02/12/2025
ပိတ်ရက်မှာ စိတ်ပင်ပမ်းစေမဲ့အရာတွေကိုနောက်ထားပြီး ဘဝအတွက်လုပ်သင့်လုပ်အပ်သော သေနည်းသင်တန်းတရားစခန်းရက်တိုဝင်ရောက်ကြဖို့ကို နှိုးဆော်အသိပေးလိုက်ရပါသည်.......
နည်းနာနိသျကတော့ ဘုရားရှင်အလိုတော်ကျ မူလကန္နီရွှေသိမ်ဆရာတော်ဘုရားကြီးမှအစပြုပြီး သံဃာ့မဟာနာယကဥက္ကဌ ဗန်မော်ဆရာတော်ဘုရားကြီးကိုယ်တိုင်အားထုတ် ကိုယ်တော်တိုင် မြေဇင်းရိပ်သာများ၏နာယကပြုပေးသွားပြီး လူပုဂ္ဂိုလ်အနေနဲ့ စာပေလောကမှာထင်ရှားသော ဓမ္မာစရိယဦးဌေးလှိုင်တို့ မျိုးဆက်ချထားခဲ့သောမောင်းထောင်မြေဇင်း ကန္နီနည်း သမထဝိပဿနာ ထိုင်းနိုင်ငံဒီဇင်ဘာရက်တိုတရားစခန်း ယောဂီစာရင်းများလက်ခံနေပါပြီ ဒီလ 20 ရက်နေ့လောက်ထိ နောက်ဆုံးထားလက်ခံပေးသွားမည်ဖြစ်ပါသည် ယောဂီသူတော်ကောင်းအပေါင်းတို့
မြတ်စေတနာဓမ္မာမောင်မယ်များအသင်း
(ကိုရန်ကုန်)
2.12.2025