Campaknagar International Chakma Monastery

Campaknagar International Chakma Monastery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Campaknagar International Chakma Monastery, Buddhist Temple, Campanagar Chakma International Monastery, https://maps. app. goo. gl/hw5QkVCSiiBaTXV 86, Yangon.

𑄷𑄻 𑄈𑄬𑄝𑄧𑄢𑄴 𑄌𑄋𑄴𑄟 𑄘𑄨𑄚𑄴 𑄛𑄣𑄬𑄝𑄖𑄴𑄬 𑄘𑄖𑄢𑄴 𑄝𑄠𑄬𑄚𑄨𑄛𑄧𑄖𑄴𑄧𑄢𑄴 ၁၅ မြောက် သက္ကမာအမျိုးသားနေ့ အတွက်လှူဒါန်းကြသော အလှူရှင်တို့၏ ဂုဏ်ပြုမှတ်တ...
05/01/2026

𑄷𑄻 𑄈𑄬𑄝𑄧𑄢𑄴 𑄌𑄋𑄴𑄟 𑄘𑄨𑄚𑄴 𑄛𑄣𑄬𑄝𑄖𑄴𑄬 𑄘𑄖𑄢𑄴 𑄝𑄠𑄬𑄚𑄨𑄛𑄧𑄖𑄴𑄧𑄢𑄴

၁၅ မြောက် သက္ကမာအမျိုးသားနေ့ အတွက်လှူဒါန်းကြသော အလှူရှင်တို့၏ ဂုဏ်ပြုမှတ်တမ်းလွှာ

Certificate of Honors for Donors who generously donated to successfully celebrate 15th Chakma National Day.

literature and culture Association

Rokia Padakဆုကို ရရှိခဲ့တဲ့ ပထမဆုံး အမျိုးသမီး ဘောလုံးသမား ဖြစ်လာတဲ့အတွက် Ritu Poorna Chakma (ရီတုပါနာ ချက္ကမာ)ကို မြန်မ...
09/12/2025

Rokia Padakဆုကို ရရှိခဲ့တဲ့ ပထမဆုံး အမျိုးသမီး ဘောလုံးသမား ဖြစ်လာတဲ့အတွက် Ritu Poorna Chakma (ရီတုပါနာ ချက္ကမာ)ကို မြန်မာပြည် သက်ခေါ် သက္ကမာလူမျိုးမှ ဂုဏ်ယူပါတယ်။ အလင်းရောင်ရဲ့ မီးပြတိုက်အဖြစ် သူမရဲ့ဘဝဟာ ပိုမိုကြွယ်ဝချမ်းသာပါစေ။
ဘီဂမ် ရိုကီးယာ ဆာခဝပ် ဟိုစိန်ဟာ ဘင်္ဂလားပြည်နယ်က အမျိုးသမီး အသိုင်းအဝိုင်းမှာ ပညာရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေးရဲ့ ရှေ့ဆောင်တစ်ဦး ဖြစ်ပါတယ်။ သူမဟာ မှောင်မိုက်ပြီး ဖိနှိပ်ခံရတဲ့ အမျိုးသမီး အသိုင်းအဝိုင်းအတွက် အလင်းလမ်းကို ပြသပေးခဲ့ပါတယ်။ လူမျိုးစု အသိုင်းအဝိုင်းရဲ့ ဒဏ္ဍာရီလာ အမျိုးသမီး ဘောလုံးသမား ရီတုပါနာ ချက္ကမာဟာလည်း ရိုကီးယာ ပဒက်ဆုကို ရရှိခဲ့တဲ့ ဘီဂမ် ရိုကီးယာ ဆာခဝပ် ဟိုစိန်ရဲ့ ခြေရာကို လိုက်မယ်လို့ မျှော်လင့်ပါတယ်။

မြန်မာပြည်နေ ချက္ကမာ (သက္ကမာ) အသင်း

ကျောင်းတိုက်၏လေးကြိမ်မြောက်မဟာဘုံကထိန်အတွက်ဖိတ်လုပ်လိုပြီးပါပြီ၊
23/10/2025

ကျောင်းတိုက်၏လေးကြိမ်မြောက်မဟာဘုံကထိန်အတွက်ဖိတ်လုပ်လိုပြီးပါပြီ၊

America and France Changma ,Donating to  Campanago Sakma Vihar  in Yangon and help refugees and displaced people in Myan...
06/06/2025

America and France Changma ,Donating to Campanago Sakma Vihar in Yangon and help refugees and displaced people in Myanmar Changma.
932 143 .26ks
အမေရိကန်၊ပြင်သစ်နိုင်ငံများရှိသက္ကမာတကာ၊တကာမများစုပေါင်း၍စမ္ပာနဂိုရ်သက္ကမာကျောင်းတိုက်အတွင်းအထွေထွေဝေယျဝစ္စများအတွက်လည်းကောင်း၊နယ်မှနေရပ်စွန့်ခွါရောက်ရှိနေကြသည့်ကျောင်းတိုက်ရှိလူများစားဝတ်နေရေးအဆင်ပြေစေရေးအတွက်အလှူတော်ငွေကိုးသိန်းသုံးသောင်းကျော်ကိုလှူဒါန်းကြပါသည်။

“ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာတော်ကိုလေ့လာခြင်း”☸️ ☸️ ☸️ ☸️ ☸️ ☸️ ☸️ ☸️ ☸️ ☸️ ☸️ ☸️ ☸️မိုးကုတ်ဆရာတော်ဘုရားကြီးရှင်းလင်းဟ...
04/02/2025

“ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာတော်ကိုလေ့လာခြင်း”
☸️ ☸️ ☸️ ☸️ ☸️ ☸️ ☸️ ☸️ ☸️ ☸️ ☸️ ☸️ ☸️
မိုးကုတ်ဆရာတော်ဘုရားကြီးရှင်းလင်းဟောကြားတော်မူသော ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာတော်ကိုလေ့လာခြင်း

ရှစ်သွယ်သော ပဋိစ္စသမုပ္ပါဒ် (လင်္ကာ)
****************************************
၁။ မူလနှစ်ဖြာ၊
၂။ သစ္စာနှစ်ခု၊
၃။ လေးခုအလွှာ၊
၄။ အင်္ဂါတစ်ဆယ့်နှစ်ပါး၊
တရားကိုယ်များနှင့်
၅။ သုံးပါးအစပ်၊ နှစ်ရပ်မူလ၊
၆။ ၀ဋ်သုံး၀နှင့်
၇။ ကာလသုံးဖြာ၊
၈။ ခြင်းရာနှစ်ဆယ်၊
ဤ ရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှလွတ်ကြောင်းတည်း။

၁။ မူလနှစ်ဖြာ =
အဝိဇ္ဇာ နှင့် တဏှာ

၂။ သစ္စာနှစ်ခု =
ဒုက္ခသစ္စာ နှင့် သမုဒယသစ္စာ
(အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကြောင်းသည် သမုဒယသစ္စာ)
(ပစ္စုပ္ပန်အကျိုးနှင့် အနာဂတ်အကျိုးသည် ဒုက္ခသစ္စာ)

၃။ လေးခုအလွှာ =
(၁) အကွက်တွင် အတိတ်အကြောင်းတစ်လွှာ
(၂) အကွက်တွင် ပစ္စုပ္ပန်အကျိုးတစ်လွှာ
(၃) အကွက်တွင် ပစ္စုပ္ပန်အကြောင်းတစ်လွှာ
(၄) အကွက်တွင် အနာဂတ်အကျိုးတစ်လွှာ

၄။ အင်္ဂါတစ်ဆယ့်နှစ်ပါး =
၁။ အဝိဇဇွာ၊ ၂။ သငခွှါရ၊ ၃။ ဝိညာဏှ၊ ၄။ နာမရှုပှ၊ ၅။ သဠာယတန၊ ၆။ ဖဿ၊ ၇။ ဝဒနော၊ ၈။ တဏှာ၊ ၉။ ဥပါဒါနှ၊ ၁၀။ ကမမွဘ၀၊ ၁၁။ ဇာတိ၊ ၁၂။ ဇရာမရဏ။

၅။ သုံးပါးအစပ် =
သင်္ခါရ နှင့် ဝိညာဏ်သည် (ပထမ) အစပ် ၊
ဝေဒနာ နှင့် တဏှာသည် (ဒုတိယ) အစပ် ၊
ကမ္မဘ၀ နှင့် ဇာတိသည် (တတိယ) အစပ် ၊
နှစ်ရပ်မူလ - တဏှာ နှင့် အဝိဇ္ဇာ

၆။ ၀ဋ်သုံးပါး =
(၁) အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်သည် ကိလေသာ၀ဋ်သုံးပါး
(၂) သင်္ခါရ နှင့် ကမ္မဘ၀သည် ကမ္မ၀ဋ်နှစ်ပါး
(၃) ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဇာတ(ဥပ္ပပတ္တိဘ၀)၊ ဇရာမရဏ သည် ဝိပါက၀ဋ်ရှစ်ပါး၊

၇။ ကာလသုံးပါး =
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်
(တစ်နည်း)
လွန်လေပြီးသောအတိတ်ကာလ
ယခုဖြစ်ဆဲပစ္စုပ္ပန်ကာလ
နောင်ဖြစ်လတ္တံသောအနာဂတ်ကာလ။

၈။ ခြင်းရာနှစ်ဆယ် =
(၁) အကွက်တွင် အဝိဇ္ဇာ၊ သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ဘ၀ (အတိတ်အကြောင်းခြင်းရာငါးပါး)
(၂) အကွက်တွင် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ(ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါး)
(၃) အကွက်တွင် တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀၊ အဝိဇ္ဇာ၊ သင်္ခါရ (ပစ္စုပ္ပန်အကြောင်းခြင်းရာငါးပါး)
(၄) အကွက်တွင် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ(အနာဂတ်အကျိုးခြင်းရာငါးပါး)

အဝိဇ္ဇာဆိုသည်မှာ - သစ္စာလေးပါး၊ ပဋိစ္စသမုပ္ပါဒ်တရားတို့ကိုမသိခြင်း၊ ယင်းတရားတို့အပေါ်၌ တွေဝေခြင်း၊ အာရုံ၌ရှိသော တရားတို့ကို အမှန်မမြင် မသိအောင် ဖုံးလွှမ်းတတ်ခြင်း၊ အာသ၀လျှင် နီးသောအကြောင်းရှိခြင်းကြောင့် အဝိဇ္ဇာသည် မျက်ကန်းနှင့် တူပါတယ်။

သင်္ခါရ သုံးမျိုးရှိပါတယ် -
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ ကာယသင်္ခါရ၊ (ကိုယ်ဖြင့် အားထုတ်ပြုလုပ်ခြင်း)
၂။ ၀စီသင်္ခါရ၊ (နှုတ်ဖြင့် အားထုတ်ပြုလုပ်ခြင်း)
၃။ စိတ္တသင်္ခါရ၊ (စိတ်အားဖြင့် တွေးတောကြံစည်ခြင်း)

(တနည်း)
ပုညာဘိသင်္ခါရ (အဝိဇ္ဇာဂတော၊ပုညာဘိသင်္ခရောတိ) အဝိဇ္ဇာ တရားကိန်းသော ပုဂ္ဂိုလ်သည် ပုညတည်းဟူသော ကုသိုလ်ကောင်းမှုတို့အား အဘိလွန်ကဲစွာ သင်္ခရောတိ ပြုလုပ်လေ့ရှိပါသည်။ သစ္စာမသိဘဲနှင့်ပြုလုပ်သော ကုသိုလ်ကောင်းမှုကို ဆိုလိုပါတယ်။

အပုညာဘိသင်္ခါရ - အပုည - အကုသိုလ်တရားအစုကို၊ အဘိ - လွန်ကဲစွာ၊ သင်္ခါရ - ပြုလုပ်ခြင်း။

အနဉ္စာဘိသင်္ခါရ - အနဉ္စ - ဗြဟ္မာ့ပြည်ရောက်ကြောင်း၊ စျာန်လမ်းဖြစ်တဲ့ သမထဘာ၀နာပွားများခြင်း အလုပ်ကို၊ အဘိ - လွန်ကဲစွာ၊ သင်္ခါရ - ပြုလုပ်ခြင်း။

မှတ်ချက် ။ ။ ယင်းသင်္ခါရ(၃)ပါးတို့သည် အဝိဇ္ဇာတရားကိန်းသော ပုဂ္ဂိုလ်များသာလျှင် ပြုလုပ်လေ့ရှိသဖြင့် အဝိဇ္ဇာလျှင် နီးသောအကြောင်း ဖြစ်၏။
ဆိုလိုရင်းမှာ အဝိဇ္ဇာကြောင့် ပုည၊ အပုည နှင့် အာနဉ္စာဘိသင်္ခါရတို့ ပြုလုပ်ခြင်း ဖြစ်ပါတယ်။

ထို့ကြောင့် အဝိဇ္ဇာ ပစ္စယော ပုညာဘိသင်္ခါရ၊
အဝိဇ္ဇာ ပစ္စယာ အပုညာဘိသင်္ခါရ၊
အဝိဇ္ဇာ ပစ္စယာ အာနဉ္စဘိသင်္ခါရတို့ကို ဖြစ်ပေါ်စေပါတယ်။

၀ိညာဏ် ပဋိသန္ဓေ ဝိညာဏ် ဟုယူပါ။
သန္ဒဟန= ပစ္စုပ္ပဋ္ဌာနံဟု ဆိုသဖြင့် စုတိပဋိသန္ဓေ ဟူသော ဘ၀နှစ်ပါးကို တစ်စပ်တည်းကဲ့သို့ စပ်တတ်သော တရားဖြစ်ပါတယ်။
နာမ်ရုပ် နာမ်ဓာတ်(၄)ပါးတွင် ဝိညာဏ်သည် စိတ် နာမ် ဓမ္မဖြစ်ပြီး ဝေဒနာ၊ သညာနှင့် သင်္ခါရ တို့သည် စေတသိက်နာမ်ဓမ္မများ ဖြစ်ပါတယ်။

ချဲ့လျှင် စိတ်(၈၉)ပါး၊ စေတသိက်(၅၂)ပါး၊ ရုပ်ဓာတ်(၁)ပါး၊ ချဲ့လျှင် ရုပ်(၂၈)ပါး၊ ပေါင်းလိုက်သော် ရုပ်နာမ်ခန္ဓာ (၅)ပါး၊ စိတ်စေတသိက် နှင့် ရုပ် (၁၆၉)ပါး။

သဠာယတန သို့မဟုတ် ဆဠာယတန = မျက်စိအကြည်၊ နားအကြည်၊ နှာခေါင်းအကြည်၊ လျှာအကြည်၊ ကိုယ်အကြည်၊ စိတ်ဟူ၍ အကြည်ဓာတ်(၆)ပါး။

ဖဿ အာရုံနှင့်တွေ့ထိခြင်း၊ ထိပါးခြင်း၊ ကြိတ်နယ်ခြင်း။
ဝေဒနာ အာရုံ၏ အရသာကို အစဉ်ခံစားခြင်း၊ သုံးဆောင်ခြင်း၊ (တနည်း) ဝေဒနာမှာ သုခ၊ ဒုက္ခ၊ ဥပေက္ခာဝေဒနာ (ကောင်း၊ မကောင်း၊ အလတ်စား) ကို ခံစားခြင်း။

တဏှာ -
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(၁) ကာမတဏှာ - ငါးပါးအာရုံ ကာမဂုဏ်ကို လိုချင်တပ်မက်ခြင်း၊ ကာမရာဂဖြင့် သာယာခြင်း၊
(၂) ဘ၀တဏှာ - မိမိ၏ ရောက်ရာဘ၀ကို တပ်မက် သာယာခြင်း၊ သဿတဒိဋ္ဌိ နှင့် ယှဉ်တွဲ၍ သာယာခြင်း၊
(၃) ဝိဘ၀တဏှာ - ဘဝပြတ်မှုကို တပ်မက် နှစ်သက်ခြင်း၊ ဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်တွဲ၍ သာယာခြင်း၊
ယင်းတဏှာ (၃)တန်အား (အာ-ကာ-သံ)ဖြင့် မြှောက်ပါက တဏှာအစစ် (၁၀၈)ပါး ရပါတယ်။

ဥပါဒါန် လေးမျိုးရှိပါတယ်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(၁) ကာမုပါဒါန် - ကာမဂုဏ်တရားတို့ကို စွဲစွဲလမ်းလမ်း ဖြစ်တတ်သည့် လောဘတရား။
(၂) ဒိဋ္ဌုပါဒါန် - အယူမှား၊ အမှတ်မှား၊ အသိမှားတို့ကို စွဲလမ်းစွာ ဖြစ်ပေါ်သော ဒိဋ္ဌိတရား၊
(၃) သီလဗ္ဗတုပါဒါန် - အကျင့်သီလ မမှန်ခြင်း၊ မှားသော အကျင့်တရားကို မှန်သည်ထင်၍ ကျင့်ကြံ အားထုတ်ခြင်း၊ မှန်သောတရားကို မှားသည် ထင်မှတ်ခြင်း။
(၄) အတ္တဝါဒုပါဒါန် - မိမိ၏ အယူဝါဒ၊ မိမိ၏ တရားသာ မှန်၏ဟု ယူထားသော ဒိဋ္ဌိတရား။ အတ္တကောင် အသက်လိပ်ပြာကောင် ရှိသည်ဟု အယူမှားခြင်း။

ကမ္မဘ၀ ဆိုသည်မှာ -
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(၁) ကာယကံ - ကိုယ်ဖြင့်ပြုလုပ်ခြင်း။
(၂) ၀စီကံ - နှုတ်ဖြင့်ပြုလုပ်ခြင်း။
(၃) မနောကံ - စိတ်ဖြင့်ကြံစည်ခြင်း။
ဥပါဒါန်လေးပါးတည်း ဟူသော အကြောင်းကြောင့် ကမ္မဘ၀, ဥပပတ္တိဘ၀ ဟူသော အကျိုးတရားများ ဖြစ်လာရကုန်၏ ဟူရာ၌ ကမ္မဘ၀မှ ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အာနေဉ္ဇာဘိသင်္ခါရ - သင်္ခါရသုံးပါးတို့ကိုသာ ကောက်ယူရမည်။

ဥပပတ်တိဘ၀မှ ကာမဘ၀၊ ရူပဘ၀၊ အရူပဘ၀၊ သညီဘ၀၊ အသညီဘ၀၊ နဝေသညီနာသညီဘ၀၊ ဧကဝေါကာရဘ၀၊ စတုဝေါကာရဘ၀၊ ပဉ္စဝေါကာရဘ၀ ဟူ၍ တစ်ဖန် အပြားအားဖြင့် ခွဲထွက်သွား၏။

ဥပါဒါန်ကြောင့် ဘ၀အကျိုးဖြစ်ခြင်းမှာ ဥပပတ္တိဘ၀နှင့် ကမ္မဘ၀ နှစ်မျိုးစလုံး အကျိုးဖြစ်သည်ဟု ကောက်ရ၏။

ကမ္မဘ၀သည် ဇာတိအကျိုးအတွက် အကြောင်းတရားဟု ကောက်ရသည်။

ဇာတိ ကမ္မဘ၀တည်းဟူသော အကြောင်းကြောင့် ဇာတိဖြစ်၏ ဟု ဆိုရာတွင် ဝိညာဏ် ဖြစ်စဉ်ကဲ့သို့ ပဋိသန္ဓေဝိညာဏ်စိတ် (၁၉)ပါးတို့နှင့် ကမ္မဇရုပ် (၂၀)ပါး တို့သည် ပါ၀င်ကြကုန်၏ ဟု ကောက်ရ၏။

ဇရာမရဏ ဇာတိသည် အကြောင်းဖြစ်၍ ဇရာမရဏသည် အကျိုး ဖြစ်ပါသည်။ ဇရာလက္ခဏာ လေးမျိုးရှိသည် -
၁။ ဇီရဏဇရာ - ရင့်ကျက်ခြင်း။
၂။ ခဏ္ဍိစ္စဇရာ - သွားကျိုးခြင်း။
၃။ ပါလိတ္တဇရာ - ဆံဖြူခြင်း။
၄။ ၀လိတ္တဇရာ - အရေတွန့်ခြင်း။

ဤဇရာလက္ခဏာ၏ လမ်းကြောင်းများကို မြင်သဖြင့် ၄င်းလမ်းကြောင်းသည် ဥပါဒ်, ဌီ, ဘင် အားဖြင့် ပျက်စီးခြင်းဖြစ်သည်။ ပျက်စီးရပုံတို့သည် ဇရာအစစ်ဖြစ်လေ၏။

မရဏသုံးပါးရှိသည် -
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ ခန္ဓာနံ ဘေဒေါ - ခန္ဓာငါးပါးတို့ ပျက်စီးပြိုကွဲခြင်း။
၂။ ကဠေ၀ရဿ နိက္ခေပေါ - အသေကောင်ကို စွန့်ပစ်ခြင်း။

၃။ ဇီဝိတိန္ဒြိယဿ ဥပစ္ဆေဒေါ - ဇိဝိတိန္ဒြေ ပြတ်စဲခြင်း။
ဇာတိကြောင့် ဤဇရာလေးမျိုး၊ မရဏသုံးမျိုးတို့ အကျိုးတရားများ ဖြစ်လာကြကုန်၏။

နောက်ဆက်တွဲ -
အဝိဇ္ဇာ ဖြစ်ကြောင်းတရား
အဘယ်အကြောင်းကြောင့် အဝိဇ္ဇာ ဖြစ်သနည်း။
အာသဝေါတရား ၄ ပါး ကြောင့် အဝိဇ္ဇာ ဖြစ်၏။
ခန္ဓာအရှိဖြစ်ပျက်၊ ဉာဏ်အသိ မဂ်နဲ့မကိုက်တဲ့ ပုဂ္ဂိုလ်များ သေခါနီး ဘယ်တရားခြယ်လှယ် သိမ်းပိုက် သေရပါသလဲ။
အာသဝေါတရား သိမ်းပိုက်ပြီး သေကြရပါတယ်။
အာသဝေါတရားဆိုတာ - ဘုရားသခင်ကိုယ်တော်မြတ်ကြီးက အာသ၀က္ခယသုတ် ဣတိဝုတ်ပါဠိတော်မှာ အထက်ဘ၀ဂ်၊ အောက်အဝီစိတိုင်အောင် မျောအောင်၊ မြုပ်အောင် လုပ်တတ်တဲ့ တရားလို့ ဟောခဲ့ပါတယ်။

အဲဒီ အာသဝေါတရား(၄)ပါးမှာ -
(၁) ကာမာသ၀ - ဆိုတာက ကာမ(၁၁)ဘုံ၌ မြုပ်အောင်၊ မျောအောင် လုပ်တတ်တဲ့ လောဘတရား။
(၂) ဘဝါသ၀ - ဆိုတာက နေ၀သညာ နာသညာယတန ဘုံတည်းဟူသော ရူပ(၁၆)ဘုံနှင့် အရူပ(၄)ဘုံ၊ ပေါင်းဗြဟ္မာဘုံ (၂၀)၌ မြုပ်အောင် မျောအောင် လုပ်တတ်တဲ့ လောဘတရား။
(၃) ဒိဋ္ဌာသ၀ - ဆိုတာ အပါယ်လေးပါးသို့ ကျအောင် လုပ်တတ်တဲ့ ဒိဋ္ဌိတရား။
(၄) အဝိဇ္ဇာသ၀ - ဆိုတာက သုံးဆယ့်တစ်ဘုံလုံးကို ခြုံပြီး မြုပ်အောင်၊ မျောအောင် လုပ်တတ်တဲ့ မောဟတရား ဟူ၍ (၄) ပါး ရှိပါတယ်။

Credit to - ဦးဆန်းတင် ဗုဒ္ဓ၏အပါယ်ပိတ်တရား နှင့် ဆရာကြီးဦးကြင်ရွှေ ၏ ပခုက္ကူဝိပဿနာ မှ ကောက်နှုတ် ဖော်ပြအပ်ပါသည်။

c/o သောတုဇန


#ဝိပဿနာတရားများကို_မမေ့မလျော့ကြိုးစားအားထုတ်နိုင်ကြပါစေ။

17/11/2024
ဝါဆိုသင်္ကန်း ရှင်းတမ်း~~~~~~~~~~~~~{ ၁ } ဝဿဝါသိကစီဝရ      -   ဝါဆိုသင်္ကန်း{ ၂ } ဝဿိကသာဋိကစီဝရ -   မိုးရေခံသင်္ကန်း ဝါဆ...
17/07/2024

ဝါဆိုသင်္ကန်း ရှင်းတမ်း
~~~~~~~~~~~~~
{ ၁ } ဝဿဝါသိကစီဝရ - ဝါဆိုသင်္ကန်း
{ ၂ } ဝဿိကသာဋိကစီဝရ - မိုးရေခံသင်္ကန်း

ဝါဆိုသင်္ကန်းလို့ ဆိုလိုက်လျှင်
ဝါဆိုသော အခါ ဝတ်ရုံတဲ့ သင်္ကန်းကို
ဝါဆိုသင်္ကန်းလို့ မှတ်ထင်နေကြသည်

သို့သော်
ပါဠိတော်မှာလာတဲ့ ဝါဆိုသင်္ကန်းက -
ဝါဆိုရန် ဝတ်ရုံတဲ့သင်္ကန်း မဟုတ်ဘဲ
ဝါတွင်းသုံးလ ဝါသို့ကပ်၍
ဝါကျိုးဝါပြတ်ခြင်း မရွိဘဲ နေလေ့ရှိသော
ရဟန်းတော်တို့အား လှူဒါန်းအပ်သော
သင်္ကန်းဖြစ်သောကြောင့် လည်းကောင်း

ဝါတွင်း သုံးလပတ္လုံး
မိုးတွင်းအခါ သိက္ခာမညှိုးဘဲ နေလေ့ရှိသော
ရဟန်းတော်တို့သည်သာ ခံယူထိုက်သည်ဖြစ်၍
ယင်း ရဟန်းတော်တို့၏
ဥစ္စာ ဖြစ်သောကြောင့် လည်းကောင်း
ဝဿဝါသိကစီဝရ - ဝါဆိုသင်္ကန်း ဟုခေါ်၏

ဒီအကြောင်းနဲ့ ပတ်သတ်လို့
#ပါတိမောက်နိဿဂ္ဂိယပါစိတ်ပတ္တဝဂ် မြာလာတဲ့
အစ္စေကစီစရ အကြောင်း
အနည်းငယ် ရှင်းပြပါမည်

သာဝတ္ထိပှညြ ဇေတဝန်ကျောင်းတော်၌
မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်
အချိန်အခါက ဖြစ်သည်

ထိုအချိန်က -
မြတ်စွာဘုရားသည် ရဟန်းတော်များ
ဝါဆိုသင်္ကန်း အလှူခံ၍ သုံးစွဲရန်
မ ပညတ်ရသေးပါ

ထိုကာလအတွင်း ရဟန်းတော်များမှာ -
လမျးဆုံ လမြးလေးခှ အမှိုက်ပုံများ၌
စွန့်ပစ်ထားသော အဝတ်စုတ်များ
လူသေကောင်များ၌
ရစ်ပတ်ထားသော အဝတ်စုတ်များကို
ကောက်ယူ လျှော်ဖွတ်ဆေးဆိုးကာ ဝတ်ရုံကြသော
ပံ့သုကူ သင်္ကန်းများနှင့်သာ မျှတနေရသည်

ထိုမှ
သမားတော် ဇီဝက၏
လျှောက်ထား တောင်းပန်မှုကြောင့်
ဒါယကာတို့ လှူဒါန်းအပ်သော သင်္ကန်းကို
အလှူခံခွင့် ရရှိသော
ဂဟပတိ - သင်္ကန်း ဖြစ်ပေါ်လာခဲ့၏

ထိုမြ တဆင့်
အမတ်စစ်သူကြီး တစ်ဦးက
ငါသည် စစ်တိုက်ထွက်ဖို့ရာ အချိန်နီးနေ၍
အမှုကိစ္စများဖြင့် အလုပ်ရှုပ်နေသည့် အတွက်
ရဟန်းတော်တို့ထံ
ဝါဆိုသင်္ကန်းလာရောက် အလှူခံဖို့ရန်
ကိုယ်တိုင် သွားရောက်၍
ပင့်ဖိတ်ဖို့ အချိန်မပေးနိုင်ပါ

ထိုအခါ
အမတ်စစ်သူကြီးက စစ်မြေပြင်အရပ်တွင်
မိမိ၏ အသက်သည်
သေမည် ရှင်မည်ကို အတိအက် မသိရသည့်အတွက်
စစ်တိုက် ထွက်ခါနီး အချိန်တွင်
ကုသိုလ် ရလို၍ လည်းကောင်း

ရရှိသည့် ကုသိုလ်၏
အစွမ်းသတ္တိ အာနုဘော်ကြောင့်
စစ်မြေပြင် အရပ်တွင်
အန္တရာယ်ကင်းစေလို၍လည်းကောင်း
ရဟန်းတော်တို့၏ အထံသို့
အရှင်ဘုရားတို့ ကြွလာတော်မူကြပါကုန်
တပည့်တော်သည် အရှင်ဘုရားတို့အား
ဝါဆိုသင်္ကန်းကို လှူဒါန်းပါအံ့ဟု
လျှောက်ထားပေးရန်
အခိုင်းအစေ တမန္ကို လွှတ်လိုက်၏

မြတ်စွာဘုရားသည်
ဝါမှထကုန်သော { ဝါဆိုပြီးသော }
ရဟန်းတော်တို့အား

ဝါဆိုသင်္ကန်းကို အလှူခံ၍ သုံးစွဲရန်
ခွင့်ပြုတော် မမူအပ်သေး၍ ရဟန်းတော်တို့က
ဝါဆိုသင်္ကန်း အလှူခံယူမှုအပေါ်
ယုံမြား တွေးတောမှု ဖြစ်ကာ
သံသယ ကုက္ကုစ္စဖြစ်ကြကုန်၏

ထို့ကြောင့်
အမတ်စစ်သူကြီးက
ဝါဆိုသင်္ကန်း အလှူခံရန် ပင့်ဖိတ်ပါသော်လည်း
ရဟန်းတော်တို့သည် လာရောက်၍
အလှူမခံကြကုန်

ရဟန်းတော်တို့
မလာရောက်ကြသော အခါ -
အမတ်စစ်သူကြီးက
အရှင်မြတ်တို့သည် ဝါဆိုသင်္ကန်းကို
လာရောက်အလှူခံရန်
တမန် စေလွှတ်အပ်ပါလျက်
အဘယ့်ကြောင့်
မကြွလာကုန် ဘိသနည်း

ငါသည်ကား
စစ်မြေပြင်အရပ်သို့ သြားရအံ့

အသက်ရှင်ခြင်းကို သိနိုင်ခဲ၏
သေခြင်းကိုလည်း သိနိုင်ခဲ၏ - ဟု
ရဟန်းတော်တို့ အပေါ်၌
ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ၍ ပြောဆို၏

ထိုသတင်းကို
မြတ်စွာဘုရားကြားသိတော်မူ သဖြင့်
ရဟန်းတော် တို့သည်
အဆောတလျင် လှူအပ်သော သင်္ကန်းကို
ခံယူ၍ ထားခြင်းငှာ ဘုရားခွင့်ပြုတော်မူပြီ ဟု
ရဟန်းတော်တို့ အတွက်
သင်္ကန်းကို အလှူခံယူ၍ အသုံးပြုဖို့ရန်
ခွင့်ပြုတော်မူသည်

#အစ္စေကစီဝရ - ဆိုသည်မှာ
အဆောတလျင်
ရှောင်တခင် လှူအပ်သော
အသင်္ကန်း ဖြစ်သည်

၄င်း #အစ္စေကစီဝရ ကို
{ ၁ } မိမိ၏အသက္ကို စိတ်မချရသည့်
စစ်မြေပြင်အရပ်သို့ စစ်ထွက်မည့်ပုဂ္ဂိုလ်
{ ၂ } အရပ်တစ်ပါးသို့ ခရီးထွက်မည့်ပုဂ္ဂိုလ်
{ ၃ } ဖျားနာနေသည့် ဂိလာန မကျန်းမာ
လူနာပုဂ္ဂိုလ်
{ ၄ } မွေးဖွားခါနီး ကိုယ်ဝန်ဆောင် ပုဂ္ဂိုလ်
{ ၅ } မူလအရင်က သဒ်ဓါတရားမရှိဘဲ
အသဈသဒျဓါတရားဖှဈပေါလြာသော ပုဂ္ဂိုလ်

၄င်းပုဂ္ဂိုလ်တို့က
ရဟန်းတော်တို့၏ အထံသို့
တမန်စေလွှတ်၍ လည်းကောင်း
တမန်ကိုမစေလွှတ်ဘဲ
မိမိကိုယ်တိုင် သွား၍လည်းကောင်း
အရှင်ဘုရားတို့ ကြွတော်မူလာကြပါကုန်

တပည့်တော်သည် အရှင်ဘုရားတို့အား
ဝါဆိုသင်္ကန်းကို လှူဒါန်းပါအံ့ဟု
အဆောတလျင် ရှောင်တခင် လှူဒါန်းအပ်သော
သင်္ကန်းကို အစ္စေကစီဝရ ဟု ခေါ်သည်

၄င်းသင်္ကန်းကို
#ဝဿဝါသိက - ဝါဆိုသင်္ကန်းဟူ၍ လည်းကောင်း
ဝါကျွတ်သင်္ကန်းဟူ၍ လည်းကောင်း

#အစ္စေကစီဝရ - အဆောတလျင် ရှောင်တခင်
လှူအပ်သော သင်္ကန်းဟူ၍ လည်းကောင်း
အမည်အမျိုးမျိုး ခေါ်နိုင်သည်

ဤသည်ကို
ထောက်ဆကြည့်မည် ဆိုပါလျှင်
ဝါဆိုသင်္ကန်းအား
တစ်နှစ်ပတ်လုံး လှူဒါန်းနိုင်၏

၄င်းသင်္ကန်းသည် သီးခြားသင်္ကန်းမျိုး မဟုတ်
သင်္ကန်း - ၉ ထည်တွင်
တစ်ထည်အပါအဝင် ဖြစ်သည်

#သင်္ကန်း-၉ထည်မှာ

{ ၁ } သင်းပိုင်
{ ၂ } ကိုယ်ရုံဧကသီ
{ ၃ } ဒုကုဋ်
{ ၄ } အိပ်ရာခင်း
{ ၅ } မျက်နှာသုတ်ပဝါ
{ ၆ } ပရိက္ခရာစောဠ
{ ၇ } နိသီဒိုင်
{ ၈ } မိုးရေခံသင်္ကန်း
{ ၉ } အမာလွှမ်းသင်္ကန်းတို့ ဖြစ်သည်

မိုးတွင်းအခါ
မိုးရေချိုးရန် အသုံးပြုအပ်သော
သင်္ကန်း ဖြစ်သောကြောင့်
#ဝိဿိကသာဋိကစီဝရ - မိုးရေခံသင်္ကန်းဟုခေါ်၏

#ဝါဆိုသင်္ကန်းနှင့်မိုးရေခံသင်္ကန်းသည်
အဓိပ်ပါယျ အနေအထားဖြင့်
တူသယောင် ရှိ၍လည်းကောင်း

ပါဠိအေနအထား အားဖြင့်
တူသယောင်ရှိ၍ လည်းကောင်း
အတူတူပင်ဟု ထင်မှတ်ကြ၏

အဓိပ္ပါယ်မတူပါ

ဝါဆိုသင်္ကန်းသည် မိုးရေခံသင်္ကန်း မဟုတ်ဘဲ
မိုးရေခံသင်္ကန်း အတွက်
#ပါတိမောက်_ရတနာဝဂ်မှာ သိက္ခာပုဒ်
သီးခြားရှိပါသည်

မြတ်စွာဘုရား
ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော့
ဝိသာခါက ဆွမ်းစားပင့်ပါတယ်

အဲဒီည လွန်တော့
လေးကျွန်းလုံးအနှံ့ မိုးကြီးရွာသွန်းပါတယ်

မြတ်စွာဘုရားရှင်က
ရဟန်းတို့ ဇေတဝန်ကျောင်းမှာ
ရွာသလို၊ လေးကျွန်းလုံးအနှံ့မှာလည်း မိုးရွာတယ်

သင်တို့ မိုးရေချိုးကြ
ဒီမိုးကြီးဟာ လေးကျွန်းလုံးနှံ့တဲ့
နောက်ဆုံးမိုးပဲ ဟု မိန့်တော်မူပါတယ်

ရဟန်းတော်များဟာ
သင်္ကန်းအပိုအလှူခံခွင့် မရှိသေးတာကြောင့်
မိုးရေခံ သင်္ကန်းမပါဘဲ မိုးရေချိုးနေကြတဲ့အချိန်
ဝိသာခါလွှတ်လိုက်တဲ့ အိမ်ဖော်မလေး
ကျောင်းသို့ ဆွမ်းစားချိန် ရောက်ကြောင်း
လျှောက်ထားဖို့လာတဲ့အခါ

ပြည်ထောင်စုမြန်မာနိုင်ငံတော် သက္ကမာ ရဟန်းတော်များအဖွဲ့မှဝမ်းနည်းကြောင်း သဝဏ်လွှာဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန...
11/11/2023

ပြည်ထောင်စုမြန်မာနိုင်ငံတော် သက္ကမာ ရဟန်းတော်များအဖွဲ့
မှ
ဝမ်းနည်းကြောင်း သဝဏ်လွှာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသ၊ တောင်တန်းဒေသလုံးဆိုင်ရာ ‘Parbatya Bhikkhu Sangha’၏ သံဃာ့ရာဇာ ဆရာတော်ဖြစ်တော်မူသော၊ ၂၀၂၃-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရက ပေးအပ်ချီးမြှင့်သော အဂ္ဂမဟာပဏ္ဍိတဘွဲ့ရရှိတော်မူသော၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ‘ATN Channel and Levers Brother’s, Bangladesh’ကပေးအပ်ချီးမြှင့်သော ဖြူစင်မေတ္တာဘွဲ့ရရှိထားသော အရှင်တိလောကနန္ဒာ (Tiliokananda) မဟာထေရ်မြတ်သည် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်းကို ကြားသိရသည့်အတွက် အလွန့် အလွန် ဝမ်းနည်းစိတ်မကောင်း ဖြစ်မိပါကြောင်း ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ပေးလိုက်ပါသည်။
ဘင်္ဂလားဒေသ့်နိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသ အတွက် ဗုဒ္ဓသာသနာ တည်တံပြန်ပွားရေးကို အကြိုးမာန်တက်ကြိုးစား ပေးခဲ့ပါသော သံဃာ့ရာဇာဆရာတော် အရှင်တိလောကာနန္ဒာ မထေရ်မြတ်သည် ကောင်းရာသုဂတိ နတ်ပြည်နတ်နန်းကို ရောက်ရှိပါစေကြောင်းနှင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေလိုဆုမွန် ကောင်းတောင်း ဆိုလိုက်ပါသည်။

အားလုံး၏ကိုယ်စား

(အရှင်ဇောတိပါလ)
စမ္ပာနဂိုရ်သက္ကမာကျောင်းတိုက်
ထန်းတပင်မြိုနယ်၊ ရန်ကုန်တိုင်းဒေသကြီး။

နှစ်ထပ်ကျောင်းဆောင်အတွက်မောင်မောင်စိုး၊ခေတ္တ၊တရုတ်မှအလှူတော်ငွေတစ်သိန်းကျပ်တိတိလှူဒါန်းပါသည်၊နတ်လူသာဓုခေါ်စေသော်
17/07/2023

နှစ်ထပ်ကျောင်းဆောင်အတွက်မောင်မောင်စိုး၊ခေတ္တ၊တရုတ်မှအလှူတော်ငွေတစ်သိန်းကျပ်တိတိလှူဒါန်းပါသည်၊နတ်လူသာဓုခေါ်စေသော်

စမ္မာနဂိုရ်သက္ကမာကျောင်းတိုက်၊ကွင်းသာယာ၊ရိုးကြီး၊ထန်းတပင်မြို့နယ်၊ရန်ကုန်တွင်ဆောက်လုပ်ဆဲကျောင်းဆောင်သစ်အတွက်မောင်လှအောင်...
17/03/2023

စမ္မာနဂိုရ်သက္ကမာကျောင်းတိုက်၊ကွင်းသာယာ၊ရိုးကြီး၊ထန်းတပင်မြို့နယ်၊ရန်ကုန်တွင်ဆောက်လုပ်ဆဲကျောင်းဆောင်သစ်အတွက်မောင်လှအောင်သာနှင့်ဇနီးမဘောက်မေတို့မိသားစု(ခေတ္တ-မလေးရှား)၊ဇီးကုန်းကျေးရွာ၊မင်းပြားမှနိဗ္ဗာန်ရည်မှန်း၍လှူဒါန်းကြပါသည်။နတ်လူသာဓုခေါ်စေသော်

Address

Campanagar Chakma International Monastery, Https://maps. App. Goo. Gl/hw5QkVCSiiBaTXV 86
Yangon

Website

Alerts

Be the first to know and let us send you an email when Campaknagar International Chakma Monastery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share