31/05/2026
#ယောရှုမှတ်စာ ၂၊၆၊၇(Comparison)
#ဒီနေရာမှာပြည်တန်ဆာရာခပ်နှင့် အာခန်ကိုနှိုင်းယှဥ်ပြီးရေးသားထားကြောင်းကိုဖေါ်ပြပေးချင်ဒါဖြစ်ပါတယ်။
#ပြည်တန်ဆာရာခပ်က အာမောရိအမျိုးသားတွေနေတဲ့ ယေရိခေါမြို့မှ တပါးအမျိုးသသား မိန်းမတစ်ယောက်ဖြစ်တယ်။ #အာခန်ကတော့ က္ကုသရေလလူမျိုး၊ ယုဒအနွယ်ဝင် အမျိုးသား ယောကျားတစ်ယောက်ဖြစ်တယ်။
#ပြည်တန်ဆာရာခပ်က မကြာမှီဘုရားသခင်မှ ယေရိခေါမြို့ကိုက္ကုသရေလလူတွေရဲ့လက်ထဲအပ်မယ်ဆိုဒါ ယုံကြည်တဲ့အတွက် ယေရိခေါမင်းကြီးကိုမကြောက်ဘဲ ယောရှုစေလွတ်တဲ့သူလျှိုနှစ်ယောက်ကိုလက်ခံပြီးဝှက်ထားပေးခဲ့တယ်။ #အာခန်ကတော့ ဘုရားသခင်ကိုမကြောက်ဘဲ ကျိန်အပ်သောအရာကိုဝှက်ထားခဲ့တယ်။
#ပြည်တန်ဆာရာခပ်က ယောရှုစေလွှတ်တဲ့ သူလျှိုနှစ်ယောက် မှာထားတဲ့စကားကိုနားထောင်ပြီး သူ့ရဲ့အဖေ၊ အမေ၊ အစ်ကိုမောင်များ၊ ညီအစ်မများနှင့်ဆွေမျိုးတွေကို သူ့ရဲ့အိမ်ထဲခေါ်သွင်းထားခဲ့တယ်။ #အာခန်ကတော့ ယောရှုရဲ့စကားကိုနားမထောင်ဘဲ ကျန်အပ်သောအရာဖြစ်တဲ့ မြတ်သောဗာဗုလုန်ဝတ်ရုံ၊ ရွှေနှင့်ငွေတွေကိုယူပြီး တဲအတွင်းမြေကြီးတူးကာဝှက်ထားခဲ့တယ်။
#ပြည်တန်ဆာရာခပ်နှင့်အတူ သူ့ရဲ့အဖေ၊ အမေ၊ အစ်ကိုမောင်များ၊ ညီအစ်မများ၊ ဆွေမျိုးများနှင့် သူတို့ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်ဥစ္စာတွေအားလုံး ယေရိခေါမြို့သားတွေနည်းတူဖျက်ဆည်းခြင်းမခံရဘဲ အသက်ချမ်းသာခြင်း၊ ဖျက်ဆည်းခြင်းဘေးဥပတ်နှင့် ကင်းလွတ်ခဲ့ကြတယ်။ #အာခန်နှင့်အတူ သူယူထားတဲ့ ဗာဗုလုန်ဝတ်ရုံ၊ ရွှေ၊ ငွေ၊ သူ့ရဲ့သား၊ သူ့ရဲ့သားသမီး၊ သိုး၊ နွား၊ မြည်း၊ သူရဲ့တဲနှင့်တကွ သူ၌ရှိသမျှအားလုံးကို အာခေါ်ချိုင့်ကိုခေါ်သွားကြပြီးကျောက်ခဲနှင့်ပေါက်သတ်ကြပြီးနောက် မီးရှို့ခဲ့ကြတယ်။
#ပြည်တန်ဆာရာခပ်က ခါနန်ပြည်ကိုအမွေခံခွင့်ရခဲ့တဲ့အပြင် ယေရှုခရစ်တော်ရဲ့ဆွေတော်စဥ်မျိုးတော်ဆက်စရင်းမှာပါလာဒါကိုတွေ့ရပါတယ်။ #အာခန်ကတော့ ခါနန်ပြည်နှင့်လွဲချော်ခဲ့ရကာ သူကိုယ်တိုင်နှင့် သူ့ရဲ့သားသမီးတွေသေဆုံးသွားပြီးနာမည်လည်းပျောက်ကွယ်သွားခဲ့ရပါတယ်။
#သင်တစ်ယောက်ရဲ့ ဘုရားသခင်ကိုယုံကြည်ခြင်း၊ ဘုရားသခင်ရဲ့စကားတော်ကိုနားထောင်ခြင်းကြောင့် သင့်မိသားစု၊ သင်နှင့်စပ်ဆိုင်သူတွေကောင်းကြီးမင်္ဂလာခံစားဖို့ဖြစ်နိုင်ပါတယ်။ ထို့အတူဘဲ သင်တစ်ယောက်ရဲ့ဘုရားသခင်ကိုမယုံကြည်ခြင်း၊ သူရဲ့စကားတော်ကိုနားထောင်နာခံမှုမရှိခြင်းကြောင့် သင်ကိုယ်တိုင်နှင့် သင်နှင့်စပ်ဆိုင်သူတွေပျက်စီးစရာအကြောင်းလည်းဖြစ်နိုင်ပါတယ်။
#ပြည်တန်ဆာရာခတ် ဘုရားသခင်ကိုယုံကြည်ခြင်း၊ စကားတော်ကိုနားထောင်နာခံခြင်းရှိသကဲ့သို့ ကျွန်ုပ်တို့လဲ ဘုရားသခင်ကိုယုံကြည်ခြင်းနှင့် သူ့ရဲ့စကားတော်ကိုနားထောင်နာခံခြင်းရှိကြပါစို့။