PMS Myanmar

PMS Myanmar မြန်မာပြည် ရဟန်းမင်းကြီးဆိုင်ရာ သာ?

ထပ်ဆင့်နိုးဆော်အပ်ပါသည်။PMS Myanmar
25/04/2026

ထပ်ဆင့်နိုးဆော်အပ်ပါသည်။
PMS Myanmar

24/12/2025
ရန်ကုန်ဂိုဏ်းချုပ်သာသနာ ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုအသင်းများ PMS -Yangon ကကြီးမှူး၍ ကမ္ဘာ့သာသနာပြုတနဂ်နွေနေ့ ( World Mi...
18/10/2025

ရန်ကုန်ဂိုဏ်းချုပ်သာသနာ ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုအသင်းများ PMS -Yangon ကကြီးမှူး၍ ကမ္ဘာ့သာသနာပြုတနဂ်နွေနေ့ ( World Mission Sunday) အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် လှည်းကူးမြို့၊ ရဲမွန်ရွာရှိ St. Mark's Catholic church တွင်ကျင်းပခဲ့သည်။

အဖဆရာတော်ချားလ်စ်ကာဒီနယ်ဘိုကဦးဆောင်၍ Mgsr. Andrea, Bp. Noel Saw Naw Aye , ရဟန်းတော်များနှင့်အတူ မစ္ဆားတရားတော်မြတ်ကိုပူဇော်ပေးခဲ့သည်။

အဖဆရာတော်က လူငယ်ရဟန္တာ St. Carlo Acutis အကြောင်းဟောပြောခဲ့ပြီး၊ ရဟန်းမင်းကြီးကိုယ်စားလှယ် Mgsr. Andrea က World Mission Sunday နှင့်ပတ်သက်၍ ရဟန်းမင်းကြီး၏သတင်းစကားကို ပြောကြားပေးခဲ့သည်။

နေ့လည်ပိုင်းတွင် PMS - Myanmar ၏ National Director Fr. Stephen Chit Thein က သာသနာပြုအသင်းများအကြောင်းဝေမျှပေးခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်ဂိုဏ်းချုပ်သာသနာအတွင်းရှိ သာသနာ ( 35 )ခုမှ ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုကလေးသူငယ် (1300)ခန့်နှင့်အတူ စစ္စတာရ်များ၊ တာဝန်ခံများ စုစုပေါင်း (1500)ခန့်တက်ရောက်ခဲ့ကြသည်။

ကမ္ဘာ့သာသနာပြု တနဂ်နွေနေ့ နိုးဆော်စာ
16/10/2025

ကမ္ဘာ့သာသနာပြု တနဂ်နွေနေ့ နိုးဆော်စာ

Day 2မြန်မာပြည်ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုအသင်းများရုံး (CBCM - PMS ) မှကြီးမှူး၍ အဌမအကြိမ်မြောက် သာသနာပြုလုပ်ငန်းမြှင့...
16/10/2025

Day 2

မြန်မာပြည်ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုအသင်းများရုံး (CBCM - PMS ) မှကြီးမှူး၍ အဌမအကြိမ်မြောက် သာသနာပြုလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဒုတိယနေ့အဖြစ် ရန်ကုန်မြို့ရှိ ကက်သလစ်ဆရာတော်ကြီးများကျောင်းတိုက်တွင်ဆက်လက်ပြုလုပ်ခဲ့သည်။

နံနက် ၇ နာရီအချိန်တွင် အဖဆရာတော် Noel Saw Naw Aye ဦးဆောင်၍ မစ္ဆားတရားတော်မြတ်ကိုပူဇော်ပေးခဲ့သည်။ ဆက်လက်ပြီးအဖဆရာတော်က POPF, POSI, POSPA, PMU projects များနှင့်ပတ်သက်၍ သူ၏ ၂၃ နှစ်တာ အတွေ့အကြုံများကို ဝေမျှဆွေးနွေးပေးခဲ့သည်။

ထို့နောက် PMS National Director Fr. Stephen Chit Thein က POSPA နှင့် PMU projects များကိုအသေးစိပ်တင်ပြရှင်းလင်းပေးခဲ့သည်။ တက်ရောက်လာသော PMS Diocesan Directors များနှင့် ကိုယ်စားလှယ်များကလည်း မိမိတို့သိရှိလိုသည့်အကြောင်းအရာများကိုပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

ညနေပိုင်းတွင်တွင် National PMS Direction ၏ ရှေ့ ၅ နှစ်တာလုပ်ငန်းစဉ်များကို National PMS Director Fr.S. Chit Thein က တင်ပြဆွေးနွေးပေးခဲ့သည်။

ဆွေနွေးပွဲကို ညနေ ၅ နာရီတွင်အဆုံးသတ်ခဲ့သည်။

မြန်မာပြည်ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုအသင်းများရုံး (CBCM - PMS ) မှကြီးမှူး၍ အဌမအကြိမ်မြောက် သာသနာပြုလုပ်ငန်းမြှင့်တင်ရ...
14/10/2025

မြန်မာပြည်ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုအသင်းများရုံး (CBCM - PMS ) မှကြီးမှူး၍ အဌမအကြိမ်မြောက် သာသနာပြုလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပထမနေ့အဖြစ် ရန်ကုန်မြို့ရှိ ကက်သလစ်ဆရာတော်ကြီးများကျောင်းတိုက်တွင်ပြုလုပ်ခဲ့သည်။

နံနက် ၇ နာရီအချိန်တွင် အဖဆရာတော် ချားလ်စ်ကာဒီနယ်ဘို ဦးဆောင်၍ မစ္ဆားတရားတော်မြတ်ကိုပူဇော်ပေးခဲ့သည်။

ထို့နောက် PMS National Director Fr. Stephen Chit Thein က တက်ရောက်လာသော PMS Diocese Directors များနှင့် ကိုယ်စားလှယ်များကို ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ဆက်လက်ပြီး Fr. Roger Kyaw Thu က " The Missionary Nature of the Church in Catholic Teaching " ခေါင်စဉ်ဖြင့် ဝေမျှဆွေးနွေးပေးခဲ့သည်။

နေ့လည်ပိုင်းတွင် Daw Isabella Pyone Pyone Aung က ရဟန်းမင်းကြီးဆိုင်ရာသာသနာပြုအသင်းလေးသင်းနှင့်ပတ်သက်သည့် သိကောင်းစရာများကိုလည်းကောင်း၊ PMS National Director Fr. S.Chit Thein က POPF, POSI project များနှင့်ပတ်သက်၍လည်းကောင်းတင်ပြဆွေနွေးပေးခဲ့ပြီး ပထမနေ့ဆွေးနွေးပွဲကို ညနေ ၅ နာရီတွင်အဆုံးသတ်ခဲ့သည်။

ဆွေနွေးပွဲကို ဂိုဏ်းချုပ်/ဂိုဏ်းအုပ်သာသနာ အသီးသီးမှ ရဟန်းတော် အပါး (၃၁)၊ သီလရှင် (၁၆) ပါးနှင့် ဆက်ကပ်ဘာသာတူ (၆) ဦးတက်ရောက်ခဲ့သည်။

13/10/2025

Pope Leo XIV urges "every Catholic parish in the world to take part in World Mission Sunday," held on October 19, under the theme "Missionaries of Hope among the peoples."

In the video message, the Pope recalls the assistance he received as a missionary priest and bishop in Peru, noting that the whole Church prays in unison for missionaries and the fruitfulness of their apostolic labors.

Address

Pyay Road
Yangon
11111

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+959428000629

Website

Alerts

Be the first to know and let us send you an email when PMS Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to PMS Myanmar:

Share