Young Men's Buddhist Association - Since 1906
Young Men's Buddhist Association - Since 1906 ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို) ​၏ တရားဝင်စာမျက်နှာဖြစ်ပါသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ရုရှဘာသာစကား သင်တန်းဖွင့်လှစ်ခြင်း။၁၆၊၁၊၂၀၂၃။မြန်မာနိုင်ငံသားများ၏ အမျိုး ဘာသာ သာသနာ ...
16/01/2023
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ရုရှဘာသာစကား သင်တန်းဖွင့်လှစ်ခြင်း။
၁၆၊၁၊၂၀၂၃။
မြန်မာနိုင်ငံသားများ၏ အမျိုး ဘာသာ သာသနာ ပညာ အကျိုးရှိစေဖို့ YMBA က အစဥ်အမြဲ အားထုတ်လျက်ရှိပါသည်။ ၎င်းအတွက် အားထုတ်မှုတစ်ခုအဖြစ် ဘာသာစကား တတ်ကျွမ်းသူ မြန်မာများ ပေါများလာရေးအတွက် အင်္ဂလိပ်၊ တရုပ်၊ စပိန် အစရှိသော ဘာသာစကားသင်တန်းများလည်း ပညာဒါနအဖြစ် ဖွင့်လှစ်ပေးလျက်ရှိပါသည်။
ယနေ့ နေ့လည်ပိုင်း၌လည်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ၏ ရုရှဘာသာစကား (ပညာဒါန) ဒုတိယအကြိမ်မြောက် On Line သင်တန်းအား YMBA (ဗဟို) ရုံး သင်တန်းခမ်းမ၌ Zoom Meeting ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ရှေးဦးစွာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ဥက္ကဋ္ဌကြီး သီရိသုဓမ္မမဏိဇောတဓရ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးရဲထွန်းက သင်တန်းဖွင့်ပွဲ အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) တွဲဖက်အတွင်းရေးမှူး မဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးမျိုးမြင့်ထွန်းက သင်တန်းဖွင့်လှစ်ပွဲ မုဒိတာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ရုရှနိုင်ငံ Tomsk State University (TSU) ၏ နိုင်ငံခြားဆက်ဆံရေးဌာနမှူး Ms. Svetlana Vladimirovna နှင့် TSU ၏ သင်တန်းတာဝန်ခံ Tatiana Stakanova တို့က သင်တန်းဖွင့်ပွဲ အမှာစကားများ ပြောကြားခဲ့ကြပါသည်။ ထို့နောက် YMBA Chief Teacher ကိုမိုးဝေယံဦးက မြန်မာ ရုရှ ၂ ဘာသာဖြင့် သင်ကြားမည့်ပုံစံအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် YMBA ရုရှဘာသာစကားသင်တန်း (ပညာဒါန) ဒုတိယအကြိမ် On Line (Zoom) သင်တန်းဖွင့်ပွဲအခမ်းအနားအား အောင်မြင်စွာပြီးဆုံးခဲ့ပြီးနောက် ရုရှဘာသာစကားသင်တန်းအား ဆက်လက်ပို့ချခဲ့ပါသည်။ သင်တန်းကာလမှာ (၈) လခန့် ကြာမြင့်မှာဖြစ်ပြီး သင်တန်း၌ ယခုလို ရုရှနိုင်ငံ Tomsk State University ၏ သင်ကြားရေး၌ ကူညီပါဝင်ခြင်းသည် နှစ်ပေါင်း ရာကျော်သက်တမ်း အသီးသီးရှိကြသော မြန်မာပြည်၏ YMBA နဲ့ ရုရှနိုင်ငံ၏ Tomsk State University ၂ ခုတို့၏ ပူပေါင်းဆောင်ရွက်ခြင်းအဖြစ်သာမကပဲ သက်ဆိုင်ရာ ၂ နိုင်ငံလုံးအတွက်ပါ သမိုင်းမှတ်တမ်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပါသည်။
Young Men's Buddhist Association - Since 1906
16/01/2023
၅၃ ကြိမ်မြောက် အဘိဓမ္မာသင်တန်းဖွင့်ပွဲကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)ရုံးတွင် ကျင်းပ။
၁၅၊၁၊၂၀၂၃။
Crd. MRTV
Young Men's Buddhist Association - Since 1906
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ၏ ၅၃ ကြိမ်မြောက် အဘိဓမ္မာသင်တန်း ၁၅၊၁၊၂၀၂၃။ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ၏ ၅၃ ကြိမ်မြောက် ...
15/01/2023
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ၏ ၅၃ ကြိမ်မြောက် အဘိဓမ္မာသင်တန်း
၁၅၊၁၊၂၀၂၃။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ၏ ၅၃ ကြိမ်မြောက် အဘိဓမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့ ၁၅၊ ၁၊ ၂၀၂၃။ (နေ့လည် ၁ နာရီ) တွင် ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ရှိ YMBA(ဗဟို) အသင်း သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပရိသတ်အပေါင်းက နမောတဿ ၃ ကြိမ် ရွတ်ဆိုဘုရားရှိခိုး၍ သင်တန်းဖွင့်ပွဲအခမ်းအနားအား ဖွင့်လှစ်ခဲ့ကြပါသည်။ ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ဥက္ကဋ္ဌကြီး သီရိသုဓမ္မမဏိဇောတဓရ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးရဲထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးဟန်မြင့်နှင့် တွဲဖက်အတွင်းရေးမှူး၊ YMBA အဘိဓမ္မာသင်တန်းမှူး မဟာမင်္ဂလဓမ္မဇောတိကဓဇ Dr. အေးမင်းက သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားကာ၊ အဘိဓမ္မာသင်တန်း သင်တန်းဆရာမကြီး မဟာ အာဘိဓမ္မိက ကလျာဏ ဥာဏဓဇ၊ အဘိဓမ္မဓရ၊ ဗုဒ္ဓပါဒက ဒီပလိုမာ (သီတဂူ) ဒေါ်မေပုလဲကလည်း သင်တန်းသင်ခန်းစာပို့ချမည့်အစီအစဉ်များ၊ သင်တန်းကာလတစ်လျောက်သင်တန်းသားများစာပေဆိုင်ရာလိုက်နာရမည့်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး YMBA ၏ နာယက အဂ္ဂမဟာမင်္ဂလဓမ္နဇောတိကဓဇ ဆရာကြီးဦးစိုးဝင်းက ဝမ်းမြောက်ကြောင်း မုဒိတာစကားပြော အမှာစကား ပြောကြားပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ၃ ကြိမ်ရွတ်ဆို၍ သင်တန်းဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
Young Men's Buddhist Association - Since 1906
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်YMBA နှင့် တွေ့ဆုံခြင်း၁၄၊ ၁၊ ၂၀၂၃။မြန်မာနိုင်ငံတဝှန်း အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ  ပိုမ...
14/01/2023
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်YMBA နှင့် တွေ့ဆုံခြင်း
၁၄၊ ၁၊ ၂၀၂၃။
မြန်မာနိုင်ငံတဝှန်း အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ပိုမိုကျယ်ပြန့်စွာ ထွန်းကားနိုင်ရေးအတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးဟန်မြင့် ဦးဆောင်သော YMBA ဗဟိုအလုပ်မှုဆောင်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်သို့ ယနေ့မနက်က ရောက်ရှိခဲ့ပါသည်။
ရောက်ရှိစဉ် အိမ်မဲမြို့နယ်၊ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (အသင်းအမှတ် ၁၂) အား အင်အားဖြည့်စည်း၍ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားအား ကျင်းပရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) အထွေထွေအတွင်းရေးမှူး မဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးသန်းဝင်းက အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပါသည်။ရှေးဦးစွာ နမောတဿ ၃ ကြိမ် ရွတ်ဆိုဘုရားရှိခိုးကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အိမ်မဲမြို့နယ်၊မိုးကုတ်ဝိပဿနာတိုက်ခွဲ(၂၉)ဓမ္မမေဒနီကျောင်းဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုမာရ မထေရ်မြတ်အမှူးရှိသော သံဃာတော်များက သြဝါဒကထာများ ချီးမြင့်ကြပါသည်။
ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးဟန်မြင့်က YMBA သမိုင်းကြောင်းနှင့် ဖွဲ့စည်းပုံအား ရှင်းလင်းလျှောက်ထားပါသည်။ ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) တွဲဖက်အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး YMBA ဥက္ကဋ္ဌ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးမျိုးမြင့်ထွန်းက အိမ်မဲမြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (အသင်းအမှတ် ၁၂) မှတင်ပြလာသည့်အားအင်အားဖြည့်စည်း၍ပြန်လည်ဖွဲ့စည်းထားသော သြဝါဒါစရိယဆရာတော်များ၊ နာယကလူပုဂ္ဂိုလ်များနှင့် အမှုဆောင်များ၏အမည်များအား ဖတ်ကြားလျှောက်ထား ရာတက်ရောက်လာသောဧည့်ပရိပ်သတ်များမှအတည်ပြုပါသည်။ ၎င်းနောက် အိမ်မဲမြို့နယ်၊YMBA ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားပြီး၊ ဧရာဝတီတိုင်းဒေသကြီး YMBA ဥက္ကဋ္ဌ (ယာယီ) မင်္ဂလဓမ္မဇောတိကဓဇ ဦးဇော်နိုင်ဝင်းထံ မြို့နယ်အမှုဆောင်စာရင်းအားလည်းကောင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) အလုပ်အမှူဆောင် မင်္ဂလဓမ္မဇောတိကဓဇ ဦးထိန်လင်းထံသို့ အသင်းသားအဆိုပြုလွှာများအားလည်းကောင်း အပ်နှံပါသည်။
ထို့နောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ၃ ကြိမ် ရွတ်ဆိုဆုတောင်းကာ အခမ်းအနားအား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ ဆက်လက်၍ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်များအား နေ့ဆွမ်းဆပ်ကပ်ပြီးနောက် ဧည့်ပရိသတ်အပေါင်းအားလည်း နေ့လည်စာဖြင့်ဧည့်ခံပါသည်။ နေ့လည်အချိန်၌ အသင်းသူအသင်းသားများက အမျိုး ဘာသာ သာသနာ ပညာ ပြန့်ပွားရေးနှင့် YMBA အသင်းကြီး၏ အနာဂတ်လုပ်ငန်းစဉ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
Young Men's Buddhist Association - Since 1906
မန္တလေးတိုင်း YMBA အဖွဲ့အား တွေ့ဆုံခြင်း၁၃၊ ၁၊ ၂၀၂၃။အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ မြန်မာနိုင်ငံတဝှန်း ပိုမိုကျယ်​ပြန့်စွာ ထွန...
13/01/2023
မန္တလေးတိုင်း YMBA အဖွဲ့အား တွေ့ဆုံခြင်း
၁၃၊ ၁၊ ၂၀၂၃။
အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ မြန်မာနိုင်ငံတဝှန်း ပိုမိုကျယ်​ပြန့်စွာ ထွန်းကားနိုင်ရေးအတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ဥက္ကဋ္ဌကြီး သီရိသုဓမ္မမဏိဇောတဓရ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးရဲထွန်း ဦးဆောင်သော YMBA ဗဟိုအလုပ်မှုဆောင်အဖွဲ့သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံယဥ်ကျေးမှုအမွေအနှစ်ဒေသသို့ ရောက်ရှိခဲ့သည်။
ရောက်ရှိစဥ်အတွင်း မန္တလေးတိုင်းဒေသကြီး YMBA ဥက္ကဋ္ဌဦးဆောင်သော တိုင်းအမှုဆောင်များ၊ ဒေသခံ YMBA အမှုဆောင်များ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံစည်းဝေးကာ တိုင်းဒေသကြီးအတွင်း မင်္ဂလာတရားတော်များ ထွန်းကားပြန့်ပွားရေး၊ အမျိုး ဘာသာ သာသနာ ပညာ ပိုမိုထွန်းကားပြန့်ပွားရေးအတွက် တွေ့ဆုံစည်းဝေးခဲ့ကြသည်။
ထို့နောက် ဒေသခံ YMBA အမှုဆောင်များနှင့်အတူ မနက်စာ အတူတူသုံးဆောင်ကြပြီး ရင်းရင်းနှီးနှီး အားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Young Men's Buddhist Association - Since 1906
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ကြေညာချက်၁၃၈၄ ခုနှစ်၊ ပြာသိုလ်လပြည့်ကျော် (၄) ရက်၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်(၇၅) နှစ်မြေ...
09/01/2023
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ကြေညာချက်
၁၃၈၄ ခုနှစ်၊ ပြာသိုလ်လပြည့်ကျော် (၄) ရက်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး YMBA နှင့်အတူ ဗုဒ္ဓဘာသာတရားတော်များ တိုးတက်ပြန့်ပွားရေးအတွက် ဆောင်ရွက်တော်မူခဲ့ကြသော အောက်ဖော်ပြပါ သံဃာတော်အရှင်သူမြတ်များအား (၄၊၁၊၂၀၂၃) စိန်ရတုလွတ်လပ်ရေးနေ့၌ မင်္ဂလာဆိုင်ရာဘွဲ့တံဆိပ်များကို ဆက်ကပ်ချီးမြင့်အပ်ပါသည်။
#အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့
၁။ ဘဒ္ဒန္တပဝရသိဒ္ဓိ
ရာဇအောင်မြေကျောင်းတိုက်၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။
#မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့
၁။ ဘဒ္ဒန္တပဏ္ဍိတ
ရွှေဥဒေါင်းကျောင်းတိုက်၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ်။
၂။ ဘဒ္ဒန္တဝိလာသ
ကျောက်လုံးကြီး ဓမ္မရိပ်သာကျောင်းတိုက်၊ မြဝတီမြို့နယ်၊ ကရင်ပြည်နယ်။
၃။ ဘဒ္ဒန္တကေသရ
မဟာသုခအောင်မင်္ဂလာဘေးမဲ့ကျောင်းတိုက်၊ မြဝတီမြို့နယ်၊ ကရင်ပြည်နယ်။
#မင်္ဂလဓမ္မဇောတိကဓဇဘွဲ့
၁။ ဘဒ္ဒန္တရာဇဓမ္မ
ဗောဓိကျောင်း ပရိယတ္တိစာသင်တိုက်၊ မြဝတီမြို့နယ်၊ ကရင်ပြည်နယ်။
၂။ ဘဒ္ဒန္တခန္တီဝရ
ဝေဠုဝန်သာသနာ့ရိပ်သာကျောင်းတိုက်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၃။ ဘဒ္ဒန္တဝိသုဒ္ဓ
ငွေတောင်ရတနာစာသင်တိုက်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၎။ ဘဒ္ဒန္တဝိမလ
တပ်ဦးမင်းကုန်း ဘုန်းတော်ကြီးသင်မူလွန်ကျောင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၅။ ဘဒ္ဒန္တဥတ္တရ
မိုးကုတ်မဂ္ဂင်ကျောင်းတိုက်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၆။ ဘဒ္ဒန္တစိန္တိတ
ပရိယတ္တိမာမက စိန္တိတာရာမ နိမ္မိတာရုံကျောင်းတိုက်၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၇။ ဘဒ္ဒန္တသီလာစာရ
သီတလာရာမကျောင်းတိုက်၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၈။ ဘဒ္ဒန္တဥတ္တမသီရိ
ဓမ္မမေဒနီကျောင်းတိုက်၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၉။ ဘဒ္ဒန္တသုမန
၁၀။ ဘဒ္ဒန္တစန္ဒသီရိ
သီရိမင်္ဂလာ ကျိုက်ထီးရိုးစာသင်တိုက်၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၁၁။ ဒေါက်တာဘဒ္ဒန္တရေဝတ
ရတနာသိင်္ဂီကျောင်းတိုက်၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၁၂။ ဒေါက်တာဘဒ္ဒန္တလာဘ
စကားဝါရွှေပြည် မိုးကုတ်ရိပ်သာကျောင်းတိုက်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၁၃။ ဘဒ္ဒန္တဝဏ္ဏောဘာသ
သဒ္ဓမ္မဇောတိကာရုံကျောင်း၊ ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။
9.1.2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြေငြာစာအမှတ် ၂/၂၀၂၃ ၊ ၄.၁.၂၀၂၃ ရက်စွဲဖြင့် ...
04/01/2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြေငြာစာအမှတ် ၂/၂၀၂၃ ၊ ၄.၁.၂၀၂၃ ရက်စွဲဖြင့် (ယနေ့) တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) YMBA ဥက္ကဋ္ဌကြီး အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဦးရဲထွန်း (ခ) ဦးရဲတင်ထွဋ် အား သာသနာတော်ဆိုင်ရာ "သီရိသုဓမ္မမဏိဇောတဓရ " ဘွဲ့တံဆိပ် ချီးမြင့်ခံရကြောင်းသိရှိရသဖြင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) YMBA အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်ပါသည်။
Young Men's Buddhist Association - Since 1906
စိန်ရတု လွတ်လပ်ရေးနေ့
၄၊၁၊၂၀၂၃။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး သတိုးသီရိ အဂ္...
01/01/2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး သတိုးသီရိ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ
မင်းအောင်လှိုင်၏၂၀၂၃ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား
ယနေ့ကျရောက်တဲ့ ၂၀၂၃ ခုနှစ်၊ နှစ်သစ်ကူးအခါသမယမှာ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး ဘေးဘယာများဝေးကွာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သလိုက်ရပါတယ်။
၂၀၂၂ ခုနှစ်မှာ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အခက်အခဲ များစွာနဲ့ စိန်ခေါ်မှုပေါင်းစုံကြားကနေ ကျွန်တော်တို့အားလုံးရဲ့ စည်းလုံးညီညွတ်မှု၊ စိတ်ရှည်သည်းခံမှုနဲ့ သဘောထားပြည့်ဝမှုတွေနဲ့ပဲ အကောင်းဆုံးဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမများအားလုံးရဲ့ စုစည်း ညီညွတ်အားနဲ့ စိန်ရတုပြည်ထောင်စုနေ့အခါသမယကိုလည်း ခမ်းနားထည်ဝါစွာဖြင့် ဂုဏ်ယူဖွယ်ကျော်ဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတာ ၇၅ နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ဒီကာလအတွင်း လွတ်လပ်ရေးရဲ့အရသာကို ကျွန်တော်တို့ ညီအစ်ကိုတွေ အပြည့်အဝမခံစားရသေးပါဘူး။ လွတ်လပ်ရေးနဲ့အတူပေါက်ဖွားလာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကေို တတ်နိုင်သမျှချုပ်ငြိမ်းအောင် ကျွန်တော်တို့ ဆောင်ရွက် ခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို ကျွန်တော်ကိုယ်တိုင် ဖိတ်ခေါ်ပြီးဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပြီးသမျှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများအပေါ်မှာ အလားအလာကောင်းတဲ့ သဘောတူညီမှုများ ရရှိခဲ့ပါတယ်။ မိမိဒေသ၊ မိမိလူမျိုးရဲ့ကောင်းကျိုးကို တကယ့်ရင်ထဲက စစ်မှန်တဲ့စေတနာ၊ မေတ္တာ အမှန်တရားနဲ့ လိုလားဖို့ပဲအရေးကြီးပါတယ်။ ကျွန်တော်တို့ လက်နက်ကိုင်ပဋိပက္ခ တွေ ဖြေရှင်းနိုင်ရင် တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဒေသတွေရဲ့အခွင့်အရေး ပိုမို ဆောင်ရွက်ပေးနိုင်မှာပဲဖြစ်ပါတယ်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ ဒီမိုကရေစီ အခွင့်အရေးတွေ မဆုံးရှုံးစေဖို့ တိုင်းရင်းသားဒေသတွေအပါအဝင် တစ်နိုင်ငံလုံး နေရာအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။ တိုင်းပြည်ကို မူလအခြေအနေအတိုင်းအေးချမ်းစေဖို့ ဆောင်ရွက် နေပါတယ်။
၂၀၂၃ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတာ ၇၅ နှစ်ပြည့် စိန်ရတုတိုင်ခဲ့ပြီဖြစ်သလို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးရဲ့အသီးအပွင့်တွေကိုခံစားဖို့ အစပျိုးတဲ့ နှစ်တစ်နှစ်ပဲဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး အချိုးအကွေ့တစ်ခုမှာ သမိုင်းကောင်းတစ်ခုကိုဖန်တီးနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို တိုင်းရင်းသားပြည်သူတွေ ပိုင်ဆိုင်ခွင့်ရတဲ့ နှစ်တစ်နှစ် ဖြစ်တာကြောင့် ဒီအခွင့်အရေးကိုအရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အားလုံး အတူတကွလျှောက်လှမ်းချင်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ခိုင်မာ စေရန်နဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး အတွက် ယခုရှိပြီးသားထက်ပိုမိုတဲ့ ပေါင်းစည်းညီညွတ်မှုများနဲ့ ရှေ့ကိုခရီးဆက်ရမှာပဲ ဖြစ်ပါတယ်။ အဲဒီလိုခရီးဆက်နိုင်အောင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ ဘက်ပေါင်းစုံကနေ ရှိသမျှတံခါးများအားလုံးဖွင့်လျက် လက်ကမ်းကြိုလျက် ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကာလမှာ ကမ္ဘာမှာဘာတြွေဖစ်ခဲ့သလဲဆိုတဲ့ နိုင်ငံတကာ အရေးအခင်းအချို့ကို ကျွန်တော်တို့ ကြည့်ဖို့လိုအပ်မှာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုအားလုံး ပိုမိုသတိရှိရမယ်။ ပိုမိုအသိရှိရမှာ ဖြစ်ပါတယ်။ ဒါတွေကိုကျော်လွှားနိုင်ဖို့ဆိုရင် ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသလို ကျွန်တော်တို့အားလုံး စည်းလုံးစွာနဲ့ ကျော်ဖြတ်ဖို့ပဲလိုပါမယ်။
ကုန်လွန်ခဲ့ပြီဖြစ်တဲ့ ၇၅ နှစ်တာကာလအတွင်း နိုင်ငံနဲ့လူမျိုးအတွက် အကျိုးမပြုစေခဲ့တဲ့ အတွေးအခေါ်များနဲ့ လုပ်ဆောင်ချက်များကို ချန်ရစ်ခဲ့ပြီး နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမယ့် အပြုသဘောဆောင်ရွက်ချက်များကို မြန်မာစိတ် မွေးပြီးတော့ စည်းစည်းလုံးလုံးလုပ်ကိုင်သွားကြမယ်ဆိုရင် ကျွန်တော်တို့ သွားချင်တဲ့ ပန်းတိုင်ကို မလွဲမသွေရောက်ရှိမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကိုရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝတွေကို မျိုးဆက်သစ်လူငယ်တွေအတွက် တည်ဆောက် ပေးသွားကြပါမယ်။ မျိုးဆက်သစ်လူငယ်တွေဆီကနေ တိုင်းပြည်အတွက်အဖိုးတန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို အကျိုးရှိရှိအသုံးချနိုင်စေဖို့ ကျွန်တော်တို့ တာဝန်ရှိသူ များအားလုံး ညီညွတ်စွာဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ယနေ့ကျရောက်တဲ့ နှစ်သစ်အခါသမယမှသည် နောင်နှစ်ပေါင်းများစွာတိုင် မိမိတို့တစ်ဦးတစ်ယောက်ချင်း အတွက်သာမက နိုင်ငံတော်အတွက်ပါ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာနဲ့ ကောင်းကျိုး လိုရာအဖြာဖြာ ဖန်တီးနိုင်သူများ ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်း လိုက်ရပါတယ်ခင်ဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်။
Young Men's Buddhist Association - Since 1906
မင်္ဂလာပါ🙏🙏🙏Young Men's Buddhist Association - Since 1906 1.1.2023
31/12/2022
မင်္ဂလာပါ
🙏🙏🙏
Young Men's Buddhist Association - Since 1906
1.1.2023
28/12/2022
(၇၃)ကြိမ်မြောက် YMBAမင်္ဂလာစာမေးပွဲများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျင်းပလျက်ရှိ
Crd. MRTV
Young Men's Buddhist Association - Since 1906
မကြာခင်ဖွင့်လှစ်တော့မည့် YMBA "အဘိဓမ္မာသင်တန်း" ပညာဒါန (အခမဲ့) သင်တန်း ၂၄၊ ၁၂၊ ၂၀၂၂။ဗုဒ္ဓဘာသာကလျာဏယုဝအသင်းသည် အမျိုး၊ ဘာ...
23/12/2022
မကြာခင်ဖွင့်လှစ်တော့မည့် YMBA "အဘိဓမ္မာသင်တန်း" ပညာဒါန (အခမဲ့) သင်တန်း
၂၄၊ ၁၂၊ ၂၀၂၂။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းသည် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ဦးထိပ်ထားကာ ဆောင်ရွက်လျက်ရှိသည့်အဖွဲ့အစည်းကြီး ဖြစ်ပါသည်။ ၎င်းရည်မှန်းချက်များ၏ တစ်စိတ်တစ်ဒေအဖြစ် "အဘိဓမ္မာသင်တန်း" များအား ပညာဒါန (အခမဲ့) သင်ကြားပေးခဲ့သည်မှာ (၅၂) ကြိမ် ရှိပြီး ဖြစ်ပါသည်။
မကြာခင်ကာလ၌လည်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ၏ (၅၃) ကြိမ်မြောက် အဘိဓမ္မာသင်တန်းအား အောက်ပါအတိုင်း ဖွင့်လှစ်သင်ကြားပေးတော့မည်ဖြစ်ပါသည်။
သင်တန်းအချိန်ဇယား
===============
အပါတ်စဥ် (စနေ၊ တနင်္ဂနွေ) ၂ ရက်
နေ့ ၁၂:၀၀ နာရီ မှ ၁၆:၀၀ နာရီ
သင်တန်းနေရာ
===========
YMBA (ဗဟို) သင်တန်းခန်းမ
လျှောက်ထားခြင်း
=============
စိတ်ပါဝင်စား တက်ရောက်လိုသူများအနေဖြင့် ၃၁၊ ၁၂၊ ၂၀၂၂။ နောက်ဆုံးထားကာ YMBA (ဗဟို) ရုံး၊ ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်အနီး (ဖုန်း 09688685848, 09421271834) သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း
Young Men's Buddhist Association - Since 1906
မကြာခင်ဖွင့်လှစ်တော့မည့် ဒုတိယအကြိမ်မြောက် ပညာဒါန (အခမဲ့) On Line ရုရှဘာသာစကားသင်တန်း ၂၄၊ ၁၂၊ ၂၀၂၂။ဗုဒ္ဓဘာသာကလျာဏယုဝအသင်...
23/12/2022
မကြာခင်ဖွင့်လှစ်တော့မည့် ဒုတိယအကြိမ်မြောက် ပညာဒါန (အခမဲ့) On Line ရုရှဘာသာစကားသင်တန်း
၂၄၊ ၁၂၊ ၂၀၂၂။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်းသည် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာ ဦးထိပ်ထားကာ ဆောင်ရွက်လျက်ရှိသည့်အဖွဲ့အစည်းကြီး ဖြစ်ပါသည်။ ၎င်းရည်မှန်းချက်များ၏ တစ်စိတ်တစ်ဒေအဖြစ် ဘာသာဗေဒသင်တန်းများအားလည်း ပညာဒါန (အခမဲ့) ဖွင့်လှစ်လျက်ရှိရာ ဒုတိယအကြိမ်မြောက် ရုရှဘာသာစကားသင်တန်းအား လာမည့် ၁၆၊ ၁၊ ၂၀၂၃ ၌ ဖွင့်လှစ်တော့မည်ဖြစ်ပါသည်။
ရုရှနိုင်ငံ Tomsk State University (TSU) ၏ ပူးပေါင်းကူညီပါဝင်မှုဖြင့် On Line Zoom Courses များအဖြစ် အောက်ပါအစီစဥ်များအတိုင်း ရုရှဘာသာစကားသင်တန်း (၂) ခုအား ပညာဒါန (အခမဲ့) သင်ကြားပေးမည်ဖြစ်ပါသည်။
သင်တန်းနှင့် အချိန်ဇယား
==================
(က) Level - A1
Tuesday (12 noon – 2 pm)
Thursday (7 pm - 9 pm)
Saturday (7 pm – 9:30 pm)
(ခ) Level - A2
Monday (12:30 pm – 2:30 pm)
Friday (12 noon – 2 pm)
Sunday (7 pm – 9 pm)
တက်ရောက်ခွင့် လျှောက်ထားခြင်း
========================
စိတ်ပါဝင်စား တက်ရောက်လိုသူများအနေဖြင့် အောက်ပါ On Line Form သို့ ၃၁၊ ၁၂၊ ၂၀၂၂။ နောက်ဆုံးထားဝင်ရောက်ကာ သင်တန်းတက်ရောက်လိုကြောင်း (ပြည့်စုံစွာ) ဖြည့်သွင်းပေးရပါမည်။
https://forms.gle/Bahd3TcRDA5nYWc8A
သင်တန်းသားဦးရေ ကန့်သတ်မှုရှိပါသဖြင့် On Line Interview ဖြင့် စီစစ်လက်ခံပါမည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း
Young Men's Buddhist Association - Since 1906
Address
Shwedagon Campus, Dagon Township
Yangon
11191
Alerts
Be the first to know and let us send you an email when Young Men's Buddhist Association - Since 1906 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Place Of Worship
Send a message to Young Men's Buddhist Association - Since 1906:
Share