Saw Cool Christian Arts

Saw Cool Christian Arts ခရစ်ယာန်တစ်ယောက်၏နေ့စဉ်ဘဝအသက်ရှင်?

အပြည်ပြည်ဆိုင်ရာဆုတောင်းရာနေ့========================မနက်ဖြန်ကျရောက်မယ့် ၆ရက်နိုဝင်ဘာလ ၂၀၂၂ ဟာ ဖိနှိပ်ခံအသင်းတော်များအတွ...
05/11/2022

အပြည်ပြည်ဆိုင်ရာဆုတောင်းရာနေ့
========================
မနက်ဖြန်ကျရောက်မယ့် ၆ရက်နိုဝင်ဘာလ ၂၀၂၂ ဟာ ဖိနှိပ်ခံအသင်းတော်များအတွက် အပြည်ပြည်ဆိုင်ရာဆုတောင်းရာနေ့ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဖိနှိပ်ခံနေရသည့် အသင်းတော်များစွာရှိပါတယ်။ သင်လည်းဆုတောင်းခြင်ဖြင့်ပါဝင်နိုင်ပါတယ်ခင်ဗျာ။

11/08/2022

လွင်ပြင်(ဩဂုတ်) လထုတ် ထွက်ပါပြီ
========================
လွင်ပြင်ခရစ်ယာန်ဂျာနယ်အား လစဥ် အသင်းတော်တွင်းကန့်သတ်ထုတ်ဝေဖြန့်ချိလျှက်ရှိပါသည်။ ဂျာနယ်အတွင်း ခရစ်ယာန်ညီအစ်ကို မောင်နှမများခွန်အားရစေရန် ခရစ်ယာန်စာရေးဆရာ၊ဆရာမကြီးများ၏ ဆောင်းပါးများ၊ ကဗျာများ၊ ကာတွန်းများ၊ ဝတ္တုများ၊ အတ္တုပတ္တိများ၊ အင်တာဗျူးအမေးအဖြေများ၊ ခရစ်ယာန်နိုင်ငံတကာသတင်းများစသည်ဖြင့် ကဏ္ဍမျိုစုံပါဝင်ပါသည်။ တစ်စောင်ကို ငွေကျပ်(၅၀၀)ကျပ်ဖြင့် ဝယ်ယူနိုင်ပါသည်။ ဆက်သွယ်မှာယူလိုပါက အောက်ဖုန်းနံပါတ်များကို ဆက်သွယ်မှာယူနိုင်ပါသည်။
ညီထွေး - ၀၉ ၇၇၃၈၀၃၆၇၇
စောအယ်ဂလယ်မူး - ၀၉ ၉၇၉၂၄၉၆၇၈
မင်းစိုး - ၀၉ ၄၂၁၁၄၄၃၄၈
ခင်နှင်းဖြူ - ၀၉ ၉၇၅၅၀၂၇၁၄

02/07/2022
11/06/2022

ချမ်းသာချင်ရင်ဘုရားအမှုတော်ဆောင်လုပ်
===============================
ဒီစာကို ခရစ်ယာန် လူငယ်များ လမ်းမလွဲစေရအောင် ရည်ရွယ်ပြီး ဒီစာကို ရေးခြင်းဖြစ်ပါတယ်။ ပထမဦးဆုံးပြောချင်တာက ကျွန်တော်က အမှုတော်ဆောင်တစ်ဦး မဟုတ်ဘူးဆိုတာပါဘဲ။
ဘုရားမှုတော်ဆောင်လုပ်ရင်ချမ်းသာမှာလားလို့မေးရင် မြို့ပေါ်သာသနာပြုဆရာတွေက ခေတ်ပေါ်ဒေသနာတွေနဲ့ ဘုရားသားသမီးဘယ်တော့မှ မဆင်းရဲဘူးလို့ပြောမှာပါ။
ကျွန်တော့်အနေဲ့တော့ ညီငယ် ညီမငယ်တို့ပြောချင်တာ သခင်ယေရှုဟာ မြို့ပေါ်မှာဘဲ သာသနာပြုပြီး အေးအေးဆေးဆေးနေခဲ့တာမဟုတ်သလို နောက်လိုက် တမန်တော်တွေဟာလည်း အခက်အခဲတွေ ဆင်းရဲဒုက္ခတွေကြားမှာ သာသနာပြုခဲ့တာပါ။ ဘယ်မှာဘုရားအမှုတော်ဆောင်ရင်ကောင်းမလဲလို့မေးရင်တော့ ကျွန်တော့်အနေဲ့ သခင်ယေရှုဘာပြောခဲ့လဲဆိုတာကို ပြန်ပြောပါရစေ။ ရေနက်ရာကိုဘဲသွားပါ။ ကမ်းစပ်နားမှာဘဲ သာသာယာယာနဲ့ ရေတိမ်နစ်စေချင်လို့ပါ။ မြို့ပေါ်ကအသင်းတော် တော်တော်များများမှာ သာသနာကွင်းတွေရှိကြပါတယ်။ နယ်မြို့တွေမှာ ကယ်တင်ခြင်းသတင်းစကားများအား ဟောပြောနေကြပါတယ်။
ဘုရားကိုတကယ်ချစ်ပြီး အမှုတော်ဆောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ရင်တော့ သခင်ယေရှုကိုလူငယ်တစ်ယောက်ကမေးလို့ ပြန်ဖြေသလိုမျိုးဘဲ သင့်မှာ့ရှိသမျှကိုထားခဲ့ပြီးမှနောက်တော်ကို လိုက်ပါ လို့ဘဲပြောချင်ပါတယ်။ ညီငယ် ညီမငယ်တို့ရဲ့ နာမည်ကျော်ကြားလိိုစိတ်၊ ချမ်းသာလိုစိတ်၊ အောင်မြင်လိုစိတ်၊ လောဘတွေကို စွန့်ပြီးမှ အမှုတော်ဆောင်လုပ်ပါလို့ ဆိုလိုတာဖြစ်နိုင်ပါတယ်။
မဟုတ်တဲ့ဟာတွေကို အားမကျပါနဲ့ သခင်ယေရှုနဲ့ နောက်လိုက်တွေဖြစ်တဲ့ တမန်တော် ၁၂ပါးဟာ မိမိရဲ့စားဝတ်နေရေးအတွက် ကယ်တင်ခြင်းတရားကို စီးပွားဖြစ်ဟောပြောခဲ့ကြတာမဟုတ်ဘူးဆိုတာ ကျမ်းစာဖတ်ရင်သိနိုင်ပါတယ်။
ကယ်တင်ခြင်းသတင်းစကားကို မကြားရသေးတဲ့ နေရာတွေများစွာရှိပါတယ်။ ရိတ်သိမ်းစရာစပါးခင်းများစွာရှိနေပါတယ်။ ဘုရားကိုတကယ်ချစ်ပြီး အမှုတော်ဆောင်လုပ်ချင်ရင် လိုအပ်တဲ့နေရာတွေကို ရှာဖွေပြီး ကယ်တင်ခြင်းသတင်းစကားကို မသိ မကြားဖူးတဲ့သူတွေကို ဟောပြောစေချင်ပါတယ်။ ခက်ခဲချင်ခက်ခဲပါလိမ့်မယ်။ ပင်ပန်းချင်ပင်ပန်းပါလိမ့်မယ်။ ယုံကြည်သူခရစ်ယာန်တွေ အသုံးပြုကြတဲ့ ကားတိုင်ရုပ်ပုံတွေဟာ သခင်ယေရှုရဲ့ပေးဆပ်ခြင်း အပင်ပန်းခံခြင်း ဒုက္ခခံခြင်းတွေနဲ့ ကယ်တင်ခြင်းသတင်းစကားတွေကို ဒီကမ္ဘာကြီးသိအောင် ဟောပြောလမ်းပြပေးခဲ့တယ်ဆိုတာရဲ့ သက်သေပါ။ အမှုတော်ဆောင်လုပ်ဖို့ ဆုံးဖြတ်ထားကြတဲ့ လူငယ်တွေကိုလည်း ယုဒရှကာရုတ်လို သခင်ယေရှုကို အသပြာနဲ့ရောင်းစားတဲ့ နောက်လိုက်တွေ မဖြစ်ဖို့ဆုတောင်းရင်းဒီစာကိုအဆုံးသတ်လိုက်ရပါတယ်။

06/06/2022

မအားလပ်သောကြောင့် ယခု Page မှ Post များမတင်ခဲ့သည်မှာကြာပါပြီ။ မမျှော်လင့်ဘဲ ကချင်ပြည်နယ်ကို ရောက်ရှိလာပြီး ယခင်လို post များပြန်တင်လာနိုင်လိမ့်ဟု မျှော်လင့်မိပါသည်။ မကြာမှီ ကျွန်တော်ပြန်လာပါတော့မည်။

27/02/2022

တေးရေး/တေးဆို - L Gaw ရဲ့ ဓမ္မတေးအသစ်တစ်ပုဒ်ပါ။ လွတ်လပ်စွာ Share နိုင်ပါသည်။

သင့်ဘဝအတွက်
============
တေးရေး/ဆို - L Gaw
Music & Mixing by Ko Siko
Studio - Ko Siko

26/01/2022

ခရစ်ယာန် ဓမ္မသီချင်းများရဲ့ တေးရေး/တေးဆို - ဆရာစောဝင်းလွင် ခရစ်တော်၌အိပ်ပျော်သွားပြီဖြစ်ကြောင်း ဆရာချစ်စမ်းမောင် Facebook စာမျက်နှာတွင် ဖော်ပြထားသည်ကိုတွေ့ရပါသည်။

24/12/2021

ခရစ်ယာန်ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ခရစ်စမတ်အချိန်အခါမှာ ပြည်တွင်းစစ်ကြောင့် စိတ်သောကရောက်နေသူများအတွက် အထူးဝမ်းနည်းမိပါသည်။
အိုအဖဘုရားသခင် ထိုသူတို့အားကြည့်ရှုစောင်မတော်မူပါ။ ကယ်တင်တော်မူပါအဖ။
ကယ်တင်ပိုင်ရှင်သခင်ယေရှု၏ နာမတော်ကို အမှီပြု၍ ဆုတောင်းပါ၏။

အာမင်

20/12/2021

Merry Christmas to you all
=====================
တေးရေး - L Gaw
တေးဆို - Shinning Moon

နိုင်ငံတကာခရစ်ယာန်သတင်း၁၂ရက်၊ အောက်တိုဘာလ၊ ၂၀၂၁=====================အင်္ဂလန်နိုင်ငံတွင်ရှိသော အသင်းတော်များအတွင်း လုံခြု...
12/10/2021

နိုင်ငံတကာခရစ်ယာန်သတင်း
၁၂ရက်၊ အောက်တိုဘာလ၊ ၂၀၂၁
=====================
အင်္ဂလန်နိုင်ငံတွင်ရှိသော အသင်းတော်များအတွင်း လုံခြုံရေးနှင့် ပါဝင်နိုင်မှုအတိုင်းအတာများအား စစ်တမ်းကောက်ယူရာတွင် ပါဝင်နိုင်ဖို့တိုက်တွန်းလိုက်သော ခရစ်ယာန်လိင်တူချစ်သူများ

ယခုဝတ်ပြုကိုးကွယ်နေကြတဲ့ အသင်းတော်တွေမှာ ဘယ်လောက်ထိလုံခြုံမှုရှိတယ်လို့ ခံစားရလဲ ဆိုတဲ့မေးခွန်းအပေါ်မှာ လိင်တူချစ်သူတွေရဲ့ အမြင်နှင့် အတွေ့အကြုံများကိုလည်း စစ်တမ်းကောက်ယူရာတွင် ထည့်သွင်းမှတ်တမ်းယူဖို့ လိင်တူချစ်သူခရစ်ယာန်အဖွဲ့အစည်း ၉ခု ပေါင်းစည်းထားသောအဖွဲ့မှအလိုရှိနေသည်ဟု ဆိုသည်။

ဘယ်သူတွေဟာ ဘယ်လောက်ထိလုံခြုံသလဲ၊ ပိုပြီးလုံခြုံတယ်လို့ ခံစားလာရအောင် ဘယ်လိုအဆင်ဆင့်ဆောင်ရွက်သင့်သလဲ ဆိုတာကို လှို့ဝှက်နည်းလမ်းများဖြင့် လုံခြုံမှုကိုတိုင်းတာရန် မှာအရေးအကြီးဆုံးဖြစ်သည်ဟု ထင်မြင်မိကြောင်း Ozanne Foundation ကိုတည်ထောင်သူဟ Jayne Ozanne ကဆိုသည်။

ယခုစစ်တမ်းဟာ နှစ်ပတ်ခန့်ကြာဖြင့်မှာဖြစ်ပြီး အသင်းတော်များတွင်တက်ရောက်လိုသော (သို့မဟုတ်) မတက်ရောက်လိုတော့သော အသက် ၁၈နှစ်အထက် ခရစ်ယာန်လိင်တူချစ်သူ မည်သူမဆိုပါဝင်နိုင်မှာဖြစ်ပါတယ်။

စစ်တမ်းကောက်ယူရာတွင် တာဝန်ရှိသူတစ်ဦးဖြစ်သူ မက်သဒစ် အဖွဲ့မှ Rev Delyth Liddell ကလည်း အသင်းတော်တွေမှာ လိင်တူချစ်သူများပါဝင်လာနိုင်ရေးကို တိုးတက်လာစေဖို့ ယခုလိုစစ်တမ်းတွေဟာ မရှိမဖြစ်လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

အခြားစစ်တမ်းကောက်ယူသောအဖွဲ့များမှာ The Campaign for Equal Marriage in the Church of England, One Body One Faith, Open Table, Open House, Quest, the Baptist group Affirm and the Global Network of Rainbow Catholics တို့ဖြစ်သည်။

အွန်လိုင်းစစ်တမ်းကောက်ယူရရှိမှုရလဒ်ကိုတော့ နိုဝင်ဘာမှာထုတ်ပြန်ကြေငြာမည်ဖြစ်ကြောင်းသိရှိရပါသည်။

ref: Christian News

နိုင်ငံတကာခရစ်ယာန်သတင်း၁၁ရက်၊ အောက်တိုဘာလ၊ ၂၀၂၁========================မနေ့ညကထိုးသတ်ခဲ့သော ဟဲဗီးဝိတ်လက်ဝှေ့ပွဲတွင် Deont...
10/10/2021

နိုင်ငံတကာခရစ်ယာန်သတင်း
၁၁ရက်၊ အောက်တိုဘာလ၊ ၂၀၂၁
========================
မနေ့ညကထိုးသတ်ခဲ့သော ဟဲဗီးဝိတ်လက်ဝှေ့ပွဲတွင် Deontay Wilder ကိုအောင်မြင်စွာထိုးသတ်နိုင်ပြီးနောက် ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းခဲ့တဲ့ Tyson Fury

ရှေးဦးစွာဘုရားသခင်ရဲ့ကျေးဇူးတော်၊ ကယ်တင်ပိုင်ရှင် သခင်ယေရှုရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ နာမတော်ဘုန်းကြီးပါစေဟု ထိုးသတ်ပွဲတွင်ပြောဆိုခဲ့သည်။

လေးချီမြောက်မှာ ရှုံးနိမ့်ဖို့ တော်တော်နီးစပ်ခဲ့ပါတယ်။ဒါပေမယ့် သခင်ယေရှုကသူ့ကိုဆက်လက်ထိုးသတ်နိုင်ဖို့ ခွန်အားတွေပေးတယ်ဟု ပွဲပြီးအင်တာဗြူးတွင်ပြောကြားခဲ့သည်။

ref: BT sport

ပြည်တွင်းခရစ်ယာန်သတင်:၆ရက်၊ အောက်တိုဘာ၊ ၂၀၂၁======================Chin Christian Alliance မှ ခရစ်ယာန်စာပေဟောပြောပွဲများက...
06/10/2021

ပြည်တွင်းခရစ်ယာန်သတင်:
၆ရက်၊ အောက်တိုဘာ၊ ၂၀၂၁
======================
Chin Christian Alliance မှ ခရစ်ယာန်စာပေဟောပြောပွဲများကို Zoom Online မှတဆင့်ပြုလုပ်လျှက်ရှိသည်။ ထိုဟောပြောပွဲသို့ စာပေစိတ်ဝင်စားသူမည်သူမဆို ဖော်ပြထားသော Zoom ID သို့ ဖော်ပြထားသော Password ထည့်သွင်းကာ အခမဲ့တက်ရောက်နိုင်သည်။
ယခုရက်သတ္တပတ်အတွက် ခရစ်ယာန်စာရေးဆရာ ဆန်မြူရယ်စိုးလွင်မှ ဘာသာပြန်စာပေနှင့် ပတ်သတ်ပြီး ၇ရက်၊ အောက်တိုဘာ၊ ၂၀၂၁ တွင်ဟောပြောမည်ဟုသိရှိရပါသည်။

ref: Nyi Htway (Kalay)

Address

Insein
Yangon

Telephone

+959981767316

Website

Alerts

Be the first to know and let us send you an email when Saw Cool Christian Arts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share