Let's Learn from the Holy-Quran and Hadiths

Let's Learn from the Holy-Quran and Hadiths Messenger မသုံးပါ❌

 #သောဝ်ဗသန် နစူဟာ  ဆိုသည်မှာ တမန်တော် မူစာ အလိုင်ဟစ္စလာမ် လက်ထက်၌ မိုးခေါင် ရေရှား ကပ်ဆိုက်လာသောအခါ ၊ မိမိ အုပ်စုများအား...
08/02/2021

#သောဝ်ဗသန် နစူဟာ ဆိုသည်မှာ

တမန်တော် မူစာ အလိုင်ဟစ္စလာမ် လက်ထက်၌ မိုးခေါင် ရေရှား ကပ်ဆိုက်လာသောအခါ ၊ မိမိ အုပ်စုများအား ခေါ်ဆောင်၍ အလ္လာဟ်ထံမှ ဒုအာပြုရန် ကွင်းပြင်၌ စုရုံး ဒုအာပြုကြသည် ။

တကြိမ်နှင့်တကြိမ် လူအင်အား တိုးတိုးပြီး အကြိမ်ကြိမ် ဒုအာ ဆုပန်သော်လည်း မိုးရွာသွန်းလာခြင်း မရှိသောအခါ နောက်တကြိမ် ဒီထက်ပိုသော လူအရေအတွက်နှင့်အတူ ထပ်မံ ဒုအာ ပြုမည်ဟု ရည်ရွယ်ခဲ့လေသည် ။

ထိုအချိန် အလ္လာဟုအရှင်မြတ် ထံတော်မှ ... "အို မူစာ(အလိုင်ဟိစ္စလာမ်), သင်သည် ဤထက် များပြားသည့် အုပ်စုနှင့်လာရောက် တောင်းခံပါကလည်း ငါ အရှင် လက်ခံ ကဗူလ်ပြုမည် မဟုတ်ဟု" မိန့်ကြားတော်မူသည်။

ထိုအခါ တမန်တော် မူစာအလိုင်ဟစ္စလာမ်က ........ "ယာ. အလ္လာဟ်..အဘယ့်ကြောင့် ပါနည်းဟု မေးလျှောက်သောအခါ....အလ္လာဟုအရှင်မြတ်သည် ယခု သင် ဒုအာတောင်းသော အုပ်စု၌ ... ငါအရှင် မနှစ်သက်သောသူ ၊ ငါ၏ ရန်သူ တဦး ပါဝင်နေပေသည် ။

ထိုသူသည်( ကျုဂူလ်ခိုရ် )ဂုံးချော ဂုံးတိုက်သူ ၊ သူ၏ ရည်ရွယ်ချက်မှာ တဖက်နဲ့တဖက် အမုန်းပွား အုပ်စု ကွဲပြဲရန် ရည်ရွယ်၍ လုပ်သောသူ ဖြစ်သည် ။ ဤသူရှိနေသရွေ့ ငါအရှင် မိုးရွာသွန်းစေမည် မဟုတ်ပေ။

ထိုအခါ တမန်တော်မူစာအလိုင်ဟစ္စလာမ်သည် ချက်ခြင်းဆိုသလို ဒေါသနှင့် မိမိ အုပ်စုထံလှည့်၍ အမိန့်ရှိတော်မူသည်မှာ...... "ယခု ဤ အုပ်စုအတွင်း ဂုံးချော ဂုံးတိုက်သူတဦး ရှိနေသည် ။ ၎င်းရှိနေခြင်းကြောင့် အလ္လာဟုအရှင်မြတ်သည် ဒုအာ လက်မခံခြင်းဖြစ်သည်။ ၎င်းသူသည် ယခုချက်ခြင်း အုပ်စုအတွင်းမှ ထွက်ခွာစေရန် အမိန့်ရှိတော်မူလေသည် ။

ထိုအခါ ထိုအပြစ်ကို အမြဲတစေ ကျူးလွန်သူသည် မိမိ၏ အပြစ်ကို မိမိသိသည် ။ သို့သော် လူအုပ်စု အတွင်း၌နေရန်လည်း အခက် ၊ ထွက်ခွာထွက်သွားရန်လည်း အခက်ကြုံနေခဲ့သည် ။

မထွက်ဘဲ နေပါက ကပ်ဆိုက်မှု ပျောက်မှာ မဟုတ် ၊ မိုးရွာမည် မဟုတ် ၊ ကိုယ်အပါအ၀င် တရွာလုံး ဒုက္ခမှ လွတ်ကင်းမည် မဟုတ်ပေ ။ ထွက်ခွာ ခဲ့ပါကလည်း (၄၀၀၀၀)သော လူ အုပ်စုကြားထဲ အကြီးအကျယ် သိက္ခာကျစရာ အရှက်ရစရာ ၊ တသက်လုံးပြောစရာ အမဲစက်ဖြစ်လာတော့မည်ဖြစ်သည် ။

နောက်ဆုံး သူ့အခြေအနေကို သူ ယူကျူံးမရ နောင်တ ကြီးစွာရကာ အလ္လာဟုအရှင်မြတ်ထံတော်ပါး၌ စိတ်အတွင်းကပင် "ယာအလ္လာဟ် ကျနော်တို့၏ အပြစ်ကို အရှင် မားဖ်လုပ်တော်မူပါ ။ နောက်နောင် မည်သည့် အခါမှ ဤဂုနာဟ် ဤအပြစ် မလုပ်တော့ပါ"ဟု ဂတိ စကားနဲ့အတူ တောင်းပန် သောဝ်ဗဟ် ပြုခဲ့သည် ။

"သောဝ်ဗသန် နစူဟာ"(စစ်မှန်သည့် သောဝ်ဗာ) ပြုလုပ်ခဲ့လိုက်လေသောအခါ ချက်ခြင်းဆိုသလို ကောင်းကင်ပေါ်၌ မိုးတိမ်များ ရောက်လာကာ မိုးရွာချတော်မူခဲ့သည်။

တမန်တော်မူစာအလိုင်ဟစ္စလာမ်သည် ဤအဖြစ်အပျက်မြင်ပြီး အလ္လာဟုအရှင်မြတ်ထံ လျှောက်ထားသည်မှာ..."ယာ.အလ္လာဟ်... ဤ လူအုပ်ထဲမှ မည်သူ တဦးတယောက်မှ အပြင်သို့ မထွက်ခဲ့ပါ ၊ အပြစ်ကျူးလွန်သူရှိလျှက်နှင့် အရှင့်မိုးရွာစေခဲ့သည်မှာ အဘယ်သို့နည်း"ဟုမေးရာ......

အလ္လာဟုအရှင်မြတ်သည် "ငါအရှင်၏ ရန်သူ ငါအရှင်နှင့်ပြေလည်မှု ရယူလိုက်ပြီ ၊ သူ၏ အပြစ်များမှ ငါ့အရှင့်ထံ သောဝ်ဗာ ပြုလုပ်လိုက်ပြီ ဖြစ်သော်ကြောင့် မိုးကိုရွာစေလိုက်ခြင်းဖြစ်ပါသည်"ဟု မိန်းကြားတော်မူသည် ။

ဤသူသည် မည်သူ ဖြစ်ပါသနည်း ကျန်ုပ်အား ပြောပြတော်မူပါဟု အရှင့်အား လျှောက်ထားသောအခါ ... ....

အလ္လာဟုအရှင်မြတ်သည် "အို.... မူစာ... ဤသူသည် ငါအရှင်၏ ရန်သူဖြစ်နေချိန်မှာပင် ထိုသူ့အား ငါအရှင် ဖုံးအုပ်ထားတော်မူခဲ့လေသည် ။ ယခု ဤသူသည် အပြစ်ကို သောဝ်ဗာလုပ်ကာ ငါအရှင်နှင့် ပြေလည်မှုရယူပြီး ငါ အရှင်၏ မိတ်ဆွေဖြစ်နေမှ သူ့အားဖော်ထုတ် ပြမည်မဟုတ်ပါ ။"

ဤအကြောင်းအရာကို အကျဉ်းချူပ်ရေးသားခြင်းပါ ။ ရေးသားခြင်း၏ အဓိက ရည်ရွယ်ချက်မှာ...

၁ ။ "သောဝ်ဗသန် နစူဟာ"(စစ်မှန်သည့်သောဝ်ဗာ) မည်သို့ သောဝ်ဗာဖြစ်သနည်း ၊ ၎င်း သောဝ်ဗာ၏ အင်အား မည်မျှ ကြီးမားသနည်းဆိုသည်ကို သိစေရန် ။

၂ ။ (ကျူဂူလ်ခိုလ်) ဂုံးချော် ဂုံးတိုက် ဂိဗသ် နောက်ကွယ်အတင်းပြောခြင်းကို အရှင့်မည်မျှ မုန်းတီးကြောင်း ၊ ထိုအမှု ကျူးလွန်သူ ပါရှိသောကြောင့် တမန်တော်မူစာ၏ ဒုအာကိုပင် အလ္လာဟ် လက်မခံကြောင်း သိစေရန် ။

၃ ။ ကျနော်တို့ လူပုံအလယ်မှာ ခေါင်းမော့ ရင်ကော့ သွားနေနိူင်ခြင်းသည် အလ္လာဟု အရှင်မြတ် ကျနော်တို့တတွေ၏ အပြစ်များအား ဖုံးအုပ်ပေးထားသော အရှင့်၏ ကြီးမားသော ကျေးဇူးတော်များကို သိစေရန် ။

 #သူတော်စင်တို့၏  #အုတ်ဂူကိုဦးချခြင်းနှင့်တလွဲအထောက်အထားများ #အလ္လာဟ်ကလွဲပြီး အခြားဘယ်အရာကိုမှဦးချခွင့်မရှိဘူးဆိုတာ မွ...
30/01/2021

#သူတော်စင်တို့၏ #အုတ်ဂူကိုဦးချခြင်းနှင့်တလွဲအထောက်အထားများ

#အလ္လာဟ်ကလွဲပြီး အခြားဘယ်အရာကိုမှဦးချခွင့်မရှိဘူးဆိုတာ မွတ်စ်လင်မ်ကလေးငယ်လေးတွေကအစသိကြတဲ့ ပေါ်လွင်ထင်ရှားလွန်းတဲ့အမိန့်ပါ။

#ဒါပေမဲ့21ရာစုရဲ့ သောက်ကျိုးနည်းမုဂျ်သဟီးဒ်လက်သစ်ကြီးတွေက ကုရ်အာန်အာယသ်တွေယူလာပြီး သူတော်စင်တွေရဲ့အုတ်ဂူကိုရိုသေသမှုအနေနဲ့ဦးချပိုင်တယ်ဘာညာပြောလာတော့
သာမန်မွတ်စ်လင်မ်တွေအနေနဲ့ မှားနေတာသိရင်တောင် ပြန်ပြောရခက်သွားလေ့ရှိပါတယ်။

သူတို့ယူလာတဲ့အာယသ်တွေက

ငါအရှင်သည်မလာအေကာကောင်းကင်တမန်တို့အားအာဒမ်ကိုပျပ်ဝပ်ဦးချကြကုန်ဟုအမိန့်ပေးရာအီဗ်လီးစ်မှလွဲ၍မလာအေကာအားလုံးဦးချကြလေည်။စူရာဟ်ဗကရာ(34)

တမန်တော်ယူစွဖ်သည်မိမိ၏မိဘနှစ်ပါးအားပုလ္လင်ပေါ်ထိုင်စေခဲ့သည်။ထို့နောက်၎င်းတို့သည်တမန်တော်ယူစွဖ်ကိုဦးချကြလေသည်။စူရာဟ်ယူစွဖ်(100)

အိဗ်နေ့ကစီးရ်(ရဟေ့)ရဲ့ဖွင့်ဆိုချက်မှာ
ဒီအာယသ်တွေရဲ့ဖော်ပြချက်အရအလွန်ဆုံးပြောလို့ရတာက ယခင်ရှရီအသ်တွေမှာလေးစားသမှုအရဖြစ်စေနှုတ်ခွန်းဆက်သတဲ့သဘောအရဖြစ်စေအလ္လာဟ်ကလွဲပြီးအခြားသူတစ်ဦးကိုဦးချပိုင်တယ်ဆိုတာလောက်ပါပဲ။

#တမန်တော်မြတ်(ဆွ)ရဲ့ရှရီအသ်မှာမပိုင်ကြောင်းတမန်တော်ကိုယ်တိုင်အတိအလင်းတားခဲ့ကြောင်းအောက်ပါဟဒီးဆ်တွေအရသိနိုင်ပါတယ်။

မိုအားဇ်(ရသွေ)သခင်ရှာမ်နိုင်ငံကပြန်လာပြီးတမန်တော်ကိုဦးချချိန်တမန်တော်မလုပ်ဖို့တားခဲ့တဲ့ဟဒီးဆ်။အိဗ်နေမာဂျာကျမ်း(1515)

ကိုင်းစ်(ရသွေ)သခင် ဟီရာနယ်ကပြန်လာပြီးတမန်တော်မြတ်(ဆွ)ကိုဦးချချိန် တမန်တော်တားခဲ့တဲ့ဟဒီးဆ်။အဗူဒါဝူးဒ်ကျမ်း(2140)

#ဖေကဟ်အရလည်းဟနဖီပညာရှင်တွေထံမှာကိုးကွယ်တဲ့အနေနဲ့ဖြစ်စေရိုသေသမှုအရဖြစ်စေအလ္လာဟ်ကလွဲပြီး အခြားအရာကိုဦးချခြင်းမပိုင်ရုံသာမက ကွဖ်ရ်ပါထိုက်တယ်။

#နှုတ်ခွန်းဆက်သတဲ့အနေနဲ့ဦးချရင်ကွဖ်ရ်ထိုက်မထိုက်အကွဲအလွဲရှိပေမဲ့မပိုင်ဘူးဆိုတာတော့အကွဲအလွဲမရှိဘူး။ရဒ်ဒွလ်မိုဟ်သားရ်ကျမ်းအတွဲ(9)(552)

သဖ်စီးရ် ဟဒီးဆ်နဲ့ဖေကဟ်ပညာရပ်တွေရဲ့အနံ့လောက်ရှူဖူးရင်တောင် ဒီလိုတလွဲအထောက်အထားပေးတာတွေဖြစ်လာစရာမရှိပါဘူး။

ဘယ်လိုလူထူးဆန်းတွေနဲ့ကြုံလာရလဲကိုစဥ်းစားမရဘူး။
ကုရ်အာန်ကိုတမန်တော်နဲ့ခေတ်အဆက်ဆက်ကပညာရှင်တွေထက်ပဲသူတို့ကပိုပြီးနားလည်နေသယောင်ယောင် ပြောလိုက်သေးတယ်

#ကုရ်အာန်အာယသ်နော်ငြင်းရင်ကာဖိရ်တဲ့😂
။ကုရ်အာန်အာယသ်ဖြစ်ကြောင်းကိုငြင်းနေတာမှမဟုတ်တာ။သောက်တလွဲလိုရာဆွဲပြီး ကုရ်အာန်အာယသ်ကိုဓားစာခံလုပ်ပြီးပေါက်ကရအထောက်အထားယူတာကိုလက်မခံတာ။

နောက်ထပ်တင်ပြအုန်းမယ် ကာဒီယာနီဆိုတဲ့ မိုနာဖစ် အုပ်စုအကြောင်း ထပ်တင်ပြအုန်းမယ်။

 #တရားဟောရာတွင်တရားနာသူများကို #မငြီးငွေ့စေနဲ့207 -[10] (ﻣﺘﻔﻖ ﻋﻠﻴﻪ) ﻭﻋﻦ ﺷﻘﻴﻖ: ﻛﺎﻥ ﻋﺒﺪ اﻟﻠﻪ ﻳﺬﻛﺮ اﻟﻨﺎﺱ ﻓﻲ ﻛﻞ ﺧﻤﻴﺲ ﻓﻘﺎﻝ ﻟﻪ...
29/01/2021

#တရားဟောရာတွင်တရားနာသူများကို
#မငြီးငွေ့စေနဲ့
207 -[10] (ﻣﺘﻔﻖ ﻋﻠﻴﻪ) ﻭﻋﻦ ﺷﻘﻴﻖ: ﻛﺎﻥ ﻋﺒﺪ اﻟﻠﻪ ﻳﺬﻛﺮ اﻟﻨﺎﺱ ﻓﻲ ﻛﻞ ﺧﻤﻴﺲ ﻓﻘﺎﻝ ﻟﻪ ﺭﺟﻞ ﻳﺎ ﺃﺑﺎ ﻋﺒﺪ اﻟﺮﺣﻤﻦ ﻟﻮﺩﺩﺕ ﺃﻧﻚ ﺫﻛﺮﺗﻨﺎ ﻛﻞ ﻳﻮﻡ ﻗﺎﻝ ﺃﻣﺎ ﺇﻧﻪ ﻳﻤﻨﻌﻨﻲ ﻣﻦ ﺫﻟﻚ ﺃﻧﻲ ﺃﻛﺮﻩ ﺃﻥ ﺃﻣﻠﻜﻢ ﻭﺇﻧﻲ ﺃﺗﺨﻮﻟﻜﻢ ﺑﺎﻟﻤﻮﻋﻈﺔ ﻛﻤﺎ ﻛﺎﻥ ﺭﺳﻮﻝ اﻟﻠﻪ ﺻﻠﻰ اﻟﻠﻪ ﻋﻠﻴﻪ ﻭﺳﻠﻢ ﻳﺘﺨﻮﻟﻨﺎ ﺑﻬﺎ ﻣﺨﺎﻓﺔ اﻟﺴﺂﻣﺔ ﻋﻠﻴﻨﺎ

#သာဝကကြီး ရှကီးက် (ရသွေ့) က
တဆင့် ပြောကြား၏။
အဗ်ဒွလ္လာဟ်(ရသွေ့)သည် ကြာသာပတေးနေ့တိုင်း လူတွေကိုတရားဟောကြားလေ့ရှိ၏။
#ပုဂ္ဂိုလ်တစ်ဦးက အို-အဗ္ဗဒွလ္လာဟ်အသင့်ကို ကျွန်တော်တို့အား နေ့စဉ် တရားဟောစေချင်ပါသည်။

#ထိုအခါ အဗ္ဗဒွလ္လာဟ်(ရသွေ့)က အသင်တို့ ကို မငြီးငွေ့စေချင်သည့် စိတ်က ကျွန်ုပ်ကို တရားဟောကြားခြင်းကနေဟန့်တားနေပါသည်။

#ကျွန်ုပ်တို့ ငြီးငွေ့သွားမှာကို စိုးရိမ်စိတ်ထား၍ တမန်တော်မြတ်ကြီး(ဆွ)က ကျွန်ုပ်တို့ကို တရားဟောကြားခဲ့သည့် ပုံစံအတိုင်း ကျွန်ုပ်သည်လည်း အသင်တို့ကို တရားဟောကြားနေပါသည် ဟု ပြန်လည်ပြောကြားခဲ့သည်။

#ဗိုခါရီကျမ်း #မွတ်စ်လင်မ်ကျမ်း

ာန်တွေ လာမshareပါနဲ့ လက်မခံဘူး။
No share Group။Group ruleကို ဖတ်အုန်းဗျ အဖွဲ့အစည်းတိုင်းမှာ စည်းကမ်းဆိုတာ ရှိကြောင်း။

တရားဟောတဲ့သူတွေပဲ များသထက်များများလာတယ် လက်တွေ့ကျင့်သုံးတာ နည်းနေတယ် ဗျို့။

နေ့တိုင်း liveဗယာန် ပေါ်ပင်ဖြစ်နေပြီ နည်းနည်းမဟုတ် တော်တော်များများကို လွဲနေပြီ ထင်တယ်။
ခုက သူ့ထက်ငါတော်ကြောင်းတတ်ကြောင်းသိကြောင်း Liveလွှင့်ကြေငြာသလိုဖြစ်နေပြီဗျို့။ #ပညာပြိုင်နေကြတာလားဟင်

ဆွဟာဗာကြီးတွေ အီမာန်ကြီးတွေခေတ်နဲ့ လုံး၀ ဗြောင်းပြန်ဖြစ်နေပြီဗျို့။

စိတ်ဆိုးလည်းမတတ်နိုင်ဘူးဝေ့ ဒဲ့ပဲပြောတာ အမှန်အတိုင်း။

29/01/2021

အမေလုပ်သူက မိမိကလေးငယ်ကိုမကောင်းသောနဇရ်ထိခြင်းမှကာကွယ်ဖို့အတွက် ကလေးရဲ့လည်ပင်း ကလေးရဲ့ လက်ကောက်ဝတ်မှာ အနက်ရောင်ကြိုးကိုချည်နှောင်ပေးတယ်။
ကလေးရဲ့ရင်ဘတ် နဲ့ ခေါင်းအပေါ်မှာကာဂျဲအမဲရောင်လေးကို တို့ပေးကျတယ် သို့မှသာလျှင်ကလေးငယ်များနဇရ်ထိမှာမဟုတ်တော့ဘူးထင်ကြတယ်။
ဒီလိုလုပ်ခြင်းဟာပိုင်ပါသလား?

အဖြေ👉ဓလေ့ထုံးတမ်းစဉ်လာအရသာဖြစ်တယ်။ရှရီအသ်မှာဒါနဲ့ပက်သက်ပီး ဘာအထောက်အထားမှမရှိဘူး။
ဟိန္ဒူတွေရဲ့ဓလေ့ဖြစ်တဲ့အတွက်ရှောင်ကြဉ်ဖို့ အရေးကြီးပါတယ်။

سوال: بچے کی پیدائش پر مائیں اپنے بچوں کو نظرِ بد سے بچانے کے لئے اس کے گلے یا ہاتھ کی کلائی میں کالے رنگ کی ڈوری باندھ دیتی ہیں، یا بچے کے سینے یا سر پر کاجل سے سیاہ رنگ کا نشان لگادیا جاتا ہے تاکہ بچے کو بری نظر نہ لگے۔ کیا یہ فعل درست ہے؟

جواب: محض توہم پرستی ہے۔ شریعت میں اس کاکوئی ثبوت نہیں

28/01/2021

#ဒိုအာအေ့မွစ်သဂျားပ် ကို အာရဗီလိုမဖတ်တတ်တဲ့သူများက #အသံနဲ့တင်ပေးပါ ပြောထားလို့ တင်ပေးလိုက်ပါတယ်။
#ဒိုအာရဲ့အကျိုးအာနိသင်ကို မန့်မှာမန့်ပေးထားပါတယ်။

23/01/2021

ရှီအဟ်တွေကို ဘာကြောင့် ကာဖိရ်လို့ သတ်မှတ်ခြင်းခံရတာလဲ။
ရှီအဟ်အကြောင်းပြောရင် မပြောပါနဲ့ ကျတော်တို့နဲ့တစ်အုပ်စုတည်းပါ ပြောနေတဲ့ အာဝမ်များသိဖို့ တင်ပေးသည်။

 #လက်ရှိ ခေတ် အချိန်အခါတွင်ဒေါ်လာ ဝယ်၍ အမြတ်ရချိန်မှ ရောင်းကာ အကျိုးစီးပွား ရှာဖွေခြင်းသည် နိုင်ငံတော်အပေါ် သစ္စာမဲ့ရာ ရ...
22/01/2021

#လက်ရှိ ခေတ် အချိန်အခါတွင်
ဒေါ်လာ ဝယ်၍ အမြတ်ရချိန်မှ ရောင်းကာ အကျိုးစီးပွား ရှာဖွေခြင်းသည် နိုင်ငံတော်အပေါ် သစ္စာမဲ့ရာ ရောက်သည့်အပြင်

ဟဒီးစ်တော်မှ လအ်နသ် ကျိန်စာပြုထားသည့် သိုလှောင်ခြင်းအမိန့် ထဲ ပါဝင်သည့်အတွက် ရှရီအသ် တရားတော်အရ ဂိုနာဟ်လည်းထိုက်သည်။

#မွဖ်သီသကီးအွတ်စ်မာနီ တွစ်တာမှာ တင်ထားတာတွေ့လို့ ဘာသာပြန်သည်။

 #ခင်ပွန်းဖြစ်သူ ကွယ်လွန်ခြင်းခံရသူတို့၏ ဇနီးအမျိုးသမီးသည် ခင်ပွန်း၏ အိမ်၌ပင်လေးလနှင့် ဆယ်ရက် ထိုင်ရပေမည်။ မိမိ၏ ခင်ပွန်...
21/01/2021

#ခင်ပွန်းဖြစ်သူ ကွယ်လွန်ခြင်းခံရသူတို့၏ ဇနီးအမျိုးသမီးသည် ခင်ပွန်း၏ အိမ်၌ပင်လေးလနှင့် ဆယ်ရက် ထိုင်ရပေမည်။ မိမိ၏ ခင်ပွန်း ကွယ်လွန်သည့် အချိန်အထိ မိမိကိုယ်တိုင် ထိုခင်ပွန်းနှင့်အတူ နေထိုင်ခဲ့သည့် အိမ်ဖြစ်ရမည်။ ထိုသို့ ကွယ်လွန်သည့်အချိန်စ၍ ထို အိဒ်ဒသ် ရက်ကာလ ပြည့်သည့်တိုင်အောင် ၎င်းအိမ်၌ပင် နေထိုင်ရပေမည်။ အိမ်၏ ပြင်ပသို့ လုံးဝ ထွက်ခွင့်မရှိပေ။
(ဗဟ်ရှ်သီဇေဝရ်ကျမ်း)

#အိမ်ထောင်ရှင်ဘဝ၏ အခြေအနေမှာ အမျိုးမျိုးရှိနေတတ်သည်။

#ဆိုလိုသည်မှာ နိကာဟ် ပြုပြီးသည့်နောက် ခင်ပွန်းဖြစ်သူ ယောက်ျားသည် ၎င်း၏ ဇနီးသည်နှင့် အတူတကွ နေထိုင်သည်ဖြစ်စေ၊ မနေထိုင်သည်ဖြစ်စေ၊ သက်တမ်းတစ်လျှောက်လုံး ဆက်ဆံပေါင်းသင်းခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ တစ်ကြိမ်တစ်ခါ လာသည်ဖြစ်စေ၊ အမြဲတမ်း လာသည်ဖြစ်စေ၊ ဇနီးသည် နုပျိုသူဖြစ်စေ၊ အဖွားအိုဖြစ်စေ မည်သည့်အခြေအနေမျိုး၌မဆို ဇနီးသည်အမျိုးသမီးသည် ဖော်ပြပါအတိုင်း လေးလနှင့် ဆယ်ရက် အိဒ်ဒသ် ထိုင်ရပေမည်။
#ရှရီအသ်ကျမ်းကိုးအရ

Address

Kyee Myindine Kanner Road, Tein Gyi Street
Yangon

Website

Alerts

Be the first to know and let us send you an email when Let's Learn from the Holy-Quran and Hadiths posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share