St.Vincent De Paul Society Mingaladon

St.Vincent De Paul Society Mingaladon စိန့်အက်ဒွက်သာသနာအတွင်း
အမှန်တကယ် အကူအညီလိုအပ်‌နေသူများကို တတ်နိုင်သည့်ဘက်မှ ကူညီပေးနေသော ကက်သလစ်ခရစ်ယာန် ဘာသာရေးအဖွဲ့အစည်း

2.8.2026 တနင်္ဂနွေနေ့တွင် မင်္ဂလာဒုံ စိန့်ဗင်းဆင်းဒီပေါလ်အသင်းမှ ထောက်ပံ့ပေးလျက်ရှိသော အဖွား ဒေါ်မေရီသည် ဘယ်ဘက်လက်နှင့်ခ...
05/08/2026

2.8.2026 တနင်္ဂနွေနေ့တွင် မင်္ဂလာဒုံ
စိန့်ဗင်းဆင်းဒီပေါလ်အသင်းမှ ထောက်ပံ့ပေးလျက်ရှိသော အဖွား ဒေါ်မေရီသည် ဘယ်ဘက်လက်နှင့်ခြေထောက် လေဖြန်းသွားကြောင်း ကြားသိခဲ့ရသဖြင့်
သူမ၏ နေအိမ်ရှိရာ လှိုင်သာယာ၊ 14 ရပ်ကွက်သို့ မင်္ဂလာဒုံ စိန့်ဗင်းဆင်းအသင်း ဥက္ကဌ၊ နာယက နှင့် အဖွဲ့ဝင်တို့ သွားရောက်ဆုတောင်းမေတ္တာပြခဲ့ကြပါသည်။

အဖွားဒေါ်မေရီအတွက် ခွန်အားရှိစေမည့် အစားအသောက်များ၊ အလှူငွေများ ပေးအပ်ကာ စိပ်ပုတီးစိပ်ဆုတောင်းပေးခဲ့ကြပါသည်။

ထို့အပြင် အဖွားဒေါ်မေရီသည် ကိုယ်တော်မြတ်ပင့်ယူလိုခြင်း၊ ကောင်းချီးခံလိုခြင်း ဆန္ဒရှိနေသည့်အတွက် လှိုင်သာယာ Infant Jesus Church မှ စိန့်ဗင်းဆင်းအသင်း၏ ဥက္ကဌဖြစ်သော ကိုဒေါမိနစ်ထွန်းထွန်းနိုင်ထံ ဆက်သွယ် အကူညီတောင်းခဲ့ပါသည်။

ကိုဒေါမိနစ်သည် စေတနာ ၊ မေတ္တာတရား ထက်သန်စွာဖြင့် ထိုနေ့ နေ့လည်ပိုင်းတွင် လှိုင်သာယာဘုရားကျောင်းမှ ဘုန်းတော်ကြီးကို ပင့်ကာ ကိုယ်တော်မြတ်ပေးနိုင်ရန် စီစဉ်ပေးခဲ့ပါသည်။

ထို့အတွက်ကြောင့် အဖွားဒေါ်မေရီအတွက် ဝိညာဉ်ရေးခွန်အား၊ ကာယခွန်အားတို့အား ဖြည့်စည်းပေးနိုင်ခဲ့ပါသည်။

ယခုကဲ့သို့ ကူညီပေးခြင်းအစီစဉ်ကို ဖြစ်မြောက်အောင်ကူညီပေးကြပါသော လှိုင်သာယာမှ စိန့်ဗင်းဆင်း ဥက္ကဌ နှင့် အဖွဲ့ဝင်များ နှင့် အလှူရှင်များ၊ ဆုတောင်းခြင်းဖြင့် ပါဝင်ခဲ့ကြသူ တစ်ဦးချင်းစီအား ကျေးဇူးအထူးတင်ရှိပါကြောင်း မင်္ဂလာဒုံ စိန့်ဗင်းဆင်း အဖွဲ့ဝင်များမှ ပြောကြားလိုပါသည်။

ဘုရားသခင်၏ ကောင်းချီးများ ပိုမို ခံစားရပါစေ။


စိန့်ဗင်းဆင်းဒီပေါလ်အသင်း(မင်္ဂလာဒုံ)လ၏ ပထမအပတ် တနင်္ဂနွေ လှုပ်ရှားမှုAug 2 ရက်နေ့ နံနက် (၈:၃၀) နာရီ မစ္ဆားအပြီးတွင် စိန...
02/08/2026

စိန့်ဗင်းဆင်းဒီပေါလ်အသင်း(မင်္ဂလာဒုံ)
လ၏ ပထမအပတ် တနင်္ဂနွေ လှုပ်ရှားမှု

Aug 2 ရက်နေ့ နံနက် (၈:၃၀) နာရီ မစ္ဆားအပြီးတွင် စိန့်ဗင်းဆင်းဒီပေါလ်အသင်း (မင်္ဂလာဒုံ) အဖွဲ့ဝင်များသည် ထောက်ပံ့ခံမိသားစု (၁၈)စု အား ထောက်ပံ့ငွေပေးအပ်ခြင်း၊ အတူတကွဆုတောင်းခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ပါသည်။

ယနေ့တွင် U Paul Peter San Joseph ၏ ကွယ်လွန်ခြင်း(၂) နှစ်ပြည့် အောက်မေ့သတိရခြင်းအထိမ်းအမှတ်အဖြစ် ဇနီးဖြစ်သူနှင့် မိသားစုမှ ထောက်ပံ့ခံမိသားစုများအား သီးသန့် အလှူငွေ ထပ်မံလှူဒါန်းပေးခဲ့ပါသည်။

အလှူရှင် မိသားစုနှင့်အတူ အမြဲလာရောက်လှူဒါန်းပေးလျက်ရှိသော အလှူရှင် တစ်ဦးချင်းစီအပေါ်သို့ ဘုရားသခင်၏ ကျေးဇူးတော်များ ပိုမိုသက်ရောက်၍ ယခုထပ်ပို၍ လှုဒါန်းနိုင်ကြပါစေကြောင်း စိန့်ဗင်းဆင်းဒီပေါလ်အသင်း(မင်္ဂလာဒုံ) အဖွဲ့ဝင်များမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါသည်။



ယနေ့ ၅/၇/၂၀၂၆ ရက်သည် လ၏ ပထမအပတ် တနင်္ဂနွေနေ့ဖြစ်သည့်အလျောက် စိန့်အက်ဒွက်သာသနာ၊ စိန့်‌ဗင်းဆင်းဒီပေါလ်အသင်းသည် လစဉ်ကူညီထော...
05/07/2026

ယနေ့ ၅/၇/၂၀၂၆ ရက်သည် လ၏ ပထမအပတ် တနင်္ဂနွေနေ့ဖြစ်သည့်အလျောက်
စိန့်အက်ဒွက်သာသနာ၊ စိန့်‌ဗင်းဆင်းဒီပေါလ်အသင်းသည် လစဉ်ကူညီထောက်ပံ့ပေးလျက်ရှိသော မိသားစုများအတွက် အလှူငွေကောက်ခံခြင်း၊ လိုအပ်သူများအားပြန်လည်ပေးအပ်ခြင်းအစီအစဉ်များပြုလုပ်ခဲ့ပါသည်။ ယခုလသည် မိဘများပွဲနေ့ ကျင်းပရာ ဇူလိုင်လလည်းဖြစ်ပေသောကြောင့် ထောက်ပံ့ခံ ဘိုးဘွား မိသားစုများ အတွက် ဆန်၊ဆီ၊ခေါက်ဆွဲ၊ကြက်ဥ၊ကြက်သွန်၊မုန့် များထပ်မံလှူဒါန်းပေးခဲ့ပါသည်။

ယခုကဲ့သို့ ထပ်ဆင့်လှူဒါန်းပေးနိုင်ရန် အလှူငွေများထည့်ဝင်ပေးကြသော အလှူရှင် တစ်ဦးချင်းစီအား ကျေးဇူးအထူးတင်ရှိပါသည်။


၇/၆/၂၀၂၆ လ၏ ပထမအပတ်စိန့်ဗင်းဆင်းဒီပေါလ်အသင်း(မင်္ဂလာဒုံ)စိန့်အက်ဒွက်သာသနာ လှုပ်ရှားမှု
08/06/2026

၇/၆/၂၀၂၆ လ၏ ပထမအပတ်
စိန့်ဗင်းဆင်းဒီပေါလ်အသင်း(မင်္ဂလာဒုံ)
စိန့်အက်ဒွက်သာသနာ လှုပ်ရှားမှု


3.5.26ရက်နေ့ မွေးနေ့ရှင် မိခင်ဒေါ်လူဝီဇာကွင်နီ နှင့်အကိုဒေါမနစ်ဝိဉာဉ်တို့အတွက်ရည်စူး၍ စိန်အက်ဒွက်သာသနာရှိ မိသားစု ၂၀စုအာ...
09/05/2026

3.5.26ရက်နေ့ မွေးနေ့ရှင် မိခင်ဒေါ်လူဝီဇာကွင်နီ နှင့်အကိုဒေါမနစ်ဝိဉာဉ်တို့အတွက်ရည်စူး၍ စိန်အက်ဒွက်သာသနာရှိ မိသားစု ၂၀စုအား ဒန်ပေါက်နှင့် ငွေကျပ်တသောင်းစီလှူဒါန်းပေးသော အလှူရှင်များအား ကျေးဇူးတင်ပါတယ်ရှင့်

3/5/2026 လ၏ ပထမအပတ်
စိန့်ဗင်းဆင်းဒီပေါလ်အသင်း(မင်္ဂလာဒုံ)
စိန့်အက်ဒွက်သာသနာ လှုပ်ရှားမှု


14/3/2026 (စနေနေ့) တွင် ရန်ကုန်ဒိုင်အို စိန့်ဗင်းဆင်းဒီပေါလ်အသင်းမှ မင်္ဂလာဒုံ စိန့်အက်ဒွက်သာသနာ၊ စိန့်ဗင်းဆင်းဒီပေါလ်အသ...
18/03/2026

14/3/2026 (စနေနေ့) တွင် ရန်ကုန်ဒိုင်အို စိန့်ဗင်းဆင်းဒီပေါလ်အသင်းမှ မင်္ဂလာဒုံ စိန့်အက်ဒွက်သာသနာ၊ စိန့်ဗင်းဆင်းဒီပေါလ်အသင်း၏ ECအဖွဲ့ဝင်အသစ်များအား လာရောက်အတည်ပြုပေးခဲ့ပါသည်။
အတည်ပြုပွဲသို့ မင်္ဂလာဒုံ စိန့်အက်ဒွက်ဘုရားကျောင်း ၏ လက်ထောက်ဘုန်းတော်ကြီး Rev.Fr.Richard Htun Htun Win တတ်ရောက်အားပေးခဲ့ပါသည်။


၁/၂/၂၀၂၆ လ၏ ပထမအပတ်စိန့်ဗင်းဆင်းဒီပေါလ်အသင်း(မင်္ဂလာဒုံ)စိန့်အက်ဒွက်သာသနာ လှုပ်ရှားမှု
01/02/2026

၁/၂/၂၀၂၆ လ၏ ပထမအပတ်
စိန့်ဗင်းဆင်းဒီပေါလ်အသင်း(မင်္ဂလာဒုံ)
စိန့်အက်ဒွက်သာသနာ လှုပ်ရှားမှု


25.12.2025 ခရစ္စမတ်နေ့တွင်စိန့်ဗင်းဆင်းဒီပေါလ်အသင်းမင်္ဂလာဒုံ မှ ထောက်ပံ့လျက်ရှိသော(၁၇) စုအတွက်  ခရစ္စမတ်လက်ဆောင်ပစ္စည်း...
25/12/2025

25.12.2025 ခရစ္စမတ်နေ့တွင်
စိန့်ဗင်းဆင်းဒီပေါလ်အသင်း
မင်္ဂလာဒုံ မှ ထောက်ပံ့လျက်ရှိသော
(၁၇) စုအတွက် ခရစ္စမတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး မိသားစုများပျော်ရွှင်စေရန် ကံစမ်းမဲ အစီအစဉ် ပြုလုပ်ပေးခဲ့ပါသည်။

Address

Pyay Road
Yangon

Telephone

+959444796225

Website

Alerts

Be the first to know and let us send you an email when St.Vincent De Paul Society Mingaladon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share