DEEN SHOW

Directions

DEEN SHOW အိစ္စလာမ်ဘာသာရေး အသိပညာမျှဝေခြင်း။

> လ " မမြင် ” ပါဘူးခင်ဗျား။
18/02/2026

> လ " မမြင် ” ပါဘူးခင်ဗျား။

30/03/2024

ဇေနာဟ် များလာခြင်းသည်လည်း
ကီယာမသ်ရဲ့ လက္ခဏာတစ်ခုဖြစ်တယ်။

ALLAHUAKBAR..အမေရီကန် အဆိုတော်နဲ့ပရိုဂျူဆာ Lil Jon အီမာန်ယူခဲ့တာပါ...
16/03/2024

ALLAHUAKBAR..
အမေရီကန် အဆိုတော်နဲ့
ပရိုဂျူဆာ Lil Jon အီမာန်ယူခဲ့တာပါ...

11/03/2024

Alhamdulellah
မြန်မာနိုင်ငံမှာလည်း ဒီနေ့လမြင်ပါပြီ။ Ramdan Mubarak

10/03/2024

ဆော်ဒီမှာ ဒီနေ့လမြင်ပြီ။
အခုဆို သရာဝီဖတ်နေလောက်ပြီ။
ကျွန်တော်တို့ရဲ့ မင်္ဂလာအပေါင်းနဲ့
ပြည့်စုံနေတဲ့ ဗရ်ကသ်လမြတ် ရမ်ဇာန်
ရောက်ရှိလို့ လာပါပြီ။....
တစ်ကမ္ဘာလုံးရှိ အစ္စလာမ်ဘာသာဝင်
မွတ်ဆလင်အပေါင်းတို့ ရိုဇာဟ်အပြည့်
စောင်းထိန်းနိုင်ကြပါစေ....

> သူမနာမည်က Marine El Himer ဖြစ်ပါတယ်။> 1993ခုနှစ်တွင် ခရစ်ယာန်မိဘမှ မွေးဖွားခဲ့တယ်။> မော်ဒယ်နဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယေ...
28/01/2024

> သူမနာမည်က Marine El Himer ဖြစ်ပါတယ်။

> 1993ခုနှစ်တွင် ခရစ်ယာန်မိဘမှ မွေးဖွားခဲ့တယ်။

> မော်ဒယ်နဲ့ ရုပ်ရှင်သရုပ်ဆောင်
တစ်ယောက်လည်းဖြစ်ပါတယ်။

> ဒီပြင်သစ်သူလေးဟာ 2022ခုနှစ်မှာ
အစ္စလာမ်ဘာသာကို ယုံကြည်လက်ခံခဲ့ပါတယ်။

> အခုဆိုလို့ရှိရင် Umrahလည်း လုပ်ပြီးသွားပြီ
ဖြစ်ပါတယ်။ (အလ္လာဟ်(ဆူ)လက်ခံတော်မူပါစေ)

စဥ်းစားဖို့လိုတာက....
( ငွေရေးကြေးရေးလည်းအဆင်ပြေတယ်၊
ဥရောပလိုနိုင်ငံမှာ စိတ်တိုင်းကျ
ပျော်ပျော်ပါးပါးနေနေရတဲ့ သူတွေက
အစ္စလာမ်ထဲဝင်လာပြီး လုံလုံခြုံခြုံ
ဝတ်ဆင်နေကြတယ်။ ကျွန်တော်တို့နိုင်ငံက
မွတ်ဆလင်အမျိုးသမီးတချို့က
ဥရောပကိုအတုခိုးပြီး အတိုအပြတ်တွေ
မလုံမခြုံ ဝတ်နေကြတယ်။
တော်တော်ဝမ်းနည်းဖို့ကောင်းတယ်။
အလ္လာဟ်ဟေဒါယသ်ပေးပါစေ)


အစ္စရေး-ဟားမက်စ် စစ်ပွဲတွင် ဟစ်ဇ်ဘိုလာ ပါ၀င်လာ================အောက်တိုဘာ ၈၊ ၂၀၂၃M-Media -ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှော...
08/10/2023

အစ္စရေး-ဟားမက်စ် စစ်ပွဲတွင် ဟစ်ဇ်ဘိုလာ ပါ၀င်လာ
================
အောက်တိုဘာ ၈၊ ၂၀၂၃
M-Media

-ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်မှာ မနေ့က စတင်တဲ့ အစ္စရေး-ဟားမက်စ် စစ်ပွဲမှာ လက်ဘနွန်က လက်နက်ကိုင်တပ်ဖွဲ့ ဟစ်ဇ်ဘိုလာပါ ပါ၀င်လာခဲ့ပါတယ်။

ပါလက်စတိုင်းတော်လှန်ရေးတပ်ဖွဲ့ ဟားမက်စ်ရဲ့ အင်အား တစ်ထောင်လောက်ဟာ မနေ့က အစ္စရေးနယ်မြေထဲ၀င်ရောက်ပြီး လျှပ်တစ်ပြတ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။ အစ္စရေးကလည်း လေကြောင်းကနေ ဂါဇာကမ်းမြှောင်ကို တရစပ် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာမှာ သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ ၃၁၃ ဦး ရှိလာပြီး ဒဏ်ရာရသူ ၂၀၀၀ နီးပါး ရှိလာပါတယ်။

အစ္စရေးဟာ ဂါဇာက အဆောက်အဦးမှန်သမျှကို တိုက်ခိုက်ဖျက်ဆီးနေပြီး ဂါဇာကို လျှပ်စစ်ဓာတ်အား ပေးပို့မှု၊ ကုန်စည်စီးဆင်းမှု အားလုံးကိုလည်း ဖြတ်တောက်ထားပါတယ်။

ဟားမက်စ်ရဲ့ ထိုးစစ်အတွင်း အစ္စရေးဖက်က ၃၀၀ လောက် သေဆုံးတယ်လို့ သိရပါတယ်။ အစ္စရေးစစ်သားအချို့ကို ဖမ်းဆီးထားနိုင်တယ်လို့လည်း ဟားမက်စ်က ပြောပါတယ်။

ပါလက်စတိုင်းနိုင်ငံအတွင်း တရားမ၀င်အခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေကို အုပ်စုဖွဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ မြင့်တက်လာတဲ့အချိန် ဟားမက်စ်ရဲ့ စစ်ဆင်ရေး ရုတ်တရက် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

အစ္စရေးက ဂါဇာကမ်းမြှောင်ကို မြေပြင်တပ်တွေ ၀င်ရောက်ဖို့ စီစဥ်နေပြီး ဟားမက်စ်ကလည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားတယ်လို့ ထုတ်ပြန်ပါတယ်။

လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာ တပ်ဖွဲ့ကလည်း တနင်္ဂနွေနေ့မနက်မှာ အစ္စရေးကို စတင်တိုက်ခိုက်လာပါတယ်။

အစ္စရေးက မတရားသိမ်းထားတဲ့ လက်ဘနွန်နယ်စပ်နားက ရှီဘာဒေသမှာဖြစ်ပါတယ်။ ဟစ်ဇ်ဘိုလာဖက်က မော်တာတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အစ္စရေးကလည်း တုန့်ပြန်ပစ်ခတ်နေပါတယ်။

ဟစ်ဇ်ဘိုလာဟာ လက်နက်အင်အားတောင့်တင်းတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ စစ်သားတွေကလည်း ပြည့်ပြည့်၀၀ လေ့ကျင့်သင်ကြားပေးထားသူတွေ ဖြစ်တာကြောင့် ဒီစစ်ပွဲဟာ ရှည်ကြာလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

Ref: Aljazeera

(ဓာတ်ပုံ - ဟားမက်စ်စစ်ဦးက တိုက်ခိုက်ခဲ့သည့် အစ္စရေးရဲစခန်း)

M-Media

08/09/2023

One of Korean brother accepted Islam.
MashaAllah

ဖဂျရ်ချိန်နိုးရခက်တဲ့ကလေးတွေကိုဘယ်လိုမျိုး ရအောင်နိုးမလဲ......?______________________ယဟူဒီ တစ်ယောက်ကပြောတယ်.…ဘယ်နေ့ ဖဂျရ...
21/08/2023

ဖဂျရ်ချိန်နိုးရခက်တဲ့ကလေးတွေကို
ဘယ်လိုမျိုး ရအောင်နိုးမလဲ......?
______________________

ယဟူဒီ တစ်ယောက်ကပြောတယ်.…

ဘယ်နေ့ ဖဂျရ်နမားဇ်တိုင်းမှာ မွတ်စ်လင်မ်
တွေရဲ့အရေအတွက်ဟာ ဂျုမုအဟ်နမားဇ်ရဲ့
ဦးရေနဲ့ ညီမျှမလဲ အဲ့နေ့ဟာ ငါတို့ကျရှုံးတဲ့နေ့ပါပဲ။

ပြီးတော့ တစ်လောကလုံးကို အုပ်ချုပ်တဲ့ဘုရင်ဟာ
မွတ်စ္စလင်မ်တွေဖြစ်သွားလိမ့်မယ်။
___*___

ایک عورت نے ایک عالم سے پوچھا:

တနေ့ အမျိုးသမီး တစ်ယောက်က
အာလင်မ် ' ပညာရှင်' တစ်ပါးကိုမေးတယ်

"میں اپنے بچوں کے ساتھ ایسا کیا کروں کہ
فجرکے وقت انکی گہری نیند کے باوجود بھی
ان كو اٹھا سکوں؟"
ဆရာရှင့် ... ..
ဒီလောက် အိပ်မောကျနေတဲ့ ခလေးတွေကို
မနက် ဖဂျရ်အချိန် နိုးဖို့ ကျမ ဘယ်လိုလုပ်ရမလဲ..?

عالم نے کہا: "تم اس وقت کیا کروں گی اگر گھر میں آگ لگ جائے اور بچے گہری نیند سو رہے ہوں؟"
ဆရာ... ..
အကယ်၍ အသင်မရဲ့ ကလေးတွေက
နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေချိန်
အိမ်မီးလောင်နေမယ်ဆိုရင် အဲ့အချိန်
အသင်မ ဘာလုပ်မှာလဲ...?

عورت : "میں انہیں جگاؤں گی۔"
အမျိုးသမီး... ..
ကျမ သူတို့ကို နိုးလိုက်မှာပေါ့။

عالم : "اگر انکی نیند گہری ہوئی تو؟"
ဆရာ... ..
တကယ်လို့ ကလေးတွေ အိပ်မောကျနေရင်ကော..?

عورت نے جواب دیا: "والله! میں یا تو انہیں جگاوں گی یا انکی گردنوں سے پکڑ کر انکو گھسیٹ کر باہر لے جاوں گی۔"

အမျိုးသမီး... ..
အလ္လာဟ်အရှင်မြတ်ရဲ့ကစမ်...!
ကျမသူတို့ကို ရအောင်နိုးမယ်။ နိုးမရရင်
ဂုတ်ဆွဲဒရွတ်တိုက်ပြီး အပြင်ကို ဆွဲထုတ်မှာပေါ့။

*تب عالم نے کہا: "اگر تم انہیں دنیا کی آگ سے بچانے کے لیے یہ کرو گی تو پھر انہیں جہنم کی بھڑکتی ہوئی آگ سے بچانے کے لے بھی ایسا کرو۔"*

ထိုအခါ ပညာရှင်ကြီးကအမိန့်ရှိတယ်။
အသင်မဟာ လောကရဲ့မီးကို ကာကွယ်ဖို့
အတွက် သားသမီးတွေအပေါ် ဒီလိုမျိုး
လုပ်ဆောင်ပေးသလို... ..

အာခေရသ်ရဲ့ ဂျဟန္နာမ် မီးကနေ ကာကွယ်
ပေးဖို့အတွက်လည်း အဲ့လိုလုပ်ပေးလိုက်ပါ။

အိုးအရှင်.. . ဖဂျရ်နမားဇ်ကို မလွတ်တန်း
အလေးထားဝတ်ပြုနိုင်စွမ်းများ ချီးမြှင့်တော်မူပါ။
_____________
စာရေးသူကို လေးစားစွာဖြင့် Creditပေးပါတယ်။

Address

Asia
Yangon
144

Website

Alerts

Be the first to know and let us send you an email when DEEN SHOW posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share