Bethany Myanmar

Bethany Myanmar Bethany Independent Presbyterian Church - Myanmar. A Community of Christ's Disciples
Where God is touching lives and people care for people.

Visiting House of Hope: Sharing and SharpeningHouse of Hope သို့ အလည်အပတ်: မျှဝေခြင်းသည် မစခြင်းပေသည်။
16/08/2026

Visiting House of Hope: Sharing and Sharpening

House of Hope သို့ အလည်အပတ်: မျှဝေခြင်းသည် မစခြင်းပေသည်။

Visiting Wa Net Chaung Disciples (Psalm 133. 1 John 1:3)ဝါးနက်ချောင်း တပည့်တော်စုထံ အိမ်တိုင်ရာရောက် ဆုတောင်းပေးခြင်း (ဆ...
13/08/2026

Visiting Wa Net Chaung Disciples
(Psalm 133. 1 John 1:3)

ဝါးနက်ချောင်း တပည့်တော်စုထံ အိမ်တိုင်ရာရောက် ဆုတောင်းပေးခြင်း (ဆာလံ ၁၃၃၊ ၁ ယော ၁း၃)

Bethany Women Fellowship Activityချက်​ပြုတ်သင်တန်းJuly 25
26/07/2026

Bethany Women Fellowship Activity
ချက်​ပြုတ်သင်တန်း
July 25

The ministry of Bethany Kutalone to the least brethren, sponsored by relatives of Rev Lalte and Family
15/06/2026

The ministry of Bethany Kutalone to the least brethren, sponsored by relatives of Rev Lalte and Family

ဗေသနိ မြန်မာ သမိုင်းအချုပ်***************************၁။ ၁၉၇၃ ခုနှစ်တွင်၊ ဗေသနိ လွတ်လပ်သော ပရက်စ်ဘီတီးရီယာန်း အသင်းတော် (...
11/06/2026

ဗေသနိ မြန်မာ သမိုင်းအချုပ်
***************************

၁။ ၁၉၇၃ ခုနှစ်တွင်၊ ဗေသနိ လွတ်လပ်သော
ပရက်စ်ဘီတီးရီယာန်း အသင်းတော် (ဗေသနိ အိုင်ပီစီ၊
စင်ကာပူ) သည် အသင်းတော်အဖြစ်လည်းကောင်း
နှင့် ပရဟိတအဖြစ်လည်းကောင်း၊ စင်ကာပူနိုင်ငံ၌ စတင်ခဲ့ပါသည်။ ထိုအချိန်မှ စပြီး အသင်းတော်ကို တည်ထောင်သူ သိက္ခာတော်ရ ဒေါက်တာ ချားလ်(စ်) တန် (Rev Dr Charles Tan) သည် နိုင်ငံတကာမှာရှိသော အိုင်ပီစီ အသင်းတော်များ၏ သဘာပတိအဖြစ် စဉ်ဆက်မပြတ် ဆောင်ရွက်လာခဲ့သည်။
ဘုရားသခင်သည် ဗေသနိ အိုင်ပီစီ၊ စင်ကာပူ အသင်းတော်ကို ကောင်းချီးပေးကာ သာသနာကို နေရာအနံ့
ချဲ့ရသော အခွင့်ပေးလာခဲ့သည်။ ထို့ကြောင့်၊ ဗေသနိ အိုင်ပီစီ၊ စင်ကာပူ၊ သည် အောက်ပါနိုင်ငံနှင့်ဒေသများ
၌ သာသနာကို တိုးချဲ့လာခဲ့သည်။ ၎င်းတို့မှာ-
က။ အိန္ဒိယနိုင်ငံတောင်ပိုင်း ၁၉၈၉
ခ။ သြစတေးလျနိုင်ငံ အနောက်ပိုင်း ၁၉၉၄
ဂ။ မြန်မာနိုင်ငံ ၁၉၉၅
ဃ။ ကင်ညာနိုင်ငံ ၂၀၁၉
င။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ၂၀၂၁

၂။ ၁၉၉၅ ခှနှစ် တွင်၊ မြန်မာနိုင်ငံ လွတ်လပ်သော အသင်းတော် (အိုင်စီအမ်) သည် ဗေသနိ အိုင်ပီစီ၊
စင်ကာပူ အသင်းတော်အား လက်တွဲအမှုတော်ဆောင်ရန် ဖိတ်ခေါ်ခဲ့သည်။ ဘုရားသခင်သည် သိက္ခာတော်ရ ဒေါက်တာ ချားလ်(စ်)တန် နှင့် ဗေသနိ အိုင်ပီစီ၊ စင်ကာပူ အသင်းတော် တို့၏ အလှူဒါနအားဖြင့် သာသနာလုပ်ငန်းအတွက် မြေကွက် သုံးနေရာ ပြင်ဆင်ပေးခဲ့သည်။ ထိုမြေနေရာ၌ရှိသော သာသနာလုပ်ငန်းများကို သိက္ခာတော်ရ ဒေါက်တာ ချားလ်(စ်) တန်ကိုယ်တိုင်
စဉ်ဆက်မပြတ် စီမံဦးဆောင်လာခဲ့သည်။

က) အိမ်နံပါတ် ၁၁၂/ခ၊ အထက်မင်းကြီးလမ်း၊
ရွာမအရှေ့၊ အင်းစိန်မြို့နယ်တွင် ရှိသော
ဗေသနိ ဓမ္မ တက္ကသိုလ်ကို ၁၉၉၆ တွင် ဝယ်ယူလှူဒါန်းခဲ့သည်။

ခ) အိမ်နံပါတ် ၃၂၄၊ မင်းကြီးလမ်း၊ ရွာမအရှေ့၊ အင်းစိန်မြို့နယ်တွင် ရှိသော ဆရာများနေအိမ်ကို
၁၉၉၇ ခုနှစ်တွင် ဝယ်ယူလှူဒါန်းခဲ့သည်။

ဂ) အိမ်နံပါတ် ၁၀/၂၂၆၊ ပိတောက်မြိုင်လမ်း၊ စမ်းမြို့ရပ်ကွက်၊ ကလေးမြို့နယ်တွင် ရှိသော ဗေသနိကလေးများ ဖွံဖြိုးရေး စင်တာကို ၁၉၉၉ ခုနှစ်တွင် ဝယ်ယူလှူးဒါန်းခဲ့သည်။ ထိုချိန်မှစပြီး ဤဗေသနိ ကလေးများ ဖွံဖြိုးရေး စင်တာသည် ဗေသနိ အိုင်ပီစီ၊ စင်ကာပူ
အသင်းတော်၏ ထောက်ပံ့ခြင်းကို တိုက်ရိုက် အပြည့်အဝရယူလာခဲ့သည်။

၃။ ၂၀၀၁ ခုနှစ်တွင်၊ အိုင်စီအမ် အသင်းတော်သည် လွတ်လပ်သော ပရက်စ်ဘီတီးရီယာန်း အသင်း
တော် နာမည်ကို ခံယူလာခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ လွတ်လပ်သော ပရက်စ်ဘီတီးရီယာန်း
အသင်းတော် (အိုင်ပီစီအမ်) ဟု အသင်းတော်နာမည် ပြောင်းလဲခေါ်တွင်လာခဲ့သည်။

၄။ ၂၀၁၇ ခုနှစ်တွင်၊ အိုင်ပီစီအမ် အသင်းတော်သည် အိုင်ပီစီအမ်နှင့် ဗေသနိ လွတ်လပ်သော ပရက်စ်ဘီတီးရီယာန်း အသင်းတော်၊ မြန်မာ (ဗေသနိ အိုင်ပီစီ၊ မြန်မာ) ဟူ၍ အသင်းတော်နှစ်ပါးအဖြစ် ရပ်တည် လာခဲ့ကြသည်။ ၂၀၁၈ ခုနှစ်တွင်၊ အိုင်ပီစီအမ်အသင်းတော်နှင့်သက်ဆိုင်သော ပစ္စည်းဥစ္စာ များကို နှစ်ဖက်အသင်းတော်ခေါင်းဆောင်များမှ ခွဲဝေကာ ပဠိညာဉ်လက်မှတ်ရေးထိုးခဲ့ကြသည်။

၅။ ၂ဝ၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈) ရက်တွင်၊ ဗေသနိအိုင်ပီစီ (မြန်မာ) သည် အသင်းတော်ပိုင် ပစ္စည်း
ဥစ္စာ များနှင့် ခေါင်းဆောင်မှုဆိုင်ရာကိစ္စတို့နှင့် ပတ်သက်ပြီး ဗေသနိအိုင်ပီစီ (စင်ကာပူ) ၏

လမ်းညွှန်မှုကို လိုက်နာရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ၂၀၁၉ ခုနှစ် သြဂုတ်လတွင်၊ သိက္ခာတော်ရ
ဒေါက်တာ ပါဆန်းနှင့် သူ ဦးဆောင်သော လူတစ်စုတို့သည် ၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီ (၁၈) ရက်ပါ
သဘောတူ ဆုံးဖြတ်ချက်ကို ချိုးဖေါက်ကာ၊ ဗေသနိ အိုင်ပီစီ၊ စင်ကာပူ ၏ ဦးဆောင်မှုမှ ထွက်ခွာသွားကြသည်။

၆။ ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်တွင်၊ သစ္စာခံကျန်ရစ်သော ဗေသနိ အိုင်ပီစီ (မြန်မာ)
အသင်းသူ၊ အသင်းသားများနှင့် အသင်းတော်များကို သိက္ခာတော်ရ ဒေါက်တာ သောမတ်(စ်) ဇာတီလ်
(Rev Dr Tomas Zatel) က ဦးဆောင်ကာ အသင်းတော်၏ ကိုယ်စားလှယ်များ ၏ ပထမအကြိမ် ပြည်တွင်း အလုပ်အမှုဆောင် ကော်မတီကို နိုင်ငံတကာ အိုင်ပီစီ အသင်းတော်များ လမ်းစဉ်နှင့် အညီ ဖွဲ့စည်း ကျင်းပခဲ့ကြသည်။ ထိုကော်မတီသည် ဖွဲ့စည်းပုံအခြေခံ
စည်းမျဉ်းများကို ရေးဆွဲ၍၊ အသင်း တော်၏ ရူပါရုံ၊ နည်းဗျူဟာတို့ကို ချမှတ်ခဲ့ကြသည်။

၇။ ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ဗေသနိ အိုင်ပီစီ၊ စင်ကာပူ သည် ဗေသနိ အိုင်ပီစီ၊
မြန်မာ (ခေါ် ) ဗေသနိ မြန်မာ ကို ၎င်း၏ တစ်ခုတည်းသော လက်အောက်ခံ အသင်းတော်ဖြစ်ကြောင်း အသိအမှတ် ပြုစာလွှာပေးပို့ခဲ့သည်။ ထိုအချိန်ကစပြီး၊ ဗေသနိ မြန်မာ သည် စင်ကာပူ၊ အိန္ဒိယ၊ သြစတြေးလျ၊ မြန်မာ၊ နှင့် ကင်ညာ၊ တို့ပါဝင်သော နိုင်ငံတကာ အိုင်ပီစီ
အသင်းတော်တစ်ပါးဖြစ်လာခဲ့သည်။

၈။ စက်တင်ဘာလ (၁၉) ၊ ဗေသနိ မြန်မာ၏ နှစ်ပတ် လည်နေ့သည် အသင်းတော် တစ်ပါးအနေဖြင့်
အကျွန်ုပ်တို့ ဖြတ်ကျော်လာသော ခရီးစဉ်အတွက်သာ မဟုတ်ဘဲ၊ အထူးသဖြင့် ကျစ်လစ်ခိုင်ခံ့သော
ပြည်တွင်းအသင်းတော်တစ်ပါးအဖြစ်လည်းကောင်း၊ နိုင်ငံတကာ အိုင်ပီစီ အသိအမှတ်ပြု အသင်းတော်တစ်ပါး အဖြစ်လည်းကောင်း၊ မွေးဖွားရပ်တည်ခြင်း အထိမ်းအမှတ်အဖြစ်နှစ်စဉ်ကျင်းပသော ဓမ္မသဘင်
နေ့ ဖြစ်သည်။

၉။ အကျွန်ပ်တို့အား ဘုရားသခင် အပ်နှံထားသော အမှုတော်များအတွက် ကျေးဇူးတော်ချီးမွမ်းပါသည်။
ထိုအမှုတော်များမှာ-
က) ဗေသနိ ဓမ္မ တက္ကသိုလ် (၁၉၉၆)
ခ) ဗေသနိ မြန်မာ လီမီတက် (၂၀၁၉)
ဂ) ဗေသနိ မြန်မာ စာပေ (၂၀၂၀)
ယ) ဗေသနိ မျှော်လင့်ခြင်း စင်တာ (မိဘမဲ့ဂေဟာ)
(၂၀၂၂)
င) မျှော်လင့်ခြင်းအိမ် (ဘော်ဒါဆောင်) (၂၀၂၄)
စ) အသင်းတော် (၁၅) ပါး

ထုတ်ဝေသူ
ဌါနချုပ်
ဗေသနိ မြန်မာ
၁၁၂/ခ အထက်မင်းကြီးလမ်း၊ ရွာမအရှေ့၊ အင်းစိန်
ရန်ကုန်၊ မြန်မာ ၁၁၀၁၁
ဖုန်း- ၀၉၄၄၂၆၄၇၆၅ (ရုံး) ၊
- ၀၉၄၀၁၅၉၆၃၉၉ (အတွင်းရေးမှူး)

07/06/2026

Bethany Insein Youth Worship
======================

Address

112/B, Upper Myingyi Road, East Ywama, Insein
Yangon
110111

Alerts

Be the first to know and let us send you an email when Bethany Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Bethany Myanmar:

Shortcuts

Share