Win Htut Thar Kyi

Win Htut Thar Kyi အပတ်စဥ်တရားဒေသနာ၊ Bible Study၊ ဓမ္မသီချင်း၊ Youth Pastor of Christ's Church
(2)

30/08/2026

ဗာနဗကဲ့သို့ဝိညာဥ်အသက်တာကြီးထွားရင့်ကျက်ခြင်း (တမန်တော် 11:24)

28/08/2026

ဘုရားကိုမှီခိုပါ။ (ယော ၁၅း၅)

25/08/2026

လောကအသံတွေကြားထဲ ဘုရားရဲ့အသံတော်ကိုနားစိုက်ထောင်ပါ၊ သင့်ကိုလမ်းပြနေပါတယ်။ (ဆာလံ ၃၂း၈)

20/08/2026

ဘုရားသခင်နှင့်ကိုယ်တိုင်ကိုယ်ကျရင်းနှီးကျွမ်းဝင်ပါ။ Know God Personally (ရှင်ယောဟန် ၁၇း၃)

19/08/2026

'ယေ​ရှု​က​လည်း၊ သင်​တို့​သည် ကျမ်း​စာ​ကို​နား​မ​လည်၊ ဘု​ရား​သ​ခင်၏​တန်​ခိုး​တော်​ကို မ​သိ​သော​ကြောင့် မှား​သော​အ​ယူ​ကို ယူ​ကြ၏။' ရှင်မဿဲ 22:29

16/08/2026

ယနေ့ခေတ်ယုံကြည်သူများသမ္မာတရားလမ်းမှလွဲစေရန်၊ ကျမ်းစာကိုးကားချက်မရှိ မိမိလိုရာဟောပြောပြီး ဝိညာဥ်တော်ဖေါ်ပြသည်ဟုဆိုကာ လိမ်လည်လှည့်စားရန်အတွက် သမ္မာကျမ်းစာမလို၊ ကျမ်းစာကိုစနစ်တကျလေ့လာစရာမလိုဟုလွဲမှားသောသွန်သင်ချက်များပေါ်ပေါက်လျက်ရှိပါသည်။
ထို့ကြောင့် သခင်ယေရှုကိုယ်တော်တိုင်သမ္မာကျမ်းစာကိုမည်သို့သဘောထားသနည်း၊
မည်သို့အသုံးပြုသနည်း၊
ကိုယ်တော်ကိုယ်တိုင်ကျမ်းစာဖတ်သလား၊ ဆိုသည့်အရာကိုပြန်လည်လေ့လာပြီး
အမှန်နှင့်အမှားကိုခွဲခြားနားလည်နိုင်ရန်
စစ်မှန်သောသမ္မာတရားကို ရှင်းလင်းစွာသိမြင်နိုင်ရန်
ဒီတရားဒေသနာအားဖြင့်ဖေါ်ပြတိုက်တွန်းလိုက်ပါတယ်။
သခင်ယေရှုကျမ်းစာဖတ်သလား။ (JESUS & Bible) - Rev. Win Htut Thar Kyi

🙏By the grace of God, I had the great opportunity to share a 🎙️Spiritual Talk at Myanmar Institute of Theology (MIT) on ...
15/08/2026

🙏By the grace of God, I had the great opportunity to share a 🎙️Spiritual Talk at Myanmar Institute of Theology (MIT) on “Do Not Quench the Spirit”.
Returning to MIT, where I completed my M.Div. in 2009, was a special blessing.

💚My sincere thanks to the Chaplain’s Office, President, Vice President, faculty, and students of MIT for the kind invitation and warm welcome.

ဘုရားသခင်၏ကျေးဇူးတော်ကြောင့် Myanmar Institute of Theology (MIT) တွင် “Do Not Quench the Spirit” (1 Thessalonians 5:19) ခေါင်းစဉ်ဖြင့် Spiritual Talk မျှဝေခွင့်ရရှိခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင် M.Div. ဘွဲ့ရရှိခဲ့သော MIT သို့ ပြန်လည်ရောက်ရှိပြီး မျှဝေခွင့်ရခြင်းသည် အထူးကောင်းချီးတစ်ရပ်ဖြစ်ပါသည်။

🙏 ဖိတ်ကြားပေးသော Chaplain’s Office တာဝန်ရှိသူများ၊ President၊ Vice President၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

❤️134th Anniversary of Christ’s Church 💌2012 မှာ Sunday School Teacher (Youth Class) ကိုစသင်ရင်း Christ’s Church ကိုစရော...
09/08/2026

❤️134th Anniversary of Christ’s Church
💌2012 မှာ Sunday School Teacher (Youth Class) ကိုစသင်ရင်း Christ’s Church ကိုစရောက်တယ် 2018 မှာ Youth Pastor အဖြစ်စတင်ပြီးလူငယ်တွေကို အနီးကပ်ကြည့်ရှုခဲ့တယ် ခုထိပေါ့။ 2026 မှာတော့ Assistant Pastor အဖြစ်နာမည်ပါလာခဲ့ပြီး အသင်း တော်နှစ်ပတ်လည်မှာ ပထမဆုံးအကြိမ်ဒေသနာဝေမျှ ခွင့်ရခဲ့ပါတယ်။
📚ပထမဆုံး Church Anniversary Sermon ဖြစ်သလို မကြာခင်အသင်းတော်နဲ့ခတ္တခွဲခွါရ ဦးမှာဖြစ်လို့ “Church: Christ + You Are + Chosen” တရားဒေသနာကို သေချာဆုတောင်းအားစိုက်ပြင်ဆင်ပြီးဝေမျှခဲ့ပါတယ်။
အသင်းတော်ကြီး ၁၃၄ နှစ်ကနေ ယခုထက်ပို၍ နိုးကြားရှင်သန်လျက် ဆက်လက် Sustainable ဖြစ်စေဖို့ နှလုံးသားနဲ့ရင်း၍ နှိုးဆော်ခဲ့ခြင်းပေါ့။
သားလေး နဲ့ ဇနီးသည်လည်းသက်ဆိုင်ရာ အသင်းတော်ကဏ္ဍများမှာတက်ကြွစွာပါဝင်ရင်းအမှတ် တရများစွာဖြင့် အသင်းတော်နှစ်ပတ်လည်ဖြစ်ခဲ့ပါတယ်။

💌CHURCH ⛪️ CH _ UR _ CH

❤️CH — CHRIST (ခရစ်တော်)
ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်း ဖြစ်တော်မူ၏။

💚 UR — YOU ARE…

💌CH;

✝️Chosen People - ရွေးကောက်တော်မူသောသူများ (၁ ပေတရု ၄: ၂:၉)
✝️Children of God - ဘုရားသခင်၏ သားသမီးများ(ယောဟန်ခရစ်ဝင် ၁:၁၂-၁၃)
✝️Cherished by Christ - ခရစ်တော်၏ ချစ်မြတ်နိုးခြင်းခံရသောသူများ (ဧဖက် ၅:၂၅၊ ၂၉)
✝️Changing Life - ပြောင်းလဲသော အသက်တာ (Changing Life) (၂ ကော ၅:၁၇၊ ရောမ ၈:၂၉)
✝️Cheerleaders for God's Glory - ဘုရားသခင်၏ ဘုန်းတော်အတွက် ဝမ်းမြောက်စွာ သက်သေခံသူများ(၁ ကော ၁၀:၃၁၊ မဿဲ ၅:၁၆)
✝️Channels of God's Blessing - ဘုရားသခင်၏ ကောင်းချီး စီးဆင်းရာလမ်းကြောင်းများ (ကမ္ဘာ ၁၂:၂၊ ၂ ကော ၁:၄)

ဖိတ်ခေါ်ပါသည်။
08/08/2026

ဖိတ်ခေါ်ပါသည်။

World Vision International Myanmar ၏ဖိတ်ခေါ်မှုဖြင့် 📚Dare to Discover (D2D)📚Youth Spiritual Naturing Workshop for Minis...
06/08/2026

World Vision International Myanmar ၏ဖိတ်ခေါ်မှုဖြင့် 📚Dare to Discover (D2D)📚Youth Spiritual Naturing Workshop for Ministers (Lashio, Myitkyinar, Taunggyi) ကို August (3-5) အထိ
(3) ရက်တာလုံး (နေ့စဉ် - နံနက် 9:00 မှ ညနေ 4:00 အထိ) တစ်ကိုယ်တော်ဦးဆောင်သင်ကြားပြီးခဲ့ပါပြီ။

D2D အစအဆုံး တစ်နေကုန်သုံးရက်ဆက်တိုက်အရင်ကလည်းသင်ခဲ့ပေမယ့်အခု (၄၀) ကျော်မှာတော့
သင်တန်းအပြီးညနေပိုင်းဆို နာရီဝက်လောက်ခဏနားပြီးပြန်အားယူနေရပြီ။ ဒါပေမယ့် (၃) ရက်လုံး အသံလုံးဝမဝင်ဘဲ ကျန်းမာစွာဟောပြောသင်ကြားရန်ဘုရားသခင်ခွန်အားပေးခဲ့ပါတယ်။

🙏လားရှိုး၊ မြစ်ကြီးနား၊ တောင်ကြီးဒေသရှိ သင်ကြားခံယူခဲ့ကြသော တရုတ်သာသနာမှ ဆရာ/မများအားဖြင့် လူငယ်များထံသို့ဆက်လက်စီးဆင်းရောက်ရှိရန်၊ လူငယ်တို့၏ဘဝကိုဘုရားသခင်အလို တော်အတိုင်းအသက်ရှင်လျက် တန်ဖိုးပြည့်ဝသော အသက်တာများအဖြစ်ပြုစုပျိုးထောင်နိုင်ရန် ဆုတောင်းဆက်ကပ်လျက် အစွမ်းကုန်ဝေမျှပေးခဲ့ပါသည်။
💌ဖိတ်ခေါ်သော World Vision International Myanmar မှတာဝန်ရှိသူများကိုလည်းကျေးဇူးတင်ပါတယ်။ ယနေ့တိုင်လူငယ်သာသနာအတွက်အသုံးခံ
ခွင့်ရရှိခြင်းကကျေးဇူးတော်သက်သက်ပါပဲ။

Address

Christ’s Church, Corner Of Min Ye Kyaw Swar Road & Aung Yadanar Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959420290758

Website

Alerts

Be the first to know and let us send you an email when Win Htut Thar Kyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Win Htut Thar Kyi:

Shortcuts

Share