13/07/2026
မဟာစည်သာသနာ့ရိပ်သာကြီး မှ ဖိတ်ခေါ်အပ်ပါသည်။
ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ မိမိတို့၏ အားလပ်သည့်အချိန်များတွင်
သတိပဋ္ဌာန်ဝိပဿနာတရားတော်မြတ်ကို ပွါးများအားထုတ်နိုင်ရန် မဟာစည်သာသနာ့ရိပ်သာကြီးက အမြဲမပြတ် ကြိုဆိုလျက်ရှိပါသည်။
မဟာစည်သာသနာ့ရိပ်သာကြီးတွင် -
* “မဟာစည်ဆရာတော်ဘုရားကြီး”၏ ဩဝါဒတော်များအတိုင်း ဝိပဿနာအတရားတော်ကို ကျင့်ကြံပွါးများနိုင်ရန် မဟာစည်သံဃာတော် အရှင်သူမြတ်များက စနစ်တကျ ပြသလမ်းညွှန်ပေးလျက်ရှိပါသည်။
* တစ်နှစ်ပတ်လုံး ပိတ်ရက်မရှိ ယောဂီသူတော်စင်တို့၏ တရားအားထုတ်မှုကို အထောက်အကူပြုစေရန် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကြီးနှင့် အလှူရှင်များက ဆွမ်း၊ ကျောင်း၊ ဆေး စသည့် ပစ္စည်းလေးပါးတို့ဖြင့် ရိုသေစွာ အလုပ်အကျွေးပြုလျက်ရှိပါသည်။
မိမိတို့၏ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းစေဖို့အတွက်သာမက၊ မိမိချစ်ခင်ရသော မိတ်ဆွေအပေါင်းအသင်းများကိုလည်း မဟာစည်သာသနာ့ရိပ်သာကြီးတွင် ဝိပဿနာတရားတော်ကိုပွါးများအားထုတ်နိုင်ရန် ဖိတ်ခေါ်၍ ဓမ္မကုသိုလ်ပြုနိုင်ပါရန် တိုက်တွန်းနှိုးဆော်ဖိတ်ခေါ်အပ်ပါသည်။
စိတ်၏အေးချမ်းမှုနှင့် ဒါန သီလ ဘာဝနာ ကုသိုလ်များ ရှာဖွေနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မဟာစည်သာသနာ့ရိပ်သာ App ရယူရန်
https://app.mahasi.org.mm/download/index.htm