ရွှေပြည့်ဟိန်း ဂမ္ဘီရပဒေသာ

  • Home
  • Myanmar
  • Yangon
  • ရွှေပြည့်ဟိန်း ဂမ္ဘီရပဒေသာ

ရွှေပြည့်ဟိန်း ဂမ္ဘီရပဒေသာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေပြည့်ဟိန်း ဂမ္ဘီရပဒေသာ, Religious organisation, Yangon.

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ပုံတော်လေးကို Gemini A.I. ဖြင့်ပြန်လည်ပြုပြင်ထိန်းသိမ်းထားခြင်း။
23/09/2025

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ပုံတော်လေးကို Gemini A.I. ဖြင့်ပြန်လည်ပြုပြင်ထိန်းသိမ်းထားခြင်း။

ဖိုလ်စစ်ဆေးပုံစံကိန်း(မဂ်စစ်မစစ်ဖိုလ်နဲ့စစ်)✨✨✨✨✨✨✨✨✨✨✨✨✨✨ပစ္စဝေက္ခဏာ ဆင်ခြင်ရာတွင် သဘောကို ဉာဏ်အားဖြင့် သိရသည်။သောတာပတ္...
09/08/2025

ဖိုလ်စစ်ဆေးပုံစံကိန်း(မဂ်စစ်မစစ်ဖိုလ်နဲ့စစ်)
✨✨✨✨✨✨✨✨✨✨✨✨✨✨

ပစ္စဝေက္ခဏာ ဆင်ခြင်ရာတွင် သဘောကို ဉာဏ်အားဖြင့် သိရသည်။သောတာပတ္တိဖိုလ် စစ်မစစ်ကို သေခြင်းဆင်းရဲဖြင့် စံကိန်းထားသည်။

တစ်နည်းအားဖြင့်ဆိုသော် ဓာတ်ကြီးလေးပါး ပြင်းထန်စွာ ဖောက်ပြန်မှုအပေါ်၌ ဝေဒနာမှ တဏှာချုပ် ၊ မချုပ် ( ဒိဋ္ဌိကို ဖြစ်စေတတ်သော တဏှာချုပ်မချုပ် ) စံကိန်းထားခြင်းဖြစ်သည်။

မဟာပလ္လင် ဣရိယာပုတ်ဖြင့် ထိုင်လိုက်ပါ။ဤကဲ့သို့
ထိုင်ခိုင်းခြင်းသည် သေခြင်းဒုက္ခ၏ အနည်းငယ်မျှသော နမူနာဖြစ်သည့် ဓာတ်ကြီးလေးပါး ဖောက်ပြန်မှုအစွမ်း (သို့) မြွေကြီးလေးကောင်၏ အဆိပ်ကိုဖော်ထုတ်ခြင်းဖြစ်သည်။

ဤနည်းဖြင့် အနည်းဆုံး ( ၂ ) နာရီမျှ ကြာအောင် ထိုင်ပါ။ ( ၂ ) နာရီ မပြည့်မချင်း မည်သည့်နည်းနှင့်မျှ ဝေဒနာကို မခွာရ။ ဖိုလ်လည်း မခံစားရ။အချိန်နှစ်နာရီကြာ၍ ဓာတ်ကြီးလေးပါး ဖော်ပြလာမှု ပြင်းထန်လာလျှင် မိမိရရှိသော ဖိုလ်ကိုဝင်စားပါ။

ဖိုလ်မှန်လျှင် ဆင်းရဲမီးသေ၍ ချမ်းသာနေလိမ့်မည်။
ချမ်းသာမှုသဘောကို သတိ ၊ ဉာဏ် ၊ ပညာတို့ဖြင့်
မျက်မှောက်ပြုနေပါလိမ့်မည်။ အသိချုပ် သတိချုပ်
နေမှု မရှိရပါ။

ဖိုလ်ဟူသည် စိတ်နှင့်သတိတို့ ချုပ်နေခြင်း
မဟုတ်ပါ။ဆင်းရဲမှုချုပ်ကြောင်း နိရောဓသစ္စာ
ကိုမျက်မှောက်ပြုနေသော စိတ်ရှိနေရမည်။ထို့ကြောင့်ဖလသမာပတ်ဝင်စားသော ပုဂ္ဂိုလ်သည်
မိမိ၏ ဖလသမာပတ်သို့ ကြောင့်ကြမှု နှောင့်ယှက်မှု ကင်းစွာဖြင့် အချိန်မရွေး အလျဉ်းသင့်သလို ဝင်စားနိုင်သည်။

မိမိ၏ ဖလသမာပတ်အားမြဲရန် ငါးမိနစ် ၊ ဆယ်မိနစ်
ဆယ့်ငါးမိနစ် တစ်ဆင့်ပြီးတစ်ဆင့် အချိန်တိုးကာလေ့ကျင့်ယူရသောအကျင့်မျိုးမဟုတ်ပေ။

ဖလသမာပတ်ဝင်စားနိုင်သော ယောဂီသည် လောကီကာမပညတ် အာရုံများကို ကာလသုံးပါး၌
တစ်စက္ကန့် အချိန်အတွင်းမှာပင် ခိုင်ခံ့စွာ သိမ်းဆည်းနိုင်ရမည်။

ဆယ်နာရီမျှအတွင်း စဉ်းစားခြင်း ၊ ဝေဖန်ခြင်း ၊
ကြံစဉ်ခြင်း စသော စိတ်များလုံးဝ ဖြစ်ခွင့်မရှိ ချုပ်ငြိမ်းနေရမည်။

ဓာတ်လေးပါး ပြင်းထန်စွာ ဖောက်ပြန်သော်လည်းဆင်းရဲမှု ချုပ်နေရမည်။ ရုပ်နာမ်တည်းဟူသော အာရုံကိုလည်း အလွယ်တကူစွန့်နိုင်ရမည်။

မိမိကိုယ်ကို ဒိဋ္ဌိပြုတ်ပြီ ၊ သောတာပန်ဖြစ်ပြီ ၊
မဂ်ရပြီ ၊ ဖိုလ်ရပြီ ဆိုခဲ့လျှင် ကိုယ့်စိတ်ကိုပြန်စစ်ကြည့်ပါ။ နဂိုပုထုဇဉ် ဓလေ့စရိုက် ဗီဇအကျင့် မရှိတော့လျှင် မိမိအသိမှန်ပြီဟူ၍ဆုံးဖြတ်ချက်ချပါ။

ကျေးဇူးတော်ရှင်အောင်လံဆရာတော်ဘုရားကြီး

ဧဝံ အစိန်တိယာ ဗုဒ်ဓါ ၊ ဗုဒ်ဓ ဂုဏာ အစိန်တိယာအစိန္တိယေ ပသန္နနံ ၊ ဝိပါကော ဟောတု မမ အစိန္တိယော။
06/08/2025

ဧဝံ အစိန်တိယာ ဗုဒ်ဓါ ၊ ဗုဒ်ဓ ဂုဏာ အစိန်တိယာ
အစိန္တိယေ ပသန္နနံ ၊ ဝိပါကော ဟောတု မမ အစိန္တိယော။

ပိတုန်းရောင်၊ သပိတ်ရောင်ကဲ့သို့ မည်းနက်တောက်ပြောင်နေသော် ကြေးနက်ဓာတ်လုံးသည် ကာယသိဒ္ဓိအပြီးတိုင်၏။ အစွယ်ရှိသတ္တဝါ အဆိပ်ရှ...
22/07/2025

ပိတုန်းရောင်၊ သပိတ်ရောင်ကဲ့သို့ မည်းနက်တောက်ပြောင်နေသော် ကြေးနက်ဓာတ်လုံးသည် ကာယသိဒ္ဓိအပြီးတိုင်၏။ အစွယ်ရှိသတ္တဝါ အဆိပ်ရှိသတ္ထဝါ မချဉ်းရှောင်၏၊ ပယောဂအထူးနိုင်၏။

ဆောင်ယူးကြေး - ၁၁၀,၀၀၀ ကျပ်

ထေရဝါဒဗုဒ္ဓပိဋကတ်တော်များအလာ အန္တရာယ်ကင်းဂါထာတော်များ မြန်မာပြန်စကားပြေ နှင့် အကျိုးကျေးဇူး ဃဋေသိဂါထာတော် (သို့မဟုတ်) သက...
21/07/2025

ထေရဝါဒဗုဒ္ဓပိဋကတ်တော်များအလာ အန္တရာယ်ကင်းဂါထာတော်များ မြန်မာပြန်စကားပြေ နှင့် အကျိုးကျေးဇူး

ဃဋေသိဂါထာတော် (သို့မဟုတ်) သက်တော်တည်ဂါထာတော် ပါဠိ နှင့် မြန်မာပြန်စကားပြေ
-
-
ပါဠိ-ဃဋသေိ ဃဋသေိ ကိံ ကာရဏာ ဃဋသေိ၊ အဟမ်ပိ တံ ဇာနာမိ ဇာနာမီ။
-
-
မြန်မာပြန်စကားပြေ- သင်သည် (သူတစ်ပါးကို)ထိခိုက်အောင်ပြုလုပ်ရက်၏။ ထိခိုက်အောင်ပြုလုပ်ရက်၏။ အဘယ်သို့သော အကြောင်းကြောင့် (သူတစ်ပါးကို) ထိခိုက်အောင် ပြုလုပ်ရက်သနည်း။ ငါသည်လည်း (သင်အဘယ်ကြောင့်) ထိခိုက်ပြုလုပ်ရသည့်အကြောင်းရင်းကို သိ၏။
-
-
-
ဤဂါထာမန္တန်တော်သည် သုတ္တန်ပိဋကတ် ဓမ္မပဒအဋ္ဌကထာ အပ္ပမာဒဝဂ်၏ စူဠပန်မထေရ်ဝတ္ထုအလာ မန္တန်ဂါထာတော်ဖြစ်ပြီး ဤဂါထာမန္တန်တော်ကြောင့် အရှင်စူဠပန်မထေရ်အလောင်းအလျာ သည် မင်း၏အကိုးအကွယ်ခံဆရာအဖြစ်သို့ရောက်သည့်အပြင် စစ်သူကြီးပါဖြစ်ခဲ့ရဖူးသည့် အထောက်အထားသက်သေလည်းရှိခဲ့ဖူး၏။

ဤဂါထာတော်မြတ်သည် အထူးသဖြင့် အသက်ဘေးအန္တရာယ်အမျိုးမျိုးမှ လွတ်မြောက်ပြီး ရန်သူများကလည်း မကောင်းကြံနိုင်ပေ။ ကြံလျှင် အလိုလိုပျက်စီးရ၏။
ထို့အပြင် မိမိ၏ပစ္စည်းဥစ္စာများအား သူခိုးစသောရန်သူမျိုးငါးမျိုးတို့၏လက်မှ ကင်းလွတ်နိုင်ပြီး အချုပ်အနှောင်များမှလည်း လွတ်မြောက်နိုင်ပေ၏။

“ ဘုရားဂုဏ်ပ    တရားစုံလှနဂါးရုံလှ     စောသတ္ထာကိုမနောထပ်ခါ     အာရုံပြုလို့လာဘ်စုံမှု    ဘဂဝါဂုဏ်တောင်းဆုနန်းရိပ်မြုံ။”...
17/07/2025

“ ဘုရားဂုဏ်ပ တရားစုံလှ
နဂါးရုံလှ စောသတ္ထာကို
မနောထပ်ခါ အာရုံပြုလို့
လာဘ်စုံမှု ဘဂဝါဂုဏ်
တောင်းဆုနန်းရိပ်မြုံ။”

- ဗုဒ္ဓေါရသ

ရတနာတွေမှာ သိဒ္ဓိကောင်းကြီး ရှိသလို ကျိန်စာတွေလဲရှိတယ်။

ရတနာထိုက်တဲ့ပစ္စည်းဆိုတာ ဖြစ်တည်ကထဲက ပိုင်ရှင် သတ်မှတ်ပြီးသားဖြစ်ပါတယ်။ ကျောက်မျက်ရတနာဖြစ်ဖြစ် အဆောင်ရတနာဖြစ်ဖြစ် ပိုင်ရှင်ရှိလို့ပေါ်ရတယ်။

ဘယ်အချိန်မှာ ဘယ်ပိုင်ရှင်ရဲ့ ရှေးဘုန်းကံကြောင့် လက်ထဲကိုရောက်လာမလဲဆိုတာ ကြိုတင်သတ်မှတ်ပြီးသားပါ။

အဲ့လိုသတ်မှတ်ထားတဲ့ရတနာကို ရန်သူမျိုးငါးပါး မည်သို့ပင်ဖျက်ဆီးပါစေ ပိုင်ရှင်
လက်ထဲ သေချာရောက်ပါသည်။ မြဲပါသည်။

မဟာကရုဏာသမာပတ္တိရွှေဉာဏ်တော်အကြောင်းကြောင့် လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ဝပ်စင်းကော်ရော် ပူဇော်အထူးကို ခံယူတော်မူထိုက်သေ...
16/07/2025

မဟာကရုဏာသမာပတ္တိရွှေဉာဏ်တော်
အကြောင်းကြောင့် လူမင်း နတ်မင်း ဗြဟ္မာမင်းတို့
ဝပ်စင်းကော်ရော် ပူဇော်အထူးကို ခံယူတော်
မူထိုက်သော အရဟံဂုဏ်တော်အရှင် မြတ်စွာ
ဘုရားရှင်သည်

သားကောင်းရတနာ၊ သမီးကောင်းရတနာတို့၏
ဟဒယဝတ္ထုနှလုံးအိမ် အကြည်ဓာတ်၌
ရတနာဃရရွှေအိမ်သဖွယ် တည်နေတော်မူပါစေသတည်းမြတ်စွာဘုရား ဘုရား 🙏🙏🙏

🙏🙏🙏
15/07/2025

🙏🙏🙏

ကျေးဇူးတော်ရှင် ကေလာသဆရာတော်ဘုရားကြီးချီးမြှင့်သော ဂုဏ်တော်ကိုးပါးအသွားအပြန်ပုတီးစိပ်နည်း(၁၈)လုံး ပုတီးစိပ်နည်းလေးဖြစ်ပါ...
13/07/2025

ကျေးဇူးတော်ရှင် ကေလာသဆရာတော်
ဘုရားကြီးချီးမြှင့်သော ဂုဏ်တော်ကိုးပါးအသွားအပြန်ပုတီးစိပ်နည်း

(၁၈)လုံး ပုတီးစိပ်နည်းလေးဖြစ်ပါတယ်။

ဂုဏ်တော်ကိုးပါးအား အသွားအပြန်
ကွန်ခြာသဘောမျိုးပူဇော်ရသော နည်းလေး
ဖြစ်သဖြင့် ကောင်းကျိုးအနန္တရရှိမှာ
မလွဲဧကန်ဖြစ်ပေသည်။

၁။ အရဟံ - ပုတီးတစ်လုံး
၂။ သမ္မာသမ္ဗုဒ္ဓေါ - ပုတီးတစ်လုံး
၃။ ဝိဇ္ဇာစရဏသမ္ပန္နော - ပုတီးတစ်လုံး
၄။ သုဂတော - ပုတီးတစ်လုံး
၅။ လောကဝိဒူ - ပုတီးတစ်လုံး
၆။ အနုတ္တရောပုရိသဓမ္မသာရထိ - ပုတီးတစ်လုံး
၇။ သတ္တာဒေဝမနုဿာနံ - ပုတီးတစ်လုံး
၈။ ဗုဒ္ဓေါ - ပုတီးတစ်လုံး
၉။ ဘဂဝါ - ပုတီးတစ်လုံး
၁၀။ ဘဂဝါ - ပုတီးတစ်လုံး
၁၁။ ဗုဒ္ဓေါ - ပုတီးတစ်လုံး
၁၂။ သတ္တာဒေဝမနုဿာနံ - ပုတီးတစ်လုံး
၁၃။ အနုတ္တရောပုရိသဓမ္မသာရထိ - ပုတီးတစ်လုံး
၁၄။ လောကဝိဒူ - ပုတီးတစ်လုံး
၁၅။ သုဂတော - ပုတီးတစ်လုံး
၁၆။ ဝိဇ္ဇာစရဏသမ္ပန္နော - ပုတီးတစ်လုံး
၁၇။ သမ္မာသမ္ဗုဒ္ဓေါ - ပုတီးတစ်လုံး
၁၈။ အရဟံ - ပုတီးတစ်လုံး
ပုတီးစေတီခေါင်းအား ကိုင်၍ ...
ဏဘရံသုခံဣစ္ဆိတံ ဟု ရွတ်ဆိုရမည်ဖြစ်သည်။

(၁၀၈)လုံးပုတီးဖြင့်စိပ်ပါက အသွားအပြန်
(၁၈)လုံးပြည့်ချိန်တွင် ရွတ်ဆိုလို့လဲရပါတယ်။
(၆)ခေါက်ပြည့်လျှင် ပုတီးတစ်ပတ်ရပါတယ်။

ပူဇော်သူ - ဇော်မြတ်မင်း

“ ဝါတွင်းကာလ ဝါဆိုသင်္ကန်းအလှူတော် “{ သံဃာတော်အရှင်မြတ်များသာအလှူခံရန် }ကျွန်တော်တို့ ရွှေပြည့်ဟိန်းpageမှာ ကာလဒါနအလှူအဖ...
10/07/2025

“ ဝါတွင်းကာလ ဝါဆိုသင်္ကန်းအလှူတော် “

{ သံဃာတော်အရှင်မြတ်များသာအလှူခံရန် }

ကျွန်တော်တို့ ရွှေပြည့်ဟိန်းpageမှာ ကာလဒါနအလှူအဖြစ် ဝါဆိုသင်္ကန်း ၅ စုံကို comment pickerဖြင့် မဲဖောက်လှူဒါန်းပေးသွားမည်ဖြစ်ပါသဖြင့်ဘုရားအမှုရှိသောသံဃာတော်အရှင်သူမြတ်တို့မှဤ post အောက်တွင် comment မန့်၍ အလှူခံနိုင်ပါသည် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ဘုရား။

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when ရွှေပြည့်ဟိန်း ဂမ္ဘီရပဒေသာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share