Mg Naw Zat "Devotional Message"

Mg Naw Zat  "Devotional Message" Bible Sermon and Spiritual message

31/07/2026

ဇာတိမြေ အလွမ်းပြေ

‎ဝိညာဉ်လူတွေဖြစ်ကြလို့ပါပဲ...‎‎အချက်အလက်ခေတ်(information era)မှာ‎ကျွန်ုပ်တို့ဟာယေရှုရဲ့အခက်အလက် (branches of Jesus)ဖြစ်က...
28/07/2026

‎ဝိညာဉ်လူတွေဖြစ်ကြလို့ပါပဲ...

‎အချက်အလက်ခေတ်(information era)မှာ
‎ကျွန်ုပ်တို့ဟာယေရှုရဲ့အခက်အလက် (branches of Jesus)ဖြစ်ကြတယ်ဆိုတာ
‎မမေ့ထားစို့နဲ့။
‎ရေရှည်ဘဝအသက်တာလမ်းမှာ အချက်အလက်ကပေးတဲ့
‎အသိတရားနဲ့‌ခရီးမပေါက်နိုင်သလို
‎ခရီးလည်း မရောက်နိုင်ပါဘူး။
‎ဘာလို့ဆို ဝိညာဥ်လူ‌တွေဖြစ်ကြလို့ပါပဲ။

‎နေ့စဉ်ဖြတ်သန်းရာဘဝလမ်းမှာ အသက်အရင်းအမြစ်ဖြစ်တဲ့ ယေရှုနဲ့ ဆက်သွယ်ခြင်း၊သက်ဆိုင်ခြင်းကလာတဲ့မိဿဟာရပြုခြင်း၊
‎ဖွင့်ပြအလင်းပေးခံရခြင်းအရာတွေကသာ ပုံသက်သေဖြစ်စေပြီး ဘဝခရီးလမ်းဖြောင့်ဖြူးစေခြင်းနဲ့ ငြိမ်သက်ခြင်းအ‌ကြောင်းစုံလင်တယ်ဆိုတာ သတိထားသင့်ပါတယ်။

‎အချက်အလက်ဆိုတာ လိုအပ်တယ်
‎ထိုအရာထက်လိုအပ်တာက ဖွင့်ပြချက်ပင်ဖြစ်တယ်။ ဖွင့်ပြချက်လို့ပြောလာရင်လည်း ကျမ်းစာဘောင်အပြင်ဘက်က၊ သမ္မာတရားအပြင်ဘက်ကဖွင့်ပြချက်တွေဆိုရင် အသက်တာကို လူအများစားသုံးလို့မရအောင်ချော်ထွက်စေသလို ဖတ်လို့မရတဲ့အက္ခရာအလွှဲတွေ စကားလုံးသတ်ပုံအမှားတွေဖြစ်သွား‌စေပါတယ်။

‎အထက်ကလာတဲ့ဖွင့်ပြချက်ကို အခြေခံကာအချက်အလက်ကိုပေါင်းစပ်ကိုးကားပြီး တိုက်တွန်းနိုး‌ဆော်တာက ပြဿနာမဖြစ်နိုင်ပေမယ့်။ AI toolsတွေသာသုံးပြီး ဘာဖွင့်ပြချက်မှမပါပဲ data server ကလာတဲ့ အချက်အလက်ကျကျ ဖတ်လို့ကောင်း မှတ်လို့ကောင်းရုံလောက်နဲ့ ဝိညာဉ်အစာအစစ်မဖြစ်နိုင်ပါဘူး။
‎AI ကိုလည်း အလွှဲမသုံးသင့်ဘူး။ မှန်ကန်စွာအသုံးချတတ်ဖို့ ကိုယ့်စိတ်ကို ကိုယ်ပြင်ဆင်ရမယ်။ သတိထားသင့်တာ သတိထားနိုင်ရမယ်။

‎တကယ့်ဝိညာဉ်စာအစစ်က မှုတ်သွင်းခြင်းကလာတယ်။ ကျမ်းစာကို ဖတ်ရှုဆင်ခြင်နှလုံးသွင်းခြင်း၊ ဝိညာဉ်‌တော်ရဲ့ပဲ့ပြင်လမ်းပြမှုကိုခံယူခြင်း၊ရူပါရုံရရှိခြင်းထဲ ကိုယ်တိုင် လိုက်လျှောက်အသက်ရှင်ခြင်းကလာတယ်။

‎ဝိညာဉ်စာက အတူစားသောက်ခြင်းသဘောနဲ့ သွားပါတယ်။ ကိုယ်ပဲဖွင့်ပြချက်ရ ကိုယ်ပဲနားလည်ပြီး ကိုယ်နဲ့အတူရှိနေတဲ့သူတွေက ဘာတစ်ခုမှနားမလည်လောက်တဲ့အထိ အမှောင်သဘောမျိုးလည်းမဟုတ်ပါဘူး။ အလင်း တရားသဘောနဲ့ထိုးခွင်းတာမို့ နက်နဲအရာ နားမလည်နိုင်တာတွေက အတူဖွံ့ဖြိုးခြင်း အတူကောင်းစားခြင်းတွေနဲ့ မထိတွေ့၊ မခံစားဘူးသေးတဲ့ နယ်ပယ်အသစ်ထိကို ရောက်ရှိစေပါတယ်။

ဝိညာဉ်လူတွေဖြစ်လာရင် ဝိညာဉ်သဘော ရှိလာပြီး ဝိညာဉ်စာအစစ်အားဖြင့် အတွင်းအားကောင်းလာပြီး အတွင်းလူကနေအရာရာကို ထိန်းချုပ်ကွပ်ကဲသွားနိုင်တာမို့ လောကကိုအောင်ခြင်းတရား စုံလင်လာပါတယ်။

28. ‎July .2026
‎Mg Naw Zat

27/07/2026

သခင့်အချစ်
ရေး - Naw Zat
November,15, 2023 နေ့ရက်က
Ma Twinkle နဲ့ Aik Swan
တို့ချီးမွမ်းကျူးဧခဲ့ကြတဲ့
သီချင်းလေးပါ

26/07/2026

ဆရာ​ဇော်​နော​နော် ​ရေးပြီး
ဆရာမစံပယ်သင်း သီဆိုထားတဲ့
သီချင်း​ကောင်းတစ်ပုဒ်
တီးခတ်​ပေးခဲ့ကြတဲ့ပညာရှင်ညီအစ်ကို​တွေနဲ့
​သီချင်းအထ​မြောက်ဖို့ ဦး​ဆောင်ခဲ့တဲ့ဆရာရန်နိုင်စိုး
အားလုံး​သောသူ​တွေကို သတိရခြင်းများစွာ တင်​ပေးလိုက်ပါတယ်

25/07/2026

မိမိနာမည်ကိုထိန်းသိမ်းခြင်း အပိုင်း(၂)

24/07/2026

Title - ကိုယ်​တော်​ကြောင့်
​ရေး- Naw Zat
ဆို - Saw Aung Myo
Kb - Adam Htoo
Guitar - Robben Son
Bass - Saw Lin Ko
Drum - Htoo Khu
Mixing - Aung Doo
Camera - Saw Lal Gay
2023ခုနှစ်က ဖန်တီးခဲ့ကြတဲ့
ဘုရား​ပေးလက်ရာတစ်ပုဒ်

23/07/2026

မိမိနာမည်ကိုထိန်းသိမ်းခြင်း
အပိုင်း(1)

Address

2/183. Thayatkone, Hlegu
Yangon

Telephone

+959262195443

Website

Alerts

Be the first to know and let us send you an email when Mg Naw Zat "Devotional Message" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Mg Naw Zat "Devotional Message":

Shortcuts

Share