ICC - Children's Ministries

Directions

ICC - Children's Ministries Children are happy, enjoy coming on Sunday, and want to return.

✝️ True Light Vistion Centre ✝️**လက်တွေ့အသုံးချ တပည့်တော်ဖြစ်သင်တန်း**      📘📗🖊️တောင်ဒဂုံ Sunday School စခန်းမှ မောင်ဟိန...
26/09/2026

✝️ True Light Vistion Centre ✝️

**လက်တွေ့အသုံးချ တပည့်တော်ဖြစ်သင်တန်း**

📘📗🖊️တောင်ဒဂုံ Sunday School စခန်းမှ မောင်ဟိန်းထိုက်အောင်သည် ရွှေပြည်သာမြို့မှာ ဖွင့်လှစ်သော (၂) လတာ တပည့်ဖြစ်သင်တန်းကို အောင်မြင်စွာဖြင့် တက်ရောက်ခွင့်ပေးသည့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းပါသည်။📕📙

✝️🎖️ဘုရားကျေးဇူးတော်ကြောင့် ကျမ်းပိုဒ်(၆၅) ပိုဒ်
အလွတ်ရေးပြိိုင်ပွဲမှာ ဆုဆွတ်ခူးရရှိသောကြောင့် ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါသည်။👏👏

မောင်ဟိန်းထိုက်အောင် သင်တန်းတက်ရောက်နိုင်
ရန်အတွက် ပံ့ပိုးပေးသောအသင်းတော်နှင့် ဆုတောင်းခြင်းအားဖြင့်သော်၎င်း၊ သင်တန်းတွင် လိုအပ်လျက်ရှိသော စောင်၊ခေါင်းအုံး၊ဗလာစာအုပ်၊ဘောလ်ပင်၊
သွားတိုက်ဆေး၊ဆပ်ပြာမှအစ အသုံးအဆောင်အားလုံးကို မေတ္တာဖြင့် ပံ့ပိုးပေးသော ဆရာမများကိုလည်း အထူးကျေးဇူးတင်ကြောင်းပြောလိုပါတယ်။

အခါအားလျှော်စွာ လိုအပ်သလိုသွားရောက်ကြည့်ရှုပေးသည့် ဆရာမများကိုလည်း အထူးကျေးဇူးတင်ကြောင့်ပြောလိုပါတယ်။

❤️မေတ္ထာဖြင့်ပါဝင်သူတိုင်းကို ဘုရားသခင်အထူးကောင်းကြီးချပေးပါစေ။🙏🏻🙏🏻

21/09/2026

ICC's Sunday School Sunday
အကအားဖြင့်ပါ၀င်တင်ဆက်ခြင်း (တောင်ဒဂုံစခန်းမှကလေးများ)

မှန်သောဘုရား, ရေး-ဆရာစောအောင်ပ
ဆို-နော်ဆောင်းရူပါဦး

21/09/2026

ICC's Sunday School
အကအားဖြင့်ပါ၀င်တင်ဆက်ခြင်း (တောင်ဒဂုံစခန်းမှကလေးများ)

"ဆာလံ ၁၇:၆" ရေး-ဆရာစောအောင်ပ
ဆို-Caleb

တောင်ဒဂုံ Sunday School စခန်း မှ( ၂ )ပတ် စာလှုပ်ရှားမှု ဖြစ်ပါတယ်      တောင်ဒဂုံကလေးစခန်းအတွက် ထီးလှူဒါန်းပေးသော ဦးဟောက်...
21/09/2026

တောင်ဒဂုံ Sunday School စခန်း မှ( ၂ )ပတ် စာလှုပ်ရှားမှု ဖြစ်ပါတယ်

တောင်ဒဂုံကလေးစခန်းအတွက် ထီးလှူဒါန်းပေးသော ဦးဟောက်ခိုင် မိသားစုကို ဘုရားသခင်အထူးကောင်းကြီးချပေးပါစေ။🙏🏻🙏🏻( 11,Sept, 2026- 18,Sept , 2026 )

19/09/2026

Sunday School ဆရာမများဂုဏ်ပြုခြင်းနဲ့
သင်းအုပ်ဆရာကြီးမှကလေးများအပေါ်ဆုတောင်းကောင်းချီပေးခြင်း

18/09/2026

ICC အသင်းတော်မှ Sunday School ဆရာမများရဲ့
ဘုရားဂုဏ်တော်ချီးမွမ်းခြင်းအတို

17/09/2026

ICC Sunday School (Senior Class)
တီးခတ်သီဆိုခြင်းနဲ့ကျမ်းပိုဒ်အလွတ်ဖတ်ရွတ်ခြင်း

16/09/2026

ကျမ်းပိုဒ်အလွတ်ဖတ်ရွတ်ခြင်းနဲ့အကအားဖြင့်ပါ၀င်တင်ဆက်ခြင်း
ICC Sunday School (Junior Class)

တောင်ဒဂုံSunday School စခန်းမှ မောင်ဟိန်းထိုက်အောင်၊မောင်အေးကို၊မောင်ကြယ်စင်လင်း၊မောင်မျိုးထွေးတို့၏ချစ်လှစွာသော အဖွားဒေ...
08/09/2026

တောင်ဒဂုံSunday School စခန်းမှ မောင်ဟိန်းထိုက်အောင်၊မောင်အေးကို၊မောင်ကြယ်စင်လင်း၊မောင်မျိုးထွေးတို့၏ချစ်လှစွာသော အဖွားဒေါ်နီနီမာသည် ပြီးခဲ့သည့် စနေနေ့ ( စက်တင်ဘာလ ၅ )ရက်နေ့တွင် ဝမ်းကိုက်ဝေဒနာခံစားရပြီး၊တနင်္ဂနွေနေ့ ( စက်တက်ဘာလ ၆ )ရက်နေ့တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့ပါသည်။

ဒေါ်နီနီမာ၏မြေးအကြီးဆုံးဖြစ်သူ မောင်ဟိန်းထိုက်အောင်သည် ယခုအချိန်တွင် ရွှေပြည်သာမြို့နယ်တွင်ရှိသော တပည့်တော်ဖြစ်သင်တန်း၌ တက်ရောက်နေဆဲဖြစ်ရာ အဖွါးဖြစ်သူ၏နောက်ဆုံးခရီးပို့နိုင်ရန် ဆရာမကျင်းနှင့်ဆရာမစန်နိူးတို့မှ သင်တန်းကျောင်းမှ သွားရောက်ခေါ်ယူကာ ကြည်စုင်္သချိုင်းသို့ လိုက်ပို့ခဲ့ကြပါသည်။

ဆရာမကျင်းနှင့် Sunday School ဆရာမအချို့တို့သည် ဒေါ်နီနီမာ မကွယ်လွန်မှီ သူ့အိမ်သို့သွားရောက်ပြီး၊ ဧဝံဂေလိသတင်းကောင်းဝေငှခဲ့ကြပါသည်။ ထို့ပြင်ဒေါ်နီနီမာ နာမကျန်းဖြစ်ချိန်တွင်
လည်း ဆေးခန်းသို့လိုက်ပို့ကာ ဆေးကုသပေးခဲ့ပါသည်။ ဒေါ်နီနီမာအားလည်း မုန့်ဖိုးများမကြာခဏ ပါဝင်ခဲ့ကြပါသည်။

အဖွါးဒေါ်နီနီမာ၏နာရေးကိစ္စအတွက် အိုင်စီစီအသင်းတော်မှ အမှုတော်ဆောင်များနှင့် Sunday School ဆရာမများထံမှ နာရေးကူငွေ ကျပ်တစ်သိန်း( 100,000 )
ရရှိခဲ့ပြီး ကျန်ရစ်သူမိသားစုများထံ အပ်နှံခဲ့ပါသည်။

Address

No 304, 7th Floor, Banyardala Road, Tamwe Township, Nearby Thida Bus Stand
Yangon

Website

Alerts

Be the first to know and let us send you an email when ICC - Children's Ministries posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category