Aye Mar Way - Theravāda Buddha Dhamma

Aye Mar Way - Theravāda Buddha Dhamma Buddhism can be studied.

ဂုဏ်တော်များအရ ဘုရားရှင်၏ ကျေးဇူးတော်များ🧡🧡🧡-----------------------------------------------------ဘုရားဂုဏ်တော်ဟူသည်မှာ မ...
19/12/2021

ဂုဏ်တော်များအရ ဘုရားရှင်၏ ကျေးဇူးတော်များ🧡🧡🧡
-----------------------------------------------------

ဘုရားဂုဏ်တော်ဟူသည်မှာ မြတ်စွာဘုရား၌ တည်ရှိသော လောကီ၊ လောကုတ္တရာ တရား ဓမ္မအနှစ်သာရများနှင့် ၄င်းတရားတော်၏ သတ္တိစွမ်းပကားများပင်ဖြစ်သည်။

ဂုဏ်တော် ကိုးပါးတွင် အရဟံဂုဏ်တော်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်၊ ဝိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော်၊ လောကဝိဒူဂုဏ်တော် ဟူသော ဂုဏ်တော်လေးပါးတို့သည် မြတ်စွာဘုရား၌ ပြည့်စုံသော ကျေးဇူးတော်ကို ပြသပါသည်။

ဝါသနာနှင့်တကွ တစ်ထောင့်ငါးရာကိလေသာတို့မှ သန့်ရှင်းပြီးဖြစ်ခြင်း၊ သိရမည့်တရားအားလုံးကို ကိုယ်တိုင်အမှန်သိပြီးဖြစ်ခြင်း၊ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူခြင်း ဤအချက်တို့သည် မြတ်စွာဘုရားကို သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားဖြစ်ကြောင်း သိသာစေသည့်အချက်များဖြစ်သည်။

ထို့အပြင် သုဂတဂုဏ်တော်၊ ဗုဒ္ဓဂုဏ်တော်၊ ဘဂဝါဂုဏ်တော်တို့မှ အချို့သောအချက်များဖြင့် မြတ်စွာဘုရာ'၏ ဘုရားဂုဏ်နှင့် ပြည့်စုံတော်မူပုံကို ဖော်ပြပါသေးသည်။

နိဗ္ဗာန်သို့သာကြွသွားတော်မူခြင်း၊ အရေးကြီးလှသော သစ္စာလေးပါးကို မုချဆတ်ဆတ် သိခြင်း၊ ဓမ္မဘုန်းတော်၊ သီရိဘုန်းတော်၊ ပယတ္တဘုန်းတော် စသည်နှင့်ပြည့်စုံခြင်းမှာလည်း မြတ်စွာဘုရား၌ရှိသော ဂုဏ်အရည်အချင်းများဖြစ်ပါသည်။

အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်၊ သတ္ထာဒေဝမနုဿာနံ ဂုဏ်တော် နှစ်ပါးသည် မြတ်စွာဘုရားအနေဖြင့် ပရဟိတဆောင်ရွက်တော်မူခဲ့ပုံကို သိရပါသည်။ ကမ္ဘာလောကကြီးအတွင်းမှ လူကြမ်းနတ်ကြမ်း ဗြဟ္မာကြမ်းတို့ကို အနုနည်းဖြင့်ဆုံးမပြီး နိဗ္ဗာန်ချမ်းသာကိုရစေခြင်း၊ လူ့ကမ္ဘာနတ်ကမ္ဘာရှိ လူအပေါင်း၊ နတ်အပေါင်းတို့အား အတူမရှိအကျိုးပြုသော ဆရာတစ်ဆူအနေဖြင့် အရာရာ၌ ကြီးပွားတိုးတက်အောင် အဆုံးအမပေးတော်မူခြင်းများသည် စင်စစ် ပရဟိတဆောင်ရွက်မှုများဖြစ်သည်။

ထိုမှတစ်ပါး သုဂတ၊ ဗုဒ္ဓနှင့် ဘဂဝါ ဂုဏ်တော်မှ အချို့သောအချက်များအရ လည်း မြတ်စွာဘုရားအနေဖြင့် ပရဟိတဆောင်ရွက်တော်မူပုံကို သိရပါသည်။ စကားခြောက်ခွန်းအနက် သတ္တဝါတို့အား အကျိုးဖြစဟ်ထွန်းစေမည့် စကားနှစ်ခွန်းကိုသာ မြွက်ကြားတော်မူခြင်း သစ္စာလေးပါးကို ဝေနေယျသတ္တဝါများအား သိရှိစေရန် ဟောကြားဆုံးမ နည်းပြတော်မူခြင်း၊ ယသဘုန်းတော် ကာမဘုန်းတော်စသည်တို့နှင့်ပြည့်စုံတော်မူခြင်းတို့မှာ ပရဟိတအတွက်ဖြစ်သည်။

ဤသည်တို့မှာ ဘုရားရှင်၏ ဂုဏ်တော်များအရ ဘုရားရှင်၏ ကျေးဇူးတော်များပင်ဖြစ်ပါသည်။

Source - ဗုဒ္ဓဘာသာကောင်းတစ်ယောက်

ဘုရားအလောင်းတော်၏ အိပ်မက်ကြီးငါးပါးPhoto resource - ကျိုက်ဝိုင်းဘုရား
17/12/2021

ဘုရားအလောင်းတော်၏ အိပ်မက်ကြီးငါးပါး
Photo resource - ကျိုက်ဝိုင်းဘုရား

ဗောဇ္ဈင် ခုနစ်ပါး (အပိုင်း ၁)------------------------------🌷ဗောဇ္ဈင်ဆိုသည် မှာ သစ္စာလေးပါးမြတ်တရားကို သိမြင်စေတတ်သော မဂ်...
14/12/2021

ဗောဇ္ဈင် ခုနစ်ပါး (အပိုင်း ၁)
------------------------------

🌷ဗောဇ္ဈင်ဆိုသည် မှာ သစ္စာလေးပါးမြတ်တရားကို သိမြင်စေတတ်သော မဂ်ဥာဏ်ကို ထိုးထွင်းသိမြင်စေနိုင်သော အချက်အလက်များဖြစ်ပါသည်။

🌷ပရိတ်ကြီး ၁၁ သုတ်တွင် ပါဝင်သော ဗောဇ္ဈင်သုတ်မှာ ဂါထာများနှင့် သစ္စာပြုပုံကိုသာ ရေးဖွဲ့ထားခြင်းဖြစ်သည်။

🌷ဗောဇ္ဈင်သုတ်သည် မူရင်းမဟုတ်ဘဲ နေ့စဥ်ရွတ်ဖတ်ပူဇော်သောအခါ အဆင်ပြေစေရန် ရေးသားစီရင်ထားသော သုတ်ဖြစ်သည်။ ဗောဇ္ဈင်သုတ်တွင် ဗောဇ္ဈင် ခုနစ်ပါး မြတ်တရား၏ အကျိုးကျေးဇူးကို ဟောပြထားသည်။

🌷အမှန်တွင် ဗောဇ္ဈင်ခုနစ်ပါး သည် ကျင့်သုံးပွားများရမည့်တရားဖြစ်ပါသည်။

🌷ဤကဲ့သို့ ဗောဇ္ဈင်တရားကို ကျင့်သုံးပွားများခြင်းဖြင့် သံသရာတွင် လည်ပတ်နေကြသော သူတို့၏ ဆင်းရဲဒုက္ခကို သက်သာပျောက်ကင်းစေနိုင်ပြီး ထကြွသောင်းကျန်းလာသော ကိလေသာတို့ကိုလည်း နှိပ်ကွပ် ဆုံးမနိုင်သည်။

🌷ဤဗောဇ္ဈင်ခုနစ်ပါးမှာ အောက်ပါအတိုင်းဖြစ်သည်။

❣၁။ သတိ သမ္ဗောဇ္ဈင် - သတိစေတသိတ်

❣️၂။ ဓမ္မဝိဇယ သမ္ဗောဇ္ဈင် - ပညာစေတသိတ်

🥰၃။ ဝိရိယ သမ္ဗောဇ္ဈင် - ဝီရိယစေတသိတ်

😊၄။ ပီတိ သမ္ဗောဇ္ဈင် - ဝမ်းမြောက်ခြင်း၊ နှစ်သက်ခြင်း ပီတိစေတသိတ်

🦋၅။ ပဿဒ္ဓိ သမ္ဗောဇ္ဈင် - ကိုယ်စိတ်ပူပန်ခြင်းများ ငြိမ်းချမ်းခြင်း/ အေးမြခြင်း

🌿၆။ သမာဓိ သမ္ဗောဇ္ဈင် - သမာဓိတရား/ စိတ်တည်ကြည်ခြင်း

🌺၇။ ဥပေက္ခာ သမ္ဗောဇ္ဈင် -လျစ်လျူရှုခြင်း၊ ကြောင့်ကြစိုက်ရမှု ကင်းရှင်းခြင်း

သုစရိုက် (၁၀) ပါး--------------------------၁။ ကာယသုစရိုက် - ကာယကံ ၃ ပါး(က) သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြည်မှု(ခ) ပိုင်ရ...
05/12/2021

သုစရိုက် (၁၀) ပါး
--------------------------
၁။ ကာယသုစရိုက် - ကာယကံ ၃ ပါး

(က) သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြည်မှု
(ခ) ပိုင်ရှင်မှ ကိုယ်နှုတ်တို့ဖြင့် မပေးအပ်သော သူတစ်ပါး ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြည်မှု။
(ဂ) ကာမဂုဏ်တို့၌ ယုတ်ယုတ်မာမာ ကျင့်ခြင်းမှ ရှောင်ကြည်မှု။

၂။ ဝစီသုစရိုက် -ဝစီကံ ၄ ပါး

(က) မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြည်မှု
(ခ) ချောပစ်ကုန်းတိုက် ခြင်းမှ ရှောင်ကြည်မှု
(ဂ) ကြမ်းကြမ်းတမ်းတမ်း အယုတ်တမာ ဆဲဆိုခြင်းမှ ရှောင်ကြည်မှု
(ဃ) ပြိန်ဖျင်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြည်မှု

၃။ မနောသုစရိုက် - မနောကံ ၃ ပါး

(က) သူတစ်ပါး စည်းစိမ် ဥစ္စာကို "ငါ့ဟာဖြစ်လျှင် ကောင်းလေစွ" ဟု မတရားကြံစည်ခြင်းကို မပြုမှု။
(ခ) ‌‌သေကြေပျက်စီး သွားလျှင် ကောင်းလေစွ ဟု သူတစ်ပါးအား ပြစ်မှားခြင်းကို မပြုမှု
(ဂ) အယူမှားခြင်းကို၊ ကံ/ ကံ၏အကျိုးကို မယုံကြည်ခြင်းကို မဖြစ်စေမူ၍ ကောင်းသောအယူကို ယူမှု။

ဤသုစရိုက် (၁၀) ပါးကို လူ့ပြည်နတ်ပြည်ရောက်ကြောင်း "ကုသလ ကမ္မပထ" တရားဟုလည်းခေါ်သည်။

သတိပဌာန်လေးပါး (The Four Foundation of Mindfulness)-----------------------------------------------------------------၁။ က...
03/12/2021

သတိပဌာန်လေးပါး (The Four Foundation of Mindfulness)
-----------------------------------------------------------------

၁။ ကာယနုပဿနာသတိပဌာန် (Mindfulness of the Body)
၂။ ဝေဒနာနုပဿနာသတိပဌာန် (Mindfulness of the Feeling)
၃။ စိတ္တာနုပဿနာသတိပဌာန် (Mindfulness of the Mind)
၄။ ဓမ္မာနုပဿနာ သတိပဌာန် (Mindfulness of the Dhammas)

10/11/2021

#ဝင်လေ_ထွက်လေကို_ဗဟိုပြု၍ #သမထသမာဓိ_ထူထောင်ပုံကို_လေ့လာခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~

တရားအားထုတ်ခြင်း ဆိုသည်မှာ လျောင်း, ထိုင်, ရပ်, သွား အမူအယာများ၌ အာရုံနှင့်စိတ် ဆုံခိုက်ဝယ် အာရုံဘက်ကို ဂရုစိုက် အားထုတ်လျှင် သမထဘာဝနာ ဟု ခေါ်ပြီး စိတ်ဘက်ကို ဂရုစိုက် အားထုတ်လျှင် ဝိပဿနာဘာဝနာ ဟု ယေဘုယျ အကြမ်းစား ပြောနိုင်ပါသည်။

ရှေးဦးစွာ သမထဘာဝနာ (ခ) သမထသမာဓိ ထူထောင်ပုံကို တင်ပြပါမည်။

သမထသမာဓိကို ဘာကြောင့် ထူထောင်ရပါသလဲ ?

လူသာမန် အများစုသည် လောဘ, ဒေါသ, မောဟ တရားများနှင့် ရင်းနှီးကျွမ်းဝင်နေကြသဖြင့် စိတ်သည် အမြဲ ပူလောင်နေကြပါသည်။ ထို ပူလောင်နေသော စိတ်ကို အေးချမ်းစေလိုသဖြင့် သမထသမာဓိကို ထူထောင်ရခြင်း ဖြစ်ပါသည်။

သမထသမာဓိ ကို ရလျှင် မည်သည့် အကျိုးတရားများကို ရနိုင်ပါသလဲ ?

သမထသမာဓိ ကို ရလျှင် စိတ်၏ အေးချမ်းမှုကို ခံစားရပါမည်။ ထိုမှတဆင့် ဝိပဿနာသမာဓိ သို့ ပြောင်းနိုင်လျှင် အမှန်ကို အမှန်အတိုင်း မြင်သော ယထာဘူတဉာဏ် ကို ရရှိပါမည်။

သမထသမာဓိ ကို ထူထောင်လျှင် စိတ်ကို ပူလောင်စေတတ်သော တရား ၅-ပါးအား ဖယ်ရှားပေးပါသည်။ ထိုတရား ၅-ပါးတို့မှာ -
၁။ ကာမစ္ဆန္ဒ နီဝရဏ - လောဘစိတ်ကြောင့် ဖြစ်ရသော ပူလောင်မှု။
၂။ ဗျာပါဒ နီဝရဏ - ဒေါသစိတ်ကြောင့် ဖြစ်ရသော ပူလောင်မှု။
၃။ ထိနမိဒ္ဓ နီဝရဏ - ငိုက်မြည်းမှုကြောင့် ဖြစ်ရသော ပူလောင်မှု။
၄။ ဥဒ္ဒစ္စ ကုက္ကုစ္စ နီဝရဏ - စိတ်ပြန့်လွင့်ခြင်းနှင့် စိုးရိမ်ခြင်းတို့ကြောင့် ဖြစ်ရသော စိတ်၏ ပူလောင်မှု။
၅။ ဝိစ္ဆိကိစ္ဆာ နီဝရဏ - သံသယကြောင့် ဖြစ်ရသော စိတ်၏ ပူလောင်မှု တို့ကို ဖယ်ရှားပေးပါသည်။

လုပ်ငန်းခွင်၌ ဝင်လေ, ထွက်လေ ကို ဗဟိုပြု၍ သမထသမာဓိ ထူထောင်ပုံ အကျဉ်းကို တင်ပြပါမည်။

ရှေးဦးစွာ မိမိတို့နှင့် အဆင်ပြေရာ ဣရိယာပုတ်နှင့် ထိုင်နိုင်ပါသည်။မပင် မပမ်း သက်တောင့်သက်သာလေးနှင့် ကြာကြာ ထိုင်နိုင်သည့် ဣရိယာပုတ်ကို ရွေးချယ်ပြီး ထိုင်ပါ။

ဝင်လေ, ထွက်လေ ကို လောကလူသားတိုင်း ရှုလိုက်, ထုတ်လိုက် လုပ်နေကြပါသည်။ သိသည် ဖြစ်စေ, မသိသည် ဖြစ်စေ လုပ်နေပါသည်။ သို့သော် ဝင်လေ, ထွက်လေ ကို မသိနိုင်သော အခြေအနေ ၅-မျိုးရှိပါသည်။ ထို ၅-မျိုးတို့မှာ -
၁။ အမိ ဝမ်းတွင်း၌ နေသူ
၂။ ရေငုတ်နေသူ
၃။ မေ့မျောနေသူ
၄။ သမာပါတ် ဝင်စားနေသူ
၅။ အိပ်ပျော်နေသူ ဟူ၍ ဖြစ်ပါသည်။

ထိုအခြေအနေ ၅-မျိုး မဟုတ်လျှင် ဝင်လေ, ထွက်လေ ကို အချိန်တိုင်း သိနိုင်ပါသည်။

ထိုင် ဣရိယာပုတ်နှင့် ဝင်လေ, ထွက်လေ ကို အားထုတ်သူသည် ငါ, အားထုတ်နေခြင်း မဟုတ်ပါ ဟု သညာသိနှင့် ငါ, ကို အရင် ခွာထားရပါမည်။

ငါ, အားထုတ်ခြင်း မဟုတ်လျှင် ဘယ်သူ အားထုတ်ပါသလဲ ဟု မေးပါက သတိတရား, သမာဓိတရား နှင့် ဝီရိယတရား ၃-ပါးတို့က အားထုတ်နေခြင်း ဖြစ်သည် ဟု သိထားရပါမည်။

လေနှင့်စပ်ပြီး သတိ၏ အဓိပ္ပါယ်ကို ဖော်ပြပါမည်။

သတိ ကို အမှတ်ရခြင်း ဟုလည်း ပြန်၍ ရသည်။ ဒါမှမဟုတ် ဆုံပေးခြင်း ဟုလည်း ပြန်၍ ရပါသည်။ အမှတ်ရခြင်း ဟု ပြန်လျှင် ဝင်လေ, ထွက်လေ ကို အမှတ်ရခြင်း ဟု ကောက်ရမည်။

ဆုံပေးခြင်း ဟု ပြန်လျှင် အာရုံနှင့် စိတ်ကို ဆုံပေးသည် ဟု ကောက်ရပါမည်။ ယောဂီတို့ နှစ်သက်ရာကို ယူသုံးနိုင်ပါသည်။

သမာဓိ ၏ အဓိပ္ပါယ်ကို ၂-မျိုးနှင့် ရှင်းပြပါမည်။
၁။ သမာဓိ ၏ အဓိပ္ပါယ် - စုစည်းပေးသည်။
၂။ သမာဓိ ၏ အဓိပ္ပါယ် - တည်ကြည်စေသည်။ ငြိမ်သက်စေသည်ဟု နှစ်မျိုးစလုံးအား သိထားရပါမည်။

သူတော်ကောင်းတို့။

အပြင်က လေသည် နှာသီးဝကို ထိပြီးမှ အတွင်းသို့ ဝင်ပါသည်။ နှာသီးဝ၌ စာလိုဆိုရလျှင် ပသာဒရုပ်(ခေါ်)ကာယအကြည်ဓာတ် ရှိသည်။ ဝင်လေကို စာလို ဆိုရလျှင် ဗောတ္ထပ္ပအာရုံ ဟု နားလည်ရပါမည်။ ဗေတ္ထပ္ပအာရုံသည် ပသာဒရုပ် ဟု ခေါ်သော ကာယအကြည်ဓာတ်ကို လာထိသောအခါ သိစိတ် ဖြစ်ပါသည်။

ထို သိစိတ် ဖြစ်သောအခါ အာရုံ ဟု ခေါ်သော လေကို သိအောင် အားထုတ်ခြင်းကို သမထသမာဓိ ထူထောင်သည် ဟု ခေါ်ပါသည်။ လေ၏ ပုံသဏ္ဍာန် အရောင်အဆင်းကို ရှုခြင်း ဖြစ်ပါသည်။

ဒါက အပြင်လေနှင့်စပ်ပြီး သမာဓိ ထူထောင်ပုံကို စာပြော ပြောခြင်း ဖြစ်ပါသည်။ အသေးစိတ် ရှုကွက်များအား သိလိုလျှင် ဆရာကောင်းများထံ ချဉ်းကပ်ပြီး အားထုတ်သင့်ပါသည်။ မိမိမှာ အပေါ်ယံ ပါးပါးလေးကိုသာ တင်ပြခြင်း ဖြစ်ပါသည်။

ထွက်လေနှင့် စပ်ပြီး သမာဓိ ထူထောင်ပုံမှာ အတွင်းက လေကို စာလို ဗောတ္ထပ္ပအာရုံ ဟု ခေါ်ပါသည်။ ဗောတ္ထပ္ပအာရုံသည် ဝမ်းတွင်းက ထွက်သောအခါ နှာသီးဝ၌ ပသာဒရုပ်ကို တိုက်ရပါသည်။ ထိုသို့ တိုက်သောအခါ သိစိတ် ဖြစ်ပါသည်။ထိုသိစိတ်ဖြစ်သောအခါ ထွက်လေကို အာရုံပြုရပါသည်။ ထွက်လေ၏ ပုံသဏ္ဍာန် အရောင်အဆင်းကို ရှုခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ အလွယ်ပြောရလျှင် နှာသီးဝမှ ဝင်လာသော လေ အာရုံကို သိအောင် ကြည့်လိုက်ပါ။ ဝမ်းတွင်းက ထွက်လာသော လေအာရုံကို နှာသီးပေါက်ဝ၌ သိအောင် ကြည့်နေသည်ကို သမထသမာဓိ ထူထောင်နေသည် ဟု ဆိုပါသည်။

ထိုသို့ ကြည့်သောအခါ ငါ, ကြည်နေသည် ဟု မမှတ်ပါနှင့်။အထက်၌ ဖော်ပြထားသော သတိတရား, သမာဓိတရား နှင့် ဝီရိယတရား တို့က စုပေါင်းပြီး အားထုတ်နေသည် ဟု သဘောပေါက်ထားရပါမည်။

သူတော်ကောင်း အပေါင်းတို့ ခင်ဗျား။

စာသဘော ပြောရလျှင် -

သတိက အာရုံနှင့် စိတ်ကို ဆုံပေးသော အလုပ်ကို လုပ်ပါသည်။

သမာဓိက အာရုံနှင့် စိတ်ကို ဆုံနိုင်အောင် ထပ်ခါထပ်ခါ စုစည်းပေးပါသည်။

နောက်တစ်မျိုး ပြောရလျှင် သမာဓိက စိတ်ကို ငြိမ်သက်အောင်(ဝါ)မလှုပ်အောင်(ဝါ)တည်ငြိမ်အောင် လုပ်ပေးပါသည်။

ဝီရိယက အာရုံနဲ့ စိတ် မကွဲမကွာသွားအောင် အားစိုက်ရပါသည်။စာစကားဆိုရလျှင် သတိ သမာဓိ ဝီရိယ ၃ ပါး ပေါင်းဆုံသောအခါ သမထ သမာဓိကို ရပါသည်။

ဝင်လေ ဝင်တိုင်းသိ, ထွက်လေ ထွက်တိုင်းသိ နေရပါမည်။

ဥပမာ-အစပထမ၌ ဝင်လေ အကြိမ်-၁၀၀ ဝင်သည်။ ထွက်လေလည်း ၁၀၀-ကြိမ် ထွက်သည် ဆိုပါစို့။

ဝင်လေ ၁၀၀-ကြိမ် ဝင်ရာ ၉၀-ကြိမ်ဘဲ သိမည်။ ထိုနည်းတူ ထွက်လေ ၁၀၀-ကြိမ် ထွက်ရာ ၉၀-ကြိမ်လောက်ဘဲ သိမည် ဆိုလျှင် ထိုသမာဓိသည် ပရိကမ္မသမာသမာဓိ အဆင့်ဘဲ ရှိပါသေးသည်။

ထိုမှ တဖန် သတိ, ဝီရိယနဲ့ သမာဓိ အားကို တိုးမြှင့်လိုက်သောအခါ ဝင်လေ အကြိမ် ၅၀၀၌ ၄၉၀ ကြိမ်လောက် သိမည်။ထိုနည်းတူ ထွက်လေ အကြိမ် ၅၀၀ ၌ ၄၉၀ ကြိမ်လောက် သိမည်ဆိုလျှင် ထိုသမာဓိသည် ဥဂ္ဂဟသမာဓိ ဖြစ်သည်။

တစ်ဖန် ဝင်လေ အကြိမ် ၁,၀၀၀ ၌ အကြိမ် ၁,၀၀၀ လုံးသိမည်။ ထွက်လေ အကြိမ် ၁,၀၀၀ ၌ အကြိမ် ၁,၀၀၀ စလုံး အာရုံကို ဖမ်းနိုင်လျှင် ထိုသမာဓိကို ဥပစာရသမာဓိ အဆင့် ရောက်ပြီ ဟု ဆိုရမည်။

ထိုမှ တဆင့် သတိအား, သမာဓိအား နှင့် ဝီရိယအား တို့ကို တိုးမြင့်၍ ရှုလိုက်သောအခါ ဝင်လေ ၁၀,၀၀၀-ကြိမ်၌ ၁၀,၀၀၀လုံး သိနေလျှင် အပ္ပနာ သမာဓိဟုခေါ်သော ပထမစျာန်ကို ရရှိပါမည်။ နားလည်နိုင်အောင် ဥပမာ-ပေးခြင်း ဖြစ်သည်။ ထိုကဲ့သို့ အတိအကျ ဖြစ်ရမည် ဟု မမှတ်ပါနှင့်။ယေဘူယျ တင်ပြခြင်းဟု မှတ်ရပါမည်။

စိတ်သည် နီဝရဏ ၅-ပါးကြောင့် လှုပ်နေပါသည်။ တနည်း ပူလောင်နေပါသည်။ ထို သတိ သမာဓိနှင့် ဝီရိယတို့က စိတ်ကို ငြိမ်သက်အောင် ဖြစ်စေပါသည်။ဘယ်အချိန်၌ စိတ်သည် ငြိမ်သက်လာသလဲ?အေးချမ်းလာသလဲ? ဥပစာရ သမာဓိသို့ရောက်လျှင် စိတ်သည် ၇၀% ငြိမ်သက်လာပြီ။အေးချမ်းလာပြီဟု ဆိုရပါမည်။

အပ္ပမာ သမဓိ အဆင့်ရောက်လျှင် စိတ်သည် ၁၀၀% ငြိမ်နေသည်ဟု ဆိုရပါမည်။ယေဘုယျ ပြောခြင်းဟု သဘောပေါက်ရပါမည်။

စိတ်သည် ငြိမ်သက်နေလျှင် နီဝရဏ ၅-ပါးကို တဒင်္ဂ ဖယ်ခွါထားပြီး ဖြစ်သည်။နီဝရဏဆိုသည်မှာ ပိတ်ဆို့နေသည်ဟု အဓိပ္ပါယ်ရ သည်။ဘာကို ဘယ်လို ပိတ်ဆို့သလဲ?ဥပမာ-ကာမစ္ဆန္ဒ နီဝရဏ ဆိုပါစို့။မတရား လိုချင်သောစိတ်သည် ကုသိုလ်တရားကို ပိတ်ဆို့နေမည်။ထို့ကြောင့် ကာမစ္ဆန္ဒ နီဝရဏ စိတ်ဖြစ်နေသူသည် အကုသိုလ်အလုပ်ကိုသာ လုပ်မိပါတော့မည်။

ဥပမာ-ကြည်လင်နေသော ရေပြင်သည် လှုပ်နေပါက ရေအောက်ရှိ အရာဝတ္ထုကို ပကိမျက်စိနှင့်မမြင်နိုင်ပါ။
အကယ်၍-ကြည်လင်နေသော ရေပြင်သည် ငြိမ်သက်နေပါက ရေ အောက်ရှိ အရာ ဝတ္ထုကို ပကတိမျက်စိနှင့် ကြည့်လျှင် မြင်နိုင်သည်။

ဆိုလိုသည်မှာ လှုပ်နေသော ရေပြင်သည် ပူလောင်နေသော စိတ်နှင့် တူသည်။ တဖန် ငြိမ်သက်နေသော ရေပြင်သည် သမာဓိ ရှိသော စိတ်နှင့်တူသည်။

သမထ သမာဓိရှိလျှင် တရားဆိုး နီဝရဏ တရား ၅-ပါးကို ဖယ်ရှားထားသောကြောင့် စိတ်ကို အေးချမ်းစေပါမည်။ တဖန်-ဝိပဿနာ သမာဓိရှိလျှင် ကိလေသာတရားဆိုး အားလုံးကို ဖယ်ရှာထားသောကြောင့် သဘာဝ အမှန်တရားများကို မြင်နိုင်ပါမည်။သဘာဝ အမှန်တရားကို မြင်ခြင်းသည် ဝိပဿနာ ဉာဏ်၏ အစဟု ပြောရပါမည်။

နိဂုံးချုပ် ဆိုရလျှင် ဝိပဿနာဉာဏ် ရင့်သန်လာသောအခါ ရုပ်နာမ်တို့၏ သဘာဝလက္ခဏာကို ကွဲကွဲပြားပြား မြင်မည်။ထိုမှတဆင့် ရုပ်နာမ်တို့၏ သာမည လက္ခဏာကို ကွဲကွဲပြားပြား မြင်မည်။ နောက်ဆုံး သစ္စာ ၄-ပါးကို မြင်ပြီး မအို, မနာ, မသေ ကင်းသော နိဗ္ဗာန်သို့ ရောက်ရှိ စံဝင်နိုင်ကြပါစေ ဟု ဆုတောင်းမေတ္တာ ပို့သနေပါသတည်း။

Crd,

မေတ္တာဖြင့် -

#ဦးမြင့်ခိုင်, & SAI MYO WIN
https://www.facebook.com/sai.myowin.731

20/10/2021

🌀 Day (21)
✨✨✨✨✨

💢 ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း များအပေါ် မတုန်လှုပ်သော စိတ်များဖြင့်နေထိုင်ရပါမည်။

💢 အာနာပါနကို (၁၅) မိနစ်အနည်းဆုံးဖြင့် ရက်ပေါင်း (၆၀) မပျက်မကွက်အားထုတ်ရပါမည်။

💢 အချိန်တိုး၍အားထုတ်နိုင်သူများကလည်းအားထုတ်နိုင်ပါသည်။

💢 စွဲစွဲမြဲမြဲ လုပ်ဖြစ်စေဖို့ကို ရည်ရွယ်ခြင်းဖြစ်တာကြောင့် အချိန်နည်းချင်နည်းပါစေ ပုံမှန်လေးစွဲမြဲအောင်အားထုတ်ရပါမည်။

💢 ကြိမ်ဖန်များစွာ ပွားများခြင်းကို ပြုလုပ်ရပါမည်။

💢 ကြိမ်ဖန်များစွာ ဟုဆိုခြင်းသည် အချိန်အများကြီးအားထုတ်ရမည်ဟုဆိုလိုခြင်းမဟုတ်ပါဘူး။

💢 မနေ့က နာကြားလိုက်သောတရားအတိုင်း မိမိတို့၏စိတ်ထဲမှာ ကုသိုလ်တွေကို ဌာပနာထားလား။

💢 အကုသိုလ်တွေကို ဌာပနာထားလား ။

💢 မိမိတို့၏စိတ်ထဲမှာ ဘယ်တရားတွေကို ဌာပနာထားလဲဆိုတာကို အမြဲ စစ်ဆေးနေရပါမည်။

💢 ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း ဆိုတာဟာ သူတစ်ပါးတွေရဲ့ ပါးစပ်ဖျားလေးမှာဖြစ်ပေါ်သွားတဲ့အရာလေးတစ်ခုပါ။

💢 လူရဲ့သဘောသဘာဝကိုက မိမိစိတ်အကြိုက်နဲ့ကိုက်ရင် တွေ့ရင် ချီးမွမ်းမယ်၊ မကိုက်ရင်မတွေ့ရင် ကဲ့ရဲ့မယ်။

💢 ဒါဟာလောကလူသားတွေရဲ့သဘာဝပါပဲ။

💢 ဒီလိုသူတစ်ပါးတွေက ချီးမွမ်းလို့ လည်း မာန်မတက်ရသလို။

💢 ကဲ့ရဲ့ခံရလို့လည်းစိတ်ဓာတ်ကျစရာမဟုတ်ပါဘူး။

💢 သူတစ်ပါးသတ်မှတ်ပေးမှကိုယ့်ဘဝမဟုတ်ပါဘူး။

💢 သူတစ်ပါးပါစပ်ဖျားမှာလမ်းဆုံးနေရင် မိမိဘဝကို သူတစ်ပါးက ပိုင်နေသလိုဖြစ်နေပါလိမ့်မယ်။

💢 ကိုယ့်ရဲ့ဘဝကို သူတစ်ပါးရဲ့ ချီးမွမ်းခြင်း၊ကဲ့ရဲ့ခြင်းတွေအပေါ်ကို လုံးဝ မပုံအပ်လိုက်ပါနဲ့။

💢 သူတစ်ပါးတွေရဲ့ စိတ်ကလေး တစ်ခဏလှုပ်ခတ်မှုကြောင့် ထွက်ပေါ်လာတဲ့ စကားလုံးတွေအပေါ်ကို မခံစားလိုက်ပါနဲ့။

💢 ရှောင်ပုန်းနေရတဲ့ လူငယ်လေးတစ်ယောက်က စာပို့လာပါတယ်။

💢 သူ့ခမျာရင်ထဲပူလောင်လွန်းအားကြီးလို့ အကူအညီလာတောင်းရှာတယ်။

💢 သူ့ကို ရွာမှာ မဟုတ်မမှန်သတင်းတွေလွှင့်နေကြတယ်။

💢 သူ့မိဘတွေကလည်းစိတ်ဆင်းရဲနေရသလို သူလည်း ပဲ စိတ်တွေဆင်းရဲနေရလို့ပါတဲ့။

💢 စာရေးသူပြန်ပြောပေးလိုက်ပါတယ်။

💢 ကိုယ်မှမဟုတ်တာဘာလို့စိတ်ညစ်နေမလဲ။

💢 မဟုတ်မှမဟုတ်တာ စိတ်မညစ်ပါနဲ့။ကဲ့ရဲ့တဲ့စကား၊ အပုပ်ချတဲ့စကားတွေဟာသူတစ်ပါးပါးစပ်ဖျားမှာလှုပ်သွားတဲ့စကားလုံးလေးတွေပါ။

💢 သူတစ်ပါးသတ်မှတ်ပေးလို့ ကိုယ့်ရဲ့ဂုဏ်ကမြင့်တက်လာတာမှမဟုတ်တာ။

💢 သူတစ်ပါး ချီးမွမ်းခံရလို့လည်းမိမိကတကယ်ရသွားတာမှမဟုတ်တာ။

💢 ဒီတော့ သူတစ်ပါး ချီးမွှမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေအပေါ် စိတ်မလှုပ်ရှားပါနဲ့။

💢 ကိုယ်လုပ်စရာ ရှိတာကိုသာ သတိကြီးကြီးနဲ့လုပ်ပါ။

💢 ကြားဖူးတယ်မှတ်လား။

💢 ချီးမွမ်း (၇)ရက် ကဲ့ရဲ့ (၇) ရက်ဆိုတာလေ။

💢 တစ်ခါတလေ (၇) ရက် ဆက်တိုက်တောင် မခံနိုင်ပါဘူးကွယ်။

💢 ဒါကြောင့်မို့ သူတစ်ပါးသတ်မှတ်ပေးမှကိုယ့်ဘဝမှမဟုတ်တာ သူတို့အလုပ်သူတို့ လုပ်ကြပါစေ။

💢 ကိုယ့်အလုပ်ကိုယ်လုပ်ပါကွယ် လို့ပြန်ပြောပေးလိုက်ရပါတယ်။

💢 ခမျာမှာ ခုမှပဲ စိတ်ချမ်းသာတော့တယ် ဆိုပြီးစိတ်ခွန်အားတွေ ဖြစ်သွားခဲ့ပါတယ်။

💢 မြတ်ဗုဒ္ဓက လည်း ဒီလို အရာတွေနဲ့ ကြုံတွေ့ရသူပါပဲ။

💢 မြတ်စွာဘုရားရှင်ကြီးကို ဆဲဆိုကြတဲ့သူတွေလည်းအများကြီးရှိကြတာပါပဲ။

💢 ချိန်းခြောက်တာတွေလဲခံရတာပါပဲ။

💢 အဲ့ဒီလို တွေဖြစ်တာဟာ ဘဝကပေးတဲ့ ဖန်တီးတဲ့ ဒုက္ခတွေသာဖြစ်လို့။

💢 မြတ်စွာဘုရားရှင်ကြီးက ဘယ်လိုဖြတ်ကျော်သလဲဆိုတော့။

💢 သည်းခံခြင်း၊ခွင့်လွှတ်ခြင်းတွေနဲ့ဖြတ်ကျော်ခဲ့ပါတယ်။

💢 သည်းခံတယ်ဆိုတာ ခေါင်းထဲမှာမှတ်မထားဘူး။

💢 ကိုယ်လုပ်ရမည့်အလုပ်ကိုပဲလုပ်တယ်။

💢 လူတွေတော်တော်များများဟာ ကိုယ့်ကိုအပြစ်ပြောခံလိုက်ရရင် စိတ်ကတစ်မျိုးပြောင်းသွားတတ်တယ်။

💢 မြတ်စွာဘုရားရှင်ကြီးကတော့အဲ့ဒီလိုမပြောင်းဘူး။

💢 ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေကို အလျင်းခေါင်းထဲမှာမထည့်ဘူး။

💢 လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကိုပဲဆက်လုပ်တယ်။

💢 အဲ့ဒါ သည်းခံခြင်းပါပဲ။

💢 သည်းခံခြင်းဆိုတာ စိတ်ရဲ့မူလအခြေအနေအတိုင်းထိန်းနိုင်တဲ့စွမ်းရည်သတ္တိတစ်မျိုးကိုခေါ်တာဖြစ်ပါတယ်။

💢 ခန္တီဆိုတာ စွမ်းရည်သတ္တိတစ်မျိုးဖြစ်ပါတယ်။

💢 ဘာစွမ်းရည်လည်းဆိုတော့ မြှောက်ပြောလို့လည်း စိတ်တက်ကြွမသွားဘူး။

💢ခြောက်ပြောလို့လည်း စိတ်ဓာတ်ကျမသွားဘူး။

💢 ကဲ့ရဲ့လို့လည်း စိတ်မဆင်းရဲဘူး။

💢 ချီးမွမ်းလို့လည်းဝမ်းမသာဘူး။

💢 စိတ်ရဲ့အပြောင်းအလဲကိုထိန်းနိုင်တာကို ခန္တီလို့ခေါ်ပါတယ်။

💢 စိတ်ဟာပြောင်းလဲမသွားတဲ့သဘောကိုဆိုလိုပါတယ်။

💢 မြတ်စွာဘုရားရှင်ကြီးက အဲ့ဒီလို သည်းခံခြင်းနဲ့ဖြတ်ကျော်ခဲ့ပါတယ်။

💢 ဘဝမှာအဆင်ပြေတာလည်းရှိမယ်၊မပြေတာလည်းရှိမယ်။

💢 ဘယ်သူမှအစဥ်ထာဝရအဆင်ပြေနေတယ်ဆိုတာမရှိပါဘူး။

💢 ဘယ်သူကပဲ ချီးမွမ်းချီးမွမ်း၊ ဘယ်သူကပဲ ကဲ့ရဲ့ ကဲ့ရဲ့ မိမိလုပ်စရာရှိတဲ့အရာတွေကိုပဲ လုပ်သွားနေရပါမယ်။

💢 စိတ်ကို ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း တွေအပေါ်ကို မတုန်မလှုပ်သွားအောင် သတိထား၍ ထိန်းကျောင်းပေးနေရပါမည်။

💢 မနေ့က နာကြားလိုက်ရသောတရားတော်အရ ကုသိုလ်၊အကုသိုလ်ဆိုတာ တွေကိုကောင်းကောင်းကြီးသဘောပေါက်သွားကြလောက်ပါပြီနော်။

💢 ထို့ကြောင့် ယခု အဓိဌာန် ရက်( ၃၀) အစီအစဉ် လေးသည် တကယ်ကို လိုက်လေ့ကျင့်ရမည့်တရားများသာဖြစ်တာကြောင့်။

💢 တချို့ လေ့ကျင့်နေကြသည့် မိတ်ဆွေများ ရက်ပေါင်း (၂၀) အတွင်းမှာ ပြောင်းလဲတိုးတက်လာတဲ့စိတ်နေစိတ်ထားများဟာအံ့မခန်းလောက်ပါပဲ။

💢 ပြန်လည်ကြားရသည်မှာ အင်မတန်ကို ကြက်သီးထစရာကြီးကိုကောင်းလှပါတယ်။

💢 တချို့များ မမျှော်လင့်ထားသော ဝမ်းသာစရာ အဖြစ်များနဲ့ကြုံတွေ့နေလို့ အလွန်ဝမ်းသာရကြောင်းစာရေးပို့လာကြပါတယ်။

💢 အလုပ်သစ်မှာအလွန်အဆင်​ပြေနေကြောင်း။

💢 မမျှော်လင့်ထားသောနေရာမှ ဝင်ငွေတွေရလာကြောင်း။

💢 အလုပ်ထဲမှာ အခြားသူတွေနဲ့ တည့်အောင်နေထိုင်တတ်သွားကြောင်း။

💢 မိမိကို မဟုတ်မမှန်ပြောဆို ဆက်ဆံသူများကို အပြစ်မမြင်တော့ပဲ သနားတတ်လာကြောင်း။

💢 တရားတွေနာကြားခဲ့ပေမယ့် ယခုတရားတစ်ပုဒ်နဲ့ အလင်းတံခါးတွေပွင့်ထွက်သွားပြီး အမြင်မှန်တွေရလာကြောင်း။

💢 စသောစသော ရက်ပေါင်း (၂၀) အတွင်း အမျိုးမျိုးသောပြောင်းလဲတိုးတက်မှုတွေကို ပြန်လည်ကြားသိရသည့်အခါတွင် အလွန်ကိုဝမ်းသာရပါ၏။

💢 ဆက်လက်၍ ဤကဲ့သို့သော စိတ်နေစိတ်ထား လေးများကို အမြဲဖြစ်နေစေရန် သတိထား လေ့ကျင့်သွားနေရပါမည်။

💢 လောကဓံ(၈) ပါး ရှိနေတယ်ဆိုတာကို ဘယ်တော့မှမမေ့လိုက်ကြပါနဲ့နော်။

💢 အကောင်းလောကဓံ နဲ့တိုက်နေတဲ့အခါမှ လူတွေဟာ လောကဓံလို့ မထင်တတ်ကြပါဘူး။

💢 အဆင်ပြေစရာတွေနဲ့ကြုံတွေ့နေတာဟာအကောင်းလောဓံတွေနဲ့တိုက်နေတာပါ။

💢 ထိုအချိန်မျိုးမှာပိုလို့တောင်သတိထားသင့်ပါသေးတယ်။

💢 အပျော်လွန်ပြီး ငါ တော်တယ် ထင်သွားတတ်ကြပါတယ်။

💢 တကယ်တော့လောကကြီးမှာ *ငါ *ဆိုတာရှိကိုမရှိနေတာမို့ ငါတော်တယ်လို့ထင်သွားတဲ့အထင်ကြီးကိုက အထင်မှားကြီးဖြစ်သွားပါပြီ။

💢 အထင်မှားအမြင်မှားမဖြစ်ရလေအောင် ကုသိုလ်၊ အကုသိုလ် တရားတွေကို အမြဲစောင့်ကြည့်ပေးနေရပါမည်။

💢 ကျေနပ်နေရင်လောဘအတွေးပါ။

💢 မကျေနပ်နေရင်ဒေါသအတွေးပါ။

💢 မလိုဒေါသ၊ လိုလောဘတွေမဖြစ်ရလေအောင် ။

💢 မိမိတို့၏ စိတ်များ၏ လှုပ်ရှားမှုများကိုအစွန်းနှစ်ပါးသို့မရောက်အောင်စောင့်ရှောက်ထိန်းသိမ်းနေရပါမည်။

💢 ဗုဒ္ဓါနုဿတိပွားခြင်း၊၊

💢 အာနာပါနကမ္မဌာန်းကိုပွားများခြင်း။
(ပွားများနေကြသူများက မိမိတို့အလိုရှိသလိုပွားများနေ၍ရပါသည်။)

💢 စကားပြောခြင်းအနုပညာကိုကျင့်သုံးခြင်း။

💢 ကာယကံမေတ္တာ၊ ဝစီကံမေတ္တာများကို ဖြန့်ဝေခြင်း၊၊

💢 သတ္တဝါတိုင်းအပေါ်မေတ္တာစိတ်ဖြင့်နေထိုင်ခြင်း။

💢 ကျေးဇူးတရားများကိုဆင်ခြင်ခြင်း။

💢 ရောင့်ရဲခြင်းတရားကိုကျင့်သုံးနေထိုင်ခြင်း။

💢 အထင်ကြီးခြင်း၊အထင်သေးခြင်းများကိုရှောင်ကျဥ်ခြင်း။

💢 အမှန်အတိုင်းလက်ခံနှလုံးသွင်းခြင်း။

💢 အရာရာကိုအရှင်ထား၍ နေထိုင်ခြင်းများဖြင့်လေ့ကျင့်နေရပါမည်။

💢 ဤသည်ကား Day (21) တစ်နေ့တာ အစီအစဥ်လေး ဖြစ်ပါတော့သည်။

သတ္တဝါအားလုံးတရားတွေ့ ချမ်းမြေ့ကြပါစေရှင်🙏🙏🙏🙏🙏

Lady Nippon San
💛💙💖💚♥💝💜🖤

အရင်ရေးနေတံ့ Website ကဝင်မရတော့လို့ ရေးပြီးသားစာတွေပျောက်သွားမှာစိုးလို့ ဒီလိုလေးပြန်တင်ပေးလိုက်တာပါ။
30/09/2021

အရင်ရေးနေတံ့ Website ကဝင်မရတော့လို့ ရေးပြီးသားစာတွေပျောက်သွားမှာစိုးလို့ ဒီလိုလေးပြန်တင်ပေးလိုက်တာပါ။

မြတ်စွာဘုရားရှင်၏ ဘဂဝါဂုဏ်တော်
28/09/2021

မြတ်စွာဘုရားရှင်၏ ဘဂဝါဂုဏ်တော်

Address

Yangon

Telephone

09254378221

Website

Alerts

Be the first to know and let us send you an email when Aye Mar Way - Theravāda Buddha Dhamma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Aye Mar Way - Theravāda Buddha Dhamma:

Share