To Know

Directions

To Know Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from To Know, Religious organisation, Yangon.

ကိုယ်ရောစိတ်ပါ ကျန်းမာနေဖို့ဆိုရင်ပြီး ပြီးသားတွေကိုပြန်မတွေးနဲ့ဖြစ်မလာသေးတာလဲ တွေးမပူနဲ့လက်ရှိအချိန်ကိုပဲ အကျိုးရှိအောင...
14/01/2024

ကိုယ်ရောစိတ်ပါ ကျန်းမာနေဖို့ဆိုရင်
ပြီး ပြီးသားတွေကိုပြန်မတွေးနဲ့
ဖြစ်မလာသေးတာလဲ တွေးမပူနဲ့
လက်ရှိအချိန်ကိုပဲ အကျိုးရှိအောင်နေပါ
-ဗုဒ္ဓ-

.            အရိမေတ္တေယျ မြတ်စွာဘုရား ဗုဒ္ဓဝင်အကြောင်းနှင့်       အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ်များ   ...
18/05/2022

. အရိမေတ္တေယျ မြတ်စွာဘုရား ဗုဒ္ဓဝင်အကြောင်းနှင့် အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ်များ 🌹🌹🌹🌹🌹

ဂေါတမ မြတ်စွာဘုရားရှင်က ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန်
အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက် အရ
အရဟတ္တဖိုလ် စျာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂတ် ကာလမှာ အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့် အကြောင်းကို ဟောကြားတော်မူပါတယ်။

အရိမေတ္တေယျ ဘုရားလောင်းက တစ်ဆယ့််ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာ ရှိနေမယ်။ အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေ နေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေ ယူတော့မယ်ဆိုရင်
ကြည့်ခြင်းကြီးငါးပါးနဲ့ အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ ရှိကြပါတယ်။

ကြည့်ခြင်းကြီးငါးပါးဖြင့် ကြည့်တော်မူခြင်းက…
၁။ဘုရားဖြစ်မည့်ခေတ်အခါကာလကား…
အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ
အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ
(တစ်သိန်းနှင့် တစ်သိန်းအောက်- ၁ဝဝအထက်)

၂။ဘုရားဖြစ်ရာကျွန်းကား…ဇမ္ဗူဒိပ်ကျွန်း။

၃။ဘုရားပွင့်ရာဒေသကား…မဇ္စျိမဒေသ။

၄။ဘုရားလောင်းဖြစ်ရာ အမျိုးကား…မင်းမျိုး ပုဏ္ဏားမျိုး။

၅။မယ်တော်၏ အသက်အပိုင်းအခြားကား…
ဘုရားလောင်းမွေးပြီး ခုနစ်ရက်သာ နေရခြင်း။

ပဋိသန္ဓေယူခြင်း
🌹🙏🌹
ကေတုမတီပြည် သင်္ခစင်္ကြဝတေးမင်းနှင့်
တိုင်ပင်ကြံစည်ဘက်
ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကို သိမြင်
နိုင်ပြီး ပစ္စုပ္ပန်သံသရာအစီးအပွားကို ဆုံးမတတ်သော
သုဗြဟ္မပုဏ္ဏားကြီး၏
ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။

ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ဆယ်လပြည့်တဲ့အခါ
မှာ ဣသိပတနမိဂဒါဝုန်တောမှာ…
မယ်တော် ဗြဟ္မဏဝတီသည် ထိုင်လျက်လည်းမဟုတ်။
အိပ်လျက်လည်း မဟုတ်ပဲ ရပ်လျက်သာလျှင်
သစ်ပင်၏ အကိုင်းအခက်ကို ကိုင်လျက် မေတ္တေယျကို
ဖွားတော်မူလိမ့်မည်။
ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့
ဖွားဘက်တော်( ၁၈ )ကုဋေအားလုံး အမတ်တွေချည်း ဖြစ်မယ်။
အဇိတဟူသော အမည်ကိုသာ ပေးလိမ့်မယ်။

ဘုရားလောင်းအဇိတမင်းသားဟာ ဖွားလျှင်ဖွားချင်း
ခုနစ်ဖဝါးလှမ်းပြီး
ခြေတော် ချတိုင်း ချတိုင်း ကြာပွင့်တွေ ပေါ်ပေါက်လိမ့်မယ်။

ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး…
ယခုဘဝကား…ငါ့အဖို့ နောက်ဆုံးဘဝတည်း။
နောက်ထပ်ဘဝ မရှိတော့ပြီ။
အာသဝေါကင်းသည် ဖြစ်သောကြောင့် ငြိမ်းအေး
လတံ္တ့ ဟူသော စကားကို
အရပ်လေးမျက်နှာကို ကြည့်ပြီး ပြောဆိုလိမ့်မယ်။

ပြာသာဒ်လေးဆောင် ပေါ်လာခြင်း
🌹🙏🌹
အဇိတမင်းသား လောကစည်းစိမ်ခံစားဖို့ရာ နေမင်း၏
ရောင်ခြည်ကဲ့သို့
လူသားတွေမျက်စိဖြင့် စိန်းစိန်းမကြည့်ဝံ့တဲ့
အရောင်တလက်လက်ဖြင့် ရတနာအရောင်
ထွန်းလင်းပြောင်တဲ့
တင့်တယ်ခံ့ညားသော ပြာသာဒ်လေးဆောင် ပေါ်ပေါက်
လာလ်ိမ့်မည်။

ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂ
အသုံးအဆောင် အပြည့်အစုံပါတဲ့ တိုက်ခန်းက
ခုနစ်ထောင်စီ။
တစ်ဖက် တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသော
နဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ။
ရတနာ ခုနစ်ပါးနှင့် ပြည့်စုံသော ထီးဖြူ ခုနစ်ထောင်စီ။
ခုတင်ညောင်စောင်း ခုနစ်ထောင်စီ။

ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက ခုနစ်ထောင်စီဆိုတော့
ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း(၂၈ဝဝဝ )ရှိမယ်။

ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးက
တစ်လုံးစီ။
ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာ ကျယ်မယ်။
ရွှေအိုး၏အမောက်ကား…မြေကြီးနဲ့အမျှ အောက်မြေကြီး
အဆုံးထိ သုံးလို့မကုႏၻဴး။

ဒါတင်မကသေးဘူး။

ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ
ပေါက်လိမ့်မယ်။
ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်း
ခုနစ်ထောင်။
လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရ
သော ရထားခုနစ်ရာ။
မောင်းမပေါင်းတစ်သောင်းခြောက်ထောင်က
ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ
ကချေသည် အမျိုးသမီးခုနစ်ထောင်တို့ဖြင့် ဖျော်ဖြေ
ကြလိမ့်မည်။

အဇိတမင်းသား အိမ်ထောင်ပြုခြင်း
**************************
အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုခီအမျိုးသမီးနဲ့
အိမ်ထောင်ပြုလိမ့်မည်။
စန္ဒမုခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှ
အလွန်လှပပြီး
သူ့ရဲ့ ခန္ဓာကိုယ် အနံ့ကား…စန္ဒကူးသရက္ခန်အနံ့လို
မွှေးကြိုင်နေမယ်။
ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။
ခန္ဓာကိုယ်အရောင်က…ဆယ့်နှစ်တောင်အတွင်း
မီးမထွန်းပဲ အရောင်တဝင်းဝင်း ထိန်နေမယ်။

အရိမေတ္တေယျဘုရားရှင်ဟာ ဘယ်လောက်ဘုန်းကြီး
လိုက်သလဲဆိုရင်
ရှင်ဘုရင်မဟုတ်ပဲနဲ့ အဇိတမင်းသားဘဝလောက်
ရှိတာတောင်မှ သင်္ခစင်္ကြဝတေးမင်းနှင့်တကွ မြို့ပေါင်း
ရှစ်သောင်းလေးထောင်က
ရှင်ဘုရင်တွေ နတ်သားတွေက ဝေယျာဝစ္စလုပ်ပေးချင်လို့
ပြုလုပ်ခွင့်ပေးဖို့ လာပြီး တောင်းပန်ကြတယ်တဲ့။

အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော်( ၁၈ )
ကုဋေ အမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေရှိပါတယ်။
အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။

သားတော် ဖွားမြင်ခြင်း
🌹🙏🌹
အဇိတမင်းသားဟာ ပြာသာဒ်လေးဆောင်မှာ
လောကီစည်းစိမ်ခံစားနေစဉ်မှာ
အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ
ဆိုတဲ့ သားယောကျာ်းလေး မွေးဖွားလိမ့်မယ်။

နိမိတ်လေးပါး မြင်ခြင်း
🌹🙏🌹
ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့ အခါ
ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ
ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း
နိမိတ်ကြီးလေးပါး တွေ့မြင်ရရင်
သံဝေဂတရားတွေ ရလာပြီးတော့ တောထွက်မည့်
အကြံဖြစ်ပေါ်လာလိမ့်မည်။

အဇိတမင်းသား တောထွက်မယ့် စိတ်အကြံကို
သင်္ခစင်္ကြဝတေးမင်းက သိတဲ့အခါ
အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်း
လေးထောင်သော ကချေသည်တွေ
မြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသား မင်းမြေး သူဌေး
သူကြွယ်စသော လူအပေါင်းတို့က
ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး နေကြလိမ့်မယ်။
နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန်
ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့်
ဘုရားလောင်းကို ပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်
အလျှံ ခြံရံခစားနေကြလိမ့်မယ်။

လူ့ဘဝ ကာမဂုဏ်ထဲမှာ ပျော်အောင် ဖြေဖျော်နေကြတာ။

အဇိတမင်းသား တောထွက်တော်မူခြင်း
🌹🙏🌹
အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံ
ကို သင်္ခစင်္ကြဝတေးမင်းနှင့်တကွ
တိုင်းသူပြည်သား လူတွေအားလုံး သိသွားကြတဲ့အခါမှာ
ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်း
တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံး
သိသွားကြတော့
နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ
တောရွာဇနပုဒ်က လူတွေ
မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်း
များစွာနှင့်တကွ
စန္ဒမုခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေး
ကချေသည်တွေရော
အဇိတမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင် လိုက်ဖို့ရာ
အတွက် ပြည့်လျှံပြီးတော့ နေမယ်။

တောထွက်မည့်အချိန်လည်း ရောက်ရော လူပေါင်း
များစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ
ဘုရားလောင်း တန်ခိုးတော်ကြောင့်လည်းကောင်း
စင်္ကြဝတေးမင်း အာဏာကြောင့်လည်းကောင်း
နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း
ဟင်္သာမင်းပျံသကဲ့သို့
ကောင်းကင်ယံသို့ ပျံတက်ပြီး ကံ့ကော်ပင် ရှိရာအရပ်သို့
ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။

နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း
🌹🙏🌹
ကောင်းကင်ယံ ဟင်္သာပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်း
က သုံးယူဇနာရှိသော ထီးကို ကိုင်ပြီး လိုက်မယ်။
သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော
လက်ယာရစ် ခရုသင်းကို ကိုင်လျက် သာဓု သုံးကြိမ်
ခေါ်ပြီး လိုက်မယ်။
သုတဝံနတ်သားက သားမြီးယပ်ကို ကိုင်ပြီး လိုက်မယ်။
တုသိတာနတ်သားက ပတ္တမြားယပ်ကို ကိုင်ပြီးလိုက်မယ်။
ပဉ္စသိင်္ခနတ်သားက စောင်းကို ကိုင်မယ်။
လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။
နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူး စစ်သည်တွေက
လက်နက်ကိုယ်စီ ကိုင်မယ်။
နတ်သမီးတွေက ရတနာပုဋောင်းကို ကိုင်မယ်။
အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏
တံခွန်ကို ကိုင်မယ်။
နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကို ကိုင်မယ်။
ဂဠုန်တို့က စောင်းတီး လိုက်မယ်။
ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီး လိုက်မယ်။

ဟင်္သာပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့
လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။

ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့
ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့
ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။

အရိမေတ္တေယျဘုရားရှင်ဟာ…ကံ့ကော်ပင်အောက်မှာ
ပွင့်မှာပါ။
ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက
ကံ့ကော်ပင်အောက်မှာ ဒုက္ကရစရိယာကို ကျင့်တော်မူ
ပါမယ်။
အဇိတမင်းသားဟာ ဒုက္ကရစရိယာကို ခြောက်ရက်
ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။

စန္ဒမုခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့
ပြည့်စုံတဲ့ နွားနို့ဆွမ်း လှူလိမ့်မယ်။

သဗ္ဗညုတဉာဏ်ရသည့် အချိန်
************************
ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့
မနီးမဝေး ရတနာခုနစ်ပါးနဲ့ ပြည့်စုံတဲ့ အမြင့်( ၆၄ )
တောင်ရှိတဲ့ ရွှေပလ္လင် ပေါ်ပေါက်လာလိမ့်မယ်။
ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေ
တော်မူလျက်
အရှေ့လောကဓာတ်ကို ကြည့်ပြီး နတ်ပရိသတ်နဲ့
လူပရိသတ်တွေ ခြံရံလျက်
မာရ်နတ်ရဲ့ရန်ကို အောင်မြင်လိမ့်မယ်။
ညဉ့်ဦးယာမ်မှာ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရမယ်။
သန်းခေါင်ယာမ်အချိန်မှာ ဒိဗ္ဗစက္ခုဉာဏ်ကို ရမယ်။
မိုးသောက်ယာမ်အချိန် အာသဝက္ခယဉာဏ်တွေ
ရပြီးတော့
နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျရင် သစ္စာလေးပါး
ကို သိပြီး သဗ္ဗညုတဉာဏ်ကို ရမယ်။

ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့လုံးပတ်က အဲဒီခေတ်အခါမှာ
လူတွေရဲ့အတောင်နဲ့ အတောင်ခုနစ်ဆယ် ရှိမယ်။
အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ ခေါ်တယ်။
ကံ့ကော်ပင်ရဲ့အနံ့တွေက လေအောက်ကို
ဆယ်ယူဇနာ
လေအထက်ကို ဆယ်ယူဇနာ မွှေးမယ်။
ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက် ကြီးမယ်။
ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေ
ဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။
အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။
ဖြတ်ကျော် မပျံဝံ့ကြဘူး။
ကံ့ကော်ပင်နားရောက်တဲ့ ငှက်တိုင်း သတ္တဝါတိုင်း
ကံ့ကော်ပင်ကို လက်ယာရစ် သုံးပတ်ပတ်ပြီးမှ
သွားကြလိမ့်မယ်။

ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း
🌹🙏🌹
အဲဒီကံ့ကော်ပင်ရဲ့အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန်
လေးဆယ့်ကိုးရက် ကျော်လွန်တဲ့အခါ
ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်း
အစဉ်အလာအရ
ဗြဟ္မာမင်းကြီးရဲ့ လောကဂရုကို ခံယူမယ်။

ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက
ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ဓမ္မတာဖြစ်လို့
ဟောရတာ။

ဘုရားမပွင့်မီ ဗာဟိရကာလမှာ လူဝတ်ကြောင်များ
ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေ
ကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။

တစ်လောကလုံးက အလေးအမြတ်ပြုသော
ဗြဟ္မာကြီးက
မြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်း
လာလျှင်
တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြု
ညွှတ်တွား ကိုင်းရှိုင်းလာလိမ့်မယ်။

အဲဒါကို လောကဂရု ယူလိုက်တာလို့ ခေါ်ပါတယ်။

ဓမ္မစင်္ကြာတရားဟော ကြွခြင်း
🌹🙏🌹
ဗြဟ္မာမင်းထံမှ တရားဟောရန် ဝန်ခံပြီးပြီဆိုလျှင်ပဲ
ဣသိပတနဥယျာဉ်တောသို့ ဓမ္မစင်္ကြာတရားဟောဖို့
ရန် ကြွလိမ့်မယ်။
ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကို
ခွင်းပြီး အတောင်( ၃ဝ )ရှိတဲ့ ကြာပွင့်ကြီး။
(၂၄ )တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်
ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။

လူပရိသတ် ရှစ်ယူဇနာ။
နတ်ပရိသတ် စင်္ကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်
အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို
ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော်
ခြောက်ပါးလွှတ်ပြီး ဓမ္မစင်္ကြာတရားဟောတဲ့အခါမှာ
လူပုဂ္ဂိုလ် ကုဋေတစ်သိန်း
နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြ
လိမ့်မယ်။

ဘုရားရှင်၏ တန်ခိုးတော်
🌹🙏🌹
ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်း
ဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက်
ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်း
တဲ့ ဗိတာန်မျက်နှာကျက်သည်
ဓမ္မစင်္ကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံ
သည့်တိုင်အောင်
နေ့ညအမြဲပင် လိုက်ပါပြီး မျက်နှာကျက်အဖြစ်
မိုးကာပြီး နေမယ်။
အရိမေတ္တေယျဘုရား နေသန့်စင်သော အခါ နေဖို့ရာအတွက်
မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့် ပြည့်စုံသော
( ၁၂ )ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီး ပေါ်ပေါက်လိမ့်မယ်။
ဘုရားရှင်တန်ခိုးတော်ကြောင့် ဗိတာန် ပန်းဆိုင်း
တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း
ရတနာမဏ္ဍပ်ကြီးဟာ…
ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ…
အိမ်မှာ ဟောမယ်ဆိုရင် အိမ်ပေါက်ဝ။
ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ။
မြို့မှာဟောမယ်ဆိုရင် မြို့မှာ။
တောမှာဟောမယ် ဆိုရင် တောမှာ စတဲ့ ဟောတဲ့
နေရာတိုင်းမှာ
ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ
လိုက်ပါနေမှာ။

ရုပ်မြင်သံကြား မေတ္တေယျဘုရား
🌹🙏🌹
အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့
ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ်
အိမ်ကပဲ ဟောဟော
စင်္ကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့တရားဟော
အသံကို ကြားနေရမယ်။
ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်း မြင်နေရမယ်။
ရုပ်လည်းမြင်ရမယ်။
အသံလည်း ကြားရမယ်။
မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။

မကြားချင်လို့ နားပိတ်ထားလည်း မရဘူး။
ဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့်( ၃၁ )ဘုံ အကာအရံ
မရှိ ဖီလာ ထုတ်ချင်းပေါက် မြင်ကြရမှာ။
အပေါ်ကြည့်ရင်…နတ်သား နတ်သမီး ဗြဟ္မာတွေ
မြင်ရမယ်။
အောက်ငုံ့ကြည့်ရင်…ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခ
မျိုးစုံကို မြင်ရတော့…ငရဲရောက်အောင် အကုသိုလ်တွေ
ပြုရဲဖို့ မရှိတော့ဘူး။
အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့်
ယောကျာ်းဆိုရင်…နတ်သားလို။
မိန်းမဆိုရင်…နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ
ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှ မရှိ။
အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ
လုံးဝမရှိ။

အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား
အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။
ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ။
ပြဿနာမရှိ။ကွဲကွာသွားခြင်းလည်း မရှိ။
အမြဲ အဆင်ပြေမယ်။
ရာသက်ပန် ပေါင်းသင်းရမယ်။
အမျိုးသမီးတိုင်းမှာ ပတ္တမြားနားဋောင်း လက်စွပ်
လက်ကောက် ခြေကျင်း စသည်တို့ဟာ…
ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်
ကြမှာ။
ရွှေမဝတ်နိုင်တဲ့သူ မရှိဘူးတဲ့။
စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်
ယူစားလို့ ရတယ်။
ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း
ဘာရောဂါမှကို မရှိဘူး။

နေ့ ည ခွဲမရ
🌹🙏🌹
အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့်
ကမ္ဘာလောကကြီးဟာ…
နေ့အခါ ညအခါရယ်လို့ မရှိ။
နေ့ရော ညပါ အမြဲတမ်း လင်းထိန်ပြီးတော့
မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း
ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ ည
ခွဲယူရလိမ့်မယ်။

ပရိနိဗ္ဗာန်စံမည့် အရွယ်
🌹🙏🌹
မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး
ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင်
အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ ပရိနိဗ္ဗာန် စံဝင်လိမ့်မယ်။
ဒါပေမဲ့ သာသနာတော်က…
အနှစ်နှစ်သိန်း ခြောက်သောင်း ပြည့်တဲ့အခါ
ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် ပျက်ပြီး
ကမ္ဘာတစ်သိန်းကာလပတ်လုံး ဘုရားမပွင့်တော့ဘူးတဲ့။

ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ
မဏ္ဍကမ္ဘာဖြစ်ပြီးတော့
ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရား ဖြစ်လိမ့်မယ်။
ပေဿနဒီကောသလမင်းက ဓမ္မရာဇာဘုရား ဖြစ်လိမ့်မယ်။

အဲဒီ မဏ္ဍကမ္ဘာမှာ ဘုရားနှစ်ဆူပွင့်ပြီး ပျက်စီးသွား
တဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး
အဘိဘူဘုရားတစ်ဆူသာ ပွင့်လိမ့်မယ်။

သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်း ဘုရားမပွင့်ပဲ
နေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ
ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ…
ဒီဃသောနိအသူရိန်နတ်သား
စန္ဒနီပုဏ္ဏား၊
သုဘလုလင်
တောဒေယျပုဏ္ဏား။
နာဠာဂီရိဆင်မင်း။
ပလလေယျဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။

အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ်များ
🌹🙏🌹
ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား
သာသနာကာလအတွင်းမှာ
ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်
ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ်။

မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို
ရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ်။

မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေ
မဟုတ်ပဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ်။

သရဏဂုံသီလ မပြတ် ဆောက်တည်သောပုဂ္ဂိုလ်။

ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ
ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ်။

အသစ်ဆောက်လုပ်လှူဒါန်းတဲ့ပုဂ္ဂိုလ်။

ဗောဓိညောင်ပင် စိုက်ပျိုးသောပုဂ္ဂိုလ်။

ညောင်ရေ သွန်းလောင်းသောပုဂ္ဂိုလ်။

ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ်
တံတားပြုပြင်သောပုဂ္ဂိုလ်။

အာရုဏ်ဆွမ်း နေ့ဆွမ်း မပြတ် လောင်းလှူသောပုဂ္ဂိုလ်။

ရဟန်းတို့အား ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့
လှူဒါန်းသောပုဂ္ဂိုလ်။

ကမ္မဋ္ဌာန်းဘာဝနာ ပွားများ အားထုတ်သောပုဂ္ဂိုလ်။

အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီး
လက်ခတ်မလွဲ
အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး
နိဗ္ဗာန်ကို ရမယ်။

အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင် ပြောပြခဲ့တဲ့
ကုသိုလ်တွေ ဖြစ်ပါတယ်။

အရိမေတ္တေယျမြတ်စွာဘုရားလောင်း ပြောပြခဲ့တဲ့
ကုသိုလ်တွေကတော့…
မဟာဝေဿန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်
နာကြားကြသောသူတို့သည်
ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်
လေသမျှမှာလည်း
စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း
စည်းစိမ်ကောင်းကို ခံစားရပြီး
ကျွန်ုပ် ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍
ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို
မချွတ်မလွဲ ရနိုင်ပါလိမ့်မယ်လို့
ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျ
မြတ်စွာဘုရားအလောင်းက ပြောပြတော် မူခဲ့ပါတယ်။

အရိမေတ္တေယျမြတ်စွာဘုရားကိုဖူးမြော်ပြီး နိဗ္ဗာန်ကို
ရချင်တဲ့သူများဟာ…

၁။ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ
ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်၀တ်ပြီး
သာသနာပြုတဲ့ပုဂ္ဂိုလ်။

၂။မိမိရင်မှဖြစ်တဲ့သား၊သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေ
ကို ရဟန်းခံပေးခြင်း၊ရှင်ပြုပေးခြင်းပြုတဲပုဂ္ဂိုလ်။

၃။မိခင်ဖခင်တို့ကို ၀တ်ကျေတန်းကျေမဟုတ်ပဲ
စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဂိုလ်။

၄။သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဂိုလ်။

၅။ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ပုထိုး၊
စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ်၊
အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဂိုလ်။

၆။ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဂိုလ်
ညောင်ရေသွန်းလောင်းသော ပုဂ္ဂိုလ်။

၇။ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ်
တံတား ပြုပြင်သောပုဂ္ဂိုလ်။
အာရုဏ်ဆွမ်း နေ့ဆွမ်း လောင်းလှူသော ပုဂ္ဂိုလ်။

၈။ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံံ့သော ပုဂ္ဂိုလ်။

၉။ကမ္မဋ္ဌာန်းဘာ၀နာ ပွားများအားထုတ်သော ပုဂ္ဂိုလ်။

အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျ ဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဗာန်ကို
ရမယ်ဟု ဆိုပါသည်။

မေတ္တာစိတ်ဖြင့်
ချမ်းသာကြပါစေ အေးငြိမ်းကြပါစေ
ဘဝနဲ့ဓမ္မထပ်တူကြနိုင်ကြပါစေ၊၊
🙏🙏🙏

Credit;
အလင်္ကာ ဒီပ
သဗ္ဗေ ဘဒြာနိ ပဿန္တု
အကောင်မြင် ဝါဒများ ထွန်းကားပါစေ

.      မတန်လို့•••••••••••    " မတန်လို့ ဒီတိုင်းလွတ်ထားတာကို မသိဘူးလို့တော့မထင်ပါနဲ့"   သူတောင်းစားမ ကိုယ်ဝန်ရတော့ ဘုရင...
05/04/2022

.
မတန်လို့
•••••••••••

" မတန်လို့ ဒီတိုင်းလွတ်ထားတာကို မသိဘူးလို့တော့မထင်ပါနဲ့"

သူတောင်းစားမ ကိုယ်ဝန်ရတော့ ဘုရင့်ပွဲတော်အုပ်မှ
စားချင်တယ်လို့ ချဉ်ချင်းတပ်တယ်..
အဲ့တော့ သူ့ယောက်ျား သူတောင်းစားကို ပူစာတယ်။

မောင်တော် ဘုရင့်ပွဲတော်အုပ် စားချင်တယ်လို့
နှမတော်ချဉ်ချင်းတပ်တယ် .. ဘုရင့်ပွဲတော်အုပ်မှ
မစားရရင် နှမတော် သေရပါလိမ့်မယ်မောင်တော်
ရအောင်ယူပေးပါ။ "

ဪနှမတော်ရယ် သူတောင်းစားနဲ့
ဘုရင့်ပွဲတော်အုပ် မတန်မရာ တခြားဟာဆိုတော်သေး..
"ဒို့က သူတောင်းစား "ဘုရင့်ပွဲတော်အုပ် မတန်မရာ
ဘယ်လိုယူလို့ရမလဲ.."

" မောင်တော် နှမတော်ကိုချစ်ရင် ယူပေးရမယ်
မဟုတ်လို့ကတော့ နှမတော်ဒေါသကို သိတယ်နော် "

အဲ့ဒီတော့ သူတောင်းစား စဉ်းစားတယ်
နန်းတော်ထဲဝင်ခိုးလို့ မလွယ်ဘူး မိရင် ငါသေမှာ..
အဲ့ဒီတော့ ရဟန်းအသွင်ဆောင်ပြီး ဆွမ်းခံကြွရင်
အဆင်ပြေမယ်..ခေါင်းတုံး သင်္ကန်းပတ် သပိတ်လွယ်ပြီး
နန်းတော်ရှေ့ကိုကြွ.. သူတောင်းစားဆိုတော့
ဟန်ဆောင်ကောင်းတယ်။

နန်းတော်ရှေ့မှာ ဣနြေ္ဒ အပြည့်နဲ့ ရပ်နေတာ
ဘုရင်ကတွေ့တော့ ပညာရှိဘုရင်ပဲ သိတာပေါ့.

ဘုရင်က"ငါဒီရဟန်းအတုကို မောင်းထုတ်လိုက်ရင်
ဒီဘုရင်ရဟန်းကို မရိုမသေ လုပ်တယ်ဆိုပြီး
အများပြည်သူတွေက ငါ့ကို ကဲ့ရဲ့ရှုတ်ချကြမယ်."

ဒီတော့ ဘုရင်ကအမတ်ကိုပြောတယ်..
`ဒီရဟန်းထူးခြားတယ် ခေါင်းကလဲ ခုမှရိပ်ထားသကဲ့သို့
စိမ်းလို့ ဣနြေ္ဒ အပြည့်နဲ့ ,, ဒါနဲ့ အမတ်တစ်ယောက်ကို
လွှတ်ပြီး ``ဘာအလိုရှိလဲ လျောက်လိုက်စမ်း..
ဆိုပြီးခိုင်းတယ်။

အမတ်က ရဟန်းတုကိုမေးပြီးပြန်လာ
ဘုရင်ကိုပြန်လျောက်တင်တယ်`` ဘုရင့်ပွဲတော်အုပ်
အလှူခံချင်တယ်တဲ့ဘုရားပေါ့ လျောက်တယ်။

ဘုရင်က"ဒါဆို ယူပြီးကပ်လိုက်စမ်း."ပြီးတော့
ဘုရင်က အမတ်ကိုပြောတယ်"ဒီရဟန်းထူးခြား
တယ်၊အနောက်ကနေ မသိမသာ လိုက်ချောင်းစမ်း၊
ဘာလဲသရအောင်"ပေါ့။

ဒါနဲ့အမတ်က အနောက်ကနေလိုက်
မြို့ပြင်ဇရပ်နားရောက်တော့ သူတောင်းစားက
သင်္ကန်းကိုချွတ်လိုက်တော့
အောက်ကလူဝတ်ကိုလည်းမြင်ကော
" ဒီကောင်သူတောင်းစားပဲ."ဆိုတာ သိလိုက်တယ်။

အမတ်ကလဲ ပညာရှိအမတ်ဆိုတော့
စဉ်းစားတယ်`` ငါ ဘုရင်ကို အမှန်အတိုင်း
ပြန်လျောက်ရင် ဘုရင်က ဒီသူတောင်းစားကို
သတ်လိမ့်မယ်..ဒီသူတောင်းစား အဆင့်လောက်နဲ့
ငါ့ဘုရင် အကုသိုလ် ဖြစ်ရတာ
"မတန်ပါဘူး"လို့ စဉ်းစားပြီ နန်းတော်ကိုပြန်တယ်။

နန်းတော်ပြန်ရောက်တော့ ဘုရင်ကမေးတယ်
ဟိုရဟန်း အခြေနေဘာထူးလဲအမတ်လို့ မေးတော့

အမတ်က`` မှန်လှပါ အရှင်ဘုရားရဲ့ဘုန်းတော်ကြောင့်
မြို့ပြင်ဇရပ်တစ်နေရာမှာ ကြည့်ရင်းကြည့်ရင်းနဲ့
ရဟန်းအသွင်ပျောက်သွားပါတယ်ဘုရား လို့
လျောက်တင်တော့

အရေးတယူ လုပ်ရမည့်ကိစ္စမဟုတ်တော့
ဘုရင်ကလည်း သိလျက်နဲ့ ပြုံးတော်ပဲ မူလိုက်တယ်။

" မတန်လို့ ဒီတိုင်းလွှတ်ထားတာကို မသိဘူးလို့တော့
မထင်ပါနဲ့တဲ့

တစ်ချို့ကိစ္စတွေက ကိုယ်မှန်ပေမယ့် အရေးတယူ
လုပ်ဖို့ မတန်တာတွေ အများကြီးမို့ တုဖက်ပြိုင်ပြီး
ငြင်းမနေကြဘဲ ဥပေက္ခာ ပြုလိုက်ကြပါနော်။

မူရင်းရေးသားသူ
ဦးသိန်း
#အနော်

လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းလေးအသင်္ချေ ဆိုသည်မှာ -၁။ သေလ အသင်္ချေ၂။ ဘာသ အသေင်္ခ်၃။ ဇယ အသေင်္ခ်၄။ ရုစိရ အသင်္ချေ တို့ ...
31/03/2022

လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း

လေးအသင်္ချေ ဆိုသည်မှာ -
၁။ သေလ အသင်္ချေ
၂။ ဘာသ အသေင်္ခ်
၃။ ဇယ အသေင်္ခ်
၄။ ရုစိရ အသင်္ချေ တို့ ဖြစ်ပါသည်။

၁။ သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံယူသည့် ကမ္ဘာ၏ နောက်ဆုံးပွင့်တော်မူသောဘုရား ဖြစ်သည့် ဒီပင်္ကရာဘုရားနှင့် ကောဏ္ဍညဘုရား တို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို #သေလ_အသင်္ချေ ဟူ၍ #တစ်သင်္ချေ ရေတွက်ရသည်။

၂။ ကောဏ္ဍညဘုရားနှင့် မင်္ဂလဘုရား တို့အကြား ဘုရားလုံးဝ မပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို #ဘာသ_အသင်္ချေ ဟူ၍ #တစ်သင်္ချေ ရေတွက်ရသည်။

၃။ သောဘိတဘုရားနှင့် အနောမဒဿီဘုရား တို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို ်္ချေ ဟူ၍ #တစ်သင်္ချေ ရေတွက်ရသည် ။

၄။ နာရဒဘုရားရှင်နှင့် မဒုမုတ္တရဘုရား တို့အကြား ဘုရားလုံးဝမပွင့်သော မရေတွက်နိုင်သည့် ကမ္ဘာများကို #ရုစိရ_အသင်္ချေ ဟူ၍ #တစ်သင်္ချေ ရေတွက်ရသည်။

ကမ္ဘာ တစ်သိန်း ဆိုသည်မှာ
-------------------------

ပဒုမုတ္တရဘုရား ပွင့်ပြီးနောက် ဘုရားများ ဆိတ်သုဉ်းခဲ့သော ကမ္ဘာပေါင်း " ၇၀,၀၀၀ "

သုဇာတဘုရားနှင့် ပိယဒဿီဘုရား အကြား ကမ္ဘာပေါင်း " ၂၈,၂၀၀ "

ဓမ္မဒဿီဘုရားနှင့် သိဒ္ဓတ္ထဘုရား အကြား ကမ္ဘာပေါင်း "၁,၇၀၆"

သိဒ္ဓတ္ထဘုရားနှင့် တိဿဘုရား အကြား " ၂ " ကမ္ဘာ

ဝိပဿီဘုရားနှင့် သိခီဘုရား အကြား ကမ္ဘာပေါင်း " ၁ "

ဝေဿဘူဘုရားနှင့် ကကုသန်ဘုရား အကြား ကမ္ဘာပေါင်း "၆၀"

ပဒုမုတ္တရဘုရားနောက် ဘုရားပွင့်သော ကမ္ဘာပေါင်း "၃၁"

စုစုပေါင်း ကမ္ဘာတစ်သိန်း ဖြစ်ပါသည်။

စာကြွင်း
--------
- တစ်သင်္ချေ = " ၁ " ၏ အနောက်တွင် " ၀ " ပေါင်း " ၁၄၀ " ရှိ
သည့် ရေတွက်နိုင်သောကိန်း
- အသင်္ချေ = ရေတွက်နိုင်ခြင်း မရှိအောင် များပြားသောကိန်း

ကပ်ကြီးငါးပါးနှင့် ရေတွက်နည်း
------
ကပ်ကြီးသည် ငါးပါးရှိကုန်၏။
၄င်းငါးပါးတို့မှာ

(၁) မဟာကပ်၊
(၂) အသင်္ချေယျကပ်၊
(၃) အန္တရကပ်၊
(၄) အာယုကပ်၊
(၅) အန္တရာယကပ် တို့ ဖြစ်ကြသည်။[၁]

(၁) မဟာကပ်
ကပ်ငါးပါးတို့တွင် အရှည်ဆုံးဖြစ်သည့် ကပ်ကြီးကို "မဟာကပ်" ဟူ၍ ဆိုသည်။ ဤမဟာကပ်သည် အချိန်ကာလ ရှည်လျားပုံမှာ အလျား အနံ အထု တစ်ယူဇနာစတုရန်းရှိသည့် သက်သက်ကျောက်အတိပြီးသည့်တောင်ကြီးအား ယောက်ျားတစ်ယောက်သည် အလွန်နူးညံ့စွာ ဖတ်အပ်သည့် ကာသိကရာဇ်တိုင်းဖြစ် ဝါဂွမ်းဖြင့် အနှစ်တစ်ရာ တစ်ထောင်လွန်သည့်အခါမှ တစ်ကြိမ် တို့ထိပွတ်တိုက်၏။ ထိုသို့ ပွတ်တိုက်သည့်အတွက်ကြောင့် ကျောက်တောင်ကြီးသည် လျင်မြန်စွာ ကုန်၍သွားသော်လည်း သွားတန်ရာ၏။ သို့သော် မဟာကပ်သည် မကုန်ပေ။ မဟာကပ်သည် အချိန်ထိုမျှလောက် ကြာညောင်း၏။[၁]

လွန်ခဲ့သည့် အတိတ်ကာလတို့၌ ထိုကဲ့သို့ ရှည်လျားသည် မဟာကပ်ကြီး အဆက်ဆက်တို့သည် မည်မျှလောက် ကုန်ဆုံးခဲ့ပြီဟူ၍ မသိနိုင်။ အရေအတွက် သင်္ချာအားဖြင့် မဟာကပ်ပေါင်း မည်မျှရှိပြီဟူ၍ မဆိုနိုင်။ ထို့ကြောင့် လွန်ခဲ့သည့် အတိတ်မဟာကပ် အစဉ်အဆက်တို့ကို အတိတ်သံသရာကြီးတွေ ဟူ၍ ဆိုအပ်ကုန်၏။[၁]

ထိုသို့အတိတ်သံသရာကြီး၏ ရှည်လျားကြောင်းကို မြတ်စွာဘုရားသည် အနမတဂ္ဂသုတ်ပါဠိတော်တွင် -

"ရဟန်းတို့ အဝိဇ္ဇာဖြင့် ဖုံးလွှမ်းအပ်ကုန်သော တဏှာဖြင့် နှောင်ဖွဲ့ချည်တုပ်အပ်ကုန်သော၊ သံသရာစခန်းမှာ တပင်ပန်းပန်းပြေး၍ နေကြကုန်သော၊ တပတ်လည်လည် အတည်မကျ ကျင်လည်၍ နေကြကုန်သော သတ္တဝါတို့၏ ရှေ့သံသရာအစွန်းအစသည် မထင်ရှား (မရှိ)၊ ရဟန်းတို့ ဤသံသရာကြီးသည် မသိအပ်သော အစရှိ၏၊ အစကို မသိအပ်။"
[၁]

ဟု ဟောကြားတော်မူခဲ့သည်။[၁]

(၂) အသင်္ချေယျကပ်
နှစ်တို့၏ အရေအတွက်အားဖြင့် ရေတွက်ခြင်းငှါ မတတ်ကောင်းသောကြောင့် အသင်္ချေယျ မည်၏။ အသင်္ချေယျကပ်သည် -

(၁) သံဝဋ္ဋအသင်္ချေယျကပ်၊

(၂) သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်

(၃) ဝိဝဋ္ဋအသင်္ချေယျကပ်

(၄) ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ် ဟူ၍ လေးပါးရှိသည်။[၁]

(၁) သံဝဋ္ဋအသင်္ချေယျကပ်
ကမ္ဘာပျက်သည်ကို သံဝဋ္ဋကပ်ဟု ခေါ်သည်။ သံဝဋ္ဋကပ်သည် သုံးပါးရှိသည်။ ၎င်းတို့မှာ -[၁]

တေဇောသံဝဋ္ဋကပ် - မီးဖြင့်ပျက်သော ကပ်။
အာပေါသံဝဋ္ဋကပ် - ရေငန်ဖြင့် ပျက်သောကပ်။
ဝါယောသံဝဋ္ဋကပ် - လေဖြင့်ပျက်သောကပ်။[၁]
မီးတို့တွင် ကမ္ဘာကို လောင်သောမီးသည် အကြီးကျယ်ဆုံးဖြစ်၏။ ကမ္ဘာကို မီးလောင်ပါက ပထမဈာန် ဗြဟ္မာဘုံသုံးဘုံနှင့်တကွ အောက်တစ်ခွင်လုံး ရှိရှိသမျှဘုံများကို အကုန်လောင်၏။[၁]

ရေတို့တွင် ကမ္ဘာကို ပျက်ကျေစေတတ်သည့် ရေသည် အကြီးအကျယ်ဆုံး ဖြစ်၏။ ဤအရာ၌ မီးအစွမ်းထက် ရေအစွမ်းသည် ထက်မြက်၏။ ကမ္ဘာကို ပျက်စေသော ရေသည် ရေငန်ဖြစ်၏။ ရေသို့ကျသော ဆားခဲသည် မြေ့မြေ့ကျေပျက်လေဘိသကဲ့သို့ ကမ္ဘာဖျက်ရေနှင့် တွေ့ထိသောအခါ အလုံးစုံသော ကမ္ဘာ့အဆောက်အဦ ဟူသမျှတို့သည် ကျေမွပျက်စီးကြကုန်၏။ ရေဖျက်သောအခါ ဒုတိယဈာန် ဗြဟ္မာသုံးဘုံးနှင့်တကွ အောက်တစ်ခွင်လုံး ရှိရှိသမျှတို့သည် အလုံးစုံပျက်စီးကုန်ကုန်၏။[၁]

လေတို့တွင် ကမ္ဘာကိုဖျက်သောလေသည် အကြီးကျယ်ဆုံး ဖြစ်၏။ မြင့်မိုရ်တောင်ကိုပင် လွင့်စဉ်အောင် တိုက်ခတ်နိုင်၏။ ကမ္ဘာဖျက်လေကြမ်းကြီး တိုက်ခတ်သောအခါ ကမ္ဘာ့အဆောက်အဦ ဟူသမျှတို့သည် ပြောင်းရွှေ့လွင့်စဉ်ကြကုန်လျက် အချင်းချင်းထိခိုက်ပြီး ကျေမွပျက်စီးကြကုန်၏။ ဤအရာ၌ လေ၏အစွမ်းသည် မီးရေတို့ထက် ထက်မြက်၏။ လေဖျက်သောအခါတွင် တတိယဈာန်ဗြဟ္မာဘုံသုံးဘုံနှင့်တကွ အောက်တစ်ခွင်ရှိသမျှ အလုံးစုံတို့ ပျက်စီးကြကုန်၏။[၁]

(၂) သံဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်
ပျက်ပြီးသောအတိုင်း တည်နေသည်ကို သံဝဋ္ဋဋ္ဌာယီကပ်ဟု ခေါ်သည်။[၁]

(၃) ဝိဝဋ္ဋအသင်္ချေယျကပ်
ကမ္ဘာဖြစ်ပေါ်လာသည်ကို ဝိဝဋ္ဋကပ်ဟု ခေါ်သည်။[၁]

(၄) ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်
ဖြစ်ပေါ်ပြီးသောအတိုင်း တည်နေသည်ကို ဝိဝဋ္ဋဋ္ဌာယီကပ်ဟု ခေါ်သည်။[၁]

ဤအသင်္ချေယျကပ် လေးခုပေါင်းကို မဟာကပ်ကြီးတစ်ကပ်ဟု ခေါ်သည်။ ထို့ကြောင့် အသင်္ချေယျကပ် တစ်ကပ်သည် မဟာကပ်၏ လေးပုံတစ်ပုံ ရှည်မြင့်၏။ ကမ္ဘာမြေပေါ်တွင် သတ္တဝါတို့သည် မဟာကပ်၏ လေးပုံတစ်ပုံဖြစ်သော ဝိဝဋ္ဋဋ္ဌာယီတစ်ကပ်မျှသာ နေထိုင်ကြရ၏။ ကြွင်းသော အသင်္ချေယျကပ် သုံးကပ်တို့တွင် ကမ္ဘာမြေ၌ တည်နေသော သတ္တဝါဟူ၍ မရှိပေ။[၁]

(၃) အန္တရကပ်
ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်တစ်ခုအတွင်း လူတို့၏ သက်တမ်းအဆုတ်အတက် အနိမ့်အမြင့်အားဖြင့် ကပ်ငယ်များကို အန္တရကပ်ဟူ၍ ဆိုသည်။[၁]

ကမ္ဘာဦးကာလတွင် လူတို့သည် အသက်အသင်္ချေရှည်ကြ၏။ ထိုသို့ အသက်အသင်္ချေရှည်သော လူတို့သည် အဆက်အဆက်အားဖြင့် များစွာတည်ရှိကြကုန်၏။ နောက်ကာလ၌ လူတို့သည် အကုသိုလ်တရားပွားများလာကြသည့်အခါ အစဉ်အတိုင်း သက်တမ်းဆုတ်ယုတ်ကြ၏။ အသိန်း အသန်း နှစ်ပေါင်းများစွာ အဆင့်ဆင့်လွန်၍ ကုန်သွားပါက လူတို့၏ အသက် ဆယ်နှစ်တမ်းသို့တိုင်အောင် ဆုတ်ယုတ်၏။ ဆယ်နှစ်တမ်းမျှသာရှိသော လူတို့သည် အဆက်အဆက်အားဖြင့် များစွာတည်တံ့လျက်ရှိနေကြ၏။[၁]

ထို့နောက်တစ်ဖန် လူတို့သည် ကုသိုလ်တရားများ ပွားများလာကြသည်ရှိသော် ဆယ်နှစ်တမ်းမှ တစ်ဆင့်ထက်တစ်ဆင့်တက်ကာ သက်တမ်းတိုး၍ သွား၏။ အသင်္ချေယျတမ်းသို့တိုင်အောင် တိုးတက်၏။ ထိုကဲ့သို့ အတိုးအဆုတ်ဖြစ်သော အသက်တမ်းနှစ်ခုအပေါင်းကို "အန္တရကပ်တစ်ကပ်" ဟု ခေါ်သည်။[၁]

အသင်္ချေယျတမ်းမှ ဆုတ်၍ ဆယ်နှစ်တမ်း၊ တစ်ဖန် ဆယ်နှစ်တမ်းမှတက်၍ အသင်္ချေယျတမ်းသို့ တက်သော အသက်တမ်းတစ်စုံသည် "အန္တရကပ်တစ်ကပ်" ဖြစ်၏။[၁]
(ဆုပ်ကပ်အနှစ်တစ်ရာလျှင် လူ့သက်တမ်း တစ်နှစ်လျှာ့၍
တက်ကပ်အနှစ်တစ်ရာလျှင် လူ့သက်တမ်း တစ်နှစ်တိုးသည်။)

ဝီဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်တစ်ခုမှာ အန္တရကပ်ပေါင်း ခြောက်ဆယ့်လေးကပ် ရှိသည်။[၁]
အန္တရကပ် ခြောက်ဆယ့်လေးကပ်သည် အသင်္ချေယျကပ်တစ်ကပ် ဖြစ်သည်ဟု ဆိုလိုသည်။[၁]
အန္တရကပ်တစ်ခုသည် အသင်္ချေယျကပ်ကို ခြောက်ဆယ့်လေးပုံ ပုံလျှင် တစ်ပုံခန့်ရှိသည်။ တစ်နည်းဆိုကပါက ဂင်္ဂါမြစ်ကြီးတွင် တစ်ယူဇနာတိုင်တိုင် အရပ်ရပ်မှာရှိသော သဲတို့ကို စုပုံ၊ တစ်နှစ်လျှင် သဲတစ်ပွင့်အားဖြင့် ရေတွက်ပါက တစ်ယူဇနာရှိသော သဲသောင်ပြင်သည် ကုန်ရာ၏။ အန္တရကပ်တစ်ကပ်၏ နှစ်သည် မကုန်နိုင်ရာဟု ကျမ်းဂန်တို့၌ ဆိုသည်။[၁]

(၄) အာယုကပ်
လူတို့၏ အသက်တမ်းများကို အာယုကပ်ဟူ၍ ဆိုသည်။ ဆုတ်ကပ်၌ အသက်အသင်္ချေမှစ၍ ဆယ်နှစ်တမ်းတိုင်အောင် လူတို့၏ အသက်တမ်းသည် အဆင့်ဆင့် အစားစားများစွာ ရှိ၏။ တက်ကပ်၌ ဆယ်နှစ်တမ်းမှစ၍ အသင်္ချေယျတိုင်အောင် လူတို့၏ အသက်တမ်းသည်လည်း များစွာပင် ရှိသည်။ အန္တရကပ်တစ်ခုအတွင်း၌ အယုကပ်ပေါင်းသည် အဆင့်ဆင့် အစားအစားများစွာရှိသည်ဟု ဆိုလိုသည်။[၁]

ဘုမ္မဇိုဝ်းနတ်တို့နှင့် အပါယ်လေးဘုံသားတို့သည် အသက်တမ်း အမြဲမရှိ။ စတုမဟာရာဇ်စသော ကာမာဝစရနတ်ပြည်ခြောက်ထပ်နှင့် ဗြဟ္မာ့ဘုံနှစ်ဆယ်တို့မှာ အသီးသီး မြဲသော သက်တမ်းရှိ၏။ ထို့အပြင် အရှေ့ကျွန်း, အနောက်ကျွန်း, မြောက်ကျွန်းတို့၌ မြဲသော သက်တမ်း ရှိ၏။ သမ္မော အဋ္ဌာကထာ ဓမ္မဟဒယဝိဘင်းတွင် အကျယ်ပြလျက်ရှိသည်။[၁]

(၅) အန္တရာယကပ်
လူတို့၏ အသက်ကို ဖျက်ဆီးတတ်သည့် ရောဂါဆိုး ဥပဒ်ဆိုးများကို အန္တရာယကပ်ဟု ဆိုသည်။ အန္တရာယ်ကပ်ဟုလည်း မည်သည်။ အန္တရာယ်ကပ်သည် အခါခပ်သိမ်း ဖြစ်ပေါ်လာသည်မဟုတ်။ ရပ်ရွာမြို့ပြတိုင်း၌ ဖြစ်ပေါ်လာသည်လည်း မဟုတ်။ တစ်ရံတစ်ခါ တစ်စုံတစ်ခုသော အရပ်ဌာနများတွင် ဖြစ်ပေါ်လာတတ်၏။ ထိုအသက်အန္တရာယ်ကပ်သည်လည်း -[၁]

(၁) သတ္ထန္တရာယ်ကပ်၊

(၂) ဒုဗ္ဘိက္ခန္တရာယ်ကပ်၊

(၃) ရောဂန္တရာယ်ကပ် ဟူ၍ သုံးပါးရှိသည်။ ဤကပ်သုံးပါးကို ကပ်ဆိုးကြီး သုံးပါးဟူ၍ ဆိုသည်။[၁]

(၁) သတ္ထန္တရာယ်ကပ်
ဓား၊ လှံ သေနတ် အစရှိသည့် လက်နက်များအတွက်နှင့် အသက်အန္တရာယ်ဖြစ်ပေါ်သည်ကို သတ္ထန္တရာယ်ကပ် ဟု ဆိုသည်။ အဓမ္မရာဂ, ဝိသမလောဘ, မိစ္ဆာဓမ္မ ဟူသည့် တရားဆိုးကြီးသုံးမျိုးတို့သည် လောက၌ ဖိစီးတိုက်ခိုက်လာသည့်အခါ လူတို့သည် တရားလက်လွတ်ကြကုန်၏။ ကိုယ်အမူအရာ နှုတ်အမူအရာတို့သည် ကြမ်းတမ်းရက်ရောစွာ ဖြစ်လာကြကုန်၏။ အမျိုးမျိုးသော လက်နက်တို့သည် ပေါ်လာကြကုန်၏။ ထိုလက်နက်တို့သည် လူတို့၏ အလိုသို့လိုက်၍ အဖော်သလဲကြီးများ ဖြစ်ကြလေကုန်၏။ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ခြင်း၊ ထိုးခုတ်ခြင်း တို့သည် လောက၌ ဖြစ်ပေါ်ကုန်၏။ လုယက်ခြင်း, သူခိုး ခိုးခြင်း, ဓားပြတိုက်ခြင်း စသည်တို့သည်လည်း ဖြစ်ပေါ်လာကုန်၏။ မြို့ရွာနိဂုံးတို့ကိုလည်း မီးရှို့ခြင်းတို့လည်း ဖြစ်ပေါ်ကုန်၏။ မီးသည် တရားဆိုးသုံးပါးထွန်းကားသောအခါ လောက၏ လက်နက်ကြီးတစ်ပါး ဖြစ်၏။ ထိုသို့ဖြစ်သည့်အခါတွင် လူတို့သည် သေကျေပျက်စီးခြင်း၊ ပစ္စည်းဥစ္စာကုန်ဆုံးခြင်း၊ မြို့ပြပြည်ရွာတို့၌ မီးလောင်ခြင်းတို့ ဖြစ်ကုန်၏။[၁]

နိုင်ငံအချင်းချင်း စစ်ဖြစ်ကြလျှင် ကြီးစွာသော သတ္ထန္တရာယ်ကပ်ကြီး ဆိုက်သည်မည်၏။ ထိုအခါ စစ်တိုက်မှုကြောင့် လူများစွာတို့ သေကျေပျက်စီးကြရ၏၊ မြို့ရွာတို့သည်လည်း ပျက်စီးပြုန်းတီးကြရကုန်၏။ ထိုစစ်ပွဲများသည် အချို့သည် နှစ်နှစ် သုံးနှစ်ကြာ၏။ အချို့သည် လေးငါးခြောက်နှစ် ကြာမြင်၏။ အချို့မှာမူ ဆယ်နှစ်, ဆယ့်နှစ်နှစ်ကြာမြင့်၏။ စစ်ပွဲကြာသည်နှင့်အမျှ လူသတ္တဝါများ သေကျေပျက်စီးကြရလေ ဖြစ်၏။ ထိုသတ္ထန္တရာယ်ကပ်ကြီး တိုက်ခိုက်သည့်အခါ သတ္တဝါတို့သည် နည်းပါးယုတ်လျော့ကြကုန်၏။ဤသတ္ထန္တရာယ်ကပ်သည် လူနည်းပါးကြောင်း မြို့ရွာပျက်ကြောင်းပင် ဖြစ်သည်။[၁]

(၂) ဒုဗ္ဘိက္ခန္တရာယ်ကပ်
အစာဆန်ရေရှားပါးသော ငတ်မွတ်ခေါင်းပါးမှုနှင့် အသက်အန္တရာယ်ဖြစ်ပေါ်လာသည်ကို ဒုဗ္ဘိက္ခန္တရာယ်ကပ် ဟု ဆိုသည်။ အဓမ္မရာဂ စသည့်တရားဆိုးသုံးပါးတို့သည် ကြီးဆိုးလာသည့်အခါတွင် မိုးကောင်းစွာ မရွာသွန်းချေ။ လူတို့၏ သန္တာန်မှ ဖြစ်ပေါ်လာသော တရားဆိုးတို့၏ အငွေ့အရှိန်တို့သည် မိုးရေမိုးပေါက်တို့ကို ခန်းခြောက်စေ၏။ မိုးရေမိုးပေါက်တို့သည် ကောင်းစွာနှစ်စဉ်အတိုင်း မရွာပါက အစားအစာအတွက် လူတို့သည် လုပ်ဆောင်နိုင်ခြင်း မရှိကြပေ။ ထိုအခါ အစားအစာ ခေါင်းပါးခြင်းဟူသည့် "ဒုဗ္ဘိက္ခန္တရကပ်ကြီး" ဆိုက်၏။ ထိုကပ်ကြီးဆိုက်သည့်အခါတွင် လူတို့သည် များစွာ သေကျေပျက်စီးကြ၏။ တိုင်းပြည်မြို့ရွာတို့သည်လည်း ပျက်စီးကြကုန်၏။ ဤဒုဗ္ဘိက္ခန္တရကပ်သည် လူနည်းပါးကြောင်း မြို့ရွာပျက်ကြောင်းပင် ဖြစ်သည်။[၁]

(၃) ရောဂန္တရာယ်ကပ်
ရောဂါဆိုး ဥပဒ်ဆိုး ဖြစ်ပေါ်လာသည့်အတွက်နှင့် အသက်အန္တရာယ်ဖြစ်ပေါ်လာသည်ကို ရောဂန္တရာယ်ကပ်ဟု ဆိုသည်။ လောက၌ အလွန်ကြမ်းတမ်းသည့် စတုမဟာရာဇ်နတ်မင်းကြီးတို့၏ အုပ်စုနယ်တွင် အပါအဝင်ဖြစ်သည့် သူရဲသံဘက်၊ မြေဘီလူး၊ ရေဘီလူး၊ ကုန်းဘီလူး၊ ကောင်းကင်ဘီလူးတို့မည်သည် ရှိ၏။ ထိုဘီလူး စသည့် အဆိုးအဝါးတို့သည် လူတို့၏ အသွေးအသားကို သောက်စားတတ်ကြ၏။ ထိုဘီဘူး သံဘကတ်တို့သည် အလွန်ဆိုးသွမ်းကြမ်းတမ်းသည့်အတွက် အခါခပ်သိမ်း သူတို့သဘောအားဖြင့် မထားကြကုန်ဘဲ စတုမဟာရာဇ်နတ်မင်းကြီးတို့သည် ဩဇာအာဏာဖြင့် ထိန်းသိမ်းစောင့်ရှောက်ထား၏။ [၁]

လောက၌ လူတို့သည် တရားပျက်ယွင်းသည့်အခါ စတုမဟာရာဇ်နတ်မင်းကြီးတို့၏ အမိန့်နှင့် ထိုသူရဲသံဘက် ရက္ခိုသ်ဘီလူးများကို လူ့ပြည်သို့ စေလွှတ်ကြ၏။ ထိုအခါ ထိုဘီလူးစသည်တို့သည် လူ့ပြည်လောကသို့ ချဉ်းနင်းဝင်ရောက်ကြ၍ အခွင့်ရရှိတိုင်း လူတို့၏ အသွေးအသားကို စားသောက်ကြ၏။ ထိုသို့ ဘီလူးတို့ လူ့လောကနယ်သို့ ရောက်လာသည့်အခါတွင် လူတို့၌ များစွာသော အန္တရာယ်ရောဂါတို့ ဖြစ်ကြ၏။ လျင်မြန်စွာ သေဆုံးကြ၏။ အဖျားရိုးရိုး အနာရိုးရိုး မဟုတ်ဘဲ ထူးဆန်းကြမ်းတမ်းသော အဖျားအနာရောဂါဆိုးတို့သည် ဖြစ်ကြ၏။ ဝမ်းသက်လျှော၍ မြန်စွာသေဆုံးခြင်း၊ မူးမေ့၍ အမြန်သေဆုံးခြင်း စသော ရောဂါဆိုးတို့ ဖြစ်ကုန်၏။ ထိုရောဂါဆိုးတို့ကိုပင် ရောဂန္တရာယ်ကပ်ဟူ၍ ဆိုသည်။ [၁]

အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မတရားဆိုး သုံးပါးတို့သည်ပင် ကပ်ဆိုးကြီး သုံးပါးဖြစ်အောင် ထူထောင်သော အကြောင်းအရင်း ဖြစ်သည်။

Credit

 #အစွမ်းထက်လွန်းသောသမ္ဗုဒ္ဓေဂါထာတော်ကြီး🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺ဤစာရေးသူသည် တစ်ချိန်က အနုပဋိလောမရုပ်ဝါဒလေ့လာပြီး တစ်ဘက်စွန်းသို့...
23/03/2022

#အစွမ်းထက်လွန်းသောသမ္ဗုဒ္ဓေဂါထာတော်ကြီး
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ဤစာရေးသူသည် တစ်ချိန်က အနုပဋိလောမရုပ်ဝါဒ
လေ့လာပြီး တစ်ဘက်စွန်းသို့ ရောက်လုဆဲဆဲ ဖြစ်ခဲ့ဖူးပေသည်။

သို့သော် ကိုယ်ရေးကြုံ•သက်လုံကောင်းရမည်ဆိုသည့်အတိုင်း
တစ်စုံတစ်ခုသော ဘေးအန္တရာယ်များနှင့်တွေ့သည့်အခါ
ကိုးကွယ်အားထားရာကို ရှာကြခြင်းမှာ သတ္တဝါတိုင်၏ ဓမ္မတာဖြစ်သည်။

ကျွန်ုပ်သည်လည်း သတ္တဝါတစ်ယောက်ဖြစ်သောကြောင့်
ကိုယ်ရေးကြုံ၍သက်လုံကောင်းခဲ့ရဖူးသည်။ ။

၁၉၆၁-ခုနှစ်က ကျွန်ုပ်သည် အိန္ဒိယနိုင်ငံ မြောက်ပိုင်း
“ဒီဘရူဂါ” မြို့ကြီးသို့ ရောက်ရှိနေသည်။

ရောက်ရှိနေခြင်းမှာ အိန္ဒိယနိုင်ငံမှာ နေထိုင်ခွင့်ပါမစ် အမိန့်စာ
ကုန်ခါနီးသောကြောင့် ပါမစ်ပြန်လျှောက်ရန် ရုံးသို့လာခဲ့ခြင်းဖြစ်သည်။ '

ကျွန်ုပ်ရုံးသို့ ရောက်သည့်အခါ ဘရူးဝါး ဗုဒ္ဓဘာသာ
ကုလားလေးတစ်ယောက်စက်ဘီးဖြင့် ကျွန်ုပ်ထံသို့ရောက်ရှိလာသည်။

ကျွန်ုပ်မှာ သင်္ကန်းဝတ် ရဟန်းတော်
တစ်ပါးဖြစ်၍ သင်္ကန်းဝါဝါ မြင်လိုက်သောကြောင့်
ကျွန်ုပ်ထံသို့ စက်ဘီးဖြင့် လိုက်လာခြင်း ဖြစ်သည်။

ကုလားကလေးက “အရှင်ဘုရား ...
တပည့်တော်အမေ နတ်ဖမ်းစားလို့ "
တပည့်တော်နှင့် လိုက်ခဲ့ပေးပါ”ဟု အရေးတကြီး
ချွေးသီးချွေးပေါက်များကျလျက် အားကိုးတကြီး လာ၍ပင့်သည်။

ကျွန်ုပ်မှာ ရုံးကိစ္စကလည်း မပြီးသေး၊
သို့သော် ဒီဘရူဂါမြို့ကြီး တစ်မြို့လုံးမှာ
ရဟန်းတော် သင်္ကန်းဝါဝါဆိုလို့ ကျွန်ုပ်တစ်ပါးတည်းရှိနေသည်။

ဘရူးဝါးဗုဒ္ဓ ဘာသာဖြစ်လို့လည်း အားကိုးတကြီး
သင်္ကန်းတော်ကိုမြင်ပြီး လာပင့်ခြင်းဖြစ်သည်။
ကျွန်ုပ် “ငါဘယ်လို လုပ်ရမည်လဲ”ဟု စဉ်းစားသည်။
သူက အားကိုးသည်။ ငါကားဘာမျှ မတတ်၊
နတ်ဖမ်းစားသည်ဆိုသည်ကိုလည်း ဘယ်လိုလုပ်ရမည်မသိ၊
သို့သော် တတ်နိုင်ဘူးလေ ဟန်ကိုယ့်ဖို့ ဆိုသည်မဟုတ်လား။

“အေး ... ငါလိုက်မယ်”ဟုပြောပြီး
သူ့စက်ဘီး နောက်ခုံမှာ ထိုင်၍လိုက်ခဲ့ ပေသည်။

နွားချေးသုတ် မြေစိုက်အိမ်သို့ ရောက်သည့်အခါ
သူ့မိခင်သည် တန်းလျားတစ်ခုပေါ်မှာ ပက်လက်လန်ပြီး၊
ပါးစပ်တွင်းမှလည်း အမြှုပ်တစီစီထပြီး တက်လျက်ရှိသည်။

ဝက်ရူးပြန်သူများဖြစ်သလို ဖြစ်လျက်ရှိသည်။
ကျွန်ုပ်သည် ရောက်လျှင် ရောက်ချင်း အဘွားကြီး
ခေါင်းရင်းဘက် ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်ပြီး
“ငါဘယ်လိုလုပ်မလဲ”အမြန်စဉ်းစားလိုက်သည်။

ကျွန်ုပ်ဖတ်ထားသည့် လက်ဝဲစွန်းစာအုပ်များအရဆိုလျှင်
ဘာမျှ အားကိုးဖွယ် မရှိလေတော့ပြီဖြစ်သည်။

သို့သော် ဗုဒ္ဓဝါဒ အခြေခံ ရှိထားသေးသောကြောင့်
ချက်ချင်းပဲ အကြံရကာ “သောက်ရေတစ်ခွက် သန့်သန့်ယူခဲ့”
ဟု ပြောလိုက်သည်။

သောက်ရေဖန်ခွက်ရောက်လျှင် ရေတစ်ခွက်ကိုယူပြီး
ဗုဒ္ဓ ဘုရားရှင်၏ ဂုဏ်တော်ကိုးပါး၊ ရောင်ခြည်တော်ခြောက်ပါး၊
ဘုန်းတော်ခြောက်ပါးတို့ကို မျက်စိမှိတ်လျက် အာရုံပြုလိုက်သည်။

အာရုံပြုပြီးလျှင် သမ္ဗုဒ္ဓေဂါထာ (၃)ပုဒ်ကို ရေခွက်မှာ မန်းပါသည်။
အကြိမ်ကြိမ် မန်းမှုတ်ပြီးနောက် အဘွားကြီး ပါးစပ်တွင်းသို့
လောင်းထည့်ပြီး ကျန်ရေကိုခေါင်းပေါ်မှာ ဖျန်းပေးလိုက်သည်။

ရေများပါးစပ်တွင်းသို့ ရောက်ပြီး မကြာမီ အဘွားကြီးချက်ချင်း
ငုတ်တုတ်ထထိုင်လေသည်။ ထထိုင်ပြီး ကျွန်ုပ်ကိုတွေ့လျှင်
ရှိခိုးပြီး “အရှင်ဘုရား ဘယ်က ကြွလာပါသလဲ”ဟု
မေးမြန်းလိုက်သည်။ ။

ယင်းသို့ ပြုလုပ်ပေးလိုက်သဖြင့် ယခုလို ချက်ချင်း
ပျောက်ကင်းသွားလေတော့ကျွန်ုပ် အလွန်ဝမ်းသာမိသည်။
ကျွန်ုပ် ဝမ်းသာသလို သူ့သားက ကျွန်ုပ်ထက်
ပို၍ဝမ်းသာသွားခဲ့သည်။ '

ကျွန်ုပ်လည်း လူနာနေကောင်းသွားလျှင် ချက်ချင်း
ရုံးချိန်မီရန် နှုတ်ဆက်၍ရုံးသို့ပြန်ခဲ့လေသည်။

သို့သော် ရုံးချိန်မမီ(မာဂရေတာ)ပြန်ထွက်သည့် ရထားမမီ
တော့၍ ဟိန္ဒူဟိုတယ်တစ်ခုမှာ ညအိပ်ခဲ့ရလေသည်။

ဟိန္ဒူဟိုတယ်မှာ ညအိပ်ရင်း စဉ်းစားမိသည်။
ဝိဇ္ဇာပညာ (သို့မဟုတ်) မမြင်နိုင်တဲ့ နာမ်ဝါဒဆိုတာ ရှိသလား။
နေ့လယ်က အဖြစ်အပျက်သည် တကယ်
အံ့သြစရာတစ်ခုဖြစ်လာသည်။

စဉ်းစားစရာတစ်ခု ဖြစ်လာသည်။
ဘုရားရှင်၏ ဂုဏ်တော်နှင့်သမ္ဗုဒ္ဓေဂါထာ တန်ခိုးတော်ဆိုတာ
တကယ်စွမ်းနေပါလားဟုကား သိလာပြီ၊
သို့သော်ကျွန်ုပ်မှာရှိနေသောရုပ်ဝါဒ အစွဲကလေးကား
မကျွတ်တတ်သေး။ တဲတဲကလေးတွယ်နေသေးသည်။

ကျွန်ုပ်နေထိုင်ရာ နောင်လယ်ဒေသသို့ နောက်နေ့ ပြန်ခဲ့လေသည်။
နောင်လယ် သို့ ရောက်ပြီးနောက် (၂)ရက်လောက်အကြာတွင်
“ပိ”ဆိုသော ကချင်စော်ဘွားကြီး နေထိုင်ရာ ရွာကလေးမှ
စက်ဘီးနှင့်ကျွန်ုပ်ကို လာ၍ပင့်ပြန်သည်။

လာပင့်သည့်အချိန်မှာ ညနေ(၄)နာရီအချိန် ဖြစ်သည်။
လာပင့်ရခြင်းမှာ စော်ဘွားကြီးသမီး (၁၈)နှစ်ရှိသည့်
အပျိုမကလေး (နတ်ဖမ်းစားသလိုလို၊ စုန်းပြုစားသလိုလို)
တက် တက်ပြီးနေ၍ လာပင့်ခြင်းဖြစ်သည်။

ညနေ (၅)နာရီတိတိတွင် ပိရှားရွာ စော်ဘွားကြီး အိမ်သို့
ရောက်သည်။ စော်ဘွားကြီးအိမ်သည် အိမ်ရှည်ကြီးဖြစ်သည်။
အိမ်မှာ တောင်ဘက် လှေကား မြောက်ဘက်လှေကား
(၂)စင်းရှိပြီးအိမ်အခန်းပေါင်း (၆၄)ခန်း ရှိသည်။

အခန်းတိုင်းမှာ မီးဖိုရှိလေသည်။ ကျွန်ုပ်ကို ...
“ဘယ်လှေကားမှတက်မည်လဲ” ဟုမေးသည်။
တောင်ဘက်လှေကားမှတက်မည်”ဟု ချက်ချင်း
အဖြေပေးလိုက်သည်။

တောင်ဘက်လှေကားအနီး အခန်းတစ်ခုကို
လိုက်ကာများကာရံပြီးကျွန်ုပ်ကို နေရာ ချထားပေးသည်။
နေရာသို့ရောက်လျှင် ခေတ္တနားပြီးလူမမာရှိရာသို့ ပင့်သွားကြသည်။

လူမမာမိန်းကလေးမှာ စော်ဘွားကြီးအိမ် အလယ်ခန်းမှာ ရှိသည်။
စော်ဘွားကြီးသမီးဖြစ်၍ လူမမာ လာမေးကြသူများမှာ
အခန်းတွင်း ပြည့်ကျပ် လျက်ရှိသည်။
လူပေါင်း(၆၀)ကျော်ခန့် ရှိလေသည်။

ကျွန်ုပ်ရောက်လျှင် နေရာများရှင်းပေးကြသည်။
လူမမာမိန်းကလေးကား ထမင်းအိုးမှ `ထမင်းရေများ ဆူသလို
တက်လျက်ရှိသည်။ ခဏခဏ တက်သည်၊ ခဏခဏ ပြန်ကျသည်။
တက်လျှင်ကိုယ့်လက်ကိုယ် ပြန်ကိုက်သည်။
အားလုံး လက်ကို ဝိုင်းဆွဲထားကြရသည်။

“နင်တို့ မမြင်ကြဘူးလား၊ လူ(၃)ယောက်၊
လူ(၃)ယောက်၊ ငါ့နားမှာ လာနေတယ်၊
မောင်းထုတ်ကြ၊ မောင်းထုတ်ကြ” ဟုပြောရင်း
မေ့မြောပြီး တက်သွားပြန်လေသည်။

ကျွန်ုပ်သည် သောက်ရေတစ်ခွက်သန့်သန့်
တောင်းပြီး ဗုဒ္ဓဂုဏ်တော်များကိုအာရုံပြုလျက်
ရေကိုမန်းမှုတ်ရပြန်သည်။ ရေမန်းမှုတ်ပြီး ရေတိုက်သည်။
ချက်ချင်းကောင်းသည်။ သို့သော် ပြန်တက်သည်။
အတက်ဝေးလာသည်။ တဖန် ရေတိုက်သည်။
ခေါင်းကို ဖျန်းသည်။ သက်သာလာသည်။

သို့သော် ပြန်တက်သည်။ တဖန် ချည်အဖြူ
အပ်ချည်လုံး ရှာခိုင်းသည်။ အပ်ချည်လုံး မရှိ၊
ဂျပ်ခုတ်ယောက်လုံး (ချည်ဖြူ)သာရှိသည်။

လိုသလောက် ဖြတ်ယူပြီး တဖန်သမ္ဗုဒ္ဓေဂါထာများကို
မန်းပြီး ခြေ(၂)ဖက်၊လက်(၂)ဖက်၊
လည်ပင်း(၅)ချက်ကိုချည်လိုက်သည်။
ခဏသာ သက်သာ ကောင်းမွန်လာပြီး ပြန်တက်သည်။

ပြန်တက်ခါနီးလျှင် .... ။
“လူ(၃)ယောက်၊ လူ(၃)ယောက် မမြင်ကြဘူးလား၊
ငါ့ကို ချည်ထားတဲ့ကြိုးတွေဖြေပေးပါ ....
အရှင်ဘုရားကို ပိတ်ဖြူဆီး၍ ပြန်လွှတ်ပါ” ဟုပြောလေသည်။

တန်ခိုးရှိလာပြီဖြစ်ကြောင်း ကျွန်ုပ် ရိပ်မိလာသည်။
သို့သော် ကျွန်ုပ်မှာ .ချွေးတလုံးလုံးနှင့် ဖြစ်နေပြီ၊
လူပေါင်း(၆၀)ကျော် အကြားမှာ မနိုင်လျှင် ရှက်ဖွယ်ဖြစ်သည်။

မြန်မာဆိုသောဂုဏ်သိက္ခာ ကျဖွယ်ရာဖြစ်သည်။
ကျွန်ုပ် ဘာဆက်လုပ်သနည်း။

ကျန်သော ဂျပ်ခုတ်ယောက်လုံးကြီးကို ယူပြီး
ချည်ကိုဖြတ်ယူ၍ တဖန်သမ္ဗုဒ္ဓနှင့် ဂုဏ်တော်များ မန်းပြန်သည်။
မန်းပြီး မိန်းကလေး အိပ်ရာခန်းတွင်းကို
ချည်ဖြင့် ပတ်ခိုင်းလိုက်သည်။

ထိုအခါ မိန်းကလေးက ...
“လူ(၃)ယောက်၊ လူ(၃)ယောက် မမြင်ကြဘူးလား၊
အခန်းတွင်းကို မဝင်နိုင်ဘူးပြောတယ်။ ကြိုးတွေကို ဖြုတ်ပေးပါ
” အရှင်ဘုရားကို ပိတ်ဖြူဆီး၍ ပြန်လွှတ်ပါ”ဟူ၍ ဆိုပြီး
တက်ပြန်လေသည်။

ဤသို့ကြားသည့်အခါ ကျွန်ုပ်သတိရလာသည်။
အားတက်လာသည်။ အခန်းတွင်းသို့ မဝင်နိုင်ဘူး ဆိုသောစကား၊
ကြိုးဖြေပေးပါ၊ ပိတ်ဖြူဆီး၍ ပြန်လွှတ်ပါ”ဆိုသောစကားများသည်
ကျွန်ုပ်အတွက် လွန်အားဖြစ်သောစကားဖြစ်ရုံမျှမက ကျွန်ုပ်
ဘာဆက်လုပ်ရမည်ဆိုသည်ကိုပင် လမ်းစဖော်ပေးသကဲ့သို့
ဖြစ်လာသည်။ .

ကဲ .... ကျွန်ုပ် ဘာဆက်လုပ်သနည်း။
ဂျပ်ခုတ်ယောက်လုံး(ချည်ဖြူ)ကြီးတစ်ခုလုံးကို
သမ္ဗုဒ္ဓေဂါထာတော်ဖြင့် အကြိမ်ကြိမ် မန်းမှုတ်လိုက်လေသည်။

ဗုဒ္ဓ "ဘုရားရှင်ရဲ့ ဂုဏ်တော်များကို အာရုံပြုလျက်
မန်းမှုတ်ပြီးချိန်မှာ ညအချိန်(၉)နာရီပင်ထိုးချေပြီ။

ချည်များကို အခန်းပေါင်း(၆၀)ကျော် အိမ်ကြီးတစ်ခုလုံး
အတွင်းဘက်မှနေ၍ ပတ်ခိုင်းလိုက်လေသည်။

အတွင်းဘက်မှနေ၍ ပတ်ပြီးသည့်အခါ မိန်းကလေးက
တဖန် ... '...“လူသုံးယောက်၊ လူသုံးယောက် မမြင်ကြဘူးလား၊
မြောက်ဘက်လှေကားမှာမတ်တတ်ရပ်နေတယ်၊
မောင်းထုတ်ကြမောင်းထုတ်ကြ။
ဒီကြိုးတွေကိုဖြေပေးပါ။

အရှင်ဘုရားကို ပိတ်ဖြူဆီး၍ပြန်လွှတ်ပါ”ဟူ၍ပြောပြီး
တက်ပြန်လေသည်။ (တက်တိုင်းကိုယ့်လက်ကိုယ်ပြန်ကိုက်သည်။)

ဤသို့ဖြစ်လာသဖြင့်
ကျွန်ုပ်က “မင်းတို့ ချည်ရှိသေးလား”ဟု မေးမြန်းရာ
ယောက်လုံးချည် ကျန်သေးကြောင်း ပြောပါသည်။
ဂုဏ်တော်ချည်ရဲ့ တန်ခိုးကြောင့်သူတို့အိမ်ပေါ်သို့
မတက်နိုင်ကြတော့ပေ။ လှေကားမှ မတ်တတ်ရပ်၍
ပြသဖြင့်မိန်းကလေး တက်ရပြန်သည်။

“ကဲ ... ဒီတစ်ခါကျန်တဲ့ချည်တွေနှင့်
အိမ်အပြင်ဘက်မှနေပြီး တစ်အိမ်လုံးပတ်လိုက်ကြ”ဟု
ကျွန်ုပ်ပြောလိုက်သဖြင့် ချည်များဖြင့် စော်ဘွားကြီး
အိမ်အပြင်ဘက်မှတစ်အိမ်လုံး ပတ်လိုက်ကြလေသည်။

ချည်များ အားလုံးပတ်ပြီးနောက် မိန်းကလေး
သည် ငုတ်တုတ်ထထိုင်ပြီး …... ။

“လူတွေ များလှချည်လား၊ ဘာလာလုပ်ကြတာလဲ”
ဟုမေးပြီး ကျွန်ုပ်ကိုထူးဆန်းအံ့သြစွာ ကြည့်ပြီးနေလေသည်။

ဤသို့ဖြင့် (၉)နာရီခွဲ တိတိအချိန်မှာ
မိန်းကလေးအကောင်း ပကတိဖြစ်၍သွားခဲ့ပေသည်။
လာရောက်ကြည့်ရှုကြသည့်ပရိသတ်များမှာ အံ့သြစွာဖြင့်
ကျွန်ုပ်နှင့် လာရောက်စကားပြောကြသည်။

ကျွန်ုပ်ကိုထူးဆန်းစွာကြည့်ရှု ဝိုင်းအုံစကားပြောကြခြင်းမှာ
သူတို့အားလုံး ဗုဒ္ဓဘာသာဝင်များမဟုတ်ကြပေ။
နတ်ကိုးကွယ်သူများချည်း ဖြစ်ကြသည်။ နွားကောင်လုံး၊
ဝက်ကောင်လုံး၊ နွားနောက်ကောင်လုံး နှစ်စဉ်ယဇ်နတ်
ပူဇော်ကြသူများဖြစ်ကြသည်။

ဤသို့ကျွန်ုပ်မိန်းကလေးကို ကုသပေးမှုကြောင့်
စော်ဘွားကြီးမိသားစုနှင့် လာရောက်ကြည့်ရှုကြသူများအားလုံး
ဗုဒ္ဓဘာသာ ရဟန်းတော်ကို စိတ်ဝင်စားလာကြသည်။
အားကိုးလိုကြသည်။ ဗုဒ္ဓဘာသာသို့ဝင်ဖို့ရန်
ဆန္ဒရှိစပြုလာကြသည့်နေ့ကြီးဖြစ်ပေသည်။

မြန်မာ့ဂုဏ်သိက္ခာနှင့် ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတို့ကို
သိရှိနားလည်သဘောပေါက်လာကြပေသည်။
ဤပွဲတွင် သူတို့နတ်ဝါဒကို စွန့်လွှတ်သကဲ့သို့ပင် ကျွန်ုပ်၏
ရုပ်ဝါဒ အစွဲကလေးကိုလည်း ခဝါချလိုက်သကဲ့သို့
စွန့်လွှတ်လိုက်သည့်နေ့ကြီး ဖြစ်ပေသည်။

နောင်(၂)နှစ်ကြာသည့်အခါ ပိရှားစော်ဘွားကြီးနှင့်
မိသားစုများ ရပ်သူရွာသားများအားလုံး ..…. ။

ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ၊
ဓမ်မံ သရဏံ ဂစ်ဆာမိ၊
သံယံ သရဏံ ဂစဆှာမိ ....
ဟု သရဏဂုံသုံးပါးကို သံပြိုင်ရွတ်ဆိုပြီး
ဗုဒ္ဓဘာသာသို့ အားလုံး ကူးပြောင်းခဲ့ကြပေသည်။

၁၉၆၃ ခုနှစ်တွင် ပိရှားစော်ဘွားကြီး ကွယ်လွန်ခဲ့ပေသည်။

ကျွန်ုပ် နောက်ရက် နောင်လည်သို့ ပြန်ရောက်သည့်အခါ
တွေ့ကြုံခဲ့သည့်အဖြစ်အပျက်အားလုံး ပြန်လှန်စဉ်းစားမိသည်။

“သမ္ဗုဒ္ဓေဂါထာ (၃)ပုဒ် ဘာကြောင့်တန်ခိုးကြီးသလဲ၊
ဤသို့ နတ်ဖမ်းစားသည်ဟု ပြောကြသည့် ဝေဒနာကို
ရေတစ်ခွက်မန်းမှုတ်တိုက်ရုံနှင့်၊ ချည်ကိုမန်းမှုတ်ပြီး
ချည်ထားရုံနှင့်၊ အိမ်ကိုပတ်ထားရုံနှင့်
ဘာကြောင့် ပျောက်သလဲ'ဟု အပြန်ပြန်စဉ်းစားမိသည်။
သမ္ဗုဒ္ဓေဂါထာကိုလည်း တစ်ပိုဒ်ချင်း
အဓိပ္ပာယ်ကို စိစစ်ကြည့်မိသည်။

၁။ သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊
ဒှါဒသဉစှ သဟဿကေ။
ပဉ္စသတသဟဿာနိ၊
' နမာမိ သိရသာမဟံ၊

ဤပထမ ဂါထာက နှစ်ကျိပ်ရှစ်ဆူကုန်သော
ဘုရားရှင်တို့ကိုလည်းကောင်း၊တစ်သောင်းနှစ်ထောင်ကုန်သော
ဘုရားရှင်တို့ကိုလည်းကောင်း၊ ငါးသိန်းကုန်သော
ဘုရားရှင်တို့ကိုလည်းကောင်းအကျွန်ုပ်သည်
ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။

၂။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ။
အနန္တာ နိဗျတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာဒရနေ နမာမဟံ။

ဤ ဒုတိယဂါထာက ဂင်္ဂါမြစ်တွင်းမှာ ရှိနေကြတဲ့
သဲတွေက နည်းကြပါသေးတယ်။
ပရိနိဗ္ဗာန်ပြုသွားကြတဲ့ ဘုရားရှင်တွေက
ရေတွက်ပိုင်းခြားလို့ မကုန်နိုင်ကြပါ။
- ရေတွက်လို့ မကုန်နိုင်အောင် များပြားလှပါသည်။
အဲဒီများပြားလှတဲ့ ဘုရားရှင်တို့ကို
လည်းကောင်း၊ (တေသံ)ဆိုတဲ့ပုဒ်က ထိုဘုရားရှင်တို့၏
တရားတော်တို့ကိုလည်းကောင်း၊
ထိုဘုရားရှင်တို့၏ တပည့်သားသံဃာတော်တို့ကိုလည်းကောင်း၊
အကျွန်ုပ် သည် ရိုသေစွာ ရှိခိုးပါသည်ဟု အဓိပ္ပာယ်ရရှိပြန်သည်။

၃။ နမက်ကာရာနုဘာဝနေ၊
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေကာ အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။

ဤတတိယဂါထာကား-ဤသို့ ရှိခိုးပူဇော်ရသော
ကုသိုလ်စေတနာတို့ကြောင့်ခပ်သိမ်းသော ဘေးရန်တို့ကို
ပယ်ဖျောက်ပြီး တစ်ပါးမက များပြားလှသည့် အန္တရာယ်
ဟူသမျှတို့ အကြွင်းအကျန်မရှိ၊ ကြွင်းမဲ့ဥဿုံ
ကင်းပျောက်ပါစေကုန်သတည်းဟုအဓိပ္ပာယ် ရရှိပြန်ပေသည်။

- သမ္ဗုဒ္ဓေဂါထာ(၃)ပုဒ်လုံးကို စိစစ်ဝေဖန်
ပိုင်းခြားကြည့်သည့်အခါ မရေတွက်နိုင်အောင် များပြားလှသော
ဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ တရားတော် သံဃာ တော်တို့၏
တန်ခိုးတော်ကြောင့် ဤမျှသေးငယ်လှသော ဘာမျှမဟုတ်သည့်
နာနာဘာဝတို့၏ နှောင့်ယှက်မှု ပျောက်ကင်းရပေသည်။

ကျွန်ုပ်သည် အိန္ဒိယနိုင်ငံတွင် (၅)နှစ်တိုင်တိုင် နေထိုင်ခဲ့ပြီး
ဗုဒ္ဓဘုရားရှင်၏ဂုဏ်ကျေးဇူးတော်တို့ကို အကြွင်းမဲ့ယုံကြည်လျက်
သာသနာ့တာဝန်ကို ထမ်းဆောင်ခဲ့ပေသည်။

ဤသို့ “နတ်ဖမ်းစားသည်”ဆိုသော လူနာများ
နေ့တိုင်းညတိုင်း လာလာပင့်ကြ၍ သမ္ဗုဒ္ဓေဂါထာသုံးပုဒ်ဖြင့်
ရေကိုမန်းမှုတ်တိုက်ခဲ့ရသော လူပေါင်းများပြားလှပေသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when To Know posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share