Myanmar Ministry Training Centre

Myanmar Ministry Training Centre MMTC is a new and creative centre for training Christian workers in ministry.

🔰Mid-semester exams😇😇
25/08/2026

🔰Mid-semester exams😇😇

English speaking class!
11/08/2026

English speaking class!

🔵Monthly Trainers’ meeting and online class on “4 Reasons to preach through Genesis”
05/08/2026

🔵Monthly Trainers’ meeting and online class on “4 Reasons to preach through Genesis”

18/07/2026

တော်တော်များများက အမှုတော်ဆောင်တယ်လို့ ပြောလိုက်ရင် ဓမ္မဆရာဖြစ်မှ၊ သိက္ခာတော်ရဆရာတော်ကြီးဖြစ်မှ၊ ဒါမှမဟုတ် သင်းအုပ်ဆရာဖြစ်မှလို့ ထင်တတ်ကြတယ်။

ဒါပေမဲ့ တကယ်တော့ အမှုတော်ဆောင်ခြင်းဟာ ရာထူးတစ်ခု မဟုတ်သလို၊ လူနည်းစုနဲ့ပဲ ဆိုင်တဲ့အရာ မဟုတ်ပါဘူး။

သင်က ဘုရားသခင်ကို ယုံကြည်သူတစ်ယောက် ဖြစ်နေပြီဆိုရင်တင် သင့်မှာ အမှုတော်ဆောင်ဖို့ တာဝန်ရှိနေပါပြီ။ ဒါဆို အမှုတော်ဆောင်တယ်ဆိုတာ ဘာလဲ?

အပတ်တိုင်း Sermon ဝေငှတာလား..

Worship Team မှာ ပါဝင်တာလား..

Media Team မှာ ပါဝင်တာလား..

Sunday school သင်ပေးတာလား..

တကယ်တော့ အမှုတော်ဆောင်ခြင်း (Ministry) ဆိုတာ ရာထူးမဟုတ်ပါဘူး.....

အမှုတော်ဆောင်ခြင်းဆိုတာ...

"ခရစ်တော်လို အစေခံခြင်း" ပါ။

ယေရှုက ဒီလို ပြောထားပါတယ်။

"သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာ မလာ၊ သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသည်ဖြစ်၍" (မဿဲ ၂၀: ၂၇၊၂၈)

ဒီကျမ်းချက်ကို သေချာစဉ်းစားကြည့်ပါ။

ယေရှုက ကောင်းကင်ဘုန်းကို စွန့်ခဲ့တယ်။

တပည့်တွေရဲ့ ခြေကိုတောင် ဆေးပေးခဲ့တယ်။

အသက်ကိုတောင် စွန့်ခဲ့တယ်။

ဒါပေမယ့်...

ဒီနေ့ ကျွန်တော်တို့က...

"ငါ့ကို ဘာရာထူးပေးမှာလဲ?"

"ငါ့ကို ဘာကြောင့် မရွေးတာလဲ?"

"ငါ့ကို Credit မပေးဘူး။"

စတဲ့ ပေးဆပ်ဖို့ထက် ရယူဖို့ပဲ အလိုရှိကြတာ များပါတယ်။

အဲဒါက...

အမှုတော်ဆောင်ချင်တာလား...

အသိအမှတ်ပြုခံချင်တာလား...

ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်ပါတယ်။

#ဘုရားသခင်ကဘာကိုကြည့်သလဲ?
=============================
ဘုရားသခင်က Talent ထက်...

သစ္စာရှိခြင်းကို ပိုကြည့်ပါတယ်။

လူမြင်တဲ့ Stage ထက်...

လူမမြင်တဲ့ Service ကို ပိုမြင်တယ်။

"သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီးခံရကြသည်နှင့် အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်း ဝေငှပေးကမ်းကြလော့" (၁ ပေတရု ၄:၁၀)

သင် သီချင်းမဆိုတတ်လည်း...

တရားမဟောတတ်လည်း...

Camera မကိုင်တတ်လည်း...

ဘုရားသခင်က သင့်ကို အသုံးမပြုနိုင်ဘူးလို့ မဆိုလိုပါဘူး။

ဧည့် ကြိုတဲ့သူ...

သန့်ရှင်းရေးလုပ်တဲ့သူ...

နေမကောင်းသူကို သွားဆုတောင်းပေးတဲ့သူ...

စိတ်ဓာတ်ကျနေသူကို အားပေးတဲ့သူ...

ဒီလို လူတွေဟာလည်း ဘုရားသခင်ရဲ့ မျက်စိထဲမှာ အဖိုးတန်တဲ့ အမှုတော်ဆောင်တွေပါပဲ။

#အမှုတော်ဆောင်ခြင်းရဲ့အကြီးမားဆုံးရန်သူ
===================================

အလုပ်များတာ မဟုတ်ဘူး...

ပင်ပန်းတာလည်း မဟုတ်ဘူး...

မာန ပါ။

"ငါပဲ လုပ်နိုင်တယ် ။ "

"ငါမရှိရင် မရဘူး။"

"ငါ့ကို အသိအမှတ်မပြုဘူး။"

ဒီစိတ်တွေ ဝင်လာတဲ့နေ့ကစပြီး...

ကျွန်တော်တို့ဟာ ဘုရားအတွက် အလုပ်လုပ်နေတာ မဟုတ်တော့ဘဲ...

ကိုယ့်နာမည်အတွက် အလုပ်လုပ်နေမိတတ်ပါတယ်။

ဒီနေ့...

သင် ဘုရားအတွက် အလုပ်လုပ်နေတာလား...

ဒါမှမဟုတ်...

ကိုယ့်နာမည် အတွက် အလုပ်လုပ်နေတာလား?

ဘုရားသခင်ရဲ့ ဘုန်းကို ခိုးမယူတာ အကောင်းဆုံးပါ။

ပြီးတော့ အမှုတော်ဆောင်တယ် ဆိုတဲ့ နေရာမှာ ဘုရား ပေးထားတဲ့ နေရာမှာ သစ္စာရှိရှိ ဆောင်ရွက်တာလည်းပါပါတယ်။

"အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ" (လုကာ ၁၆:၁၀)

ဒီနေ့ကစပြီး...

ရာထူးကို မရှာပါနဲ့။

သစ္စာရှိပြီး အစေခံနိုင်မဲ့ နှလုံးသားကိုပဲ ရှာပါ။

အဲဒီလို နှလုံးသားရှိတဲ့သူကို ဘုရားသခင်က အချိန်တန်တဲ့အခါ မြှောက်စားတော်မူပြီး၊ ကိုယ်တော်ရဲ့ ဘုန်းတော်အတွက် ကြီးမားစွာ အသုံးပြုတော်မူပါလိမ့်မယ်။

"အမှုတော်ဆောင်ခြင်းရဲ့ အမြင့်ဆုံးရာထူးက အနိမ့်ဆုံးနေရာမှာ ခရစ်တော်လို အစေခံနိုင်တဲ့ နှလုံးသားပဲ ဖြစ်ပါတယ်။"

#ကျမ်းစာ #သစ္စာရှိခြင်း #အမှုတော် #အသုံးခံချင်သောနှလုံးသား

တစ်ပတ်လုံးမရပ်မနားပဲ အင်္ဂလိပ်စာ လာသင်ပေးသော ဆရာမ Narelle ကိုအထူးကျေးဇူးတင်ပါတယ်။ Online ကနေ အမြဲတမ်းသင်ပေးလို့လည်းကျေးဇ...
11/07/2026

တစ်ပတ်လုံးမရပ်မနားပဲ အင်္ဂလိပ်စာ လာသင်ပေးသော ဆရာမ Narelle ကိုအထူးကျေးဇူးတင်ပါတယ်။ Online ကနေ အမြဲတမ်းသင်ပေးလို့လည်းကျေးဇူးတင်တယ်။

B.Th 3 year တွေကို ဘာသာပြန်ပေးစရာမလိုအပ်သည့်လောက်အောင် English Speaking မြှင့်တင်ပေးနိုင်သောကြောင့် ဘုရားရှင်​၏နာမတော်ချီးမွမ်းပါတယ်။

🔵၂၀၂၆-၂၀၂၇ MMTC ဓမ္မပညာသင်နှစ် ဆက်ကပ်ဆုတောင်းခြင်း
05/07/2026

🔵၂၀၂၆-၂၀၂၇ MMTC ဓမ္မပညာသင်နှစ် ဆက်ကပ်ဆုတောင်းခြင်း

🔰B.Th 3rd year ကျောင်းသား Thang Ceu ​၏ ဖတ်ရှုခဲ့သော စာအုပ်များဖြစ်ပါတယ်။🔵(ကျောင်းသင်ခန်းစာ/ စာအုပ်မပါ)
17/04/2026

🔰B.Th 3rd year ကျောင်းသား Thang Ceu ​၏ ဖတ်ရှုခဲ့သော စာအုပ်များဖြစ်ပါတယ်။

🔵(ကျောင်းသင်ခန်းစာ/ စာအုပ်မပါ)

🔰B.Th 3rd year ကျောင်းသား Ceupi နှင့် Cungpi တို့​၏ ၃ နှစ်အတွင်းဖတ်ရှုခဲ့သော စာအုပ်များဖြစ်ပါတယ်🔵(ကျောင်းသင်ခန်းစာ/ စာအု...
13/04/2026

🔰B.Th 3rd year ကျောင်းသား Ceupi နှင့် Cungpi တို့​၏ ၃ နှစ်အတွင်းဖတ်ရှုခဲ့သော စာအုပ်များဖြစ်ပါတယ်

🔵(ကျောင်းသင်ခန်းစာ/ စာအုပ်မပါ)

✝️လှည်းကူးမြို့ သာသနာနယ်မြေသို့ ခွန်အားပေးအလည်သွားရောက်ခြင်း🙏(၈ ဧပြီ ၂၀၁၆)
08/04/2026

✝️လှည်းကူးမြို့ သာသနာနယ်မြေသို့ ခွန်အားပေးအလည်သွားရောက်ခြင်း🙏

(၈ ဧပြီ ၂၀၁၆)

Online English Test!
25/03/2026

Online English Test!

Address

Yangon

Opening Hours

Monday 09:00 - 14:00
Tuesday 09:00 - 14:00
Wednesday 09:00 - 14:00
Thursday 09:00 - 14:00
Friday 09:00 - 14:00

Alerts

Be the first to know and let us send you an email when Myanmar Ministry Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share