10/12/2024
ဘဝမှာ လိုတမျိုး၊ မလိုတမျိုး အပြောင်းအလဲ မြန်တဲ့သူတွေလည်း တွေ့နေရမှာပါ။ ဒါဟာ ရှောင်လွှဲလို့မရတဲ့ လောကဓံတမျိုးပါ။
လိုတဲ့အချိန်မှာ ပုံစံအမျိုးမျိုးနဲ့ ရောက်လာကြမယ်။ မလိုတော့တဲ့အခါ အကြောင်းပြချက်အမျိုးမျိုးနဲ့ ရှောင်သွားကြမယ်။
ဒီအတွက် သိပ်မခံစားပါနဲ့။ ကိုယ်က သူတို့ကို ခေါ်ထားတမှ မဟုတ်တာ။
သူတို့ လိုလို့ရောက်လာတာ။ မလိုတော့ ကိုယ့်ကို ဖယ်သွားမှာပဲ။
လိုလိုက် မလိုလိုက် သူတို့ဘာသာဖြစ်နေတာ။
သူတို့ဘာသာပြောင်းနေတာကို ကိုယ်က ဘာလို့ လိုက်ခံစားနေမှာလဲပေါ့။
သူတို့ လိုခြင်း မလိုခြင်းထက် ကိုယ့်အပြစ်တွေ ပိုခြင်း မပိုခြင်းကသာ ပိုအရေးကြီးပါတယ်။
ဒါကြောင့် လိုခြင်း မလိုခြင်းဟာ သူ့အပိုင်း ၊
အပြစ်မပို အနှစ်မလိုဖို့က ကိုယ့်အပိုင်းပါပဲ။
ကိုယ့်သမိုင်း ကိုယ်ရေးရင်း လူတွေကြား တို့တွေ မရိုင်းမိကြဖို့ပဲ လိုပါတယ်။
အရှင် ဝိစိတ္တ
#တရားတော်