လွယ်ကူထိရောက်ပုတီးစိပ်နည်းများ

  • Home
  • Myanmar
  • Yangon
  • လွယ်ကူထိရောက်ပုတီးစိပ်နည်းများ

လွယ်ကူထိရောက်ပုတီးစိပ်နည်းများ ဘုရားရှိခိုးနည်းအမျိုးမျိုး

🙏🙏🙏 ဝါတွင်း(၃)လ " ကိုးနဝင်းပုတီး " ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 🙏🙏🙏🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အဓိပ္ပါယ်အကျဉ်း🙏🙏🙏၁။...
24/05/2024

🙏🙏🙏 ဝါတွင်း(၃)လ " ကိုးနဝင်းပုတီး " ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 🙏🙏🙏

🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အဓိပ္ပါယ်အကျဉ်း🙏🙏🙏

၁။ အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား...

၂။ သမ္မာသမ္ဗုဒ္ဓေါ = သစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကြွင်းမဲ့ဥဿုံ အလုံးစုံကို ကိုယ်တော်တိုင်သာလျှင် ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၃။ ဝိဇ္ဇာစရဏသမ္ပန္နော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော (ဝါ) ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

၄။ သုဂတော = ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတက်သော (ဝါ) ကျိုးရှိဟုတ်မှန် သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတက်သော မြတ်စွာဘုရား...

၅။ လောကဝိဒူ = သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ = မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား...

၇။ သတ္တာဒေဝမနုဿာနံ = လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား...

၈။ ဗုဒ္ဓေါ = သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော (ဝါ) သစ္စာလေးအင်ကိုယ်တိုင်မြင်၍ များဖြင့်ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား...

၉။ ဘဂဝါ = ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ ဟူသော ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

ဤသို့လျှင် အရဟံ စသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား 🙏🙏🙏

🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အကျိုး🙏🙏🙏

၁။ အရဟံ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေသည်၊ သူတစ်ပါးတို့က လေးစားချစ်ခင်သည်။

၂။ သမ္မာသမ္ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အသိဉာဏ်ပညာ ထိုးထွင်းတိုးပွါးစေသည်၊ အသိဉာဏ်နှင့် စပ်လျဉ်းသည့် ကိစ္စအားလုံး အောင်မြင်စေသည်။

၃။ ဝိဇ္ဇာစရဏ သမ္ပန္နော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘုန်းတန်ခိုးကြီးမားစေသည်၊ လက်ရုံးရည် နှလုံးရည် တိုးပွါးစေသည်။သတ္တိ ဗျတ္တိ နှင့် ပြည့်စုံနိုင်စေသည်။

၄။ သုဂတော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် သူတစ်ပါးတို့က ချစ်ခင်လေးစား ကူညီသည်၊ ချီးမြင့်သည်၊ မိမိတောင့်တသမျှ ကောင်းကျိုးများ အောင်မြင်သည်၊ ရောက်လေရာရာ အခါမရွေး ဒေသမရွေး မျက်နှာပွင့်လန်းသည်။

၅။ လောကဝိဒူ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အချိန်ကာလ နေရာဌာနအားလျော်စွာ အကြံအစည် ပြုသမျှကိစ္စ အားလုံးကို အလွယ်တကူ အောင်မြင်သည်၊ သူတစ်ပါးတို့ အကြံအစည်ကိုလည်း သိနိုင်သည်။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ - သူတစ်ပါးတို့က နိုင်ထက်ကလူ မပြုနိုင်၊ အပြိုင်အဆိုင်ဟူသမျှ အနိုင်ရသည်။

၇။ သတ္တာဒဝေ မနုဿာနံ - သူတစ်ပါး၏ အကြည်ညိုခံရသည်၊ အစဉ်ထာဝရ လေးစားရိုသေမှုခံရသည်။ ဩဇာအာဏာ ထက်မြက်သည်။

၈။ ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အရာရာကြံဆ၍ သိနိုင်ပေသည်၊ ပြဿနာ ဟူသမျှကို ဖြေရှင်းနိုင်သည်။

၉။ ဘဂဝါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် လူချစ်လူခင်ပေါများသည်၊ အားလုံးက ကြည်ညိုကြသည်၊ အခြွေအရံပေါများသည်၊ သူတစ်ပါးတို့ မတုပြိုင်ဝံ့ ကြောက်လန့်ရိုသေစေသည်။
....................................................................

🙏🙏🙏ဝါတွင်း(၃)လ ရက်ပေါင်း(၉၀)စိပ်ရတဲ့ " ကိုးနဝင်း " ပုတီးစိပ်နည်း🙏🙏🙏

🙏🙏🙏စိပ်ရမယ့်နေ့ရက်များ🙏🙏🙏
_________________________________
(၉) ပါးစလုံးကို ( ၂၀ . ၇ . ၂၀၂၄ ) မှ ( ၂၈ . ၇ . ၂၀၂၄ ) အထိနေ့တိုင်းတစ်ပတ်စီစိပ်ပါ။

အရဟံ (၁)ပတ်

သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်

ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်

သုဂတော (၁)ပတ်

လောကဝိဒူ (၁)ပတ်

အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်

သတ္ထာဒေဝမနုဿာနံ (၁)ပတ်

ဗုဒ္ဓေါ (၁)ပတ်

ဘဂဝါ (၁)ပတ်
________________________________

🙏အရဟံ သိဒ္ဓိ (၉)ပတ်🙏

(၂၉ . ၇ . ၂၀၂၄) မှ
(၆ . ၈ . ၂၀၂၄) အထိ
________________________________

🙏သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်🙏

(၇ . ၈ . ၂၀၂၄) မှ
(၁၅ . ၈ . ၂၀၂၄) အထိ
________________________________

🙏ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်🙏

(၁၆ . ၈ . ၂၀၂၄) မှ
(၂၄ . ၈ . ၂၀၂၄) အထိ
________________________________

🙏သုဂတော သိဒ္ဓိ (၉)ပတ်🙏

(၂၅ . ၈ . ၂၀၂၄) မှ
(၂ . ၉ . ၂၀၂၄) အထိ
_______________________________

🙏လောကဝိဒူ သိဒ္ဓိ (၉)ပတ်🙏

(၃ . ၉ . ၂၀၂၄) မှ
(၁၁ . ၉ . ၂၀၂၄) အထိ
________________________________

🙏အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်🙏

(၁၂ . ၉ . ၂၀၂၄) မှ
(၂၀ . ၉ . ၂၀၂၄) အထိ
________________________________

🙏သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်🙏

(၂၁ . ၉ . ၂၀၂၄) မှ
(၂၉ . ၉ . ၂၀၂၄) အထိ
________________________________

🙏ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်🙏

(၃၀ . ၉ . ၂၀၂၄) မှ
(၈ . ၁၀ . ၂၀၂၄) အထိ

_______________________________

🙏ဘဂဝါ သိဒ္ဓိ (၉)ပတ်🙏

(၉ . ၁၀ . ၂၀၂၄) မှ
(၁၇ . ၁၀ . ၂၀၂၄) အထိ
________________________________

- သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
- အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
- နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ် ခင်ဗျာ

🙏🙏🙏 လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။🙏🙏🙏

ကျေးဇူးတော်ရှင်  မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး အား ဖူးတွေ့ လိုပါလျှင်🙏🙏🙏       🌹🥀🌺🌷⚘🌹     🙏🙏🙏 တို့နဲ့ တွေ့ချင်ရင်..."တိ...
07/05/2024

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
အား ဖူးတွေ့ လိုပါလျှင်

🙏🙏🙏 🌹🥀🌺🌷⚘🌹 🙏🙏🙏

တို့နဲ့ တွေ့ချင်ရင်..."

တို့နဲ့ တွေ့ချင်ရင် အလွယ်ကလေးပါ။
အတွေ့တူရင် အတူတွေ့ပါတယ်။

မနက် (၄)နာရီ တစ်ကြိမ်
ည(၇)နာရီ တစ်ကြိမ် ဘုရားစင်ရှေ့ သွားပြီး
ဘုရားနဲ့ တွေ့ပါ ။ ချိန်းပါ။

အဲ့အချိန်မှာ ဘုရားရှိခိုး၊ ဂုဏ်တော်ပွား၊
တရားမှတ် စသည့် ကိစ္စရပ်တွေကို လုပ်ပါ။

တို့လည်း အဲ့အချိန် နှစ်ချိန်ကို
အများဝေနေယျအတွက်
သီးသန့်ပေးပြီး အလုပ် လုပ်ပါတယ်။

အဲ့အချိန်မှာ တရား အလုပ် လုပ်နေခြင်းဟာ
တို့နဲ့ အတူ တွေ့တာပါ ပဲ။

အပြင်မှာ တစ်ခဏတာလေး
တွေ့ဖို့အရေး အပင်ပန်းခံ ၊
ငွေကုန်ခံပြီး မလာပါနဲ့။

လာပြီးတော့လည်း
ဘာမှ ရသွားတာ မဟုတ်ပါဘူး။

မြင်ပြီး ဒီအတိုင်း ပြန်သွားရတာ ချည်းပါ။
တို့ဆီက ဘာရလည်းဆို ဘာမှ မရပါဘူး။

တို့ရဲ့ ပရိတ်သတ်တွေ
တို့ဆီကို အဲ့လိုလာခြင်းဟာ တို့ရဲ့ အလုပ်ကို
အနှောက်အယှက်ဖြစ်ရာ ရောက်ပါတယ်။

ဒီတော့ တို့ကို တကယ်ကြည်ညိုတယ်၊
ပူဇော်ချင်တယ် ဆိုရင်

ဘုရားစင်ရှေ့သွားပြီး
(၅)မိနစ် ရရ ၊(၁၀)မိနစ် ရရ မှတ်ပေးစမ်းပါ။

တရားနဲ့ တို့ကို ပူဇော်ပေးပါ။

တို့နဲ့ အပြင်မှာ တွေ့နိုင်မယ့်
ပဋ္ဌာန်းဆက် ပါရင်တော့
ဘယ်သူတားတား တားမရပါဘူး။

ဧကန် ဖူးတွေ့ ရမှာပါ။

ဒီတော့ တို့ကို အမှန်တကယ်
ဖူးတွေ့ချင်သူတွေ
တို့နဲ့ အကျင့်တူအောင် လုပ်ပါ။

တို့နဲ့ အကျင့်တူတဲ့ သူတွေ
တို့ကို ဖူးတွေ့ နိုင်ကြပါတယ် . . .။

ကျေးဇူးတော်ရှင်
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

🙏🙏🙏 💐🌺🌹🌻🌼🌷⚘💐 🙏🙏🙏

🙏🏻 🙏🏻 🙏🏻
04/05/2024

🙏🏻 🙏🏻 🙏🏻

၀ါထပ်လို့  #ဒုတိယ ၀ါဆို လပြည့် ၈လပိုင်း ၁ရက်​နေ့မှ စမယ်​နော် 🙏🏻🙏🏻🙏🏻ဝါတွင်း ၃ လ ရက်​ပေါင်း📿 ၉၀ အဓိဌာန် ဝင်ချင်သူ​တွေအတွက်...
31/07/2023

၀ါထပ်လို့ #ဒုတိယ ၀ါဆို လပြည့် ၈လပိုင်း ၁ရက်​နေ့မှ စမယ်​နော် 🙏🏻🙏🏻🙏🏻

ဝါတွင်း ၃ လ ရက်​ပေါင်း📿 ၉၀ အဓိဌာန် ဝင်ချင်သူ​တွေအတွက်📿📿📿

🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻

2023 အတွက် ဝါတွင်း (၃)လ ရက်ပေါင်း(၉၀)စိပ်ရတဲ့
ကိုးနဝင်းပုတီးစိပ်နည်းလေး စိပ်ရမယ့် ရက်လေးတွေ သတ်မှတ်ပြီးပါပြီ။

ဝါဆိုလပြည့်နေ့မှ
သီတင်းကျွတ်လပြည့်နေ့ထိဖြစ်ပါတယ်

သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်ရှင့်

စိပ်ရမယ့် နေ့ရက်များ
__________________________
၉ပါးစလုံးကို
နေ့တိုင်းတစ်ပတ်စီပါ

အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်

1 . 8 . 2023.မှ
9 . 8 . 2023.အထိ
__________________________

အရဟံ သိဒ္ဓိ (၉)ပတ်

10 . 8 . 2023. မှ
18 . 8. 2023.အထိ
__________________________

သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်

19 . 8 . 2023. မှ
27 . 8 . 2023. အထိ
________________________

ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်

28 .8 . 2023 . မှ
5 . 9 . 2023.နေ့အထိ
________________________

သုဂတော သိဒ္ဓိ (၉)ပတ်

6 . 9 . 2023 . မှ
14 . 9 . 2023 . နေ့အထိ
__________________________

လောကဝိဒူ သိဒ္ဓိ (၉)ပတ်

15 . 9 . 2023 . မှ
23 . 9 . 2023 . နေ့အထိ
__________________________

အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်

24 . 9 . 2023 . မှ
2 . 10 . 2023 . နေ့အထိ
__________________________

သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်

3 . 10 . 2023 . မှ
11 . 10 . 2023 . အထိ
__________________________

ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်

12 . 10. 2023.မှ
20 . 10 . 2023 . အထိ

_________________________

ဘဂဝါ သိဒ္ဓိ (၉)ပတ်

21 . 10 . 2023.မှ
29 . 10. 2023 . အထိ
__________________________

မူရင်းရေးသားသူအား လေးစားစွာ crd ပေးပါတယ်ရှင့်

ဝါဆိုလပြည့်နေ့က1ရက်နေ့ အင်္ဂါနေ့ကျတယ်နော် လပြည့်နေ့လည်းဖြစ် အင်္ဂါနေ့လည်းဖြစ်တော့ ဆန်၊ဆီ၊ဆေး၊ဆားကို ကပ်လှူဖို့ တိုက်တွန်...
31/07/2023

ဝါဆိုလပြည့်နေ့က1ရက်နေ့ အင်္ဂါနေ့ကျတယ်နော်
လပြည့်နေ့လည်းဖြစ် အင်္ဂါနေ့လည်းဖြစ်တော့ ဆန်၊ဆီ၊ဆေး၊ဆားကို ကပ်လှူဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ် 🙏🙏🙏
ဆန် ဆီ ဆားဆေး လှူဒါန်းရခြင်းအကျိုးမှာ အကျပ် အတည်းများ ရင်ဆိုင်နေရသောအခါ၊ စားဝတ်နေရေးအတွက် ရုန်းကန်ရေသောအခါများတွင် အရံသင့်ပေးမည့်၊ ကျွေးမည့် လက်တစ်စုံ အမှီရစေ၏။ လုပ်ငန်းစီးပွားများ တိုးတက်စေ၏။
ကျန်းမာရေး ချို့ယွင်းသူများ ကျန်းမာလာစေ၏။ မိမိအိမ်တွင် လိုအပ်ချက် မှန်သမျှပြည့်စုံလာစေ၏။ မိမိအိမ်တွင် မရှိစကား၊ ပေးပါတောင်းပါဟု ပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။
မိမိတို့၏ အိမ်မီးဖိုချောင်သည် စားစရာများဖြင့် ပြည့်စုံနေခြင်း၊ စိတ်ဝမ်းကွဲနေသော မိတ်ဆွေ ညီအကိုမောင်နှမများလည်း ပြန်လည်သင့်မြတ်ပါလိမ့်မည်။
ဆန်၊ဆီ၊ဆေး၊ဆား ကပ်လှူနည်း
*****************************
လပြည့်နေ့တိုင်း ပြုလုပ်နိင်သည့် ဆန်ဆီဆေးဆား အလှူတော်🙏
လပြည့်နေ့အခါသမယ မှာ ဆန်ဆီဆေးဆား လှူဒါန်းကုသိုလ်ပြုနိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လပြည့်နေ့ မနက် ၉ နာရီ (သို့) ၉ နာရီ ၄၅ မိနစ်တွင် အိမ်၏ ဘုရားကျောင်းဆောင်၌ ဆန်၊ ဆီ၊ ဆေး၊ ဆား တို့ကို လှူဒါန်းပြီး မေတ္တာသုတ် (၁၀) ခေါက်၊ သမ္ဗုဒ္ဓေ (၁၀) ခေါက်၊ ဒိဝါတပတိ (၁၀) ခေါက် ရွတ်ဖတ်ပူဇော်ပါ။ ကုသိုလ်၏ အဖို့ဘာဂကို မေတ္တာပို့၊ အမျှဝေပါ။
လှူဒါန်းရာတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့်တကွ သံဃာတော်များအတွက် ရည်စူးကာ မိမိတတ်နိုင်သလောက် ဆန်အပြည့်၊ ဆီအပြည့် ၊ဆေးပစ္စည်းအပြည့်၊ ဆားအပြည့်ထည့်ကာ ကပ်လှူထားရှိပေးပါ။
ပြည့်ဝခြင်းသဘောကိုဆောင်တဲ့ အဓိပ္ပာယ်ပါ။
လှူပြီး နေ့လည် ၁၂ နာရီ ၊ ၁ နာရီလောက် ပြန်စွန့်ပေးပါ။ စွန့်ပြီးသား ဆန်ကို သံဃာတော်များ၊ သီလရှင်များအား လောင်းလှူခြင်း၊ ဆွမ်းချက်၍ သံဃော်တော်များအား လှူဒါန်းခြင်း၊ မရှိနွမ်းပါးသူများအား ပြန်လည် လှူဒါန်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
အခါကြီးရက်ကြီးတိုင်း ပုံမှန်လုပ်ပေးခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝပြီး ကောင်းကျိုးများဖြင့် ပြည့်စုံနိုင်ကြပါစေ။
မူရင်းရေးသားသူအား လေးစားစွာဂါရဝပြုပါသည်🙏

အချိန်မှီလေး ကုသိုလ်ပြုချင်သူများအတွက် အဓိဌာန်🙏ဒိဝါတပတိဂါထာကြီးဟာ မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ထင်သာမြင်သာရှိအောင်ပ...
21/02/2023

အချိန်မှီလေး ကုသိုလ်ပြုချင်သူများအတွက် အဓိဌာန်🙏

ဒိဝါတပတိဂါထာကြီးဟာ မြတ်စွာဘုရားရှင်ရဲ့
ဂုဏ်တော်တွေကို ထင်သာမြင်သာရှိအောင်ပူဇော်ထားတဲ့
တကယ့်အနှစ်သာရရှိတဲ့ ဂါထာတော်ကြီးပါ🙏🙏

မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် နူတ်ကမြွက်ဟ
​မိန့်ကြားခဲ့တဲ့ ဂါထာတော်ကြီးမို့ တကယ်ကို
အကျိုးထူးလှပါတယ်နော်🙏🙏

ဒိဝါတပတိဂါထာတော်ကြီးကို နဝင်း ၁၂ဆင့်အတိုင်း
ပူဇော်ကြမယ်နော်🙏🙏🙏

ရွတ်ဖတ်ရတာ လွယ်ကူလျှင်မြန်လို့ အဓိဌာန်ဝင်ရတာ
မခက်ခဲပါဘူး။ အချိန်လည်း မိနစ်ပိုင်းပဲပေးရတာမို့
လူတိုင်းပါဝင်စေချင်ပါတယ်ရှင့်🙏🙏🙏

☘️☘️နဝင်း(၁၂)မျိုးရှိတယ်လို့ လေ့လာမှတ်သားဖူးပါတယ်

(၉)👉👉👉 မူလ(အခြေခံ)
(၁+၈)👉👉 အောင်
(၂+၇)👉👉 ငွေ
(၃+၆)👉👉 စိတ်
(၄+၅)👉👉 လာဘ်
(၅+၄)👉👉 ပညာ
(၆+၃)👉👉 ပီယ
(၇+၂)👉👉 ဒုက္ခငြိမ်း
(၈+၁)👉👉 အဟောင်းပြန်တွေ့
(၉+၀)👉👉 ဓါတ်သိမ်း
(၉+၉)👉👉 မှန်-တန်ပြန်
(၁+၀၈)👉👉 အလုံးစုံအောင်

🌻🌻ဒိဝါတပတိဂါထာအဓိဌာန်🌻🌻

✅✅ အဆင့် - ၁ 🌻🌻🌻 👉👉 မူလ

တစ်နေ့ (၉)ခေါက် × ၉ ရက်

အုတ်မြစ်ချခြင်းဖြစ်ပါတယ်။
☘️☘️☘️☘️☘️☘️☘️☘️☘️☘️

✅✅ အဆင့်- ၂ 🌻🌻🌻 👉👉 အောင်

တစ်နေ့ (၁၈)ခေါက် × ၉ ရက်

ကိုယ်လုပ်တဲ့ကိစ္စတွေအောင် မြင်လာတတ်ပါတယ်။
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

✅✅ အဆင့်- ၃ 🌻🌻🌻 👉👉 ငွေ

တစ်နေ့ (၂၇ )ခေါက် × ၉ ရက်

ငွေကြေးကိစ္စအထူးအဆင်ပြေနိုင်ပါတယ်။

ဒီအဆင့်မှာစပြီး ထူးခြားလာတတ်ပါတယ်
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

✅✅ အဆင့်- ၄ 🌻🌻🌻 👉👉 စိတ်

တစ်နေ့ (၃၆ )ခေါက် × ၉ ရက်

စိတ်အေးချမ်းမှုအထူးရလာတတ်ပါတယ်။
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

✅✅ အဆင့် - ၅ 🌻🌻🌻 👉👉 လာဒ်

တစ်နေ့ (၄၅)ခေါက် × ၉ ရက်

လာဒ်လာဘပေါများလာတတ်ပါတယ်။
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

✅✅ အဆင့် - ၆ 🌻🌻🌻 👉👉 ပညာ

တစ်နေ့ (၅၄)ခေါက် × ၉ ရက်

အတတ်ပညာတွေတတ် မြောက်အောင် မြင်လာတတ်ပါ တယ်။
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

✅✅ အဆင့် - ၇ 🌻🌻🌻 👉👉 ပီယ

တစ်နေ့ (၆၃)ခေါက် × ၉ ရက်

ချစ်ခင်လေးစားသူများလာတတ်ပါတယ်။
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

✅✅ အဆင့် - ၈ 🌻🌻🌻 👉👉 ဒုက္ခငြိမ်း

တစ်နေ့ (၇၂)ခေါက် × ၉ ရက်

ရှိတဲ့ဒုက္ခတွေငြိမ်းအေးသွားနိုင်ပါတယ်။
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

✅✅ အဆင့် - ၉ 🌻🌻🌻 👉👉 အဟောင်းပြန်တွေ့

တစ်နေ့ (၈၁)ခေါက် × ၉ ရက်

ပျောက်သွားတဲ့ပစ္စည်း၊မတွေ့တာကြာတဲ့သူ၊
အဆက်ပြတ်သွားတဲ့သူတွေနဲ့ပြန်တွေ့ရတတ်ပါတယ်။
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

✅✅ အဆင့် - ၁၀ 🌻🌻🌻 👉👉 ဓါတ်သိမ်း

တစ်နေ့ (၉၀)ခေါက် × ၉ ရက်

ဖြစ်ရန်ရှိသောအညံ့များပြေ ပျောက်ခြင်း။

ဖြစ်ရန်ရှိသော ကံဆိုးမှုများမဖြစ်တော့ခြင်း။

ဥပမာ နေကောင်းပျောက်ပြီး ပြန်လည်ကျန်း
မာသန်စွမ်းလာခြင်းအဆင့်ဖြစ်ပါတယ်။

အရာရာအတွက်အဆင်သင့်ဖြစ်တဲ့ အဆင့်ဖြစ်ပါတယ်။
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

✅✅ အဆင့် - ၁၁ 🌻🌻🌻 👉👉 မှန် / တန်ပြန်

တစ်နေ့ (၉၉)ခေါက် × ၉ ရက်

အခြားသူတွေကိုယ့်ကိုကောင်းတာလုပ်လုပ် , မကောင်းတာပဲ လုပ်လုပ် တူ သောအကျိုးကို လျှင်မြန်စွာပေး နိုင်ပါတယ်။
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

✅✅ အဆင့် - ၁၂ 🌻🌻🌻 👉👉 အလုံးစုံအောင်

တစ်နေ့ (၁၀၈) ခေါက် × ၉ ရက်

ဘာမဆိုအောင် မြင်နိုင်ပါတယ်။
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

🙏 ဖြေးဖြေးနှင့် မှန်မှန်သာယာနာပျော်ဖွယ်အသံဖြင့်ရွတ်ပါက ပိုထိရောက်ပါသည်။

🙏 အဓိဌာန်ဝင်နေချိန်ငါးပါး သီလအထူးမြဲရပါမည်။

🙏 မအားလပ် ပါက တစ်နေ့လျှင်အချိန်ခြားပြီး အခေါက်ရေခွဲ၍ရွတ်နိုင်ပါ သည်။

🙏 ၁၀၈ ရက် ဆက်တိုက်ပြု လုပ်ရသောအဓိဌာန်ဖြစ်ပါသည်။

🙏 ပျက်သွားလျှင်အစမှပြန်စရပါသည်။

🌻🌻 အဖျက်အလွန်များပြီးအောင်မြင်ရန်ခက်ခဲသောအဓိဌာန်ဖြစ်ပါတယ်။

သိုသော်လည်း မေတ္တာစိတ်ရှိနေသောသူများအတွက်မူ
အလွန်လွယ်ကူသော အဓိဌာန်လည်းဖြစ်နေ တတ်ပါသည်။
ထို့ကြောင့် အဓိဌာန်တစ်ဆင့်ပြီးတိုင်း ကိုယ့်ကိုယ်ကိုဂုဏ်ယူပါ။

👉👉 ရှေ့ဆက်လုပ်ပါ။

တစ်ဆင့်ပြီး တစ်ဆင့်အကျိုး ပေးခြင်းထူးခြားမှု

အလွန်သိသာသော အဓိဌာန်ဖြစ်ပါသည်။

ဘုရားရှေ့တွင် ဤအဓိဌာန်ကိုဆောက်တည်ပါက
ပိုထိရောက် သည်ဆိုသော် လည်း....

မိမိစိတ်သည်သာအဓိကဖြစ်ပါ၍

အဓိဌာန်ပြုနေချိန်၌ စိတ်သက်တောင့်သက်သာဖြင့်

သရဏဂုဏ်တည်နေလျှင် နေရာဒေသမရွေး
ဤအဓိဌာန်ကိုဆောက်တည်နိုင်ပါသည်

အဆင့် ၁ ခုကို (၉)ရက်ဆိုတော့ ၁၂ ဆင့်ဆိုရင်
(၁၀၈) ရက်ကြာပါ့မယ်
၁၂ ဆင့်ပေါင်း အခေါက်ရေ (6318)ပါ
ပေါင်းခြင်း ၉ မို့ ၉ နဝင်းပါပဲ

အဆင့်တိုင်းမှာလည်း ရက်ရော
အခေါက်အရေအတွက်ရော ၉ နဝင်းတွေကြီးပါပဲ

(27-10-2202) ကနေ (11-2-2023) ရက်နေ့မှာ
အဓိဌာန်အောင်မြင်စွာပြီးဆုံးပါ့မယ်

နေ့စဉ်အဓိဌာန်ဝင်မယ့်အချိန်ကို ည (၉) နာရီတိုင်း
ဘုရားခန်းမှာ ရွတ်ဖတ်ပူဇော်ပါ့မယ်
အချိန်တိတိကျကျနဲ့ အဓိဌာန်ဝင်ရင် ပိုထိရောက်ပါတယ်

စီးပွားလာဘ်လာဘများတိုးတက်ပေါများစေသော
ဒိဝါတပတိ ဂါထာတော်ကြီး
🙏🏽🙏🏽🙏🏽🙏🏽🙏🏽

ဒီဂါထာဟာ နေလ ဂါထာလို့
သိကြပါတယ်။
စီးပွားလာဘ်တွေဝင်တဲ့
ဂါထာတော်မြတ်ဖြစ်ပါတယ်။

🙏🏻ဒိဝါတပတိ ဂါထာ🙏🏻
🌷🌷🌷🌷🌷🌷🌷🌷🌷

ဒိဝါတပတိ အာဒိစ္စော၊
ရတ်တိမာဘာတိ စန်ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
စျာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ ၊
ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တဇေသမ်ပန်နံ
ဗုဒ်ဓံ ဝန်ဒာမိ အာဒရံ။
နမက်ကာရာနုဘာဝနေ
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။

(မှန်ကန်တိကျစွာ အသံထွက်နည်း)

ဒိဝါတပတိ အာဒိတ်စော၊
ရတ်တိမာ ဘာတိ စန်ဒိမာ။
သန်နတ်ဓော ခတ်တိယော တပတိ၊
ဈာယီ တပတိ ဗြာန်မဏော။
အထ သတ်ဗ မဟောရတ်တိန်၊
ဗုတ်ဓော တပတိ တေဇသာ။
တာဒိသံ တေဇသန်ပန်နံ၊
ဗုတ်ဓံ ဝန်ဒါမိ အာဒရံ။
နမက်ကာရာ နုဘာဝေန
သတ်ဗေ ပူရင်တု သင်ကပ်ပါ။

( အနက်အဓိပ္ပါယ် )

နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။

လမင်းသည် ညအခါ၌သာလျှင် ထွန်းလင်းတောက်ပ၏။

ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာငါးပါး ဝတ်ဆင်မှသာ တင့်တယ်ပေ၏။

ရဟန္တာအရှင်မြတ်တို့သည် ဈာန်ဝင်စားမှသာ တင့်တယ်၏။

မြတ်စွာဘုရားသော်ကား
နေ့ညပတ်လုံး အခါခပ်သိမ်း တန်ခိုးတော်ဖြင့်
တင့်တယ်ပေသည်တကား။

ထိုသို့ တန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏အရှင်ဘုရား။

ဤသို့ ရှိခိုးရသော
အကျိုးအားကြောင့်
ကြံကြံသမျှတောင့်တအရာရာ အဖြာဖြာတို့သည်
လျင်မြန်စွာ ပြည့်စုံပါစေသတည်း။
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

🙏🙏🙏 တစ်ရက် အဓိဌာန်ပြီးတိုင်း
ဂါထာအနက်အဓိပ္ပာယ်ကိုရွတ်ပေးပါ

မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် နူတ်ကမြွက်ဟ
​မိန့်ကြားခဲ့တဲ့ ဂါထာတော်ကြီးမို့ တကယ်ကို
အကျိုးထူးလှပါတယ်နော်
#ဒိဝါတပတိဂါထာတော်
Crd ပြန်လည်ကူးယူးဖော်ပြလိုက်ပါသည်
မူရင်းတင်ပြသူအားcredit ပေးပါသည်🙏

တပို့တွဲလပြည့်နေ့ စီးပွားဥစ္စာ လာဘ်လာဘများတိုးတက်ပေါများစေနိုင်သောဒိဝါတပတိ ဂါထာတော်ကြီး🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽ဒီဂါထာဟာ နေ လ ဂါထ...
04/02/2023

တပို့တွဲလပြည့်နေ့

စီးပွားဥစ္စာ လာဘ်လာဘများတိုးတက်ပေါများစေနိုင်သော
ဒိဝါတပတိ ဂါထာတော်ကြီး
🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽
ဒီဂါထာဟာ နေ လ ဂါထာလို့
သိကြပါတယ်။
စီးပွားလာဘ်တွေဝင်တဲ့
ဂါထာတော်မြတ်ဖြစ်ပါတယ်။

ဒိဝါတပတိ ဂါထာတော်ကြီး
🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽🙏🏽
ဒိဝါ တပတိ အာဒိ‌စ္စော
ရတ်တိမာဘာတိ စန်ဒိမာ
သန္နဒ္ဓေါ ခတ္တိယော တပတိ
ဈာယီ တပတိ ဗြာဟ္မဏော
အထ သဗ္ဗ မဟောရတ္တိံ
ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တဇေသမ်ပန်နံ
ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ
နမက်ကာရာနုဘာဝနေ
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ

(မှန်ကန်တိကျစွာ အသံထွက်/

ဒိဝါတပတိ အာဒိတ်စော၊
ရတ်တိမာ ဘာတိ စန်ဒိမာ။
သန်နတ်ဓော ခတ်တိယော တပတိ၊
ဈာယီ တပတိ ဗြာန်မဏော။
အထ သတ်ဗ မဟောရတ်တိန်၊ ဗုတ်ဓော တပတိ တေဇသာ။
တာဒိသံ တေဇသန်ပန်နံ၊
ဗုတ်ဓံ ဝန်ဒါမိ အာဒရံ။
နမကျကာရာ နုဘာဝနေ၊
သတ်ဗေ ပူရင်တု သင်ကပ်ပါ။

( အနက်အဓိပ္ပါယ် )

နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။

လမင်းသည် ညအခါ၌သာလျှင် ထွန်းလင်းတောက်ပ၏။

ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာငါးပါး ဝတ်ဆင်မှသာ တင့်တယ်ပေ၏။

ရဟန္တာအရှင်မြတ်တို့သည် ဈာန်ဝင်စားမှသာ တင့်တယ်၏။

မြတ်စွာဘုရားသော်ကား
နေ့ညပတ်လုံး အခါခပ်သိမ်း တန်ခိုးတော်ဖြင့်
တင့်တယ်ပေသည်တကား။

ထိုသို့ တန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏အရှင်ဘုရား။

ဤသို့ ရှိခိုးရသော
အကျိုးအားကြောင့်
ကြံကြံသမျှတောင့်တအရာရာ အဖြာဖြာတို့သည်
လျင်မြန်စွာ ပြည့်စုံပါစေသတည်း။
အမြဲရွတ်ဖတ်ပူဇော်ကြပါ
ဧကန်အကျိုးထူးပါသည်

30/01/2023

မေတ္တာသုတ်ကို နားလည်ပြီးမှ ရွတ်ရတာ
ပိုအကျိုးရှိမယ်ထင်လို့ပါ။

မေတ္တာသုတ် အကြောင်း🙏🏻🙏🏻🙏🏻🙏🏻

ဗုဒ္ဓဘာသာတိုင်း သိထားသင့်သော
မေတ္တာသုတ် ၊ အဓိပ်ပါယျနဲ့ ပွားများခြင်း အကျိုးကျေးဇူးများ နှင့်
မေတ္တာသုတ်ကျင့်သူများ လိုက်နာရန် များကို တင်ပြ လိုက်ပါတယ်

၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိ၀ မတန္ဒိတော။

**မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာ၀တို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္စျာယ်သောသူသည်...

၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ်စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပတေံ။
ပရိတ္တံ တံ ဘဏာမ ဟေ။

**ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့

၃။ကရဏီယ မတ်ထကုသလနေ၊
ယန်တ သန်တံ ပဒံ အဘိသမဈစေ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊

**အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။

၄။ သန္တုဿကော စ သုဘရော စ၊
အပ်ပကိစ်စော စ သလ်လဟုကဝုတ်တိ။
သန္တိနြ္ဒိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

**စားသောက်စရာ၊ နေစရာအရာရာတို့တွင် ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊ ကိုယ့်၀မ်းတခါးအတွက် လွယ်လင့်တကူပေ့ါပါးစွာ အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊ အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊ စိတ်သွားတိုင်းကိုယ်ပါနေသကဲ့သို့ ဖြစ်သင့်၏၊ ထို့ပြင်သာမက မျက်စိ၊ နားစသော ဣနြေ္ဒငါးပါးကို ထိန်းသိမ်းသူ၊ တည်ငြိမ်ရင့်ကျက်သူ၊ ဥာဏ်ပညာဖြင့် ချင့်ချိန်နိုင်သူလည်း ဖြစ်သင့်၏၊ ကိုယ့်နင့်ဆက်စပ်သော သူအားလုံးတို့အပေါ်၌ တွယ်တာမနေသင့်ပေ။

၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။
သုခိနော၀ ခေမိနော ဟောန္တု၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။

**ရှေးရှေးသော ပညာရှိတို့ ကဲ့ရဲ့အပ်သော မကောင်းမှုမှန်သမျှ အသေးအမွှားလေးကအစ ဘာတစ်ခုမျှ မပြုလုပ်ပါစေကုန်လင့်၊ သတ္တဝါအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ချမ်းသာကြပါစေသတည်း၊ ဘေးရန်ကင်းကွာ ချမ်းသာစွာ နေနိုင်ကြပါစေသတည်း၊

၆။ ယေ ကစေိ ပါဏဘူတတ်ထိ၊
တသာ ဝါ ထာ၀ရာ၀ နဝသသော။
ဒီဃာ ဝါ ယဝေ မဟန်တာ၊
မဇစွှိမာ ရဿကာ အဏုက ထူလာ။

**ထွက်သက်၀င်သက် အသက်ရှုနေကြသော သတ္တဝါမှန်သမျှ၊ ကြောက်ရွံ့ထိတ်လန့်တတ်ကြသောရဟန္တာမဖြစ်ကြသေးသော သတ္တဝါများ၊ မကြောက်မရွံ့့ တည်ကြည်ငြိမ်သက်ကြသော ရဟန္တာမထေရ်မြတ်ကြီးများ၊ ခန္ဓာကိုယ်ရှည်လျားသော သတ္တဝါ၊ ခန္ဓာကိုယ်ကြီးမားသော သတ္တဝါ၊ မရှည်မတို၊ မကြီး မသေး အလယ်အလတ်ဖြစ်ကြသော သတ္တဝါ၊ ခန္ဓာကိုယ် ဆူဖြိုးသောသတ္တဝါ၊ အားဖြင့် နောက်ဆုံး အဏုမြူတမျှ သေးငယ်ကုန်သော သတ္တဝါတွေအပါအ၀င် အားလုံးတို့သည် ဘေးရန်မရှိ ချမ်းသာပကတိရှိကြပါစေ

၇။ ဒိဋ္ဌာ ဝါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန်တိ အဝိဒူရေ။
ဘူတာ၀ သမ်ဘေ၀သီ၀၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။

**မျက်စိဖြင့် မြင်နိုင်သောမြင်ဖူးသောသတ္တဝါ၊ မမြင်နိုင်သော၊ မမြင်ဖူးသောသတ္တဝါ၊ ကျွနုပ် အဝေးမှာ ရှိနေသော၊ အနီးနားမှာ ရှိနေသော၊ မနီးမဝေးမှာ ရှိနေသောသတ္တဝါများ၊ နောင်ဘ၀မဖြစ်ရတော့သည့် ရဟန္တာစသော သူတော်ကောင်းတို့သည်၄င်း၊ နောင်ဘဝြဖစ်ကြအုံးမည့် ပုထုဇဉ် သေက္ခစသော သတ္တဝါအားလုံးတို့သည်၄င်း ဘေးရန်ကင်းကွာ ချမ်းသာကြပါစေကုန်သတည်း၊

၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညထေ ကတ်ထစိ န ကဉ်စိ။
ဗျာရောသနာ ပဋိဃသည၊
နာည မညဿ ဒုတ်ခ မိစ်ဆယြေ။

**တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို၊ တိရိစ္ဆာန်တကောင်က တစ်ကောင်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ်မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာ မထီမဲ့မြင် မပြုကြပါစေလင့်။
ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။

၉။မာတာ ယထာ နိယံပုတ်တ၊
မာယုသာ ဧကပုတ်တ မနုရက်ခေ။
ဧ၀မပြိ သဗဗြဘူတသေု၊
မာနသံ ဘာဝယေ အပရိမာဏံ။

**တစ်ဦးတည်းသော သားရှိသော မိခင်သည် မိမိသားအပေါ် ဘေးရန်မကျရောက်အောင် အသက်ပေးကာ စောင့်ရှောက်သကဲ့သို့ အကျိုးကျေးဇူးအနန္တများပြားလှသော မေတ္တာစိတ်ကို သတ္တဝါအားလုံးတို့အပေါ်တွင် ဖြန့်ကျက်နေနိုင်ကြပါစေ..

၁၀။မတျတေဉျစ သဗ်ဗလောကသ်မိ ံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ်ဗာဓံ အဝရေ မသပတ်တံ။

**အထက်ဘ၀ဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊ အောက်အဝီစိအပါယ်ဘုံတိုင်အောင်၊ အလယ်အလတ် လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ရူပဗြဟ္မာ့ဘုံ အပါအ၀င် နေရာမလပ် အကျိုးအနန္တများပြားလှသော၊ အတိုင်းအဆပမာဏ မရေတွက်နိုင်သော မေတ္တာစိတ်ကို ပွားများနိုင်ကြပါစေ၊ အပိုင်းအခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းမရှိ၊ ကိုယ်တွင်းဘေးရန်လဲ မရှိ၊ ပြင်ပရန်သူလဲ မရှိပဲ အေးချမ်းစွာ နေနိုင်ကြပါစေသတည်း၊

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာ၀တာဿ ဝီတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊
ဗွဟ်မ မတေံ ဝိဟာရ မိဓ မာဟု၊

**ရပ်နေစဉ်၊ လမ်းလျောက်နေစဉ်၊ ထိုင်နေစဉ်၊ ခန္ဓာကိုယ်လဲလျောင်းနေစဉ် ဘယ်အချိန်မှာမဆို စိတ်ပျံ့လွင့်မှုကင်း ကြည်လင်ရွှင်ပြစွာဖြင့် မေတ္တာစိတ်နှင့်ယှဉ်သော သတိကို ထားနိုင်ကြပါစေ.. ထိုကဲ့သို့ မေတ္တာစိတ် ဖြန့်ကျက်ကာ နေခြင်းကိုပင် မြင့်မြတ်သော ဗြဟ္မာကြီးတို့၏ နေထိုင်ခြင်း ဗြဟ္မဝိဟာရဟူ၍ ပညာရှိအပေါင်းတို့ ဆိုကြပေ၏။

၁၂။ ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ၊
သီလဝါ ဒဿနေန သမ္ပန္နော။
ကာမသေု ဝိနယ ဂဓေံ၊
န ဟိ ဇာတု ဂ ဗ္ဘသေယျ ပုန ရေတိ။
မတျတေသုတျတံ နိဋ်ဌိတံ။

**အမြဲမပြတ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပွားများလေ့ ရှိသူသည်၊ အယူလွဲမှား ဖောက်ပြန်သောဘ၀သို့ မရောက်နိုင်တော့ပဲ လောကုတ္တရာ သီလများနှင့် ပြည့်စုံပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုပင်မျက်မှောက်ပြုရတတ်သည်၊ သက်ရှိ၊ သက်မဲ့ ၀တ်တုအာရုံ ကာမဂုဏ်ငါးပါးတို့၌ မက်မောတွယ်တာမှုများ ကင်းကွာကာ နောင်တဖန် ပဋိသန္ဓေတည်နေရခြင်း ဇာတိဒုက္ခကိုပင် မခံစားရတော့ပေ။
(မေတ္တာသုတ် မွနျမာပွနျအဓိပ်ပါယျ ပြီးပါပြီ)

မေတ္တာအကျိုး ( ၁၁ )မျိုး
===============
၁။ ချမ်းချမ်းသာသာ အိပ်ပျော်ခြင်း၊
၂။ ရွှင်ရွှင်ပြပြ အိပ်ရာနိုးခြင်း၊
၃။ မကောင်းသော အိပ်မက်ဆိုးများ မမက်ခြင်း၊
၄။ ပတ်၀န်းကျင်မှ လူများ၏ချစ်ခင်မှု ရရှိခြင်း၊
၅။ လူမှတပါး အခြားသော ပရလောကမှပုဂ္ဂိုလ်များ ချစ်ခင်ခြင်း၊

၆။ ဘုန်းတန်ခိုးကြီးမားသော နတ်ဗြဟ္မာများ စောင့်ရှောက်မှု ခံရခြင်း၊
၇။ မီးဘေး၊ အဆိပ်ဘေး၊ ဒုတ် ၊ ဓားလက်နက် မှန်သမျှ မထိရောက်နိုင်၊
၈။ ကမ္မဋ္ဌာန်းတခုခုကို အာရုံပြုလျင် စိတ်တည်ကြည် သမာဓိရလွယ်ခြင်း၊
၉။ မေတ္တာစိတ်ကြောင့် အမြဲတမ်း မျက်နှာကြည်လင်နေခြင်း၊
၁၀။ သေခါနီး၀ယ် ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ သေနိုင်ခြင်း၊
၁၁။ ယခုဘ၀တွင် မဂ်ဖိုလ်မရလျင်တောင် မေတ္တာစျာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊

( မေတ္တာအကျိုး ဆောင်ပုဒ် )
မေတ္တာဂုဏ်ရည် , ဆယ့်တစ်လီကား , အညီသတ္တဝါ , မလပ်ပါအောင် , ခါခါနေ့စဉ် , မေတ္တာယှဉ်မှု , ကြည်လင်အိပ်ပျော် ထချိန်တော်၍ , နိုးသော် ရွှင်ရွှင် , အိမ်မက်မြင်လည်း , အစဉ်ကောင်းစွာ , မြင်မက်ရာ၏ ။ ပြည်ရွာလူသား , နတ်အများလည်း , မြင်ကြားသမျှ , ချစ်ခင်ကြသဖြင့် , ဒေဝထွေထွေ စောင့်ရှောက်လေ၏ ။ မီး , ရေ , ခိုးသူ , များရန်သူလည်း , မယူမဖျက် , မနှောက်ယှက်တည်း ။ စိတ်ဓာတ်လည်းတည် , မျက်နှာကြည်၍ , သေမည်ခါချဉ်း , တွေဝေကင်း၏ ။ မှန်းရင်းဓမ္မ , မဂ်မရလည်း , စျာန်ရလေလစ် , ဗြဟ္မာဖြစ်သည် ... ဆယ့်တစ်မေတ္တာအကျိုးတည်း

မေတ္တသုတ်တော်လာ လိုက်နာသင့်ဖွယ် ( ၁၅ )ချက်
=============================
၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်၊
၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
၄။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏၊
၅။ မုဒု စ= စိတ်ထား နူးညံ့သိမ်မွေ့သင့်၏၊

၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း မာန်မာန မထားသင့်ရာ၊
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်၊
၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်၊
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏၊
၁၀။ သလ္လဟုကဝုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏၊

၁၁။ သန္တိနြ္ဒိယော စ= ငြိမ်သက်သော ဣနြေ္ဒရှိသင့်၏၊
၁၂။ နိပကော စ= ရင့်ကျက်သော တည်ငြိမ်သော ပညာဥာဏ်လဲ ရှိသင့်၏၊
၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ကုလေသု အနနု ဂိဒ္ဓေါ= အမျိုးလေးပါးတို့၌ တပ်မက်မှုမရှိသင့်ပေ၊
၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ - ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာ။

ထိုသို့လိုက်နာကျင့်သုံးလျှင် မေတ္တာစျာန်ဖြင့်
ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊

Special Thanks for your precious post ဗုဒ္ဓဘာသာစောင့်ရှောက်သူများအသင်း

Credit: နှလုံးသားအာဟာရ

02/01/2023

လူတွေမှာ ချစ်ခြင်းမုန်းခြင်း ဆိုတာ ရှိတယ်။

ချစ်ရင် ချစ်မယ်၊မချစ်ရင် မုန်းမယ်။

ချစ်ခြင်း မုန်းခြင်း ဆိုတာ အစွန်းနှစ်ခုပဲ။

စိတ်ဓာတ်မှာ balance မဖြစ်လို့ အစွန်းနှစ်ဖက်
ထွက်နေတဲ့ စိတ်ဓာတ်။

အဲဒီ အစွန်းထွက်နေတဲ့ စိတ်ဓာတ်ကလွတ် မြောက် ချင်လို့ရှိရင် ဘာလုပ်ရမလဲဆိုတော့ ဥပေက္ခာ ပွားရမယ်တဲ့။

ဥပေက္ခာဆိုတာ ဘယ်လိုပွားရသလဲဆိုရင်“သဗ္ဗေသတ္တာ ကမ္မဿကာ”သတ္တဝါဆိုတာ သူ့ကံနဲ့သူ
လာတာလို့ ပွားရတယ်။

ချစ်ခြင်းကိုလည်း ရှောင်မယ်။မုန်းခြင်းကိုလည်း ရှောင်မယ်။

ချစ်ခြင်း မုန်းခြင်း ထို နှစ်မျိုးလုံးမပါဘဲနဲ့ တည် ငြိမ် တဲ့သဘာဝတရားတစ်ခုကိုဥပေက္ခာလို့ ခေါ်တယ်။

ဒီကနေ့ အရပ်ထဲမှာတော့ “ဥပေက္ခာ” ဆိုတာ
ကိုယ်နဲ့မတည့်လို့ မခေါ်တဲ့ပုဂ္ဂိုလ်ကို“ဥပေက္ခာပြုတယ်”လို့ ပြောနေကြတယ်။

အဲဒီလို အဓိပ္ပါယ် မဟုတ်ဘူး၊ဥပေက္ခာက အလွန်မွန်မြတ်တယ်။

ချစ်ခြင်းမုန်းခြင်းဆိုတဲ့ အစွန်းနှစ်ဖက် မရှိစေဘဲ တည့်မတ်တည်ငြိမ်တဲ့သဘောထား။

ဒါကြောင့်မို့ equanimity လို့ အင်္ဂလိပ်လို
ပြန်တယ်။

equanimity ဆိုတာ စိတ်ရဲ့ တည်ငြိမ်မှုပဲ။

အဲဒီတည်ငြိမ်မှုဟာ စိတ်မတည်ငြိမ်တဲ့ emotion ဆိုတဲ့ ရာဂတို့၊ဒေါသတို့ရဲ့ ထွက်ပေါက်ပဲ။

ဒါကြောင့်မို့ မြတ်စွာဘုရားက ဥပေက္ခာဆိုတဲ့ စေတောဝိမုတ္တိဟာ ရာဂရဲ့ ထွက်ပေါက်ပါလို့ ဟောထားတယ်။

ဒါ့ကြောင့်မို့ အဲဒါကိုလည်းပဲ လေ့ကျင့်ပွားများခြင်းဖြင့် မိမိတို့ရဲ့ မှန်ကန်တဲ့ထွက်ပေါက်တစ်ခုကို ရရှိနိုင်မယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု

Address

Yangon

Alerts

Be the first to know and let us send you an email when လွယ်ကူထိရောက်ပုတီးစိပ်နည်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to လွယ်ကူထိရောက်ပုတီးစိပ်နည်းများ:

Share