Prophet Phyo

Prophet Phyo လူ့အကြိုက်ထက်
ဘုရားအကြိုက်သာ လုပ်ဆောင်မည်။

10/03/2023

TITLE ..........ချီးမြောက်ခြင်း နှင့် ပတ်ဝန်းကျင်

15/02/2023

Title...သင်မမျှော်လင့်တဲ့အောင်မြင်ခြင်း (part 2)

(မှတ်ချက်....နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်ကြောင့် နှုတ်ကပတ်တော်အား Page တွင် အပိုင်း ၂ပိုင်း ဖြင့်တင်ပေးရသည့်အတွက်အနူးအညွတ်တောင်းပန်အပ်ပါသည်)

15/02/2023

Title...သင်မမျှော်လင့်တဲ့အောင်မြင်ခြင်း (part 1)

(မှတ်ချက်....နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်ကြောင့် နှုတ်ကပတ်တော်အား Page တွင် အပိုင်း ၂ပိုင်း ဖြင့်တင်ပေးရသည့်အတွက်အနူးအညွတ်တောင်းပန်အပ်ပါသည်)

13/02/2023

Title......ဆုတောင်းခြင်း၏အဖြေ ❤❤❤

ယုံကြည်သူတစ်ယောက်ရဲ့အသက်တာမှာရှိရမယ့်အရာလေးတစ်ခုရှိပါတယ်အဲ့တာကို ဥပမာလေးနဲ့ပြောရမယ်ဆိုရင်ယနေ့ခေတ် Auto ကားတွေမှာ လီဗာဆို...
31/01/2023

ယုံကြည်သူတစ်ယောက်ရဲ့အသက်တာမှာရှိရမယ့်အရာလေးတစ်ခုရှိပါတယ်အဲ့တာကို
ဥပမာလေးနဲ့ပြောရမယ်ဆိုရင်

ယနေ့ခေတ် Auto ကားတွေမှာ လီဗာဆိုတဲ့ ခြေနင်းပြား လေးရယ် ဘရိတ်ဆိုတဲ့ခြေနင်းပြားလေးနှစ်ခုရှိပါတယ်.........

ဒီတော့
လီဗာဆိုတဲ့ခြေနင်းပြားလေးဟာအရှေ့ကိုသွားဖို့အတွက်ဖြစ်သလို...........

ဘရိတ်ဆိုတဲ့ခြေနင်းပြားလေးကတော့ အန္တရာယ်တွေကို ​ရှောင်ဖယ်နိုင်ဖို့ပဲဖြစ်ပါတယ်..........

ဒီတော့
ဒီအရာ​လေးနှစ်ခုရဲ့လုပ်ဆောင်ပုံဟာ
ပုံစံခြင်းမတူပါဖူး..........

ဒါပေမယ့်
သဘောထားခြင်းကတော့တူညီကြပါတယ်........

အဲ့တာကတော့ လီဗာကော ဘရိတ်ကော က
အနင်းခံတဲ့အရာတွေပဲဖြစ်ပါတယ် .......

အနင်းခံခြင်းဆိုတာ တနည်းအားဖြင့် နိမ့်ချခြင်းကိုဆိုလိုခြင်းပဲဖြစ်ပါတယ်........မိတ်ဆွေ

ဒီတော့............... မိတ်ဆွေ

လီဗာလေးဟာ အနင်းခံလိုက်ရအချိန်မှာ
​ှေရှ့ကိုသွားသလို

သင့်ရဲ့အသက်တာထဲမှာလဲတပါးသူအပေါ်
နိမ့်ချစွာဆက်ဆံပြောဆိုတဲ့အခါမှာ မမြင်ရတဲ့ဝိညာဥ်ပိုင်းဆိုင်ရာမ​ှ​ာ ​ရှေ့သို့တက်လှမ်းခြင်း (သို့) အောင်မြင်ခြင်းပန်းတိုင်ဆီကိုတက်လှမ်းနေခြင်းပဲဖြစ်ပါတယ်.........မိတ်ဆွေ

ဒီအတိုင်းပါပဲမိတ်ဆွေ

ဘရိတ်ပြားလေးဟာ အနင်းခံလိုက်ရချိန်မှာ
ရပ်တန့်သွားတဲ့အတွက်
အန္တာရယ်တွေကိုရှောင်ရှားနိုင်သလို

သင့်ရဲ့အသက်တာထဲမှာလဲ တပါးသူအပေါ်
နိမ့်ချစွာဆက်ဆံတဲ့အခါမှာ ကြုံဆုံလာမယ့်
မနာလိုခြင်းတွေ သဝန်တိုခြင်းတွေ မုန်းတီးခြင်းတွေ
စတဲ့ စာတန်ဆီက ရောက်လာမယ့် အန္တာရယ်တွေကို ရပ်တန့်လိုက်ခြင်းပဲဖြစ်ပါတယ်.......မိတ်ဆွေ

ဒီတော့ ပေးချင်တဲ့ massage လေးကတော့

သင့်ရဲ့အသက်တာထဲမှာ နိမ့်ချစွာ အသက်ရှင်သန်ဖို့ကယုံကြည်သူတိုင်းရဲ့ မရှိမဖြစ်လိုအပ်သောအရာတစ်ခုပဲဖြစ်ပါတယ်။

ဒါကြောင်​့......မိတ်ဆွေ
သင့်ရဲ့အသက်တာထဲမှာ နိမ့်ချစွာ အသက်ရှင်သန်ခြင်းက...........

နံပါတ် ၁။မမြင်ရတဲ့ ဝိညာဥ်ပိုင်းဆိုင်ရာမှာရှေ့သို့
တက်လှမ်းခြင်း(သို့) ဝိညာဥ်ပိုင်းဆိုင်ရာမှာကြီးထွားခြင်းဖြစ်သလို၊ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာ
ပြည်တော်အမွေတွေကို သိမ်းပိုက်နေခြင်းလဲဖြစ်ပါတယ် ..........

ဒါ့အပြင်

နံပါတ် ၂ ကတော့ စာတန်ဆီက​ရောက်ရှိလာမယ့်အန္တာရယ်တွေကိုရပ်တန့်တားဆီးခြင်းလဲဖြစ်ပါတယ်......မိတ်ဆွေ

❤❤❤
ဆာလံကျမ်း 37:11

စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကို အမွေခံ၍၊ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြ လိမ့်မည်။

❤❤❤
သုတ္တံကျမ်း။ 22:4

စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။

ဟာလေလုယ ❤❤❤
နားရှိသောသူမည်သည်ကားကြားပါစေ.........

P.Phyo

နောဧ ကိုဘုရားသခင်ရွေးနှုတ်တာဟာ သူတစ်ယောက်တည်း လွတ်မြှောက်ဖို့၊သူတစ်ယောက်တည်းကောင်းကြီးခံစားရဖို့ မဟုတ်ပါဖူး ........မိတ်...
30/01/2023

နောဧ ကိုဘုရားသခင်ရွေးနှုတ်တာဟာ သူတစ်ယောက်တည်း လွတ်မြှောက်ဖို့၊
သူတစ်ယောက်တည်းကောင်းကြီးခံစားရဖို့
မဟုတ်ပါဖူး ........မိတ်ဆွေ

သူ့အားဖြင့် သူရဲ့ မိသားစုတွေ တစ်နည်းအားဖြင့် သူချစ်ရသောသူတွေ လွတ်မြောက်စေဖို့၊ကောင်းကြီးခံစားရစေဖို့ ရွေးနှုတ်ခဲ့ခြင်းပဲဖြစ်ပါတယ်

ထိုနည်းအတိုင်းပါပဲ........မိတ်ဆွေ

သင့်ကိုဘုရားသခင်ရွေးနှုတ်တာကလဲ
သင့်အားဖြင့် သင့်မိသားစုတွေ သင်ချစ်ခင်ရတဲ့သူတွေ လွတ်မြှောက်စေဖို့ ကောင်းကြီးခံစားရစေဖို့ဖြစ်တယ်ဆိုတာကိုလဲ သတိရပါ......မိတ်ဆွေ

ဆာလံကျမ်း 19:4 (MYJ) သူတို့၏အသံသည် မြေတပြင်လုံး၌ နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက် လေ၏။

ဟာလေလုယ ❤❤❤
နားရှိသောသူမည်သည်ကားကြားပါစေ.........

P.Phyo

ရှင်မဿဲခရစ်ဝင်။  5:13 သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပ...
20/01/2023

ရှင်မဿဲခရစ်ဝင်။ 5:13

သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှမဝင်။

☝☝☝
မိတ်ဆွေ ဆားငံရေကို သောက်မိတဲ့သူတိုင်းဟာပိုပြီးတော့ရေကိုဆာငတ်စေပါတယ်။

သင်ဟာလောကရဲ့ဆား စစ်မှန်တယ်ဆိုရင်

သင့်ကိုပေါင်းသင်းဆက်ဆံတဲ့သူတိုင်းဟာ ဘုရားသခင်ကိုပိုမိုဆာငတ်ဖို့လိုအပ်ပါတယ်.....မိတ်ဆွေ

ဒါဟာသင့်အတွက်စစ်မှန်သောတန်ဖိုးပဲဖြစ်ပါတယ်...... မိတ်ဆွေ

ဒီလိုမှမဟုတ်ပဲ

သင်နဲ့ပေါင်းသင်းတဲ့သင့်ရဲ့မိတ်ဆွေတွေက

ဘုရားသခင်ရဲ့မေတ္တာကိုလဲမခံစားရဖူး၊ဘုရားသခင်ကိုလဲမသိဖူး

သင်ကိုယ်တိုင်ကလဲ

ဘုရားသခင်ကိုလ​ဲမဆာငတ်ဖူး၊ဘုရားသခင်ကိုလ​ဲမကိုးစားဖူး၊ ဘုရားသခင်ကိုမကြောက်ရွံဖူး ဆိုရင်တော့သင်ဟာအငံဓာတ်ပျောက်နေသောဆားဖြစ်နေပြီဆိုတာကိုသတိရပါမိတ်ဆွေ........

တနည်းအားဖြင့်​ပြောရမယ်ဆိုရင်
သင့်ရဲ့ပုံသက်သေဟာ
သင့်ရဲ့တန်ဖိုးကိုဖော်ပြနေတာပဲဖြစ်တယ်.......မိတ်ဆွေ

ဟာလေလုယ ❤❤❤
နားရှိသောသူမည်သည်ကားကြားပါစေ..........

P.Phyo

ကျွန်တော်တို့လူသားတိုင်းမှာ အိမ်မက်တွေ အနာဂတ်တွေ မျှော်လင့်ချက်တွေဆိုတာကိုယ်စီရှိကြပါတယ်....ဒါပေမယ့်ဒီလိုအနာဂတ်တွေ ဒီလို...
17/01/2023

ကျွန်တော်တို့လူသားတိုင်းမှာ အိမ်မက်တွေ အနာဂတ်တွေ မျှော်လင့်ချက်တွေဆိုတာကိုယ်စီရှိကြပါတယ်....

ဒါပေမယ့်ဒီလိုအနာဂတ်တွေ ဒီလိုအိမ်မက်တွေ ဒီလိုမျှော်လင့်ချက်တွေ ပြည့်စုံလာဖို့အတွက်ကတော့ ကျွန်တော်တို့ကိုယ်တိုင်လက်​ေတွ့အကောင်အထည်ဖော်ဖို့​လိုအပ်ပါတယ် ......မိတ်ဆွေ

ကျွန်တော်တို့လူသားတွေအများစုဟာ ကိုယ့်ရဲ့အိမ်မက်တွေ ကိုယ့်ရဲ့မျှော်လင့်ချက်တွေ ကိုယ့်ရဲ့အနာဂတ်တွေကို ပြည့်စုံရှင်သန်လာဖို့အတွက်ကိုယ်တိုင်ကိုယ်ကျလက်တွေ့အကောင်အထည်ဖော်ဖို့အတွက်တစ်ခါတစ်လေမှာ ကူညီထောက်ပ့ံမယ့်သူတွေကိုစောင့်စားနေတတ်ကျပါတယ်......

ဒီလိုစောင့်စားနေရင်းနဲ့ကိုယ့်ရဲ့အသက်တာထဲမှာ ကူညီထောက်ပ့ံမစပေးမယ့်သူတွေမရှိတဲ့အခါမှာတော့ ကိုယ့်ရဲ့အိမ်မက်တွေ ကိုယ့်ရဲ့မျှော်လင့်ချက်တွေ ကိုယ့်ရဲ့အနာဂတ်တွေဟာ အကောင်အထည်မပေါ်လာတော့ပဲနဲ့ သေဆုံးသွားတတ်ကျပါတယ် ......

ဒီတော့မိတ်ဆွေ 👇👇👇ကျမ်းစာထဲက
ဓမ္မရာဇဝင်​‌စတုတ္ထစောင်။အခန်း​ကြီး(4)အငယ်(29,30,31,32,33,34,35)..........ကအဖြစ်အပျက်လေးကိုပြောပြချင်ပါတယ်.....မိတ်ဆွေ

အဲ့တာကတော့ ရှုနင်မြို့သူအမျိုးသမီးဟာ သူ့ရဲ့သားလေးသေသွားတဲ့အခါမှာဧလိရှဲဆီကိုလာရောက်တဲ့အဖြစ်အပျက်လေးပ​ဲဖြစ်ပါတယ် .......

အဲ့အချိန်မှာ ဧလိရှဲဟာ သူ့ရဲ့ငယ်သားဖြစ်တဲ့ ဂေဟာဇိကို တောင်ဝှေးပေးလိုက်ပြီးကလေးမျက်နှာပေါ်မှာတင်ထားဖို့ကိုမှာထားလိုက်ပါတယ် .......

ဒီလိုတောင်ဝှေးတင်ထားလိုက်ပေမယ့်လဲကလေးက အသက်ပြန်ရှင်မလာခဲ့ပါဖူး .......

ဒါနဲ့ ဧလိရှဲက သူကိုယ်တိုင် ကလေးနဲ့ နှုတ်ခြင်း၊မျက်စိခြင်း၊လက်ခြင်းထပ်လိုက်တဲ့အခါမှာတော့ ကလေးဟာ အသားတွေနွေးလာပြီးတော့နောက်ဆုံးမှာ အသက်ပြန်ရှင်လာခဲ့ပါတယ် ............

ဒီတော့ဧလိရှဲဟာ ထိုကလေးအသက်ပြန်ရှင်သန်လာဖို့အတွက် ဦးစွာပထမ တောင်ဝှေးနဲ့အဆင်ပြေမယ်လို့ထင်နေခဲ့တယ်

ဒါပေမယ့်တကယ့်လက်တွေ့မှာတော့ က​လေးကအသက်ပြန်ရှင်မလာခဲ့ပါဖူး......

ဒီတော့ ပြောချင်တဲ့အရာလေးက

တောင်ဝှေးဆိုတာကူညီ ထောက်မပေးတဲ့အရာပဲ ဖြစ်ပါတယ်။

ဲတနည်းအားဖြင့်
ကျွန်တော်တို့ကိုကူညီပေးမယ့်သူ၊ကျွန်တော်တို့ကို မစပေးမယ့်သူ စတဲ့......... အမျိုးမျိုးသောသူတွေကိုဆိုလိုခြင်းပ​ဲဖြစ်ပါတယ်

ဒီတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အနာဂတ်အိမ်မက်တွေအသက်ရှင်သန်လာဖို့အတွက် ထို ေထာက်ပံ့မစခြင်းဆိုတဲ့ တောင်ဝှေးကိုလိုချင်ကြတယ်

တောင်ဝှေးနဲ့ကျွန်တော်တို့ရဲ့ အနာဂတ်အိမ်မက်တွေကိုအသက်သွင်းချင်ကြတယ်.........

တကယ်တော့...........မိတ်ဆွေ
ကျွန်တော်တို့ရဲ့ အနာဂတ်တွေ အိမ်မက်တွေရှင်သန်လာစေနိုင်တာ တောင်ဝှေး​ကြောင့်မဟုတ်ပါဖူး......... မိတ်ဆွေ

ကျွန်တော်တို့ရဲ့အိမ်မက်တွေအသက်ရှင်သန်လာဖို့က ကျွန်တော်တို့ကိုယ်တိုင် ဧလိရှဲလို ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်ဖို့လိုအပ်ပါတယ်

ဧလိရှဲလို မျက်စိခြင်း နှုတ်ခြင်း လက်ခြင်း ဆိုတာက

ကျွန်တော်တို့အနေနဲ့

နံပါတ် ၁ မြင်ယောင်ပုံဖော်ခြင်း၊
နံပါတ်၂ ဝန်ခံပြောဆိုခြင်း၊
နံပါတ် ၃ လက်တွေ့စတင်အကောင်အထည်ဖော်ခြင်း
နံပါတ် ၄ ဆုတောင်းခြင်း........
စတဲ့အရာတွေကိုလုပ်ဆောင်မှသာ အနာဂတ်အိမ်မက်တွေကရှင်သန်လာမှာဖြစ်တယ်..........မိတ်ဆွေ

တောင်ဝှေးက အဓိကမဟုတ်ပါဖူး မိတ်ဆွေ
သင့်ရဲ့လုပ်ဆောင်ခြင်းကသာ အဓိကပါ.........မိတ်ဆွေ

ဖိလိပ္ပိဩဝါဒစာ။ 4:13

ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်း နိုင်၏။

ဟာလေလုယ ❤❤❤
နားရှိသောသူမည်သည်ကားကြားပါစေ.........

P.Phyo

ရှင်မဿဲခရစ်ဝင်။  9:20-22 ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသော မိန်းမတယောက်က၊ငါသည် အဝတ်တော်ကိုသာ တို့လျှင် ချမ်းသ...
15/01/2023

ရှင်မဿဲခရစ်ဝင်။ 9:20-22

ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသော မိန်းမတယောက်က၊
ငါသည် အဝတ်တော်ကိုသာ တို့လျှင် ချမ်းသာရမည်ဟု စိတ်ထင်နှင့် နောက်တော်သို့ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကို တို့လေ၏။
ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏။

☝☝☝

သွေးသွန်နာစွဲနေတဲ့အမျိုးသမီးဟာ သခင်​ယေရှုရဲ့အဝတ်တော်ပန်းဟွားကို တို့ထိရုံနဲ့ အနာငြိမ်းမယ်လို့ ယုံကြည်ပြီးတော့ တို့ထိတဲ့ အခါမှာ သူဟာ ကျိန်းသေပေါက် အနာရောဂါငြိမ်းသွားခဲ့ပါတယ်။

ွဒီတော့မိတ်ဆွေသင့်ရဲ့အသက်တာထဲမှာ
ကြုံတွေ့နေရတဲ့အခက်အခဲတွေ
ပင်ပန်းဆင်းရဲခြင်းတွေက ယေရှုခရစ်တော်ကိုတို့ထိလိုက်တာနဲ့ အခြေနေတွေအားလုံးပြောင်းပြန်ဖြစ်မယ်လို့ သင် ယုံကြည်ရင် သင် ယုံကြည်တဲ့အတိုင်းသင့်ရဲ့အသက်တာထဲမှာဖြစ်လာပါလိမ့်မယ်........ မိတ်ဆွေ

ဒီတော့မိတ်ဆွေ သင်ဘုရားသခင်အထံတော်ကိုတိုးဝင်ချဥ်းကပ်တဲ့အခါမှာ ပဲဖြစ်ဖြစ် ကျမ်းစာဖတ်တဲ့အခါမှပဲဖြစ်ဖြစ် ...............

ဥပမာ - ငါကြုံတွေ့နေရတဲ့ ပြသနာတွေဟာ ငါ ဘုရားကျောင်းကိုသွားလိုက်တဲ့အခါမှာ (သို့မဟုတ်) ငါကျမ်းစာဖတ်လိုက်တဲ့အခါမှာ (သို့မဟုတ်) ငါဆုတောင်းလိုက်တဲ့အခါမှာအရာရာ အားလုံးဟာအဆင်ပြေသွားမယ်လို့ ငါယုံကြည်တယ် ဆိုရင် သင့်ရဲ့ယုံကြည်မှုအတွက် ဘုရားသခင်ဆီမှာသင့်အတွက်အဖြေရှိ​ေနပါတယ် ......မိတ်ဆွေ

ရှင်မဿဲခရစ်ဝင်။ 17:20

ငါအမှန်ဆိုသည်ကား၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင်၊ ထိုတောင်ကို နေရာမှရွေ့လော့ဟုဆိုကြသော်၊ နေရာမှ ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။

ဟာလေလုယ ❤❤❤
နားရှိသောသူမည်သည်ကားကြားပါစေ............

P.Phyo

ရှင်မဿဲခရစ်ဝင်။  8:14-15 ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေ သည်ကို တွေ့မြင...
12/01/2023

ရှင်မဿဲခရစ်ဝင်။ 8:14-15

ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေ သည်ကို တွေ့မြင်တော်မူ၏။
ထိုမိန်းမ၏လက်ကို တို့တော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ထ၍ ဧည့်သည်ဝတ်ကို ပြုလေ၏။

👆👆👆 ဒီကျမ်းပိုဒ်လေးကိုဆင်ခြင်သုံးသပ်ကြည့်မယ်ဆိုရင်.........

ယေရှုခရစ်တော်က သင်တို့ရဲ့ နာကျင်ခြင်းတွေ ပင်ပန်းဆင်းရဲခြင်းတွေ မကျန်းမာခြင်းတွေ စီးဟွားရေး လူမှုရေး အစရှိတဲ့ အခက်အခဲပေါင်းများစွာကို ဖယ်ရှားပေးနိုင်တဲ့ သခင်ဘုရားဖြစ်ပါတယ်။

ဒါပေမယ့် အခက်အခဲပေါင်းများစွာကို သင်တို့ရဲ့အသက်တာထဲမှာ ဖယ်ရှားချင်တယ်ဆိုရင်တော့

နံပါတ် ၁ အနေနဲ့ယေရှုခရစ်တော်ကို အိမ်ဆိုတဲ့ သင်တို့ရဲ့ နှလုံးသားထဲမှာ ခေါ်ဖိတ်ဖို့လိုအပ်ပါတယ်.....မိတ်ဆွေ ❤❤❤

ဒီလိုခေါ်ဖိတ်လက်ခံခြင်းဟာ သင့်ရဲ့စိတ်နှလုံးကိုကောင်းစားစေဖို့ပဲဖြစ်ပါတယ် .........မိတ်ဆွေ

ဘာကြောင့်လဲဆိုရင်တော့ စိတ်နှလုံးကောင်းစားလျှင် အရာရာ၌ကောင်းစားမှာဖြစ်လို့ပါပဲ......

နံပါတ် ၂ ကတော့ အခက်အခဲပြသာနာတွေအားလုံးဟာ ရှင်းလင်းသွားပြီဆိုရင်တော့သင်တို့အနေနဲ့ ဧည့်သည်ဝတ်ပြုဖို့ကိုလိုအပ်ပါတယ် ........မိတ်ဆွေ

ဧည့်သည်ဝတ်ဆိုတာကတော့အတိုချုပ်အားဖြင့်ပြောရမည်ဆိုလျှင်တော့

❤❤❤

၁။ ဘုရားအပေါ်သိတတ်ခြင်းနှင့်
၂။ အစေခံခြင်း ပဲဖြစ်ပါတယ်.............. မိတ်ဆွေ

ဟာလေလုယ ❤❤❤

နားရှိသောသူမည်သည်ကားကြားပါစေ..............

P.Phyo

ကမ္ဘာဦးကျမ်း  1:2 မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လ ဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တ...
11/01/2023

ကမ္ဘာဦးကျမ်း 1:2

မြေကြီးသည်အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လ ဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။

👆👆👆 ထိုကျမ်းပိုဒ်လေးမှာ
အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ပြချက်အမျိုးမျိုးရှိပေမယ့်
အရေးကြီးဆုံးသောအချက်ကို ကမ္ဘာဦးအစမှာကတည်းကဘုရားသခင်ကဖွင့်ပြခဲ့ပါတယ်။

အဲ့တာကတော့ သန့်ရှင်းသောဝိညာဥ်တော် ဟာ ရေမျက်နှာ​ပြင်ပေါ်မှာလှုပ်ရှားခြင်းပဲဖြစ်ပါတယ်။

ရေမှာပုံဆောင်ချက်တွေအများကြီးရှိပေမယ့်
အကြီးမားဆုံးသောပုံဆောင်ချက်လေးတစ်ခုကတော့
ရေဟာအေးမြခြင်းကိုပုံဆောင်ခြင်းပဲဖြစ်ပါတယ်။

ဒီတော့ပေးချင်တဲ့ massage လေးကတော့

လောဘ၊ဒေါသ၊မောဟ၊မနာလိုခြင်း၊ကောက်ကျစ်စဥ်းလဲခြင်း၊စိုးရိမ်ကြောင့်ကျခြင်း၊ အတ္တ ၊မာန်မာနတွေ၊သောကတွေ၊ပူလောင်ခြင်းတွေနဲ့ပြည့်နက်နေတဲ့ အသက်တာအပေါ် မှာသန့်ရှင်းသောဝိညာဥ်တော်ဘုရားမလှုပ်ရှားပါဖူး......မိတ်ဆွေ

ဒါပေမယ့်...........

ငြိမ်သက်ခြင်း၊အေးမြခြင်း၊သန့်ရှင်းခြင်း.........စတဲ့အသက်တာတွေပေါ်မှာတော့ သန့်ရှင်းသောဝိညာဥ်တော်ဟာ လှုပ်ရှားတော်မူပါတယ်............မိတ်ဆွေ

ဟာလေလုယ ❤❤❤

နားရှိသောသူမည်သည်ကား ကြားပါစေ.......

P.Phyo

31/12/2022

2023 နှစ်သစ်မှစတင်ပြီးတော့
ဤကမ္ဘာပေါ်မှာရှိသမျှသောလူသားတိုင်း

ဘုရားသခင်၏ ငြိမ်သက်ခြင်း❤❤❤
ဘုရားသခင်၏ဝမ်းမြောက်ခြင်း❤❤❤
ဘုရားသခင်၏ရွှင်လန်းခြင်း❤❤❤
ဘုရားသခင်၏ကြွယ်ဝပြည့်စုံခြင်း❤❤❤
ဘုရားသခင်၏ကျန်းမာခြင်း ❤❤❤
ဘုရားသခင်၏ကွယ်ကာမစခြင်း ❤❤❤
ဘုရားသခင်၏မျက်နှာသာပေးခြင်းအလုံးစုံတို့သည်တစ်ဦးတစ်​​ယောက်ခြင်းစီတိုင်းအပေါ်မှာသက်ရောက်ပါစေသော်
ယေရှုနာမဖြင့်ဆုတောင်းကောင်းကြီးပေးပါ၏။

P.Phyo

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Prophet Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category