AYPA - Diocese of Yangon

AYPA - Diocese of Yangon For Christ and Church

✨ ရန်ကုန်သာသနာပိုင်နယ်၊ အလငသ စုပေါင်းဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ် ကျင်းပပြီးစီးခြင်း ✨ရန်ကုန်သာသနာပိုင်နယ်၊ အလငသ စုပေါင်း...
06/09/2026

✨ ရန်ကုန်သာသနာပိုင်နယ်၊ အလငသ စုပေါင်းဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ် ကျင်းပပြီးစီးခြင်း ✨
ရန်ကုန်သာသနာပိုင်နယ်၊ အလငသ စုပေါင်းဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့၊ နေ့လည် (၁:၀၀) နာရီအချိန်တွင် သန့်ရှင်းသူအပေါင်းဘုရားကျောင်း (သင်္ဃန်းကျွန်း) ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

⛪️ အဆိုပါ အစီအစဉ်သို့ အသင်းတော်အသီးသီးမှ အလငသ မောင်မယ် (၇၅) ဦးခန့် တက်ရောက်ကာ ဝမ်းမြောက်ဝမ်းသာ ပါဝင်ဝတ်ပြုမိတ်သဟာရဖွဲ့ခဲ့ကြပါသည်၊၊ ✝️🤝

အစီအစဉ်အကျဉ်းချုပ် 📌
🎤 ဝတ်ပြုခြင်းနှင့် ချီးမွမ်းခြင်း: အိမ်ရှင်အသင်းတော် လူငယ်များမှ ချီးမွမ်းကိုးကွယ်ခြင်း၊ အလငသသီချင်း သီဆိုခြင်းနှင့် အစီအစဉ်များကို ဦးဆောင်ပါဝင်ခဲ့ကြပါသည်။

🧩 အဖွဲ့လိုက် လှုပ်ရှားမှုများ: တက်ရောက်လာကြသော အသင်းတော်များအား အဖွဲ့ (၄) ဖွဲ့ခွဲ၍ အဖွဲ့လိုက် ဂုဏ်တော်ချီးမွမ်းခဲ့ကြပါသည်။

📖 နှုတ်ကပတ်တော်နှင့် ဆုတောင်းခြင်း: ဘုန်းတော်ကြီး စစိုင်းနောဧမှ နှုတ်ကပတ်တော် ဝေမျှဟောပြောပေးခဲ့ပြီး၊ သန့်ရှင်းသူအပေါင်းအသင်းတော်မှ ဆရာရှမွေလက အထူးဆုတောင်းကာ ဘုန်းတော်ကြီးဂျိုးဇက်နိုင်ထွန်းမင်းမှ ကောင်းချီးပေးခြင်းကို ဦးဆောင်ပေးခဲ့ပါသည်။ 🙏✨

📢 သတင်းကြေငြာခြင်း: ရန်ကုန်အလငသ အတွင်းရေးမှူး ဘုန်းတော်ကြီး မိုက်ကယ်ပြည့်ဖြိုးဟန်က လာမည့် အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်သော (၆၆) နှစ်မြောက် အလငသနေ့ အစီအစဉ်များကို အသိပေးကြေငြာခဲ့ပါသည်။ 🗓️

🍱 ဧည့်ခံကျွေးမွေးခြင်းနှင့်မိတ်သဟာရကစားခြင်းအစီအစဉ်အပြီးတွင် အိမ်ရှင်အသင်းတော်မှ ပြင်ဆင်ဧည့်ခံသော တရုတ်ထမင်းကြော်နှင့် အအေးတို့အား အတူတကွ သုံးဆောင်ရင်း ပျော်ရွှင်ဖွယ်ကစားနည်းများဖြင့် နွေးထွေးစွာ မိတ်သဟာရဖွဲ့ခဲ့ကြပါသည်။ 🥤

အစီအစဉ်အောင်မြင်စွာပြီးဆုံးခဲ့သည့်အတွက် အဖဘုရားသခင်၏ နာမတော်ကို ချီးမွမ်းပါ၏။ 🙌

အစစအရာရာ လက်ခံကူညီပေးပါသော အသင်းတော်နှင့်အတူ ကဏ္ဍအသီးသီးမှ ပါဝင်ဆက်ကပ်ကြသော ညီအစ်ကိုမောင်နှမများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ ❤️ ဘုရားရှင်ထံမှ ကြွယ်ဝသော ကောင်းချီးမင်္ဂလာများ ဆက်လက်ခံစားရပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဂုဏ်ပြုဖော်ပြအပ်ပါသည်။ 🕊️💐

ကျေးဇူးတင်စွာဖြင့်၊
အမှုဆောင်ကော်မတီ
အလငသ (ရန်ကုန်)

#အလငသရန်ကုန် #စုပေါင်းဝတ်ပြုကိုးကွယ်ခြင်း #အသင်းတော်လူငယ်များ ✝️⛪️✨

✨ ရန်ကုန်သာသနာပိုင်နယ်၊ အလငသ လစဉ်စုပေါင်းဝတ်ပြုကိုးကွယ်ခြင်း အခမ်းအနား ကျင်းပပြီးစီးခြင်း ✨ရန်ကုန်သာသနာပိုင်နယ်၊ အလငသ လစ...
02/08/2026

✨ ရန်ကုန်သာသနာပိုင်နယ်၊ အလငသ လစဉ်စုပေါင်းဝတ်ပြုကိုးကွယ်ခြင်း အခမ်းအနား ကျင်းပပြီးစီးခြင်း ✨

ရန်ကုန်သာသနာပိုင်နယ်၊ အလငသ လစဉ်စုပေါင်းဝတ်ပြုကိုးကွယ်ခြင်းကို ၂၀၂၆ ဩဂုတ်လ ၂ ရက်နေ့ နေ့လည် (၁) နာရီတွင် ရှင်ယောဟန်အသင်းတော် (လမ်းမတော်) ၌ ပြုလုပ်ခဲ့ရာ အသင်းတော်အသီးသီးမှ အလငသမောင်မယ် (၁၄၀) ဦးခန့် ပါဝင်ဝတ်ပြုမိတ်သဟာရဖွဲ့ခဲ့ကြပါသည်။

⛪️အစီအစဉ်တွင် ရန်ကုန်အလငသ အမှုဆောင်ကော်မတီဝင် (၂၀၂၆-၂၀၂၈) များ၏ ဆက်ကပ်ခြင်းကိုလည်း ပြုလုပ်ခဲ့ရာ ဂိုဏ်းထောက်ကြီး ကင်နွန်ဝင်စတန်အောင်မျိုးထွန်းမှ ဆောင်ရွက်ပေးခဲ့ပါသည်။

📋 အမှုဆောင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
၁။ မထရီဇာနှင်းပွင့်ဖြူ (ဥက္ကဌ)
၂။ ဒေါက်တာဇော်ထက်အောင် (ဒု-ဥက္ကဌ)
၃။ ဘုန်းတော်ကြီး မိုက်ကယ်ပြည့်ဖြိုးဟန် (အတွင်းရေးမှူး)
၄။ ဆရာကေဖ (စည်းရုံးရေးမှူး)
၅။ မဂျက်ကလင်းယွန်းနေခြည်ထွန်း (တွဲ-အတွင်းရေးမှူး)
၆။ ရိုစလင်းဖြူသဇင်သင်း (ဘဏ္ဌာရေးမှူး)
၇။ ဒီဘိုးရာဆိုင်းမိုင် (တွဲ-ဘဏ္ဌာရေးမှူး)
၈။ မအိဖြူအောင် (ဝတ်ပြုကိုးကွယ်ရေး)
၉။ မပွင့်ဖြူစင် (ဧဝံဂေလိ)
၁၀။ မကယ်ရယ်သဉ္ဇာပွင့်ဖြူ (ဘဏ္ဌာရှာကြံရေး)
၁၁။ Jeffery Gay Doh Htoo (လေ့လာသင်ကြားခြင်း)
၁၂။ ကိုအန္ဒြူး (အကျိုးဆောင်ဝန်ထမ်းခြင်း)
၁၃။ ကိုနိုဝယ်နေလင်းကိုကို (မိတ်သဟာရ)
၁၄။ မမာရီယာယွန်း (တေးဂီတ)
၁၅။ ကိုဆိုင်မွန် (တေးဂီတ)
၁၆။ Ko Nyein Aye Swe (အကြံပေး)
၁၇။ Sa Samuel (အကြံပေး)
၁၈။ Ma Cecilia (အကြံပေး)

📌 ဆက်လက်ပြီး အစီအစဉ်တွင် -
🎶 (၁) အိမ်ရှင်အသင်းတော်လူငယ်များမှ ချီးမွမ်းကိုးကွယ်ခြင်း၊ ဝတ်ပြုခြင်းနှင့် အစီအစဉ်များကို ဦးဆောင်ခြင်း၊

🎨 (၂) ပါဝင်တက်ရောက်လာသူများအား အရောင် (၄) ရောင်ခွဲလျက် အဖွဲ့လိုက်ထိုင်ကာ မိတ်သဟာရဖွဲ့စေခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်း၊

✨( ၃) မလေးရှားနိုင်ငံမှ လာရောက်လည်ပတ်သော ဘုန်းတော်ကြီးရိုလန်မှ အထူးဆုတောင်းပဌနာပြုခြင်း၊

📖 (၄) ဂိုဏ်းထောက်ကြီး ကင်နွန်ဝင်စတန်အောင်မျိုးထွန်းမှ နှုတ်ကပတ်တော်ဝေမျှခြင်း၊

🌿(၅) မလေးရှားမှ လာရောက်လည်ပတ်သော သာသနာပိုင်အန္ဒြူးမှ လူငယ်များအား ခွန်အားပေးစကားပြောကြားခြင်း၊

🌟(၆) အလှူငွေများ လှူဒါန်းခြင်း၊

💪 (၇) မိသဟာရကစားခြင်း၊

စသည်တို့ဖြင့် ဝတ်ပြုကိုးကွယ်၊ မိတ်သဟာရဖွဲ့၊ လေ့လာသင်ယူခဲ့ကြသကဲ့သို့ အိမ်ရှင်အသင်းတော်မှ တည်ခင်းဧည့်ခံသော ကြာဇံကြော်အား အတူတကွ သုံးဆောင်ရင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် မိတ်ဖွဲ့ခဲ့ကြပါသည်။ 🍜

✨အစီအစဉ်အား လက်ခံပေးပါသော အသင်းတော်နှင့်အတူ ကဏ္ဍအသီးသီးမှ ပါဝင်ဆက်ကပ်ကြသော ညီအစ်ကိုမောင်နှမများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဘုရားရှင်ထံမှ ကြွယ်ဝသောကောင်းချီးအပေါင်း ခံစားရပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဂုဏ်ပြုဖော်ပြအပ်ပါသည်။ 🤍🙏

ကျေးဇူးတင်စွာဖြင့်၊
အမှုဆောင်ကော်မတီ
အလငသ (ရန်ကုန်)

ရန်ကုန်သာသနာပိုင်နယ်၊ အလငသ လစဉ်စုပေါင်းဝတ်ပြုကိုးကွယ်ခြင်းကို ၂၀၂၆ ဇွန်လ ၇ ရက်နေ့ နေ့လည် (၁) နာရီတွင် ရှင်မိက္ခေလနှင့်ကေ...
07/06/2026

ရန်ကုန်သာသနာပိုင်နယ်၊ အလငသ လစဉ်စုပေါင်းဝတ်ပြုကိုးကွယ်ခြင်းကို ၂၀၂၆ ဇွန်လ ၇ ရက်နေ့ နေ့လည် (၁) နာရီတွင် ရှင်မိက္ခေလနှင့်ကောင်းကင်တမန်ပေါင်းဘုရားကျောင်း (ကြည့်မြင်တိုင်) ၌ ပြုလုပ်ခဲ့ရာ အသင်းတော်အသီးသီးမှ အလငသမောင်မယ် (၁၂၀) ဦးခန့် ပါဝင်ဝတ်ပြုမိတ်သဟာရဖွဲ့ခဲ့ကြပါသည်။

အစီအစဉ်တွင် -
(၁) အိမ်ရှင်အသင်းတော်လူငယ်များမှ ချီးမွမ်းကိုးကွယ်ခြင်း၊ ဝတ်ပြုခြင်းနှင့် အစီအစဉ်များကို ဦးဆောင်ခြင်း၊
(၂) ပါဝင်တက်ရောက်လာသူများ၏ လက်တွင် လက်ပတ်အရောင် (၄) ရောင်ခွဲလျက် အဖွဲ့လိုက် ထိုင်ကာ မိတ်သဟာရဖွဲ့စေခြင်း၊
(၃) ဆုတောင်းပဌနာပြုခြင်း၊
(၄) ဘုန်းတော်ကြီးကင်နွန်ဒေးဗစ်မောင်မောင်နိုင်မှ နှုတ်ကပတ်တော်ဝေမျှခြင်း၊
(၅) ဘုန်းတော်ကြီးပေါလုအောင်ညွှန့်စိန်မှ အထူးဆုတောင်းပေးခြင်း၊
(၆) အလှူငွေများလှူဒါန်းခြင်း၊
(၇) MRTV-4 နှင့် MCIX တို့မှ ပြုလုပ်သည့် Super Band တီးဝိုင်းပြိုင်ပွဲနှင့်ပတ်သက်၍ ဝေမျှခြင်း
(၈) သာသနာပိုင်ချုပ်နယ် - အလငသမှ Alpha Course ဟုခေါ်သော ခရစ်ယာန်ယုံကြည်ခြင်း၏ အခြေခံအချက်များကို လေ့လာစူးစမ်းနိုင်ပြီး ဘဝ၏ အဓိပ္ပါယ်၊ ယုံကြည်ခြင်းနှင့် ဘုရားသခင်အကြောင်း စသော မေးခွန်းများကို ပွင့်လင်းစွာ ဆွေးနွေးနိုင်သော အစီအစဉ်အကြောင်းဝေမျှခြင်း၊
(၉) ဆရာမကယ်ရယ်သဉ္ဇာပွင့်ဖြူမှ Generation to Generation ခေါင်းစဉ်ဖြင့် အဖွဲ့ခွဲဆွေးနွေးခြင်းနှင့် မိတ်သဟာရအစီအစဉ်ကို ဦးဆောင်ခြင်း၊
များဖြင့် ဝတ်ပြုကိုးကွယ်၊ မိတ်သဟာရဖွဲ့၊ လေ့လာသင်ယူခဲ့ကြသကဲ့သို့ အိမ်ရှင်အသင်းတော်မှ တည်ခင်းဧည့်ခံသော ရခိုင်မုန့်တီအား အတူတကွ သုံးဆောင်ရင်း တစ်ဦးနှင့်တစ်ဦးအပြန်အလှန် မိတ်ဖွဲ့ခဲ့ကြပါသည်။

အစီအစဉ်အားလက်ခံပေးပါသော အသင်းတော်နှင့်အတူ ကဏ္ဍအသီးသီးမှ ပါဝင်ဆက်ကပ်ကြသော ညီအစ်ကိုမောင်နှမများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ဘုရားရှင်ထံမှ ကြွယ်ဝသောကောင်းချီးအပေါင်းခံစားရပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဂုဏ်ပြုဖော်ပြအပ်ပါသည်။

ကျေးဇူးတင်စွာဖြင့်
အမှုဆောင်ကော်မတီ
အလငသ (ရန်ကုန်)

ရန်ကုန်သာသနာပိုင်နယ်၊ အလငသ၏ (၆၃) ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးနှင့်ရွေးကောက်ပွဲကို ၆၊ ၆၊ ၂၀၂၆ နံနက် ၈း၀၀ နာရီမှ နေ့လည် ...
06/06/2026

ရန်ကုန်သာသနာပိုင်နယ်၊ အလငသ၏ (၆၃) ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးနှင့်ရွေးကောက်ပွဲကို ၆၊ ၆၊ ၂၀၂၆ နံနက် ၈း၀၀ နာရီမှ နေ့လည် ၃း၃၀ နာရီအထိ ရန်ကုန်သာသနာပိုင်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ အသင်းခွဲ (၁၅) သင်းရှိသည့်အနက် (၈) သင်း မှ လူငယ်ကိုယ်စားလှယ်နှင့် လေ့လာသူလူငယ်မောင်မယ် စုစုပေါင်း (၂၅) ဦး တက်ရောက်ပါဝင်နိုင်ခဲ့ပါသည်။ အခမ်းအနားမစတင်မီ ဗဟိုလူငယ်ကော်မတီမှ တည်ခင်းဧည့်ခံသော ပေါက်စီ၊ လဘက်ရည်များ သုံးဆောင်ခြင်း၊ မှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ဖွင့်ပွဲအစီအစဉ်တွင် အလငသ ဌာနမှူး ဘုန်းတော်ကြီးမိုက်ကယ်ပြည့်ဖြိုးဟန်မှ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခြင်း၊ သာသနာပိုင်ဒေါက်တာရှမွေလစံမြတ်ရွှေမှ ဩဝါဒစကားမိန့်ကြားခြင်း၊ ရန်ကုန်-အလငသဥက္ကဌ ဆရာမထရီဇာနှင်းပွင့်ဖြူမှ အမှာစကားပြောကြားခြင်း၊ သာသနာပိုင်ချုပ်နယ်-အလငသဌာနမှူး ဘုန်းတော်ကြီးရစ်ချက်ရန်အောင်မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့်အထူးဆုတောင်းပေးခြင်း၊ ပါဝင်တက်ရောက်လာသော အသင်းခွဲများနှင့် မိတ်ဆက်ခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီး နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပရာ ဌာနမှူး၏ အဖွင့်ဆုတောင်းခြင်းနှင့်အတူ ကိုယ်စားလှယ်တော်များက ဂတိသစ္စာဝန်ခံချက်ကိုအတူတကွရွတ်ဆိုခဲ့ကြပါပြီး ရန်ကုန်-အလငသနှင့် တက်ရောက်လာသော အသင်းခွဲအသီးသီးတို့က လုပ်ငန်းဆိုင်ရာအစီရင်ခံစာနှင့် ငွေစာရင်းအစီရင်ခံစာများကို ဖတ်ကြားတင်သွင်းခဲ့ကြပါသည်။ မှတ်တမ်းရေမှူးများအဖြစ် မကယ်ရယ်သဥ္ဇာပွင့်ဖြူနှင့် မခရစ္စတီးနား ဝတ်ရည်ထွန်းတို့မှ ဆက်ကပ်လုပ်ဆောင်ပေးခဲ့ပါသည်။

နေ့လည် ၁၂း၃၀ နာရီတွင် ကြက်သား၊ အာလူး၊ မျစ်ချဉ်၊ မြင်းခွာရွက်သုပ်၊ တို့စရာများတို့ဖြင့် နေ့လည်စာသုံးဆောင်ကြပြီး နေ့လည် ၁း၁၅ နာရီတွင် အစည်းအဝေးဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ တင်သွင်းထားသည့် အစီရင်ခံစာများအပေါ် ဆွေးနွေးသုံးသပ်မေးမြန်းခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။ ထိုနောက် ဘုန်းတော်ကြီးကင်နွန်ဒေးဗစ်မောင်မောင်နိုင်မှ သဘာပတိအဖြစ် ဦးဆောင်လျက် ရွေးကောက်ပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ဥက္ကဌအဖြစ် ဆရာမထရီဇာနှင်းပွင့်ဖြူ၊ ဒု-ဥက္ကဌအဖြစ် ဒေါက်တာဇော်ထက်အောင်၊ တွဲ-အတွင်းရေးမှူးအဖြစ် မဂျက်ကလင်းယွန်းနေခြည်ထွန်း၊ ဘဏ္ဏာရေးမှူးအဖြစ် နန့်ရိုစလင်းဖြူသဇင်သင်း၊ တွဲ-ဘဏ္ဌာရေးမှူးအဖြစ် မဒီဘိုးရာကေဂျာဆိုင်းမိုင်တို့အား ရွေးကောက်တင်မြောက်ခဲ့ကြပါသည်။ ဆက်လက်ပြီး ဘုန်းတော်ကြီးကင်နွန်ဒေးဗစ်မောင်မောင်နိုင်မှ အမှုဆောင်သစ်များအတွက် ဆက်ကပ်ဆုတောင်းပေးခဲ့ပါသည်။ ထိုနောက် ဥက္ကဌနှင့် ဒု-ဥက္ကဌအသစ်တို့မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ရန်ကုန်-အလငသ၏ အနာဂတ်သာသနာ့လုပ်ငန်းများအတွက် အတူတကွ ဆွေးနွေးခဲ့ကြပါသည်။

ဘုရားသခင့်ဘုန်းတော်အလို့ငှါ ရန်ကုန်-အလငသ၏ လူငယ်သာသနာလုပ်ငန်းများအတွက် ဆုတောင်းခြင်းအားဖြင့်သော်လည်းကောင်း၊ လှူဒါန်းခြင်းများအားဖြင့်သော်လည်းကောင်း ပါဝင်ဆက်ကပ်နိုင်ပါကြောင်း ဖော်ပြရင်း ဘုရားသခင်ထံတော်ပါးမှ ဆုကျေးဇူးကောင်းချီးမင်္ဂလာများစွာ ခံစားရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အမှုတော်မြတ်၌
အမှုဆောင်ကော်မတီ
ရန်ကုန်-အလငသ

ရန်ကုန်သာသနာပိုင်နယ်၊ အလငသ စုပေါင်းဝတ်ပြုကိုးကွယ် ခြင်းအစီအစဉ်ကို ၂၀၂၆ မေလ ၃ ရက်နေ့ နေ့လည် (၁) နာရီတွင် ခရစ်တော်ဘုရင်မင်...
03/05/2026

ရန်ကုန်သာသနာပိုင်နယ်၊ အလငသ စုပေါင်းဝတ်ပြုကိုးကွယ် ခြင်းအစီအစဉ်ကို ၂၀၂၆ မေလ ၃ ရက်နေ့ နေ့လည် (၁) နာရီတွင် ခရစ်တော်ဘုရင်မင်းဘုရားကျောင်း၌ ပြုလုပ်ခဲ့ရာ အသင်းတော်အသီးသီးမှ အလငသမောင်မယ် (၁၁၀) ဦးခန့် ပါဝင်ဝတ်ပြုမိတ်သဟာရဖွဲ့ခဲ့ကြပါသည်။

အစီအစဉ်တွင် အိမ်ရှင်အသင်းတော်လူငယ်များမှ ချီးမွမ်းကိုးကွယ်ခြင်း၊ ဝတ်ပြုခြင်းနှင့် အစီအစဉ်များကို ဦးဆောင်ခြင်း၊ ပါဝင်တက်ရောက်လာသော အသင်းတော်များအား အဖွဲ့ (၄) ဖွဲ့ခွဲပြီး အဖွဲ့လိုက် ဂုဏ်တော်ချီးမွမ်းခြင်း၊ သမ္မာကျမ်းစာပဟေဠိနှင့် မိတ်သဟာရဂိမ်း ကစားခြင်း၊ ဘုန်းတော်ကြီးမိုးဇက်ထွန်းအေးမှ နှုတ်ကပတ်တော်ဝေမျှခြင်း၊ ဘုန်းတော်ကြီးယောရှုရဲထွဋ်အောင်မှ ဆုတောင်းပေးခြင်းများဖြင့် ဝတ်ပြုကိုးကွယ်မိတ်သဟာရဖွဲ့ခဲ့ကြသကဲ့သို့ အိမ်ရှင်အသင်းတော်မှ တည်ခင်းဧည့်ခံသော ရွှေရင်အေးအား အတူတကွ သုံးဆောင်ရင်း တစ်ဦးနှင့်တစ်ဦးအပြန်အလှန် မိတ်ဖွဲ့ခဲ့ကြပါသည်။

အစီအစဉ်အားလက်ခံပေးပါသော အသင်းတော်နှင့်အတူ ကဏ္ဍအသီးသီးမှာ ပါဝင်ဆက်ကပ်ကြသော ညီအစ်ကိုမောင်နှမများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ဘုရားရှင်ထံမှ ကြွယ်ဝသောကောင်းချီးအပေါင်းခံစားရပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဂုဏ်ပြုဖော်ပြအပ်ပါသည်။

ကျေးဇူးတင်စွာဖြင့်
အမှုဆောင်ကော်မတီ
အလငသ (ရန်ကုန်)

Online မှာ ပြန်လည်တွေ့ဆုံဖို့ ဖိတ်စာ—————————————AYPA လူငယ်တို့ရေအဆင်ပြေကျန်းမာ နေကောင်းကြတယ်ဟုတ်!  April လမှာ ပြန်လည်စု...
14/04/2026

Online မှာ ပြန်လည်တွေ့ဆုံဖို့ ဖိတ်စာ
—————————————
AYPA လူငယ်တို့ရေ

အဆင်ပြေကျန်းမာ နေကောင်းကြတယ်ဟုတ်! April လမှာ ပြန်လည်စုံစည်းပြီး မိသဟာယ ပြုဖို့ရော Ready ကြတယ်ဟုတ်!!

လူငယ်တစ်ဦးအနေနဲ့ ခံစားရတဲ့ ကောင်းချီးတွေ၊ မထိုက်တန်ပဲရရှိနေတဲ့ ဘုရားရဲ့ အခွင့်ထူးတွေ၊ ဒီအချိန်ထိ နေ့ရက်အစဉ်အတိုင်း ပေးနေတဲ့ အောင်မြင်ခြင်းတွေကို April လ အွန်လိုင်းစုပေါင်းဝတ်မှာ အတူတူ ရေတွက်ရအောင်နော်။

သင်္ကြန်အပြီး မြန်မာနှစ်သစ် မှာ အသစ်သော Habits တွေ ပုံသွင်းလို့ရအောင် Topic လေးတစ်ခုပါ Special Talk session လေး ထည့်ထားပါတယ်။

“Healthy Life and Behavioural Change” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ AYPA ကို ချစ်ပြီး အမြဲအားကိုးရတဲ့ ဆရာဝန်တစ်ဦးကို Speaker အနေနဲ့ ဖိတ်ထားပါတယ်။ ဘယ်သူလေး ဖြစ်မလဲဆိုတာတော့ ပြောမပြတော့ဘူး၊ zoom ထဲရောက်မှ တွေ့ပါစေတော့။🤩

၁။ မိမိရဲ့ စိတ်အတွင်းပိုင်းနှင့် ခန္ဓာအပြင်ပိုင်း တိုးတက်ဖို့
၂။ မိမိ Action ယူရမယ့် Areas တွေနဲ့ ဘယ်လိုမျိုး အနီးစပ်ဆုံး ပုံသွင်းကြမလဲဆိုတာတဲ့ တန်ဖိုးရှိတဲ့ ဗဟုသုတတွေကို သင်တန်းသီးသန့် Session ယူစရာ မလိုဘဲ

AYPA Online Meet Up ကနေ ရရှိသွားမှာပါ။

Date- 19.4.2026
Time- 7:00 PM
Place - Zoom

လာမယ့်အပတ် Sunday ညမှာ တွေ့ကြမယ်နော်။
See you there 🩵




#2026


ရန်ကုန်သာသနာပိုင်နယ်၊ အလငသ စုပေါင်းဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို ၂၀၂၆ မတ်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရှင်ပြန်ထမြောက်ခ...
01/03/2026

ရန်ကုန်သာသနာပိုင်နယ်၊ အလငသ စုပေါင်းဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို ၂၀၂၆ မတ်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရှင်ပြန်ထမြောက်ခြင်းအသင်းတော် (သန်လျင်) ၌ ကျင်းပခဲ့ရာ အသင်းတော်အသီးသီးမှ အလငသမောင်မယ် ၉၀ ဦးခန့် ပါဝင်ဝတ်ပြုမိတ်သဟာရဖွဲ့ခဲ့ကြပါသည်။

အစီအစဉ်တွင် အိမ်ရှင်အသင်းတော် လူငယ်များမှ ချီးမွမ်းကိုးကွယ်ခြင်းနှင့် ဝတ်ပြုခြင်းကို ဦးဆောင်ခြင်း၊ အသင်းတော်အလိုက် ဂုဏ်တော်ချီးမွမ်းခြင်း၊ ဘုန်းတော်ကြီးပီတာစိုင်းနေအောင်မှ နှုတ်ကပတ်တော်ဝေမျှခြင်း၊ ကိတ်မုန့်မဲဖောက်ခြင်းများဖြင့် ဝတ်ပြုကိုးကွယ်မိတ်သဟာရဖွဲ့ခဲ့ကြသကဲ့သို့ အိမ်ရှင်အသင်းတော်မှ တည်ခင်းဧည့်ခံသော ရခိုင်မုန့်တီအား အတူတကွ သုံးဆောင်ရင်း တစ်ဦးနှင့်တစ်ဦးအပြန်အလှန် မိတ်ဖွဲ့ခဲ့ကြပါသည်။

အစီအစဉ်အားလက်ခံပေးပါသော အသင်းတော်နှင့်အတူ ကဏ္ဍအသီးသီးမှာ ပါဝင်ဆက်ကပ်ကြသော ညီအစ်ကိုမောင်နှမများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ဘုရားရှင်ထံမှ ကြွယ်ဝသောကောင်းချီးအပေါင်းခံစားရပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဂုဏ်ပြုဖော်ပြအပ်ပါသည်။

ကျေးဇူးတင်စွာဖြင့်
အမှုဆောင်ကော်မတီ
အလငသ (ရန်ကုန်)

ရန်ကုန်သာသနာပိုင်နယ်၊ အလငသ စုပေါင်းဝတ်ပြုကိုးကွယ်ခြင်းကို ၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီ ၈ ရက်နေ့တွင် Zoom ဖြင့်ပြုလုပ်ခဲ့ရာ နို...
08/02/2026

ရန်ကုန်သာသနာပိုင်နယ်၊ အလငသ စုပေါင်းဝတ်ပြုကိုးကွယ်ခြင်းကို ၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီ ၈ ရက်နေ့တွင် Zoom ဖြင့်ပြုလုပ်ခဲ့ရာ နိုင်ငံဒေသအသီးသီးမှ လူငယ်မောင်မယ်များစုစုပေါင်း (၂၈) ဦးပါဝင်တက်ရောက်ခဲ့ပါသည်။ အစီအစဉ်တွင် ရှင်ပြန်ထမြောက်ခြင်းအသင်းတော် (သန်လျင်)မှ ဝတ်ပြုခြင်းကို ဦးဆောင်ခြင်း၊ အထူးဆုတောင်းခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်း၊ Rev. Moses Kaser Htaw မှ “ထူးဆန်းအံ့ဩဖွယ်ကောင်းသော ကျွန်ုပ်တို့အသက်တာ” ခေါင်းစဉ်ဖြင့် အထူးဟောပြောဝေမျှခြင်း၊ လူငယ်များ အတူတကွ မိတ်သဟာရဖွဲ့ခြင်းနှင့်အတူ လှူဒါန်းခြင်းများ၊ ဆုတောင်းပဌနာပြုခြင်းများကို ပြုလုပ်နိုင်ခဲ့ကြပါသည်။ အစီအစဉ်တွင် တရားဒေသနာဟောကြားပေးပါသော ဆရာတော်နှင့်တကွ ကဏ္ဍအသီးသီးမှ ပါဝင်ဆက်ကပ်ခဲ့ကြသော ဆရာ၊ ဆရာမများနှင့် အစီအစဉ်တွင် ပါဝင်မိတ်သဟာရဖွဲ့ကြသော ဒေသအသီးသီးမှ အလငသမောင်မယ်တစ်ဦးစီတိုင်းအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် အဖဘုရားသခင်၏ ကြွယ်ဝသော ကောင်းချီးအပေါင်း ခံစားရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

အမှုဆောင်ကော်မတီ
အလငသ. ရန်ကုန်

Zoom ပေါ်မှာ ပြန်ဆုံဖို့ ဖိတ်စာ—————————Hello, လူငယ်တို့ရေ။ ခေတ်အခြေအနေတွေထဲမှာ AYPA လူငယ်တွေ ဒီနေ့အထိ အပြုံးမပျက် ကြံ့က...
06/02/2026

Zoom ပေါ်မှာ ပြန်ဆုံဖို့ ဖိတ်စာ
—————————
Hello, လူငယ်တို့ရေ။ ခေတ်အခြေအနေတွေထဲမှာ AYPA လူငယ်တွေ ဒီနေ့အထိ အပြုံးမပျက် ကြံ့ကြံ့ခံနိုင်လို့ ကျေးဇူးတော် အကြီးကြီး ချီးမွမ်းပါတယ်။

ဒီလ (February) မှာလည်း တို့တွေ အွန်လိုင်းမှာ စုပေါင်းဝတ်ပြုကြမယ်နော်။ နိုင်ငံရပ်ခြားမှာ ရောက်ရှိနေတဲ့ လူငယ်လေးတွေအတွက် မြန်မာနိုင်ငံ AYPA ကို အလွမ်းသည်ပြီး ပြန်လည်ချိတ်ဆက် ပါဝင်နိုင်မယ့် အခွင့်ကောင်းလေးပါ။

ဝတ်ပြုခြင်း အစီအစဉ်ကတော့

နေ့ရက်- 8.2.2026. (Sunday)
အချိန်- ည ၇:၀၀ နာရီ တိတိ
နေရာ- Online (Zoom)
ID: 628 263 7907
Passcode: 123

“ထူးဆန်းအံ့ဩဖွယ်ကောင်းသော ကျွန်ပ်တို့အသက်တာ”ဆိုတဲ့ တရားဒေသနာအားဖြင့် လူငယ်တွေ ခွန်အားယူကြမှာ ဖြစ်ပါတယ်။

▪️ဘဝကို ရှုထောင့်မှန်တဲ့ အသစ်သော Concept တွေနဲ့ ရှေ့ဆက်ချင်တယ်
▪️ မိမိကျော်လွှားနေရတဲ့ အခက်အခဲ Mountains တွေအတွက် နှစ်သစ်မှာ ခွန်အားအသစ်နဲ့ အောင်မြင်စွာ ဖြတ်ကျော်ချင်တယ်

ဆိုတဲ့လူငယ်တွေအတွက် ဘုန်းတော်ကြီး မိုးဇက်ကစိုထောမှ Sharing Session လေးကို ဦးဆောင်ပေးသွားမှာပါ။

ကမ္ဘာ့ဒေသ အသီးသီးမှ AYPA လူငယ်တွေ အားလုံး ကျန်းမာပျော်ရွှင်ကြဖို့ ဆုတောင်းရင်းနဲ့ပဲ အတူတူပါဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ လာမဲ့ ၈ ရက်နေ့မှာဆုံကြမယ်နော်✨😊

ရန်ကုန်သာသနာပိုင်နယ်၊ အလငသ၏ ၂/၂၀၂၆ အထူးအစည်းအဝေးကို ၃၁.၁.၂၀၂၆ စနေ ည (၇)နာရီတွင် Zoom မှတဆင့် ကျင်းပရာ အသင်းတော် (၈) ပါးမ...
31/01/2026

ရန်ကုန်သာသနာပိုင်နယ်၊ အလငသ၏ ၂/၂၀၂၆ အထူးအစည်းအဝေးကို ၃၁.၁.၂၀၂၆ စနေ ည (၇)နာရီတွင် Zoom မှတဆင့် ကျင်းပရာ အသင်းတော် (၈) ပါးမှ လူငယ်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ၂၀၂၆ တစ်နှစ်တာလုပ်ငန်းအစီအစဉ်ရေးဆွဲခြင်း၊ အစီအစဉ်များ တင်ပြဆွေးနွေးခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်းနှင့် အထူးဆုတောင်းခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ အလငသ မောင်မယ်များအားလုံး ၂၀၂၆ ခုနှစ်တွင်လည်း ခရစ်တော်နှင့်အသင်းတော်အတွက် အတူတကွ လက်တွဲအမှုဆောင်ရင်း ဘုန်းတော်ထင်ရှားစေသော နိုင်ငံ့သားကောင်းများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

အမှုဆောင်ကော်မတီ
အလငသ (ရန်ကုန်)

Address

Pyay Road
Yangon
11191

Website

Alerts

Be the first to know and let us send you an email when AYPA - Diocese of Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to AYPA - Diocese of Yangon:

Shortcuts

Share