️09756889384
09452679216

နေ နဲ့ လ နဲ့ နှစ်ပါး ဆိုင် သိကြားကိုယ် တိုင် မ မဲ့ ကိန်း..... လူ မစွမ်း နတ်မ ဆိုသော ဆို ရိုး စကားအရနတ်တွေထက် တန်ခိုး ပါဝ...
28/02/2024

နေ နဲ့ လ နဲ့ နှစ်ပါး ဆိုင် သိကြား
ကိုယ် တိုင် မ မဲ့ ကိန်း.....

လူ မစွမ်း နတ်မ ဆိုသော ဆို ရိုး စကားအရ
နတ်တွေထက် တန်ခိုး ပါဝါ ပို မြင့် သော
" သိကြားမင်း " ကို မ,စ ခိုင်း ၍
လူ သား တွေ မှီခို အားထား ရာ အင်အားအကြီး
ဆုံး ဖြစ် သော " နေ " နဲ့ " လ " အား ထည့် သွင်း
ခြင်း ဖြင့် ပိုမို ပြည့်စုံ စေသော ဓိဋ္ဌာန် လေး
တစ် ခု့ ဖြစ် ပါ သည် ။

နေ... လ သည် စနေ ဂြိုလ်သက် ၁၀
ဗုဒ္ဓဟူး ဂြိုလ်သက် ၁၇
ပေါင်း လျှင် (၂၇) ၉ နဝင်း
သိကြား သည် သောကြာ ဂြိုလ်သက် ၂၁
တနင်္လာ ဂြိုလ်သက် ၁၅
ပေါင်း လျှင် ၃၆ ( ၉) နဝင်း

ပြု့ လုပ်ပုံ မှာ... သိကြားမင်း ပုံ အား
မင်္ဂလာရှိသော ဘုရားခန်း ဖြစ်စေ
အိမ်ဦးခန်း အလုပ်ခန်း ရုံးခန်း တွင် ချိတ်ဆွဲ
ပေး ပါ ။
မိမိ မွေး နေ့ မနက် ၉:၀၀ တွင် ချိတ်ဆွဲပါ။
မိမိမွေးနေ့ ၏ ဆပွတ်သား.. ( ၆) ခု့ မြောက်
နေ့ နံ မှ ချိတ်ဆွဲပေး ရပါ မည်။

ပြီးနောက် မနက် မိုးလင်း လျှင် နေ ကို ကြည့်၍ နေမင်း ပရိတ်ရွတ်ပါ
ည မိုးချူပ် လျှင် လ ကို ကြည့် ၍ လမင်း
ပရိတ် ရွတ် ပါ ။
ပြီး နောက်.. ယနေ့ မှ စ ၍ မိမိသည်
ဘာ.. အဓိဋ္ဌာန် လုပ်ပါမည်။
ရက် ဘယ်လောက် ကြာပါမည် ဟု့
နေမင်း လမင်း ကို သစ္စာဆို ပြီး လုပ်ရသော
ကြောင့်... (.... ) ဖြစ်ပါစေ ဟု့
မိမ်ိ လို သော ဆု့ တောင်း ခံပါ ။
ပြီး နောက်.. စလုပ်သော နေ့က စပြီး
ဘုရားစင် အောက် တွင် ခုံလေး တစ် လုံး ချ
ပိတ်ဖြူ သန့်သန့် ခင်း
ရွှေနားကွတ် ပန်းကန်ပြား တစ်ချပ် တွင်
နံသာဖု့ ( သို့ ) ဖီးကြမ်း ငှက်ပျော (၁၀) လုံး
အခွံခွာ ပန်းကန်ပြား ထဲ ထဲ့
ဖယောင်းတိုင် အကြီး တစ်တိုင် စိုက်
ငှက်ပျောသီး ဖုံး အောင် သိကြား ဖြူး
ပြီး နောက် သိကြားမင်း အား ကပ်လှုပါ။
အခက်အခဲတွေ ဆု့တောင်းပါ။
မိမိ ပြု့လုပ်ခဲ့သော ကုသိုလ် အား သိကြားမင်း
အား အမျှပေးပါ။
မတ်ေတာပို့ပ့ါ ။

နေမင်းဂါထာ
=====
သူရိယော သူရဘာဝေန သူရိယော
ရံသိ မာဇိနော ။
သူရိယော ဧကိဘာ ဝေန သရိယံတံ
နမာမဟံ ယောဇိနော ။

လမင်း ဂါထာ
======
စန္ဒိမာ စန္ဒာဘာဝေန စန္ဒိမာ ရံသိမာ
ဇိနော ။
စန္ဒိမာ ဧကိဘာဝေန စန္ဒိမံ နမာမဟံ ။



#ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတ်ေမြတ်ကြီး
#ဆရာဦးထွဋ်အောင်လင်း
☎️09756889384
09452679216

အိမ်မှာရှိတဲ့ မကောင်းတဲ့ အငွေ့အသက်တွေကို တိုက်ဖျက်နည်းသင့် အိမ်မှာ မကောင်းတဲ့ အငွေ့အသက်တွေ ရှိနေနိုင်တယ်..။ ဒီလိုလေး မကြ...
28/02/2024

အိမ်မှာရှိတဲ့ မကောင်းတဲ့ အငွေ့အသက်တွေကို တိုက်ဖျက်နည်း

သင့် အိမ်မှာ မကောင်းတဲ့ အငွေ့အသက်တွေ ရှိနေနိုင်တယ်..။ ဒီလိုလေး မကြာမကြာ လုပ်ပေးလိုက်ပါ။

အိမ် မှာနေရတာ ငြီးစီစီကြီး၊ တစ်မျိုးကြီးဖြစ်နေတယ်လို့ သင်ခံစားနေရပါသလား။

အိမ် ထဲမှာ သင်မမြင်နိုင်တဲ့ မကောင်းတဲ့အငွေ့အသက်တွေတစ်ခါတစ်ရံရှိနေတတ်ပါတယ်။

ဒါကိုဖျက်ပြီး နေချင်စရာကောင်းတဲ့အိမ်လေးဖြစ်ဖို့ အောက်ပါရိုးရှင်းတဲ့နည်းကို သုံးနိုင်ပါတယ်။

နည်းလမ်းကတော့ ဖန်ခွက်တစ်ခွက်ရယ်၊ ဆားရယ်၊ ဗီနီဂါရည်ရယ်ပဲလိုတယ်လို့ ဆိုပါတယ်။

ဖန်ခွက်ထဲ ဆားအနည်းငယ်၊ ရေအနည်းငယ်၊ ဗီနီဂါရည်အနည်း ငယ်ကို ရောထည့်ပြီး အိမ်ရဲ့ ဧည့်ခန်းဖြစ်ဖြစ်၊အိပ်ခန်းဖြစ်ဖြစ် သင်အလိုရှိတဲ့နေရာမှာထားထားပါ။

တစ်ရက်ကြာအောင်ထားရမှာဖြစ်ပါတယ်။၂၄နာရီပြည့်တဲ့အခါ ဖန်ခွက်ကိုပြန်လာစစ်ပါ။ ဆားအခြေအနေကိုကြည့်ပါ။

ဆားတွေက အပေါ်ကို တက်နေတယ်၊ ဒါမှမဟုတ် ရေလျှံကျနေမယ်ဆိုရင် အဆိုပါနည်းလမ်းအတိုင်းထပ်မံပြုလုပ်ပြီးထားပါ။

ဆားတွေအပေါ်တက်တာရပ်တဲ့အထိ ထားရမှာဖြစ်ပါတယ်။

အိမ်ထဲလူမမြင်တဲ့နေရာမှာထားရင် မကောင်းတဲ့အငွေ့အသက်တွေ စုပ်ယူပေးပြီး

အိမ်မှာနေရတာပိုပြီး ပျော်ဖို့ကောင်းလာလိမ့်မယ်လို့ ဆိုပါတယ်။......



#ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး
#ဆရာဦးထွဋ်အောင်လင်း
☎️09756889384
09452679216

🙏🙏🙏🙏🙏 #ကောင်းမှုတစ်ခု_ပြုလေတိုင်း သားတို့သမီးတို့ ...ကောင်းမှုတစ်ခု ပြုလေတိုင်း လက်ဦးစိတ်ထား ပြင်းထန်အား ထက်သန် စေတနာသက်...
27/02/2024

🙏🙏🙏🙏🙏

#ကောင်းမှုတစ်ခု_ပြုလေတိုင်း

သားတို့သမီးတို့ ...
ကောင်းမှုတစ်ခု ပြုလေတိုင်း လက်ဦးစိတ်ထား ပြင်းထန်အား ထက်သန် စေတနာသက်ရောက်မယ်ဆိုရင်
ကုသိုလ်ရဲ့ အကျိုးပေးဟာ ချက်ချင်းလက်ငင်း အကျိုးပေးတတ်တယ်။

အမျှော်ပြုလည်း မဖြစ်စေနဲ့၊
မတော်ပြုလည်း မဖြစ်စေနဲ့၊
အပျော်ပြုလည်း မဖြစ်စေနဲ့။

တကယ်စွန့်လွှတ်လိုစိတ်နဲ့
တကယ်သူတစ်ပါးကောင်းစားရေးသာဖြစ်ပါစေ၊အကျိုးပေး မနှေးဘူးတဲ့ကွယ့်။

🙏🙏🙏

#မဟာဗောဓိမြိုင်ဆရာတော် #မင်္ဂလာဓာရဏကထာ



#ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး
#ဆရာဦးထွဋ်အောင်လင်း

တရားထိုင်ရင်း စိတ်ပျံ့တဲ့သူ ၊ အတွေးများတဲ့သူ အတွက် တရားရှုမှတ်နည်းလမ်းညွှန် 🍒👉🍒 👉🍒👉🍒👉🍒 👉🍒👉🍒👉🍒👉တို့ မဟာစည်မှာတုန်းက တို့ဥ...
27/02/2024

တရားထိုင်ရင်း စိတ်ပျံ့တဲ့သူ ၊ အတွေးများတဲ့သူ အတွက် တရားရှုမှတ်နည်းလမ်းညွှန်
🍒👉🍒 👉🍒👉🍒👉🍒 👉🍒👉🍒👉🍒
👉တို့ မဟာစည်မှာတုန်းက တို့ဥပဇ္ဇျယ်က (... ဆရာတော်) စကားပြောလဲပြတ်ပါတယ်။
🍒ခပ်ပြတ်ပြတ်ပြောတာပဲ၊ ခပ်တင်းတင်း ပြောတာပဲ။
👉အဲ သူ့များသွားပြော စိတ်ပျံ့တယ်ဘုရားလို့ အို စိတ်ထွက်တတ်တဲ့အမျိုး ထွက်မှာပေါ့ ကိုယ့်အလုပ် ကိုယ်လုပ်ပါတော့လားဆိုပြီး၊
🍒 တို့ဆရာက သူ့ကို စိတ်ထွက်တယ်လို့များ သွားပြောရင် အဲ့လို ပြောတာ။
👉စိတ်ထွက်တတ်တဲ့အမျိုး ထွက်မှာပေါ့ ကိုယ့်အလုပ် ကိုယ်လုပ်ပါတော့လားဆိုပြီ ငေါက်လွတ်တာဗျ။
🍒ဆရာမကြီးတွေ ဘယ်နှယ့်တုန်း??

👥🙏 စိတ်ထွက်တာကို စိတ်ထွက်တယ်လို့ လိုက်မှတ်ရမှာလား ဘုရား

👉 ၂ မျိုးပေါ့ ဒကာမကြီးရ။
🍒မဟာစည်ကတော့ စိတ္တာနုပဿနာနဲ့ မှတ်တာ။

👥🙏 မှန်ပါ့ဘုရား တပည့်တော်က မဟာစည်နဲ့ ကျင့်ပါတယ်ဘုရား။

🍒 တို့ ဝေဘူတို့ကျတော့ တစ်ချက်ထဲ ကိုင်တာပါ။
👉 နှာခေါင်းက ဘယ်မှ မလွတ်ဘူး။
🍒ဒါ နိဗ္ဗာန်ဖြတ်လမ်းလို့တောင် တာဝန်ခံပါတယ်။
👉မဟာစည်က စိတ္တနုပဿနာ။
🍒စိတ္တနုပဿနာဆိုတာ သိတာလေးရဲ့ အကြောင်းကို လိုက်မှတ်နေတာပါ။
👉သို့သော် အားထုတ်ခါစယောဂီက တွေးတာကိုပဲ စိတ္တနုပဿနာ ရှုရပါတယ်။
🍒ဓမ္မာနုပဿနာကလဲ အာရုံ ၅ ပါးထဲမှာ မြင်တာရယ် ကြားတာရယ် နံတာရယ် အဲဒါ အငွေ့ပဲ ဖြစ်တဲ့အတွက် ဓမ္မာနုပဿနာ ယူရပါတယ်။
👉စားတာနဲ့ တွေ့တာ ၊ထိတာက ရုပ်ကြမ်းဖြစ်တဲ့အတွက် ကာယထဲ ထည့်ရပါတယ်။
🍒ဓမ္မာနုပဿနာက တို့ရှာရတာမဟုတ်ဘူး သူ့ဟာသူ အထဲရောက်လေ သူ့သဘော သူပေါ်လေပဲ။
👉ဟုတ်တယ်နော်။
🍒သူ့သဘော သူမပေါ်ခင်မှာ အဲ့ဒီ အငွေ့ကိုပဲ ဓမ္မာနုပဿနာ မှတ်ရပါတယ်။
👉စိတ္တနုပဿနာကလဲ အဲ့ဒီ အတွေးကိုပဲ မှတ်ရပါတယ်။
🍒တွေးတာမှတ်တာ ရပ်စေချင်လို့ မှတ်တာ။
👉ဆက်တွေးအောင်လို့ မှတ်ခိုင်းတာ မဟုတ်ဘူး။
🍒ဟုတ်ဗျာ။
👉အဲ့ဒီ တွေးတာကို ဖြတ်တောက်ချင်လို့။
🍒အဲ့တော့ အတွေးကတော့ သူ့လွတ်ထားရင် ဆုံးမှာ မဟုတ်ဘူး။
👉ဘယ်သူတွေကို သွားပြီး နှောင့်ယှက်တတ်သလဲဆိုတော့ စိတ်ကို ပေါ့ပေါ့နေချင်သူကို အတွေးက အမြဲတမ်း ဆွပေးနေတယ်။
🍒ဒီက သတိက ဖိတာကိုး။
👉ကျဉ်းကျပ်တဲ့ ဒဏ်ကို မခံနိုင်ဘူး။
🍒အဲ့တော့ သတိလေးနဲနဲလွတ်တာနဲ့ ဟိုက မျက်စပစ်ပြီးတော့ ခိုးပြေးရောဗျာ။
👉ပါသွားရောဗျာ။
🍒ဘယ်ရောက်လို့ ရောက်မှန်း မသိဘူးဗျာ။
👉အတွေးလွန်လို့ မောမှ သတိရတယ်။
🍒ဟုတ်ကလား။
👉တွေးချင်တွေး မတွေးချင်နေ။
🍒သူတွေးရင် တွေးတယ်လို့ မှတ်။
👉တွေးတယ်လို့ မှတ်တာက အတွေးကို ရပ်စေချင်လို့။
🍒မှတ်သာမှတ်။
👉မနိုင်လဲ မှတ်၊ နိုင်လဲ မှတ်။
🍒ပထမတော့ဖြင့် ၅ မိနစ်လောက်ထိ ဒရွတ်ဆွဲပါချင် ပါမှာပေါ့။
👉မှတ်ပါများတော့ ၄ မိနစ်လောက်နဲ့ ရပ်လိမ့်မယ်။
🍒နောက် ၃ မိနစ်လောက်နဲ့ ရပ်တယ်။
👉နောက် ၂ မိနစ်လောက်နဲ့ ရပ်တယ်။
🍒နောက် ၁ မိနစ်လောက်နဲ့ ရပ်တယ်။
👉ဒီ အောက်ဥာဏ်မှာ တို့ စာလိုပြောရင်တော့ ဘင်္ဂအုပ်စု အထက်ကို မရောက်မချင်း အတွေးမကင်းဘူး။
🍒တို့ အတွေးနဲ့ အလုပ်လုပ်ခဲ့ရတာ။
👉တို့ အထက်ကို ရောက်တဲ့ကာလ တို့ ဘင်္ဂအုပ်စုပေါ့ဗျ တို့ ဒကာကြီးများက တရားအားထုတ်တဲ့သူဆိုတော့ ဒါတွေ ကြားဖူး ဗဟုသုတတွေ ရှိကြပါလိမ့်မယ်။
🍒ဥာဏ်စဉ်တွေလေ။
👉သင်္ခါရုပက္ခ မရောက်မှီမှာ တို့ ဒီဘက်က ဥာဉ်ကိုယ်စားပြု နီဝါရဏနဲ့ ၊
🍒ဒီက ဓျာန်ကိုယ်စားပြု သတိနဲ့ ၊အဲ့ဒီမှာ အလုအယှက် ကစားပွဲပဲလေ။
👉ကစားပွဲဗျ သူလု ကိုယ်လုပဲ။
🍒ဘောလုံးများဆိုရင် သူ့ခြေထဲ ရောက်နေရင် ဘယ်လိုလုပ်ရတုန်း။

👥🙏 လုရမှာပါ ဘုရား။

🍒လုရဲပါ့မလား?

👥🙏 လိုက်သင့် လိုက်ရမှာပါ ဘုရား

🍒အေး ဘေးက ပန်းပြီးလိုက်ရတာ။
👉သူနဲ့ ဘောလုံးနဲ့ တော်တော် ကွာသွားပြီဆိုမှ ဖြတ်ယူတာ။
🍒သူ့ဟာနဲ့ ဘောလုံးနဲ့ကပ်နေတဲ့အချိန် သွားများ မယူလေနဲ့။
👉ဟာ။
🍒ဟုတ်ကလားဗျ။
👉သဘောပေါက်တယ်နော်။

👥🙏 သဘောပေါက်ပါတယ် ဘုရား

🍒တွေးပါစေ။
👉တွေးချင်သလောက်တွေးပါ။
🍒ကစားဘက်လို သဘောထား။
👉လက်ဝှေ့သမား နာမည်ကျော် လက်ဝှေ့သမား မှန်သမျှ သူတို့အချင်းချင်း အရင်ကစားရတာပါ။
🍒သူတို့အချင်းချင်း ကစားလို့ အောင်ပြီဆိုမှ အပြင်ထွက်ထိုးရတာပါ။
👉ကစားဘက်လို သဘောထား။
🍒အဲ့တော့ ဒကာမကြီးများက ဖောင်းပိန်လား?

👥🙏 မှန်ပါ့ဘုရား၊ ဖောင်းပိန်ပါ ဘုရား

🍒ဖောင်းတာ ပိန်တာ မှတ်တော့ကော ၁ မှတ်ပဲ မဟုတ်ဘူးလား?

👥🙏ဟုတ်ပါတယ်ဘုရား

🍒တွေးတာ မှတ်တော့ကော?

👥🙏 (၁ မှတ်ပါ ဘုရား။ )

🍒အမှတ်ရတာ လိုရင်းပဲ။
👉ဟို ဘာတုန်း ငါးခူကြီးက သေးသေးမှ ယူမယ်၊ ကြီးကြီးမှ ယူမယ်တဲ့လား?
🍒ဘာတုန်း ငါးခူကြီး စောင့်နေတာလား?

👥🙏 မှန်ပါ့ဘုရား ငါးခူကြီး စောင့်နေလို့ပါ ဘုရား။
သဘောပေါက်ပါပြီ ဘုရား။

🍒အဲ့ဒါကို ဒကာမကြီးက သွားပြီးတော့ နင် မတွေးအောင်တော့များ သွားပြီ မတင်းလေနဲ့။
👉ပိုပြီး လွတ်ပျံ့မယ်။

👥🙏 တပည့်တော် လောဘကြီးမိလို့ပါ ဘုရား။

🍒အဲ အဲ့လိုသွားလုပ် ပိုပြီး ပျံ့မယ်။
👉ဟုတ်တယ်နော်။
🍒လွှင့်မှာပဲ။
👉ဘယ်သူက သွားနေတာတုန်း။
🍒တွေး၊ တွေးတော့ သွေးဆူတယ်။သွေးလည်ပတ်နှုန်း ဆူမှာနော်။
👉သွေးဆူတော့ တို့အောက်က ထင်းထိုးများရင် ပိုပူတယ်။
🍒ပိုပူတော့ ရေနွေးပူတယ်။
👉ရေနွေးပူရာက ဆူတယ်။
🍒ဆူရင် ခေါင်းက ဂွက်ဂွက်ထွက်သလိုပဲ။
👉သူလဲ အတွေးတွေ ဂွက်ဂွက်နဲ့ ထွက်လာမှာ။
🍒အဲ့တော့ မီးလျှော့ပစ်လိုက်ရတယ်။
👉မီးလျှော့ပစ်ဗျ။
🍒အဲ့ဒါ ထင်းထိုးများလို့ဗျ။
👉အဲ ထင်းမထိုးရင် သွေးမဆူဘူးပေါ့။
🍒သွေးမဆူရင် ပျံ့ပြီးတော့ မထွက်ဘူးပေါ့။
👉ဥဒ္စ ဆိုတာ ပူပြီးတော့ ပျံ့တာလေ။
🍒ခုဏက နှုတ်သီးက ခေါင်းက တွေးရင်တွေး တွေးလို့အားမရရင် ပါးစပ်က တဂွက်ဂွက်နဲ့ လွတ်မှာပေါ့။
👉ရေနွေးအိုးက နှုတ်သီးကထွက်သလိုပဲ၊ ထွက်မှာပဲ။
🍒တွေးပါစေ၊ ကြိုက်သလောက် တွေးပါ။
👉သူလုပ်စရာ သူလုပ်ပါလိမ့်မယ်။
🍒တို့က တို့အမှတ် တို့မှတ်ပါ။
👉ရှုံးတာ နိုင်တာကို ဒကာမကြီးတို့ သွားပြီး မကစားပါနဲ့။
🍒အရှုံးအနိုင်နဲ့ ကစားရင် ဒကာမကြီးတို့ ရှုံးမှာပဲ။

👥🙏မှန်ပါ့ဘုရား တပည့်တော် အဲ့လို ရှုံးနေပါတယ် ဘုရား။

🍒အဲ မကစားနဲ့။
👉နာတာ ကျင်တာ သွားမကစားနဲ့ ရှုံးမှာပဲ။
🍒ကိုယ်နဲ့ မဆိုင်သလို သဘောထား။
👉နာချင်နာ မနာချင်နေ သူသည် သူ့အလုပ် သူလုပ်တာ၊ ငါသည် ငါ့အလုပ် ငါလုပ်မယ်။
🍒အဲ့ဒီက နာရင် နာရင်မှတ်လဲ ၁ မှတ်ပဲ မဟုတ်လား?

👥🙏မှန်ပါ့ဘုရား

🍒အမှတ်ရဖို့ပဲလေ။
👉အားထုတ်နေတဲ့ ယောဂီမှာ မျက်စိ မှိတ်ထားပါတယ်။
🍒နှာခေါင်းနဲ့ နားက ပွင့်နေတဲ့အတွက် အနံ့လဲ ရတတ်ပါတယ်။
👉အသံလဲ ကြားတတ်ပါတယ်။
🍒ဒါ သူ့လမ်းသူ ဝင်လာတာပဲလေ။
👉ဒကာမကြီးနဲ့ ဘာဆိုင်တုန်း။

👥🙏မဆိုင်ပါဘူး ဘုရား။

🍒အသံတွေ နားကနေ ဝင်တာ ဒါသူ့အလုပ် သူလုပ်နေတာ။
👉အနံ့လေး နှာခေါင်းက ဝင်တာ ဒါသူ့အလုပ် သူလုပ်နေတာ။
🍒ဒကာမကြီးတို့နဲ့ ဘာမှ မဆိုင်ဘူး။
👉ကိုယ်နဲ့ မဆိုင်သလို သဘောထား။
🍒တို့ ပြောနေကြဆိုရင်တော့ ပွဲကြည့်သမားနေရာကနေ နေရမယ်။
👉ပွဲကြည့်သမားက အကြည့်သက်သက် မဟုတ်ဘူးလား။

👥🙏မှန်ပါ့ဘုရား။

🍒ထိုင်ကြည့်ရုံပဲလေ။
👉ဇာတ်ကောင်က သူ့ဟာသူ ဇာတ်ထုတ် ဇာတ်ရည်လည်အောင် ပြပါလိမ့်မယ်။
🍒တို့ကတော့ ထိုင်ကြည့်ရုံ သက်သက်ပဲ။
👉တရားသမားက ထိုင်ကြည့်တာ။
🍒"ပဿနာ" ဆိုတာ ရှု့တာ ကြည့်တာ မဟုတ်ဘူးလား?

👥🙏မှန်ပါ့ဘုရား

🍒"ပဿနာ" ဆိုတာ ရှု့တာ ကြည့်တာ ပြောတာ။
👉လုပ်တာ ကိုင်တာ မဟုတ်ဘူးနော်။

👥🙏မှန်ပါ့ဘုရား။

🍒ရှု့တာ ကြည့်တာ။
👉နာရင် နာတဲ့ဇာတ်ကို တို့က အဲဒါ ထိုင်ကြည့်ရမှာဗျ။
🍒ကြားရင် ကြားတဲ့ဇာတ်ကိုပေါ့။
👉နောက် တွေးတော့ တွေးတဲ့ဇာတ်ကိုပေါ့။
🍒ဘယ်ကမှ မရှိရင် ဖောင်းပိန်၊ သူက ပင်တိုင်။
👉သူက အမြဲရှိတာလေ။
🍒အဲ့တော့ ဘယ်ကမှတ်မှတ် ဒကာမကြီးရာ တို့ ဟိုဟာလားဗျာ ၁ နာရီဗျာ မိနစ် ၆၀ လားဗျာ။

👥🙏မှန်ပါ့ဘုရား

🍒မိနစ် ၆၀ ဗျာ။
👉 ၁ မှတ်ကို ၄ စက္ကန့်၊ ၅ စက္ကန့် နှုန်းနဲ့ တွက်ကြည့်လိုက်ပါ။

👥🙏 ၁၂ မှတ်ပေါ့ ဘုရား။

🍒အဲဒါနဲ့ရပါတယ်၊ အဲ့သလောက် အမှတ်တွေ သူဟာသူ တက်နေတာ။
👉 အမှတ်တွေ ရနေဖို့ပဲ။

👥🙏အတွေးမရပ်သေးသမျှ တွေးတယ် တွေးတယ်လို့ တစ်မှတ်ပြီး တစ်မှတ် မှတ်နေရမှာလား ဘုရား

🍒မှတ်ဗျာ ၊ မနိုင်ရင် ထားပစ်ခဲ့။
👉ကိုယ့် ဖောင်းပိန်ကို ပြန်မှတ်။
🍒ခပ်တင်းတင်း ရှု့ပစ်လိုက်။
👉ဖောင်းပိန်ကို ခပ်တင်းတင်း ရှု့ပစ်လိုက်။
🍒မနိုင်တာကြီးကို ဟို မျှောနေတာကြီးကို လိုက်မှတ်နေရင် ပိုဆိုးမယ်။
👉မနိုင်ရင် လွှင့်သာ ပစ်ထားလိုက်။
🍒ဟုတ်ဗျာ။
👉ဟိုဟာလား ဇာတ်ထုတ်က ကိုယ်ကြိုက်နေတဲ့ ဇတ်ထုတ်မဟုတ်တော့ ဟိုရုံပေါက်ထွက်က လူလက်မှတ်ပေးပြီး အိမ်ပြန်သလိုပေါ့။
🍒ဒီလဲ ဇာတ်ထုတ်မကောင်း အိမ်ပြန်ပေါ့။

👥🙏မှန်ပါ့ဘုရား

🍒တို့ ဝေဘူကျတော့ သူ့ကို တွေးတယ်လို့ သွားလျှောက်ရင် တွေးတဲ့နေရာရှိသလို မတွေးတဲ့နေရာ ရှိတယ်တဲ့ နှာခေါင်းကို တိုးပြီး ကြိုးစား။
👉ဒီ ဝီရိယလျှော့လို့ သွားတွေးဖြစ်တာ။
🍒ဒီက သတိနည်းလို့ သွားတွေးဖြစ်တာ။

👥🙏 ဖောင်းပိန်လဲ အဲ့လိုပါပဲ ဘုရား၊ ဖောင်းပိန် ဝီရိယနည်းတဲအခါ အတွေးဝင်လာပါတယ် ဘုရား

🍒အဲ့ဒီမှာ ရှိသေးတာ ဒကာကြီးရ။
👉တို့ ရှု့ခဲ့တုန်းကတော့ ဖောင်းတယ် ပိန်တယ် မနှေးမမြန်။
🍒မနှေးနဲ့ နှေးတော့ စိတ်မကြိုက်ဘူး ထွက်တယ်။
👉 မမြန်နဲ့ မြန်တော့ စိတ်ကြိုက်တယ် ရုပ်မလိုက်နိုင်ဘူး။
🍒မနှေးမမြန်။
👉အဲ့တော့ တို့ ဒကာကြီး/မကြီးများ ညညကျ အိပ်ပျော်နေတဲ့လူကို ကိုယ်မအိပ်တဲ့အချိန်များ သူတို့ ရှုတာကို နားထောင်ကြည့်ပါ။
🍒အိပ်ပျော်နေတဲ့အချိန် ရှု့တာ အဲ့ဒါ အမှန်ပဲ။
👉နှာသီးက ချက်တိုင်၊ ချက်တိုင်က နှာသီး အဲ့ဒါ မနှေးမမြန်ရဲ့ စံနှုန်းပဲ။
🍒အိပ်ပျော်သူတစ်ယောက်ရဲ့ ရှုရှိုက်တာကို နားထောင်လိုက် မနှေးမမြန် သိချင်ရင်လေ။

👥🙏မှန်ပါ့ဘုရား

🍒အဲ့ဒီ မနှေးမမြန် ရှု့လို့ရှိရင် ထင်ရှားတယ်။
👉အတွေးဝင်လို့ စိတ်အထိုင်မကျလို့ရှိရင် တိုတိုလေးပဲ ကျန်တယ်။
🍒အဲ့တော့ ဒီက သတိအားကလဲ မကောင်းတော့ ဖောင်းပိန်တို့က တိုဦးမယ်ဆိုရင် ထွက်မှာပဲ။
👉ဟုတ်တယ်နော်။
🍒စိတ်အထိုင်မကျရင် ဒီက ဘဝင်လေက ဖိထားပြီလေ။
👉အဲ့တော့ တို့ ဖောင်းပိန်ကျတော့ တို့တွေ့ရသလောက်တော့ ချက်တိုင် နဲ့ ရင်ညွှန့်ပေါ့ဗျ။
🍒ချက်တိုင် နဲ့ ရင်ညွှန့် ၊ ရင်ညွှန့် နဲ့ ချက်တိုင်
👉အဲဒါ ရင်ညွှန့်ကနေပြီး ချက်တိုင် မရောက်တော့ဘူးဗျ ၊
🍒ဟောဒီ ရင်အုပ်အောက်တင်။

👥🙏 ရင်အုပ်အောက်တင် မောနေတော့တာ ဘုရား

🍒အဲဗျ၊ ဟောဒီက ဟို လေက ဟောဒီလို ကန့်လန့်ဖြတ် ထိုးထည့်ထားတာဗျ
👉အဲ့ဒါကြီး ဒကာမကြီး ပေရှုရင် ကြပ်လာမယ်ဗျ။
🍒ဒီ့ထက်ပေရှုလို့ရှိရင် ဒီရင်ညွှန့်တောင် မရောက်တော့ဘူး ဟောဒီ နှာသီးဝတင် မောတော့တာ

👥🙏မှန်ပါ့ဘုရား

🍒အဲ့ဒီအခါကျ ငရုတ်သီးနဲ့ ထိုးထားသလို ပူလိမ့်မယ်ဗျ။
👉အဲ့ဒီအခါကျရင် တို့ဒကာကြီးများက ဘွတ်ဇင်္ဒ တွေ ကြားဖူးမှာပဲ။
🍒သူ့ ဘွတ်ဇင်* တော့ခဏထား၊ ကိုယ့် ဗွတ်ဇင် နဲ့ကိုယ် လုပ်ယူရတာ။
👉တို့ မဟာစည်က ပေးတာတော့ "တက် ကြွ ပျံ့လွှင့် စိတ်ဖြစ်သောအခါ ဥပက္ခာသမ္မာဓိ ပဿတိ ပွား၍ ဗွတ်ဇင်ပါ။
🍒အဲ့ဒါ တက်ကြွလို့ ပျံ့လွှင့်တာလေ။
👉စိတ်မြင့်တာ ဘဝင်လေမြင့်တာလေ။
🍒အဲ့ဒါ ဥပက္ခာ၊ ဥပက္ခာ ဆိုတာ ဟိုဥပက္ခာသံဗောဇင်နဲ့ မဆိုင်ဘူး။
👉နင့်ဟာနင် နင်ဖြစ်ချင်သလို ဖြစ်ဟဲ့လို့၊
🍒လွှင့်ပစ်လိုက် ကိုယ်နဲ့ ဘာမှမဆိုင်ဘူး။
👉ဖောင်းလဲ မနေနဲ့၊ ပိန်လဲ မနေနဲ့။
🍒အဲ့ဒီ ချက်တိုင်မှာ အသိလေးသာ ကပ်ထားလိုက်တော့။
👉အသိလေး၊ အသိလေး။
🍒တို့ ဒကာကြီးတို့ စာနဲ့ကျတော့ ဝိတက်နဲ့ ဝိစာရ လို့ သုံးပါတယ်။
👉"ဝိတက်"ဆိုတာ ဖောင်းတယ် ပိန်တယ်
🍒"ဝိစာရ " ဆိုတာ ဖောင်းဘယ်လိုနေသလဲ?၊ ပိန် ဘယ်လိုနေသလဲ? အောက်မေ့နေတာလေးကို ဆိုလိုတာ။

👥🙏မှန်ပါ့ဘုရား

👉အဲ့တော့ ဒီ ဖောင်းတယ် ပိန်တယ် လုပ်လို့မရအောင် ဟို ခက်ထန်နေပြီဆိုရင် ဥပက္ခာပြုလိုက်။
🍒အဲ့ဒီမှာ အောက်မေ့သတိလေး ကပ်ထားလိုက်။
👉အဲ့ဒီအခါကျ ဗျာ ချက်တိုင်ကြီးက ဘာလား ရေနံဆီ ဘုံဘိုင်လျှာကပ်နေသလို ဖြစ်ပါဗျာ
🍒ဆွဲလို့မရ နေလို့မရနဲ့။
👉ကြိုက်သလိုနေကွာ၊ အဲ့ဒါ မောတော့ အဲ့ဒီ အသိလေးနဲ့ပဲ ကပ်နေရတာ။
🍒ဘာမှမလုပ်နဲ့။
👉အသိလေး ကပ်နေလို့ မတွေးဖြစ်ရင် သူ့ဟာသူ ပြန်ပြီး လှုပ်တုပ်လှုပ်တုပ်နဲ့ လာစတယ်။
🍒နောက် သူ့ဟာသူ ပုံမှန်ပြန်တက်တာ။
👉ပုံမှန်တက်လဲ မလှုပ်နဲ့ဦး။
🍒နေဟာ၊ ဥပက္ခာ၊ ဥပက္ခာယူပြီး သမာဓိဆိုတာ စိတ်ကလေးကို ငြိမ်အောင် ထားလိုက်တာ သမာဓိ မဟုတ်ဘူးလား?

👥🙏 ဟုတ်ပါတယ်ဘုရား

🍒ပြီးတော့ ခုဏက ပြောလို့ ဒါလေးသူ့ပုံမှန်လေးဖြစ်အောင်ထိ ငြိမ်နေလိုက်လို့ ကိုယ်လေးအေးသွားတော့ ပတ်သတိမဟုတ်ဘူးလား

👥🙏ဟုတ်ပါတယ်ဘုရား

🍒ဥပက္ခာ သမ္မာဓိ ပတ်သတိ* ဆိုတာ ဥပက္ခာ ဆိုတာ နင်ဖြစ်ချင်သလို ဖြစ်ဟဲ့လို့၊
👉ဟို စတ္ထုဓျာန်နဲ့ နီးတဲ့ ဟိုဥပက္ခာ ပြောတာ မဟုတ်ဘူးနော်။
🍒ဒကာကြီးတို့က ဘယ်ကတုန်း?

👥🙏(....)

🍒အဲ တူမီး တူမီး
👉တူမီး တူမီးကိုင် ကိုင်တာ၊ G သရီး၊ Gဖိုးနဲ့ မရလို့ ကိုင်တာ၊ လုပ်သေနတ် လုပ်သေနတ်။
🍒ဟုတ်ကလား။
👉အဲ့ဒီ တို့ သူ့ဟာသူ ဝင်၊ သူ့ဟာသူ ထွက် စုန်ချည် ဆန်ချည်နဲ့ ကျုပ်က ဟောလိုပါဗျ၊ ကျုပ်က ဟောလိုပါဗျ နဲ့ ဟောလိုတက်ပါသဗျ၊ ဟောလို ကျပါသဗျနဲ့၊
🍒ဟိုကလဲ ကျုပ်က တက်မှန်းသိပါသဗျ၊ ကျမှန်း သိပါသဗျနဲ့ ၊အတက်နဲ့ အသိ၊ အကျနဲ့ အသိ၊ အလုပ်လုပ်နေတာ မသိချင်ယောင်ဆောင်သာနေ။
👉ကိုယ့်ဘက်က ပြန်ပြီး ဈေးတင်ပစ်လိုက်ပေါ့။
🍒အင်မတိအင်မတန် ထင်ရှားပြီဆိုမှ ပြန်ယူပါ
👉ဒါမှမဟုတ် အနည်ပါတဲ့ ရေဖန်ခွက်ကို အနည်ကျခါစမှာ သွားမယူနဲ့၊ ပြန်လွတ်မှာ။
🍒အဲ့ဒီ ဒကာမကြီး ခုဏက ပြောတဲ့ ဘာတုန်း ဥပက္ခာ ပြုလိုက်ပါ။
👉ပြီးတော့ စိတ်ကလေး ငြိမ်သက်အောင် ထားလိုက်တာ သမ္မာဓိ ပတ်သတိ*မဟုတ်ဘူးလား။

👥🙏မှန်ပါ့ဘုရား

🍒ဒါပြီး ကိုယ်ရော စိတ်ရော ငြိမ်အောင် ထားလိုက်ပါ။
👉အဲ ပီတိ မဟုတ်ဘူးလား။
🍒အဲ့ဒါ ခုဏက အနည်ထိုင်သလို၊ အဲ့ဒီ တို့ အနည်ထနေတာကို၊ အနည်ထိုင်သွားတာနဲ့ အကြည်ဓာတ်တော့ ပေါ်လာမှာ။
👉အဲ့ဒီအချိန် သွားမကိုင်နဲ့ ချက်ချင်းလှုပ်မှာ
🍒ကိုက်တတ်မှဗျ။

👉ဆရာက ပြောတာမဟုတ်ဘူး တို့ဟာတို့ ဖောင်းလို့လဲမရ၊ ပိန်လို့လဲ မရ အဲ့ဒီ ၇ ရက်အတွင်းတော့ ဟာ တို့မဟာစည်မှာတုန်းက ဒုက္ခရောက်တာ။
🍒ပြီးတော့ ၇ ရက်အတွင်းဟာ ထွက် တစ်ထွက်ထွက်နဲ့ ထွက်မှာ။
🍒လူပေရင် ကိလေသာထွက်မှာ။
👉ကိလေသာ ပေရင်တော့ လူကတော့ထွက်မှာပဲလေ။
🍒ထွက် နှစ်ထွက် တစ်ထွက်ထွက်ပဲဗျ။
👉အဲ့လောက် တို့တင်းတာ။
🍒ဟိုးဘက် ၉ ရက်၊ ၁၀ ရက်လောက်ကျတော့မှ အာရုံမှန် ယူတတ်သွားရင် တခါလောက် အာရုံမှန်သွားရင် နောက် လုပ်တတ်သွားမယ်။
👉နာတာလဲ အာရုံမှန်ဆက်ဆံတတ်ရင် နောက်ကြိုက်သလောက်နာ ရသွားတာ။
🍒သူတို့ ၂ ခုက အာရုံမှန်တာနဲ့ ရတာ။
👉အတွေးကတော့ နောက်က ဥာဉ်ပါတာနဲ့ မရဘူး။

🍒တို့ဆရာတော်က သူ့ကို စိတ် ဖောင်းလို့မရဘူး ဘုရား လို့ အိုးစိတ်ထွက်တတ်တဲ့အမျိုးပဲ ယောဂီနဲ့ ဘာဆိုင်တုန်း ကိုယ့်အလုပ် ကိုယ်လုပ်လို့ပြောတာ။
👉သူက တို့ကမနိုင်ဘူး။
🍒ထွက်နေကျမို့ ထွက်ပါစေ။
👉အောက်ပိုင်းဥာဉ် ဟို ရုန်းရင်းဆန်ခတ်ကြားကနေ သွားနေရတာလေ။
🍒သင်္ခါရုပက္ခဥာဏ်လောက်ကျတော့ ဥာဉ်ရိုင်းက ယဉ်သွားတော့ အဲ့တော့ ဒကာကြီးတို့ ပြောတဲ့ နီဝါရဏ မရှိတော့ဘူး။
👉အဲ့ဒီမှာ နီဝရဏက ဟိုအိမ်နီဝါရဏ မဟုတ်ဘူး၊ ဓမ္မာနီဝါရဏဝင်တာ။
🍒အဲ့ဒီ ကာမစ်ဆန္ဒ* တရားလိုချင်တဲ့ဆန္ဒ။
👉တို့ မဟာစည်မှာတုန်းက ဘယ်သူက ဥာဏ်စဉ်သုံးခါ နာပြီးပြီး၊ မနာပဲနဲ့ အားထုတ်တာ၊ ဟာ တို့ကလဲ ဥာဏ်စဉ်ရအောင်ကွာနဲ့ ကာမစ်ဆန္ဒ* အဲဒါ ပြောတာ
🍒ငွေဆန္ဒ၊ ရွှေဆန္ဒ မဟုတ်ဘူး။
👉တရားဆန္ဒ။
🍒အဲ တစ်ရက်နဲ့ တစ်ရက် တရားကတော့ဖြင့် တရားအတိုင်း ပြနေတာပဲ။
👉တို့က တရားမမြင်ဘူးတော့ မကျေနပ်ဘူး။
🍒တရားမြင်ဖူးလား?

👥🙏 မမြင်ဘူးပါဘုရား။

🍒မမြင်ဘူးတော့ လိုက်ရှာရတာပေါ့
👉တရားကတော့ ပြနေတာပဲ။

🌿တို့ ရန်ကုန်တုန်းက အိမ်တစ်အိမ် သူခိုးဝင်တယ်။
🌷များသောအားဖြင့် မနက် ၃ နာရီ သူခိုးဝင်နေကျပဲ။
🌿အဲ သူခိုး သူခိုး နဲ့အော်တယ်
🌷အဲ့တော့ ခြေရင်းအိမ် ခေါင်းရင်းအိမ်က လိုက်တာပဲ။
အဲ သူခိုးက မီးရောင်အောက်ကနေ ဖြတ်သွား ဟိုးဘက်ကျတော့ ခပ်တည်တည်နဲ့လျောက်၊
🌿ဒီက သူခိုးမှမသိပဲနဲ့ လိုက်တာ သူ့ကို သွားပြီ သူခိုးဘယ်သွားတုန်း သူခိုးဘယ်သွားတုန်း မေးတော့ သူခိုးက ဟိုဘက်သွားတယ်ပြောတာ
🌷သူခိုးမှမသိပဲနဲ့ သူခိုးဖမ်းတာ။
ဟုတ်ကလား။

👥🙏အဲ့လို လွတ်လွတ်ထွက်သွားတာလား ဘုရား

🌷တရားက ပြနေတာ။
👉သူက ပရမတ်နဲ့ ပြနေတာ။
🌷တို့က ပညတ်နဲ့ ရှာနေတာ။
👉အဲဒါ ကွာနေကြတာလေ။
🌷နာတော့ကောဗျာ နာတဲ့သဘောလေး ပြနေတာ။
🍒တွေးတော့လဲ တွေးတဲ့ သဘောလေးက ပြနေတာပါ။ သေချာကြည့်။
👉အထက်ဥာဏ်ရောက်တဲ့ ကာလကျရင် တခါတလေ ငယ်ထိပ်ကို မှီပြီးတော့ တွေးတာ။
🍒ဘဝင်လေ ဝပ်ကျင်းကနေတွေးတာ
👉တခါတလေ ရင်အုပ်အောက်တင်တွေးတာ။
🍒အဲ့ဒီ အချိန်မှာကျတော့ ကိုယ်မြင်ခဲ့ဖူးတဲ့.. ဒီမှာ ဓာတ်ပုံကြည့်သလို ထိုင်ကြည့်လို့ ရပါပြီ။
🌷အဲ့ဒီခါကျ အတွေးသည် တရားဆိုတာ သဘောပေါက်လာမယ်
👉အတွေးကို တို့က တရားမှန်းမသိလို့။

🍒ရဟန္တာတောင် အနာပျောက်အောင် ကုနိုင်ပေမယ့် အနာရွတ်ရှိသေးတာ။
👉ရဟန္တာတောင် အနာသာကုနိုင်တာဗျ၊ အနာရွတ်တော့ ရှိသေးတယ်။
🍒ရာဂအကျင့်တော့ သတ်ပြီးပြီ၊ ရာဂဥာဉ် ရှိသေးတယ်။
👉ဒေါသအကျင့်တော့ သတ်ပြီးပြီ၊ ဒေါသ ဥာဉ်တော့ ရှိသေးတယ်။
🍒ဟုတ်တယ်နော်
👉ဝါသနာ ပယ်နိုင်ခဲတယ်။
🍒ရဟန္တာတောင် ပယ်နိုင်လားဗျာ အနာရွတ် ကျန်ရစ်သေးတာ။
👉ဟာ ဒကာမကြီးများ ရဟန္တာတောင် အနာရွတ်ကြီးနဲ့ပါဆို။

🙏👥 အားတက်ပါတယ် ဘုရား

🍒အဲ့ဒါများ သွားပြီး ဟိုရန်လုပ် ဒီရန်လုပ် မလုပ်နဲ့

👉အဲ့ဒါ တွေးတာ တွေးတဲ့အကြောင်း တွေးတဲ့သဘော ရှိပါတယ်။
🍒အဲ့ဒီ သဘောကိုကြည့်။
👉နာရင် နာတဲ့ သဘောရှိပါတယ်
🍒မရိပ်မိတာ။
👉ပြတယ်၊ တို့ မသိဘူး။
🍒ဖောင်းတို့ ပိန်တို့ကလဲ ပြနေတယ်။
👉ဖောင်းသဘော၊ ပိန်သဘော ပြနေတာ။
🍒တရားရယ်လို့ ဘာမှမဟုတ်ဘူး။
👉ကတုံးဆိုတာ ဘာခေါ်တာတုန်း?

👥🙏ဆံပင်မရှိတာကို ပြောတာလား ဘုရား

🍒ရိပ်မိလို့ ပြောင်တာကွ။
👉ဟုတ်ကလား။
🍒ကတုံးဆိုတာ ဘာခေါ်တာတုန်း ၊ရိပ်မိလို့ ပြောင်တာ ပြောတာ။
👉တရားဆိုတာလဲ တခြားထင်မနေနဲ့ ရိပ်မိလို့ ပြောင်တာ ပြောတာ။
🍒ရိပ်မိဥာဏ်လေး။
👉ဖောင်းတာနဲ့ ဖောင်းသိကလေး၊ ပိန်တာနဲ့ ပိန်သိလေး၊ ဖောင်းတာလဲ ဖောင်းတာဘယ်လို၊ ပိန်တာလဲ ပိန်တာ ဘယ်လို အဲဒါ တို့ရိပ်မိတာ ပြနေတယ်
🍒သစ္စာဆိတ်သုဉ်းတဲ့နေရာ ဘယ်နားရှိလဲ?

👥🙏မရှိပါ ဘုရား

🍒သစ္စာဆိတ်သုဉ်းတဲ့နေရာ မရှိရင် ကမ္မဋ္ဌာန်းဆိတ်သုဉ်းတဲ့နေရာလဲ မရှိဘူး။
👉ကမ္မဋ္ဌာန်းဆိတ်သုဉ်းတဲ့နေရာမရှိရင် တရားဆိတ်သုဉ်းတဲ့နေရာကော??

👥🙏မရှိပါ ဘုရား

🍒တရားကို တရားမှန်းမသိတာပဲ။
👉တို့ကသာ မရိပ်မိတာ။
🍒ရိပ်မိရင် ဘာလုပ်ရမလဲ၊ စိတ်အထိုင်ချပေးပါ။
👉စိတ်အထိုင်ချဖို့ရာ ဘာလိုအပ်ပါသလဲ?
🍒မတွေးနဲ့၊ ဘာဖြစ်လို့ တွေးမိတာတုန်း ရှေ့ကြိုတွေးမိလို့၊ နောက်ပြန် တွေးမိလို့ တွေးဖြစ်တာ။
👉စိတ်နောက်မပြန်ရင်၊ စိတ်ရှေ့ကို မကြိုရင် မတွေးတော့တာ။
🍒အဲ့ဒီ ပစ္စုပ္ပန်တည့်တည့်မှာနေပါ။
👉ဒီနေရာလေးကို အမြဲမပြတ်

🍒တို့စာလိုတော့ အဲ့ဒီ နှာသီးဝကို ချည်တိုင်လို့ သုံးပါတယ်။
👉သတိက ကြိုး။
🍒စိတ်က နွားရိုင်း
👉နွားရိုင်းကို တိုင်ကိုလွန်နဲ့ချည်ပြီး ဆုံးမသလို၊
🍒ဒီမှာလဲ စိတ်မိုက်ကို သတိနဲ့ ချည်ပြီး ဆုံးမမယ်ဆိုတော့ ဖောင်းပိန်နဲ့ ချည်ပြီး ဆုံးမပေးပါ။
👉သတ္တိရှိရင် အဲ့ဒါသာ ကိုင်ပါ။
🍒ဝီရိယ တင်းရင် ရတယ်။

👉တို့ သာစည် ရွှေကျောင်းကုန်းတောင်တုန်းက ပြောလေ့ ပြောထ ရှိပါတယ်။
🍒တို့တောင်ခြေရင်းက ဖိုးသူကြီးရဲ့မြေး၊ ဖိုးသူကြီးရဲ့သား ဖိုးတင်ရွှေ၊ သူက မြေးငယ်လေးကို ဆိတ်ကျောင်းခိုင်းတာ။
👉 ဆိတ်က ခလေးကြောက်တယ်၊
🍒ဆိတ်က ရှေ့ကသွား ခလေးက နောက်ကတုတ်နဲ့ လိုက်ရတာ
👉တရားအားထုတ်တယ်ဆိုတာ ဆိတ်နောက်ကို လိုက်ရသလိုပါပဲကွာနဲ့၊
🍒လိုက်ရတာကိုးဗျ တို့က။
👉နာရင် နာတဲ့ နောက်ကို လိုက်ရတာကိုးဗျ။
👉ဖောင်းလို့ ပိန်လို့ အားကောင်းနေရင် ဟိုမှာ နာရင် ဂရုမစိုက်နဲ့၊ ဒီမှာပဲ စိုက်ချလိုက်။
🍒သူ့ဆီ စိတ်မရောက်ရင် မနာပါဘူး။
👉စိတ်မရောက်ရင် မသိတော့ မနာဘူးလေ။
🍒အိပ်ပျော်နေတုန်း နာလို့လား?

👥🙏မနာပါဘုရား။

🍒..... .

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

#ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး
#ဆရာဦးထွဋ်အောင်လင်း

ကျွန်တော် Sayar U Htut Aung Lin  �လောကီပညာပိုင်းပြန်အချိန်ပေးပါတော့မယ် ။ကျွန်တော်ကဘာတွေလုပ်ပေးလဲဆိုရင်"ဣစ္ဆာသယမဟိဒ္ဓိစေဂ...
27/02/2024

ကျွန်တော် Sayar U Htut Aung Lin �လောကီပညာပိုင်းပြန်အချိန်ပေးပါတော့မယ် ။
ကျွန်တော်ကဘာတွေလုပ်ပေးလဲဆိုရင်

"ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်မြတ်ကြီး"ပညာဖြင့်
ပယောဂ စစ်ဆေး / ကုသခြင်း။

ဂိုဏ်းတော်မြတ်ကြီး၏ ပညာများဖြန့်ဝေခြင်း၊ ပညာပေးခြင်း။

မိတ်ဆွေတို့ရဲ့ လုပ်ငန်း/ အိမ်ခြံမြေမှာအတိုက်အခိုက်ရှင်းလင်းပေးခြင်း။

လာဘ်ပွင့်ဖယောင်းတိုင်များစီရင်ပေးခြင်း။
လာ်ဘ်ပွင့်/ပီယဆေးအဆီများစီရင်ပေးခြင်း။

မိမိ နာမည် မွေးနံ နှင့်မွေးသက္ကရာဇ်တို့အားတောင်းယူ၍ လာဘ်ဖွင့် အစီအရင်များဆောင်ရွက်ပေးခြင်း။

မိမိကသာမှန်ပါစေ အပြိုင်အဆိုင်ကိစ္စများအတွက် အနိုင်ရအောင်စီရင်ပေးခြင်း။

အရိုးအကြောအကျိတ်အဖု အထူးထူးသောဝေဒနာများကုသပေးခြင်း။

မိမိတို့လုပ်ငန်း ပိုမိုအောင်မြင်တိုးတက်စေရန်အတွက်ဆိုင်းဘုတ်တင်မင်္ဂလာ ပြုလုပ်ပေးခြင်း ။

ကျန်းမာရေးခနခနညံ့ ချူချာသူများအတွက် ကျန်းမာရေးအဆောင်/အစီအရင်များ ပြုလုပ်ပေးခြင်း။

အိမ်ဆူအိမ်ပူ ကိစ္စတွေအတွက်လဲ အစီအရင်ပြုလုပ်ပေးပါတယ်။

ကလေးသူငယ်များအတွက် အန္တရာယ်ကင်းအဆောင်များစီရင်ပေးခြင်း။

အိမ်ခြံမြေအရောင်းထွက်စေရန်အတွက် အစီအရင်ပြုလုပ်ပေးခြင်း။

အကြွေးကြေအဓိဌာန် အခမဲ့လာရောက်တောင်းနိုင်ပါတယ်။

အချစ်ရေး အိမ်ထောင်ရေး ပြန်ပေါင်း ကွဲကွာအစီအရင်တွေမလုပ်ပါဖူးနော် ခနခနမေးနေကြလို့။
အချစ်ရေးကံကောင်းအောင်အစီအရင် နဲ့ အဆောင်တော့ စီရင်ပေးပါတယ်။

သိုက်ဆက်ရှိမရှိစစ်ဆေးပေးပါတယ်။
ကျနော့်ဆီမှာဗေဒင်မေးမယ်ဆိုရင်တော့

အားလုံးဘဲကျန်းမာချမ်းသာကြပါစေလုပ်ငန်းကိုင်ငန်းတွေအဆင်ပြေကြပါစေဗျာ။

အဖဆရာသခင်များအားဉီးထိပ်ထားလျှက်

Htut Aung Lin
#ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး

ဘုရားရှင်၏ အံ့ဖွယ် ( ၁၈ ) ပါး(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရှိခြင်း။(၂) ပရိက္ခရာ (၈)...
27/02/2024

ဘုရားရှင်၏
အံ့ဖွယ် ( ၁၈ ) ပါး

(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရှိခြင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

(၇) ဝေနေယျသတ္တဝါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)

(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။

(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။

(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။

(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။

(၁၂) ကျွတ်အံ့သော သတ္တဝါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တဝါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။

(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။

(၁၄) အထက်ပါ(၁၃)ပါးနှင့် ေဥယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။

(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။

(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။

(၁၇) တာ၀တိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖဝါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။

(၁၈)ဒေသစာရီကြွချီတော်မူလျှင်ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။
မြတ်ဗုဒ္ဓ၏ တန်ခိုးတော်များသည် အံ့ဖွယ်
များပြားလှပေတော့သည်။

#ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး
#ဆရာဦးထွဋ်အောင်လင်း
☎️09756889384
09452679216

ပုထုဇဉ်တွေရဲ့စိတ်နဲ့ အရိယာတွေရဲ့စိတ်က ဆန့်ကျင်ဘက်၊ ပုထုဇဉ်တွေကတော့ ကိုယ့်မကောင်းကြောင်းကို တခြားလူသိမှာ အလွန်စိုးတယ်။အရိ...
27/02/2024

ပုထုဇဉ်တွေရဲ့စိတ်နဲ့ အရိယာတွေရဲ့စိတ်က
ဆန့်ကျင်ဘက်၊ ပုထုဇဉ်တွေကတော့
ကိုယ့်မကောင်းကြောင်းကို တခြားလူသိမှာ
အလွန်စိုးတယ်။

အရိယာတွေကျတော့ သူတို့မကောင်းကြောင်းတွေကို
ဒီလိုမကောင်းခဲ့တာပါ၊ ဒီလိုစိတ်တွေ၊
ဒီလိုရှိခဲ့ပါတယ်နဲ့ သူတို့စိတ်ကို
သူတို့ဖော်ပြောတယ်။

ဘုန်းဘုန်းတို့တရားကျင့်ခဲ့စဉ်တုန်းက
သဲအင်းဂူဆရာတော်ကြီးက
သူ့အကြောင်းသူမကွယ်ဝှက်ပဲ ပွင့်ပွင့်လင်းလင်း ဤ၍ဤမျှ အထိဆိုးခဲ့သော်ငြားလည်း

စွန်းလွန်းဆရာတော်ဘုရားကြီးအကြောင်း
ရေးထားတဲ့ စာအုပ်ကိုဖတ်ပြီး
သူတောင်ရဟန္တာကြီးဖြစ်သေးတာပဲ
ငါဘာလို့မဖြစ်ရမှာလဲဆိုပြီးတော့ အဲ့ဒီနေရာမှာ တစ်ခါတည်းကို ကျုပ်ကကျင့်တော့မယ်ဆိုပြီး။

နောက်ဆုံးအနေနဲ့ လက်ရှိရှိတဲ့မိန်းမနှစ်ယောက် စားလောက်အောင်ထားခဲ့ဖို့
ဓါးပြသွားတိုက်ခဲ့တာ မရပါဘူးဗျာတဲ့။

ဟောဒီမှာကြည့်ဆိုပြီး ပုလ္လင်ကြီးပေါ်ကငုံ့ပြီးတော့ ခေါင်းဘေးစောင်းမှာ ဓါးခုတ်ထားတဲ့
ဒဏ်ရာကိုပြတယ်။
ဓါးနဲ့ အခုတ်ခံရပါတယ်တဲ့။

ဒါတောင်မိန်းမလုပ်သူက ကိုအောင်ထွန်းရေ
ခေါင်းကပြောင်နေတယ် ဦးထုပ်ယူသွားပါဆိုလို့ ယူသွားလို့တဲ့။

ယူသာမယူရင် ပွဲချင်းပြီးတစ်ခါတည်း
သေနိုင်တယ်တဲ့။

ခုတ်ချလိုက်တာဂျိုစောင်းကို တစ်ခါတည်း
ကိုယ်ကတော့ ဒုတ်နဲ့ရိုက်တယ် ထင်တာပေါ့တဲ့။

နောက်ကျမှ ဓါးခုတ်ခံရမှန်း သိတော့မှ
ခပ်သုတ်သုတ် ပြန်ထွက်လာပြီးတော့
ခေါင်းကြည့်တော့လဲ သွေးတွေနဲ့ဒဏ်ရာနဲ့
သူ့ကိုယ်ပိုင်ဒေါက်တာဆီသွားပြီး
ကြိတ်ပြီးဆေးကုရတာပေါ့တဲ့။

မူလသဲအင်းဂူ ဆရာတော်ကြီးပြောပြတဲ့
သူ့အကြောင်းနားထောင်နေမှ
သူကဗိုလ်အောင်ဒင် စတိုင်အတိုင်းပဲ။

ဗိုလ်အောင်ဒင်ကမြို့ မှာနေတယ်
သူက ကမာရွတ်မှာနေတယ်။
အထက်အရာရှိတွေနဲ့လဲပေါင်းတယ် သူက။
အောက်မှာတပည့်တွေနဲ့လွှတ်ထားတယ်။

တပည့်တွေဓါးပြတိုက်လို့တစ်ခုခုဖြစ်ရင်
အထက်ကဖြေရှင်းလိုက်တယ်
အောက်မှာလွတ်ရော။ အဲ့ဒီပုံးစံအတိုင်းလုပ်တဲ့အကြောင်းကို ဆရာတော်ကြီးကပြောပြနေတယ်။

အဲ့ဒီလိုနဲ့ တရားကျင့်ချင်စိတ်ပေါ်လာရော
မှော်ဘီ သဲကုန်းရွာအနီးမှာ ကျုပ်ဆောက်ထားတဲ့ ဓမ္မာရုံတစ်ခုရှိတဲ့ဆီသွားတယ်တဲ့။

အဲ့ဒီအချိန်မှာ ပရိတ်သတ်ကြားက တရားလက်ထောက်က မေးလိုက်တာသိပ်ကောင်းတယ်။

အောက်ကနေ ဒကာတစ်ယောက်က အရှင်ဘုရားတဲ့ အရှင်ဘုရားက ဓါးပြတွေတိုက်၊ ကြက်တွေတိုက်၊
ဖဲတွေရိုက်ပြီး မကောင်းတဲ့အလုပ်တွေ
လုပ်နေခဲ့စဉ်တုန်းက သိမ်တွေဆောက် ဓမ္မာရုံကြီးဆောက်နဲ့ စတဲ့အလှူအတန်းတွေ လုပ်တာဟာ
ဘယ်ကပိုက်ဆံနဲ့ဆောက်ပါသလဲဘုရားတဲ့၊

ဟ....ဒကာကြီးရ ဓါးပြတိုက်တဲ့ ပုဂ္ဂိုလ်ပါဆိုမှ
ဓါးပြတိုက်တဲ့ ပိုက်ဆံနဲ့ဆောက်တာပေါ့တဲ့။

အဲ့ဒီတော့ဘုရားတဲ့ ဒီဓါးပြတိုက်တဲ့ပိုက်ဆံနဲ့ ဆောက်တော့ ကုသိုလ်ရပါ့မလားတဲ့။ ဒါနော်
ဒီမေးခွန်းကိုမေးတာက ဓမ္မာစရိယ
သုံးကျမ်းပြီးပြီးသား ပုဂ္ဂိုလ်က
လူထွက်ပြီးတော့ နေရင်းနဲ့

ဒီတရားတွေရလို့ တခါသူကဆရာတော်ကြီးရဲ့ တရားလက်ထောက်အနေနဲ့ လိုက်ပြီး သာသနာလိုက်ပြုတဲ့ ပုဂ္ဂိုလ်ကြီး။

ဆရာတော်ကြီးက ကကြီးရေးကသတ်ကက်နဲ့ ကျောင်းပြီးထားတဲ့ ပုဂ္ဂိုလ်ဆိုတော့ စကားလုံးတွေမှားမှာစိုးလို့သူက အောက်ကနေထောက်ထောက်ပေးတယ်။ တခုခုမှားသွားရင်အောက်ကနေ
သူကစကားပြင်ပေးရင် သူပြင်ပေးတဲ့ စကားလုံးအတိုင်းဆရာတော်ကြီးကလည်း
ပြင်ပြင်ပြီးဟောပေးတယ်။

ဆရာတော်ကြီးက လူဆိုးကြီးဆိုတော့ ခပ်ကြမ်းကြမ်းကြီးကိုး။ ပြောရင်ဒဲ့ထိုးကြီးပြောတာ။ တရားနာနေတဲ့ပုဂ္ဂိုလ် နှလုံးသားထဲအထိ
ရောက်အောင် ထိထိမိမိပြောတတ်တယ်သူက။

အဲ့ဒီမှာ ဆရာတော်ကြီးပြောလိုက်တာ
ဟ..ဒကာကြီးရာတဲ့ ဓါးပြပဲတဲ့ ဓါးပြတိုက်လို့ရတဲ့ ပိုက်ဆံနဲ့ကျုပ်ဆောက်တာပေါ့တဲ့။

အဲ့ဒီလိုဆို ကုသိုလ်ရပါ့မလားတဲ့
အောက်ကနေလှမ်းမေးတယ်။ သြော်...ဒကာကြီးရယ်တဲ့ ဓါးပြတိုက်ချင်တဲ့စိတ်က ဘာစိတ်တုန်းတဲ့၊ အကုသိုလ်စိတ်ပါဘုရား။

လှူချင်တဲ့စိတ်ကရော ဘာစိတ်လဲ ကုသိုလ်စိတ်ပါ။ အေး အကုသိုလ်စိတ်၊ ကုသိုလ်စိတ်တွေမှာ
ဓါးပြတိုက်နေတဲ့အချိန်ဆိုလည်း
လုံးဝကုသိုလ်စိတ်မရှိဘူးတဲ့
ကျုပ်သူများအိမ်က ပိုက်ဆံရဖို့စိတ်ပဲ ရှိတယ်တဲ့။

ဘယ်အိမ်မှာပိုက်ဆံဘယ်လောက်ရှိလဲ
ကျုပ်ဒါပဲတွက်တယ်တဲ့။ အကုသိုလ်စိတ်ပေါ့တဲ့။

အဲ့ဒါတွေရပ်လိုက်တဲ့ အချိန်ကျတော့လဲ
ဟာလှူချင်လိုက်တာ ငါဒီကျောင်းတော့
ဒါလေးလှူဦးမယ်ဆိုတာ ဝင်လာပြန်တော့
ကုသိုလ်စိတ်။ ဓါးပြတိုက်ဖို့ စိတ်လုံးဝမရှိဘူး။

အဲ့ဒီတော့ အကုသိုလ်စိတ်၊ ကုသိုလ်စိတ်တွေက
တစ်စိတ်စီပဲတဲ့။ မကောင်းတဲ့စိတ်ကလည်းတစ်စိတ်ဖြစ်ပေါ်လာတာပဲ၊ ကောင်းတဲ့စိတ်ကလည်း
သူ့ဟာသူပေါ်ချင်ထပေါ်လာတာပဲ။

အဲ့ဒါကိုနားထောင်ပြီး ဘုန်းဘုန်းလေ
သဘောကျသွားခဲ့တယ်။ ဟယ်...ဟုတ်သားပဲ၊
ငါအိမ်မှာ နေရာကနေလာတာ
ရုပ်ရှင်ရုံသွားမလို့လာတာ အကုသိုလ်စိတ်နဲ့ ဆရာတော်ကြီးပြောတဲ့အတိုင်း ဘုန်းဘုန်းကအောက်ကနေ ကိုယ့်စိတ်ကိုယ်ပြန်တွက်နေရတာ၊

အခုလမ်းတစ်ဝက်မှာ ရဟန္တာဆိုတာတွေ့လို့
ဆိုင်ကယ်ပေါ်ကနေဆင်းပြီး ငါလာကြည့်တယ်။

အဲ့တော့ရုပ်ရှင်သွားကြည့်ဖို့စိတ်က
ပျောက်သွားတယ်။ အခုမှပြန်ပေါ်တယ်။ ခုနကရုပ်ရှင်သွားကြည့်မယ့်စိတ်မရှိတော့ဘူး ။

ဟယ်... ဟုတ်သားပဲ တစ်စိတ်သီပဲ။ အဲ့ဒီ့မှာ သညာနဲ့သဘောပေါက်သွားတယ်။ ဟာဒါဖြစ်နိုင်တယ်။

ငါ့စိတ်တွေက အမြဲဖြစ်နေတယ်မှတ်တာ
မဟုတ်ပါလားနဲ့ အဲ့ဒီ့မှာ သညာနဲ့သဘောကျပြီးတော့ ဘုန်းဘုန်းလဲကျင့်ခဲ့တာ
ဒီနေ့လိုမျိုးဖြစ်လာခဲ့တော့တာပါပဲ။

ဘာပြောချင်တာလဲဆိုတော့ အရိယာစကား သူတော်ကောင်းစကားဆိုတာ တစ်ချက်လောက် နားဝင်ပြီး သဘောပေါက်သွားရင်
အရမ်းကောင်းတယ်။

ဘုန်းဘုန်းသဲအင်းဂူမှာ ခြောက်နှစ်ကျင့်တယ်။ ခြောက်နှစ်ကျော်ကျော် ကျင့်တဲ့အခါကျတော့
ဒီဝေဒနာကို ဆုံးအောင်လိုက်တာ လေးနှစ်၊ ငါးနှစ်လောက်ဆက်တိုက်လိုက်ခဲ့တာ။

ရုံးမှာ လုပ်သက်ခွင့်မပြောနဲ့ လစာမဲ့ခွင့်က
များတယ်။ ဘာဖြစ်ဖြစ် အရေးမလုပ်တော့ဘူး တရားရဖို့တစ်ခုသာ အာရုံထားတော့တယ်။
ဘယ်သူ့ပေါင်းထားလဲဆိုတော့ ဋ္ဌာနခွဲမန်နေဂျာကို ပေါင်းထားရတယ်။

သူကလည်းဘုန်းဘုန်းကို လူလည်းလူငယ် တရားသမားလဲ တရားသမားဆိုတော့ တရားသမားလေး၊ တရားသမားလေးနဲ့ ချစ်ခင်စောင့်ရှောက်ပေးတယ်။

အိုဗာတိုင် ဘုန်းဘုန်းဆင်းရမယ့် အလှည့်ရောက်တဲ့အခါမှာ လူစားထည့်ပေးတယ်။ ဘုန်းဘုန်းရဲ့လစာကိုတောင်မဖြတ်တဲ့အပြင် သူကတောင်
လမ်းစားရိတ်ပေးသေးတယ်။

အေးကွယ့် ငါ့အတွက်လဲ ကုသိုလ်ရအောင် မင်းအေးအေးဆေးဆေး တရားထိုင်ပါ လတ်မှတ်ကတော့ ဋ္ဌာနခွဲမန်နေဂျာဆိုတော့ သူကကူညီတာပေါ့။ အဲ့ဒီလိုနဲ့ ဘုန်းဘုန်းတရားကျင့်တာ။

ဒီလောကီဘက်က အလုပ်တွေ၊ ငွေကြေးတွေ၊ ရာထူးတွေကို မမက်နိုင်ဘူး ဘုန်းဘုန်းမှာ
အလုပ်မပြုတ်ရင်တော်ပြီ တရားဘက်ကိုသာမဲတာ။

အဲ့ဒီလိုကျင့်ရင်းနဲ့ လေးနှစ်လောက်ကြာတော့ မိုးကောင်းမှာပေါ့ တစ်လုံးတည်းနဲ့ သဘောပေါက်သွားတာ။ မသိရင်တော့ခက်တယ်။
သိရင်လွယ်တယ် တရားဆိုတာက။

မူလသဲအင်းဂူ ဆရာတော်ကြီးရဲ့စခန်းတိုင်းမှာ
ဘုန်းဘုန်းက ရှေ့ဆုံးက ထိုင်တာ၊
နောက်မှာဆိုကိုယ့်စိတ်ကို ကိုယ်မနိုင်လို့။

အခု ဒကာမကြီးတို့တရားစခန်းမှာသာ
နှစ်နာရီ၊ သုံးနာရီရတယ် အိမ်ပြန်သွားကြည့်ဘယ်တော့မှ မရဘူး တစ်နာရီတောင် အနိုင်နိုင်။

ဘယ်တော့မှစိတ်ကို မနိုင်ဘူး။ ကျောင်းမှာကျတော့ ရနေတယ်။ ကိုယ့်စိတ်ဆိုတာ ဆုံးမရခက်တယ်။ သူများသားသမီးဆုံးမတာထက် ကိုယ့်သားသမီး ဆုံးမရတာခက်တယ်။
ကိုယ့်သားသမီးဆုံးမရတာထက် ကိုယ့်ကိုယ်ကို ဆုံးမရတာသာ၍ ခက်တယ်။

ကိုယ့်စိတ်ကို ကိုယ်ဆုံးမရတာ အခက်ဆုံး
တခါတလေတော့ သူ့ကိုချော့ခိုင်းရတယ်။

ဘုန်းဘုန်းကတပည့်တွေကို အမြဲဆုံးမတယ်
ညဘက်အိပ်ရင်လျော့အိပ်ကြ သိပ်မအိပ်ကြနဲ့၊ အိပ်ရာက ထဆိုပြီး နှိုးပြီး တရားထိုင်ခိုင်းတယ်။

အေး..မင်းတို့အခုစားနေတဲ့ ဆွမ်းတွေကမင်းတို့အမျိုးညီအစ်ကိုမောင်နှမ တွေရဲ့ဆွမ်းတွေမဟုတ် ဒကာ၊ ဒကာမတွေရဲ့ဆွမ်းတွေ စားပြီးတော့
အသက်တွေကြီးနေတာ အဲ့ဒီတော့ အိပ်မနေကြပါနဲ့

ဒကာ၊ ဒကာမတွေအတွက်အားထုတ်ပါဦးနဲ့ အားထုတ်ဦးမယ်ဟဲ့ ဆိုတဲ့သဒ္ဓါတွေထားပြီး အားထုတ်ကြ။

နာရီဝက်ရရ၊ တစ်နာရီရရ အားထုတ်ကြလို့
အမြဲဆုံးမတယ်။ ကိုယ့်အတွက်ကိုယ်ဆိုပြီး
အိပ်မနေကြနဲ့ နောက်တော့ ပုပ်ပွအောင်
အိပ်ကြရဦးမယ်။

လောက်တွေစားတဲ့အထိ အိပ်ကြရဦးမယ်။
သေသွားရင်ပုပ်ပွသွားမယ် အဲ့ဒီတော့ဒီရုပ်ကြီးကို တို့တတွေ မညှာနဲ့ဆိုပြီး ဘုန်းဘုန်းအမြဲ
ဆုံးမရပါတယ်။

အဲ့ဒီစိတ်ကလည်း ကလန်ကဆန်လုပ်တယ်
စိတ်ကလေးက ဘယ်လိုလာတယ်မှတ်လဲ
ဘုန်းကြီးပဲတဲ့ လုပ်စရာမရှိဘူး မနက်ဖြန်ခါကျတော့ နေ့ခင်းဖက်အားရင် အားထုတ်လို့ရတာပဲ၊

ညဖက် မအိပ်ရင်မူးမှာပေါ့၊ မောမှာပေါ့ နဲ့စိတ်ကလေးကလုပ်သေးတယ်။ အထဲထဲကနေ အင်မတန် မကောင်းတဲ့ဘက်ကို ဆွဲတယ်။

အကုသိုလ်စိတ်နဲ့ ကုသိုလ်စိတ်က အမြဲတန်းဒွန်တွဲနေတယ်။ မကောင်းတဲ့စိတ်ကများတယ်
ကောင်းတဲ့စိတ်ကနည်းတယ်။

အဲ့သလိုကိုယ့်စိတ်ကို ကိုယ်စစ်ကြည့် မကောင်းတာတွေ တွေ့ကြရမယ်။ အခုနေတော့၊ သီလပိုင်း၊ သမာဓိပိုင်း တွေနဲ့ သိပ်ကောင်းနေတာပေါ့
စိတ်ကလေးတွေဖြူစင်နေတယ်။

ဘယ်မှာသွားတွေ့မလဲဆိုတော့ သမာဓိကိုဖျက်ပြီး ပညာပိုင်းကူးပြီဟေ့ လဲဆိုရော ဟိုဘက်မှာလာပြီ နှောင်ချိန်ခန်းတွေ ဇာတ်တွေကဝင်ပြီ
လာပါလိမ့်မယ် ကိလေသာတွေ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေပေါ်လာရော။

တချို့ယောဂီတွေ ဘုန်းဘုန်းဆီလာတယ်
ဆရာတော့် တပည့်ဆုံးမပါဦးတဲ့ အရင်တုန်းက
ဒီလောက်မဆိုးဘူးတဲ့

တရားအားထုတ်မှ ဒေါသတွေဖြစ်လိုက်တာ ဆိုပြီးလာပြောကြတယ်။ ဘုန်းဘုန်းသိတာပေါ့၊ အရင်တုန်းက ထိန်းထိန်းသိမ်းသိမ်းနဲ့ ဒေါသကို
ထိန်းနိုင်သေးတယ်။

တရားအားထုတ်တဲ့ပုဂ္ဂိုလ်ကလေ
ဒေါသဖြစ် ဒိုင်းကနဲဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သိကြတယ်။

အဲ့ဒီတော့မှ ဖြစ်လို့ဆိုပြီး တော်က
တရားအားထုတ်တာပဲ ဒေါသကြီးလှချီလားပြောရင် အမလေး ပိုကြီးသေးတယ်။

ဘာတုန်းတဲ့ တရားထိရင် မခံနိုင်ဘူးသူက။
ဒါပေမယ့် ဖြစ်ကြောကျတော့တိုတယ်
ဖြစ်ပြီးသွားရင် မဖြစ်သလိုပဲ။

အဲ့ဒါလေးတော့ ထူးခြားတယ်။ နောက်ကျတော့
ကိုယ့်ကိုယ်ကို ထိန်းသိမ်းရတယ်။

ပုထုဇဉ်တိုင်းမှာ ကိလေသာ ၁၀ ပါးရှိကြပါတယ်။ အမျိုးအစားအားဖြင့် (၃)မျိုးပေါ့။

(၁) ဝိတိက္ကမ ကိလေသာ
အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ၍ ကာယကံ၊
၀စီကံ၊ မနောကံတို့ဖြင့် လောဘ၊ ဒေါသ အလျောက်ဖောက်ပြန်ကျူးလွန်စေတတ်မှု။ ဒီကိလေသာကိုတော့ သီလစောင့်ထိန်းပြီး တားဆီးရပါတယ်။

(၂) ပရိယုဋ္ဌာန ကိလေသာ
မနော ဒွါရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာပေါ့။ ဒီကိလေသာကိုတော့ သမထ ဘာ၀နာ ကျင့်ကြံပြီး တားဆီးရတယ်။

(၃) အနုသယ ကိလေသာ
သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့်သင့်သောအခါ ပေါ်ထွက်လာပြီး
ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာပေါ့။
ဒီကိလေသာကိုတော့ ဝိပဿနာဘာ၀နာအားထုတ်မှ အမြစ်ကနေပယ်သတ်ရှင်းလင်းနိုင်မယ်။
အနုသယကိလေသာတွေက ခန္ဓာထဲမှာရှိပြီးသား။ ဒါတွေက သီလသမာဓိနဲ့ အုပ်ထားတော့
မပေါ်ဘူးပေါ့။ တကယ့် မဂ်လိုပဲ။

ပညာခန်းဆိုတာက အဲ့ဒီ့သမာဓိ ဖြည့်ပြီးတော့ လက္ခဏာထဲလဲ ထည့်လိုက်ရော ဒီစိတ်တွေ
ထွက်လာတာပဲ။ ကိုယ့်ကိုယ်ကိုတောင် အံ့သြသွားတယ်။ မဟုတ်ပါဘူး ငါဒီလောက်တရားတွေကျင့်လာတာ ဒီစိတ်တွေက အရင်ကမပေါ်ပါဘူး
ဘာဖြစ်လို့ပေါ်ရသလဲဆိုပြီးတော့နဲ့လေ။

သူများမပြောသာလို့မပြောတာ ကိုယ်ဖြစ်တဲ့စိတ်တွ ကိုယ်ပဲသိတယ်။ ကိုယ့်ကိုယ်ကို ကြိတ်သတ်၊ တရားတွေနင်းထိုင်၊ ခါတိုင်းထက်တိုးထိုင်လေ ပိုပေါ်လာလေပဲ။ မကောင်းတဲ့စိတ်တွေပိုထွက်လာတယ်။

ဟာ.. ဘယ်လိုဖြစ်ပါလဲနဲ့၊ မီးလောင်လို့ ကိုယ့်ကိုယ်ကို တစ်ယောက်တည်းကြိတ်သတ်နေရတယ်
လူသိမှာစိုးလို့။ ရာဂစိတ်တွေ၊ လောဘစိတ်တွေ၊ ဒေါသစိတ်တွေဆိုတာ အမလေး ထစ်ခနဲဆို ဒိုင်းကနဲ ဘဝင် ကနေတင်းခနဲဖြစ်လာလိုက်နဲ့
အဲ့ဒီစိတ်တွေပဲ သတ်နေရတာပဲ။

အဲ့ဒီတော့ လူသာမသိ သာ၏ မနည်းပေါ့။ ဟိုဘက်ရောက်လာတော့မှ ပေါ်လာတာ။ အဲ့ဒီနေရာမှာက
နားမလည်ရင်တော်တော်ခက်တယ်။

မဟုတ်ပါဘူး ငါတရားတွေ
ဒီလောက်အားထုတ်နေတာ ဒီစိတ်တွေ
ဘာလို့ဖြစ်ရလဲနဲ့ သူများမပြောနဲ့ ကိုယ့်ကိုယ်ကို တောင်မကောင်းတော့ဘူး။

ဒီတရားအားထုတ်တာ သူတော်ကောင်း
အလုပ်လုပ်နေတာ ဒီသူယုတ်မာစိတ်တွေ
ဖြစ်ရတာလဲနဲ့၊ ဘယ်ဟုတ်မလဲ
ကိုယ် ဒီစိတ်တွေကို အကောင်းမှတ်ပြီး
သိမ်းလာတာ အခုမှသူ့ကိုမြင်လာတာ။

မြင်လာတော့အဲ့ဒီစိတ်တွေကို ကိုယ်ကပါယ်ရတယ်။ လူအနေနဲ့ကနေ အရိယာလမ်းဘက်ပြောင်းဖို့
သမာဓိဖယ်လိုက်ရင် လူထက်ဆိုးတာတွေ
တွေ့ရလိမ့်မယ်။

ကိုယ့်စိတ်တွေကိုယ်တွေ့ရလိမ့်မယ်
သူများစိတ်တွေမစစ်နိုင်ဘူး။ ကိုယ့်စိတ်တွေကိုယ်
မနိုင်မနင်းနဲ့ အရမ်းဆိုးတယ်နော်။

အဲ့ဒါတွေဆိုးတာကို အဲ့ဒါကိုပါယ်မှ။ အင်မတန်မှများတဲ့ ကိလေသာတွေကို သမာဓိက
အပေါ်ကနေ အဖုံးဖုံးလိုက်တာ။

ဖုံးလိုက်တော့ ဘာမှမဖြစ်တော့ တကယ်ကို
ချမ်းသာတာ။ တရားသိပ်ကောင်းတယ်နဲ့
ပျော်ပြီးတော့ တရားပဲအားထုတ်ချင်တယ်။

ဘယ်မှာသွားပြီး ဒုက္ခဖြစ်လာလဲဆိုတော့
သမာဓိခန်းကနေ ပညာခန်းကိုလဲကူးရော
ပေါ်လာပါလိမ့်မယ်ဗျာ စိတ်တွေ။

ကိုယ့်စိတ်တွေဆိုတာ ဘယ်လောက်ညစ်ပတ်သလဲလို့ ဒီခန္ဓာကြီးထဲမှာဆိုတာ တခါတည်းမှကို ဘုန်းကြီးသာဖြစ်တယ် အတွင်းစိတ်တွေဆိုတာလေ တခုမှမကောင်းဘူး။

ကိုယ့်စိတ်တွေကိုယ်သိလာတယ်။ အဲ့ဒီပေါ်တဲ့စိတ်တွေကိုရှု့ရတော့တာပဲ။ မရှု့လို့လဲမရတော့ဘူး။
အိပ်ရမှာတောင်မအိပ်ရဲတော့ဘူး၊
ဒီစိတ်တွေဖြစ်နေတာ ဒီစိတ်ပဲထိုင်ရှု့နေတာ
အိပ်ဖို့ဆိုဝေးရော။

ဒီစိတ်တွေကို နင်းသတ်နေရတယ် ရှု့နေရတယ်။ ပေါ်တဲ့စိတ်တွေကိုသတ်လိုက်
အဲ့ဒီစိတ်ကိုကြည့်လိုက်နဲ့ နောက်ကျတော့
နားလည်လာတယ်။

ဒီစိတ်တွေကို ငါ ပဒူအုံ ဒုတ်နဲ့ထိုးလိုက်ပါလား။ ပျားအုံကြီး သူ့ဟာသူအုံနေတာကြီးကို
တသံသရာလုံးရှိနေတဲ့ပျားအုံကြီး၊ ဟိုဘက်ဘဝကူးလဲ သူပါတဲ့ ကိလေသာပျားအုံကြီးကို
ဒုတ်နဲ့ထိုးလိုက်တော့ပွတက်သွားတာပေါ့
အဲ့ဒါကိုရှု​နေရတော့တာ။

ဒီပျားအုံကြီးကို မပြုတ်ပြုတ်အောင်ပေါ့။
ဘုန်းဘုန်းအရင်တုန်းက မပြောတတ်ပြောတတ်နဲ့ပေးတဲ့ ဥပမာလိုပေါ့ ဘာလဲဆိုတော့
အပေါက်က တစ်ပေါက်ပဲရှိတယ်
အဲ့ဒီ့အပေါက်ထိပ်မှာ ပျားအုံကြီးကတွယ်တယ်ဗျာ။

ပျားအုံကြီးဖြတ်ပြီးတော့ လူတွေသွားတယ်
ပျားအုံထဲတကောင်တမြီးက လှမ်းတုတ်လိုက်တယ်။ မလွတ်ဘူးလူတိုင်းမလွတ်ဘူး။

ပြန်လာတာ တစ်ကောင်တုတ်ခံရတယ်၊ နှစ်ကောင်တုတ်ခံရတယ်၊ တချို့သုံးကောင်တုတ်ခံရတယ်။ ဟာဒီနားပျားတုတ်တယ်သာ သိတာ ပျားအုံဘယ်နားမှာမှန်းမသိဘူး။ သွားတဲ့လူတိုင်းတုတ်ခံရတယ်။

အဲ့ဒီတော့သိတဲ့ ပုဂ္ဂိုလ်ကနေ အေး...မင်းပျားတုတ်ခံရတာဟောဒီမှာကွ ဟောဒီမှာ မင်းဒုတ်နဲ့ထိုးကြည့်ဆိုတော့ ပျားအုံမှန်းလဲမသိတော့ ပျားတွေကပွလာပြီးပိုတုတ်တာပေါ့။ အေး... အတုတ်ခံ ပိုထိုး အဲ့ဒီပျားအုံကြီးပြုတ်ကျသွားမှ လွတ်မှာဆိုတော့ ပျားတုတ်ခံပြီး ပိုထိုးရတယ်။ နောက်အဲ့ဒီပျားတွေလဲကုန်ရော ပျားအုံကြီးပြုတ်ကျသွားရော နောက်တစ်သက်လုံးကိုယ့်ပျားမတုတ်တော့ဘူး။

အဲ့ဒီဥပမာလိုပဲ ရာဂ၊ ဒေါသ၊ မောဟ၊ လောဘဆိုတဲ့စိတ်တွေက ခန္ဓာထဲမှာကိန်းပြီးသား လှည်းနဲ့တိုက်လို့မကုန် ကွန်တိန်နာကားကြီးနဲ့ တင်လို့မကုန်နိုင်တဲ့ စိတ်တွေ အဲ့ဒီ့စိတ်တွေကို ကိုယ်က
ကုန်အောင်ရှု့ရတာ။

ကိုယ့်စိတ်တွေ ကိုယ်ပဲသိတယ်နော်။ ဟန်ဆောင်ထားကြတာလူတွေက။ ဟန်ဆောင်ပြီးတော့
နေကြတာ အတွင်းအစ္ဖ္ဇျတ္တစိတ်တွေက
မကောင်းပါဘူး။ အဲ့ဒီစိတ်တွေကို ကိုယ့်စိတ်တွေကိုယ်စစ်လာတော့ သိလာတယ်။

သြော်...လူတွေက ဘယ်လိုနေတယ်၊
ဘယ်စိတ်နဲ့နေတယ်။ ဘယ်စိတ်နဲ့ယှဉ်တယ်၊ စကားပြောတာနဲ့ ဘယ်စိတ်နဲ့ပြောနေမှန်း
အကုန်လုံးအတတ်သိတယ်။ ကိုယ်ဖြစ်ခဲ့တာကိုး။

ဒီစိတ်ဆိုတာက နာမ်တရားပဲ။ အခု ဒီရုပ်ဆိုတာက ၃၂ကောဋ္ဌာဿ အဖွဲ့အစည်းပဲ။ ယောက်ကျားလည်းမဟုတ်၊ မိန်းမလည်းမဟုတ် အဖွဲ့အစည်းကြီးပဲ။

အဲ့ဒီ ၃၂ ကောဋ္ဌာသရဲ့ မျက်စိအကြည်၊ နားအကြည်တွေမှာ တိုက်လို့ပေါ်လာတဲ့ စိတ်တွေက
ခွေးမြင်တော့ ခွေးစိတ်၊ ကြက်မြင်တော့ ကြက်စိတ်၊ ဝက်သံကြားတော့ ဝက်စိတ် မိန်းမသံကြားတော့ မိန်းမစိတ် အသံကိုမှီမှီပြီး စိတ်တွေက ပေါ်ပေါ်လာတယ် နာမ်တရားက။

ဒီ ၃၂ကောဋ္ဌာသ အကြည်ရုပ်ကြီးကိုမှီပြီး
နာမ်တရားပေါ်လာတယ်။ ပေါ်လိုက်တဲ့အခါမှာ
ဒီရုပ်ကြီးထဲမှာ ဘာထည့်ထားလဲဆိုတော့ ကိလေသာတွေ ထည့်ထားတယ်။

အဲ့ဒီက ထပေါ်တာပေါ့ ဒီလိုပေါ်တော့မှ အဲ့ဒီ့စိတ်တွေကို ကိုယ်ကခန္ဓာမှာ လှည့်ရှု့ရတယ်။ ကောင်းတဲ့လမ်းတစ်လမ်းမှ မရှိဘူး။ အရိယာတွေသွားတဲ့လမ်း မကောင်းဘူးဗျ။

ဒုက္ခကို ကောင်းကောင်းကြီးကျော်နင်းနေရတယ်။ အဲ့ဒီ့ ဒုက္ခတွေလည်းကုန်ရော ချမ်းသာတာမှ
အရမ်းချမ်းသာပါတယ်။

ဘုန်းဘုန်းက သောတ္တပတ္တိမဂ်ကနေ
သစ္စာလေးပါးမြင်ပြီး မဂ်ကျပုံတွေ
လောကသုံးပါးမြင်ပုံတွေကို တက္ကသိုလ်က ပါမောက္ခတစ်ဦးကို ဟောဖူးတော့ ဒကာကြီးရယ်လို့ အဲဒီနေရာမှာ ဒကာကြီးတို့ရဲ့အခုလက်ရှိ စိတ်တွေ အကုန်သေသွားတာလို့ သောတပန်က။

သောတပန်ဖြစ်ရင် ငါသောတပန်ဖြစ်ပြီလားမေးရင် ဒီပုဂ္ဂိုလ်က မဟုတ်သေးဘူးပဲ။ ဘုန်းဘုန်းက ဒါကြောင့်မို့ တရားမစစ်တာပေါ့။ ပြောတာဆိုတာနားထောင်လိုက်၊ သူ့အသံဘာသံလဲ၊ လက္ခဏာသံလား၊ သမာဓိသံလား၊ သီလသံလား၊ လောဘသံလား၊ တချို့လောဘသံဒေါသသံ၊ ရာဂသံ ရှိတယ်။

ဒီအသံထဲမှာကိုပဲ မှီနေတာ။ အဲ့ဒီ့အသံကို နားထောင်လိုက်တာနဲ့ သိတယ်။ ဒီမဂ်ကျသွားတဲ့ ပုဂ္ဂိုလ်က အခုလက်ရှိ ဒကာ၊ ဒကာမတို့ရဲ့ လက်ရှိစိတ်တွေ
သေသွားတာ။ စိတ်အသစ်ဖြစ်သွားတာ။ အရိယာစိတ် သောတပန်စိတ်ဆိုတာက အင်မတန်ဖြူစင်တယ် ဝန်ပေါ့သွားတယ်။

အပါယ်လေးပါးချမယ့် ဝန်ထုပ်ဝန်ပိုးကြီးချလိုက်သလို ပေါ့သွားတယ်။ အင်မတန် ထမ်းပါများတော့ မလေးဘူးထင်ပြီးထမ်းထားတာ၊ သောတပန်ဖြစ်လာရင် ဝန်ထုပ်ဝန်ပိုးကြီးချလိုက်သလို တစ်ခါတည်းကို ပေါ့ပါးပြီး
စိတ်အသစ် ဖြစ်သွားတယ်။

အဲ့ဒီ့စိတ်တွေသာ မဂ်က မသတ်ရင်လေ
အပါယ်လေးပါးသွားမယ့် လောဘတွေ၊ ဒေါသ၊ မောဟ စိတ်တွေနဲ့ လူတစ်သိန်းသေတယ်
လူတစ်ကုဋေသေတယ် လူတစ်ယောက်ပြန်ဖြစ်ဖို့မလွယ်ဘူးတဲ့။

မှန်တာပေါ့ စိတ်တွေက လောဘနဲ့ယှဉ်တဲ့စိတ် ဒေါသနဲ့ယှဉ်တဲ့စိတ် မောဟတဲ့ယှဉ်တဲ့စိတ်၊ ရာဂနဲ့ယှဉ်တဲ့စိတ်၊ ဒီကြားထဲ ဥပဒါန်တို့ကလည်းပါသေးတယ်။ ဒီစိတ်ကလေးက ပစ္စုပ္ပန်မှာ မရှိဘူး။

ဒါကြောင့်မို့ ပစ္စုပ္ပန် ရှု့ခိုင်းတယ်။ ဘယ်မှာရှိသလဲဆိုတော့ ဒီစိတ်ကလေးကလေ အတိတ်နဲ့ အနာဂတ်မှာပဲ ကူးနေတယ်။ ကိုယ့်တစ်ယောက်တည်းနေ
ကြည့် တွေးနေတယ်။ ဒီတွေးနေတဲ့စိတ်က
အခု ပစ္စုပ္ပန်ဘာတွေတွေးနေလဲဖြစ်ပြီးသားကို
တွေးနေတယ်။

အတိတ်ကိုတွေးနေတာ။ တခါတလေလဲ
မဖြစ်သေးတာကို တွေးနေတယ်။ အနာဂတ်ကိုတွေးနေတယ်။ ဒီစိတ်ကလေးကလေ ဖြစ်ပြီးတာနဲ့ မဖြစ်သေးတာပဲတွေးတတ်တယ်။

ပစ္စုပ္ပန်ဆို သူမတွေးဘူး။ ပစ္စုပ္ပန်ကိုမြင်အောင်ရှု့ခိုင်းတာ ဝိပဿနာ။ အဲ့လိုရှု့တတ်ရင် ဒကာ၊ ဒကာမတို့ ဟောဒီတစ်စခန်းတည်းနဲ့လဲရတယ်။

အခုဘုန်းဘုန်းပြနေတယ်ဆိုတာလဲ ပစ္စုပ္ပန် တင်တင်ပြီးခေါ်ယူသွားတယ်။ အဲ့ဒါလက္ခဏာ သဘောပေါက်သွားရင်တော့ အကွက်သိပ်ကောင်းတယ်။ မသိရင်တော့ ဘာတွေပြောနေမှန်းမသိဘူး။

ငါ့ဘာတွေပြောနေတာလဲ ငါလဲလုပ်နေရဲ့နဲ့
ဘယ်ဥစ္စာလဲနဲ့။ တခါတလေပေါ်တာရှု့ဆိုတော့ အသာလေးငြိမ်နေတယ်။ ပေါ်ရင်ရှု့မယ်ပေါ့
ငြိမ်နေတယ်။ ငြိမ်နေတာလေးပေါ်တာ သူမသိဘူး။

ပေါ်ရင်ရှု့မလို့ ငြိမ်ပြီးတော့ အသာလေးနေနေတယ်။ ရှု့ကွက်ကပေါ်နေပြီ ငြိမ်နေတာလေးပေါ်နေတာ
သူမသိပဲရှေ့ သာမဲနေတာ။ နောက်ကိုလှည့်မကြည့်မိဘူး အဲ့ဒါလေးတွေ။ ဒါနော် လက္ခဏာပိုင်း ဉာဏ်ပိုင်းတွေကျတော့ ဒီလိုသွားတာ။

ဥပမာ ဘုန်းဘုန်းပြောပြမယ် ပစ္စုပ္ပန် ရှု့ဆိုတော့ ဒကာ၊ ဒကာမတွေက အသာကလေး
သတိထားတယ်။

ပေါ်ရင်ရှု့မလို့တခါတည်း ဘာပေါ်မလဲဆိုတာ
သတိလေးနဲ့စောင့်နေတယ်
အဲ့ဒါ ပစ္စုပ္ပန် မဟုတ်ဘူးလား၊ ဟုတ်လား။
သတိလေးနဲ့လေ ပေါ်တာရှု့မလို့ အသာလေး
စောင့်နေတယ် ပေါ်ရင်ရှု့မလို့ သတိထားနေတယ်ပေါ့ အဲ့ဒါ အတိတ်လား၊ အနာဂတ်လား၊ ပစ္စုပ္ပန်လား။

အေး...အဲ့ဒါအနာဂတ်မျှော် နေတာနော်၊ ယောဂီကတော့ အဲ့ဒီလိုနေတာကို ပစ္စုပ္ပန် ထင်နေတာ။
ပေါ်ရင်ရှု့လိုက်မယ်ဆိုကတည်းက ဘာစိတ်လဲ။

ပေါ်ရင်ရှု့လိုက်မယ်ဆိုပြီးတော့ စောင့်နေတာ အနာဂတ်ကူးနေတာကို ယောဂီကတော့
ပစ္စုပ္ပန်ထင်နေတာ။ ပေါ်ရင်ရှု့မယ်ဆိုပြီး ဝင်လေ၊ ထွက်လေလေး အကဲခတ်နေပေမယ့် ရည်ရွယ်ချက်က အနာဂတ်ကူးနေတာ။

အဲ့ဒါကိုအောက်ခြေမှာတော့ ပစ္စုပ္ပန်ပေါ့။
ဒီ့ထက်အထက်တွေလဲရောက်လာရော
မဟုတ်တော့ဘူး။ အတိတ်ရောက်သွားလိုက် အနာဂတ်ကူးသွားလိုက်နဲ့ ဒီစိတ်ကလေးကနော်
ငြိမ်နေတာမဟုတ်ဘူး ကြံမိကြံရာလေး ကြံနေတာ။

အဲ့ဒီ့စိတ်ကလေးများတွေ့လာရင် ယောဂီတို့ ဟောဒီ့လူ့ပြည်၊ လူ့ရွာမှာလေ အင်မတန်နေလို့ကောင်းပါတယ်။ ဒါကြီးတွေက ဒီရုပ်ကြီးတွေက
ကျုပ်တို့ခဏ ငှားလာတဲ့ အခွံကြီးတွေပါ။

တနေ့ထားခဲ့ရမှာ ခြောက်ပေခေါင်းထားခဲ့ရမှာ။
သူမသွားခင်၊ ဒီရုပ်မထားခင် နင်းသာကျင့်ကြပါ။ ကိုယ်သေချင်တိုင်းသေလို့ရတဲ့ရုပ်မဟုတ်ဘူး။

ဘုန်းဘုန်းတို့ဆို သေကွင်းတွေ အများကြီးကြုံခဲ့ရတယ် ဒါပေမယ့် ဒီတရားပြဖို့တွေက ရှိလာတော့
မသေပါဘူး။ ကိုယ်သေချင်တိုင်းသေလို့မရပါဘူး။

တရားတွေကျင့်တော့ ဝေဒနာတွေနဲ့ တွေ့လာတော့
ငါတော့သေတော့မှာပဲ ဆိုပြီးမပြင်နဲ့ ချ၊
သဒ္ဓါနဲ့သာတွန်းတင်။ ဆုံးအောင်လိုက်၊
သည်းခံ၊ ခွင့်လွှတ်၊ စွန့်လွှတ်ပြီးတော့လိုက်
အဲ့သဒ္ဓါကအကျိုးပေးလိမ့်မယ်။

စိတ်ကလေးက သေတော့မှာပဲ၊ ဘာတော့မှာပဲနဲ့ အော်နေတဲ့စိတ်ကလေးက ဘုန်းဘုန်းတို့ ဒီဘက်တွေရောက်မှ သိလာတယ်။

ဒီသေတော့မှာပဲ ဆိုတဲ့စိတ်က မွေးတုန်းကလည်း
ပါမလာဘူး ငါ့ရုပ်ကြီးပဲ ငါ့ကိုယ်ကြီးပဲလို့ အသိမှား၊ အမှတ်မှား၊ အယူမှားတဲ့စိတ်က မွေးတုန်းကလဲ
ပါမလာဘူး။

ဒီဘက်ရောက်မှ နှစ်ခါလည်ရောက်မှ သူ့ကိုယ်သူ
နာမည်တပ်ပြီးတော့မှတ်လို့သိတဲ့စိတ်၊
ခြေပဲ၊ လက်ပဲလို့သိတဲ့စိတ်က ပိုင်ရှင်မဲ့ကြီးကို
သူ့ဟာလို့ယူထားတဲ့စိတ်က သေတော့ မှာပဲ
အော်နေတာ။ သူ့ဟာလဲ တစ်ခုမှ မပါဘူး။

ပိုင်ရှင်မဲ့ကြီးကို ပိုင်ရှင်လာလုပ်တဲ့ကောင်
သေ၊ သေ။ ကိုယ့်စိတ်ကိုကိုယ် ရန်ဖြစ်ပြီး
ကျင့်နေကြရတာ။

သူများစိတ်မစစ်အားဘူး၊ အဲ့သည်လို ကိုယ့်စိတ်ကိုယ်စစ်ပြီး ကျင့်ရတာပါ ဘုန်းဘုန်းတို့တုန်းက။ ဘုန်းဘုန်းတို့က လက္ခဏာတွေပြင်ပေးရင်လွတ်ပြီး သက်သာလာတယ်။

သဒ္ဓါတွေတင်ပေးရင် သဒ္ဓါတွေတက်ပြီး သက်သာလာတယ်။ ဘုန်းဘုန်းတို့တုန်းကဆို ကိုယ့်ဟာကိုယ်ရုန်းပြီး တက်ခဲ့ရပါတယ်။

ဝေဒနာကို အဲ့ဒီလိုရုန်းပြီးတက်ခဲ့ရတာပါ။
ကဲ...တရားလဲအဆုံးသတ်ရင်း

ဒီနေ့လည်း ကြိုးကြိုးစားစားလေးနဲ့
ကျင့်လိုက်ကြပါဦးစို့ ယောဂီတို့။

🙏🙏🙏🙏🙏🙏
ကျေးဇူးတော်ရှင်
(ဝိဇ္ဇောဒယသဲအင်း ဆရာတော်အရှင်ဘုရားကြီး)



#ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး
#ဆရာဦးထွဋ်အောင်လင်း
☎️09756889384
09452679216

Address

Yangon

Telephone

+959756889384

Website

Alerts

Be the first to know and let us send you an email when Sayar U Htut Aung Lin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share