𝐏𝐚𝐮𝐥 𝐓𝐮𝐧𝐦𝐢𝐧 𝐌𝐢𝐧𝐢𝐬𝐭𝐫𝐲

  • Home
  • Myanmar
  • Yangon
  • 𝐏𝐚𝐮𝐥 𝐓𝐮𝐧𝐦𝐢𝐧 𝐌𝐢𝐧𝐢𝐬𝐭𝐫𝐲

𝐏𝐚𝐮𝐥 𝐓𝐮𝐧𝐦𝐢𝐧 𝐌𝐢𝐧𝐢𝐬𝐭𝐫𝐲 “JESUS PAID IT ALL”

ကူညီရန် အသင့်ရှိပြီကြာသပတေးနေ့ | ဇူလိုင်လ (၂၃) ရက်နေ့စဉ်ခွန်အားဖတ်ရန် ။ ။ ဖတ်ရန် ဧဖက်ဩဝါဒစာ ၂:၁-၁၀ |  သမ္မာကျမ်းစာတစ်နှစ...
23/07/2026

ကူညီရန် အသင့်ရှိပြီ

ကြာသပတေးနေ့ | ဇူလိုင်လ (၂၃) ရက်

နေ့စဉ်ခွန်အားဖတ်ရန် ။ ။

ဖတ်ရန် ဧဖက်ဩဝါဒစာ ၂:၁-၁၀ | သမ္မာကျမ်းစာတစ်နှစ်တာ ဆာ ၃၃-၃၄ နှင့် တ ၂၄

ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည့်အကြောင်း ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ [ ဧ ၂:၁၀ ]

ယာဉ်မောင်းလိုင်စင်ဖြေရန် ကျွန်မ၏သူငယ်ချင်းမှာ ပါကင်ထိုးလေ့ကျင့်ရန် လိုသည်။ သူမအား ဘေးကင်းသောနေရာတွင် သင်ပေးနိုင်ရန် ဆုတောင်းပြီး နေရာရှာသောအခါ၊ ကားပါကင်ကျယ်ဝန်းသော အနီးအနားရှိဘုရားကျောင်း၌ သင်ပေးရန် အကြံရလာသည်။ ကျွန်မတို့သည် ခေါက်ကုလားထိုင်များသုံးပြီး လေ့ကျင့်ရန် ကားပါကင်နေရာကို ဖန်တီးခဲ့သည်။ အကောင်ဆုံးအနေအထား မဟုတ်သော်လည်း၊ သူမသည် ကုလားထိုင်ကြားနေရာသို့ ကားနောက်ပြန်ဆုတ်ရန် ပထမဆုံးအကြိမ် ကြိုးစားခဲ့သည်။

ထိုစဥ် သင်းအုပ်ဆရာက ယာဉ်/လမ်းအချက်ပြလိမ္မော်ရောင်ထုချွန်ကတော့များ သယ်လာပြီး၊ သူ့ကိုယ်သူ မိတ်ဆက်ကာ “ဒါကို သုံးမလား”ဟု မေးခဲ့သည်။ မကြာမီကပင် အသင်းတော်မိသားစုသည် အသစ်ရောက်လာသော အိမ်နီးချင်းများကို ကူညီနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပြီး၊ “ကားပါကင်မှာ ပါကင်ထိုးလေ့ကျင့်တဲ့သူတွေအတွက် ဒီကတော့တွေကို သုံးခွင့်ပေးဖို့ဆုံးဖြတ်ခဲ့ကြတယ်”ဟု ပြောပြသည်။ အခြားသူများကို ကူညီရန် သူတို့ ကြိုတင်ပြင်ဆင်ထားပြီး၊ ကျွန်မ၏သူငယ်ချင်းအတွက် အမှန်ပင် ကောင်းချီးဖြစ်ခဲ့သည်။

သူတစ်ပါးကို ကူညီရန် အသင့်ရှိခြင်း။ ၎င်းသည် ကျွန်မတို့အတွက်နှင့် ကျွန်မတို့အတွင်း၌ ဘုရားသခင်အတိအကျပြု‌ပေးသည့်အမှု ဖြစ်သည်။ ကျွန်မတို့သည် ကောင်းသောအကျင့်ကို ကျင့်ပြီး၊ သူတစ်ပါးကို စောင်မရန် ကျွန်မတို့ကို ကိုယ်တော်“ပြင်ဆင်တော်မူနှင့်ပြီ”(ဧ ၂:၁၀)။ ကျွန်မတို့သည် “ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ”ဖြစ်သောကြောင့်(:၁၀)၊ ဘုရားရှင်၏ လမ်းညွှန်မှု အောက်တွင် ကိုယ်တော်၏ရည်ရွယ်ချက်များအတွက် အမှုတော်ဆောင်ကြကြောင်း တမန်တော်ပေါလုက ဆိုသည်။ ကယ်တင်ခြင်းသည် “ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော” ဘုရားသခင်(:၄)ထံမှ လက်ဆောင်ဖြစ်သည်(:၈)။ ကျွန်မတို့၏ ကောင်းသောအကျင့်များသည် ကျွန်မတို့အားဖြင့် ဘုရားသခင်ပြုသောအမှုဖြစ်သည်။ ကိုယ်တော်သည် ကျွန်မတို့ကို ကြိုတင်ပြင်ဆင်လျက်၊ အခြားသူများထံသို့ ကမ်းလှမ်းဆက်သွယ်နိုင်ရန် လိုအပ်သောကရုဏာနှင့် ဉာဏ်ပညာကို ပေးသနားတော်မူလိမ့်မည်။
စာရေးသူ အဲန်းစီထက်စ်

ဘုရားသခင်က သင့်ကို မည်သည့် ဆုကျေးဇူးပေးထားသနည်း။ သင့်ရပ်ကွက်ရှိလူများကို အစေခံရန် အခြားသူများနှင့် မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်နည်း။

ချစ်သောဘုရားသခင်၊ ကိုယ်တော်ကို လူတို့မြင်တွေ့စေရေး သူတစ်ပါး၏ လိုအပ်ချက်များကို သိမြင်ပြီး၊ ကျွန်ုပ်အား ကိုယ်တော်ပြုစေလိုသောအရာကို သိရှိလုပ်ဆောင်ရန် မစတော်မူပါ။


****************************************
အသက်တာကို ပြောင်းလဲပေးနိုင်စွမ်းရှိသည့် ဘုရားသခင်၏နှုတ်ကပတ်တော်မှ မိတ်ဆွေခွန်အားရရှိမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းအတွက် ဆုတောင်းပေးရန် မေတ္တာရပ်ခံပါသည်။ မိမိတတ်နိုင်သလို ထောက်ပံ့ကူညီလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။ မိတ်ဆွေ၏အကူအညီအတွက် ကျွန်ုပ်တို့ အလွန်ဝမ်းမြောက် ကျေးဇူးတင်မည်ပင်။ ဘုရားသခင်၏ ကွယ်ကာစောင်မမှုအားဖြင့် မိတ်ဆွေ၏အသက်တာသည် လုံခြုံ၍အသီးပွင့်လန်းသောအသက်တာ ဖြစ်ပါစေသော်။

ဝမ်းမြောက်ခြင်းစည်းချက်များဗုဒ္ဓဟူးနေ့ | ဇူလိုင်လ (၂၂) ရက်နေ့စဉ်ခွန်အားဖတ်ရန် ။ ။ ဖတ်ရန် ဆာလံကျမ်း ၃၀:၄-၁၂|  သမ္မာကျမ်းစ...
22/07/2026

ဝမ်းမြောက်ခြင်းစည်းချက်များ

ဗုဒ္ဓဟူးနေ့ | ဇူလိုင်လ (၂၂) ရက်

နေ့စဉ်ခွန်အားဖတ်ရန် ။ ။

ဖတ်ရန် ဆာလံကျမ်း ၃၀:၄-၁၂| သမ္မာကျမ်းစာတစ်နှစ်တာ ဆာ ၃၁-၃၂
နှင့် တ ၂၃:၁၆-၃၅

အကျွန်ုပ်ညည်းတွားမြည်တမ်းခြင်းကို ကခုန်ခြင်းဖြစ်စေတော်မူ၏။ [ ဆာ ၃၀:၁၁ ]

လူ၏တေးဂီတခံစားနိုင်စွမ်းသည် နောက်ခံယဉ်ကျေးမှုကြောင့်လား(သို့) မွေးရာပါ ဗီဇကြောင့်လားဆိုသည်ကို စူးစမ်းရန် သိပ္ပံနည်းကျလေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ၎င်းလေ့လာမှုတွင် မွေးကင်းစကလေးငယ်များအား ဒရမ်စည်းချက်သံကို ဖွင့်ပေးပြီး၊ ၎င်းတို့၏ဦးနှောက်လှိုင်းလှုပ်ရှားမှုများကို စောင့်ကြည့်ခဲ့သည်။ သုတေသီ များသည် စည်းချက်ထဲမှ တစ်ချက်ကို တစ်ချက်တစ်ချက် ချန်လှပ်သည်။ အံ့သြစရာ မှာ ချန်လှပ်သော စည်းချက်နေရာအရောက်တွင် ကလေးငယ်များ၏ဦးနှောက်လှိုင်းများသည် ရုတ်တရက်မြင့်တက်လာသည်ကို တွေ့ရှိခဲ့သည်။ သူတို့၏စိတ်များက ထို စည်းချက်ကိုမျှော်လင့်နေပြီး၊ မကြားရသည့်အခါ တုံ့ပြန်နေကြောင်းပြသနေသည်။

ဤလေ့လာမှုမှ ဘုရားသခင်သည် ကျွန်မတို့အား အံ့သြဖွယ်နည်းလမ်းဖြင့် ဖန်ဆင်းခဲ့သည်ကို သတိပြုမိစေသည်။ ဆန်းကြယ်သောဆုကျေးဇူးဖြစ်သည့် တေးဂီတကို လက်ခံနိုင်စွမ်းနှင့် ဝမ်းမြောက်စွာတုံ့ပြန်နိုင်စွမ်းကို ကျွန်မတို့အား ကိုယ်တော်ပေးခဲ့သည်။ ဆာလံ ၃၀ တွင် ဆာလံဆရာဒါဝိဒ်က “ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့”(:၄) ဟု ဆိုသည့်အတိုင်း ကျွန်မတို့၏ကိုယ်ပိုင်တေးဂီတဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတတ်စေရန် လမ်းညွှန်ပေးခဲ့သည်။

တစ်ခါတစ်ရံ နာကျင်မှု၊ မောပန်းနွမ်းနယ်မှု၊ နောင်တ၊ ဝမ်းနည်းပူဆွေးမှုတို့က ကျွန်မတို့၏နှလုံးသားကို လေးလံစေပြီး ချီးမွမ်းသီချင်းများကို နှုတ်ဆိတ်သွားစေနိုင်သည်။ စိတ်ပျက်အားငယ်မှုကို ကြုံရလျက် သေခြင်းကိုပင် ကြောက်ရွံ့သောအခါ ဒါဝိဒ်က “အဘယ်အကျိုးရှိပါအံ့နည်း။ မြေမှုန့်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်လော” ဟူ၍ ဘုရားသခင်အား ကယ်တင်ပေးရန် တောင်းပန်ခဲ့သည်(:၉)။

ဘုရားသခင်သည် ဒါဝိဒ်၏ “ညည်းတွားမြည်တမ်းခြင်းကို ကခုန်ခြင်း” ဖြစ်စေပြီး “ဝမ်းမြောက်ခြင်းခါးပန်း”နှင့် စည်းတော်မူသဖြင့်၊ ဝမ်းမြောက်ခြင်းကို ပြန်လည်ရရှိသောအခါ၊ ဘုရားသခင်၏သစ္စာတော်ကို ခံစားခဲ့ရသည်(:၁၁)။ ဘုရားသခင်သည် ကျွန်ုပ်တို့၏နှလုံးသားများကို ကုစားပေးပြီး၊ ဝမ်းမြောက်ခြင်းစည်းချက်များဖြင့်ပြည့်စေသောအခါ ကျွန်ုပ်တို့သည် ကခုန်ရန် မွေးဖွားလျက်၊ “ဘုရားသခင်ထာဝရဘုရား၊ ကျေးဇူးတော်ကို အစဉ်အမြဲချီးမွမ်းပါမည်”ဟု ကျွန်ုပ်တို့ သက်သေခံနိုင်လေပြီ(:၁၂)။
စာရေးသူ မိုနီကာလာရို့စ်

ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရအောင် တေးဂီတက သင့်အား မည်သို့ကူညီပေးသနည်း။ ဘုရားသခင်သည် သင်၏ဝမ်းနည်းပူဆွေးမှုကို ကခုန်ချီးမွမ်းခြင်းအဖြစ် မည်သို့ပြောင်းလဲပေးခဲ့သနည်း။။

ကျေးဇူးတော်ရှင် ဘုရားသခင်၊ ကျွန်ုပ်၏နေ့ရက်များသို့ မျှော်လင့်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် အသစ်သောအသက်ကို ထည့်သွင်းပေးထားသည့်အတွက် ကျေးဇူးတင်ပါ၏။

****************************************
အသက်တာကို ပြောင်းလဲပေးနိုင်စွမ်းရှိသည့် ဘုရားသခင်၏နှုတ်ကပတ်တော်မှ မိတ်ဆွေခွန်အားရရှိမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းအတွက် ဆုတောင်းပေးရန် မေတ္တာရပ်ခံပါသည်။ မိမိတတ်နိုင်သလို ထောက်ပံ့ကူညီလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။ မိတ်ဆွေ၏အကူအညီအတွက် ကျွန်ုပ်တို့ အလွန်ဝမ်းမြောက် ကျေးဇူးတင်မည်ပင်။ ဘုရားသခင်၏ ကွယ်ကာစောင်မမှုအားဖြင့် မိတ်ဆွေ၏အသက်တာသည် လုံခြုံ၍အသီးပွင့်လန်းသောအသက်တာ ဖြစ်ပါစေသော်။

သခင်ယေရှုကဲ့သို့ လိုက်လျှောက်အသက်ရှင်ခြင်းအင်္ဂါနေ့ | ဇူလိုင်လ (၂၁) ရက်နေ့စဉ်ခွန်အားဖတ်ရန် ။ ။ ဖတ်ရန် အာမုတ်အနာဂတ္တိကျမ်...
21/07/2026

သခင်ယေရှုကဲ့သို့ လိုက်လျှောက်အသက်ရှင်ခြင်း

အင်္ဂါနေ့ | ဇူလိုင်လ (၂၁) ရက်

နေ့စဉ်ခွန်အားဖတ်ရန် ။ ။

ဖတ်ရန် အာမုတ်အနာဂတ္တိကျမ်း ၇:၁-၉ | သမ္မာကျမ်းစာတစ်နှစ်တာ ဆာ ၂၉-၃၀
နှင့် တ ၂၃:၁-၁၅

ဘုရားရှင်က၊ ငါ၏လူ ဣသရေလအမျိုးအလယ်၌ ချိန်ကြိုးကို ငါချမည်။ [ အာ ၇:၈ ]

Ben(ဘင်)သည် လိုင်စင်မဲ့ခိုးကူးသည့် ကွန်ပျူတာဆော့ဖ်ဝဲလ်ကို စျေးသက်သသဖြင့် နှစ်ပေါင်းများစွာက ဝယ်ယူခဲ့သည်။ ၎င်းသည် တရားမဝင်ဘဲ မူပိုင်ခွင့်ဥပဒေကို ချိုးဖောက်နေသော်လည်း၊ ကိုယ်ကျင့်တရားအရ မှားယွင်းသည်ဟု သူမခံစားရပေ။ လူတိုင်း ခိုးကူးကြသည်မဟုတ်ပါလား။ ဘာ့ကြောင့် ဈေးကြီးသော မူရင်းဆော့ဖ်ဝဲလ်ကို ဝယ်ရမည်နည်း။ မည်သူလာစစ်မည်နည်း။

သို့သော် ဘုရားသခင်၏စံနှုန်းများအတိုင်း နေ့စဉ်အသက်ရှင်ခြင်း၏ ပုံသက်သေများအကြောင်း ဒေသနာကို ကြားခဲ့ပြီးနောက်၊ ယုံကြည်ခြင်း ကြီးထွားလာသော ယုံကြည်သူအသစ်အနေဖြင့် ဘင်သည် “မှန်သောအရာကို လုပ်ဆောင်ခြင်းဆိုတာ ဘာလဲ” ဟု စတင်တွေးတောလာခဲ့သည်။

ဘင်သည် သူ၏ဆော့ဖ်ဝဲလ်အားလုံးကို မူရင်းဗားရှင်းများဖြင့် အစားထိုးရန် ဆုံးဖြတ်ခဲ့သည်။ ဈေးပိုကြီး‌သော်လည်း သူ၏သူငယ်ချင်းများကို “ဘုရားသခင်က သိတယ်။ မှန်ကန်တဲ့အရာလုပ်ဆောင်ဖို့ ကျွန်တော်တို့ကို ခေါ်ယူတယ်၊ ဟုတ်တယ် မဟုတ်လား”ဟု ရှင်းပြခဲ့သည်။

အာမုတ်အနာဂတ္တိကျမ်း ၇ တွင် ဘုရားသခင်က သူ၏စံနှုန်းများသည် တိကျပြီး ဘက်လိုက်ခွဲခြားမှုမရှိဘဲ၊ ရွေးချယ်ထားသောလူမျိုးအပါအဝင် အားလုံး အတွက် အကျုံးဝင်ကြောင်း ဣသရေလလူမျိုးများကို သတိပေးခဲ့သည်။ ကိုယ်တော်၏ တရားတော်များနှင့် ကျင့်ကြံပြုမူရမည့်စံနှုန်းများသည် “ချိန်ကြိုး” ကဲ့သို့ဖြစ်သည် (:၈)။ ၎င်းသည် ခဲဆွဲထားသောမျဥ်းကြိုးဖြစ်ပြီး၊ အဆောက် အအုံ၏နံရံ တည့်မတ်မှုရှိမရှိကို သေချာအောင် စစ်ဆေးတိုင်းတာရာ၌ ဆောက်လုပ်ရေးသမားက အသုံးပြုသောကြိုးဖြစ်သည်။

ဘုရားသခင်သည် ကရုဏာတော်ကို ကမ်းလှမ်းပေးစဥ်မှာပင်၊ သူ၏ တရားမျှတခြင်းကို အထိခိုက်မခံပါ။ ထို့ကြောင့်လည်း ကျွန်ုပ်တို့၏အပြစ်အတွက် ကျွန်တော်တို့ကိုယ်စား အပြစ်ကြွေးပေးဆပ်အသေခံရန် သားတော်ယေရှုခရစ်ကို စေလွှတ်ခဲ့သည်။ကိုယ်တော်၏တရားလမ်း၌ ကျွန်ုပ်တို့လျှောက်လှမ်းသည်၊ မလျှောက်လှမ်းသည်ကို သမ္မာကျမ်းစာက ညွှန်ပြသည်။ ဘုရားသခင်သည် ကျေးဇူးတော်အားဖြင့်၊ သခင်ယေရှုကို ယုံကြည်သူများအား ကိုယ်တော်နှစ်သက်ကျေနပ်လျက် မှန်သောအရာကိုပြုပြီး ကိုယ်တော်ကို ချီးမြှောက်လျက် အသက်ရှင်နိုင်ရန် ကူညီပေးသည်။
စာရေးသူ လက်စလီခို

ဘုရားသခင်၏ချိန်ကြိုးကို ကျွန်ုပ်တို့ဘဝ၏ မည့်သည့်ကဏ္ဍများတွင် အသုံးချနိုင်သနည်း။ “ဖြောင့်မတ်မှန်ကန်စွာနေထိုင်ခြင်း”သည် သင့်အသက်တာတွင် မည်သည့်ပုံစံမျိုးဖြစ်သနည်း။

ချစ်သောအဘဘုရား၊ ကျွန်ုပ်ကို ကိုယ်တော်၏သားတော် ယေရှုကဲ့သို့ သန့်ရှင်းစေရန် ခေါ်ယူစေစားပါ၏။ ကြီးသောအမှု၊ ငယ်သောအမှု အမှုခပ်သိမ်းတွင် ကိုယ်တော်အား ချီးမြှောက်ရန် မစသွန်သင်တော်မူပါ။

****************************************
အသက်တာကို ပြောင်းလဲပေးနိုင်စွမ်းရှိသည့် ဘုရားသခင်၏နှုတ်ကပတ်တော်မှ မိတ်ဆွေခွန်အားရရှိမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းအတွက် ဆုတောင်းပေးရန် မေတ္တာရပ်ခံပါသည်။ မိမိတတ်နိုင်သလို ထောက်ပံ့ကူညီလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။ မိတ်ဆွေ၏အကူအညီအတွက် ကျွန်ုပ်တို့ အလွန်ဝမ်းမြောက် ကျေးဇူးတင်မည်ပင်။ ဘုရားသခင်၏ ကွယ်ကာစောင်မမှုအားဖြင့် မိတ်ဆွေ၏အသက်တာသည် လုံခြုံ၍အသီးပွင့်လန်းသောအသက်တာ ဖြစ်ပါစေသော်။

ပြန်လည်ဝေမျှပါတနင်္လာနေ့ | ဇူလိုင်လ (၂၀) ရက်နေ့စဉ်ခွန်အားဖတ်ရန် ။ ။ ဖတ်ရန် ကောရိန္သုသြဝါဒစာဒုတိယစောင် ၁:၁-၇ | သမ္မာကျမ်း...
20/07/2026

ပြန်လည်ဝေမျှပါ

တနင်္လာနေ့ | ဇူလိုင်လ (၂၀) ရက်

နေ့စဉ်ခွန်အားဖတ်ရန် ။ ။
ဖတ်ရန် ကောရိန္သုသြဝါဒစာဒုတိယစောင် ၁:၁-၇ | သမ္မာကျမ်းစာတစ်နှစ်တာ ဆာ ၂၆-၂၈ နှင့် တ ၂၂

ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့ ဒုက္ခဝေဒနာအမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း ဒုက္ခဝေဒနာအမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အား သက်သာစေတော်မူ၏။ [ ၂ ကော ၁:၄ ]

၅၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ပြီးနောက် အင်္ဂလန်ဘောလုံးအသင်းသည် ဥရောပဖလား ဗိုလ်လုပွဲသို့ အဆုံးတွင် တက်လှမ်းနိုင်ခဲ့ပြီး၊ အီတလီအသင်းနှင့် သရေကျနေသဖြင့် ပင်နယ်တီဖြင့် အနိုင်အရှုံးဆုံးဖြတ်ရာ၊ အင်္ဂလန်အသင်းအတွက် နောက်ဆုံး အခွင့်အရေးမှာ လူငယ်ကစားသမား Bukayo Saka (ဘူကာယို ဆာကာ) အပေါ် ကျရောက် လာသည်။ သို့သော် ဆာကာ ပင်နယ်တီကန်သွင်းလိုက်ချိန်တွင် အီတလီ ဂိုးသမားက ပုတ်ထုတ်နိုင်ခဲ့သည်။ အင်္ဂလန်ပရိသတ်များ ငိုကြွေးကြပြီး ဖလားနှင့်ဝေးခဲ့ရသည်။

သို့သော် နောက်ဆက်တွဲဖြစ်ရပ်ကို မေ့နိုင်သူ မရှိသလောက်ပင်။ အင်္ဂလန်အသင်း မန်နေဂျာ Gareth Southgate (ဂါရတ်ဆောက်ဂိတ်) သည် စိတ်ပျက်အားငယ်နေသော ဆာကာထံ လျှောက်သွားပြီး သူ့ကို ဖက်ထားပေးခဲ့သည်။ ဆာကာ မည်သို့ခံစားနေရသည်ကို သူကောင်းကောင်းသိသည်။ ၁၉၉၆ ခုနှစ်က ဆောက်ဂိတ် ကိုယ်တိုင် လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး၊ ပင်နယ်တီလွဲချော်ခဲ့ဖူး၍၊ ထိုစဉ်က အင်္ဂလန်အသင်းမှာ ဆီမီးဖိုင်နယ်သို့ မတက်နိုင်ခဲ့ပါ။ ထိုအချိန်က အင်္ဂလန်အသင်း မန်နေဂျာဖြစ်သူ တယ်ရီ ဗင်းနဘဲလ်ကလည်း သူ့ကို ဤနည်းအတိုင်းပင် နှစ်သိမ့်ပေးခဲ့ဖူးသည်။

ရှင်ပေါလုက “ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့ ဒုက္ခဝေဒနာအမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း ဒုက္ခဝေဒနာအမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အား သက်သာစေတော်မူ၏” ဟု ဆိုထားသည် (၂ ကော ၁:၃-၄)။ ဗင်းနဘဲလ်ထံမှ ရရှိခဲ့သော နှစ်သိမ့်မှုကိုဆောက်ဂိတ်က ဆာကာ ထံ ပြန်လည်ဝေမျှပေးသကဲ့သို့ပင်၊ မိမိ၏ဆင်းရဲဒုက္ခထဲ၌ ရရှိခဲ့သော ဘုရား၏နှစ်သိမ့်မှုသည် အခြားသူများ၏ ဆင်းရဲဒုက္ခထဲ၌ သူတို့ကို ပြန်လည်နှစ်သိမ့်ပေးနိုင်ပြီး သူတို့၏သည်းခံနိုင်ရည်ကို တည်ဆောက်ပေးနိုင်ကြောင်း ရှင်ပေါလုသိမြင်ခဲ့သည်(:၆)။ “သက်သာခြင်းအမျိုးမျိုးတို့၏အရှင်ဘုရားသခင်”(:၃)သည် ကျွန်ုပ်တို့၏စိတ်ပျက်အားငယ်မှုများကို ကောင်းကျိုးအလို့ငှာ အသုံးချနိုင်ပါသည်။

အဆုံးမရှိသော ခွန်အားပေးမှုကွင်းဆက်တစ်ခု ဖြစ်ပေါ်လာစေရန် ဘုရား၏ နှစ်သိမ့်ခြင်းကို ကျွန်ုပ်တို့လည်း တစ်ဆင့် ပြန်လည်ဝေမျှကြပါစို့။
စာရေးသူ ရှရီဒန်ဗွိုင်စေး

ဆုံးရှုံးမှု သို့မဟုတ် ဆင်းရဲဒုက္ခများ ကြုံတွေ့နေရချိန်တွင် ဘုရားသခင်က သင့်ကို မည်သို့ နှစ်သိမ့်ပေးခဲ့သနည်း။ ယနေ့တွင် အခြားသူတစ်ဦးအား ထိုနှစ်သိမ့်ခြင်းကို မည်သို့ ပြန်လည်ဝေမျှပေးနိုင်သနည်း။

သက်သာခြင်းကို ပေးသနားသော ဘုရားသခင်၊ ကျွန်ုပ်ရင်ဆိုင်ရသော စမ်းသပ်မှုတိုင်းတွင် ကိုယ်တော်၏ နှစ်သိမ့်ခြင်းကို အခြားသူများထံ ပြန်လည်ဝေမျှပေးနိုင်ရန် ကူညီပေးသနားတော်မူပါ။


****************************************
အသက်တာကို ပြောင်းလဲပေးနိုင်စွမ်းရှိသည့် ဘုရားသခင်၏နှုတ်ကပတ်တော်မှ မိတ်ဆွေခွန်အားရရှိမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းအတွက် ဆုတောင်းပေးရန် မေတ္တာရပ်ခံပါသည်။ မိမိတတ်နိုင်သလို ထောက်ပံ့ကူညီလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။ မိတ်ဆွေ၏အကူအညီအတွက် ကျွန်ုပ်တို့ အလွန်ဝမ်းမြောက် ကျေးဇူးတင်မည်ပင်။ ဘုရားသခင်၏ ကွယ်ကာစောင်မမှုအားဖြင့် မိတ်ဆွေ၏အသက်တာသည် လုံခြုံ၍အသီးပွင့်လန်းသောအသက်တာ ဖြစ်ပါစေသော်။

ကယ်တင်သောဘုရားသခင်တနင်္ဂနွေနေ့ | ဇူလိုင်လ (၁၉) ရက်နေ့စဉ်ခွန်အားဖတ်ရန် ။ ။ ဖတ်ရန် ဒံယေလအနာဂတ္တိကျမ်း ၆:၁၆-၂၃ | သမ္မာကျမ်း...
19/07/2026

ကယ်တင်သောဘုရားသခင်

တနင်္ဂနွေနေ့ | ဇူလိုင်လ (၁၉) ရက်

နေ့စဉ်ခွန်အားဖတ်ရန် ။ ။

ဖတ်ရန်
ဒံယေလအနာဂတ္တိကျမ်း ၆:၁၆-၂၃ | သမ္မာကျမ်းစာတစ်နှစ်တာ ဆာ ၂၃-၂၅ နှင့် တ ၂၁:၁၈-၄၀

“ဒံယေလကို တွင်းထဲက ထုတ်ယူ၍၊ ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ၌ ထိခိုက်သော အနာတစ်ခုမျှမရှိ”။ [ ဒံ ၆:၂၃ ]

တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကျခံရသော Vic (ဗစ်ခ်)သည် သူစိတ်နှလုံးမှ တောင့်တမှုများကို သူငယ်ချင်းများအား ပြောပြရာ၊ ဗစ်ခ်၏ဘဝတွင် ဗလာဖြစ်နေသော ကွက်လပ်များကို ယေရှုဖြည့်ဆည်းပေးလိမ့်မည်ဟု သူငယ်ချင်း များက ပြောသောအခါ သူလှောင်ပြောင်ခဲ့သည်။ သေဆုံးသွားပြီးမှ ယနေ့တိုင် အသက်ရှင်နေဆဲဖြစ်သော ယေရှုဆိုသည့်ပုဂ္ဂိုလ်မှာ ဗစ်ခ်အတွက် ဒဏ္ဍာရီသာ ဖြစ်သည်။ သံသယများရှိနေသော်လည်း နောက်ပိုင်းတွင် သူသည် ခရစ်ယာန်ရေဒီယိုအစီအစဉ်များကို နားထောင်ပြီး ကျမ်းစာကိုပင် ဖတ်ရှုလာခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်ကိုယ်တော်တိုင် ထင်ရှားပြရန် သူတောင်းဆိုခဲ့သည်။

သို့နှင့် ဗစ်ခ်၏ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများ စတင်ပျောက်ကွယ်သွားသည်။ “လူကတော့ ခြံစည်းရိုးအထပ်ထပ်နဲ့ ကာရံထားတဲ့ ထောင်ထဲမှာ ပိတ်လှောင်ခံထားရတယ်။ ဒါပေမဲ့ စိတ်ဝိညာဥ်ကတော့ ခြင်္သေ့တွင်းထဲက ဒံယေလလိုပဲ၊ လွတ်လပ်ပြီး ဘေးကင်းလုံခြုံနေပါတယ်”ဟု သူပြန်လည်ပြောပြသည်။ မကြာမီမှာပင် ယေရှုကို မိမိ၏ကယ်တင်ရှင်အဖြစ် သူလက်ခံခဲ့သည်။

ဗစ်ခ်သည် ယုဒပြည်မှ ပြည်နှင်ဒဏ်ခံရပြီး ခြင်္သေ့တွင်းထဲ ပစ်ချခံခဲ့ရသည့် ဓမ္မဟောင်းကျမ်းမှ ဒံယေလ၏ပုံပြင်ကို ဖတ်ခဲ့ရသည်။ ရက်ပေါင်း ၃၀ အတွင်း ရှင်ဘုရင်မှတစ်ပါး အခြားမည်သူ့ကိုမျှ ဆုမတောင်းရဟု မင်းကြီးက အမိန့်ထုတ် ထားသော်လည်း ဒံယေလသည် တစ်နေ့သုံးကြိမ် ဘုရားသခင်ထံ ဆုတောင်းခြင်းကို မရပ်တန့်ခဲ့ပေ (ဒံ ၆:၆-၁၀)။ မင်းကြီးသည် “အလွန်စိတ်မသာ” ဖြစ်ခဲ့ပြီး ဒံယေလကို ခြင်္သေ့စာကျွေးကာ အပြစ်ပေးလိုက်ရသည့်အတွက် နောင်တရ နေခဲ့သည်(:၁၄၊၁၆)။ သို့သော် ဘုရားသခင်သည် သူ၏ တန်ခိုးအာဏာကို ပြသကာ ဒံယေလကို ဘေးကင်းစွာ စောင့်ရှောက်ခဲ့သဖြင့် “ရှင်ဘုရင်သည် အလွန်ဝမ်းမြောက်တော်မူ၏” (:၂၃)။

ကျွန်ုပ်တို့ မည်သို့သော အခက်အခဲ၊ ဆင်းရဲဒုက္ခမျိုးနှင့် ကြုံတွေ့ရသည်ဖြစ်စေ ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သည့်အခါမျှ စွန့်ခွာမည်မဟုတ်။ ကျွန်ုပ်တို့ ကိုယ်တော်ထံသို့ လှည့်ပြန်ရန်သာ လိုပါ၏။
စာရေးသူ အေမီဘိုချာပိုင်

ဘုရားသခင်ထံ၌ ဘေးကင်းလုံခြုံမှုကို သင် မည်သို့ ရှာဖွေနိုင်သနည်း။ ယနေ့တွင် အကူအညီနှင့် ခွန်အားရရှိရန် ဘုရားသခင်ထံ မည်သို့ မျှော်ကြည့်မည်နည်း။

လွတ်မြောက်ခြင်းကို ပေးသနားသော ဘုရားသခင်၊ သားတော်ယေရှု၏ အသေခံခြင်းအားဖြင့် ကျွန်ုပ်၏ အပြစ်ကြွေးများကို ပယ်ဖျက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ပါ၏။ ကျွန်ုပ်၏ကယ်တင်ခြင်းအတွက် ကိုယ်တော့်ကို မျှော်ကြည့်ပါ၏။


****************************************
အသက်တာကို ပြောင်းလဲပေးနိုင်စွမ်းရှိသည့် ဘုရားသခင်၏နှုတ်ကပတ်တော်မှ မိတ်ဆွေခွန်အားရရှိမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းအတွက် ဆုတောင်းပေးရန် မေတ္တာရပ်ခံပါသည်။ မိမိတတ်နိုင်သလို ထောက်ပံ့ကူညီလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။ မိတ်ဆွေ၏အကူအညီအတွက် ကျွန်ုပ်တို့ အလွန်ဝမ်းမြောက် ကျေးဇူးတင်မည်ပင်။ ဘုရားသခင်၏ ကွယ်ကာစောင်မမှုအားဖြင့် မိတ်ဆွေ၏အသက်တာသည် လုံခြုံ၍အသီးပွင့်လန်းသောအသက်တာ ဖြစ်ပါစေသော်။

လမ်းပိတ်ထားသည်၊ ဝိညာဉ်တော်ပို့ဆောင်သည်စနေနေ့ | ဇူလိုင်လ (၁၈) ရက်နေ့စဉ်ခွန်အားဖတ်ရန် ။ ။ ဖတ်ရန် တမန်တော်ဝတ္တု ၁၆:၆-၁၀ | သ...
18/07/2026

လမ်းပိတ်ထားသည်၊ ဝိညာဉ်တော်ပို့ဆောင်သည်

စနေနေ့ | ဇူလိုင်လ (၁၈) ရက်

နေ့စဉ်ခွန်အားဖတ်ရန် ။ ။

ဖတ်ရန် တမန်တော်ဝတ္တု ၁၆:၆-၁၀ | သမ္မာကျမ်းစာတစ်နှစ်တာ ဆာလံ ၂၀-၂၂ နှင့် တမန် ၂၁:၁-၁၇

“ဗိသုန်မြို့သို့ သွားမည်ပြုစဥ် ဝိညာဉ်တော်သည် အခွင့်ပေးတော်မမူသောကြောင့်...”။ [ တ ၁၆:၇ ]

ရှည်လျားသော ခရီးစဉ်တစ်ခုမှ ကျွန်တော်တို့ဇနီးမောင်နှံပြန်လာပြီး ကျွန်တော်တို့ နေထိုင်သည့်လမ်းနှင့် နီးလာသောအခါ “ဖြတ်သန်းသွားလာခွင့်မပြု” ဟူသည့် လမ်းပိတ်ဆိုင်းဘုတ်ကြီးတစ်ခုက လမ်းကိုပိတ်ထားသည်။ အိမ်က ရှေ့နားမှာပင်ဖြစ်၍ ထိုဆိုင်းဘုတ်ကို ပတ်မောင်းသွားချင်စိတ် ပေါ်လာသည်။ လမ်းလွှဲ မောင်းရခြင်းကို ကျွန်တော် မနှစ်သက်ပါ။ သို့သော် ဘာကြောင့် လမ်းပိတ်ထားရသနည်းဆိုလျှင် ဓာတ်ကြိုးတစ်ချောင်း လမ်းပေါ် ပြတ်ကျနေသည်ကို ကျွန်တော် မြင်လိုက်ရသည်။ သတိပေးချက်ကို ကျွန်တော် လျစ်လျူရှုခဲ့ပါက အန္တရာယ်ထဲသို့ မောင်းဝင်မိသွားနိုင်ပါသည်။

တမန်တော်ဝတ္ထု ၁၆:၆-၁၀ တွင် ပေါလုနှင့် သူ၏အဖော်များသည် အာရှိ ပြည်၌ ဧဝံဂေလိတရား ဟောပြောရန် စိတ်ထက်သန်နေကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်က ထိုတံခါးကို ပိတ်ထားခဲ့သည်။ လမ်းလွှဲရခြင်းသည် အမြဲတမ်း ငြင်းပယ်ခံရခြင်း မဟုတ်ပါ။ ၎င်းတို့သည် လမ်းကြောင်းအသစ်သို့ ဘုရားရှင်ပို့ဆောင်ခြင်းများလည်း ဖြစ်နိုင်ပါသည်။ လမ်းပေါ်က လမ်းပိတ်ဆိုင်းဘုတ်ကဲ့သို့ပင်၊ ဘုရားသခင်သည် ပေါလုကို ဗိသုန်ပြည်သို့ မဝင်စေရန် လမ်းလွှဲပေးခဲ့သည်။ မိမိအစွမ်းကုန် ကြိုးစားလုပ်ဆောင်နေချိန်တွင် အတားအဆီးနှင့် ကြုံရခြင်းမှာ စိတ်ပျက်စရာဖြစ်လိမ့်မည်။ သို့သော် ထို့နောက်တွင် ပေါလုသည် “မာကေဒေါနိပြည်သို့ ကူးပါ။ ငါတို့ကို မစပါ”ဟု လူတစ်ဦးက တောင်းပန်သည့် ဗျာဒိတ်ရူပါရုံကို မြင်ခဲ့ရသည်(:၉)။ ဘုရားသခင်သည် ကောင်းသောအမှုတစ်ခုကို ငြင်းပယ်ခဲ့ခြင်းမှာ ဧဝံဂေလိတရားကို အခြားဒေသတစ်ခု (ဥရောပ)သို့ ပို့ဆောင်ရန် ပိုမိုကြီးမြတ်သော အမှုအတွက် ပြင်ဆင်နေသောကြောင့်ဖြစ်သည် (:၁၀)။

ဘုရားသခင်၏ “ငြင်းဆိုမှု”ကို အပြစ်ပေးခြင်း၊ ပယ်ချခြင်းဟု မြင်မည့်အစား၊ ဝိညာဉ်တော်ပို့ဆောင်သည့်လမ်းကြောင်းသစ်ဟု မြင်နိုင်ပါသည်။ ကိုယ်တော်၏ လမ်းလွှဲမှုများသည် အများအားဖြင့် ဘုရားသခင် ပြင်ဆင်ထားသောလမ်းကြောင်းများသို့ ဦးတည်နေပါသည်။ လမ်းပွင့်နေချိန်တွင်သာ ကိုယ်တော်၏လမ်းညွှန်မှုကို ယုံကြည်ကိုးစားခြင်းမျိုး မဟုတ်ဘဲ၊ ကိုယ်တော်က လမ်းများကို ပိတ်လိုက်သည့်အခါတွင်လည်း ဆက်လက်၍ နာခံလိုက်လျှောက်ကြပါစို့။
စာရေးသူ မာဗင်ဝီလီယံ

ကောင်းသောအမှုကိုပြုရန် သင်ကြိုးစားနေစဉ် ဘုရားသခင်က “လမ်းပိတ်ထားသည်” ဟူသော ဆိုင်းဘုတ်ကို မည်သည့်အချိန်တွင် ချပြခဲ့ဖူးသနည်း။ သင်၏ အစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် ဝိညာဉ်တော်၏ လမ်းညွှန်မှုကို မည်သို့ နားစွင့်နေသနည်း။

အို ဘုရားသခင်၊ ပွင့်နေသော တံခါးများကို ကျွန်ုပ်ယုံကြည်သကဲ့သို့၊ ကိုယ်တော် ပိတ်ထားသော တံခါးများအတွက်လည်း ယုံကြည်ကိုးစားနိုင်ရန် ကူညီမစတော်မူပါ။

****************************************
အသက်တာကို ပြောင်းလဲပေးနိုင်စွမ်းရှိသည့် ဘုရားသခင်၏နှုတ်ကပတ်တော်မှ မိတ်ဆွေခွန်အားရရှိမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းအတွက် ဆုတောင်းပေးရန် မေတ္တာရပ်ခံပါသည်။ မိမိတတ်နိုင်သလို ထောက်ပံ့ကူညီလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။ မိတ်ဆွေ၏အကူအညီအတွက် ကျွန်ုပ်တို့ အလွန်ဝမ်းမြောက် ကျေးဇူးတင်မည်ပင်။ ဘုရားသခင်၏ ကွယ်ကာစောင်မမှုအားဖြင့် မိတ်ဆွေ၏အသက်တာသည် လုံခြုံ၍အသီးပွင့်လန်းသောအသက်တာ ဖြစ်ပါစေသော်။

ဘုရားသခင်၏ လက်ရာတော်သောကြာနေ့ | ဇူလိုင်လ (၁၇) ရက်နေ့စဉ်ခွန်အားဖတ်ရန် ။ ။ ဖတ်ရန် ယောဘဝတ္ထု ၃၈:၃၁-၄၁ | သမ္မာကျမ်းစာတစ်နှစ်...
17/07/2026

ဘုရားသခင်၏ လက်ရာတော်

သောကြာနေ့ | ဇူလိုင်လ (၁၇) ရက်

နေ့စဉ်ခွန်အားဖတ်ရန် ။ ။

ဖတ်ရန် ယောဘဝတ္ထု ၃၈:၃၁-၄၁ | သမ္မာကျမ်းစာတစ်နှစ်တာ ဆာ ၁၈-၁၉
နှင့် တ ၂၀:၁၇-၃၈

မိုးကောင်းကင်တရားတို့ကို နားလည်သလော။ [ ယောဘ ၃၈:၃၃ ]

ပုစဉ်းများသည် အလွန်နူးညံ့သိမ်မွေ့သော ပိုးမွှားများဖြစ်သော်လည်း အံ့ဩဖွယ် ပျံသန်းနိုင်စွမ်းနှင့် ခံနိုင်ရည်ရှိကြသည်။ ပျံသန်းမှုဆိုင်ရာ နည်းပညာများ တိုးတက်ကောင်းမွန်လာစေရန် ၎င်းတို့၏လေထဲတွင် ပျံသန်းနိုင်စွမ်းကို လေ့လာခဲ့ကြသည်။ မကြာမီက ပုစဉ်းတစ်ကောင်သည် ဇောက်ထိုးကျသွားပါက တစ်စက္ကန့်လျှင် အကြိမ် ၃၀ တောင်ပံခတ်ခြင်းဖြင့် ၀. ၂ စက္ကန့်အတွင်း ပုံမှန်အနေအထားသို့ ပြန်ရောက်နိုင်ကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြသည်။ ၎င်း၏မျက်လုံးများကလည်း မည်သည့်ဘက်က အပေါ်ဘက်ဖြစ်သည်ကို ဆုံးဖြတ်ရန်နှင့် အနည်းငယ်မျှသော ပြုပြင်ထိန်းညှိမှုများ ပြုလုပ်နိုင်ရန်အတွက် တစ်စက္ကန့်လျှင် ပုံရိပ်ပေါင်း ၂၀၀ ကို အံ့ဩဖွယ်ရာ ဖော်ထုတ်ပေးနိုင်သည်။

ဘုရားသခင်၏ ဖန်ဆင်းနိုင်စွမ်းနှင့် ဉာဏ်ပညာတော်ကို သဘာဝဝန်းကျင်လောကတစ်ခုလုံးတွင် တွေ့မြင်နိုင်ပါသည်။ ယောဘဝတ္ထုတွင် အဓိကဇာတ်ဆောင် ယောဘက ဘုရားသခင်သည် ကောင်းမြတ်၊ ဖြောင့်မတ်သည်ဆိုပါက အဘယ့်ကြောင့်သူဆင်းရဲဒုက္ခခံစားရသည်ကို နားလည်နိုင်အောင် ရုန်းကန်နေခဲ့ရသည်။ ဘုရားသခင်က ယောဘအား “မိုးကောင်းကင်တရားတို့ကို နားလည်သလော။ ထိုတရားတို့သည် မြေကြီးကို အုပ်စိုးမည့်အကြောင်း အခွင့်ပေးနိုင်သလော (၃၈:၃၃)ဟု မေးခဲ့သည်။ ဘုရားသခင်သည် ငှက်၊ ဆိတ်များမှအစ ကမ္ဘာ့အကြီးဆုံး သားရဲတိရစ္ဆာန်များအထိ ဖော်ပြလျက်၊ တိရစ္ဆာန်တစ်ကောင်ချင်းစီ၏ရှင်သန်မှုအတွက် လိုအပ်ချက်များကို ကိုယ်တော်သိတော်မူပြီး၊ ၎င်းတို့၏သားငယ်များ ဆာလောင်၍ အော်ဟစ်သံများကိုလည်း နားညောင်းတော်မူသည်(၃၈:၃၉-၄၁)။ ငှက်ကုလားအုတ်၏အမြန်နှုန်း (သို့) နွားလား ဥဿဘ၏ခွန်အားကဲ့သို့သော ထူးခြားသည့် လက္ခဏာများကိုလည်း ဘုရားသခင်က ပေးသနားထားသည်။ ၎င်းတို့ရှင်သန်နိုင်ရေးအတွက်ဖြစ်သည်။

ပုစဉ်းတစ်ကောင်သည် ဤမျှအံ့ဩဖွယ်ကောင်းလောက်အောင် မည်သို့ လှုပ်ရှားနိုင်သနည်း။ ကျွန်ုပ်တို့ သင်ယူရမည့်အရာများစွာ ရှိပါသေးသည်။ သို့သော် ဤသတ္တဝါလေးများကို ပုံစံထုတ်ဖန်ဆင်းခဲ့သော အရာခပ်သိမ်းကို သိတော်မူသည့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှောင်ဆုံးညများမှ ကိုယ်တော့်မျက်မှောက်တော်၏ အလင်းနှင့် ဝမ်းမြောက်ခြင်းဆီသို့ မည်သို့ပို့ဆောင်ရမည်ကို သိတော်မူသောအရှင်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကိုးစားနိုင်ပါသည်။
စာရေးသူ ခယ်ရန်ပင်ပို

သင်၏ဝန်းကျင်ကမ္ဘာလောကတွင် ဘုရားသခင်၏လက်ရာတော်ကို မည်သည့်နေရာ၌ တွေ့မြင်ရသနည်း။ ၎င်းက ဘုရားသခင်၏ သဘောသဘာဝနှင့် ပတ်သက်၍ အဘယ်အရာကို ဖော်ပြနေသနည်း။

ဖန်ဆင်းရှင် ဘုရားသခင်၊ အကျွန်ုပ် နားမလည်နိုင်သည့်တိုင် ကိုယ်တော်၏ ဉာဏ်ပညာနှင့် ဖြောင့်မတ်ခြင်းကို ယုံကြည်ကိုးစားပါ၏။

****************************************
အသက်တာကို ပြောင်းလဲပေးနိုင်စွမ်းရှိသည့် ဘုရားသခင်၏နှုတ်ကပတ်တော်မှ မိတ်ဆွေခွန်အားရရှိမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းအတွက် ဆုတောင်းပေးရန် မေတ္တာရပ်ခံပါသည်။ မိမိတတ်နိုင်သလို ထောက်ပံ့ကူညီလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။ မိတ်ဆွေ၏အကူအညီအတွက် ကျွန်ုပ်တို့ အလွန်ဝမ်းမြောက် ကျေးဇူးတင်မည်ပင်။ ဘုရားသခင်၏ ကွယ်ကာစောင်မမှုအားဖြင့် မိတ်ဆွေ၏အသက်တာသည် လုံခြုံ၍အသီးပွင့်လန်းသောအသက်တာ ဖြစ်ပါစေသော်။

Lionel Messi ရဲ့ ဘောလုံးလောက ဖြတ်သန်းမှု သမိုင်းကြောင်းကို ကြည့်ရင် ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းထက် ပိုတဲ့၊ ကျွန်တော်တို...
16/07/2026

Lionel Messi ရဲ့ ဘောလုံးလောက ဖြတ်သန်းမှု သမိုင်းကြောင်းကို ကြည့်ရင် ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းထက် ပိုတဲ့၊ ကျွန်တော်တို့ရဲ့ နေထိုင်မှု ဘဝနဲ့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု (Spiritual/Life Lessons) အတွက် အတုယူစရာ အချက်ကောင်းတွေ အများကြီးကို တွေ့နိုင်ပါတယ်။

၁။ နှိမ့်ချခြင်းနှင့် တစ်ကိုယ်ကောင်းမဆန်တဲ့ စိတ်ဓာတ် (Humility and Selflessness)

မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or) အများဆုံးရထားတဲ့ အောင်မြင်မှုရဲ့ ထိပ်ဆုံးက လူတစ်ယောက်ပါ။ ဒါပေမဲ့ ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ သူဟာ ထောင်လွှားတာမျိုး မရှိဘဲ နှိမ့်ချမှုကို အမြဲပြလေ့ရှိပါတယ်။
သူဟာ အသင်းမှာ "အဓိကလူ (MVP)" ဖြစ်ပေမဲ့ ဂိုးသွင်းဖို့ တစ်ကိုယ်ကောင်းမဆန်ဘဲ ပိုကောင်းတဲ့အနေအထားရှိတဲ့ အသင်းဖော်တွေကို ပံ့ပိုးပေး (Assist) လေ့ရှိပါတယ်။

စစ်မှန်တဲ့ ခေါင်းဆောင်မှုနဲ့ ကြီးမြတ်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ် မြှောက်တင်ခြင်း မဟုတ်ဘဲ၊ သူတစ်ပါးကို ပံ့ပိုးပေးခြင်းနဲ့ နှိမ့်ချခြင်းကနေသာ လာတာ ဖြစ်ပါတယ်။

၂။ စိတ်ရှည်သည်းခံခြင်းနှင့် အချိန်ကို စောင့်ဆိုင်းခြင်း (Patience and Trusting the Process)

မက်ဆီအတွက် ကမ္ဘာ့ဖလား (World Cup) ဆိုတာ အိမ်မက်တစ်ခု ဖြစ်ခဲ့ပေမဲ့ အဲဒီအိမ်မက် ပြည့်မြောက်ဖို့ နှစ်ပေါင်းများစွာ ရှုံးနိမ့်မှုတွေ၊ ဝေဖန်မှုတွေကို ခါးစည်းခံခဲ့ရပါတယ်။ ၂၀၁၄ မှာ ဗိုလ်လုပွဲအထိ ရောက်ပြီး ရှုံးခဲ့တယ်၊ ကိုပါအမေရိက ဖလားတွေမှာ ဗိုလ်လုပွဲ ရောက်ပြီး ရှုံးခဲ့လို့ လက်ရွေးစင်အသင်းကနေ နုတ်ထွက်ဖို့အထိ စိတ်ဓာတ်ကျခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ လက်မလျှော့ခဲ့ပါဘူး။ နောက်ဆုံး ၂၀၂၂ ကျမှ (သူ့ရဲ့ ကစားသမားသက်တမ်း နှောင်းပိုင်းကျမှ) အချိန်တန်တော့ အိမ်မက်က အံ့သြဖွယ်ရာ ပြည့်စုံလာခဲ့ပါတယ်။

ဘဝရဲ့ အဖိုးတန်ဆုံး အရာတွေဟာ ချက်ချင်း ဖြစ်မလာတတ်ပါဘူး။ ဒဏ်ရာတွေ၊ ရှုံးနိမ့်မှုတွေကြားထဲကနေ စိတ်ရှည်သည်းခံပြီး ကိုယ့်ရဲ့ ပန်းတိုင်ကို မစွန့်လွှတ်ဘဲ ဆက်လျှောက်ရင် အချိန်တန်တဲ့အခါ အကောင်းဆုံး အသီးအပွင့်ကို ရရှိမှာ ဖြစ်ပါတယ်။

၃။ ပေးဆပ်စွန့်လွှတ်မှုနှင့် ခံနိုင်ရည်ရှိခြင်း (Sacrifice and Resilience)

ငယ်စဉ်က ကြီးထွားမှုဟော်မုန်းချို့တဲ့တဲ့ ရောဂါ (Growth Hormone Deficiency) ခံစားခဲ့ရလို့ နေ့တိုင်း ဆေးထိုးခဲ့ရတဲ့ ဘဝကနေ ကမ္ဘာ့အဆင့် ကစားသမားဖြစ်လာဖို့ သူဟာ သာမန်ထက် ပိုပြီး ပေးဆပ်ခဲ့ရပါတယ်။ အခက်အခဲတွေ၊ ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်တွေကို စိတ်ဓာတ်ခွန်အားနဲ့ ကျော်ဖြတ်ခဲ့တာပါ။

ဘဝမှာ အောင်မြင်မှုနဲ့ ကောင်းချီးမင်္ဂလာကို လိုချင်ရင် ပေးဆပ်မှု (Sacrifices) ဆိုတာ မလွဲမသွေ ရှိရပါမယ်။ လောကဓံရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ စိတ်ခွန်အား (Resilience) ဟာ ဘဝကို အသက်ရှင်စေတဲ့ အရင်းအမြစ် ဖြစ်ပါတယ်။

၄။ ပေးအပ်ထားသော ဆုကျေးဇူးကို တန်ဖိုးထားခြင်း (Stewardship of Gifts)

မက်ဆီဟာ မွေးရာပါ ပါရမီ (God-given talent) ပါလာတဲ့သူလို့ အများက သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီပါရမီကို ဒီအတိုင်း ပစ်မထားဘဲ ပိုမိုထက်မြက်လာအောင် လေ့ကျင့်မှုတွေ၊ ကြိုးစားမှုတွေနဲ့ အမြဲ ပျိုးထောင်ခဲ့ပါတယ်။

ကျွန်တော်တို့ လူသားတိုင်းမှာ မတူညီတဲ့ ဆုကျေးဇူးတွေ၊ ပါရမီတွေ ကိုယ်စီ ရှိကြပါတယ်။ အဲဒီဆုကျေးဇူးကို ဖုံးကွယ်မထားဘဲ တန်ဖိုးရှိရှိ အသုံးပြုပြီး ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းအတွက် "အသက်ကို စီးဆင်းစေသူ / ခွန်အားပေးသူ (Life-Giver)" ဖြစ်အောင် ကြိုးစားဖို့ လိုပါတယ်။

အနှစ်ချုပ်အနေနဲ့ -

မက်ဆီရဲ့ ဘဝကနေ ရတဲ့ ဝိညာဉ်သင်ခန်းစာကတော့ — "ဘဝမှာ ဘယ်လောက်ပဲ ထိပ်ဆုံးကို ရောက်ပါစေ နှိမ့်ချမှုကို မမေ့ပါနဲ့။ အခက်အခဲတွေကြားထဲကနေ စိတ်ရှည်စွာနဲ့ ကိုယ့်အလှည့်ကို စောင့်ပါ။ ကိုယ့်ရဲ့ အတ္တကို စွန့်လွှတ်ပြီး အသင်းအဖွဲ့ (သို့) ပတ်ဝန်းကျင်အတွက် အကောင်းဆုံး ပေးဆပ်ပါ" ဆိုတာပါပဲ



။

မည်သူ့ကို သင်လိုအပ်သနည်းကြာသပတေးနေ့ | ဇူလိုင်လ (၁၆) ရက်နေ့စဉ်ခွန်အားဖတ်ရန် ။ ။ ဖတ်ရန် ၁ ကော ၁၂:၁၂-၁၄၊ ၁၈၊ ၂၁-၂၇ | သမ္မာက...
16/07/2026

မည်သူ့ကို သင်လိုအပ်သနည်း

ကြာသပတေးနေ့ | ဇူလိုင်လ (၁၆) ရက်

နေ့စဉ်ခွန်အားဖတ်ရန် ။ ။

ဖတ်ရန် ၁ ကော ၁၂:၁၂-၁၄၊ ၁၈၊ ၂၁-၂၇ | သမ္မာကျမ်းစာတစ်နှစ်တာ ဆာ ၁၆-၁၇ နှင့် တ ၂၀:၁-၁၆

မျက်စိက သင့်ကို ငါအလိုမရှိဟု လက်ကို မဆိုရ။ [ ၁ ကော ၁၂:၂၁ ]
နံမည်ကျော်အားကစားသမားတစ်ဦးသည် သူကိုယ်တိုင် နိုင်မည်ဟု အသေအချာ ယုံကြည်ထားသည့် ချန်ပီယံလုပွဲသို့ သွားရန် လေယာဉ်ပေါ်တွင် ခန့်ညားစွာ ထိုင်နေသည်။ လေယာဉ်မယ်က သူ့အနားသို့ လျှောက်လာပြီး “လူကြီးမင်း၊ ကျေးဇူးပြု၍ ထိုင်ခုံခါးပတ် ပတ်ထားပါ”ဟု ပြောရာ၊ သူက ပြုံးပြီး၊ “စူပါမန်းမှာ ခါးပတ် မလိုဘူး”ဟု ပြန်ပြောလိုက်သည်။ လေယာဉ်မယ်ကလည်း မဆိုင်းမတွပင် “စူပါမန်းက လေယာဉ်ပျံလည်း မလိုဘူး။ ဒါကြောင့် ခါးပတ်ပတ်လိုက်ပါ”ဟု ပြန်ပြောလိုက်မှ သူလည်း ခါးပတ်ပတ်လိုက်ရတော့သည်။

အောင်မြင်မှုက ကျွန်ုပ်တို့ကို မာန်တက်စေသည်။ မိမိသည် ထိုင်ခုံခါးပတ်လည်း မလို၊ လေယာဉ်မယ်၏ ညွှန်ကြားချက်လည်း မလိုဘဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်သည်ဟု ထင်မှတ်လာစေသည်။ အကယ်၍ ကျွန်ုပ်တို့သည် ဤကဲ့သို့သော စိတ်သဘောထားမျိုးကို အသင်းတော်အတွင်းသို့ ယူဆောင်လာပါက ကျွန်ုပ်တို့သည် မျက်စိက လက်ကို “မင်းကို ငါမလိုဘူး”၊ ဦးခေါင်းက ခြေထောက်ကို “မင်းကို ငါမလိုဘူး” ဟု ပြောသကဲ့သို့ ဖြစ်နေလိမ့်မည် (:၂၁)။ အမှန်တရားမှာ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းသည် လိုအပ်ပြီး၊ “အားနည်းသည်ဟု ထင်ရသော အင်္ဂါများက သာ၍ အရေးကြီးပါသည်” (:၂၂)။

စုံလင်သောချစ်ခြင်းမေတ္တာ၌ အမှီသဟဲပြုရှင်သန်သည့် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော သုံးပါးတစ်ဆူဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း ကျွန်ုပ်တို့ဖန်ဆင်းခံရသည်။ ၎င်းတို့အတွင်း၌ ပြီးပြည့်စုံသော ဆက်ဆံရေးရှိတော်မူသည့်အတိုင်း ကျွန်ုပ်တို့ကိုလည်း နေ့စဉ်ဘဝနှင့် အသင်းတော်အတွင်း၌ အခြားသူများနှင့် ဆက်ဆံရေးရှိစေရန် ဖန်ဆင်းခဲ့သည်။ ကျွန်ုပ်တို့တစ်ဦးနှင့်တစ်ဦး မတူညီကြခြင်းက ကောင်းသောအချက်ပင်။ ခန္ဓာတစ်ခုလုံး မျက်စိချည်းဖြစ်ပါက မည်သို့ကြားနိုင်မည်နည်း(:၁၇)။ ကျွန်ုပ်တို့ အားလုံး မတူညီကြသော်လည်း အားလုံးသည် “မရှိမဖြစ် လိုအပ်သူများ”ဖြစ်သည် (:၂၂)။ သင့်ဒေသခံအသင်းတော်တွင် သင့်ကို မည်သူကူညီပေးနေသနည်း။ သူတို့ကို သင်သတိထားမိကြောင်း၊ အသိအမှတ်ပြုကြောင်း ပြောပြပါ။ သူတို့အမှုတော်ဆောင်ခြင်းအတွက်လည်း ကျေးဇူးတင်စကားပြောပါ။ ထို့ပြင် အခြား ယုံကြည်သူများကို သင်မည်သည့်နေရာတွင် အစေခံနိုင်မည်ကို ပြသပေးရန် ဘုရားသခင်ထံ တောင်းလျှောက်ပါ။
စာရေးသူ မိုက်ခ်ဝစ်မာ

ကျွန်ုပ်တို့ကို တစ်ဦးနှင့်တစ်ဦး လိုအပ်စေရန် ဘုရားသခင်အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း။ သင့်အား အစေခံကူညီပေးခဲ့သော မည်သူ့ကို သင် ကျေးဇူးတင်စကား ပြောနိုင်သနည်း။

ချစ်လှစွာသော ယေရှုဘုရား၊ ကိုယ်တော် ထားရှိသော နေရာမှနေ၍ အခြားသူများကို အစေခံနိုင်ရန် အကျွန်ုပ်ကို ခွန်အားပေးတော်မူပါ။


****************************************
အသက်တာကို ပြောင်းလဲပေးနိုင်စွမ်းရှိသည့် ဘုရားသခင်၏နှုတ်ကပတ်တော်မှ မိတ်ဆွေခွန်အားရရှိမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းအတွက် ဆုတောင်းပေးရန် မေတ္တာရပ်ခံပါသည်။ မိမိတတ်နိုင်သလို ထောက်ပံ့ကူညီလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။ မိတ်ဆွေ၏အကူအညီအတွက် ကျွန်ုပ်တို့ အလွန်ဝမ်းမြောက် ကျေးဇူးတင်မည်ပင်။ ဘုရားသခင်၏ ကွယ်ကာစောင်မမှုအားဖြင့် မိတ်ဆွေ၏အသက်တာသည် လုံခြုံ၍အသီးပွင့်လန်းသောအသက်တာ ဖြစ်ပါစေသော်။

15/07/2026

ဟေရှာယ ၄၅:၂ "ငါသည် သင်၏ရှေ့၌သွားသဖြင့်၊ မြင့်သောအရပ်တို့ကို ညီစေမည်။ ကြေးဝါတံခါးတို့ကိုလည်း ချိုးဖဲ့၍၊ သံမင်းတုတ်တို့ကို ခုတ်ဖြတ်မည်။"

သင့်ရှေ့မှာ ငါသွား၍ မြင့်သောအရပ်ကို ညီစေမည်။ ကြေးဝါတံခါးတို့ကို ချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်မည်။
ဟေရှာယ 45:2

ဒီနေ့မှာ သင့်ရှေ့မှာ ဘယ်လိုစိန်ခေါ်မှုတွေ၊ ပင်ပန်းရုန်းကန်ရတဲ့ အလုပ်တွေ ဒါမှမဟုတ် ကျော်လွှားရခက်ခဲတဲ့ အခက်အခဲတွေပဲ ရှိနေပါစေ... ဘုရားသခင်က သင့်ရှေ့ကနေ ကြိုတင်ကြွမြန်းနေတယ် ဆိုတာကို သတိရပါ။

ပိတ်နေတဲ့တံခါးတွေကို သင့်ရဲ့ကိုယ်ပိုင်အင်အားနဲ့ အတင်းအဓမ္မတွန်းဖွင့်ဖို့ ဒါမှမဟုတ် အတားအဆီးတွေကို ရိုက်ချိုးဖို့ မလိုပါဘူး။ ကျွန်ုပ်တို့အတွက် ဖျက်ဆီးဖို့မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ "သံတံခါးကြီး" တွေဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အတွက်တော့ ဘာမှမဟုတ်ပါဘူး။ ကိုယ်တော်က သင့်ရဲ့မနက်ဖြန်ထဲမှာ ကြိုတင်ရှိနေနှင့်ပြီးသားဖြစ်လို့ လမ်းခရီးကို ညီညာအောင် ပြုပြင်ပေးနေပြီး အတားအဆီးတွေကို ရှင်းလင်းပေးနေပါတယ်။

ဘုရားသခင်က သင့်အတွက် ရှေ့တန်းကနေ တိုက်ခိုက်ပေးနေပြီး လမ်းမရှိတဲ့နေရာမှာ လမ်းဖောက်ပေးနေတယ်ဆိုတာကို ယုံကြည်ပြီး... ဒီနေ့ရက်ကို ယုံကြည်ချက်အပြည့်၊ ငြိမ်သက်ခြင်းအပြည့်၊ ရဲရင့်တဲ့သံမဏိယုံကြည်ခြင်းနဲ့ လျှောက်လှမ်းလိုက်ပါ။

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကောင်းချီးမင်္ဂလာ ခံစားရသော နေ့ရက်လေး ဖြစ်ပါစေ။ 💥🙏

Address

Hlegu Township, Phaungyi, Mingohn
Yangon

Telephone

+959766331297

Website

Alerts

Be the first to know and let us send you an email when 𝐏𝐚𝐮𝐥 𝐓𝐮𝐧𝐦𝐢𝐧 𝐌𝐢𝐧𝐢𝐬𝐭𝐫𝐲 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to 𝐏𝐚𝐮𝐥 𝐓𝐮𝐧𝐦𝐢𝐧 𝐌𝐢𝐧𝐢𝐬𝐭𝐫𝐲:

Shortcuts

Share