The Knowledge of Shariah_ရှရီအသ် ၏ အသိပညာ

  • Home
  • Myanmar
  • Yangon
  • The Knowledge of Shariah_ရှရီအသ် ၏ အသိပညာ

The Knowledge of Shariah_ရှရီအသ် ၏ အသိပညာ တစ်ခွန်း တစ်ပါဒ ပင်ဖြစ်စေ ပို့ချကြလေကုန်(ဟဒီးဆ်)

Assalamuarlikominshallah မင်ဟာဂျွလ်အရဗီယဟ် အူရ်ဒူ±မြန်မာ ဘာသာပြန် စာစဥ်အတွဲ (၂) သည် မကြာခင် ထွက်ရှိတော့မည်ဖြစ်ပါသည်။ မော...
29/01/2024

Assalamuarlikom
inshallah မင်ဟာဂျွလ်အရဗီယဟ် အူရ်ဒူ±မြန်မာ ဘာသာပြန် စာစဥ်အတွဲ (၂) သည် မကြာခင် ထွက်ရှိတော့မည်ဖြစ်ပါသည်။ မော်လဝီအတန်း ကျောင်း သားများနှင့် အရဗီသင်တန်းသားများ အရဗီစာပေအားလေ့လာလိုက်စား လိုသူများအတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ စာစဥ်လေးတခုအဖြစ် မိတ်ဆက်ပေးပါရစေ။

အတွဲ (၁) စာစဥ်များအားလည်း မှာယူလိုသူများ ဆက်လက်မှာယူနိုင်ပါကြောင်းနှင့် အတွဲ (၃) အားလည်း မကြာခင် ဆက်လက်ထုတ်နိုင်အောင် ကြိုး
ပမ်းလျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

အလ်ဟိဂျားဇ်
ဘာသာပြန်အဖွဲ့

 #အမှားပြင်ဆင်ချက်Assakamuarlikomမင်ဟာဂျွလ်အရဗီယဟ် အတွဲ၁ အူရ်ဒူမြန်မာ ဘာသာပြန်အား အလ္လာဟ်အရှင်မြတ်သခင်၏သောင်ဖီးက်စွမ်းအာ...
21/01/2024

#အမှားပြင်ဆင်ချက်

Assakamuarlikom
မင်ဟာဂျွလ်အရဗီယဟ် အတွဲ၁ အူရ်ဒူမြန်မာ ဘာသာပြန်အား အလ္လာဟ်အရှင်မြတ်သခင်၏
သောင်ဖီးက်စွမ်းအား ပေးသနားမူနှင့်မိဘဆရာ
များ၏ ဒိုအာများဖြင့် စတင်ထုတ်ဝေနိုင်ခဲ့ပါသည်

မာရှာအလ္လာဟ်-အလ်ဟိဂျားဇ် ဘာသာပြန်အဖွဲ့မှ
ပထမဦးဆုံးထုတ်ဝေခဲ့သော ဤကျမ်းအား အရဗီ
လေ့လာလိုက်စားသူအများစု၏ ထောက်ခံအားပေး
မူများလည်း ရှိခဲ့ပါသည်။inshallah မိမိတို့အဖွဲ့အနေဖြင့်လည်း မမှိတ်မသုန် အစဥ်အမြဲ ကြိုးပမ်းသွားမည်ဖြစ်ပါသည်။

သို့ပါ၍ အတွဲ၁ စာစဥ်၏ စာမျက်နှာ ၃၈ သင်ခန်း စာ၁၂ ၏ လေ့ကျင့်ခန်းတွင် အူရ်ဒူဘာသာပြန်ဆိုရာတွင် အမှားပြင်ဆင်ချက်တခု ရှိပါသဖြင့် စာအုပ်ဝယ်ယူထားသူများ အားလုံးအား ပြင်ဆင်ဖတ်ရူပေးပါရန် အထူးမေတ္တာ ရပ်ခံအပ်ပါသည်။ မိမိတို့အဖွဲ့အနေဖြင့် အင်ရှာအလ္လာဟ် ဒုတိယအကြိမ်ထုတ်ဝေခဲ့ပါမူ ဤအမှားအား ပြင်ဆင်ရေးသားဖြည့်စွက်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ယခင်ပါရှိသောစာပိုဒ်-

کیف الغرس ؟ پودا کس کا ہے

ပြင်ဆင်ဖတ်ရူရမည့်စာပိုဒ်-
کیف الغرس ؟ پودا کیسا ہے

inshalah များမကြာမှီ အတွဲ၂အားလည်း ထုတ်ဝေတော့မည်ဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သခင်
ကျွန်တော်မျိုးတို့၏ ဤကျမ်းငယ်လေးမှ လေ့လာ
လိုက်စားသူတို့အား အကျိုးဖြစ်ထွန်းမူများ ချီးမြင့်
ပေးတော်မူပါစေ။

အလ်ဟိဂျားဇ်
ဘာသာပြန်အဖွဲ့

20/01/2024
Assalamuarlikominshallah -အလ်ဟိဂျားဇ် ဘာသာပြန်အဖွဲ့မှ (အာစာန်ဖိက်ဟီ အိဆွ်သွိလာဟားသ်) ဖိကာဟ်(ဓမ္မသတ်) ဆိုင်ရာ အသုံးအနူံးမ...
16/01/2024

Assalamuarlikom
inshallah -အလ်ဟိဂျားဇ် ဘာသာပြန်အဖွဲ့မှ (အာစာန်ဖိက်ဟီ အိဆွ်သွိလာဟားသ်) ဖိကာဟ်(ဓမ္မသတ်) ဆိုင်ရာ အသုံးအနူံးများ အမည်ရှိ ကျမ်းစာအုပ် အားဘာသာပြန်ဆိုလျက်ရှိပါသည်။ များမကြာမှီကာလအတွင်း အလ်ဟိဂျားဇ်ဘာသာပြန်အဖွဲ့မှ လေ့လာလိုက်စားလိုသူများထံ ထုတ်ဝေဖြန့်ချီမည်ဖြစ် ပါကြောင်း အသိပေးအပ်ပါသည်။

အလ်ဟိဂျားဇ်
ဘာသာပြန်အဖွဲ့

Assalamuarlikomမင်ဟာဂျွလ်အရဗီယဟ် အူရ်ဒူမြန်မာ ဘာသာပြန်အတွဲ(1) ဝယ်ယူရရှိနိုင်ပါပြီ။ #ရန်ကုန်မြို့ရှိ ပုဂ္ဂိုလ်များ မှာယူလ...
03/01/2024

Assalamuarlikom
မင်ဟာဂျွလ်အရဗီယဟ် အူရ်ဒူမြန်မာ ဘာသာပြန်
အတွဲ(1) ဝယ်ယူရရှိနိုင်ပါပြီ။

#ရန်ကုန်မြို့ရှိ ပုဂ္ဂိုလ်များ မှာယူလိုပါက-

Page မက်စင်ဂျာမှလည်ကောင်း!
09956430583 မှ လည်းကောင်း!
တိုက်ရိုက်ဆက်သွယ်မှာယူမူပြုနိုင်ပါတယ်။

တဆင့်ဝယ်ယူလိုသော်-

ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်များဖြစ်သော

ရောင်နက်စတိုး
ပါးက်စတိုး
အမွှာညီနောင်
စေတနာစတိုး
အစရှိသည်တို့တွင် ဝယ်ယူနိုင်ပါတယ်။

#မန္တလေးမြို့ရှိ ပုဂ္ဂိုလ်များ မှာယူလိုပါက-

ဟာဖိဇ် မုဟမ္မဒ် ဆုလ်သွာန် (မိဖ်သာဟီ-မန္တလေး)
09 444018718
09 266667786
မှတဆင့် ဆက်သွယ်၍ တိုက်ရိုက်မှာယူနိုင်ပါတယ်။

#မော်လမြိုင်ရှိ ပုဂ္ဂိုလ်များ မှာယူလိုပါက-

မော်လဝီ မုဟမ္မဒ် ဟာရှင်မ် (မုဟိဗ္ဗီ-ကျိုက်မရော)
09 683097834
09 764558486
မှတဆင့် ဆက်သွယ်၍ တိုက်ရိုက်မှာယူနိုင်ပါတယ်။

#မြစ်ကြီးနားမြို့ရှိ ပုဂ္ဂိုလ်များမှာယူလိုပါက-

မော်လဝီ နူးရ်မုဟမ္မဒ် (မြစ်ကြီးနား)
09768172579
မှတဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်။

#ပဲခူး/ဘားအံရှိ ပုဂ္ဂိုလ်များမှာယူလိုပါက-

မော်လဝီ မုဟမ္မဒ် ဟစံ (ဘားအံ)
09673672325
မှတဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်။

#တနင်္သာရီ/မြိိတ်မြို့ရှိ ပုဂ္ဂိုလ်များမှာယူလိုပါက-

မော်လဝီ ဂျမာလွဒ္ဒီးန် (ခါဒီမီ)
09422219763
မှတဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်။

အခြားနေရာရှိ ပုဂ္ဂိုလ်များ မှာယူလိုပါက
09956430583 မှတဆင့် စုံစမ်း​မေးမြန်း
နိုင်ကြပါတယ်။

Inshallah Hutaarlar
အတွဲ(2)ကိုလည်း စီစစ်မူများပြုနေပြီဖြစ်ပါသဖြင့် နောက်လတွင် ထုတ်နိုင်ရန် ကြိုးပမ်းမူပြုနေပြီဖြစ် ကြောင်း အသိပေးအပ်ပါတယ်။

အလ်ဟိဂျားဇ်
ဘာသာပြန်အဖွဲ့

17/12/2023

Assakamuarlikom

inshallah မင်ဟာဂျွလ်အရဗီယဟ် အတွဲ(၁) စာစဥ် အုရ်ဒူ မြန်မာ ဘာသာပြန်စာအုပ်သည် ရှေ့လတွင် စတင် ထုတ်ဝေဖြန့်ချီနိုင်တော့မည်ဖြစ်ပါသည်။

သို့ပါ၍ သင်ယူလေ့လာဆည်းပူးလိုသူများ အနေဖြင့် များမကြာမှီကာလတွင် ရန်ကုန်မြို့နှင့်မန္တလေးမြို့ရှိ စာအုပ်ဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အလ်ဟိဂျားဇ် ဘာသာပြန်အဖွဲ့
ဝိုင်းတော်သားများ

မင်ဟာဂျွလ် အရဗီယဟ်ကျမ်း ဆိုတာ ?ကျွန်တော်တို့အနေနဲ့ အရဗီဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ဖို့ဆိုရင် (နဟ်ဝ်) အရဗီသဒ္ဒါနဲ့ (ဆ...
05/11/2023

မင်ဟာဂျွလ် အရဗီယဟ်ကျမ်း ဆိုတာ ?

ကျွန်တော်တို့အနေနဲ့ အရဗီဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ဖို့ဆိုရင် (နဟ်ဝ်) အရဗီသဒ္ဒါနဲ့ (ဆွရ်ဖ်) အရဗီဂိုဏ်းစဥ် ပညာရပ်တွေကို မဖြစ်မနေ ဆည်းပူးဖို့ လိုအပ်ပါတယ်။

ယခုမိတ်ဆက်ပေးမယ့် ကျမ်းငယ်လေးဟာ အတန်းစဥ်အလိုက် ကလေးတွေရဲ့ မှတ်ညာဏ်နဲ့ မှတ်သားနိုင်စွမ်းကို ထောက်ရူပြီး အရဗီ ဥပဒေသတွေကို အထူးပြု ရေးသားထားတဲ့ အရဗီအတက်သင် ကျမ်းလေးတဆူပါပဲ။

ကလေးတွေအနေနဲ့ အရဗီဘာသာရပ်ကို လေ့လာလိုက်စားတဲ့နေရာမှာ ကုရ်အာန်ကျမ်းပါ အသုံးအနူံးလေးတွေနဲ့ ယဥ်ပါးမူဖြစ်စေဖို့ ကုရ်အာန်ကျမ်းပါ အရဗီစကားလုံးများကို အတွဲအလိုက် ၇၀ရာခိုင်နူန်းထက်မနည်း တင်ပြထားတဲ့ ကျမ်းတဆူပါပဲ။

အရဗီကဗျာ အလင်္ကာ ရသတွေကို ခံစားနိုင်ဖို့ ဒုတိယအတွဲလောက်ကစပြီး ကဗျာအလင်္ကာ သီကုံးမူ အသီးသီးကို ရောလျှက်ပါဝင်တဲ့ ကျမ်းတဆူပါပဲ။

အရဗီဘာသာစကားကို လိုရာစွဲသုံး မဖြစ်စေဖို့ အရဗီရဲ့ ဝါကျတည်ဆောက်နည်းတွေကို စနစ်တကျ ဖော်ကျုးထားတဲ့ ကျမ်းတဆူပါပဲ။

သင်ခန်းစာ အများစုမှာ အူရ်ဒူဘာသာရပ်မှ အရဗီကို တဆင့်ပြောင်းလဲသုံးစွဲနည်းလေးတွေ ထည့်သွင်းထားပြီး ကလေးငယ်များကို အရဗီပြောဟန် ရေးဟန်တွေနဲ့ အကျွမ်းဝင်စေမယ့် ကျမ်းတဆူပါပဲ။

ဒီကျမ်းလေးကတော့ ဂျာမိအဟ် အွစ်မာနီယဟ် ကျောင်းတော်ရဲ့ အရဗီပါမောက္ခ တဦးဖြစ်ခဲ့တဲ့ စိုင်ယိဒ်နဗီ ဟိုင်ဒရ်အာဗာဒီရဲ့ ရေးသားပြုစုထားတဲ့ ကျမ်းတဆူပါပဲ။

ဝမ်းသာစရာ သတင်းပါးလိုတာက-

ကျွန်တော်တို့ အလ်ဟိဂျားဇ်-ဘာသာပြန်အဖွဲ့အနေနဲ့ သမိုင်းဝင် ကျောင်းသုံး ဒီအရဗီကျမ်းလေးကို မြန် မာမှုပြုကာ ကျောင်းသားများ လွယ်ကူလေ့လာနိုင်ရန် အတွဲစဥ်အလိုက် ရေးသားပြန်ဆိုနေပြီ ဖြစ်ပါ သည်။

အရဗီချစ်သူများ အရဗီလိုက်စာလိုသူများ နဲ့ အထူးသဖြင့် ကျောင်းသားလူငယ်များအတွက် အမြဲတစေ ဆောင်ထားသင်တဲ့ ကျမ်းတဆူအဖြစ် လေ့လာလိုက်စားနိုင်ဖို့ အလ်ဟိဂျားဇ် ဘာသာပြန်အဖွဲ့မှမြန်မာမူပြုပြီး inshallah မကြာမှီ ထွက်ရှိလာမယ့် စာအုပ်လေးကို မိတ်ဆက်ပေးလိုက်ရပါတယ်။

အလ်ဟိဂျားဇ်-ဘာသာပြန်အဖွဲ့
(ကန့်သတ်)

03/11/2023

အလ်-ဟိဂျားဇ်
ဘာသာပြန်အဖွဲ့

လူကြီးမင်းအပေါင်းတို့ခင်ဗျား

အူရ်ဒူ-အရဗီ-ဘာသာရပ်၏ ကျမ်းစာအုပ်များအား
ဘာသာပြန်ဆိုပေးပါရန် အပ်နှံချင်သောသူများအားအသိပေး ကြေညာခြင်း

သုခမိန်မှင်စက် ဇာနည်သွေးထက်မြတ်၏ ဟူသော ဆိုရိုးစကားအတိုင်း အလ်-ဟိဂျားဇ် ဘာသာပြန်အဖွဲ့သည် အစ္စလာမ့် အဆိုအမိန့် လမ်းညွန်မူများအား အများသူငှာ အကျိုးဖြစ်ထွန်းစေနိုင်ရန် အရဗီ အူရ်ဒူ ကျမ်းစာအုပ်များအား မြန်မာမှုပြု ပြန်ဆိုရန် အာလင်မ်ပညာရှင် လူငယ်များဖြင့် အုပ်တချပ် သဲတပွင့် အဖြစ် အကျိုးပြုစေနိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းပါသည်။

မိတ်ဆွေများ အနေဖြင့် မိမိတို့ ဘာသာပြန်စေလိုသော ကျမ်းစာအုပ်များရှိပါက အလ်-ဟိဂျားဇ် အဖွဲ့အား အပ်နှံနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

အသေးစိတ်ဆွေးနွေးလိုပါက-

မက်စင်ဂျာမှတဆင့်သော်လည်းကောင်း ၀၉၉၅၆၄၃၀၅၈၃ မှတဆင့်သော်လည်းကောင်း
ဆက်သွယ်မေးမြန်းနိုင်ပါသည်။(ကန့်သတ်)

Assalamuarlikom

ဒေါသဟူသည် ရိူင်သွာန်၏ဘက်မှ ဖြစ်၏။ ရိူင်သွာန်သည် မီးနှင့်ဖန်ဆင်းခံခဲ့ရ၏။ မီးကို ငြိမ်းသက်နိုင်သော အရာသည် ရေပင်ဖြစ်၏။ သို့...
17/08/2023

ဒေါသဟူသည် ရိူင်သွာန်၏ဘက်မှ ဖြစ်၏။ ရိူင်သွာန်သည် မီးနှင့်ဖန်ဆင်းခံခဲ့ရ၏။ မီးကို ငြိမ်းသက်နိုင်သော အရာသည် ရေပင်ဖြစ်၏။ သို့ရှိရာ ဒေါသထွက်လာပါက ဝူဇူပြုလုပ်ပါလော့။

အဗူဒါဝူးဒ်ကျမ်း
ဟဒီးစ်နံပါတ် (၄၇၈၄)
တွဲ(၄) စာ (၃၂၇)

Mashallah Onlineမှတဆင့် မှာယူအားပေးခဲ့သူများအား အထူးကျေးဇူး တင်ရှိပါတယ် သေချာစွာ လေ့လာ မှတ် သားစေလိုပါတယ် လိုအပ်သည်များအ...
04/08/2023

Mashallah
Onlineမှတဆင့် မှာယူအားပေးခဲ့သူများအား အထူးကျေးဇူး တင်ရှိပါတယ် သေချာစွာ လေ့လာ မှတ် သားစေလိုပါတယ် လိုအပ်သည်များအား ဒုတိယအကြိမ် ထုတ်ဝေမူတွင် ပြန်လည် ဖြည့်စွက်ပေးသွားပါ့မယ် inshallah

မှာယူလိုသူများအနေဖြင့် cb / ph မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
09956430583
Assalamuarlikom

သင်ရိုးဝင်ဖြစ်တဲ့ (دروس اللغة العربية)စာအုပ်ကို ရေးသားပြုစုသူ ဒေါက်တာ ဖာ-အဗ္ဗရ်ရဟီးမ်ဆွာဟိဗ်ရဲ့ အကြောင်းအနည်းငယ် ‌ရေးလို...
02/08/2023

သင်ရိုးဝင်ဖြစ်တဲ့ (دروس اللغة العربية)စာအုပ်ကို ရေးသားပြုစုသူ
ဒေါက်တာ ဖာ-အဗ္ဗရ်ရဟီးမ်ဆွာဟိဗ်ရဲ့ အကြောင်းအနည်းငယ် ‌ရေးလိုက်ပါတယ်။
*****************************************************

ဒေါက်တာ ဖာ - အဗ္ဗဒုရ်ရဟီးမ်ကို (၁၉၃၃)ခုနှစ်၌ အိန္ဒိယနိုင်ငံ ၊ ဝါနမ်ဘာရီမြို့တွင် ' မွေးဖွားခဲ့ပါသည်။ မဒရားစ်(ချနိုင်း)တက္ကသိုလ်၌ အင်္ဂလိပ်အထူးပြုဘာသာရပ်ဖြင့်(B.A Hons.) ဝိဇ္ဇာဘွဲ့ ဂုဏ်ထူးတန်းအဆင့်ကို ဆွတ်ခူးရရှိခဲ့ပါသည်။ ထို့နောက် အီဂျစ်နိုင်ငံကိုင်ရိုမြို့သို့ သွားရောက်ကာ “ဂျာမိအဟ် အလ်အဇ်ဟရ်” အဇ်ဟရ်တက္ကသိုလ်မှာ ပညာဆည်းပူးပြီး အရဗီအထူးပြုဘာသာရပ်ဖြင့် (Ph.D) “ပါရဂူဘွဲ့ကိုထပ်မံ ဆွတ်ခူးရရှိခဲ့ပါသည်။

(၁၉၆၀)ခုနှစ်မှစ၍ ဆော်ဒီအာရေဗျနိုင်ငံ၊ မဒီနဟ်ရွှေမြို့တော်ရှိ “ဂျာမိအဟ် အစ္စလာမီယဟ် ” အစ္စလာမ့်တက္ကသိုလ်ကြီးတွင် (၂၆)နစ်တိတိ (Head Master of Arabic Language Institute) အရဗီဘာသာစကားဌာန၏အကြီးအကဲဌာနမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ထူးဆန်းဖွယ်ရာတစ်ခုမှာ ဆရာကြီးသည်(အာရဗီ၊အင်္ဂလိပ်၊အူရဒူ၊ပါရှန်၊ဟန္ဒီ(ကုလား) (ဤငါးမျိုးတို့သည် ကောင်းစွာ ကျွမ်းကျင်သည်။)
(တမီလ်၊ပြင်သစ်၊ဂျာမန်၊ဂရိ၊တူရကီ၊ဟေဗြဲ၊အက်စပရန်တို)စသော ဘာသာစကားပေါင်း(၁၂)မျိုး တတ်မြောက်ပြောဆိုနိုင်ခြင်းပင်ဖြစ်ပါသည်။
ဒေါက်တာဆပ်ဟာ
- Madras တက္ကသိုလ်မှ အင်္ဂလိပ်ဘာသာစကားနှင့် စာပေဆိုင်ရာ ကထိက။
- Madras တက္ကသိုလ်မှ အာရဗီဘာသာစကား ကထိက။
ဆူဒန်နိုင်ငံ Omdurman အစ္စလာမ့်တက္ကသိုလ်မှ အင်္ဂလိပ်စာဌာန အကြီးအကဲ။
- Madinah အစ္စလာမ့်တက္ကသိုလ်မှ ဒေသခံမဟုတ်သူများကို အာရဗီဘာသာ သင်ကြားရေးဌာနခွဲ ဒါရိုက်တာ။
- အစ္စလာမ့်တက္ကသိုလ် အာရဗီဌာနမှ တွဲဖက်ပါမောက္ခ။
သူသည် Madinah ရှိ Noble Qur'an ပုံနှိပ်ခြင်းအတွက် King Fahd Complex ရှိ ဘာသာပြန်ဌာနတွင် အလုပ်လုပ်ပြီး ဆက်လက်လုပ်ဆောင်ဆဲဖြစ်သည်။

ထုတ်ဝေမှုများ-
1- Al-Muarabr ၏ Al-Jawaliqi, i. Dar al-Qalam သည် Damascus တွင် 1410 AH ဖြစ်ပြီး ဤစာအုပ်သည် Al-Azhar University မှ သူ၏ပါရဂူဘွဲ့စာတမ်း၏ ဘာသာရပ်ဖြစ်သည်။
၂- ပရောဖက်များ၏ ပုံပြင်များတွင် ဖော်ပြထားသော အလံများ၏ မူလဇစ်မြစ်ကို အသိပေးခြင်း - ငြိမ်သက်ခြင်း ရှိစေသတည်း။ Dar al-Qalam၊ Damascus၊ 1413 AH။
၃- အာရဗီဘာသာဖြင့် ကျူးကျော်သူအကြောင်း မူရင်းစကား၊ i. 1411 AH အီဂျစ်၊ Damanhour ရှိ Soft Library
4- ကျူးကျော်သူထံမှ အာရဗီဘာသာစကားတွင်လည်း အလားတူပင်။ Madinah ရှိ Dar Al-Maather၊ 1419 AH။
5- ခေတ်သစ်အာရဗီဘာသာစကားနှင့်၎င်း၏ဒေသိယစကားများတွင်ကျူးကျော်သူ, i. အလက်ပို 1393 AH။
6- မိခင်မဟုတ်သူများအတွက် အာရဗီသင်ခန်းစာများ (သုံးပိုင်း)။ Madinah အစ္စလာမ့်တက္ကသိုလ်၏ထုတ်ဝေမှုများ။
7- Noble Hadith (အာရဗီဘာသာစကားသင်ကြားရန် Noble Hadith ကိုအသုံးပြုခြင်း)။ အိန္ဒိယနိုင်ငံရှိ Madras အစ္စလာမ့်ဖောင်ဒေးရှင်း။
အခြားစာပေများ။

ထို့အပြင် မဒီနဟ်မြို့ရှိ ၄င်း ဂျာမိအဟ်အစ္စလာမီယဟ် တက္ကသိုလ်ကြီးတွင် တက်ရောက်ပညာသင်ယူနေကြသော ကျောင်းသားများမှ သိရှိရသည့်အချက်မှာ ဆရာကြီးဒေါက်တာ - ဖာ - အဗ္ဗဒူရ်ရဟီးမ်အား( معجم العربي)အရဗီအဘိဓာန်ကြီးဟူ၍ခေါ်တွင်ကြ၏။ ထိုကဲ့သို့ မှည့်ခေါ်ရသည့်အကြောင်းမှာ တစ်ဦးတစ်ယောက်သည် ဆရာကြီးအား မည်သည့်အချိန်၌မဆို မိမိသိရှိလိုသည့် စကားလုံးအဓိပ္ပါယ်ကို မေးမြန်းလိုက်လျှင် ထိုစကားလုံးအဓိပ္ပာယ်ကို အဘိဓာန်ထဲတွင် ရှာဖွေကြည့်ရန်မလိုဘဲအဘိဓာန်ထဲကအဓိပ္ပာယ်အတိုင်းချက်ချင်းအလွတ်ဖြေကြားပေးလေ့ရှိပါသည်။

ယခုအခါ ဆရာကြီးသည် မိမိ၏မွေးရပ်ဌာနေဖြစ်သည့် အိန္ဒိယနိုင်ငံကို ဟိဂျ်ရသ်လုပ် စွန့်လွှတ်ကာ မဒီနဟ်ရွှေမြို့တော်၌ပင်အခြေချနေထိုင်လျက် ဘုရင်ဖဟဒ်ရဲ့ ကုရ်အာန်ကျမ်းမြတ် ထုတ်ဝေသည့် ဘာသာပြန်ဌာန၏ တာဝန်ခံအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိနေပါသည်။


#ဝဏ္ဏတင်စိုး

တမန်တော်မြတ်(စွ)သခင် မိန့်တော်မူသည်မှာ-ငါးခုသောအရာ မဆိုက်ရောက်မှီအလျင် ငါးခုသောအရာကို တန်ဖိုးထားပါ။၁ အိုမင်းရင့်ရော်ခြင်...
01/08/2023

တမန်တော်မြတ်(စွ)သခင် မိန့်တော်မူသည်မှာ-

ငါးခုသောအရာ မဆိုက်ရောက်မှီအလျင် ငါးခုသောအရာကို တန်ဖိုးထားပါ။

၁ အိုမင်းရင့်ရော်ခြင်း မဖြစ်မှီအလျင် နုပျိုမူအား

၂ နာမကျန်း မဖြစ်မှီအလျင် ကျန်းမာခြင်းအား

၃ အခြေနေမဲ့ မဖြစ်မှီအလျင် ငွေကြေးတက်စွမ်းနိုင်ခြင်းအား

၄ မအားလပ်မှီအလျင် အားလပ်စွာနေနိုင်ခြင်းအား

၅ မသေဆုံးမှီအလျင် ဘဝသက်တမ်းအား

(ဗုခါရီကျမ်း ဟဒီးစ်နံပါတ် ၁၀၇၇)

Address

Takayta
Yangon

Website

Alerts

Be the first to know and let us send you an email when The Knowledge of Shariah_ရှရီအသ် ၏ အသိပညာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share