အမတဗျူဟာ

အမတဗျူဟာ သွေးအလှူ၊ရေအလှူ၊တရားတော်များဓမ္မဒါန အလှူ နှင့် ပရဟိတလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန်

♥️ သွေးလှူဒါန်းခြင်း ❤️“သွေးသည်အသက်” ဟူသော စာတန်းလေးကို သွေးလှူရှင်ရင်ထိုးတံဆိပ်တွင်တွေ့ ရသည်။ ရင်ထိုးမှာ အဖြူရောင်နှင့်...
15/02/2023

♥️ သွေးလှူဒါန်းခြင်း ❤️

“သွေးသည်အသက်” ဟူသော စာတန်းလေးကို သွေးလှူရှင်ရင်ထိုးတံဆိပ်တွင်တွေ့ ရသည်။ ရင်ထိုးမှာ အဖြူရောင်နှင့်အနီရောင် အသည်းနှစ်ခုပါ၍ သွေးအားနည်းသူအား သွေးအားများသူ ဖြည့်တင်း လှူဒါန်းသည့် အဓိပ္ပာယ်ဖြစ်သည်။ သွေးသည်အသက်ဟု ဆိုသည့်အတိုင်း သွေးလှူဒါန်းခြင်းသည်
အခြားလှူဒါန်းခြင်းမျိုးထက် ပိုမို၍အကျိုးရှိသည်။ တစ်နည်အားဖြင့် လူ့ အသက်ကို ကယ်ဆယ်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
ယခုအခါ လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းအလိုက်ပါ စုပေါင်းသွေးလှူဒါန်းကြခြင်းကို တွေ့ ရသည်။ အခါကြီးရက်ကြီးများတွင် စုပေါင်းသွေးလှူဒါန်းပြီး ကုသိုလ်ယူကြသည်။ တစ်ကြိမ်မျှ သွေးမလှူဖူးသူများကသွေးစလှူဒါန်းလာသကဲ့သို့ အကြိမ် (၅ဝ) ကျော် သွေးလှူဒါန်းသူများလည်း ဦးရေမနည်းလှတော့ချေ။ (၄) လ ခြားပြီးမှသာ သွေးထပ်လှူလို့
ရသည်။ အကြိမ် (၁၀၀)ကျော်အထိ သွေးလှူသူများပင်ရှိနေသည်။

စေတနာရှိတိုင်း သွေးမလှူနိုင်ချေ။ ကျန်းမာမှသာ သွေးလှူဒါန်းနိုင်မည်ဖြစ်သည်။
အောက်ပါအချက်များနှင့် ပြည့်စုံမှသာ သွေးလှူဒါန်းနိုင်သည်။

(၁) အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းရှိရမည်။

(၂) ကိုယ်အလေးချိန်မှာ အမျိုးသားများအတွက် ၁၁၀ ပေါင်၊အမျိုးသမီးများအတွက် ၉၀ ပေါင် အနည်းဆုံးရှိရမည်။

(၃) သွေးပေါင်ချိန်မှာ အမျိုးသားများအတွက် ၁၁ဝ/၇ဝ၊ အမျိုးသမီးများအတွက် ၁ဝဝ/၆ဝ အနည်းဆုံးရှိရမည်။

(၄) လွန်ခဲ့သည့် သုံးနှစ်အတွင်း ငှက်ဖျားရောဂါ၊ လွန်ခဲ့သည့်ငါးနှစ်အတွင်း အသည်းရောင်အသားဝါ ရောဂါရှိခဲ့ဖူးသူမဖြစ်စေရ။ အိပ်ချ်အိုင်ဗီပိုး သယ်ဆောင်ထားသူများ မဖြစ်စေရ။

(၅) ရောဂါတစ်ခုခုကြောင့် တစ်နှစ်အတွင်း သွေးသွင်းခံခဲ့ရဖူးသူ မဖြစ်စေရ။

(၆) သွေးမလှူမီ (၁၈) ရက်အတွင်း ကာကွယ်ဆေးထိုးထားသူမဖြစ်စေရ။

(၇) အမျိုးသမီးများသည် ဓမ္မတာလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးဖွားပြီး (၆) လအတွင်း သွေးမလှူရချေ။

(၈) နောက်ဆုံးအကြိမ် သွေးလှူပြီး (၄) လကြာမှ ထပ်လှူနိုင်သည်။

သွေးလှူရှင်ထံမှ သွေး ၃၅၀ စီစီကိုသာယူသည်။ ပုလင်းတွင်သွေးမခဲစေသော အရည်ထည့်ထားပြီး သွေးကိုထည့်ယူသည်။ သွေးချိန်သည် မိနစ်ပိုင်းသာကြာမြင့်သည်။ သွေးလှူပြီးနောက် ခေတ္တနားနေပြီး၊
အစားအစာများကျွေးပြီးမှ အိမ်သို့ပြန်စေသည်။

သွေးလှူဒါန်းပြီးနောက် သွေးလှူရှင်များသည် ရုတ်တရက် ထထိုင်ခြင်းမပြုဘဲ (၁၅) မိနစ်ခန့် လဲလျောင်းနေရန် လိုအပ်သည်။ ရေ၊ဖျော်ရည်များများပြန်လည်သောက်ပေးရမည် ဖြစ်သည်။ သွေးဖောက်ထားသော လက်မောင်းအား သွေးလှူဒါန်းပြီးနောက် (၁၂) နာရီအတွင်း ပြင်းထန်စွာလှုပ်ရှားခြင်း၊ အလေးအပင်မခြင်းတို့ကို မပြုလုပ်မိရန် ဂရုပြုရမည်ဖြစ်သည်။

လှူလိုက်သည့် သွေးထုထည်ပမာဏသည် (၃၆) နာရီအတွင်းပြန်လည်ပြည့်လာသည်။ သုံးလအကြာတွင် သွေးသည် မူလအတိုင်းပြန်လည်ပြည့်လာသည်။

သွေးလှူဒါန်းခြင်းဖြင့် မိမိသွေးအုပ်စုကို သိရှိနိုင်သည်။ မိမိသွေးအား (ဟီမိုဂလိုဘင်) နှင့် သွေးပေါင်ချိန်တို့ကို လေးလတစ်ကြိမ် စစ်ဆေးပြီးသားဖြစ်ပါသည်။ ထို့အပြင် သွေးကိုအမြဲတမ်း သန့်စင်နေစေရေးအတွက် အန္တရာယ်ရှိသည့် အပြုအမူ၊ အနေအထိုင်များ၊ ဥပမာ- လိင် အပျော်အပါးလိုက်စားခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း စသည်တို့ကို မပြုလုပ်မိစေရန် မိမိကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်ပြီးလည်း ဖြစ်နိုင်ပါသည်။

ဗဟိုအမျိုးသား သွေးလှူဘဏ်တွင် သွေးလှူရှင်များအား သွေးမလှူဒါန်းမီ မေးခွန်းလွှာဖြင့် ဆန်းစစ်ခြင်းနှင့် မှတ်ပုံတင်စနစ်များကိုစနစ်တကျ ဆောင်ရွက်လာနိုင်ခြင်းတို့ကြောင့် သွေးလှူဒါန်းသူများတွင်ကူးစက်ရောဂါပိုး တွေ့ရှိမှုသည် သိသာစွာ ကျဆင်းလာသည်ကို တွေ့ ရသည်။

သွေးလှူရှင်များအား မေးခွန်းလွှာဖြင့် ဆန်းစစ်ရာတွင် စေတနာသွေးလှူရှင်များကသာ ပြည့်စုံမှန်ကန်စွာ ဖြေဆိုသည်။ အစားထိုး သွေးလှူရှင်များ (Replacement Donors) ဖြစ်ကြသည့် ဆွေမျိုး၊ မိတ်ဆွေ၊နီးစပ်သူတို့က မှန်ကန်စွာမဖြေဆိုကြသဖြင့် အချို့မှာ သွေးတွင်ရောဂါပိုးတွေ့ပြီး သွေးလှူဒါန်းခွင့်မရကြောင်း သိရသည်။

သွေးလှူရှင် ထံမှ သွေးကို သွေးမခဲသည့်အရည်ဖြင့် ရောထားသဖြင့် 4°C ၌ သိမ်းထားသည့်အခါ ၃၅ ရက်အထိ သိမ်းထားနိုင်သည်။ သွေးပုလင်းအား အိမ်သုံးရေခဲသေတ္တာထဲတွင် ထားမည်ဆိုပါက 4°C အမြဲရှိရန် မသေချာသဖြင့် မထားသင့်ချေ။

သွေးလှူရှင်ထံမှရသည့်သွေးကို ခြောက်နာရီအတွင်း ခွဲထုတ်၍13°C ၌ ခွဲပြီးရရှိသော သွေးအရည်အခဲကို သိမ်းထားနိုင်သည်။ သာမန်ပလတ်စမာအရည်ကို သွေးလှူရှင်ထံမှရသော သွေးရည်မှ ခွဲထုတ်ပြီး 4°C ၌ သိမ်းထားနိုင်သည်။ ထို့အပြင် ပလတ်စမာအရည်ကို 4°C မှ အအေးခံပြီး သွေးရည်အနှစ်အဖြစ်လည်း ရရှိနိုင်သည်။

သွေးကို လတ်ဆတ်သည့်အခါသွင်းလေ ပိုကောင်းလေဖြစ်သည်။မွေးစကလေးများတွင် မွေးပြီး လေးရက်အတွင်း သွေးသွင်းရန်ရှိပါကလတ်ဆတ်သောသွေးကိုသာ သွင်းရသည်။ အသက် လေးလအောက် ကလေးများကို လတ်ဆတ်သည့်သွေးဖြင့် ကုသပေးနိုင်လျှင် အကောင်းဆုံးဟုဆိုသည်။သွေးလှူရှင်ထံမှရသည့် သွေးကိုသွင်းပေးရမည် ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် သွေးယူနစ် ၇၅ သန်းခန့်ကို နှစ်စဉ်ပေးလှူနေကြသည်။ သွေးတစ်ယူနစ်လျှင် ၄၅၀ မီလီမီတာရှိသည်။ရေခဲသေတ္တာမရှိသည့်နေရာတွင်လေးနာရီမှ ခြောက်နာရီအတွင်း၌သာသွေးလှူရှင်များ လှူဒါန်းသည့်သွေးမှ အသည်းရောင်အသားဝါဘီနှင့်စီ၊ ငှက်ဖျား၊ အိပ်ခ်ျအိုင်ဗီပိုးများ ကူးစက်မှုမရှိစေရန် သွေးတိုင်းကိုစစ်ဆေးပြီးမှ သွင်းခွင့်ပြုပါသည်။

ကမ္ဘာတစ်ဝန်းတွင် အိပ်ချ်အိုင်ဗီပိုး ကူးစက်ခံရသူများ၏ ၅ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းမှာ အိပ်ခ်ျအိုင်ဗီပိုးပါရှိသည့် သွေးသွင်းခံရမှုကြောင့် ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ကမ္ဘာပေါ်တွင် နှစ်စဉ် မသန့်ရှင်းသည့် သွေးနှင့် ဆေးထိုး အပ်ကြောင့် အသည်းရောင်ဘီပိုး ကူးစက်ခံရသူ ၈ သန်းမှ ၁၆ သန်းအထိနှင့် အသည်းရောင်စီပိုး ကူးစက်ခံရသူ ၂.၃ သန်းမှ ၄.၇ သန်းအထိ ရှိသည်ဟု သိရသည်။သို့ဖြစ်၍ သွေးမသွင်းမီ ရောဂါပိုးကင်းစင်မှုရှိ၊ မရှိ စစ်ဆေးခြင်းကို ဂရုပြုဆောင်ရွက်လာကြပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ၁၉၃၉ ခုနှစ်တွင် သွေးလှူဘဏ်ကို စတင်ဖွင့်လှစ်ကုသခဲ့သည်။ ယင်းအချိန်က ငွေကြေးဖြင့် ဝယ်ယူကုသရသည့်စနစ်ကို ကျင့်သုံးခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် မိမိဆန္ဒအလျောက် လှူဒါန်းသည့် သွေးလှူရှင်များအား အခြေပြုသည့်စနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့သည်။

ရန်ကုန်ဆေးရုံကြီး သွေးလှူဘဏ်ကို ဗဟိုအမျိုးသား သွေးလှူဘဏ် အဖြစ် အဆင့်မြင့်ခဲ့သည်။ ပြည်နယ်နှင့်တိုင်း၊ ခရိုင်ဆေးရုံကြီးများတွင် သွေးလှူဘဏ်ခွဲများ ပေါ်ပေါက်လာခဲ့သည်။ယခုအခါ သွေးမှ သွေးပစ္စည်းအမျိုးမျိုးကို ခွဲထုတ်၍ ရောဂါအလိုက် လိုအပ်သည့်အမျိုးအစားများကို ပိုင်းခြားပေးသွင်းကာ ကုသလာနိုင်ပြီ ဖြစ်သည်။
Source:ဒေါက်တာအောင်သန်း(အသက်တမျှသွေး)

14.June.2022 တွင် ကျရောက်သော ကမ္ဘာ့သွေးလှူရှင်များနေ့ မှာ ကမ္ဘာ့သွေးလှူရှင်များအားလုံးကို  Smile Mobile  Smile Cosmetics...
14/06/2022

14.June.2022 တွင် ကျရောက်သော ကမ္ဘာ့သွေးလှူရှင်များနေ့ မှာ ကမ္ဘာ့သွေးလှူရှင်များအားလုံးကို
Smile Mobile
Smile Cosmetics နဲ့
အမတဗျူဟာ သွေးလှူရှင်များ အဖွဲ့မှ ဂုဏ်ပြုပါသည်။

25.June.2022 တွင် ၂၆ ကြိမ်မြောက် ကျရောက်မည့် Smile Mobile နဲ့ Smile Cosmetics မိသားစုများရဲ့ အမတဗျူဟာသွေးလှူရှင်များအဖွဲ့ရဲ့ စုပေါင်း သွေးလှူဒါန်းပွဲရှိကြောင်းလဲ အသိပေးအပ်ပါတယ်

နေ့ရက် ➡️25.June.2022
အချိန် ➡️ မနက် 8:00
နေရာ ➡️ အမျိုးသားသွေးလှူဘဏ် ရန်ကုန်

သွေးလှူမယ့် သွေးလှူရှင်တွေအားလုံး ပုံမှန်စားပါရေများများသောက်ပါည အိပ်ရေးဝဝ အိပ်ပါမနက် ပီတိလေးနဲ့ အားရှိရှိနိုးထပါ။သွေးဘဏ...
22/02/2022

သွေးလှူမယ့် သွေးလှူရှင်တွေအားလုံး
ပုံမှန်စားပါ
ရေများများသောက်ပါ
ည အိပ်ရေးဝဝ အိပ်ပါ
မနက် ပီတိလေးနဲ့ အားရှိရှိနိုးထပါ။
သွေးဘဏ်မှာလဲ လူစုလူဝေးမဖြစ်စေအောင် ဂရုတစိုက် စည်းကမ်းရှိရှိ နေပေးကြပါ။
ကိုယ့်ကုသိုလ်က သူများစိတ်အနှောက်အယှက်မဖြစ်စေဖို့ ဂရုစိုက်ပေးပါ။
မိမိ အဆင်ပြေတဲ့အချိန်လေးတွေ ခွဲပြီးသွားလို့လဲရပါတယ်။
စနေမအားလို့ တနင်္ဂနွေသွားလှူလဲရပါတယ်။ဘယ်နေ့လှူလှူ အမတဗျူဟာနဲ့ ပါဝင်လှူဒါန်းချင်ရင် အဖွဲ့ နာမည်မှာ လို့ ရေးပေးပြီး ပူးပေါင်းပါဝင်ပေးလို့ရပါတယ်။
နောင်နှစ် သွေးလှူရှင်များနေ့မှာ WHO က မိမိနာမည်နဲ့တကွ ချီးမြှင့်တဲ့ အမှတ်တရလက်ဆောင် လေးများရရှိဖို့ အမတဗျူဟာ Page ကို မိမိသွေးလှူခဲ့တဲ့ အကြောင်း message လေးပို့ထားလဲရပါတယ်။
ကျနော့်ကို ပို့ပေးလဲ မှတ်ထားပေးပါမယ်။
အားလုံးကျန်းမာကြပါစေ။
မလှူဘူးတဲ့သူများ လှူဖြစ်ပါစေ။
လှူပြီးတဲ့သူများလဲ တနှစ်ကို ၃ကြိမ် ဆက်ဆက် လှူနိုင်ကြပါစေ။
ကိုယ့်သွေး တခါလှူတိုင်း ချမ်းသာရာ ရသွားမယ့် လူ၃ယောက်အတွက် ပီတိဖြစ်နိုင်ကြပါစေ။

ဒီနေ့ သွေးလှူလို့ရပါပြီ..သွေးလှူမယ့် သွေးလှူရှင်တွေအားလုံး ပုံမှန်စားပါရေများများသောက်ပါည အိပ်ရေးဝဝ အိပ်ပါမနက် ပီတိလေးနဲ...
24/10/2020

ဒီနေ့ သွေးလှူလို့ရပါပြီ..

သွေးလှူမယ့် သွေးလှူရှင်တွေအားလုံး
ပုံမှန်စားပါ
ရေများများသောက်ပါ
ည အိပ်ရေးဝဝ အိပ်ပါ
မနက် ပီတိလေးနဲ့ အားရှိရှိနိုးထပါ။
သွေးဘဏ်မှာလဲ လူစုလူဝေးမဖြစ်စေအောင် ဂရုတစိုက် စည်းကမ်းရှိရှိ နေပေးကြပါ။
ကိုယ့်ကုသိုလ်က သူများစိတ်အနှောက်အယှက်မဖြစ်စေဖို့ ဂရုစိုက်ပေးပါ။
မိမိ အဆင်ပြေတဲ့အချိန်လေးတွေ ခွဲပြီးသွားလို့လဲရပါတယ်။
စနေမအားလို့ တနင်္ဂနွေသွားလှူလဲရပါတယ်။ဘယ်နေ့လှူလှူ အမတဗျူဟာနဲ့ ပါဝင်လှူဒါန်းချင်ရင် အဖွဲ့ နာမည်မှာ လို့ ရေးပေးပြီး ပူးပေါင်းပါဝင်ပေးလို့ရပါတယ်။
နောင်နှစ် သွေးလှူရှင်များနေ့မှာ WHO က မိမိနာမည်နဲ့တကွ ချီးမြှင့်တဲ့ အမှတ်တရလက်ဆောင် လေးများရရှိဖို့ အမတဗျူဟာ Page ကို မိမိသွေးလှူခဲ့တဲ့ အကြောင်း message လေးပို့ထားလဲရပါတယ်။
ကျနော့်ကို ပို့ပေးလဲ မှတ်ထားပေးပါမယ်။
အားလုံးကျန်းမာကြပါစေ။
မလှူဘူးတဲ့သူများ လှူဖြစ်ပါစေ။
လှူပြီးတဲ့သူများလဲ တနှစ်ကို ၃ကြိမ် ဆက်ဆက် လှူနိုင်ကြပါစေ။
ကိုယ့်သွေး တခါလှူတိုင်း ချမ်းသာရာ ရသွားမယ့် လူ၃ယောက်အတွက် ပီတိဖြစ်နိုင်ကြပါစေ။

သင်ကိုယ်တိုင် သာမန်လူတစ်ယောက် အနေတဲ့ အခြားလူ တစ်ယောက်ရဲ့ အသက်ကိုကယ်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့လိမ့်မယ် ....ဆရာဝန်တစ်ယေ...
19/10/2020

သင်ကိုယ်တိုင် သာမန်လူတစ်ယောက် အနေတဲ့ အခြားလူ တစ်ယောက်ရဲ့ အသက်ကိုကယ်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့လိမ့်မယ် ....
ဆရာဝန်တစ်ယောက်ဖြစ်မှ ....
ပါမောက္ခဖြစ်မှ ... ကယ်လို့ရမယ်လို့ သင်တွေးကောင်းတွေးနေလိမ့်မယ် ...
တကယ် လူ ၃ တစ်‌ယောက်ရဲ့အသက်ကို ကယ်ဖို့အတွက် အချိန် ၁၅ မိနစ်နဲ့ သွေးပဲလိုအပ်တယ် ...
အသက် ၁၈ နှစ်နဲ့ ကိုယ်အလေးချိန် ပြည့်တဲ့ လူ ဘယ်သူမဆို ကယ်လို့ ရပါတယ် ...
၇ နှစ် ၈ နှစ် လောက်ထိ အချိန်ပေးစရာမလိုပါဘူး ...

" အချိန် ၁၅ မိနစ် နဲ့ သွေးတစ်စက်က ၊ အခြားသူ အတွက် ဘဝ တစ်သက် ပါ "

20/09/2020

သင့်အဆုတ်ကျန်းမာရေး ဘယ်လောက်ကောင်းလဲဆိုတာ ဒီဗီဒီယိုလေးနဲ့ စမ်းလို့ရပါတယ်နော်။ မစမ်းသပ်ခင်မှာ စိတ်ကိုလျော့ထားပါ။ အကယ်၍ သင်ဟာ ဒီစမ်းသပ်ချက်လေးကို အောင်မြင်တယ်ဆိုရင် သင့်အဆုတ်ကျန်းမာရေးက အိုကေပါတယ်။

ဒီလိုမျိုး အသက်ရှုလေ့ကျင့်ခန်းကို နေ့စဉ် ၅ ကြိမ်မှ ၁၀ ကြိမ်အထိ လုပ်မယ်ဆိုရင် Stress ကျစေပြီး သင့်အဆုတ်ကျန်းမာရေးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေပါတယ်။ ဒါ့အပြင် ဒီလေ့ကျင့်လေးခန်းကို နေ့စဉ်လုပ်ပြီးနောက်မှာ အရင်ကထက်ပိုပြီး နေလို့ကောင်းသွားတာကို ခံစားရပါလိမ့်မယ်။

သင့်ရဲ့ အရင်းနှီးဆုံးသူတွေကို Tag တွဲပြီး ဒီအသက်ရှူလေ့ကျင့်ခန်းလေးကို Challenge လုပ်ကြည့်လိုက်ပါ။

 #သင်သွေးလှူဘူးလားလူသားတစ်ဦး လိုအပ်တဲ့သွေးကို တစ်ခြားလူတစ်ဦးဆီကပဲ ရယူနိုင်တာမို့ သွေးနေရာမှာ ဘာပစ္စည်းနဲ့မှ အစားထိုးလို့...
22/06/2020

#သင်သွေးလှူဘူးလား

လူသားတစ်ဦး လိုအပ်တဲ့သွေးကို တစ်ခြားလူတစ်ဦးဆီကပဲ ရယူနိုင်တာမို့ သွေးနေရာမှာ ဘာပစ္စည်းနဲ့မှ အစားထိုးလို့မရတဲ့အတွက် ပုံမှန်ကျန်းမာရေးကောင်းသူတိုင်း ပုံမှန်သွေးလှူသင့်ပါတယ်။ ငွေလဲမကုန် သူတပါးရဲ့အသက်ကိုလည်း ကယ်တင်နိုင်တဲ့ သွေးအလှူဟာ ငွေသိန်းရာထောင်ချီ အကုန်ခံပြီး လှူတဲ့အခြားအလှူတွေထက် အဆပေါင်းများစွာ ကြီးကျယ်မြင့်မြတ်ပါတယ်။

သွေးလှူလိုက်လို့ သွေးပမာဏ လျော့နည်းသွားတဲ့အပေါ်မှာလည်း တချို့က စိုးရိမ်ပူပန်တတ်ကြပါတယ်။ အကြမ်းအားဖြင့် အရွယ်ရောက်ပြီးသူတွေမှာ သွေးပမာဏ (၅လီတာ မှ ၆လီတာ) အထိ ရှိပါတယ်။(၁၀၀၀ မီလီမီတာ = ၁ လီတာ) သွေးလှူဒါန်းမှု တကြိမ်တွင် သွေး (၄၅၀ မီလီမီတာ) ခန့်သာ ထုတ်ယူတာပါ၊ ထုတ်ယူလိုက်တဲ့ သွေးပမာဏဟာလည်း (၇၂ နာရီ) အတွင်းမှာ ပြန်ပြည့်သွားမှာ ဖြစ်ပါတယ်။

သွေးလှူပေးခြင်းမှာ တကြိမ်တွင် ၂၅၀ မှ ၃၀၀ မီလီလီတာ (စီစီ) မျှသာ ထုတ်ယူခြင်းဖြစ်ပါသည်။ အနောက်နိုင်ငံများ​၏ စံညွှန်းဖြစ်ပြီး တချို့နိုင်ငံများတွင်တော့ ကိုယ်အလေးချိန်ပေါ် မူတည်၍ ၄၀၀ စီစီထိ ထုတ်ယူကြပါသည်။ သွေးတစ်အိတ်တွင် ၅၀၀ စီစီရှိသည်ဆိုသော်လည်း ၇၀ မှ ၁၀၀ စီစီ မှာ သွေးမခဲစေသော ဆေးရည် (Trisodium Citrate, Citrate Phosphate Dextrose (CPD) Anticoagulant) ထည့်သွင်းထားခြင်း ဖြစ်ရာ လိုအပ်သော သွေးပမာဏမှာ ၄၀၀စီစီ မျှသာဖြစ်ပါသည်။

ရက်သတ္တပတ် အနည်းငယ်အတွင်း ကာကွယ်ဆေးအချို့ထိုးထားသူများ သွေးလှူလို့ မရပါ။ ဥပမာ အသည်းရောင် အသားဝါ ကာကွယ်ဆေး (HBV vaccine, Engerix-B, Recombivax HB) စသည်တို့ ထိုးထားသူများ ၂ပါတ် အတွင်း သွေးမလှူရပါ။ ဝက်သက်၊ ပါးချိတ်ယောင်၊ ဂျာမာန် ဝက်သက် Measles, Mumps, Rubella (MMR) ကာကွယ်ဆေး ထိုးထားသူများ တလအတွင်း သွေးမလှူရပါ။

၂၄.၆.၂၀၂၀
အကြိမ် ၂၀ မြောက် သွေးလှူဒါန်းပွဲ
ကျန်းမာရေး ကောင်းပြီး လှူနိုင်ခွင့်ရှိသူမည်သူမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။
အချိန်မတူလို့ အခြားအချိန် လှူဖြစ်တယ်ဆိုလဲ အဖွဲ့ နာမည်မှာ လို့ရေးပေးလိုက်ရုံနဲ့ ပူးပေါင်းပါဝင်ပြီးသားဖြစ်နိုင်ပါတယ်။ပါဝင်လှူဒါန်းခဲ့ကြောင်း စာရင်းသွင်းမှတ်ထားနိုင်ဖို့ Donor ID Card ရှေ့နောက် ပုံလေး Page မှာပို့ပေးထားရပါမယ်။

အမျိုးသားသွေးဋ္ဌာန ဆရာမကြီး Dr.သီတာအောင်၁၅.၆ ၂၀ ကြေးမုံ သတင်းစာစာ-၆ ဆောင်းပါး ၁၆ ရက်နေ့က ဟောပြောသွားတဲ့ ဟောပြောမှုတွေက ပ...
18/06/2020

အမျိုးသားသွေးဋ္ဌာန
ဆရာမကြီး Dr.သီတာအောင်
၁၅.၆ ၂၀ ကြေးမုံ သတင်းစာ
စာ-၆ ဆောင်းပါး
၁၆ ရက်နေ့က ဟောပြောသွားတဲ့ ဟောပြောမှုတွေက ပိုမိုပြည့်စုံလွန်းလို့ Record မလုပ်ခဲ့လိုက်ရတာ အရမ်းနှမျောမိပါတယ်။ လက်နဲ့တော့ လိုက်မှတ်ခဲ့လို့ တိုးတက်မှုဖြစ်စဥ်တွေအပြင် အာဟာရ အလှူရှင်တွေ သွေးအလှူရှင်တွေနဲ့ သဟဇာတဖြစ်ဖို့ကြိုးစားနေရတာတွေပါသိခွင့်ရခဲ့ပါတယ်။

Address

Yangon

Telephone

+959250048805

Website

Alerts

Be the first to know and let us send you an email when အမတဗျူဟာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to အမတဗျူဟာ:

Share