မဟာစည်တရားတော်များ

မဟာစည်တရားတော်များ မဟာစည်တရားတော်များပြန့်ပွားရေး

မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ-လို့ ဆန္ဒပြုရင်းကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “အဂ္ဂသာဝကမထေရ်မြတ်ကြီး နှစ်ပါ...
15/12/2025

မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ-လို့ ဆန္ဒပြုရင်း

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “အဂ္ဂသာဝကမထေရ်မြတ်ကြီး နှစ်ပါး ကျွတ်တမ်းဝင်ခန်း (၂/၈) တရားတော်” ကို Mahasi Dhamma 24-7 YouTube Channel တွင် နာယူနိုင်ပါကြောင်း လေးစားစွာ အသိ‌ပေးအပ်ပါသည်။

https://youtube.com/live/CAzUlN9YVsQ?feature=share

အဂ္ဂသာဝကမထေရ်မြတ်ကြီး နှစ်ပါး ကျွတ်တမ်းဝင်ခန်း (၂/၈) တရားတော်

ဤ “အဂ္ဂသာဝကမထေရ်မြတ်ကြီး နှစ်ပါး ကျွတ်တမ်းဝင်ခန်း (၂/၈) တရားတော်” ကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီးသည် ၁၃၂၅-ခု၊ တပေါင်းလပြည့်နေ့တွင် ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ၊ ဖလ်ယဉ်ဓမ္မာရုံကြီး၌ “ပစလာယမာနသုတ်” (အံ၊ ၂။ ၄၆၁-၂။) ကို အခြေခံ၍ ဟောကြားတော်မူခဲ့ပါသည်။

ဤတရားတော်၌_

ဗုဒ္ဓက အရှင်မဟာမောဂ္ဂလာန် တရားအားထုတ်စဉ် ငိုက်မျဉ်းနေသည်ကို မြင်တော်မူ၍ ထိုတရားအားထုတ်ရာနေရာသို့ ကိုယ်တော်တိုင် ကြွရောက်ပြီး တရားအားထုတ်တဲ့အခါ ငိုက်မျဉ်းပါက ပယ်ဖျောက်နည်း ၇-နည်း ပါဝင်သော “ပစလာယမာနသုတ်” ကို ဟောတော်မူကြောင်း၊ ထို ၇-နည်းသည် ကမ္မဋ္ဌာနာစရိယများနှင် ယောဂီများအတွက် အထူး အသုံးဝင်ပုံ... ထို့အတူ အိပ်နည်း ၄-မျိုး၊ ဆွမ်းခံသွားသည့်အခါ ပြုကျင့်ပုံ၊ စကားပြောသည့်အခါ အငြင်းအခုန် မပြုသင့်ပုံ၊ အချို့က မိမိအရာ မဟုတ်သည့်နေရာတို့ကို ဝင်ရောက်စွက်ဖက်၍ မှားတတ်ပုံ၊ ကုသိုလ်တရားထဲတွင် အစပိုင်းကို ရှေးဦးစွာ ပြုလုပ်ရန် ဗုဒ္ဓက ဥတ္တိယအား မိန့်ကြားပုံမှစ၍ ဝိပဿနာ ရှုနည်းရှုကွက်... စသည်တို့ကို ဟောကြားထားပြီး ငိုက်မျဉ်းပယ်နည်း ၇-ပါး လင်္ကာများဖြင့် တရားတော်ကို အဆုံးသတ်ထားပါသည်။

သညာ ပြောင်းပေး၊ စာကြံတွေး၊ ရွတ်ရေး နားဆွဲလေ။
မျက်စိ ပွတ်ရန်၊ အလင်းကြံ၊ စင်္ကြံ လျှောက်ပါလေ။
ငိုက်မျည်း ပယ်ရှား၊ ခုနစ်ပါး၊ ဘုရား ညွှန်ပြပေ။
လုံးစုံ ဓမ္မ၊ အနိစ္စ၊ ဒုက္ခ အနတ္တာ။
ဤရွေ့ဤမျှ၊ ကြားဖူးက၊ သုတ လုံလောက်ပါ။
ဉာဏ်ဖြင့် ရှေးရှု၊ ရုပ်နာမ်စု၊ မှတ်ပြု သိလေရာ။
မမြဲ ဆင်းရဲ၊ သဘောပဲ၊ သိမြဲ ပိုင်းခြားကာ။

ဤ “အဂ္ဂသာဝကမထေရ်မြတ်ကြီး နှစ်ပါး ကျွတ်တမ်းဝင်ခန်း (၂/၈) တရားတော်” ကို နာယူပြီး ဝိပဿနာတရား ပွားများအားထုတ်ကာ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။

#မဟာစည် # အဂ္ဂသာဝကမထေရ်မြတ်ကြီးနှစ်ပါးကျွတ်တမ်းဝင်ခန်း(၂/၈) #တရားတော်

ဤ “အဂ္ဂသာဝကမထေရ်မြတ်ကြီး နှစ်ပါး ကျွတ်တမ်းဝင်ခန်း (၂/၈) တရားတော်” ကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီးသည် ၁...

မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ-ဟု ဆန္ဒပြုရင်း_ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “အဂ္ဂသာဝကမထေရ်မြတ်ကြီး နှစ်ပါး...
10/12/2025

မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ-ဟု ဆန္ဒပြုရင်း_

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “အဂ္ဂသာဝကမထေရ်မြတ်ကြီး နှစ်ပါး ကျွတ်တမ်းဝင်ခန်း (၁/၈) တရားတော်” ကို ဖော်ပြပါ Mahasi Dhamma 24-7 YouTube Channel တွင် နာယူနိုင်ပြီ ဖြစ်ပါကြောင်း လေးစားစွာ အသိ‌ပေးအပ်ပါသည်။

https://youtube.com/live/M2ljUzBIevU?feature=share

အဂ္ဂသာဝကမထေရ်မြတ်ကြီး ၂-ပါး ကျွတ်တမ်းဝင်ခန်း ၁/၈ တရားတော်

ဤ “အဂ္ဂသာဝကမထေရ်မြတ်ကြီး နှစ်ပါး ကျွတ်တမ်းဝင်ခန်း ၁/၈ တရားတော်” ကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီးသည် ၁၃၂၅-ခု၊ တပေါင်းလဆန်း ၈-ရက်နေ့တွင် ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ၊ ဖလ်ယဉ်ဓမ္မာရုံကြီး၌ “ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ” အစရှိသော (ဝိ၊ ၃။ ၅၁။) ဂါထာကို အခြေခံ၍ ဟောကြားတော်မူခဲ့ပါသည်။

ဤတရားတော်၌_

“ယေ ဓမ္မာ ဟေတုပ္ပဘဝါ” စသော ဂါထာ၏ အရေးပါပုံ။ ရှေးအခါကာလပင် အလေးအမြတ်ထားပုံ စသည်တို့ကို ဗဟုသုတဖြစ်ဖွယ်အပြင် ဝိပဿနာ ရှုနည်းရှုကွက်တို့ဖြင့်ပါ ဟောကြားထားပါသည်။

ထို့အတူ အရှင်သာရိပုတ္တရာလောင်းလျာ ဥပတိဿနှင့် အရှင်မဟာမောဂ္ဂလာန်လောင်းလျာ ကောလိတ သူငယ်ချင်း ၂-ယောက်၏ သူဌေးသားပီပီ နေထိုင်ပုံ၊ ပွဲကြည့်ပြီး ငြီးငွေ့မှုဖြစ်ပုံ၊ တရားတွေ့ပါက အပြန်အလှန် အကြောင်းကြားဖို့ တိုင်ပင်ပုံ၊ ဆရာရှာပုံ၊ သိဉ္စည်းဆရာကြီး၏ တပည့် ဖြစ်ပုံ။ ပဉ္စဝဂ္ဂီ ၅-ပါးတွင် သက်တော်အငယ်ဆုံး ဖြစ်သော အရှင်အဿဇိနှင့် တွေ့ပုံ၊ တရားတော်ကို နှစ်သက်သွားပုံ၊ သူငယ်ချင်းထံ အကြောင်းကြားပုံ၊ ထို့နောက် သိဉ္စည်းဆရာကြီးထံ အကြောင်းကြားပုံ၊ တပည့် ၂၅၀-နဲ့အတူ ဥပတိဿ (အရှင်သာရိပုတ္တရာလောင်းလျာ) နှင့် ကောလိတ (အရှင်မဟာမောဂ္ဂလာန်လောင်းလျာ) တို့ ဗုဒ္ဓထံ ရောက်ပုံ၊ ဗုဒ္ဓ၏တရား‌တော်ကို နာယူပြီး ၄င်းတို့၏ တပည့် ၂၅၀-ဧဟိ ဘိက္ခု ရဟန္တာ ဖြစ်ပုံ၊ ၄င်းတို့ကိုယ်တိုင်မူ သောတာပန်မျှသာ ဖြစ်ပုံ စသည်ကို ဟောကြားထားပါသည်။

ဤ “အဂ္ဂသာဝကမထေရ်မြတ်ကြီး ၂-ပါး ကျွတ်တမ်းဝင်ခန်း ၁/၈ တရားတော်” ကို နာယူပြီး ဝိပဿနာတရား ပွားများအားထုတ်ကာ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။

#မဟာစည် #အဂ္ဂသာဝက #တရားတော်

အဂ္ဂသာဝကမထေရ်မြတ်ကြီး ၂-ပါး ကျွတ်တမ်းဝင်ခန်း ၁/၈ တရားတော်ဤ “အဂ္ဂသာဝကမထေရ်မြတ်ကြီး နှစ်ပါး ကျွတ်တမ်းဝင်ခန်း...

မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ-ဟု ဆန္ဒပြုရင်း_ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ရဟန်းကောင်းကျင့်စဉ် တရားတော်”...
02/12/2025

မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ-ဟု ဆန္ဒပြုရင်း_

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ရဟန်းကောင်းကျင့်စဉ် တရားတော်” ကို ဖော်ပြပါ Mahasi Dhamma 24-7 YouTube Channel တွင် နာယူနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

https://youtube.com/live/k8Lr-1-NBZo?feature=share

ဤ “ရဟန်းကောင်းကျင့်စဉ် တရားတော်” ကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၃၅-ခု၊ နတ်တော်လပြည့်နေ့တွင် ကျင်းပသော “မဟာစည် နှစ်ပတ်လည် ဩဝါဒခံယူပူဇော်ပွဲကြီး” ၌ မဇ္ဈိမပဏ္ဏာသပါဠိ၊ ဂေါလိယာနိသုတ္တံ-ကို အခြေခံ၍ ဟောကြားတော်မူပါသည်။

ဤတရားတော်၌_

“တောကျောင်းနေရုံသာလျှင်နေပြီးတော့ ကျင့်ဝတ်ပဋိပတ်မရှိတဲ့ပုဂ္ဂိုလ်လဲ ရှိနိုင်တာပါပဲ။ တောကျောင်းနေတဲ့ပုဂ္ဂိုလ်က ၅-မျိုးတောင် ရှိတာကိုး။ အဲဒီထဲမှာ ကျင့်ဝတ်ပဋိပတ် ကျင့်နေတဲ့ပုဂ္ဂိုလ်လဲ ရှိနိုင်ပါတယ်။ ဒါပေမဲ့လို့ တောကျောင်းနေတဲ့ပုဂ္ဂိုလ်ဟာ ကျင့်ဝတ်ပဋိပတ်နဲ့ ပြည့်စုံဖို့ အရေးကြီးလို့ ဒီဩဝါဒကို ပေးပါတယ်။”

“တောကျောင်းရဟန်းဆိုတာ သံဃာ့ထံချဉ်းကပ်လို့ သံဃာထဲရောက်လာလို့ရှိရင် သီတင်းသုံးဖော်များကို အရိုအသေပြုရမယ်-တဲ့။ အလေးအမြတ်ပြုရမယ်။ ရိုသေခြင်း၊ တုပ်ဝပ်ခြင်းရှိရမယ်-တဲ့။”

“ရွာကျောင်းနေတဲ့ပုဂ္ဂိုလ်တွေက ပိုပြီးတောင် ကျင့်ရဦးမှာ-တဲ့။ ဘာ့ကြောင့်တုန်းဆိုရင် ရွာကျောင်းနေတဲ့ပုဂ္ဂိုလ်က သူ့မှာ နီးစပ်တဲ့အာရုံတွေ အများကြီး ရှိတာပဲ။ အဲဒါတွေ သည်းခံနိုင်အောင်လို့ ပိုပြီးတော့ ကျင့်မှ ဖြစ်မှာ။ ပိုမကျင့်လို့ရှိရင် ဖောက်လွဲဖောက်ပြန်တွေ ဖြစ်နိုင်တယ်။”

“တောကျောင်းနေတဲ့ပုဂ္ဂိုလ်က တောထဲနေတော့ ဆွမ်းခံလာတဲ့အခါလောက် ရွာထဲရောက်။ ဝိသဘာဂအာရုံတို့ ဘာတို့ ဆိုတာ ရွာထဲလာတဲ့အခါလောက် တောထဲမှာ မရှိဘူး။ ဒါ့ကြောင့် “မမြင်ရရာ၊ ကိလေသာ၊ သူ့ဟာသူ ငြိမ်းသည်” ဆိုတဲ့အတိုင်း ကိလေသာတွေ ငြိမ်းနေတယ်။ လောဘဖြစ်စရာ အာရုံလဲ တယ်.. မတွေ့ရဘူး။ ဒေါသဖြစ်စရာ အာရုံလဲ တယ်... မတွေ့ရဘူး။ သူ တောကျောင်းမှာ နေနေတာကိုး။”

“ရွာကျောင်းနေတဲ့ပုဂ္ဂိုလ်ကတော့ ခဏခဏ သူ့ဟာ တွေ့နေတာပဲ။ ဝိသဘာဂ အာရုံ ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံတွေ တွေ့နေတယ်။ စာသင်တိုက်မှာနေတဲ့ စာသင်သားတွေ စာချပုဂ္ဂိုလ်တွေဆိုတာလဲ ဒီလိုပဲ အကောင်းတွေလဲ တွေ့၊ အဆိုးတွေလဲ တွေ့။ ခဏခဏ တွေ့နေတာပဲ။ ဒါကြောင့်မို့ အဲဒါတွေ သည်းခံနိုင်အောင်လို့ ဒီကျင့်ဝတ်တွေ ကျင့်မှ ဖြစ်မှာ။ မကျင့်လို့ရှိရင်ဖြင့် သူ့မှာ ဒုက္ခက ပိုပြီးတော့ ပေးမှာ” စသည်ဖြင့် ဟောကြားထားပါသည်။

ဤတရားတော်ကို နာယူမှတ်သားပြီး ဝိပဿနာတရား ပွားများကာ ဒုက္ခအပေါင်းတို့၏ ချုပ်ငြိမ်းရာ မြတ်နိဗ္ဗာန်သို့ အမြန်မျက်မှောက်ပြုနိုင်ပါစေ-ဟု ဆန္ဒပြုပါသည်။

#မဟာစည် #ရဟန်းကောင်းကျင့်စဉ် #တရားတော်

ဤ “ရဟန်းကောင်းကျင့်စဉ် တရားတော်” ကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၃၅-ခု၊ နတ်တော်လပြည့်နေ့တ....

ကောင်းမြတ်ချမ်းသာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ-လို့ နှုတ်ခွန်းဆက်သရင်း_ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “၁၃၂၆...
20/11/2025

ကောင်းမြတ်ချမ်းသာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ-လို့ နှုတ်ခွန်းဆက်သရင်း_

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “၁၃၂၆၊ ဗုဒ္ဓပူဇနာကာရ တရားတော်” ကို ဖော်ပြပါ Mahasi Dhamma 24-7 YouTube Channel တွင် နာယူနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

https://youtu.be/Ida7ZkPUiKA

၁၃၂၆၊ ဗုဒ္ဓပူဇနာကာရ တရားတော်

ဤ “၁၃၂၆၊ ဗုဒ္ဓပူဇနာကာရ” တရားတော်ကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၂၆-ခု၊ နတ်တော်လပြည့်နေ့၊ ၁၅-ကြိမ်မြောက် “နှစ်ပတ်လည် ပူဇော်ပွဲ” ၌ မူလပဏ္ဏာသပါဠိ၊ စူဠသစ္စကသုတ္တံ-ကို အခြေခံ၍ ဟောကြားခဲ့ပါသည်။

ဤတရားတော်၌_

“နှစ်စဉ်နှစ်တိုင်း နတ်တော်လပြည့်နေ့မှာ နှစ်ပတ်လည် ဩဝါဒခံယူပွဲ၊ ပူဇော်ပွဲ ကျင်းပခဲ့ပါတယ်။ ဒီလို ကျင်းပခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ဒီသာသနာ့ရိပ်သာ တည်ထောင်သည်ကစပြီး အားထုတ်သွားတဲ့ ယောဂီဟောင်းတွေဟာ တနှစ်တကြိမ် မိမိတို့ တရားအားထုတ်တဲ့ဌာနကိုလဲပဲ ရောက်ကြရအောင်၊ မရောက်ဖူးသေးတဲ့ ယောဂီတွေလဲပဲ ရောက်ကြရအောင်၊ ရောက်ပြီးတော့ ယောဂီအဟောင်းအသစ်တွေ တွေ့ဆုံပြီးတော့ အချင်းချင်း မေတ္တာဘာဝနာစသည်ကိုလဲ ပွားများနိုင်ကြအောင်၊ ပြီးတော့ မိမိတို့ ရှေးက အားထုတ်လာခဲ့တဲ့ တရားလေးတွေများလဲပဲ အသစ်သဖွယ်ဖြစ်ပြီး အမှတ်တရဖြစ်ပြီးတော့ တိုးတက်ပြီးတော့ အားထုတ်သွားနိုင်ကြအောင်လို့ ရည်ရွယ်ချက်နဲ့ ဒီ နှစ်ပတ်လည် အစည်းအဝေးပွဲ၊ နှစ်ပတ်လည် ဩဝါဒခံယူပွဲ၊ နှစ်ပတ်လည် ပူဇော်ပွဲကို ကျင်းပခဲ့ပါတယ်။”

“အဲလို ကျင်းပရာမှာ သာသနာ့ရိပ်သာမှ စပြီးတော့ တရားအားထုတ်တဲ့ ယောဂီတို့၏ စာရင်းကိုလဲ တင်ပြပြီးတော့ ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ကြရပါတယ်။ ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ခေါ်စရာလဲ အင်မတန်ကောင်းပါတယ်” စသည်ဖြင့် ဟောကြားထားပါသည်။

#မဟာစည် #၁၃၂၆၊ဗုဒ္ဓပူဇနာကာရ #တရားတော်

Mahasi Dhamma 24/7 - မဟာစည်တရားတော်များ ၂၄/၇ သည် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်ပေးနေသည့် ...

ကောင်းမြတ်ချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ-ဟု ဆန္ဒပြုရင်း_ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ဗုဒ္ဓပူဇနာက...
13/11/2025

ကောင်းမြတ်ချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ-ဟု ဆန္ဒပြုရင်း_

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ဗုဒ္ဓပူဇနာကာရ” တရားတော်ကို ဖော်ပြပါ Mahasi Dhamma 24-7 YouTube channel တွင် နာယူနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

https://youtu.be/gRcvBcB-D6s

“ဗုဒ္ဓပူဇနာကာရ” တရားတော်

ဤ “ဗုဒ္ဓပူဇနာကာရ” တရားတော်ကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၂၅-ခု၊ နတ်တော်လပြည့်နေ့၊ ၁၄-ကြိမ်မြောက် “မဟာစည် ဩဝါဒခံယူ ပူဇော်ပွဲ” ၌ ပါထိကဝဂ္ဂပါဠိ၊ ဥဒုမ္ဗရိကသုတ္တံ-ကို အခြေခံ၍ ဟောကြားခဲ့ပါသည်။

ဤတရားတော်၌_

“တရားကျင့်သုံးပြီးတော့ တရားထူးကို သိသွားတဲ့ပုဂ္ဂိုလ်... အထူးအားဖြင့်တော့ အရဟတ္တဖိုလ် ရောက်ပြီးတော့ ရဟန္တာဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတွေကို သိမြင်ပြီးတော့ ကျေးဇူးတင်လို့ အရိုအသေ အလေးအမြတ်ပြုတဲ့ စကားတွေပါပဲ။ အရိုအသေ အလေးအမြတ်ပြု ပူဇော်တဲ့ စကားတွေပဲ။ အဲဒါတွေ “ဗုဒ္ဓပူဇနာကာရ” တရားတော်ဆိုပြီးတော့ နံမယ်ပေးထားတယ်။”

ထို့ပြင် ဥဒုမ္ဗရိက ရသေ့ကျောင်းမှာနေတဲ့ နိဂြောဓဆိုတဲ့ ပရိဗိုဇ်က ဒကာတဦးနဲ့ အခြေအတင်စကားပြောရာမှာ မြတ်စွာဘုရားကို မြတ်စွာဘုရားကို ထိပါးပုတ်ခတ်ပြီးတော့ ပြောတဲ့စကားတခုကို အကြောင်းပြုပြီးတော့ ဥဒုမ္ဗရိကသုတ္တံ-ကို မြတ်စွာဘုရားက ဟောကြားခဲ့ကြောင်း-စသည်ဖြင့် ဆရာတော်ဘုရားကြီးက ဟောကြားထားပါသည်။

ဤ “ဗုဒ္ဓပူဇနာကာရ” တရားတော်ကို နာယူမှတ်သားပြီး ဝိပဿနာတရား အားထုတ်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေ-ဟု ဆန္ဒပြုပါသည်။

#မဟာစည် #ဗုဒ္ဓပူဇနာကာရ #တရားတော်

Mahasi Dhamma 24/7 - မဟာစည်တရားတော်များ ၂၄/၇ သည် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှလွှင့်ပေးနေသ....

မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေ-ဟု နှုတ်ခွန်းဆက်သရင်း_ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး ဟောကြားတော်မူသော “အာဒိတ္တသုတ္...
05/11/2025

မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေ-ဟု နှုတ်ခွန်းဆက်သရင်း_

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး ဟောကြားတော်မူသော “အာဒိတ္တသုတ္တန်တရားတော်” ဖော်ပြပါ Mahasi Dhamma 24-7 YouTube Channel တွင် နာယူနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

https://youtu.be/nqGYNLANjSs

ဤ “အာဒိတ္တသုတ် တရားတော်” ကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၃၈-ခု၊ တော်သလင်းလဆုတ် ၄-ရက်နေ့တွင် ရန်ကုန်မြို့၊ ခြောက်ထပ်ကြီး ရွှေသာလျောင်း စေတီတော်ကြီးကို အကြောင်းပြု၍ ၁၁-ကြိမ်မြောက် အသံမစဲ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၌ ဟောကြားခဲ့ပါသည်။

ဥရုဝေလအရပ်တွင် မီးကို ကိုးကွယ်သော ရသေ့ညီနောင်ရှင်တစ်ထောင်တို့ကို အကြောင်းပြု၍ မြတ်စွာဘုရား ဟောကြား‌တော်မူခဲ့သော တရားတော် ဖြစ်ပါသည်။ မီးဆယ့်တစ်တန်တို့၏ လောင်မြိုက်ပုံ၊ တစ်ဒွါရမှာ မီးစာ ငါးမျိုးရှိပုံ၊ မီးငြိမ်းပုံ၊ မီးငြိမ်းအောင် ဝိပဿနာတရားရှုရပုံ၊ နာမရူပပရိစ္ဆေဒဉာဏ် အဆင့်ဆင့် ဖြစ်ပုံ၊ အထက်ထက်ဉာဏ်များဖြစ်၍ ရုပ်နာမ်ချုပ်ငြိမ်းရာသို့ ရောက်ပုံ၊ ရှုမှတ်ခြင်းဖြင့် ဉာဏ်အဆင့်ဆင့်တက်၍ ရသေ့ညီနောင်တို့ ရဟန္တာဖြစ်ပုံများနှင့် ဝိပဿနာရှုမှတ်ပုံများကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီးက ဟောကြား‌ထားပါသည်။

#မဟာစည် #အာဒိတ္တသုတ် #တရားတော်

Mahasi Dhamma 24/7 - မဟာစည်တရားတော်များ ၂၄/၇ သည် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်ပေးနေသည့် ...

ဝိသုဒ္ဓိ ၇-ပါး ဉာဏ်စဉ်တရားတော်မင်္ဂလာအပေါင်း ခညောင်းပြီး ဝိပဿနာတရား ပွားများနိုင်ပါစေ-ဟု ဆန္ဒပြုရင်း_ကျေးဇူးတော်ရှင် မဟာ...
30/10/2025

ဝိသုဒ္ဓိ ၇-ပါး ဉာဏ်စဉ်တရားတော်

မင်္ဂလာအပေါင်း ခညောင်းပြီး ဝိပဿနာတရား ပွားများနိုင်ပါစေ-ဟု ဆန္ဒပြုရင်း_

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ဝိသုဒ္ဓိ ၇-ပါး ဉာဏ်စဉ်တရားတော်” ကို ဖော်ပြပါ Mahasi Dhamma 24-7 YouTube Channel တွင် နာယူနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

https://youtu.be/UNda1pdP3lk

(နည်းပညာ အခက်အခဲ‌ကြောင့် Mahasi Dhamma 24-7 YouTube Live Channel မလွှင့်နိုင်သည်ကိုလည်း အသိပေးအပ်ပါသည်။)

ဤ “ဝိသုဒ္ဓိ ၇-ပါး ဉာဏ်စဉ်တရားတော်” ကို ၁၃၃၁-ခု၊ တော်သလင်းလပြည့်နေ့၌ ပထမပိုင်း၊ ၁၃၃၂-ခု၊ ဝါခေါင်လပြည့်နေ့၌ ဒုတိယပိုင်း၊ ၁၃၃၃-ခု၊ ဝါဆိုလကွယ်‌နေ့၌ တတိယပိုင်း၊ ၁၃၃၉-ခု၌ စတုတ္ထပိုင်း၊ ပဉ္စမပိုင်းနှင့် ဆဋ္ဌမပိုင်း (ပဉ္စမပိုင်းနှင့် ဆဋ္ဌမပိုင်းတို့ကို ဟောသည့် ခုနှစ်မှတ်တမ်းတွင် မတွေ့ရပါ။) ဟု ၆-ပိုင်းခွဲ၍ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့ပါသည်။

ဤတရားတော်၌ ဝိပဿနာတရား အားထုတ်သည့်အခါ ဝိသုဒ္ဓိ ၇-ပါး ပြည့်စုံရန် အရေးကြီးပုံ ဉာဏ်စဉ်အဆင့်ဆင့် တက်ပုံ စသည်တို့ကို ဟောကြားထားပါသည်။

ယခုအခါ ဓမ္မမိတ်ဆွေများ နာယူနိုင်ရန် “ဝိသုဒ္ဓိ ၇-ပါး ဉာဏ်စဉ်တရားတော်” ၆-ပိုင်းလုံးကို တ‌ပေါင်းတည်း လွှင့်တင်ပါကြော ftင်း လေးစားစွာ အသိပေးအပ်ပါသည်။
#မဟာစည် #ဝိသုဒ္ဓိ ၇-ပါး #ဉာဏ်စဉ် #တရား

Mahasi Dhamma 24/7 - မဟာစည်တရားတော်များ ၂၄/၇ သည် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်ပေးနေသည့် ...

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ-လို့ ဆုမွန်ချွေရင်း_ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်”...
22/10/2025

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ-လို့ ဆုမွန်ချွေရင်း_

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်” တရားတော်ကို ဖော်ပြပါ Mahasi Dhamma 24-7 YouTube Channel တွင် နာယူနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

https://youtube.com/live/-elROOrn6AU?feature=share

ဤ “ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင် တရားတော်” ကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၃၃-ခု၊ တော်သလင်းလဆန်း ၂-ရက်နေ့တွင်၊ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရား အရိယာဓမ္မာရုံ၌ ဟောကြားတော်မူခဲ့ပါသည်။

ဤ “ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင် တရားတော်” သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခါနီး နောက်ဆုံးအချိန်တွင် သုဘဒ္ဒပရိဗိုဇ် လျောက်ထားသဖြင့် ဟောတော်မူသော တရားဖြစ်ပါသည်။ မြတ်စွာဘုရားက သုဘဒ္ဒပရိဗိုဇ်အား “မဂ္ဂင်ရှစ်ပါးမဟောတဲ့ ဘာသာရေး၊ မဂ္ဂင်ရှစ်ပါးမပွားစေတဲ့ ဘာသာဝင်လူမျိုးစုထဲမှာ ကိလေသာ တကယ်ငြိမ်းတဲ့ သောတာပန်လဲ မရှိဘူး၊ သကဒါဂါမ်လဲ မရှိဘူး၊ အနာဂါမ်လဲ မရှိဘူး၊ ရဟန္တာလဲ မရှိဘူး” ဟု ဖြေကြားတော်မူပါသည်။

ဤတရားတော်၏အဆုံး၌ မှတ်သားဖွယ် အောက်ပါသံပေါက်လင်္ကာဆောင်ပုဒ်တို့ဖြင့်လည်း ဟောကြားတော်မူပါသည်။

၁။ မဂ္ဂင်ရှစ်ဖြာ၊ မရှိရာ၊ ကိလေသာ ငြိမ်းသူမရှိပေ။
၂။ မဂ္ဂင်ရှစ်ဖြာ၊ ရှိရာမှာ၊ ကိလေသာ ငြိမ်းသူရှိနိုင်ပေ။
၃။ မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝ မဂ္ဂင်မြတ်။
၄။ ဖြစ်ပွားစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင် နိဗ္ဗာန်ဓာတ်။
၅။ အနိစ္စ မြင်၊ ဒုက္ခ ထင်သည်။
၆။ ဒုက္ခ ထင်တော့၊ အနတ္တ မြင်သည်။
၇။ အနတ္တ မြင်၊ နိဗ္ဗာန်ခွင်၊ ပြေးဝင် ဆိုက်ရောက်သည်။
၈။ နိဗ္ဗာန် မြင်က၊ အပါယ်မှ၊ လုံးဝ လွတ်မြောက်သည်။

ဓမ္မမိတ်ဆွေများအနေဖြင့် ဤတရားတော်ကို နာယူမှတ်သားကာ ဝိပဿနာတရား ရှုမှတ်ပွားများပြီး သံသရာဝဋ်ဆင်းရဲမှ ကင်းငြိမ်းရာ မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေ-ဟု ဆန္ဒပြုပါသည်။

#မဟာစည် #ရှစ်ဖြာမဂ္ဂင် #နိဗ္ဗာန်ဝင် #တရားတော်

‌ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ...

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ-လို့ ဆုမွန်ချွေရင်း_ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်”...
22/10/2025

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ-လို့ ဆုမွန်ချွေရင်း_

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင်” တရားတော်ကို ဖော်ပြပါ Mahasi Dhamma 24-7 YouTube Channel တွင် နာယူနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

https://youtu.be/oC4XBzlc89U

(နည်းပညာအခက်အခဲကြောင့် Mahasi Dhamma 24-7 YouTube Live Channel ခေတ္တ မလွှင့်တင်နိုင်သည်ကို တောင်းပန်အပ်ပါသည်။)

ဤ “ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင် တရားတော်” ကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၃၃-ခု၊ တော်သလင်းလဆန်း ၂-ရက်နေ့တွင်၊ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရား အရိယာဓမ္မာရုံ၌ ဟောကြားတော်မူခဲ့ပါသည်။

ဤ “ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင် တရားတော်” သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူခါနီး နောက်ဆုံးအချိန်တွင် သုဘဒ္ဒပရိဗိုဇ် လျောက်ထားသဖြင့် ဟောတော်မူသော တရားဖြစ်ပါသည်။ မြတ်စွာဘုရားက သုဘဒ္ဒပရိဗိုဇ်အား “မဂ္ဂင်ရှစ်ပါးမဟောတဲ့ ဘာသာရေး၊ မဂ္ဂင်ရှစ်ပါးမပွားစေတဲ့ ဘာသာဝင်လူမျိုးစုထဲမှာ ကိလေသာ တကယ်ငြိမ်းတဲ့ သောတာပန်လဲ မရှိဘူး၊ သကဒါဂါမ်လဲ မရှိဘူး၊ အနာဂါမ်လဲ မရှိဘူး၊ ရဟန္တာလဲ မရှိဘူး” ဟု ဖြေကြားတော်မူပါသည်။

ဤတရားတော်၏အဆုံး၌ မှတ်သားဖွယ် အောက်ပါသံပေါက်လင်္ကာဆောင်ပုဒ်တို့ဖြင့်လည်း ဟောကြားတော်မူပါသည်။

၁။ မဂ္ဂင်ရှစ်ဖြာ၊ မရှိရာ၊ ကိလေသာ ငြိမ်းသူမရှိပေ။
၂။ မဂ္ဂင်ရှစ်ဖြာ၊ ရှိရာမှာ၊ ကိလေသာ ငြိမ်းသူရှိနိုင်ပေ။
၃။ မူလ, ပုဗ္ဗ၊ အရိယ၊ သုံးဝ မဂ္ဂင်မြတ်။
၄။ ဖြစ်ပွားစေလျှင်၊ ဤမဂ္ဂင်၊ ပြေးဝင် နိဗ္ဗာန်ဓာတ်။
၅။ အနိစ္စ မြင်၊ ဒုက္ခ ထင်သည်။
၆။ ဒုက္ခ ထင်တော့၊ အနတ္တ မြင်သည်။
၇။ အနတ္တ မြင်၊ နိဗ္ဗာန်ခွင်၊ ပြေးဝင် ဆိုက်ရောက်သည်။
၈။ နိဗ္ဗာန် မြင်က၊ အပါယ်မှ၊ လုံးဝ လွတ်မြောက်သည်။

ဓမ္မမိတ်ဆွေများအနေဖြင့် ဤတရားတော်ကို နာယူမှတ်သားကာ ဝိပဿနာတရား ရှုမှတ်ပွားများပြီး သံသရာဝဋ်ဆင်းရဲမှ ကင်းငြိမ်းရာ မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေ-ဟု ဆန္ဒပြုပါသည်။

#မဟာစည် #ရှစ်ဖြာမဂ္ဂင် #နိဗ္ဗာန်ဝင် #တရားတော်

Mahasi Dhamma 24/7 - မဟာစည်တရားတော်များ ၂၄/၇ သည် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်ပေးနေသည့် ...

မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေကြောင်း ဆန္ဒပြုရင်း_ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရား...
11/10/2025

မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေကြောင်း ဆန္ဒပြုရင်း_

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားအပ်သော ၁၃၄၃-ခု၊ ကထိန်အနုMahasi Dhamma 34-7 Live YouTube Channel တွင် နာယူနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

https://youtube.com/live/5p7g_aJ21-Q?feature=share

ရန်ကုန်မြို့၊ မဟာစည် သာသနာ့ရိပ်သာ၌ ပုရိမဝါမှ ထတော်မူကြသော သံဃာတော်အရှင်မြတ်များအား ၁၃၄၃-ခု၊ သီတင်းကျွတ်လဆုတ် ၅-ရက် (၁၈၊ ၁၀၊ ၁၉၈၁) တနင်္ဂနွေနေ့ တွင် ၃၂-ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်ပွဲကို ဖလ်ယဉ်ဓမ္မာရုံ၌ ကျင်းပခဲ့ပါသည်။

ထို ၃၂-ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်ပွဲ၌ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားအပ်သော “ကထိန်အနုမောဒနာ တရားတော်” ကို လွှင့်တင်ခြင်းဖြစ်ပါသည်။

ဤတရားတော်၌ ဘဒ္ဒဝဂ္ဂီ ညီနောင် ၃-ကျိပ်ကို အကြောင်းပြုပြီး ကထိန်ဖြစ်ပေါ်လာပုံမှစ၍ ကထိန်နှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည်များကို သံပေါက်လင်္ကာများဖြင့် ဟောကြားထားပါသည်။ (ဓမ္မမိတ်ဆွေများ အလွယ်တကူ မှတ်သားနိုင်ရန် သင့်လျှော်သည့် ခေါင်းစဉ်ငယ်များကို တပ်ထားပါသည်။)

ကထိန် ဖြစ်ပေါ်လာပုံ

၁။ ကထိန် နိသင်၊ ငါးပါးတွင်၊ လေးအင် အကျိုးမှာ။
၂။ သီတင်းကျွတ်က၊ တစ်လမျှ၊ ရကြတော့သည်သာ။
၃။ သုံးထည် သင်္ကန်း၊ ဆောင်ယူထမ်း၊ ပင်ပန်း ဝန်လေးစွာ။
၄။ ဘဒ္ဒဝဂ္ဂီ၊ သုံးဆယ်ထေရ်၊ လာသည် ခဲယဉ်းစွာ။
၅။ ဘုရားထံမှောက်၊ စုံညီရောက်၊ မေးလျှောက်ပြီးသောခါ။
၆။ ထို့ကြောင့် နှိုင်းချိန်၊ မြတ်ဘုန်းရှိန်၊ ကထိန် ခွင့်ပြုပါ။

ကထိန်မည်ပုံ

၁။ သင်္ကန်း ခေတ်ခါ၊ ခိုင်စေတာ၊ စွဲကာ ကထိန်မည်။
၂။ ကထိန်ဘောင်ကြီး၊ ခင်းဟန်ပြီး၊ တနည်း ကထိန်မည်။
၃။ ကထိန်ခင်းက၊ ကျိုး ငါးဝ၊ ငါးလတိုင်ရသည်။

ကထိန်ခင်းရန် အစီအစဉ်

၁။ ခံ, ရွေး, ပေးနှင်း၊ စွန့်, ထိုးခြင်း၊ တင်, ခင်း, နုမောဒါ။ (လယ်တီဆရာတော်။)

ကထိန်အာနိသင်ရ ရဟန်တော်များရရှိသော အကျိုးတရား ငါးပါး

၁။ မပန်မကြား၊ လိုရာသွား၊ ပြစ်များ မသင့်ပြီ။
၂။ သုံးထည်ထဲမှာ၊ ထားလိုရာ၊ ထားကာ သွားနိုင်သည်။
၃။ လေးပါးတူပင်၊ ဂိုဏ်းဘောဇဉ်၊ စားချင် စားနိုင်သည်။
၄။ သင်္ကန်းများစွာ၊ ငါးလမှာ၊ သိမ်းကာ ထားနိုင်သည်။
၅။ သံဃာလှူငြား၊ သင်္ကန်းများ၊ သူ့အားသာဖြစ်သည်။
၆။ လှူသူမှာလဲ၊ နည်းတူပဲ၊ ရမြဲ ကျိုးငါးမည်။

ကထိန်အလှူရှင် ရရှိသော အကျိုးတရား ငါးပါး

၁။ တားဆီးကင်းကာ၊ လွတ်လပ်စွာ၊ လိုရာ သွားနိုင်သည်။
၂။ တာဝန်ကိစ္စ၊ မ‌လေးရ၊ ပေါ့လှလေတော့သည်။
၃၊ စားလိုရာများ၊ စားသော်ငြား၊ ဘေးကား မဖြစ်ပြီ။
၄။ ပစ္စည်းအများ၊ သိမ်းပိုက်ထား၊ ဘေးကား မရှိပြီ။
၅။ ကိုယ့်ပစ္စည်းများ၊ သူတပါး၊ ယူသွား ကင်းပသည်။
၆။ ကထိန်ဒကာ၊ ကျိုး ငါးဖြာ၊ လျှော်စွာ ရနိုင်သည်။

အခြားရနိုင်သော အကျိုးများနှင့် ဝိပဿနာ ရှုပုံ

၁။ သာမန် ကျိုးလဲ၊ များစွာပဲ၊ ရမြဲ ရနိုင်သည်။
၂။ နိဗ္ဗာန်ကိုလည်း၊ စိတ်သန်မှီး၊ အပြီး ရနိုင်သည်။
၃။ ကထိန်ဒါန၊ ကျိုးများစွ၊ လှူလှဖူးလေပြီ။
၄။ ယခုတခါ၊ လှူရတာ၊ ဝမ်းသာဖွယ်ကောင်းသည်။
၅။ ဝမ်းသာတိုင်းမှာ၊ ဖြစ်, ပျက်သာ၊ ရှုကာ သိရမည်။
၆။ သို့ သိပါက၊ အနိစ္စ၊ ဒုက္ခလဲ မြင်မည်။
၇။ စိုးမရဟန်၊ သိမြင်ပြန်၊ နိဗ္ဗာန် ဆိုက်ရောက်မည်။

ဤ “၁၃၄၃-ခု၊ ကထိန်အနုမောဒနာ တရားတော်” ကို နာယူမှတ်သားပြီး ဝိပဿနာတရား ပွားများကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေကြောင်း ဆန္ဒပြုပါသည်။

#မဟာစည် #ကထိန်အနုမောဒနာ #တရားတော်

‌ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ...

သီတင်းကျွတ်နှင့်အတူ ကမ္ဘာသူကမ္ဘာသားများ ဒုက္ခအပေါင်းမှ ကျွတ်လွတ်၍ အေးချမ်းသာယာသော ဘဝတွေပိုင်ဆိုင်ပြီး ဆင်းရဲခပ်သိမ်း အေး...
06/10/2025

သီတင်းကျွတ်နှင့်အတူ ကမ္ဘာသူကမ္ဘာသားများ ဒုက္ခအပေါင်းမှ ကျွတ်လွတ်၍ အေးချမ်းသာယာသော ဘဝတွေပိုင်ဆိုင်ပြီး ဆင်းရဲခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ-ဟု ဆန္ဒပြုရင်း_

ကျေးဇူး‌တော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူအပ်သော “အဘိဓမ္မာအခါတော်နေ့” တရားတော်ကို Mahasi Dhamma 24-7 Live YouTube Channel တွင် နာယူနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

https://youtube.com/live/uHNXVMHS_TY?feature=share

ဤ “အဘိဓမ္မာအခါတော်နေ့ တရားတော်” ကို ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် ၁၃၂၈-ခု၊ သီတင်းကျွတ်လပြည့်နေ့တွင် ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ၊ ဖလ်ယဥ်ဓမ္မာရုံ၌ အဘိဓမ္မာအခါတော်နေ့အထိမ်းအမှတ်အဖြစ် ဟောကြားတော်မူခဲ့ပါသည်။

ဤတရားတော်ကို ဓမ္မပဒအဋ္ဌကထာ (ပထမော ဘာဂေါ) စာမျက်နှာ ၁၃၀ (ဓမ္မ၊ ဋ္ဌ၊ ၁။ ၁၃၀။) ၌ ပါရှိသော ဒေ‌‌ဝေါရောဟနဝတ္ထု မှ “ယေ ဈာနပသုတာ ဓီရာ” အစချီသော ဂါထာကို အခြေခံ၍ ဟောကြားတော်မူခဲ့ပါသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် တရားဟောရာ၌ ဝတ္ထုဇာတ်ကြောင်းသာမက ဝိပဿနာ ရှုကွင်းရှုကွက်ပါ ဟောတော်မူလေ့ရှိပါသည်။ ထို့အတူ အခြား သိသင့်သိထိုက်သည့် ဗဟုသုတများကိုလည်း ထည့်သွင်းဟောတော်မူလေ့ရှိပါသည်။ ဤတရားတော်၌လည်း ထိုအချက်များကို နာကြားရပါသည်။

ဈာန်နှင့် ပတ်သက်၍လည်း_

“ဈာန်ဆိုတာ အမျိုးမျိုး ရှိတယ်။ ကောင်းတဲ့ဈာန်လဲ ရှိတယ်။ မကောင်းတဲ့ဈာန်လဲ ရှိတယ်။ အကုသိုလ်မှာလဲ ဈာန်တွေပါတာပဲ” ဟုလည်းကောင်း...

ပရိသတ်များ လွယ်ကူစွာ မှတ်သားနိုင်ရန်_

“စူးစိုက်သမှု၊ ကပ်၍ရှု၊ ဈာန်-ဟု ခေါ်ဝေါ်သည်။
တည်ငြိမ်ရုံမျှ၊ ရှုနေက၊ သမထ ဈာန်ခေါ်သည်။
လက္ခဏာသုံးရပ်၊ ရှုသိမှတ်၊ ဝိပသ် ဈာန်ခေါ်သည်။
ကာမဂုဏ်လဲ၊ မတပ်စွဲ၊ စိတ်ထဲ ကြည်လှ ကျင့်ဆဲမှ။
တရားတိုင်းတွင်၊ ဉာဏ်သက်ဝင်၊ ကျွမ်းကျင်သိက ကျင့်ပြီးမှ။” ဟု လင်္ကာ ဖွဲ့သီ၍လည်းကောင်း ဟောကြားတော်မူသကဲ့သို့

တရားတော်၏ နိဂုံးတွင်လည်း ဆရာတော်ဘုရားကြီးက_

“ရှေ့လျှောက်လဲပဲ ဒီယောဂီ အဟောင်းတွေရော အသစ်တွေရော ချီးမွမ်းဖွယ်ဂုဏ်နှင့်သာ ပြည့်စုံအောင် ကျင့်ပြီးတော့သွားမယ်။ တို့အတွက်နဲ့စပ်ပြီးတော့ ကဲ့ရဲ့စရာ အပြစ်တင်စရာတော့ မဖြစ်စေရဘူး။ တို့အကြောင်းပြုပြီးတော့ သူများတွေ စိတ်မချမ်းမသာတော့ မဖြစ်စေရဘူး။ သူများ စိတ်ချမ်းသာအောင်သာလျှင် တတ်နိုင်သမျှ စောင့်ရှောက်ပြီးတော့ သွားမယ်လို့ ဒီလိုနှလုံးသွင်းပြီးတော့ မိမိတို့၏ ကိုယ်ကျင့်တရားလေးတွေလဲ တိုးတက်ပွားများပြီး ကျင့်ကြံအားထုတ်ကြမယ်။ တိုးတက်ပွားများ ကျင့်သုံးအားထုတ်သောအားဖြင့် မိမိတို့အလိုရှိအပ်သော မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ချမ်းသာမြတ်ကို လျင်မြန်စွာဆိုက်‌ရောက်၍ မျက်မှောက်ပြုနိုင်ကြပါစေ-ဟု ဆန္ဒပြု ဟောကြားတော်မူခဲ့ပါသည်။

#မဟာစည် #အဘိဓမ္မာအခါတော်နေ့ #တရားတော်

‌ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်ပေးနေသည့် Channel ဖြစ်ပါသည်။ ဗုဒ...

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ကုသိုလ်ပွားများကာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းပတ္ထနာပြုရင်း...
05/10/2025

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ကုသိုလ်ပွားများကာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းပတ္ထနာပြုရင်း_

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ၁၃၃၅-ခု၊ သီတင်းကျွတ်လပြည့်နေ့တွင် ရန်ကုန်မြို့၊ မဟာစည်သာသနာ့ရိပ်သာ၊ ဖလ်ယဉ်ဓမ္မာရုံ၌ ဥပုသ်သီလပေးအသံဖိုင်ကို ဖော်ပြပါ Mahasi Dhamma 24-7 YouTube Channel မှာ နာယူ ဥပုသ်သီတင်း ဆောက်တည်နိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

https://youtu.be/w8XcckucXJ0

#မဟာစည် #ဥပုသ်သီလပေး #သီတင်းကျွတ်

Mahasi Dhamma 24/7 - မဟာစည်တရားတော်များ ၂၄/၇ သည် မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များကို ၂၄-နာရီပတ်လုံး လွှင့်ပေးနေသည့် ...

Address

No 16, Sasana Yeiktha Street, Bahan Township
Yangon
11201

Alerts

Be the first to know and let us send you an email when မဟာစည်တရားတော်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to မဟာစည်တရားတော်များ:

Share