03/12/2022
#ပြည်သာယာဆရာတော်အား မေးမြန်း+ လျှောက်ထား 🙏🙏
(၅-၁၂-၂၀၂၂)နေ့တွင် ကျင်းပမည့် နှစ်ပတ်လည် စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း အစည်းအဝေးသို့ ကြွရောက်လာကြသော စတုဘုမ္မိက ဂဏနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် ဆရာတော် သံဃာတော်များမှ (၃-၁၂-၂၀၂၂) ရက်နေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာ စတုဘုမ္မိက မဂ္ဂင်ရိပ်သာသို့ ကိုယ်တိုင် ကြွရောက်ပြီး စတုဘုမ္မိက ဂဏနာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင် (ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ) ပြည်သာယာဆရာတော်၏ ကျန်းမာရေးအား မေးမြန်း+လျှောက်ထား ကြ၍ ကောင်းမွန်လာပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ သိကြရသည်။
#ပူဇော်ပွဲနှင့် သင်တန်း ဖွင့်လှစ်နိုင်ရေး တိုင်ပင်+
တာဝန်ပေး 🙏🙏
(၅-၁၂-၂၀၂၂)နေ့တွင် အစည်းအဝေးသို့ ကြွရောက်လာကြသော စတုဘုမ္မိက ဆရာတော်များအား ပူဇော်ပွဲပြုလုပ်နိုင်ရေး၊ စတုဘုမ္မိကဓမ္မစာအုပ်များ လှူဒါန်းနိုင်ရေးနှင့် လာမည့် ၂၀၂၃ ခုနှစ်၊ ၅လပိုင်း ၆လပိုင်းတွင် စတုဘုမ္မိက ဓမ္မကထိက ဓမ္မသင်တန်းဖွင့်လှစ်နိုင်ရေးကိုလည်း အကျိုးဆောင် လူပုဂ္ဂိုလ်များနှင့် (၃-၁၂-၂၀၂၂)နေ့တွင် (ဒုတိယအကြိမ်) တိုင်ပင်၍ အကျိုးဆောင်များအားလည်း ပြည်သာယာဆရာတော်မှ တာဝန်ပေးတော်မူသည်။