U Than Zaw - ဦးသန်းဇော်

U Than Zaw - ဦးသန်းဇော် ဘာသာရေးဆိုင်ရာ ဓါတ်ပုံနှင့် ဗီဒီယိ?

ယနေ့ကျရောက်သောကျွန်တော်၏ ၇၁ နှစ်မြောက် မွေးနေ့တွင် ရွှေတိဂုံစေတီတော်ကြီးသို့လာရောက်ဖူးမျှော်ကြသောဘုရားဖူးပြည်သူအများမသိရ...
10/01/2023

ယနေ့ကျရောက်သောကျွန်တော်၏ ၇၁ နှစ်မြောက် မွေးနေ့တွင် ရွှေတိဂုံစေတီတော်ကြီးသို့လာရောက်ဖူးမျှော်ကြသောဘုရားဖူးပြည်သူအများမသိရှိသေးသောအကြောင်းအရာတခုကို ကုသိုလ်ယူတင်ပြမှာဖြစ်ပါတယ်။
အဲဒါကတော့ကျွန်တော်တို့တတွေသိထားတဲ့ စေတီတော်ကြီးများတွင်ဌါပနာတိုက်များကိုစေတီတော်များ၏အောက်ချေနှင့်အထက်ငှက်ပျောဖူးနေရာတို့တွင်သာပူဇော်ထားရှိသည်ကိုသိထားခဲ့ကြပါတယ်။
ကျွန်တော့အနေဖြင့်ရွှေတိဂုံစေတီတော်ကြီးတွင်လွန်ခဲ့သော နှစ် ၃၀ ကျော်ကတည်းက မွမ်းမံပြင်ဆင်မှုများကိုကုသိုလ်ယူမှတ်တမ်းတင်ပေးခဲ့ပါတယ်။
ယခုဖေါ်ပြပါရုပ်ပွါးတော်များသည် စေတီတော်ကြီး၏ ခေါင်းလောင်းပုံ နှင့် ကြာမှောက်ကြာလန်နေရာများတွင်ထူးခြားစွာ ထည့်သွင်းဌါပနာထားသည်ကို ရွှေတိဂုံစေတီတော်ကြီးဘက်စုံမွမ်းမံပြုပြင်စဉ်ကမထင်မှတ်ဘဲဖူးတွေ့ခဲ့ရပါသည်။
​တူးဖေါ်တွေ့ရှိခဲ့သောရုပ်ပွားတော်များကို ယင်းနေရာများတွင်ပြန်လည်ထဲ့သွင်းထားသည်ကိုပုံပါအတိုင်းဖူးမျှော်နိုင်ပါသည်။
" အားလုံးကုသိုလ်အမျှ အမျှ အမျှ " ပါ။

ဦးသန်းဇော်-

ဗုဒ္ဓဂယာသို့ ၁၉၉၇ ခုနှစ်မှစတင်ကာ( ၁၀ ) ကြိမ်တိုင်တိုင်သွားရောက်၍ မြန်မာနိုင်ငံမှအကြောင်းအမျိုးမျိုးကြောင့်မသွားရောက်နိုင...
13/05/2022

ဗုဒ္ဓဂယာသို့ ၁၉၉၇ ခုနှစ်မှစတင်ကာ( ၁၀ ) ကြိမ်တိုင်တိုင်သွားရောက်၍ မြန်မာနိုင်ငံမှအကြောင်းအမျိုးမျိုးကြောင့်မသွားရောက်နိုင်သူများ သွားရောက်ခဲ့သော်လည်း သေချာစွာမသိရှိခဲ့သူများအတွက်ရည်ရွယ်ပြီး ရွှေတိဂုံစေတီတော်ကြီးပေါ်တွင်ဓါတ်ပုံပြပွဲများကိုပြသခဲ့ပါသည်။
ယခုအခါရပ်နီးရပ်ဝေးမှအများပြည်သူများပိုမိုသိရှိနိုင်စေချင်းအကျိုးငှါ ကျွန်တော်၏ page မှ ကဆုန်လပြည့်နေ့တွင် မြတ်စွာဘုရားဖွါးမြင်တော်မူရာ လုမ္ဗိနိအကြောင်းကိုဓါတ်ပုံများဖြင့်တင်ပြလိုက်ပါသည်။

ဓါတ်ပုံ ( ၁ ) =========
မြတ်စွာဘုရားဖွားမြင်တော်မူရာ မယ်တော်မာယာအုတ်ကျောင်း။
ဤနေရာကို သီရိဓမ္မာသောကမင်းကြီးသည်မြတ်စွာဘုရားပရိနိဗ္ဗါန်စံပြီး နှစ်ပေါင်း ( ၂၄၀ ) ခန့်ကြာမှရောက်ရှိခဲ့ပြီး ယင်းအဆောက်အဦးကိုဆောက်လုပ်လှူဒါန်းပူဇော်ခဲ့သည်။

ဓါတ်ပုံ ( ၂ ) =========
အထက်ဖေါ်ပြပါ အာသောကမင်းကြီး၏ မယ်တော်မာယာအုတ်ကျောင်းကို ရှေးဟောင်းသုတေသနဌါန ဂျပန်နိုင်ငံမှ ပညာရှင်များနှင့်ပူးပေါင်းကာ ၁၉၉၂ ခုနှစ်မှစတင်တူးဖေါ်ပြီးယင်းအဆောက်အဦးကိုဆောက်လုပ်လှူဒါန်းခဲ့ပါသည်။

ဓါတ်ပုံ ( ၃ ) =========
အာသောကမင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့သော အဆောက်အဦးအား ပြန်လည်တူးဖေါ်ထားသည်ကိုမြင်တွေ့ရမှာဖြစ်ပြီး အလယ်တွင်မြင်တွေ့နေရသောလေးထောင့်ကွက်လေးမှာ မယ်တော်မာယာ ဘုရားလောင်းအားဖွါးမြင်စဉ်က မယ်တော်မာယာမှ အင်ကြင်းပင်ကြီးမှ အင်ကြင်းကိုင်းကိုကိုင်ပြီးသားတော်ကိုဖွားမြင်ရာ ယင်းအင်ကြင်းပင်ကြီးတည်ရှိသည့်နေရာဟုဆိုပါသည်။

ဓါတ်ပုံ ( ၄ ) ========
ဘုရားလောင်းမင်းသား၏ခြေတော်ရာ။ ခြေတော်ရာအစစ်မဟုတ်ပါ၊ အရွယ်အစားမှာ လက်အတောင် တတောင်ခန့်ရှိပြီး ၎င်းခြေတော်ရာကို အာသောကမင်းကြီးသည် မြတ်စွာဘုရား ပရိနိဗ္ဗါန်ပြုပြီး နှစ်ပေါင်း ( ၂၄၀ ) ခန့်ကြာမှရောက်ရှိခဲ့ပြီး ခြေတော်ရာပုံလေးကို အထိန်းအမှတ်ပြုလုပ်ထားရှိခဲ့ခြင်းဖြစ်ပါသည်။

ဓါတ်ပုံ ( ၅ ) ========
မယ်တော်မာယာရေသန့်စင်ရာကန် ။ ဘုရားလောင်းအားဖွားမြင်ပြီး မယ်တော်မာယာရေသန့်စင်ရာနေရာဖြစ်ပါသည်။ ဘုရားလောင်းအားဖွားမြင်စဉ်က ကောင်းကင်မှ ရေပူရေအေးနှစ်သွယ်စီးဆင်းသည်ဟုဆိုပါသည်၊ အမှန်တကယ်မှာ ယင်းရေကန်အတွင်း တွင် ရေပူရော ရေအေးပါထွက်ရှိရာ ရေတွင်းနှစ်ခုစလုံးရှိသည်ကိုတွေ့ရှိရသည်ဟုဆိုပါသည်။

ဓါတ်ပုံ ( ၆ ) ========
အာသောကကျောက်တိုင် ။ သီရိဓမ္မာသောကမင်းကြီးမှ အထိမ်းအမှတ်စိုက်ထူထားရှိခဲ့သောကျောက်တိုင်ဖြစ်ပါသည်၊ ကျောက်စာတိုင်ပေါ်တွင် အာသောကမင်းကြီးမှ "မြတ်စွာဘုရား ပရိနိဗ္ဗါန်ပြုပြီး နှစ်ပေါင်း ( ၂၄၀) အကြာတွင် ဤနေရာသို့သူရောက်ရှိခဲ့ကြောင်း " ရေးထိုးထားသည်ကိုတွေ့ရှိခဲ့ရပါသည်။

ဤကျောက်စာတိုင်သည် အာသောကမင်းကြီးစိုက်ထူထားရှိခဲ့ပြီးနောက် နှစ်ပေါင်းများစွာပျောက်ကွယ်သွားခဲ့ရာ ၁၈၉၆ ခုနှစ်တွင် နိုင်ငံခြားမှပညာရှင်များမှ ပြန်လည်တွေ့ရှိရခြင်းဖြစ်ပါသည်။
အိန္ဒိယနိုင်ငံတွင် အာသောကကျောက်စာတိုင်မျးကို အရည်အတွက် ( ၃၀ ) ကျော်တူးဖေါ်တွေ့ရှိခဲ့ပြီး တူးဖေါ်တွေ့ရှိရသောနေရာသည် မြတ်စွာဘုရား ထိုနေရာသို့ရောက်ရှိခဲ့ကြောင်း မလွဲမသွေပင်ဖြစ်ပါတော့သည်။

ဓါတ်ပုံ ( ၇ ) ========
ဘုရားလောင်းဖွားမြင်တော်မူပြီး ခြေလှမ်း (၇) လှမ်း၊လှမ်းသောနေရာ။ အထိမ်းအမှတ်အနေဖြင့်သာ အရည်အတွက် (၇) ခု စေတီငယ်များပြုလုပ်ထားခြင်းသာဖြစ်ပါသည်။ ( ခြေလှမ်းအတိုင်းပြုလုပ်ထားခြင်းမဟုတ်ပါ )

ဓါတိပုံ ( ၈) ========
ရဟန်းတပါးမှ မယ်တော်မာယာ ဘုရားလောင်းအားဖွားမြင်ပုံထုလပ်ပူဇော်ထားခြင်းဖြစ်ပါသည်။

ဓါတ်ပုံ ( ၉ ) ========
လုမ္ဗိနိဒေသတွင်တူးဖေါ်တွေ့ရှိရသောကျောက်စာတိုင်ဖြစ်ပြီး၊ ကျောက်စာအရ ဤနေရာတွင် နောင်ပွင့်မည့် " အရိမေတ္တာယျ " ဘုရားဖွားတော်မူမည်ဟုဆိုထားပါသည်။

မှတ်ချက်။
အထက်ဖေါ်ပြပါအကြောင်းအရာများသည် မိမိရောက်ရှိခဲ့စဉ်နှင့်လေ့လာတွေ့ရသောအချကိအလကိများကို ဘုရားဖူးများအား ကြည်ညိုသဒ္ဓါပွါးစေရန်တင်ပြ ကုသိုလ်ယူခဲ့ခြင်းဖြစ်ပါသည်။

{ အားလုံးကုသိုလ် အမျှ အမျှ အမျှ ပါ }

ဓါတ်ပုံ - ဦးသန်းဇော်

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့သို့ ရောက်ရှိခဲ့စဉ်က ထူးထူးခြားခြား ၊ ရှားရှားပါးပါး  ရရှိခဲလှသော ဂေါတမမြတ်စွာဘုရား ၏ လက...
02/05/2022

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့သို့ ရောက်ရှိခဲ့စဉ်က ထူးထူးခြားခြား ၊ ရှားရှားပါးပါး ရရှိခဲလှသော ဂေါတမမြတ်စွာဘုရား ၏ လက်ယာရံ သျှင်သာရိပုတ္တရာ ၏ ဓါတ်တော်ကို ဤကဲ့သို့ နီးကပ်စွာဖူးမျှော်ကြည်ညိုခွင့်ရရှိခဲ့ရာ အများကြည်ညိုသဒ္ဓါပွါးများနိုင်ရန်ပြန်လည်မျှဝေခဲ့ပါတယ်။
အားလုံးကုသိုလ်အမျှ အမျှ အမျှပါ
( ဓါတ်ပုံ - ဦးသန်းဇော် )

ရွှေတိဂုံစေတီတော်ကြီးထီးတော်ကြီးတွင် ရှေးအချိန်ကတည်းကလှူဒါန်းထားရှိသောသံသေခေါင်းလောင်း ( ၁၃ ) လုံးရှိသည့်အနက် ဖေါ်ပြပါသံ...
25/04/2022

ရွှေတိဂုံစေတီတော်ကြီးထီးတော်ကြီးတွင် ရှေးအချိန်ကတည်းကလှူဒါန်းထားရှိသောသံသေခေါင်းလောင်း ( ၁၃ ) လုံးရှိသည့်အနက် ဖေါ်ပြပါသံသေခေါင်းကို ထွက်ရပ်ပေါက်ပုဂ္ဂိုလ် ဘိုးဘိုးအောင်လှူဒါန်းထားရှိသည်ဟုသိရှိခဲ့ရပါသည်။
ခေါင်းလောင်း၏ရှေ့ဘက်တွင်ပုံမှာမြင်တွေ့ရသည့်အတိုင်း " ဦးအောင်ကောင်းမှု " ဟု ရှေးလက်ရေးဖြင့်ရေးထိုးထားသည်ကိုတွေ့ရှိရပြီး၊ ခေါင်းလောင်း၏နောက်ဖက်တွင် " နိဗ္ဗါန်ဆု " ဟုရေးထိုးထားသည်ကို ဘုရားဖူးများကြည်ညိုနိုင်ရန်တင်ပြလိုက်ရပါသည်။
ဓါတ်ပုံများကိုကိုယ်တိုင်ရိုက်ကူးထားခြင်းဖြစ်ပါသည်။

( အားလုံးကုသိုလ် အမျှ အမျှ အမျှပါ )

မန်းတလေးမြို့ မဟာမြတ်မုနိဘုရားကြီး၏ပြတိုက်အတွင်းရှိ ရှားရှားပါးပါး မြတ်စွာဘုရားကို တပည့်သာ၀ကများက နှိပ်နယ်ပြုစုပေးနေပုံလ...
21/04/2022

မန်းတလေးမြို့ မဟာမြတ်မုနိဘုရားကြီး၏ပြတိုက်အတွင်းရှိ ရှားရှားပါးပါး မြတ်စွာဘုရားကို တပည့်သာ၀ကများက နှိပ်နယ်ပြုစုပေးနေပုံလေးကို တင်ပြလိုက်ရပါသည် ( သွားရောက်၍လဲဖူးမျှော်နိုင်ပါသည် )

နှစ်ဆန်းတရက်နေ့  ရွှေတိဂုံစေတီတော်ကြီးက ပတ္တမြားမျက်ရှင် ရုပ်ပွားတာ်ကြီးကို ပူဇော်ကြရအာင်
17/04/2022

နှစ်ဆန်းတရက်နေ့ ရွှေတိဂုံစေတီတော်ကြီးက ပတ္တမြားမျက်ရှင် ရုပ်ပွားတာ်ကြီးကို ပူဇော်ကြရအာင်

ဖူးမျှော်ဘွယ်ရာ ရွှေတိဂုံစေတီတော်ကြီး
16/04/2022

ဖူးမျှော်ဘွယ်ရာ ရွှေတိဂုံစေတီတော်ကြီး

ရွှေတိဂုံစေတီတော်အား ညဘက်တွင် နောင်တော်စေတီတော်ပေါ်မှ ရိုက်ကူးထားခြင်းပါ..Photography@ U Than Zaw
09/04/2022

ရွှေတိဂုံစေတီတော်အား ညဘက်တွင် နောင်တော်စေတီတော်ပေါ်မှ ရိုက်ကူးထားခြင်းပါ..

Photography@ U Than Zaw

Address

Yangon

Website

Alerts

Be the first to know and let us send you an email when U Than Zaw - ဦးသန်းဇော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to U Than Zaw - ဦးသန်းဇော်:

Share