St.Francis of Assisi Church,Tamwe

St.Francis of Assisi Church,Tamwe Lord, Make Me an Instrument of Your Peace.

SUNDAY : 6:30AM / 8:30AM / 5:00PM

MONDAY : 6:30AM

TUESDAY : 6:30AM

WEDNESDAY : 6:30AM

THURSDAY : 5:00PM

FRIDAY : 6:30AM

SATURDAY : 6:30AM

စိန်ဖရန်စစ်အစီစီသာသနာရဲ့ ကျောင်းထိုင်ဘုန်းတော်ကြီး Rev.Fr. Matthias Aung Kyaw ၏ ရဟန်းဝါတော်နှစ်(၃၀)ပြည့် ပုလဲရတုဂျူဘီလီ ...
23/03/2026

စိန်ဖရန်စစ်အစီစီသာသနာရဲ့ ကျောင်းထိုင်ဘုန်းတော်ကြီး Rev.Fr. Matthias Aung Kyaw ၏ ရဟန်းဝါတော်နှစ်(၃၀)ပြည့် ပုလဲရတုဂျူဘီလီ ကျေးဇူးတင်မစ္ဆားတရားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည့် အမှတ်တရ ပုံရိပ်များ

စိန်ဖရန်စစ်အစီစီ ကျောင်းထိုင်ဘုန်းတော်ကြီး Rev.Fr. Matthias Aung Kyaw ၏ ဝါတော် နှစ် ၃၀ပြည့် ပုလဲရတုဂျူဗလီအခမ်းအနား ကျေးဇ...
16/03/2026

စိန်ဖရန်စစ်အစီစီ ကျောင်းထိုင်ဘုန်းတော်ကြီး Rev.Fr. Matthias Aung Kyaw ၏ ဝါတော် နှစ် ၃၀ပြည့် ပုလဲရတုဂျူဗလီအခမ်းအနား ကျေးဇူးတင် မစ္ဆား ကို (22.3.2026) ၈ခွဲ မစ္ဆားတွင်ကျင်းပမည်ဖြစ်ပါသဖြင့် ရပ်ဝေး ရပ်နီး မှ ဘာသာတူ ညီအကိုမောင်နှမ များအား လေးစားစွာ ဖိတ်ကြားအပ်ပါသည်

(၃၇)နှစ် ကြိမ်မြောက်ပရိတ်သူငယ်တော်ယေဇူးပွဲတော်နေ့ (18.1.2025) Sunday
18/01/2026

(၃၇)နှစ် ကြိမ်မြောက်ပရိတ်သူငယ်တော်ယေဇူးပွဲတော်နေ့ (18.1.2025) Sunday

18/01/2026

Homily by Rev.Fr.Simon Tin Maung

18/01/2026

(၃၇)ကြိမ်မြောက်ပရိတ်သူငယ်တော်ယေဇူးပွဲတော်

18/01/2026

(၃၇)ကြိမ်မြောက်ပရိတ်သူငယ်တော်ယေဇူးပွဲတော်နေ့

(၃၇) ကြိမ်မြောက် ပရိတ်သူငယ်တော်ယေဇူးပွဲကြီး အား အောက်ပါ အစီစဉ်တိုင်းကျင်းပသွားမည် ဖြစ်ပါသဖြင့် ရပ်နီး ရပ်‌ဝေးမှ ဘုရားဖူး...
03/01/2026

(၃၇) ကြိမ်မြောက် ပရိတ်သူငယ်တော်ယေဇူးပွဲကြီး အား အောက်ပါ အစီစဉ်တိုင်းကျင်းပသွားမည် ဖြစ်ပါသဖြင့် ရပ်နီး ရပ်‌ဝေးမှ ဘုရားဖူး ဘာသာတူညီအစ်ကိုမောင်နှမ အပေါင်းအား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ 📢

🎉🎄Merry Christmas to you all.🥳🎄🎉 ကယ်တင်ရှင်မက်ဆီးယားခရစ်တော်သည် ကျွန်ုပ်တို့ဖို့အလို့ငှာ ဖွားမြင်ခြင်းကိုခံတော်မူပြီ။ 🎄🎉
25/12/2025

🎉🎄Merry Christmas to you all.🥳🎄

🎉 ကယ်တင်ရှင်မက်ဆီးယားခရစ်တော်သည် ကျွန်ုပ်တို့ဖို့အလို့ငှာ ဖွားမြင်ခြင်းကိုခံတော်မူပြီ။ 🎄🎉

29/11/2025
☘️✞︎ သင်မသိသေးသော စိန့်ဖရန်စစ်အကြောင်း ✞︎☘️ အောက်တိုဘာ ၄ရက်....       သူဌေးသားလေး ဖရန်စစ်ကို အီတလီနိုင်ငံ အစီစီမြို့မှာန...
08/10/2025

☘️✞︎ သင်မသိသေးသော စိန့်ဖရန်စစ်အကြောင်း ✞︎☘️

အောက်တိုဘာ ၄ရက်....
သူဌေးသားလေး ဖရန်စစ်ကို အီတလီနိုင်ငံ အစီစီမြို့မှာနေထိုင်တဲ့ ပိုးကုန်သည်ကြီးပီတာဘာနဒုန်းနဲ့ ပီကာတို့ရဲ့ သားဖြစ်ပါတယ်....။ဖေဖေကုန်သည်ကြီး ခရီးသွားနေချိန်မှာမွေးဖွားတာမို့ မေမေက ဂျွန်လို့ ဆေးကြောခြင်းပေးခဲ့ပေမယ့် ဖေဖေဟာ ဖရန်စစ်ရယ်လို့နာမည်ပြောင်းစေခဲ့တယ်...။"France"ဆိုတဲ့ပြင်သစ်နိုင်ငံကြောင့် ချမ်းသာလာသူမို့ ဖေဖေဟာ ဖရန်စစ်ကိုလို့မှည့်ခဲ့တာပါ..

🖤စစ်သူကြီးဖရန်စစ်နဲ့ ဘုရားရဲ့ခေါ်သံ
ချမ်းသာစည်းစိမ်တွေအကုန်ခံစားနေတဲ့ သူဌေးလေး ဖရန်စစ်ဟာ....စစ်သူကြီးဖြစ်ချင်ပြန်တော့ ပီရူးဂျီးယားကို သွားခဲ့တာပေါ့။..အဖမ်းခံရပြီး အဖေက ငွေနဲ့ပြန်ရွေးတယ်။....နောက်တစ်ခါသွားပြန်တယ်..။လမ်းမှာဖျားပြီး ရူပါရုံအိမ်မက်တစ်ခု ရခဲ့တယ်...။"ဖရန်စစ်...မင်းက ငါ့ဆီက လာတဲ့အရာတွေကို အစေခံမှာလား....။ငါ့ကိုအစေခံမှာလား.......။.....ဒီလိုနဲ့ စိန့်ဒေးမီးယန်းဆိုတဲ့ ဘုရားကျောင်းပျက်လေးထဲ သွားတဲ့အချိန်မှာ...ကရူးစူးတိုင်က အသံတော်ကို ကြားရပြန်တယ်...။"ဖရန်စစ် ပျက်စီးနေတဲ့ ငါ့အသင်းတော်ကို ပြုပြင်ပါ...."
ဒီဘုရားကျောင်းကို ပြန်ဆောက်ရမယ်လို့ထင်ပြီး အဖေ့ရဲ့ပိုးထည်တွေကိုရောင်း၊ငွေထုပ်ကြီးပိုက်ပြီး ဘုန်းကြီးကိုပြန်လာပေးတယ်..။ဘုန်းကြီးကလဲ လက်မခံပါဘူး..ဒီလိုနဲ့ တခါဘုရားကျောင်းသွားတက်တော့.."သင့်ရဲ့ပိုင်ဆိုင်ရာတို့ကို ဆင်းရဲသားတို့အားပေးကမ်း၍ ငါ့နောက်သိုလိုက်လော့...." ဆိုတဲ့ ကျမ်းစာကိုနာယူမိတယ်..။ဖရန်စစ်ဟာ အဖေ့ရဲ့ပိုးထည်တွေ၊စည်းစိမ်တွေအကုန် ပေးကမ်းပစ်တော့တယ် ဖေဖေသူဌေးကြီး ဒေါသူပုန်ထပြီပေါ့။ဆရာတော်ကို သွားတိုင်တယ်..။(အဲ့ဒီခေတ်က မြို့တွေကို ဆရာတော်ကြီးတွေက တရားစီရင်ရတာကိုး). .တရားခွင်မှာ ဖရန်စစ်ဟာ အင်္ကျီတွေကို ချွတ်လိုက်တယ်..။"ယခုမှစ၍ ကောင်းကင်ရှိ အဖကိုသာ အဖေလို့ခေါ်ပါတော့မယ်..."😇😇...

ဖန်ဆင်းခံများကို စောင့်ရှောက်သူ
အညိုရောင် သင်္ကန်းနဲ့ ဖရန်စစ် တရားဟောရင် ငှက်တွေက လာနားထောင်ကြတယ်..။သီချင်းများဆိုလိုက်ရင်တော့...ငှက်တွေလဲ တေးဆိုကြပြန်ရော...။...သူရေးတဲ့သီချင်းတွေမှာ သဘာဝဖန်ဆင်းခံအရာတွေကို မောင်နှမတွေလို တင်စားတယ်.."အစ်ကိုတော် နေမင်းကြီးနှင့် ညီမတော်လမင်းတို့.... ဘုရားရှင်ကို ချီးမွမ်းကြလော့...

တနေ့မှာ..။ရွာတစ်ရွာမှ ဝံပုလွေတစ်ကောင်ဟာ အစာလုစားတယ်။လူတွေကို လိုက်ဆွဲတယ်။...လူတွေက ကြောက်လွန်းလို့ အပြင်တောင်မထွက်ရဲကြ။...ဖရန်စစ်ကြားတော့ အဲ့ရွာကိုသွားတယ်..။မြေခွေးကို ချိုသာစွာဖြောင်းဖြတယ်..။မြေခွေးဟာ ဘယ်တော့မှ ရန်မမူတော့ဘူး။လူတွေပေးကမ်းမှ စားတယ်။ရွာကိုစောင့်ရှောက်ပေးတယ်..။..အဲ့ဒါကြောင့် စိန်ဖရန်စစ်ဟာ သဘာဝကိုစောင့်ရှောက်တဲ့ ရဟန္တာဖြစ်လာတာပေါ့....

အသင်းတော်ကိုထမ်းထားသူ
စိန်ဖရန်စစ်ရဲ့နောက်လိုက်တွေများလာတာမို့...အသိအမှတ်ပြုပေးဖို့ ပုပ်ရဟန်းမင်းကြီးကို သွားတွေ့ကြတာပေါ့....။..ရောမကိုခြေလျင်လာတဲ့ ပေပွနေတဲ့ ရသေ့တွေဟာ ဝက်ခြံထဲမှာ ညအိပ်ကြရရှာတယ်...။မနက်ကျတော့🌄...ပုပ်ရဟန်းမင်းကြီးက ဝင်ခွင့်ပေးပြီး အသင်းဂိုဏ်းကိုခွင့်ပြုကာ ကောင်းချီးပေးခဲ့တာ်...။ပြီးတော့ ဖရန်စသ်ရဲ့ခြေထောက်ကို နမ်းခဲ့သတဲ့..
ပုပ်ရဟန်းမင်းကြီးက ပြောတယ်....။"ညက အိမ်မက်ထဲမှာ လူငယ်လေးတစ်ဦးဟာ ပြိုကျတော့မယ့် ဘုရားကျောင်းကြီးကို⛪ သူ့ပုခုံးလေးတွေနဲ့ ထမ်းထားတယ်..။အဲ့ဒီလူငယ်ဟာ.. ခုနက ရသေ့ပဲ.."တဲ့...

🖤 ခရစ္စမတ်တင်းကုပ်များစတင်ရာ
၁၂၂၀ခုနှစ် ခရစ္စမတ်အချိန်..။နယ်လှည့်တဲ့ စိန်ဖရန်စစ်ဟာ နွားအစစ်၊သိုးအစစ်တွေနဲ့ ခရစ္စမတ်နွားတင်းကုပ်လေးကို ပြုလုပ်ပေးခဲ့တယ်..။အဲ့ဒီအချိန်က စတင်ခဲ့တဲ့ ဓလေ့ကြောင့်...ခုချိန်ထိ ကက်သလစ်တွေဟာ ခရစ္စမတ်အချိန်ဆို တင်းကုပ်လေးတွေ ပြုလုပ်ကြစမြဲ

ငြိမ်းချမ်းရေးရဲ့တမန်တော်....🕊🕊
မူဆလင်တွေနဲ့ဖြစ်တဲ့ ခရူးစိတ်စစ်ပွဲ ငါးကြိမ်မြောက်မှာ ​ငြိမ်းချမ်းရေးရဖို့... အီဂျစ်ကိုသွားတွေ့ခဲ့တယ်...။သူနဲ့သူ့အဖော်ရသေ့ဟာ ခြေကျင်ခရီးနဲ့သွားရောက်ပြီး အရိုက်အနှက်တွေခံရပြီး နောက်မှာ... ဆူလ်တန်ဘုရင်ရှေ့ရောက်လာကြတယ်....။ဘုရင်ကြီးဟာ သူသိမ်းပိုက်ထားတဲ့ သန့်ရှင်းသောမြေဂျေရုဆလင်ဒေသမှာ ဖရန်စစ္စကန်များ နေထိုင်ခွင့်နဲ့ တရားဟောခွင့်ကို ပေးခဲ့တယ်..။အခုချိန်ထိ သန့်ရှင်းရာမြေကို ဖရန်စစ္စကန်တွေက ထိန်းသိမ်းနေကြဆဲ....
ဆိုတော့..ငြိမ်းချမ်းရေးအတွက် မှိုင်းမတဲ့ ရဟန္တာဖြစ်လာတယ်😇

🖤ဒဏ်ရာတော်ငါးချက်ပိုင်ရှင်
စိန်ဖရန်စစ်ဟာ တောင်ပေါ်မှာ ရက်ပေါင်းလေးဆယ်အစာရှောင်ဆုတောင်းပြီးနောက်မှာ... ခရစ်တော်ရဲ့ဒဏ်ရာတော်တွေကို ရရှိခဲ့တယ်..။အတောင်ခြောက်ခုပါတဲ့ ဆေရာဗိမ်သိကြားမင်းဟာ... လှံနဲ့နံဘေးကို ထိုးဖောက်ခဲ့သတဲ့...။ဒီဒဏ်ရာတော်တွေကို သူ့ရဲ့တစ်သက်လုံး ခံထမ်းသွားခဲ့တယ်....💔💔

သီချင်းသည်ရဲ့နေဝင်ချိန်🌅🌅
ချီးမွမ်းသီချင်းရာပေါင်းများစွာကိုရေးသားခဲ့သူ အဖစိန်ဖရန်စစ်ဟာ...၁၂၂၆ခု..သက်တော်၄၄နှစ်အရွယ်မှာ ထာဝရအသက်သို့ ကူးပြောင်းခဲ့ပါတယ်...။
နောက်လိုက်တွေထဲမှာ ဘုန်းတော်ကြီးတွေရှိနေပေမယ့်...."ခရစ်တော်ရဲ့အသွေးအသားကိုဖန်ဆင်းဖို့ မထိုက်တန်ပါဘူး.."လို့ နှိမ့်ချစွာ ခံယူပြီး ဦးပဥ္ဇင်း(deacon)အနေနဲ့သာ.. .နေထိုင်ခဲ့ပါတယ်...။

ဖရန်စစ္စကင်းဂိုဏ်းမှာ အဆင့်၃ ခုရှိပါတယ်..။ပထမဂိုဏ်းကတော့...OFM,Capuchins,(သေးငယ်သောဖရန်စစ္စကင်ရဟန်းအသင်းဖြစ်ပြီး..စိန့်ပါဒြေပီးအို၊စိန့်အန်ထော်နီစတဲ့ ရဟန္တာတွေ ပေါ်ထွက်ခဲ့ပါတယ်✝

ဒုတိယအသင်းကတော့....စိန့်ကလဲသီလရှင်များဖြစ်ပြီး အိမ်ထဲမှာပဲ တရားအားထုတ်ကြပါတယ်။

တတိယအဆင့်ထဲမှာတော့ စိန်ဖရန်စစ်ကိုအတုယူတဲ့ ဂိုဏ်းအများကြီးပါဝင်ပါတယ်။...Franciscan Missionaries of Mary (FMM) စစ္စတာတွေလဲ ဒီထဲမှာပါဝင်ပါတယ်..။..😘😘နောက်ပြီးတော့ သာမန်ဘာသာဝင်တွေအတွက် OFSဆိုတဲ့ အသင်းလဲ ရှိပါတယ်။ FSAG လို့ခေါ်တဲ့ စိန့်အလွိုက်ရှက်စ် သီလရှင်တွေလဲ တတိယဂိုဏ်းထဲမှာ ပါပါတယ်...။
.... ငြိမ်းချမ်းရေး၏တမန်တော် အဖစိန်ဖရန်စစ်....
မြန်မာပြည်အတွက် ဆုတောင်းပေးတော်မူပါ

Today is "Feast of St.Francis of Assisi " 🙏စိန်ဖရန်စစ် အာစီစီ ၏ ဆုတောင်းမေတ္တာ 🙏****************************************...
04/10/2025

Today is "Feast of St.Francis of Assisi "

🙏စိန်ဖရန်စစ် အာစီစီ ၏ ဆုတောင်းမေတ္တာ 🙏***********************************************
အို... ခရစ္ဆတူးသခင်၊
အကျွန်ုပ်ကို ကိုယ်တော်၏ ငြိမ်းချမ်းရေး ကိရိယာဖြစ်စေတော်မူပါ။ ✌️
မုန်းတီးခြင်းကို ချစ်ခြင်းဖြင့်လည်းကောင်း💙
ထိခိုက်ပြစ်မှားခြင်းကို ခွင့်လွှတ်ခြင်းဖြင့်လည်းကောင်း🤝
ယုံမှားသံသယဖြစ်ခြင်းကို ယုံကြည်ခြင်းဖြင့်လည်းကောင်း❣️
စိတ်ပျက်အားငယ်ခြင်းကို မျှော်လင့်ခြင်းဖြင့်လည်းကောင်း💚
အမိုက်မှောင်ကို အလင်းဖြင့်လည်းကောင်း⭐
ကြေကွဲဝမ်းနည်းခြင်းကို ဝမ်းမြောက်ရွှင်လန်းခြင်းဖြင့်လည်းကောင်း🎶
တုံ့ပြန်နိုင်ရန် အားတန်ခိုး ကျေးဇူးကို ပေးသနားတော်မူပါ။🙏

အို ...ခရစ္ဆတူးသခင်၊ အကျွန်ုပ်သည် သူတစ်ပါး၏ နှစ်သိမ့်အားပေးခြင်းကို ခံရန်ရှာဖွေခြင်းထက် သူတစ်ပါးအားနှစ်သိမ့်အားပေးရန် ကြိုးစားခြင်းကိုလည်းကောင်း 💙
သူတစ်ပါးက အကျွန်ုပ်အပေါ်၌ သိတတ်နားလည်ရန် ရှာဖွေခြင်းထက် အကျွန်ုပ်က သူတစ်ပါးအပေါ်၌ သိနားလည်ရန် ကြိုးစားခြင်းကို လည်းကောင်း💚
သူတစ်ပါးက အကျွန်ုပ်အပေါ် ချစ်မြတ်နိုးရန် ရှာဖွေခြင်းထက် သူတစ်ပါးအား ချစ်မြတ်နိုးနိုင်ရန်ကြိုးစားခြင်းကိုလည်းကောင်း
ပြုနိုင်ရန် အကျွန်ုပ်အား ကူညီစောင်မတော်မူပါ။🙏🙏🙏

အကြောင်းမူကား... ပေးကမ်းခြင်းဖြင့်သာလျှင် ကျွန်ုပ်တို့ ရရှိကြပြီး
ခွင့်လွှတ်ခြင်းဖြင့်သာလျှင် ကျွန်ုပ်တို့သည် ခွင့်လွတ်ခြင်းခံရကာ
သေဆုံးခြင်းဖြင့်သာလျှင် ကျွန်ုပ်တို့သည် ထာဝရ အသက်သို့ မွေးဖွားခြင်းခံကြရပါစေ သတည်း။ အာမင်။

စိန်ဖရန်စစ် အာစီစီ...
ကျွန်ုပ်တို့ အဖို့ငှာ ဆုတောင်းပေးတော်မူပါ။

အောက်တိုဘာလ (၄)ရက်နေ့သည် စိန်ဖရန်စစ်၏ပွဲနေ့ဖြစ်သည်။

Address

No-131, Kyaik Ka San Road, Tamwe Township
Yangon

Telephone

+959950421580

Website

Alerts

Be the first to know and let us send you an email when St.Francis of Assisi Church,Tamwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to St.Francis of Assisi Church,Tamwe:

Share