26/08/2026
ဆီးချိုလူနာနှင့် ကိုယ်လက်လှုပ်ရှားမှု🏃♀️
နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုသည် သွေးချိုဆီးချိုလူနာ အပါအဝင် လူတိုင်း၏ ကျန်းမာခြင်းကို အထောက်အကူပြုပါသည်။ ဆီးချိုလူနာများတွင် ပို၍ အထောက်အကူပြုသည်။ သွေးတွင်းရှိ မကောင်းသော အဆီများကို နည်းစေပြီး ကောင်းသော အဆီကို မြင့်တက်စေသည်။ ခန္ဓာကိုယ်ဝဖြိုးသူများကို ကိုယ်အလေးချိန်ကျစေသည်။ အထူးသဖြင့် ဝမ်းဗိုက်စူပြီး ဝနေသူများ ဗိုက်အစူလျော့စေ၍ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်စေသည်။ သွေးတိုးလူနာတွင် သွေးပေါင်ချိန်ကျစေသည်။ ခြေထောက်သွေးလည်ပတ်မှုကောင်းစေပြီး ခြေထောက်သွေးကြောကျဉ်းရောဂါကို သက်သာစေသည်။ ကြွက်သားများ သန်မာဖွံ့ဖြိုးစေသည်။ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးသည်။ သက်သာစေသည်။ နေ့စဉ်လုပ်ငန်းခွင်တင် စိတ်ရောကိုယ်ပါ ရွှင်လန်းသွက်လက်စေသည်။ တစ်နေကုန် လုပ်အားစွမ်းရည် တက်စေသည်။ လူမှုဆက်ဆံရေး နယ်ပယ်ကျယ်စေသည်။ ညပိုင်းအိပ်ကောင်းစေသည် စသည်ဖြင့် မရေမတွက်နိုင်သော အကျိုးကျေးဇူးများကို ရရှိစေသည်။
သွေးချိုဆီးချိုလူနာများတွင် ပို၍ ကောင်းကျိုးပေးသေးသည်။ အင်ဆူလင်၏အာနိသင်ကို အားကောင်းစေသည်။ ခန္ဓာကိုယ် ဝဖြိုးခြင်းကြောင့် ဖြစ်ပေါ်သော အင်ဆူလင်တုံ့ပြန်မှုနည်းခြင်း(Insullin Resistance) နှင့်မသက်ဆိုင်ဘဲ အင်ဆူလင်၏စွမ်းအင်ကို ၄၀ရာခိုင်နိုန်းထိ မြှင့်တင်ပေးနိုင်သည်ဟု ဆိုသည်။ အသည်းမှ ဂလူးကို့စ် ထုတ်လုပ်မှု နည်းစေသည်။ လှုပ်ရှားနေသော ကြွက်သားများသည် ဂလူးကို့စ်ကို ပိုသုံးသည်။ ဤနည်းများဖြင့် သွေးချိုဆီးချိုကို ကျစေသည်။ သွေးချိုဆီးချိုဆေး လိုအပ်မှုကို လျော့နည်းစေသည်။ ကစီဓာတ်အစားအစာ အသင့်အတင့် ပိုစားလာနိုင်သည်။ ကိုယ်လက်လှုပ်ရှားအားကစားသည် သွေးချိုဆီးချိုကျဆေး၊ အင်ဆူလင်ထိုးဆေး၊ အစားဆင်ခြင်ခြင်းတို့ကဲ့သို့ အရေးကြီးကြောင်း သိထားသင့်သည်။
သွေးချိုဆီးချိုဖြစ်ရန် တာစူနေသော လူများ၊ သွေးချိုဆီးချိုအကြိုအဆင့်ရှိသူများတွင်လည်း ကိုယ်လက်လှုပ်ရှားမှုဖြင့် သွေးချိုဆီးချိုရောဂါကို ကာကွယ်နိုင်သည်။ သုတေသနလေ့လာချက်အများစုတွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သွေးချိုဆီးချိုဖြစ်ပွားမှုကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း တညီတညွတ်တည်း ပြသထားကြသည်။ ရေရှည်တွင် ဆေးသောက်ခြင်းထက်ပင် ပိုထိရောက်ကြသည်ဟု ဆိုကြသည်။
မည်မျှအကျိုးရှိမှန်း သိစေကာမူ လူအများစုမှာ အကြောင်းအမျိုးမျိုးပြ၍ လေ့ကျင့်ခန်း စလုပ်ရန်လည်း မရည်ရွယ်၊ မကြိုးစား။ လုပ်ပြန်လျှင်လည်း နေ့စဉ်ပုံမှန်လုပ်ရန် မစွမ်းဆောင်ကြချေ။
လေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများကို စိတ်ထဲတွင် သေသေချာချာ၊ စွဲစွဲထင်ထင် သိရှိနေပြီး မျှော်မှန်းချက်ထားခြင်းသည်လည်း လေ့ကျင့်ခန်းစလုပ်ရန်၊ ပုံမှန်လုပ်ရန် တွန်းအားတစ်ခုဖြစ်သည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် ကျန်းမာရေးအတွက် မဖြစ်မနေ လိုအပ်မှန်း၊ ပညာရေး၊ စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံသလို ကျန်းမာရေးတွင်လည်း ရင်းနှီးမြှုပ်နှံရန် လိုမှန်း၊ အမှန်တကယ် ရောဂါမျိုးစုံကို ကာကွယ်ပေးနိုင်ရုံသာမက တခြားအကျိုးကျေးဇူးများလည်း ထူးထူးခြားခြား ဆောင်ကြဉ်းပေးနိုင်မှန်း ယုံကြည်မှသာ ပုံမှန်၊ နေ့စဉ်မပျက် လုပ်ဆောင်ဖြစ်မည် ဖြစ်သည်။
ဆီးချိုသမားများအနေနှင့် မိမိတို့ပုံမှန်လုပ်နေကျ ကိုယ်လက်လှုပ်ရှားမှုအကြောင်းများကို ဝေမျှခဲ့နိုင်ပါတယ်ရှင့်🥰
ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏.
🍀အထက်ပါအကြောင်းအရာများကို ပါမောက္ခနေဝင်း(ဆေးပညာ) ရေးသားသော သွေးချိုဆီးချို စာအုပ်မှ ကောက်နှုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။🍀
Sinocare Myanmar
Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ
#ဆီးချိုတိုင်းစက် #ဆီးချိုသွေးချို #ဆီးချို #သွေးချို
#အလုပ်လျှောက်ထားရန်
**********************
Viber : 09444011925
Messenger: Bhone Shwe Yi Min HR
#အလုပ် #အလုပ်အကိုင် #ဝန်ထမ်