ဗုဒၶဘာသာ

ဗုဒၶဘာသာ This page is to gain knowledge about Buddhism for the Buddhist s

ကျနော်တို့ ပုထုဇဉ်တွေက ပကတိ မျက်စိ ဖြင့်မြင်တာကိုသာ အမှန်အဖြစ် အတည်ပြုကြလေ့ရှိပါတယ်။ ဝိပဿနာ ရှုမည်ဆိုလျှင် ပကတိ မျက်စိ န...
12/06/2021

ကျနော်တို့ ပုထုဇဉ်တွေက ပကတိ မျက်စိ ဖြင့်မြင်တာကိုသာ အမှန်အဖြစ် အတည်ပြုကြလေ့ရှိပါတယ်။

ဝိပဿနာ ရှုမည်ဆိုလျှင် ပကတိ မျက်စိ နား စသည့်တို့ဖြင့် သိရသမျှသည် ဝိပဿနာရူ့ရန်မဟုတ် ဟု သွယ်ဝိုက်ဆိုထားသော ပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားသော '' Concept and reality '' တွင်နားကြားခဲ့ရသော မှတ်သားစရာ အချို့ ကို မေတ္တာစေတနာဖြင့် ကောက်နုတ်တင်ပြပါ့မယ်။

ရှေးဦးစွာ ဆရာတော်ကြီးက ဝိပဿနာဆိုတာတဲ့'' ဝိ'' ဆိုတာ different လို့ ဘာသာပြန်ပါတယ်။ ပဿန ကိုတော့ seeing လို့ ဘာသာပြန်ပါတယ်။ နှစ်ခု ပေါင်းလိုက်တော့ different seeing လို့ပြန်ထားပါတယ်။

ဝိပဿနာသည် that is special seeing , Vipassana is seeing in different way, not the common way .လို့ ဆိုထားပါတယ်။

ကျနော်တို့တွေ သစ်ပင်မြင် သစ်ပင်ပဲ။ လူမြင်လူပဲ။ ဒီလို အမြင်ကို ဆရာတော်ကြီးက ဒါ seeing in common way. သမရိုးကျမြင်ပုံတဲ့။ ဝိပဿနာ ဟာ ဒီလိုမဟုတ်ဘူးတဲ့ '''ဝိသေသတော '' seeing in different way တဲ့။

ဒါဆိုကျနော်တို့မြင်တဲ့ သစ်ပင်မြင််သစ်ပင်လို့ပဲထင်တယ်။ လူမြင် လူလို့ထင်တယ်။ မိန်းမမြင် မိန်းမ လို့ထင့်တယ် ယောက်ျားမြင် ယောက်ျားလို့ထင်တယ်။ ဆရာတော်ကြီးက we think ဆိုတဲ့ စကားလုံးနဲ့ ဘာသာပြန်သွားပါတယ်။ ဒါဟာ အထင်ပဲ ဆိုတဲ့သဘော။

သို့သော်လည်း အထင်ကို တကယ်ထင်နေတယ်ဆိုတာ စိတ်မှာဖြစ်တာ ဆိုတာကို သေသေခြာခြာ လက်ခံယုံကြည်ဖို့ ခက်ခဲနေကြမည့်သူ တစ်ဦးတလေ ရှိနိုင်ကောင်းရဲ့။ ယခုလို ကြည်ညိုလေးစားရသော ဆရာတော်ကြီး က ဟောပြောလျှင်တောဖြင့့် စဉ်းစား ချင့်ချိန် ထပ်ခါထပ်ခါ ဆင်ခြင်ပြီး လက်ခံနိုင်စရာ ရှိမည်ဟုယူဆပြီး ဓမ္မဒါနပြုခြင်းပါ။

''Actually, we do not see these things .We see only visible object, tree,man,woman are just imagenary,mental pictures.These are mental pictures.very quickly.That is very quick.'' အတော့်ကို လျှင်လျှင်မြန်မြန်နဲ့ စိတ်မှာထင်တဲ့ ပုံတဲ့။ ဒါကျနော်တို့ ပုထုဇဉ်တွေ အဆင်းကိုမြင်သော်လည်း အလွန်လျှင်မြန်သော ကာလကလေးအတွင်းမှာပဲ မိန်းမ ယောက်ျားလို့ တန်းပြီး စိတ်မှာပုံရိပ်ထင်တယ်။ ဒါဆို ကျနော်တို့ ပကတိမျက်စိနဲ့ မြင်သမျှဟာ အထင်ပေါ့ ။ အထင်မျှပဲပေါ့။ တကယ်မြင်ရမှာက အဆင်း။ မြင်တာကို ထင်နေတာက စိတ်အထင်။

တဖန်ဆရာတော်ကြီးက concept is created by mind တဲ့။ ရှင်းနေတာပဲ ပညတ်ဆိုတာ စိတ်က ဖန်တီးထားတာပါတဲ။

ပရမတ္ထ, the ultimate reality is not created by mind. ပရမတ်ကတော့ စိတ်က ဖန်တီးတာမဟုတ်ဖူးတဲ့။
မျက်လုံး နဲ့ မြင်ပြီးနောက် မိန်းမ ယောက်ျား စသည့် ပညတ်တွေကိုတော့ ဆရာတော်ကြီးက mental pictures တွေပါတဲ့ စိတ်ကဖန်တီးထားတဲ့။ တွေးထင်တွေးကြံတွေပါတဲ့ mental pictures are imaginary.That is concept ''ပညတ္တိ '' တဲ့။ စိတ်အထင်မျှပဲတဲ့။ ကျနော်တို့ ဟာ ပညတ်တွေနဲ့ပဲရှင်သန်နေကြတာပါတဲ့။ ပညတ်နဲ့ပဲ ပြောဆိုနေထိုင်နေကြပါတယ်တဲ့။

ဒီတော့ကာ ဝိပဿနာ အားထုတ်ကြမည့် ကျနော်တို့လို ပုထုဇဉ် များအတွက် ညာတပရိညာ အနေ နဲ့ ကျနော်တို့မြင်သမျှဟာ စိတ်အထင်မျှ ပဲ ဆိုတာ အခြေခံအားဖြင့် သိထားသင့်တယ်လို့ ယူဆပြီး ဓမ္မဒါနပြုခြင်းပါ။

google မှာ mp3 file download လုပ်ပြီးလဲ နာကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဘာကြွေးမှ မတင်မိစေနဲ့____________________အကြွေးဆိုတာ တင်ရင် ပြန်ဆပ်ရတယ်။ ဒီဘဝဆပ်ချင်ဆပ်၊ ဒီဘဝ မဆပ်ရင် နောက်ဘဝ ပြန်ဆပ်ရမှ...
01/12/2020

ဘာကြွေးမှ မတင်မိစေနဲ့
____________________

အကြွေးဆိုတာ တင်ရင် ပြန်ဆပ်ရတယ်။ ဒီဘဝဆပ်ချင်ဆပ်၊ ဒီဘဝ မဆပ်ရင် နောက်ဘဝ ပြန်ဆပ်ရမှာပဲ။ ဒါကြောင့် ဘာကြွေးမှ မတင်တာ အကောင်းဆုံးပါ။

အကြွေး ၃- မျိုး ရှိတယ်လို့ မှတ်ပါ။ ဥစ္စာကြွေး, နှုတ်ကြွေး, ဝဋ်ကြွေးတို့ပဲ ဖြစ်ပါတယ်။ အဲဒီ ၃- မျိုးထဲမှာ ဝဋ်ကြွေးက ကြောက်စရာ အကောင်းဆုံးပဲ။ ဘာကြောင့်လဲ၊ ဝဋ်ကြွေးက ဘဝပေါင်း မြောက်များစွာ ပြန်ဆပ်ရတယ်လေ။

မြတ်စွာဘုရားသည်ပင် အတိတ်က လုပ်ခဲ့တဲ့ အကုသိုလ်တွေကို ပြန်ဆပ်ခဲ့ရတယ်။ အဲဒါကိုပဲ " ဝိပါက်တော်" လို့ ခေါ်ပါတယ်။ "ဝိပါက်တော် ဆယ့်နှစ်ပါး" ဆိုတာ မြတ်စွာဘုရား ပြန်ဆပ်ရတဲ့ ဝဋ်ကြွေးတွေပဲ ဖြစ်ပါတယ်။

ဥစ္စာကြွေး
-----------

ပစ္စည်းဥစ္စာ ချေးငှါးပြီး ပြန်မပေးရင် "ကြွေး" တင်သွားတယ်။ အဲဒါကို "ဥစ္စာကြွေး" လို့ ခေါ်တယ်။ ဥစ္စာကြွေးတင်ရင် ပိုင်ရှင်ကို ပြန်ပြီးတော့ ဆပ်ရတယ်။

အကယ်၍ ဒီဘဝမှာ မဆပ်ပါက နောက်နောင်ဘဝတွေမှာ ပြန်ဆပ်ရတယ်။ တချို့ဆိုရင် ကြွေးရှင်ထံမှာ ကျွဲတို့ နွားတို့ အစေခံတို့ ဖြစ်ပြီး ပြန်ဆပ်ရတယ်တဲ့။ ဒါကြောင့် " ဥစ္စာကြွေးတင်ရင် သူ့ကျွန် ဖြစ်တတ်တယ်" လို့ မှတ်ပါ။

တောင်တွင်းကြီးဘက်မှာ လူဝင်စားတစ်ယောက် ရှိခဲ့ဖူးတယ်။ သူဟာ အတိတ်က သူ့မိတ်ဆွေဆီကနေ ဆန်ကို အကြွေးယူတယ်။ အကြွေးယူထားတဲ့ ဆန် ပြန်မဆပ်ရသေးခင်မှာ မြွေကိုက်လို့ သေသွားတယ်။

သေတဲ့အခါ ကြွေးရှင်ထံမှာ နွားဖြစ်ရတယ်။ နွားဘဝကနေ သေတော့မှ လူပြန်ဖြစ်တယ်။ လူပြန်ဖြစ်တဲ့အခါ အဲဒီအကြောင်းတွေ အကုန်မှတ်မိနေတော့ လူဝင်စားကလေးက မိဘတွေကို ပြောပြလိုက်တယ်။ မိဘတွေကို ပြောပြတော့ စုံစမ်းတဲ့အခါ ကလေးပြောတဲ့အတိုင်း မှန်နေတယ်။ ဒါနဲ့ သူယူခဲ့တဲ့ ကြွေးကို ပြန်ဆပ်လိုက်တယ်တဲ့။

ဒါကြောင့် တစ်ယောက်ယောက်ကို ပေးစရာ ရှိရင် ဒီဘဝမှာတင် ပေးနိုင်အောင် ကြိုးစားပါ။ ဘယ်လိုမှ မပေးနိုင်ပါက ပြန် တောင်းပန်ပါ။ တောင်းပန်လိုက်တော့ အကြွေး မတင်တော့ဘူး။ တောင်းပန်ခြင်းဟာ ပညာရှိသူတော်ကောင်းတို့ရဲ့ ကျင့်စဉ်တစ်ခုပါပဲ။

နှုတ်ကြွေး
------------

"ကတိ" ဆိုတာ အင်မတန် အရေးကြီးတယ်။ ဒါကြောင့် ကတိကို အလွယ်တကူ မပေးရဘူး။ တစ်ယောက်ယောက်ကို ကတိပေးပြီး ဘာမှ လုပ်မပေးရင် "နှုတ်ကြွေး" တင်သွားတယ်။

ဒါကြောင့် မန်လည်ဆရာတော်ကြီးက “မင်းမှာသစ္စာ၊ လူမှာကတိ၊ ဆိုရိုးရှိတိုင်း၊ မြဲဘိဘယ်ခါ၊ မချွတ်ရာဘူး။ ။ အကုသိုလ်မှာ၊ မုသာဝါဒ၊ ကုသိုလ်မှကား၊ သစ္စဝါစာ၊ လေးဆုံးသာတည်း" လို့ မိန့်တော်မူခဲ့တယ်။

နှုတ်ကြွေးတင်ရင် စီးပွားလုပ်တဲ့အခါ အဆင်မပြေတော့ဘူး။ တချို့ဆိုရင် ဘာလုပ်လုပ် အဆင်မပြေတော့ဘူး။ ဒါကြောင့် နှုတ်ကြွေး မတင်မိစေနဲ့။

ဒီနေရာမှာ ကတိတည်, မတည်နှင့် ပတ်သက်ပြီး အကျိုး ၄- မျိုး မှတ်ထားရမယ်။

(၁) တချို့လူတွေ စီးပွားရေး လုပ်တယ်။ အဆင်မပြေဘူးတဲ့။ အတိတ်က အကူအညီ ပေးမယ်လို့ ပြောပြီး မပေးခဲ့လို့ပါ။ ကတိပျက်ခဲ့တယ်ပေါ့။ ကတိဖျက်တဲ့ အကုသိုလ်ကြောင့် အဆင်မပြေတာတဲ့။

(၂) တချို့ လူတွေ စီးပွားရေး လုပ်တယ်။ မှန်းသလောက် အဆင်မပြေဘူးတဲ့။ နည်းနည်းပဲ အဆင်ပြေတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးတဲ့။ အတိတ်က အကူအညီ ပေးမယ်လို့ ပြောပြီး နည်းနည်းပဲ ပေးခဲ့ပါ။ ကတိတစ်၀က်ပဲ တည်တယ်ပေါ့။

(၃) တချို့ လူတွေ စီးပွားရေး လုပ်တယ်။ မှန်းသလောက်အဆင်ပြေတယ်။ အတိတ်က အကူအညီ ပေးမယ်လို့ ကတိပေးတဲ့အတိုင်း အကူအညီ ပေးခဲ့လို့ပါ။ ကတိ တည်တယ်ပေါ့။ ဒါကြောင့် မှန်းသလောက် အဆင်ပြေတာ။

(၄) တချို့လူတွေ စီးပွားရေး လုပ်တယ်။ မှန်းတာထက် ပိုအဆင်ပြေတယ်တဲ့။ အတိတ်က ကတိပေးတာထက် ပိုပြီး အကူအညီ ပေးခဲ့လို့ပါ။ ဒါကြောင့် မှန်းတာထက် ပိုပြီးတော့ အဆင်ပြေသွားတယ်။ တစ်ရာ မှန်းထားပေမဲ့ တစ်ထောင် ရသွားတယ်ပေါ့။

ဒါကြောင့် ကတိပေးပြီးရင် ဘယ်တော့မှ မပျက်စေနဲ့။ အကယ်၍ ကတိပျက်သွားရင်လည်း ပြန် တောင်းပန်ရမယ်။ ဒါဆိုရင် အကြွေးမတင်တော့ဘူး။

ဝဋ်ကြွေး
----------

ကိုယ်ချင်းစာတရား ကင်းမဲ့ပြီး ဒုစရိုက်လုပ်မိရင် " ဝဋ်ကြွေး" တင်သွားတယ်။ ဝဋ်ကြွေးတင်ရင်တော့ ဘဝပေါင်းများစွာ ပြန်ဆပ်ရတယ်။ ဒါကြောင်း အကြွေးသုံးမျိုးထဲမှာ ဝဋ်ကြွေးက အဆိုးဆုံးပဲ။

ဘုရားလက်ထက်တော်က သာမာဝတီမိဖုရားကြီးဆိုရင် ဝဋ်ကြွေးကြောင့် အသတ်ခံခဲ့ရတယ်။ မိဖုရားကြီးဟာ ဘုရားမြတ်စွာကို အလွန်ကြည်ညိုတယ်။ မေတ္တာတရား ကြီးမားတဲ့နေရာမှာတော့ တကယ့် စံပြပဲ။ ဒါပေမဲ့ ကံမကောင်းရှာဘူး။

သူ့ကို မာဂဏ္ဍီမိဖုရားက မျက်မုန်းကျိုးနေတယ်။ ဒီတော့ အမျိုးမျိုး သေကြောင်း ကြံတယ်။ နောက်ဆုံး သာမာဝတီကို မီးရှို့ပြီး အသတ်ခိုင်းလိုက်တယ်။ ဒါကြောင့် သာမာဝတီမိဖုရားကြီးဟာ မရှုမလှ ဘဝနိဂုံးချုပ်ရတယ်။

လွန်ခဲ့တဲ့ ဘဝတစ်ခုက သာမာဝတီလောင်းလျာ အမျိုးသမီးဟာ တခြားအမျိုးသမီးတွေနှင့်အတူ မီးလှုံချင်လို့ ဆိုပြီး ခြုံတွေကို မီးရှို့တယ်။ ခြုံတစ်ခုရဲ့အောက်မှာ ပစ္စေကဗုဒ္ဓတစ်ပါး စျာန်သမာပတ် ဝင်စားနေတယ်။ အဲဒါကို သူတို့ မသိရှာဘူး။ ခြုံတွေ မီးလောင်တော့မှ ခြုံအောက်မှာ ပစ္စေကဗုဒ္ဓ ရှိမှန်း သိသွားကြတယ်။

အဲဒီနောက် " ဒီပစ္စေကဗုဒ္ဓ အရှင်မြတ်ကို ဘုရင်က ကိုးကွယ်နေတာ၊ ဘုရင်သိရင်တော့ မလွယ်ဘူး၊ ကဲ အခုမှတော့ မထူးတော့ဘူး" ဆိုပြီး ပစ္စေကဗုဒ္ဓကိုပါ မီးရှို့လိုက်ကြတယ်။ ပစ္စေကဗုဒ္ဓကတော့ တရားတန်ခိုးဖြင့် တခြားနေရာ ကြွသွားတယ်။

အဲဒီဝဋ်ကျွေးကြောင့် သာမာဝတီလောင်းလျာ အမျိုးသမီးဟာ ငရဲကျသွားတယ်။ ငရဲက လွတ်မြောက်တဲ့အခါ မီးရှို့ပြီး အသတ်ခံရတာပဲ။

ဒါကြောင့် "သူများကို အနိုင်ယူဖို့ ဘယ်တော့မှ မကြိုးစားနဲ့၊ ဝဋ်ကြွေးဆိုတာ ကျိန်စာထက် ပို ကြောက်စရာ ကောင်းတယ်"တဲ့။ မိမိတို့ သတိထားရမည့် အချက်ပါပဲ။

ဒါကြောင့် ဘာကြွေးမှ မတင်အောင် ကြိုးစားရမယ်။ ဘာကြွေးမှ မတင်မှ စိတ်ထဲ ရှင်းသွားတယ်။ စိတ်ထဲရှင်းသွားရင် ပီတိပဲ။ ပီတိဖြစ်လေ ဘဝက ငြိမ်းချမ်းလေပဲ ဖြစ်ပါတယ်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

🙏ကိုယ်တွေးမိသော ဒါန မျိုးစေ့ 🙏ဒီရက်ပိုင်း ရပ်ကွက်ထဲ ပဒေသာပင်အတွက် အလှူခံ မဏ္ဠာ ကနေ လော်နဲ့အော်နေကြတယ်။ အလှူခံ ဌာနမှာလည်း...
29/11/2020

🙏ကိုယ်တွေးမိသော ဒါန မျိုးစေ့ 🙏

ဒီရက်ပိုင်း ရပ်ကွက်ထဲ ပဒေသာပင်အတွက် အလှူခံ မဏ္ဠာ ကနေ လော်နဲ့အော်နေကြတယ်။ အလှူခံ ဌာနမှာလည်း လူပျိုပေါက်ကလေးငယ်တွေ ဝတ်ကောင်းစားလှလေးတွေနဲ့ ထိုင်နေကြတာမြင်ရတာပေါ့။ ဒါဟာအခုခေတ်မှမဟုတ်ပါဘူးလေ။ ကိုယ်တွေ ငယ်ငယ်ကတည်းက ရှိတတ်တဲ့ အလေ့အထ တစ်ခုလိုဖြစ်နေပါပြီ။ ဒီလိုနဲ့ ရှေ့က လူကြီးတွေ အသက်ကြီးလာတဲ့အခါ အခုချိန် ဟေးဟေးဟားဟား ကလေးတွေကပဲ လူကြီးတွေဖြစ်လို့ ကုသိုလ်အရေးအတွက် လက်ဆင့်ကမ်းကြရပြန်တယ်။ ဒါဟာ ကိုယ်တွေးမိနေတဲ့ ဒါနမျိုးစေ့ ကြဲချခဲ့သူများပေါ့။ ဒါမျိုးက တတ်သစ်စ လူငယ်တွေအတွက် အရပ်ကလှုံ့ဆော်ပေးတဲ့၊ အပေါင်းအသင်းက လှုံ့ဆော်ပေးတဲ့ ဒါနမျိုးစေ့ဖြစ်ပါတယ်။

ကိုယ်တွေးမိသွားတာက မိဘကနေ သားသမီးကိုပေးမဲ့ ဒါနမျိုးစေ့ပါ။

ဒါဟာ အရမ်း အရေးကြီးပါတယ်။ ကလေးငယ်ဘဝတည်းက ဒါနမျိုးစေ့ မသိခဲ့ဘူး သီလမျိုးစေ့ မထိတွေ့ခဲ့ရဘူးဆိုရင် တစ်ကိုယ်ရည် ရိုင်းပြတတ်ရာကနေ ယနေ့ခေတ် ဖြစ်ပေါ်နေတဲ့ ဘာသာရေး အထိကရုန်း နှိုးဆော်သူတစ်ယောက်ပါ ဖြစ်လာနိုင်တယ်လို့ တွေးမိတာမို့ပါ။

မိဘများအနေနဲ့ အလှူအတန်းပေးလှူတဲ့အခါ၊ အခုလိုမျိုး ကထိန်းအလှူမျိုးမှာ “မေမေတော့ လမ်းထိပ် ကထိန်မှာ ငွေဘယ်လောက် လှူခဲ့တယ်” ဆိုတာမျိုးထက် သားသမီးလက်ကိုဆွဲလို့ အလှူအတန်း အတူလုပ်ပေးတာမျိုးလုပ်သင့်တယ်။ သမီးရော ဘယ်လောက်လှူမလဲဆိုပြီး အလှူအတွက် လှုံ့ဆော်ပေးရမယ်။ နောက်ပြီး ပဒေသာပင် ဒါကလည်း အကောင်းဆုံးအမှတ်တရတွေ ပေးနိုင်တဲ့အရာပါ။ ကိုယ်တွေငယ်ငယ်က လမ်းထိပ်မှာ ပဒေသာပင် ထောင်ထားပြီဆိုတာနဲ့ မုန့်ဖိုးလေး ရသလောက် စုဆောင်းပြီး နိုင်တာလေးတွေ ဝယ်လို့ ပဒေသာပင် သီးခဲ့ကြတာ။ အများကြီး မလှူနိုင်ခဲ့ပေမဲ့ ၅ လုံးတွဲ ဆွမ်းဟင်းခွက်လေးတွေ၊ ရေခွက် + သွားတိုက်တံ၊ ဆပ်ပြာမှုန့်ထုတ်တွေ၊ လက်ကိုင်ပုဝါ သဘက်ပိုင်းစလေးတွေ အဲ့လိုမျိုးလေးတွေ ဝယ်ပြီး ပဒေဿာပင် သီးခဲ့ကြတယ်။ လမ်းထိပ်ထွက်တိုင်း ချိတ်ဆွဲထားတဲ့ ကိုယ့်အလှူ ပစ္စည်းလေးတွေကြည့်ရုံမက ပြုံးစိစိနဲ့ သွားတို့ကြည့်ရသေးတာ။ အခုထိ တွေးကြည့်မိရင် ပီတိဖြစ်ရတယ်။ အဲ့ဒါကြောင့် မိဘတွေအနေနဲ့ ကလေးငယ်တွေကို မေမေတော့ ဘာပစ္စည်းလေး လှူမယ်၊ သမီးရောမုန့်ဖိုးလေးစုပြီး တတ်နိုင်တာလေးဝယ် မေမေတို့ အတူတူ လမ်းထိပ်မှာ ပဒေသာပင်သီးရအောင်လို့ဆိုတဲ့ အလေ့အကျင့်လေးတစ်ခုကို ဒါနမျိုးစေ့အဖြစ် ချပေးစေချင်တာပါ။

ပံ့သကူအလှူမျိုးမှာလည်း ဒီနေ့ခေတ်လို ဟို pay, ဒီ pay တွေကနေ ပံ့သကူပြစ်တာ၊ ပိုက်ဆံလေးတွေ ပလတ်စတစ်အိတ်ထဲ ထည့်ပြီး ပံ့သကူပစ်တာမျိုးတွေ ကောင်းပါတယ်။ ဒီ့ထက်ကောင်းတာက ပံ့သကူဆိုတဲ့ အဓိပ္ပါယ်ကို မှားယွင်းစွာ သတိမထားမိအောင် ရှင်းပြရင်း သားတို့ သမီးတို့ရဲ့ မဆော့ဖြစ်တော့တဲ့ ဆော့စရာလေးတွေ၊ အဝတ်အစား အနွေးထည်လေးတွေ၊ မသုံးဖြစ်တော့မဲ့ အသုံးအဆောင်လေးတွေကို စနစ်တကျ သန့်ရှင်း သပ်ရပ်စွာ ထုတ်ပိုးလို့ ပံ့သကူပစ်တာကို နားလည်ပြီး ခံစားတတ်အောင် သင်ပြရင်း ဒါနမျိုးစေ့ ကြဲဖြန့်ပေးနိုင်သေးတယ်လေ။

သားသမီးမရှိတဲ့ အပျိုးကြီးတစ်ယောက်ရဲ့ တွေးမိတွေးရာတွေမို့ သားသမီးပိုင် မေမေ၊ ဖေဖေတို့ကို ဆရာလုပ်မိတယ်ဆိုရင် တောင်းပန်ပါတယ်။ မှားယွင်းပြီး လိုအပ်ချက်များရှိရင် ပြင်ဆင် ဖြည့်စွက်ပေးကြပါဦးရှင့်။

ကလေးများအတွက် သီလမျိုးစေ့အကြောင်း ထပ်ရေးပါဦးမည်။

#ဆောင်းနှင်းပန်း
29. 11. 2020
#တန်ဆောင်မုန်းလပြည့်နေ့
#ဒါနမျိုးစေ့

ဘုရားလက်ထက်တော်အခါက_မြတ်စွာဘုရားရှင်ဟာ သုဿာန်မှာ စွန့်ပစ်ထားတဲ့ အလောင်းကိုယ်ပေါ်က အဝတ်တွေ၊ပိုးမွှား လောက်ကောင်တွေ တဖွားဖ...
28/11/2020

ဘုရားလက်ထက်တော်အခါက_
မြတ်စွာဘုရားရှင်ဟာ သုဿာန်မှာ စွန့်ပစ်ထားတဲ့ အလောင်းကိုယ်ပေါ်က အဝတ်တွေ၊
ပိုးမွှား လောက်ကောင်တွေ တဖွားဖွား တက်နေတဲ့ အဝတ်တွေကို ကောက်ယူပြီး
ကိုယ်တော်တိုင် လျှော်ဖွပ်ဆေးကြောတော်မူခဲ့ပါတယ်။

လျှော်ဖွပ်နေတဲ့အချိန်မှာ သိကြားမင်းက ကျောက်ဖျာကြီး ဖန်ဆင်းပေးတာမျိုး၊ ရေကန်ကြီး ဖန်ဆင်းပေးတာမျိုးတွေနဲ့ ကူညီစောင့်ရှာက်ပေးခဲ့ပြီး
လျှော်ဖွပ်လှမ်းပြုပြီးတဲ့ နောက်မှာတော့ သင်္ကန်းတစ်ခု ဖြစ်မြောက်သွားပါတော့တယ်။

အဲ့ဒီ သင်္ကန်းကို မြတ်စွာဘုရားရှင်က ပံ့သကူသင်္ကန်းအဖြစ်နဲ့ ရုံတော်မူပါတယ်။

မြတ်စွာဘုရားရှင်ကိုယ်တိုင် ပံ့သကူ သင်္ကန်းရုံတော်မူတဲ့အခါ
ရဟန်းတွေအများစုကလည်း ပံ့သကူသင်္ကန်းကို ရှာဖွေချုပ်လုပ် လျှော်ဖွပ်ပြီး ရုံကြတော့တာပေါ့။

ဝါတော် (၂၀) လောက် ရှိလာတဲ့အခါမှာ ဆရာဇီဝကဟာ စန္ဒပဇ္ဇောတမင်းကြီးဆီက ရခဲ့တဲ့အဝတ်တွေကို ဘုရားရှင်ကိုယ်တော်မြတ်ကို ကပ်လှူပူဇော်ခဲ့ပါတယ်။
ဒါ့အပြင် သံဃာတော်တွေကို ဒကာ ဒကာမလှူတဲ့ သင်္ကန်းခွင့်ပြုဖို့ကို ဆရာဇီဝက က ဘုရားရှင်ကို လျှောက်ထားတာကြောင့်

မြတ်စွာဘုရားရှင်က သံဃာတော်တွေအနေနဲ့ ဒါယကာ၊ ဒါယိကာမတွေ လှူဒါန်းတဲ့ သင်္ကန်းကို ခံယူခွင့်၊ သုံးဆောင်ခွင့် ပြုတော်မူခဲ့ပါတယ်။

ဒါကြောင့် "ပံ့သကူ"ဆိုတာ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် အထွက်အမြတ်ထားတော် မူခဲ့တဲ့ အရာဖြစ်ပါတယ်။🙏

ဒီနေ့ခေတ်မှာတော့ ပံ့သကူစွန့်ခြင်း၊ ပံ့သကူပစ်ခြင်း၊ ပံ့သကူလှူဒါန်းခြင်းကို
#တန်ဆောင်မုန်းလပြည့်နေ့မှာ ဗုဒ္ဓဘာသာဝင်တွေက ရိုးရာအလှူဒါနတစ်ခု အနေနဲ့ ပြုလုပ်ကြပါတယ်။

ပေးသူ၊ ယူသူ နှစ်ဦးကြည်ဖြူ ပီတိဖြစ်ရတဲ့ အလှူလေးပါ။
နည်းတယ်၊ များတယ်၊ ဟောင်းတယ်၊ သစ်တယ် သဘောမထားကြဘဲ
ဝမ်းပန်းတသာ ယူဆောင်ကြတာကလည်း ပံ့သကူအလှူရဲ့ ကြည်နူးစရာ ပြယုဂ်တစ်ခုပါပဲ။🥰

ဒါကြောင့် စာပေမိတ်ဆွေတွေကိုလည်း ဒီအစဉ်အလာလေးကို လက်ဆင့်ကမ်း မျှဝေ တင်ဆက်ပေးရင်း

နည်းနည်းပဲဖြစ်ဖြစ်၊ များများပဲဖြစ်ဖြစ် တတ်စွမ်းသလောက် ငွေကြေး၊ အစားအစာ၊ အဝတ်အထည် ၊ အသုံးအဆောင်လေးတွေကို
သဒ္ဓါကြည်ဖြူ ပံ့သကူပစ်လှူဖို့ တိုက်တွန်းလိုက်ပါရစေရှင်။

⚠️တစ်ခုလေးပဲ သတိပြုစေချင်တာကတော့
ထင်သာမြင်သာရှိတဲ့ အိတ်ကလေးတွေနဲ့ ထည့်သွင်းထုပ်ပိုးပြီး
"ပံ့သကူပစ်ပါတယ်" ဆိုတဲ့ စာလေးတော့ ကပ်ထားစေလိုပါတယ်။

လိုအပ်လို့ ကောက်ယူရရှိသူလည်း စိတ်ရှင်းလင်း အေးချမ်းရသလို
မလိုအပ်လို့ မယူဆောင်သူတွေကလည်း အလှူရှင်အပေါ် သာဓုခေါ်ဆိုပေးရင်း
ကုသိုလ်တရား ဆင့်ပွားစေတာပေါ့နော်။

🌕

Crd: ရေးမယ်

#ရေးမယ်

#ပံ့သကူ
#ပံ့သကူပစ်မယ်
#တန်ဆောင်မုန်းလပြည့်နေ့

သ ပ္ပုရိ သ ဒါ န သုတ် သူ တော် ကောင်း တို့ ၏ ပေး လှူ ခြင်း ငါး မျိုး ။ ၁ ။   ယုံ ကြည် စွာ ပေး လှူ ခြင်း ၂ ။   ရို သေ စွာ ပ...
25/11/2020

သ ပ္ပုရိ သ ဒါ န သုတ်

သူ တော် ကောင်း တို့ ၏ ပေး လှူ ခြင်း ငါး မျိုး ။

၁ ။ ယုံ ကြည် စွာ ပေး လှူ ခြင်း
၂ ။ ရို သေ စွာ ပေး လှူ ခြင်း
၃ ။ လျောက် ပတ် သော အ ခါ ၌ ပေး လှူ ခြင်း
၄ ။ ပ စ္စည်း ၌ မ ကပ် ငြိ သော စိတ် ဖြင့် ပေး လှူ ခြင်း
၅ ။ မိ မိ ကို ဖြစ် စေ ၊ သူ တစ် ပါး ကို ဖြစ် စေ မ ထိ ခိုက် စေ မူ ၍ ပေး လှူ ခြင်း

ဟူ ၍ သူ တော် ကောင်း တို့ ၏ ပေး လှူ ခြင်း ငါး ပါး ရှိ သည် ။ ထို ငါး ပါး တွင်

* ၁ ။ ယုံ ကြည် စွာ ပေး လှူ သူ သည် ထို ဒါ န အ ကျိုး ပေး ရာ ဘ ဝ တိုင်း ၌ ချမ်း သာ ကြွယ် ဝ သူ ဖြစ် ရ ၏ ။ ရုပ် အ ဆင်း လည်း တင့် တယ် ၏ ။

* ၂ ။ ရို သေ စွာ ပေး လှူ သူ သည် ထို ဒါ န ၏ အ ကျိုး ပေး ရာ ဘ ဝ တိုင်း ၌ ချမ်း သာ ကြွယ် ဝ သူ ဖြစ် ရ ၏ ။ သား မ ယား ၊ ကျေး ကျွန် ၊ အ လုပ် သ မား တို့ က လည်း သူ့ စ ကား ကို နာ ခံ တတ် ကြ သည် ။

* ၃ ။ လျောက် ပတ် သော အ ခါ ၌ ပေး လှူ သူ သည် ထို ဒါ န အ ကျိုး ပေး ရာ ဘ ဝ တိုင်း ၌ ချမ်း သာ ကြွယ် ဝ သူ ဖြစ် ရ ၏ ။ များ စွာ သော အ ကျိုး စီး ပွား တို့ သည် လို အပ် သော အ ခါ ၌ သူ့ ထံ ရောက် လာ တတ် ကြ သည် ။

* ၄ ။ ပ စ္စည်း ၌ မ ကပ် ငြိ သော စိတ် ဖြင့် ပေး လှူ သူ သည် ထို ဒါ န အ ကျိုး ပေး ရာ ဘ ဝ တိုင်း ၌ ချမ်း သာ ကြွယ် ဝ သူ ဖြစ် ရ ၏ ။ ထို သူ ၏ စိတ် သည် လည်း ကောင်း မွန် သော ကာ မ ဂုဏ် တို့ ၌ ခံ စား ရန် တိမ်း ညွှတ် ၏ ။

* ၅ ။ မိ မိ ကိုယ် ကို ဖြစ် စေ ၊ သူ တစ် ပါး ကို ဖြစ် စေ မ ထိ ခိုက် စေ မူ ၍ ပေး လှူ သူ သည် ထို ဒါ န အ ကျိုး ပေး ရာ ဘ ဝ တိုင်း ၌ ချမ်း သာ ကြွယ် ဝ သူ ဖြစ် ရ ၏ ။ မီး ၊ ရေ ၊ မင်း ၊ ခိုး သူ ၊ မ ချစ် မ နှစ် သက် အပ် သော အ မွေ ခံ ဟူ သော အ ကြောင်း တို့ ကြောင့် ထို သူ အား စည်း စိမ် ဥ စ္စာ ပျက် စီး ခြင်း မ ဖြစ် ။

ကျောင်း ဆောက် ဖို့ အ လှူ ခံ တော့ စ င်္ကာ ပူ မှာ ရောက် နေ တဲ့ တစ် ယောက် က သူ လည်း လှူ ချင် လို့ ဘယ် လို လှူ ရ မ လဲ မေး တယ် ။

သူ က ကမ်း ပေါ် မ ဆင်း ရ လို့ ဆို ပြီး လည်း ပြော တယ် ။

ကိုယ် က အ ချိန် ရ ပါ သေး တယ် လို့ ပြော တော့ လူ့ စိတ် က ပြောင်း လဲ တတ် လို့ ပါ လို့ ပြန် ပြော တယ် ။

သ ဒ္ဓါ ရှိ ရင် မ ပြောင်း လဲ ပါ ဘူး လို့ ပြန် ဖြေ လိုက် တယ် ။

မြစ် ကြီး နား က တာ ဝန် ကျ နေ တဲ့ တစ် ယောက် က လည်း သူ ရောက် နေ တဲ့ နေ ရာ က ငွေ လွှဲ လို့ မ ရ လို့ အ လှူ ပြည့် သွား မှာ စိုး လို့ သူ့ အ တွက် ချန် ထား ပေး ပါ လို့ ပြော လာ တယ် ။

လ ကုန် မှ အ လှူ ငွေ ထည့် ရင် အ ချိန် မှီ သေး လား မေး တဲ့ သူ လည်း ရှိ တယ် ။

အ လှူ ရှင် ရဲ့ ပြည့် စုံ ရ မယ် အ င်္ဂါ ၃ ရပ် ရယ် အ လှူ ခံ ပု ဂ္ဂိုလ် ရဲ့ ပု ဂ္ဂိုလ် ရဲ့ ပြည့် စုံ ရ မယ် အ င်္ဂါ ၃ ရပ် ရယ် ပြည့် စုံ ရင် အ ကျိုး ပေး က သ မု ဒ္ဒ ရာ ရေ ကို ခွက် နဲ့ ခပ် ပြီး ချိန် လို့ မ ရ သ လို ရေ တွက် လို့ မ ရ ဘူး လို့ မြတ် စွာ ဘု ရား ဟော ခဲ့ တယ် ။

အဲ့ ဒီ ထဲ က အ လှူ ရှင် ပြည့် စုံ ရ မယ့် အ င်္ဂါ သုံး ရပ် က မ လှူ ခင် ၊ လှူ စဉ် အ တွင်း နဲ့ လှူ ပြီး ဆို တဲ့ အ ချိန် သုံး ရပ် လုံး စေ တ နာ ထက် သန် နေ ရ တာ ။

အ လှူ ခံ ပု ဂ္ဂိုလ် ရဲ့ အ င်္ဂါ ၃ ပါး က ရာ ဂ ၊ လော ဘ ၊ ဒေါ သ ကို ပယ် သတ် ပြီး သူ သို့ မ ဟုတ် ပယ် သတ် ရန် ကျင့် ကြံ နေ သူ ဆို တဲ့ ပု ဂ္ဂိုလ် ကို ရည် ရွယ် တာ ။

ဒီ တော့ ဒီ အ လှူ ကို ငါ လှူ မယ် လို့ စိတ် ထဲ မှာ ရှိ နေ တာ မ လှူ ခင် ထား ရ မယ့် စေ တ နာ ( ပု ဗ္ဗ စေ တ နာ ) ထက် သန် နေ တာ ပါ ။

အ ခု လှူ မယ့် ကျောင်း က လည်း သီ လ သိ က္ခာ သ မာ ဓိ ပ ညာ ပြည့် စုံ တဲ့ တိ ပိ ဋ က ဆ ရာ တော် ကို လှူ မှာ ဆို တော့ အ လှူ ခံ ပု ဂ္ဂိုလ် ဖက် က အ င်္ဂါ ရပ် တွေ ပြည့် စုံ ပြီး သား ပါ ။

ဒါ ကြောင့် ရည် ရွယ် ထား တဲ့ အ ရာ ကို ရ အောင် လုပ် ပြီး အောင် မြင် ခဲ့ ရင် အ လှူ ရှင် ဖက် က ထား ရ မယ့် စေ တ နာ သုံး ရပ် ပြည့် ပြီ ဖြစ် လို့ အ ကျိုး များ ပါ တယ် ။

လှူ မယ် လို့ ရည် စူး ထား ပြီး ဖြစ် အောင် လှူ လိုက် တာ ပု ဗ္ဗ စေ တ နာ အား အ ရမ်း ကောင်း တဲ့ ကု သိုလ် တောင် ပို ရ ပါ တယ် ။

အ ခု လှူ နေ ကြ တဲ့ စာ ဖတ် ပ ရိ သတ် တွေ က ကျွန် တော် နဲ့ မ သိ ကြ ဘူး ။ တ ကယ် ကို စေ တ နာ ပါ ပြီး " သ ပ္ပုရိ သ ဒါ န " နဲ့ အ ညီ လှူ ဒါန်း နေ ကြ တာ ။

သ ပ္ပုရိ သ ဒါ န သုတ် ထဲ က လို သူ တော် ကောင်း တို့ ပေး လှူ ခြင်း နဲ့ ပြည့် စုံ ရင် သံ သ ရာ တစ် လျှောက် ပင် ပန်း ရ တဲ့ ဘ ဝ ကို လွတ် ကင်း နိုင် ပါ လိမ့် မယ် ။

တ ကယ် ကို စိတ် သန့် သန့် နဲ့ အ ကျိုး များ စေ တဲ့ ကု သိုလ် ကို ပြု နေ ကြ တဲ့ ကု သိုလ် ရှင် တို့ ရဲ့ အ လှူ အ ကျိုး က သံ သ ရာ ကော နိ ဗ္ဗာန် ကော အ တွက် ကောင်း မွန် တဲ့ အ ထောက် အ ပံ့ တွေ ဖြစ် သွား ကြ ပြီ ဖြစ် လို့ သာ ဓု ခေါ် ပါ တယ် ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၀ ၊ ၁၁ ၊ ၂၀၂၀

မိုး တင့် ဆွေ
၂၅ ၊ ၁၁ ၊ ၂၀၂၀
ဗု ဒ္ဓ ဟူး ။

ဖူးခဲ့ရသော ဒဏ္ဍာရီထဲမှသီလရှင်ဆရာကြီး သမီးချစ် (ခေါ်) ဒေါ်သုဓမ္မ၀တီသရ၀ဏ်(ပြည်) သူ့ဘ၀က ဒဏ္ဍာရီဆန်သည် ။ မယုံနိုင်စရာပုံပြင်...
24/11/2020

ဖူးခဲ့ရသော ဒဏ္ဍာရီထဲမှသီလရှင်ဆရာကြီး သမီးချစ် (ခေါ်) ဒေါ်သုဓမ္မ၀တီ

သရ၀ဏ်(ပြည်)

သူ့ဘ၀က ဒဏ္ဍာရီဆန်သည် ။ မယုံနိုင်စရာပုံပြင်တစ်ပုဒ်ပမာဖြစ်သည် ။အချိန်မှာ ၁၉၅၁ ခုနှစ်ခန့်ဖြစ်သည် ။ သူသည်နီပေါနိုင်ငံမှ ဂဏေသ ကုမာရီ ဟုအမည်ရသည့််ကောင်မလေးဖြစ်သည် ။ သူသည် အသက် ၁၂ နှစ်အရွယ်မှာပဲ ထေရဝါဒဗုဒ္စဘာသာ၀င်တစ်ယောက်ဖြစ်လာသည် ။ သူ့အသက်ဆယ့်လေးနှစ်ပြည့်ပြီးသောတစ်နေ့တွင် နီပေါနိုင်ငံ လာလိပူရ(ခေါ်)ပါတန်အရပ်သို့ရောက်ရှိလာသော မြန်မာဗုဒ္စဘာသာ ဘုန်းတော်ကြီး ဦးဓမ္မာဝုဓ ၏နိဗ္ဖာန်ရောက်ကြောင်းတရားတော်ကိုနာယူရရာမှ ဗုဒ္စစာပေသင်ကြားလိုသောစိတ်မှာ အလွန်ပြင်းထန်လာခဲ့သည် ။ အဆင်းရဲတကာ့အဆင်းရဲဆုံးတွင် ဗုဒ္စဘာသာကျမ်းဂန်စာပေများကိုသင်ကြားချင်ပါလျက်သင်ကြားခွင့်မရသော အဖြစ်သည် အဆင်းရဲဆုံးဖြစ်ပါသည်ဟု ဘုန်းတော်ကြီးကိုလျှောက်ထားလိုက်သည် ။ မြန်မာဘုန်းကြီးက ဂဏေသအားသနားသွားပြီး ပါဋ္ဌိစာပေများ ၊ ဗုဒ္စစာပေများသုံးလခန့်သင်ကြားပေးသည် ။ သို့သော် ဘုန်းတော်ကြီးဓမ္မာဝုဓမှာ နီပေါနိုင်ငံတွင်ထို့ထက်ကြာကြာမနေနိုင် ၊ အိန္ဒိယသို့ပြန်ကြွရမည် ။ထိုမှတစ်ဖန် မြန်မာနိုင်ငံ သို့ပြန်ကြွရမည်ဖြစ်သည် ။ထိုအကြောင်းကိုတပည့်ဖြစ်သူအားပြောပြကာ “ အကယ်၍ ဗုဒ္စစာပေသင်ကြားမှုကို တကယ်တန်း ပေါက်ရောက်စွာ အားထုတ်လိုပါက ငါတို့မြန်မာနိုင်ငံသို့ပို့ပေးနိုင်ကြောင်း ၊ မြန်မာနိုင်ငံတွင် မိန်းကလေးများအတွက် ဗုဒ္စစာပေ ပေါက်ရောက်စွာသင်ကြားပေးနေသော သီလရှင်ကျောင်းတိုက် ကြီးများရှိကြောင်း “ ဟုပြောပြပြီး ကြွလာခဲ့ရင်းဖြစ်သော အိန္ဒိယပြည် ကုသိနာရုံသို့ပြန်လည်ထွက်ခွာသွားပေသည် ။

ထိုအချိန်မှစကာ ဂဏေသကုမာရီသည် မြန်မာပြည်သို့သွား၍ ဗုဒ္စစာပေများသင်ကြားခွင့်ပြုဖို့ကို မိဘများအား တစာစာနှင့်တောင်းဆိုတော့သည် ။ သူ့မိခင်က ပြီးပြီးရောသဘောနှင့် အဖော်ပါပါက လွှတ်မည်ဟုပြောလိုက်ရာ ဂဏေသသည် သူ၏အခင်ဆုံးသူငယ်ချင်ချင်းနှစ်ဦးဖြစ်သည့် မနောဟရဒေဝီ နှင့် သုဘလက္ချမီ တို့ညီအစ်မအား သွားရောက်အဖော်စပ်လေသည် ။ထိုညီအစ်မကလည်း ဗုဒ္စစာပေများကိုသင်ယူလိုစိတ်ပြင်းထန်ကြသူများဖြစ်ရာ သူမနှင့်အတူ မြန်မာပြည်သို့သွား၍ ထေရဝါဒဗုဒ္စစာပေများသင်ကြားဖို့ကို သဘောတူကြလေသည် ။ သူ့သမီးတကယ်စိတ်ပါနေမှန်းသိသွားသောမိခင်ကြီးသည် သမီးဖြစ်သူ၏ စိတ်ဓာတ်ခိုင်မာပြတ်သားမှုကိုသိပြီးဖြစ်သောကြောင့် မြန်မာပြည်သွားမည့်ကိစ္စကိုမတားဆီးတော့ချေ ။သို့သော် ခင်ပွန်းဖြစ်သူအားပြောပြရာ ဂဏေသလေး၏ဖခင်ဖြစ်သူ သီရိမန်ဟရသမာန ခါးခါးသီးသီးဆန့်ကျင်ကန့်ကွက်သည် ။ ယခုငယ်သေးသည်ကြီးလာမှသွားဟု သောင်မတင်ရေမကျပြောသည် ။ ထိုအဖြစ်ကို ဂဏေသ က လက်မခံ ။မရေရာတာကိုထိုင်မစောင့်ချင် ။ သူ့အဖေမသိအောင်ခိုးသွားဖို့ကြံသည် ။ မအေဖြစ်သူကလည်း သူ့သမီးအလွန်စိတ်အားထက်သန်နေမှန်းသိ၍ကူညီသည် ။ ထို့ကြောင့်မိခင်အရင်းဖြစ်သူ သည် ဘုန်းတော်ကြီးထံသို့သမီးကိုအပ်နှံပါကြောင်း သမီးကိုစောင့်ရှောက်လိုက်ပါ သမီးသင်ချင်သော ဗုဒ္စစာပေသင်ကြားခွင့်ရအောင်ကူညီပါဟူသောစာတစ်စောင်ကို မြန်မာဘုန်းတော်ကြီးဦးဓမ္မာဝုဓ ထံသို့လိပ်မူပြီး စာရေးပေးလိုက်သည် ။ သားအငယ်ဖြစ်သူကိုဦးဆောင်စေလျက် သမီးနှင့်မိန်းကလေးသူငယ်ချင်းနှစ်ယောက် စုစုပေါင်းမိန်းကလေးသုံးယောက်တို့အတူ မိုးတွေရွာနေသောတစ်နေ့ နံနက်စောစောတွင် အိမ်မှ တိတ်တိတ်လေးထွက်ခွာစေတော့သည် ။ (အကျယ်သိလိုလျှင် ရဝေထွန်းရေးသော သမီးချစ်ဟူသောစာအုပ်တွင်ဖတ်ရှုပါ) ။

သူ့ကို သူ့ဖခင်နှင့်မိခင်တို့ချစ်လွန်းသဖြင့် နာမည်ပင်မခေါ်ပဲ သမီးချစ်ဟုသာခေါ်ခဲ့ကြသည် ။ သို့သော် ဗုဒ္စစာပေကိုသင်ကြားလိုသောစိတ်ထက်သန်လွန်းလှသဖြင့် အိမ်မှတိတ်တိတ်ထွက်လာခြင်းဖြစ်သည် ။ သူတို့ ဦးတည်ရာကား မြန်မာဘုန်းတော်ကြီးခေတ္တသီတင်းသုံးနေသည့် အိန္ဒိယနိုင်ငံ ကုသိနာရုံဖြစ်သည် ။ ဘုန်းတော်ကြီးကိုတွေ့သည် ။ဘုန်းတော်ကြီးကို သူ့မိခင်ကအပ်လိုက်သောစာများပြသည် ။ မိန်းကလေးသုံးယောက် မမြင်ဖူးမရောက်ဖူးသောနိုင်ငံသို့သွားဖို့စွန့်စားခဲ့ပြီ ။ အိန္ဒိယနိုင်ငံမှာ သူတို့အတွက်နိုင်ငံကူးလက်မှတ် ပါတ်စပို့ရဖို့ဘုန်းတော်ကြီးဓမ္မာဝုဓ အပြင်းအထန်ကြိုးစားသည် ။သို့သော် ကောင်မလေးသုံးယောက်မှာ အသက်မပြည့်သေးသဖြင့် ပါတ်စပို့လုပ်လို့မရ ။ဤသို့ဖြင့် ကုသိနာရုံတွင်ခုနစ်လကြာမြင့်သွားသည် ။ သူတို့သုံးဦးလည်းအိမ်မှလိုက်ခေါ်မှာစိုးသဖြင့် သီလရှင်၀တ်နေကြသည် ။ထင်သည့်အတိုင်းတစ်နေ့တွင် နီပေါမှ လူများလိုက်လာကြသည် ။ သူငယ်ချင်းညီအစ်မ ( မနောဟရဒေဝီ နှင့် သုဘလက္ချမီ) အား သူ့မိခင်ကလာရောက်ခေါ်ဆောင်သည် ။ ဂဏေသအားလည်း သူ၏ဖခင်ဖြစ်သူကိုယ်စား ဖခင်၏ မိတ်ဆွေကလာရောက်ခေါ်ငင်သည် ။ မလွဲမရှောင်သာသောအခြေအနေကိုရောက်လာသဖြင့် သူငယ်ချင်းဖြစ်သူ ညီအစ်မနှစ်ဦးမှာ နီပေါသို့ပြန်လိုက်သွားရသည် ။ ဂဏေသကတော့ ဒီအခြေရောက်မှလုံးဝြပန်မလိုက်နိုင်ကြောင်းပြောကာ သူ့မိဘနှစ်ပါးထံသို့ပြန်မလိုက်လိုကြောင်း ကာလကတ္တားသို့ထွက်သွားပြီဖြစ်ကြောင်း၊ထိုမှ မြန်မာပြည်သွားဖို့ကြံမည်ဖြစ်ကြောင်း စာရေးအကြောင်းပြန်လိုက်သည် ။ ထို့နောက် မြန်မာဘုန်းတော်ကြီးနှင့်ကာလကတ္တားသို့သွားသည် ။သူ့သမီးပြန်လိုက်မလာကြောင်းသိရသော ဖခင်ကြီး သည် သားအကြီးကိုစေလွှတ်ပြီးကာလကတ္တားကိုလိုက်စေသည် ။ ညီမဖြစ်သူ ဂဏေသကိုတွေ့လျှင်မရမနေပါအောင်ပြန်ခေါ်လာဖို့ပြောသည် ။သားကြီးကဖခင်စေခိုင်းသည့်အတိုင်းလိုက်သည် ။ဂဏေသအတွက် ကာလကတ္တားတွင်လည်း ပါတ်စပို့လုပ်ရသည်မှာမလွယ်ပါ ။တစ်နေ့တွင် ပန်ချာပီနှစ်ဦးသည် ကာလကတ္တားမှအာသံသို့ ရထားဖြင့် ထိုမှတဆင့်အာသံမှ မြန်မာနိုင်ငံသို့ ခြေလျှင်ခရီးဖြင့်သွားရန်ကြံစည်နေကြသည်ကို ဂဏေသ ကြားခဲ့ရသည် ။ထို့ကြောင့် သူ့ကိုမြန်မာနိုင်ငံသို့တရား၀င်ပို့မပေးနိုင်လျှင် ပန်ချာပီကုန်သယ်နှစ်ယောက်နှင့်အတူ မြန်မာပြည်သို့လိုက်သွားတော့မည်ဖြစ်ကြောင်း ဂဏေသလေးက ဘုန်းတော်ကြီးဓမ္မာဝုဓ ကိုပြောလေသည် ။ ဘုန်းတော်ကြီးကအသည်းအသန်ကန့်ကွက်သည် ။ မိန်းကလေးတစ်ယောက်အနေဖြင့် တစိမ်းယောက်ျားလေးနှစ်ယောက်နှင့် တောကြီးတောင်ကြီးခရီးကြမ်းကိုလိုက်မသွားသင့်ကြောင်းပြောပြသည် ။ ပြော၍မရ ။ဖြစ်ချင်ရာဖြစ် ၊ မြန်မာပြည်ရောက်ဖို့ဆိုလျှင် ဘယ်လိုနည်းနဲ့ပဲသွားရသွားရဟု သူကအကြောင်းပြန်သည် ။ ထိုအခါ ဂဏေသ၏ဇွဲကို လက်ဖျားခါသော ဘုန်းတော်ကြီးက ဒါဆိုလျှင် သူကိုယ်တိုင် အာသံပြည်နယ်ကိုဖြတ်၍ တောလမ်းကခြေလျှင်သွားရသောခရီးကိုလိုက်ပို့ပါမည်ဟု အာမခံလိုက်သည်။ ။တကယ်တော့ဘုန်းဘုန်းလည်းထိုခရီးထိုအရင်ကမသွားဖူးချေ ။ ဤသို့ဖြင့် သူတို့နှစ်ယောက်၏စွန့်စားခန်းစတင်သည်

သူတော်ကောင်းကိုနတ်ကောင်းမသည်ဟုပြောရမည်လားမသိ ။ သူ့ကိုလာရှာသော အစ်ကိုဖြစ်သူနှင့်တေ့လွဲကလေးတွေလွဲရသည့်အပြင် ၊ မြန်မာပြည်မှလာ၍ မြန်မာပြည်သို့ပြန်မည်ဖြစ်သော ရှမ်းလူမျိုး ဆင်မုဆိုးတစ်သိုက်နှင့်လည်းလမ်းကြုံသဖြင့် ဆင်မုဆိုးများနှင့်အဖော်ပြုကာ အိန္ဒိယနိုင်ငံအာသံပြည်နယ်မှ မြန်မာပြည်သို့ တောအထပ်ထပ်တောင်အသွယ်သွယ် ကျားမကြောက် ဆင်မကြောက် မြွေမကြောက် ဘေးအန္တရာယ်အသွယ်သွယ်ကိုဖြတ်ကျော်ကာ ဆယ့်ငါးရက်ခန့် လမ်းလျှောက်ခဲ့ရလေသည် ။လမ်းတွင်သူနှင့်ဆရာတော်ကို ဆင်မုဆိုးရှမ်းတိုင်းရင်းသားများက ဆွမ်းမှအစ အဘက်ဘက်မှစောင့်ရှောက်ခေါ်ငင်ခဲ့ပေသည် ။နောက်ဆုံးတွင်သူတို့သည် မြန်မာနိုင်ငံမြစ်ကြီးနားမြို့သို့ရောက်ခဲ့၏ ။ မြန်မာပြည်သို့ရောက်ပါမှ အထောက်အထားမပါပဲနိုင်ငံတွင်းသို့၀င်ရောက်မှုဖြင့်မြန်မာလူ၀င်မှုကြီးကြပ်ရေးက ကောင်မလေးအားဖမ်းထားတော့သည် ။ ထိုစဉ်ကသူ့အသက်မှာ ၁၄ နှစ်သာသာခန့်ဖြစ်သည် ။ မြစ်ကြီးနားတွင် နှစ်လခွဲခန့်အဖမ်းခံနေရ၏ ။ ဘုန်းတော်ကြီးက ကြား၀င်ညှိနှိုင်းပေးသော်လည်းမရပေ ။ဘုန်းတော်ကြီးပင်အရွယ်မရောက်သေးသူမိန်းကလေးကိုခေါ်ဆောင်လာမှုဖြင့် မြစ်ကြီးနားမှဂေါ်ရခါးများကတရားစွဲသည်ကိုရင်ဆိုင်ရသည် ။ သူ့မိခင်ထံမှ အပ်နှံလိုက်သောစာကိုထုတ်ပြနိုင်၍ ဘုန်းကြီးမှာ အမှုမှကင်းလွတ်သွားသည် ။ နီပေါမလေးအမှုကတော့မပြီးသေး။ နောက်ဆုံးတွင်သူ့အမှုကို ရန်ကုန်သို့လွှဲလိုက်၏ ။ ရန်ကုန်ဘားလမ်းအချုပ်ခန်းတွင် ဘုမသိဘမသိနှင့် တစ်ညအချုပ်ခံရသေးသည် ။နောက်တော့ စာရင်းစစ်မင်းကြီးဦးစံလွင်နှင့် မင်းကြီးကတော်တို့ကောင်းမှုဖြင့် အချုပ်အနှောင်မှလွတ်သွားသည် ။ မော်လမြိုင်မြို့ ကျိုက်သလ္လန်စေတီတော်ကြီးအနီး ခေမာရာမသီလရှင်ကျောင်းတိုက်ကြီးဆီသို့ ဂဏေသဆိုသောနီပေါမကလေးရောက်သွားသည် ။ သူ့နာမည်လည်း မသုဓမ္မ၀တီဖြစ်သွားသည် ။ မနီပေါဟုလည်း ခင်မင်သူတွေကခေါ်ကြသည် ။ သူအလွန်လေ့လာချင်သောဗုဒ္စစာပေများကိုလည်းအဆင့်မြင့်မြင့်လေ့လာလိုက်သည်မှာ စာမေးပွဲများအဆင့်ဆင့်အောင်၍ ၁၉၆၂ ဒီဇင်ဘာလ ၂ ရက် (၁၃၂၄ နတ်တော်လဆန်း ၆ ရက်နေ့ ) သူ့အသက် ၂၅ နှစ်တွင်” သာသနဓဇ ဓမ္မာစရိယ “ ဘွဲ့ကိုရရှိခဲ့သည်အထိ သာသနာရေးတွင်ထူးချွန်ပေါက်မြောက်ခဲ့သည် ။

ရန်ကုန်မြို့ကမ္ဘာအေးကုန်းမြေ ၊ မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင် ကျင်းပသော ပြည်ထောင်စုမြန်မာနိုင်ငံ၊တော်လှန်ရေးအစိုးရ ပါဋ္ဌိတက္ကသိုလ်ဗဟိုအဖွဲ့မှကြီးမှူးကျင်းပသော ပါဋ္ဌိတက္ကသိုလ်စာချတန်းစာမေးပွဲ ဘွဲ့နှင်းသဘင်မှ ထိုဘွဲ့ကိုဆက်ကပ်ခဲ့ခြင်းဖြစ်သည် ။ ဤသည်ကား ဂဏေသကုမာရီ (ခေါ်) သမီးချစ်(ခေါ်) မသုဓမ္မ၀တီ ၏ဘ၀ဇာတ်ကြောင်းအကျဉ်းချုပ်ပေတည်း ။သူသည်အသက် ၁၄ နှစ်သာသာ ၁၅ နှစ်ထဲသို့၀င်စတွင်မြန်မာနိုင်ငံသို့ရောက်လာခဲ့သည် ။ မြန်မာနိုင်ငံတွင် ဆယ့်လေးနှစ်ခန့်နေထိုင်ကာ ဗုဒ္စစာပေများသင်ကြားတတ်မြောက်ပြီး အသက် ၂၈ နှစ်တွင်မိခင် နီပေါနိုင်ငံသို့ပြန်သွားကာ ထေရဝါဒဗုဒ္စသာသနာထွန်းကားပြန့်ပွားရေးအတွက် သီလရှင်စာသင်တိုက်များထူထောင်ကာ သာသနာပြုလုပ်ငန်းများလုပ်နေပါသည် ။ငယ်စဉ်က မြန်မာပြည်သွားဖို့ ခွင့်တောင်းစဉ်ခါးခါးသီးသီးငြင်းပယ်ခဲ့သောဖခင်ဖြစ်သူကပင် ယခုအခါ သူ့သမီးသီတင်းသုံးရန်သီလရှင်ကျောင်းမြေနေရာကို ခတ္တမန္ဒူမြို့လည်အရပ်၌ ၀ယ်ယူလှူဒါန်းခဲ့ပေသည် ။

ထိုသီလရှင်ဆရာကြီးအကြောင်းကိုကြားဖူးခဲ့သည်မှာကြာချေပြီ ။ထိုအဖြစ်အပျက်များမှာ ဒဏ္ဍာရီပုံပြင်တပုဒ်လိုယုံတမ်းစကားတခုလိုဖြစ်နေပါသည် ။ ထိုမယ်သီလရှင်မှာလည်းယခုလောက်ဆိုလျှင်လောကကြီး၀ယ် ရှိလောက်တော့မှာမဟုတ်ဘူးဟု ယူဆခဲ့ပါသည် ။စာရေးသူ နီပေါနိုင်ငံသို့ရောက်ခဲ့စဉ် ကံစွတ်ကံငြားသဘောဖြင့် ထိုသီလရှင် ဆရာမကြီး ရှိသေးလားဟု နီပေါမြန်မာချစ်ကြည်ရေးအသင်း၀င်များကိုစုံစမ်းကြည့်မိသည် ။ထိုအခါ ၀မ်းမြောက်ဖွယ်သိလာရသည်မှာ ထိုသီလရှင်ဆ၇ာမကြီးသည် နီပေါ မြို့တော် ခတ္တမန္ဒူ တွင် သီလရှင်စာသင်တိုက်တည်ထောင်ကာ စာပေပရိယတ္တိများပို့ချလျှက် ယခုထက်တိုင် သက်ရှိထင်ရှားရှိနေသေးပါကြောင်း။သွားရောက်ဖူးမျှော်လိုလျှင် လိုက်ပို့ပေးမည်ဖြစ်ကြောင်း ၊သီလရှင်ဆရာမကြီးမှာ မြန်မာပြည်မှဧည့်သယ်များလာရောက်လျှင်အလွန်တွေ့ဆုံလိုကြောင်း ပြောပြကြပါသည် ။ ထို့နောက်ကျွန်တော်၏မိတ်ဆွေများဖြစ်သော ရာဒေ့ဗ်ဂူတန် ၊ နီပေါမြန်မာချစ်ကြည်ရေးအသင်း ဥက္ကဌ မစ္စတာရှန်ကာ ( Shanker Gimire ) ၊ ဒုဥက္ကဌဖြစ်သူ ဒေဝိနြ္ဒာ တို့ကဖုန်းကြိုဆက်ပေးပြီး သီလရှင်ဆရာကြီးသတင်းသုံးသောကျောင်းတိုက် ဓမ္မကိတ္တိဝိဟာ ( DHAMMA KIRTI BIHAR ) သို့လိုက်ပါပို့ဆောင်ပေးကြပါသည် ။ထိုနေ့မှာ ၂၀၁၇ မေလ ၃၁ ရက်နေ့ဖြစ်ပါသည် ။ ရက်စွဲကိုမှတ်မိနေခြင်းမှာ ထိုနေ့တွင်ကျွန်တော်သည် မနက်စောစော ဓမ္မကတ္တိဝိဟာ သို့မလာခင် ဧ၀ရက်တောင်ကို လေယာဉ်ဖြင့် လှည့်ပါတ်ကြည့်ရှုခဲ့ရသော Mountain Flight ကိုစီးခဲ့ရသောကြောင့်ဖြစ်သည် ။ မောင်တိန်ဖလိုက်စီးအပြီး ဟိုတယ်သို့ နံနက်စာပြန်စားကာ သီလရှင်ဆရာတော်ကြီးကျောင်းသို့ တဆက်တည်းထွက်လာခဲ့ခြင်းဖြစ်သည် ။ပုံပြင်လိုလို ဒဏ္ဍာရီလိုလို မယုံနိုင်ဖွယ်ဖြစ်ရပ်များကိုလုပ်ပြခဲ့သော စိတ်ကူးထဲမှ နီပေါသာသနာပြုအမျိုးသမီးကြီးကိုတွေ့ရလေပြီ ။ သူသည်သီလရှင်အ၀တ်ကိုပင်၀တ်ထားသည် ။ နီပေါသီလရှင်များ၀တ်လေ့ရှိသောအ၀တ်အစားမျိုးမဟုတ်မူပဲ မြန်မာနိုင်ငံမှ သီလရှင်များ၀တ်ပုံနေပုံအတိုင်းပင်အတိအကျ၀တ်ဆင်ထားပေရာ မြန်မာသီလရှင်ဆရာကြီးတပါးကိုဖူးတွေ့နေရသလိုပင်ရှိသည် ။ဆရာကြီးသည် သက်တော်ရှစ်ဆယ်ကျော်ပြီဖြစ်သည် ။ သို့သော် ကျန်းကျန်းမာမာစကားပြောနိုင်သေးသည် ။ သူနေထိုင်ရာ အလွန်ရိုးရှင်းသည့် ဘုရားခန်းထဲမှ ကုတင်ညောင်စောင်းပေါ်မှာထိုင်ပြီးစာရေးသူတို့ကိုလက်ခံစကားပြောသည် ။ ယခင်နှစ်များက ကင်ဆာရောဂါဖြစ်သလိုလိုယူဆခဲ့သော်လည်းတရားတန်ခိုးတော်ကြောင့်ယခုအခါ ကျန်းမာပျောက်ကင်းနေပြီဖြစ်ကြောင်းဆရာကြီးကစတင်မိန့်ကြားသည် ။ ကျွန်တော်တို့ကိုတွေ့ရသဖြင့်၀မ်းသာကြောင်း ထမင်းစားပြီးမှ ပြန်စေလိုကြောင်း မြန်မာဘာသာဖြင့်မိန့်ကြားသည် ။ သူမြန်မာစကားပြောသည်မှာ မြန်မာတယောက်လိုပင်ဖြစ်သည် ။ ဥပတိရုပ်မှာ အထူးအေးချမ်း၌တည်ကြည်ခန့်ညားသည် ။ဒေါ်အောင်ဆန်းစုကြည်နှင့် ခင်ပွန်းဖြစ်သူဒေါက်တာမိုက်ကယ်အဲရစ် နီပေါတွင်နေစဉ် သီလရှင်ဆရာကြီးနှင့်အထူးခင်မင်ကိုးကွယ်မှုရှိသည်ဟုသိရသည် ။ ကျွန်တော်က ခွင့်တောင်းကာ ဓာတ်ပုံရိုက်ပြီး ဗီဒီယိုလည်းရိုက်ထားလိုက်သည် ။ကျွန်တော်နှင့်နီပေါသီလရှင်ဆရာကြီးဒေါ်သုဓမ္မ၀တီပြောကြားခဲ့သည့်စကားအချို့မှာအောက်ပါတိုင်းဖြစ်သည် ။

- ဒေါ်အောင်ဆန်းစုကြည်နဲ့ကျတော့ဘယ်လိုသိတာလဲဘုရား၊စပြီးတော့

• ဒေါ်အောင်ဆန်းစုကြည်က သူ့အမေက ဒေလီသံအမတ်ဖြစ်နေတယ် ။အဲဒိကနေပြီးတော့ ဒီ နီပေါကိုပါအုပ်ချုပ်တယ် (နီပေါနိုင်ငံဆိုင်ရာမြန်မာသံအမတ်အဖြစ်ပူးတွဲထမ်းဆောင်ခြင်းကိုဆိုလိုဟန်ရှိသည် ) ။ ဒေါ်ခင်ကြည်ကနီပေါကိုခနခနလာတယ် ။လာတော့ အဲဒိတုန်းက သူက ၊ဒေါ်အောင်ဆန်းစုကြည်က ဒါဂျီလင်မှာ ကျောင်းထားတာ ၊ ပြီးတော့အဲဒိကနေနောက်တော့ သူလဲ အိမ်ထောင်ကျသွားတယ် ။ ရပြီးတော့ ကလေးလေးတစ်ယောက်ရတယ် ။ကလေးသုံးလလောက်ရတော့ ဒီမှာ၊ သူ့ယောက်ကျားက တိဗက်ဘုန်းကြီးကျောင်းတွေလျှောက်သွားပြီးတော့ ပီအိပ်ခ်ျဒီဘွဲ့ လုပ်ဖို့ သွားတော့
အောင်ဆန်းစုကြည်နဲ့ကလေးကိုဒီမှာခနထားခဲ့တာ ။

- သားအငယ်လား အရှင်ဘုရား

• သားအကြီးပါ ။ သားအငယ်ကနောက်မှရတာ ။

- နောက်တော့ရော ဆရာကြီး

• နောက်တော့ သူ့အမေက မြန်မာပြည်ပြန်သွားတယ် ။ ကလေးနှစ်ယောက်ကိုရှင်ပြုချင်တယ်ဆိုတော့ သူတို့မြန်မာပြည်လိုက်သွားကြတယ် ။သားနှစ်ယောက်ကို ရှင်ပြုပေးတယ် ။သူ့ယောက်ကျား မိုက်ကယ်အဲရစ်ကို ပဉ္ဖင်းခံပေးတယ် ။ ပြီးတော့ ဒီကိုလာသေးတယ် ။

- တယ်ဟုတ်ပါလား

• နှစ်ခါ သုံးခါလာတယ် ။ နောက်တော့ ဗမာပြည်မှာ အချုပ်ကျတာပေါ့ ။

- တင်ပါ့ ၊အကျယ်ချုပ်ကျတာကိုပြောတာထင်တယ် ။

• ဟုတ်တယ် ။အကျယ်ချုပ်ကျနေတုန်းမှာ ဆရာကြီးကိုခေါ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကဆွမ်းကျွေးသေးတယ် ။

- အကျယ်ချုပ်ကျနေတဲ့အချိန်ဆိုတော့ သွားပြီးတော့ ဆွမ်းဘုန်းပေးလို့ရသလားဘုရား ၊သွားခွင့်ပြုသလားဘုရား အဲဒိတုန်းက

• ဆွမ်းကပ်ခွင့်ပြုတယ် ။ဒါပေမယ့် ဆွမ်းစားနေတုန်း စုံထောက်တွေရော ၊ထောက်လှမ်းရေးတွေရော အကုန်အနားမှာထိုင်ပြီးကြည့်နေကြတယ် ။

- အရှင်ဘုရားတပါးတည်းလားဘုရား အဲဒိတုန်းက

• တပါးတည်းမဟုတ်ဘူး ၊ နီပေါဆရာလေးတွေလေးငါးခြောက်ပါးပါတယ် ။ အဲဒိတုန်းက ဆရာကြီးက မြန်မာပြည်ကိုရောက်နေတာ ။ အဲဒိတုန်းက ဒေါ်အောင်ဆန်းစုကြည်ကဆွမ်းကပ်တာ ။

- အခုအကျယ်ချုပ်ကလွတ်ပြီးမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်နှစ်ခါတွေ့ပြီးပြီလဲ ဘုရား

• တစ်ခါပဲတွေ့သေးတယ် ။ သူနီပေါကိုလာတုန်းက ဒီကျောင်းကိုလာတွေ့ပြီး ဖူးတာပေါ့ ။အဲဒိတုန်းက သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မဖြစ်သေးဘူး

- သူအခုနိုင်ငံတော်ခေါင်းဆောင်ဖြစ်ပြီးမှ ဆရာကြီးနဲ့ တွေ့ဖြစ်သေးလားဘုရား

• မတွေ့ဖြစ်ဘူး ။ သူလဲ မအားဘူး ။

ထို့နောက်ကျွန်တော်တို့သည်ရောက်တတ်ရာရာများကိုစကားဆက်ပြောကြပါသည် ။ အထူးသဖြင့် သူငယ်စဉ် အသက်ဆယ့်လေးနှစ်ခန့်က အာသံမှ မြစ်ကြီးနားသို့ခြေလျှင်ခရီးထွက်လာခဲ့သည့်စွန့်စားခန်းများကိုပြန်မေးကြည့်ဖြစ်ပါသည် ။ သူကအားလုံးကိုအသေးစိတ်မှတ်မိနေသည် ။ အထူးသဖြင့် သူ့ကို မြစ်ကြီးနားတွင်နှစ်လခွဲခန့်ဖမ်းဆီးချုပ်နှောင်ထားစဉ် ထောင်ထဲတွင်မထားပဲ ရဲအရာရှိကြီးတဦး၏အိမ်တွင်လိုက်နေရကြောင်း။နုနယ်သောမိန်းကလေးလည်းဖြစ် ၊ သီလရှင်လည်းဖြစ်သဖြင့် အချုပ်ခန်း၌ မထားပဲ ရဲအရာရှိကြီးက သူ့အိမ်တွင်ထားမည်ဟုဆုံးဖြတ်ခဲ့ကြောင်း ၊ ရဲအရာရှိကြီးတွင် မသုဓမ္မ၀တီ နှင့် ရွယ်တူသမီးတယောက်ရှိသဖြင့် အဆင်ပြေကြောင်း ။ နောက်တော့ ရန်ကုန်မြို့မှငွေစာရင်းမင်းကြီးဦးစံလွင် ၊ဇနီးဒေါ်အေးကြွယ်တို့ကူညီသဖြင့် အမှုပြီးသွားကာ သာသနာ့ဘောင်၀င်ခွင့်ရကြောင်း ဦးစံလွင် နှင့် ဒေါ်အေးကြွယ် တို့အလွန်ကူညီသဖြင့် မမေ့နိုင်ကြောင်း ပြန်ပြောင်းပြောပြပါသည် ။

ယခုအခါ ဂဏေသကုမာရီ(ခေါ်) ဒေါ်နီပေါ (ခေါ်) ဒေါ်သုဓမ္မ၀တီသည် နီပေါနိုင်ငံ ၊ ခတ္တမန္ဒူ နှင့် လုံမ္မိနီတို့တွင် သီလရှင်တိုက်ခွဲများတည်ထောင်ခြင်း ၊ ရန်ကုန်မြို့ မြောက်ဥက္ကလာ သုနန္ဒာလမ်းပေါ်တွင် နီပေါသီလရှင်စာသင်တိုက်ထူထောင်ခြင်းတို့ကို ပြုလုပ်ကာ ထေရဝါဒဗုဒ္စသာသနာ နီပေါနိုင်ငံတွင်ပြန်လည်ထွန်းလင်းရန် ဘ၀ကိုမြှုပ်နှံ၍လုပ်ဆောင်နေပါသည် ။ သူ့ဘ၀အတိတ်ဇာတ်လမ်းသည် ထူးခြားသလို သူ၏လက်ရှိမျက်မှောက်ဘ၀မှာလည်း အားကျစရာများဖြင့် ပြည့်နှက်နေပါသည် ။ထိုသီလရှင်ဆရာတော်ကြီးအား စာရေးသူ နီပေါမြေရောက်ခိုက်သက်ရှိထင်ရှားတွေ့မြင်ဖူးမျှော်ခဲ့ရခြင်းကို စောင့်ကြည့်ဂျာနယ်စာဖတ်ပရိသတ်များအားအတွေ့အကြုံမျှဝေလိုက်ရပါကြောင်း။

သရ၀ဏ်(ပြည်)

စောင့်ကြည့် News Watch ဂျာနယ်
၁၄.၇.၂၀၁၇
သရဝဏ် ပြည်မှကူးယူဖော်ပြသည်

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့က ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားတဲ့ နေ့တစ်နေ့ပါ။ ဥပုသ်သီလ ဆောက်တည်ကြတယ်။ လူကြီ...
01/11/2020

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့က ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားတဲ့ နေ့တစ်နေ့ပါ။ ဥပုသ်သီလ ဆောက်တည်ကြတယ်။ လူကြီးသူမတွေကို ကန်တော့ကြတယ်။ ဘုရားရှိခိုး၊ ဆီမီးထွန်း ပူဇော်ကြတယ်။ ဒါကြောင့် ဒီညလေးမှာ ထူးထူးခြားခြားအနေနဲ့ ဘာသာရေးနဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။

ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှုဆိုတာ ကံကံ၏ အကျိုးကို သက်ဝင်ယုံကြည်ခြင်းပါ။ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဆိုတာပေါ့။

(အဲဒါကိုမှ ရှေ့ဘ၀ နောက်ဘ၀ သံသရာ ဆိုတာနဲ့ ပေါင်းစပ်ယုံကြည်ရပါတယ်။ မဟုတ်ရင် ခုတစ်ဘဝတည်းကိုပဲ ကြည့်ပြီး၊ ကောင်းတာလုပ်ရက်နဲ့ မကောင်းတာတွေ ဖြစ်နေသူတွေ၊ မကောင်းတာတွေချည်း လုပ်ပြီးတော့ ကောင်းတာ ဖြစ်နေသူတွေကို မြင်တဲ့အခါ ယုံမှားသံသယ ဖြစ်တတ်လို့ပါ။)

မြတ်စွာဘုရားကို ကိုးကွယ်တာကတော့ တခုခု အကျိုးလိုချင်တယ် ဆိုတာထက် ဘုရားကြောင့် သိမြင်ခွင့် ရခဲ့လို့ ကျေးဇူးတင်တဲ့အနေနဲ့ ဆည်းကပ်တာလို့ နားလည်ထားပါတယ်။

အဲ့လို ကံကံ၏အကျိုး ဆိုတာကို မကြာခဏ ကြားနေရတော့ မထူးဆန်းသလို ဖြစ်ပေမဲ့ တကယ်တမ်းသာ နှစ်နှစ်ကာကာ ယုံကြည်ရင်၊ လိုက်နာမယ်ဆိုရင် အင်မတန် အကျိုးများပါတယ်။

ကံဆိုတာ အလုပ်။ ကံကောင်းတယ်ဆိုတာ အလုပ်ကောင်းခြင်းပဲ။ စာမေးပွဲအောင်ချင်တယ်ဆို စာကျက်ဖို့ လိုပါတယ်။ ချမ်းသာချင်ရင် စီးပွားရှာတတ်ဖို့ လိုပါတယ်။ အလုပ်မှာ အောင်မြင်ချင်ရင် အလုပ်ကြိုးစားဖို့ လိုတယ်။ Cause & Effect ပါပဲ။ အကျိုးလိုချင်ရင် အကြောင်းတရားကို ပြုလုပ်ဆောင်ရွက်ရတယ်။ နံရံကို ဘောလုံးနဲ့ ကန်သလို ကိုယ်ကန်လိုက်သမျှက ကိုယ့်ဆီ ပြန်ရောက်လာတယ်။ ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းရတယ်။ ကြိုးစားခြင်းဆိုတဲ့ ဘောလုံးကို ကန်လိုက်မှ အောင်မြင်ခြင်းဆိုတဲ့ ဘောလုံးက ကိုယ့်ဆီ ပြန်ရောက်လာတယ်။ ပိုက်ဆံစုဆောင်းခြင်း ဆိုတဲ့ အပင်ကိုစိုက်မှ ချမ်းသာခြင်း ဆိုတဲ့ အသီးကို စားလို့ရတယ်။

အဲလို တိုးတက်ဖို့တင်မကဘူး။ ဘဝမှာ ရှင်သန်ရပ်တည်တဲ့အခါ မယိမ်းမယိုင်နဲ့ နေနိုင်ဖို့အတွက်လည်း ဒီယုံကြည်ချက်ဟာ လိုအပ်တယ်။ ဥပမာ ကိုယ်ကူညီလိုက်တဲ့သူက ကိုယ့်ကို အသိအမှတ် မပြုတဲ့အခါ၊ ဒုက္ခတောင် ပြန်ပေးသွားတဲ့အခါ ဘယ်သူ့ကိုမှ မကူညီတော့ဘူး ဆိုတာမျိုး၊ စေတနာသည် လူတိုင်းနဲ့ မတန် ဆိုတာမျိုး တွေးမိ၊ ပြောမိတတ်တယ်။

တကယ်တော့ လူတစ်ယောက်ကို စိတ်ချမ်းသာရအောင် လုပ်ပေးလိုက်တဲ့အတွက် သူက မတုံ့ပြန်ရင်တောင်၊ ကိုယ်ဒုက္ခရောက်တဲ့အချိန်ကျ ကူညီပေးမဲ့သူ တစ်ယောက်ယောက်ကတော့ ပေါ်လာစမြဲပဲ။ ဒီလိုယုံကြည်သွားတဲ့အခါ ကိုယ် လှူတာကို လူသိအောင် လိုက်ပြောမနေတော့ဘူး။ ကျေးဇူးတင်ခံရဖို့ မပြောနဲ့၊ ကူညီခံရသူက ဘယ်သူကူညီလိုက်မှန်း မသိရင်တောင် ရတယ် ဆိုတဲ့ အဆင့်ထိ ဖြစ်သွားတယ်။

နောက်ပြီး မကောင်းတဲ့သူတွေနဲ့ ကြုံရတဲ့အခါမှာလည်း ဒီယုံကြည်ချက်က အရေးကြီးတယ်။ တစ်ခါတုန်းက ကားပါကင်နဲ့ ပတ်သက်လို့ ပြဿနာတက်တယ်။ သူတို့အိမ်ရှေ့မှာ ဘာမှလည်း ရေးမထား၊ ကိုယ်ရပ်နေတုန်းလည်း ဘယ်သူမှ ဘာမှ လာမပြောတော့ ရပ်လို့ရတယ် ထင်ပြီး ရပ်ခဲ့လိုက်တယ်။ နောက်နေ့မနက်ကျတော့ ကိုယ့်ကား ဘီး ၂ ဘီးတောင် ပေါက်နေတယ်။ အချွန်တစ်ခုခုနဲ့ ခြစ်ထားတဲ့ အစင်းရာတွေလည်း အများကြီးပဲ။ နောက်မှ သိရတာက အဲ့ဒီအိမ်ရှင်က သူ့ရှေ့ လာရပ်သမျှ ကားတွေကို အဲ့လိုပဲ လုပ်တတ်တယ်တဲ့။ ဒေါသတော့ အတော်ထွက်သွားတာပေါ့။ ဒီလူ့ကား ဘယ်ကားလဲ လိုက်ကြည့်၊ ပြီးရင် အဲ့လိုပြန်လုပ်မယ် ဆိုပြီးတောင် စဉ်းစားခဲ့ဖူးတယ်။

နောက်တော့ ကံကံ၏အကျိုး ဆိုတာကို ပြန်တွေးမိတယ်။ ကျွန်တော့်ကားကို သူ အဲ့လိုလုပ်လိုက်တဲ့အတွက် ကျွန်တော် သွားလာရ နှောင့်နှေးသွားတယ်။ အလုပ်ပိုသွားတယ်။ ပိုက်ဆံကုန်တယ်။ စိတ်လည်း ရှုပ်ရတယ်။ ဒီအတွက် တူညီသော အကျိုးကို သူ ခံစားရလိမ့်မယ်။ ဒါ ကျိန်စာတိုက်တာ မဟုတ်ဘူး။ သူ့ဟာသူ ဖြစ်လာမဲ့ နိယာမတရား။

ကျွန်တော် ဘာမှမတုံ့ပြန်ဘဲ နေလိုက်ရင် ကျ​နော် အကုသိုလ်မဖြစ်ဘူး။ အနည်းဆုံးတော့ အဲ့လိုတွေးလိုက်တာနဲ့ကို ခုနက ပူလောင်နေတဲ့ စိတ်က အေးချမ်းသွားတယ်။ ရှုပ်နေတဲ့စိတ်က ကြည်သွားတယ်။ ဒါ လက်ငင်းချက်ချင်း ရတဲ့ အကျိုးကျေးဇူးပဲ။ ဒါကြောင့်လည်း တစ်ဖက်လူဟာ ခွင့်လွှတ်ခြင်းနဲ့ ထိုက်တန်တာ မတန်တာထား၊ ကိုယ်ကတော့ ငြိမ်းချမ်းခြင်းနဲ့ ထိုက်တန်တယ်၊ ဒီတော့ ခွင့်လွှတ်ပေးလိုက်ပါ လို့ ပြောရတာပါ။

အဲ့လိုပဲ၊ နာမည်ဖျက် တိုက်ခိုက်ခံရတိုင်းမှာလည်း ကံကံ၏အကျိုး လို့ပဲ တွေးလိုက်တယ်။ ကျွန်တော့်ကို နာမည်ဖျက်တဲ့အတွက် တူညီသောအကျိုးကို သူတို့ ပြန်ကြုံရလိမ့်မယ်။ ကျွန်တော်က တကူးတက လိုက်တုံ့ပြန် လက်စားချေနေစရာ မလိုဘူး။ ကျွန်တော်သည်လည်း ရှေ့က ဘဝတစ်ခုခုမှာ သူများကို ဒီလိုလုပ်ခဲ့ဖူးလို့ ဒါမျိုး ကြုံရတာဖြစ်မယ်။ အဲ့လိုတွေးလိုက်တော့ သူတို့ကို မုန်းနေတာတွေ လျော့သွားတယ်။ လက်တုံ့ပြန်ဖို့လည်း မကြိုးစားတော့ဘူး။ ကိုယ့်လမ်းပဲ ကိုယ်လျှောက်ဖြစ်သွားတယ်။

(ဒီနေရာမှာ တစ်ခုလေး ရှင်းပြချင်တာက အဲ့လိုနာမည်ဖျက်ပြီး သတင်းမှားတွေနဲ့ တိုက်ခိုက်သမျှကို ငြိမ်ခံနေရမယ်၊ လွှတ်ထားပေးရမယ် မဆိုလိုဘူး။ ကျွန်တော်ဆို ကိုယ်တိုင်ကြုံပြီးတဲ့နောက်မှာ ဒီလိုလုပ်ရပ်တွေရဲ့ ဆိုးကျိုးကို ကောင်းကောင်းသဘောပေါက်သွားတယ်။ အဲ့လို ကြုံနေရသူတွေကို တတ်နိုင်သမျှ ကူညီပေးဖြစ်တယ်။ လူငယ်တွေကို ဒါနဲ့ ပတ်သက်လို့ သင်တန်းပေးတယ်။ အသိပညာ ဝေမျှတယ်။ အတူရပ်တည်ပေးဖို့ တိုက်တွန်းတယ်။ ဥပဒေအရလည်း အရေးယူသင့် ယူဖို့ ပြောရမှာပဲ။

လူသတ်တာ၊ အဓမ္မကျင့်တာတွေကို ကံကံ၏အကျိုး ဆိုပြီး အရေးမယူဖို့၊ မတိုင်တန်းဖို့ ပြောတာ မဟုတ်ဘူး။ သို့သော် သူက ငါ့မိဘကို သတ်လို့ သူ့မိဘ ငါပြန်သတ်မယ် ဆိုတာမျိုးတော့ မလုပ်နဲ့ပေါ့။ ဒီလို ဆိုလိုချင်တာ ဖြစ်တယ်။)

ဒါကြောင့် ကျွန်တော့်ဘဝမှာ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်က ဘာလဲလို့ မေးရင် ကံကံ၏အကျိုးကို ယုံကြည်ခြင်း လို့ပဲ ပြောချင်တယ်။

ကိုယ်ကောင်းပါရက်နဲ့ မကောင်းတာတွေပဲ ကြုံရတဲ့အခါ၊ မကောင်းမှုလုပ်တဲ့သူတွေက အကောင်းတွေချည်း ကြုံနေတာကို မြင်ရတဲ့အခါ၊ ကိုယ့်ကို တစ်ယောက်ယောက်က တိုက်ခိုက်တဲ့အခါ၊ မကောင်းကြံတဲ့အခါ၊ ကူညီလိုက်ပေမဲ့ ဘာတုံ့ပြန်မှုမှ မရတဲ့အခါ ကောင်းတာလုပ်ချင်စိတ်တွေ ယိမ်းယိုင်မသွားဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်နိုင်ဖို့အတွက် ဒီယုံကြည်မှုဟာ အခြေခံအကျဆုံး လိုအပ်ချက် ဖြစ်ပါတယ်။

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ကနေစပြီး ဗုဒ္ဓဘာသာဝင်များအနေနဲ့လည်း ကံကံ၏အကျိုးကို သက်ဝင်ယုံကြည်စွာနဲ့ အောင်မြင်တဲ့ ဘဝ၊ အေးချမ်းတဲ့ ဘဝ၊ တန်ဖိုးရှိတဲ့ ဘဝတွေကို ဆောက်တည်ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၃၁.၁၀.၂၀၂၀

Photo credit

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ဗုဒၶဘာသာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ဗုဒၶဘာသာ:

Share