Spiritual nurturing

Spiritual nurturing ၁တိ ၁း၁၅

01/01/2026

ဝိညာဥ်ရေးရာ ညီအကိုမောင်နှမများ ၂၀၂၆ရဲ့ နှစ်သစ် နေ့သစ်အချိန်မှာ ဘုရားသခင်ထံမှ အသစ်သော မစခြင်း၊ လမ်းပြခြင်း၊ ကောင်းကြီးမင်္ဂလာများဖြင့် ဆက်လက်ဖြတ်ကျော်ရမယ့် နေ့သစ်များမှာ သက်ရောက်ခံစားရပါစေကြောင်းဆုတောင်းဆုပြုပေးလိုက်ပါသည်။ ထိုမျှမက အထူးသဖြင့် ကယ်တင်တော်မူခြင်းကျေးဇူးပြုတော်မူသော ခရစ်တော်ဘုရား၏ အသက်နှင့်ဆိုင်သော ဝိညာဥ်ရေးရာ အသက်တာ ရင့်ကျက်မှုများ လာမယ့်နှစ်သစ်တွင် ဆထက်တပိုးတိုးပွားခြင်းရှိပါစေကြောင်း လည်းအထူးပြုဆုတောင်း ပေးလိုက်ပါသည်။ အားလုံးပဲ Happy New Year ပါ။

19/12/2025
01/09/2025

အိပ်ရာနှိုးစက်မြည်နေပြီ... အိပ်ပျော်နေရာက သင် တဖြည်းဖြည်းချင်း ကိုယ့်ကိုယ်ကိုဆွဲထနေပါပြီ... မျက်လုံးတွေဖွင့်ကြည့်လိုက်မယ်... ပြီးတော့အိပ်ရာထလိုက်မယ်။ ပြီးတာနဲ့ ဟန်းဖုန်းထဲက အပ္ပလီကေးရှင်း တစ်ခုခုကို ကြည့်ဖို့ပြင်လိုက်မယ်... ဆိုရှယ်မီဒီယာကို ပွတ်ကြည့်နေမယ်၊ ဒါမှမဟုတ်... ကျမ်းစာဖတ်နေမယ်!
ကျမ်းစာဖတ်နေတာကတော့ အကောင်းဆုံးရွေးချယ်ချက်ပါပဲ။ 😊
ဆိုတော့... ဒီနေ့အတွက် မေးခွန်းကတော့ မနက်တိုင်း သင်ဘာကို ပထမဆုံးဖတ်ရှုပါသလဲ? လောကသတင်းလား ဘုရားသခင်ရဲ့ နိုင်ငံတော်သတင်းလား? ပုံမှန်နေ့စဥ်သတင်းတွေနဲ့ ခေတ်မီနေတာ မကောင်းဘူးလို့ လုံးဝမဆိုလိုပါဘူး။ ဒါပေမဲ့ ပထမဆုံး မိမိကိုယ်ကို သတင်းပေးရမဲ့အရာက “ဘုရားသခင်က ဘာပြောနေလဲ” ဆိုတဲ့အရာပဲဖြစ်တယ်။
ဘုရားသခင် သင့်ကို ဘာပြောချင်နေလဲ? သူဘယ်လိုခံစားနေရလဲ? သူဘာတွေကြိုတင်စီစဥ်ထားလဲ? အထူးသဖြင့်... သူဘယ်သူလဲ? ဆိုတဲ့အရာတွေကို နှုတ်ကပတ်တော်ထဲမှာ တွေ့နိုင်တယ်။ ကျမ်းစာကို ရတနာသိုက်ရှာဖွေရသလို မြင်ကြည့်ပြီး တစ်နေ့တစ်နေ့ တန်ဖိုးရှိတဲ့ ဥာဏ်ပညာတွေ၊ ခွန်အားတွေကို ရှာဖွေယူကြည့်ပါ။

“သက်​သေ​ခံ​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​မွေ့​လျော်​ရာ၊ အ​ကျွန်ုပ်​တိုင်​ပင်​ရာ ဖြစ်​ကြ​ပါ၏။” ဆာလံ ၁၁၉း၂၄
“ကိုယ်​တော်၏​လက်​တို့​သည် အ​ကျွန်ုပ်​ကို​ဖန်​ဆင်း၍၊ ပုံ​သ​ဏ္ဌာန်​ကို ပေး​တော်​မူ​ပြီ။ ပ​ညတ်​တော်​တို့​ကို အ​ကျွန်ုပ်​သင်​နိုင်​သော ဉာဏ်​နှင့် ပြည့်​စုံ​စေ​တော်​မူ​ပါ။” ဆာလံ ၁၁၉း၇၃
ဥာဏ်ပညာအားလုံးရဲ့ မူလအမြစ်ဖြစ်တဲ့ “သမ္မာကျမ်းစာ” ထက်ပိုပြီး တန်ဖိုးရှိတဲ့အရာမရှိပါဘူး။
ကျွန်တော်နဲ့အတူဆုတောင်းဖို့ ဖိတ်ခေါ်ပါရစေ... “ဘုရားသခင်၊ ကျွန်ုပ်ကို ကောင်းကြီးပေးတဲ့၊ ကျန်းမာစေတဲ့၊ စိတ်ကျေနပ်စေတဲ့ နှုတ်ကပတ်တော်အတွက် ကျေးဇူးတင်ပါတယ်။ နေ့စဥ်ဖတ်ရှုပြီး လက်တွေ့ကျင့်သုံးဖို့ ရွေးချယ်ပါပြီ။ နံနက်တိုင်း ဖတ်ရှုနေစဥ် နှုတ်ကပတ်တော်ရဲ့ အတိမ်အနက်ကို နားလည်စေပြီး တန်ဖိုးရှိတဲ့ သမ္မာတရားတွေကို ရှာဖွေတွေ့ရှိဖို့ မစတော်မူပါ။ နာမတော်ကို ကောင်းကြီးပေးပါ၏။ အာမင်။
ကျေးဇူးတင်ပါတယ်။

#ဝိညာဥ်ရေးရာကြီးထွားစေဖို့ တည်ဆောက်ပေးသော အလေ့ကျင့် ၇ ခု စာအုပ် ကူးယူဖော်ပြသည်။

27/07/2025
27/03/2024

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Spiritual nurturing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share