မဟာသံဃာ - Mahar Sangha

မဟာသံဃာ - Mahar Sangha ဗုဒၶသာသနာေတာ္လုံးဆိုင္ရာ မဟာသံဃာ။
ALL ABOUT THE BUDDHIST SANGHA

သာသနာ ၂၅၆၈၊ ကောဇာ ၁၃၈၆ ခုနှစ်၊နယုန်လဆုတ် (၁)ရက်၊ စနေနေ့။(၂၂.၆.၂၀၂၄)ရက် နံနက် (၄) နာရီ (၂) မိနစ် အချိန်တွင်ကျောက်ဆည်မြို့...
22/06/2024

သာသနာ ၂၅၆၈၊ ကောဇာ ၁၃၈၆ ခုနှစ်၊
နယုန်လဆုတ် (၁)ရက်၊ စနေနေ့။
(၂၂.၆.၂၀၂၄)ရက်
နံနက် (၄) နာရီ (၂) မိနစ် အချိန်တွင်
ကျောက်ဆည်မြို့ရှိ ကျေးဇူးတော်ရှင်
တတိယ ဝေဘူဆရာတော် ဘုရားကြီး
ဘဒ္ဒန္တဥာဏိန္ဒ (သက်တော် ၈၀ ဝါတော် ၆၀ )
ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သိရ။

မဟာသံဃာ - Mahar Sangha
fans
#ဝေဘူဆရာတော်ဘုရားကြီး

ဘဝနတ်ထံ စံလွန်တော်မူကျေးဇူးတော်ရှင် နိုင်ငံတော်သြဝါဒါစရိယ ဟင်္သာတမြို့ အတွင်းပတ္တမြားကျောင်းတိုက် ဆရာတော်ကြီး အဂ္ဂမဟာဂန္...
22/05/2024

ဘဝနတ်ထံ စံလွန်တော်မူ

ကျေးဇူးတော်ရှင် နိုင်ငံတော်သြဝါဒါစရိယ ဟင်္သာတမြို့ အတွင်းပတ္တမြားကျောင်းတိုက် ဆရာတော်ကြီး အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ဘဒ္ဒန္တအရိယဝံသ သည် ယနေ့ ၁၃၈၆ခုနှစ်ကဆုန်လပြည့် ဗုဒ္ဓနေ့ (၂၂-၀၅-၂၀၂၄) ဗုဒ္ဓဟူးနေ့ နံနက် (၈) နာရီ အချိန်ခန့်တွင် ဘဝနတ်ထံ ပျံလွန်တော်မူပါသည်။
ဆရာတော်ကြီးသည် သက်တော်(၁၀၀)နှစ် သိက္ခာတော်(၈၀)ရှီပြီဖြစ်သည်။

fans မဟာသံဃာ - Mahar Sangha

(၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်က...
14/05/2024

(၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနား၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ မိန့်ကြားချီးမြှင့်တော်မူသော သာရဏီယသြဝါဒကထာ

စာအောင်သာသနာ့အာဇာနည်အရှင်မြတ်တို့ဘုရား -

မြတ်စွာဘုရားရှင်သည် အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ အသုရဝဂ်နှာ (၄၀၉)၌လာသော ခိပ္ပနိသန္တိသုတ်တော်၌ -

စတ္တာရောမေ ဘိက္ခဝေ ပုဂ္ဂလာ သန္တော သံဝိဇ္ဇမာနော လောကသ္မိံ။ ကတမေ စတ္တာရော အတ္တဟိတာယ ပဋိပန္နော နော ပရဟိတာယ၊ ပရဟိတာယ ပဋိပန္နော နော အတ္တဟိတာယ၊ နေဝတ္တဟိတာယ ပဋိပန္နော နော ပရဟိတာယ၊ အတ္တဟိတာယ စေဝ ပဋိပန္နော ပရဟိတာယစ။

(၁) မိမိအကျိုးစီးပွားအလို့ငှါသာကျင့်၍ သူတစ်ပါးအကျိုးစီးပွား အလို့ငှါ မကျင့်သောပုဂ္ဂိုလ်၊

(၂) သူတစ်ပါးအကျိုးစီးပွားအလို့ငှါသာ ကျင့်၍ မိမိအကျိုးစီးပွား အလို့ငှါ မကျင့်သောပုဂ္ဂိုလ်၊

(၃) မိမိအကျိုးစီးပွားအလို့ငှါလည်းမကျင့် သူတစ်ပါးအကျိုးစီးပွား အလို့ငှါလည်း မကျင့်သောပုဂ္ဂိုလ်၊

(၄) မိမိအကျိုးစီးပွားအလို့ငှါလည်းကျင့်၍ သူတစ်ပါး အကျိုးစီးပွား အလို့ငှါလည်းကျင့်သောပုဂ္ဂိုလ်-

ဟူ၍ ပုဂ္ဂိုလ်လေးမျိုးတို့ကို ဟောကြားတော်မူခဲ့ပါသည်။ ထိုလေးမျိုးတို့တွင် -

(၁) အကြင်သူသည် ကုသိုလ်တရားတို့၌ လျင်မြန်စွာသိမြင်နိုင်သော ဉာဏ်ပညာရှိ၏။ ကြားနာသိမှတ်ထားအပ်ကုန်ပြီးသော ပရိယတ္တိတရားတို့ကို နှုတ်တက်အရ ဆောင်နိုင်သော သဘောရှိ၏၊ နှုတ်တက်အရ ဆောင်ထားသောတရားတို့၏ အနက်အဓိပ္ပာယ်ကို စူးစမ်းဆင်ခြင်လေ့ရှိ၏။ ပါဠိအနက်ကိုသိ၍ တရားနှင့်လျော်စွာလည်းကျင့်၏။ ကောင်းသောစကား၊ ကောင်းသောအသံနှင့်ကားမပြည့်စုံ၊ သီတင်းသုံးဖော်တို့အား တရားကိုသိမြင်အောင် ညွှန်ကြားပြသဆောက်တည် စေခြင်းငှါမစွမ်းနိုင်၊ ထိုသူသည် မိမိအကျိုးစီးပွားအလို့ငှါသာကျင့်၍ သူတစ်ပါးအကျိုးစီးပွားအလို့ငှါ မကျင့်သောပုဂ္ဂိုလ်မည်ပါသည်။

ယခုကာလ၌ ပိဋကတ်တရားတော်များကို ထွန်းထွန်းပေါက်ပေါက် တတ်မြောက်အောင်သင်ကြားပြီးနောက် သာသနာတော်ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြမည့် ရဟန်း၊ သာမဏေများကို စာပေသင်ကြား ပို့ချမှုမရှိခြင်း၊ ရဟန်းရှင်လူတို့အား စစ်မှန်သောသာသနာကို သိရှိနားလည်အောင် တရားတော်များကို မဟောကြားခြင်း၊ သာသနာတော်၏ အနှစ်ဖြစ်သော အကျင့်မှန်ကို ကျင့်သုံး ဆောက်တည်နိုင်အောင် ရဟန်းရှင်လူတို့အား သင်ကြားပြသမှုမရှိခြင်း၊ ထေရဝါဒဗုဒ္ဓသာသနာ တော် စည်ပင်ပြန့်ပွားထွန်းကားအောင် သာသနာပြုလုပ်ငန်းများကို မပြုလုပ်ခြင်းတို့သည် ပထမပုဂ္ဂိုလ်အမျိုးအစားတွင် ပါဝင်ဖွယ် ရှိပါသည်။

(၂) အကြင်သူသည် ကုသိုလ်တရားတို့၌ လျင်မြန်စွာသိမြင်နိုင်သော ဉာဏ်ပညာမရှိ။ ကြားနာသိမှတ်ထားအပ်ကုန်ပြီးသော ပရိယတ္တိတရားတို့ကို နှုတ်တက်အရ ဆောင်နိုင်သောသဘောမရှိ၊ နှုတ်တက်အရ ဆောင်ထားသောတရားတို့၏ အနက်အဓိပ္ပာယ်ကို စူးစမ်းဆင်ခြင်လေ့မရှိ၊ ပါဠိအနက်ကိုသိ၍ တရားနှင့်လျော်စွာ ကျင့်လေ့မရှိ။ ကောင်းသောစကား၊ ကောင်းသောအသံနှင့်ကားပြည့်စုံ၏၊ သီတင်းသုံးဖော်တို့အား တရားကိုသိမြင်အောင် ညွှန်ကြားပြသဆောက်တည်စေခြင်းငှါ စွမ်းနိုင်၏၊ ထိုသူသည် သူတစ်ပါးအကျိုးစီးပွားအလို့ငှါသာကျင့်၍ မိမိအကျိုးစီးပွားအလို့ငှါ မကျင့်သောပုဂ္ဂိုလ်မည်ပါသည်။ ယခုကာလ၌ ပိဋကတ်တရားတော်များကို ထွန်းထွန်းပေါက်ပေါက် တတ်မြောက်အောင် မသင်ကြားနိုင်သော်လည်း စကားပြောကောင်း တရားဟောကောင်း၍ ရဟန်းရှင်လူများ အကျိုးစီးပွားဖြစ်ထွန်းအောင် မိမိတတ်ထားသမျှ ဟောပြောပြသနေသောပုဂ္ဂိုလ်များသည် ဤဒုတိယပုဂ္ဂိုလ် အမျိုးအစားတွင် ပါဝင်ဖွယ်ရှိပါသည်။

(၃) အကြင်သူသည် ကုသိုလ်တရားတို့၌ လျင်မြန်စွာသိမြင်နိုင်သော ဉာဏ်ပညာမရှိ။ ပါဠိအနက်ကိုသိ၍ တရားနှင့်လျော်စွာကျင့်လေ့မရှိ၊ ကောင်းသောစကား၊ ကောင်းသောအသံနှင့်လည်းမပြည့်စုံ၊ သီတင်းသုံးဖော်တို့အား တရားကိုသိမြင်အောင် ညွှန်ကြားပြသဆောက်တည် စေခြင်းငှါမစွမ်းနိုင်၊ ထိုသူသည် မိမိအကျိုးစီးပွားအလို့ငှါလည်း မကျင့်၊ သူတစ်ပါးအကျိုးစီးပွားအလို့ငှါလည်း မကျင့်သောပုဂ္ဂိုလ်မည် ပါသည်။

ယခုကာလ၌ စာပေပရိယတ္တိကိုလည်း တတ်သိအောင်မသင်ကြား၊ စကားကိုလည်း သူတစ်ပါးနားဝင်အောင်မပြောတတ်၊ တရားလည်းမဟောတတ်၊ ရဟန်းရှင်လူများ အကျိုးစီးပွားဖြစ်ထွန်းအောင်လည်း မစွမ်းဆောင်သောပုဂ္ဂိုလ်များသည် ဤတတိယပုဂ္ဂိုလ်အမျိုးအစားတွင် ပါဝင်ဖွယ်ရှိပါသည်။

(၄) အကြင်သူသည် ကုသိုလ်တရားတို့၌ လျင်မြန်စွာသိမြင်နိုင်သော ဉာဏ်ပညာရှိ၏။ ပါဠိအနက်ကိုသိ၍ တရားနှင့်လျော်စွာ ကျင့်လေ့ရှိ၏။ ကောင်းသောစကား၊ ကောင်းသောအသံနှင့်လည်း ပြည့်စုံ၏။ သီတင်းသုံးဖော်တို့အား တရားကိုသိမြင်အောင် ညွှန်ကြားပြသဆောက်တည်စေခြင်းငှါစွမ်းနိုင်၏။ ထိုသူသည် မိမိအကျိုးစီးပွား အလို့ငှါလည်းကျင့်၍ သူတစ်ပါးအကျိုးစီးပွားအလို့ငှါလည်း ကျင့်သောပုဂ္ဂိုလ်မည်ပါသည်။

ယခုကာလ၌ စာပေပရိယတ္တိကိုလည်း တတ်သိအောင်သင်ကြားပြီး နောက်သာသနာတော်ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြမည့် ရဟန်းသာမဏေများကို စာပေသင်ကြားပို့ချခြင်း၊ ရဟန်းရှင်လူ တို့အား စစ်မှန်သောသာသနာကို သိရှိနားလည်အောင် တရားတော်များကို ဟောကြားခြင်း၊ သာသနာတော်၏အနှစ်ဖြစ်သော အကျင့်မှန်ကို ကျင့်သုံးဆောက်တည်နိုင်အောင် ရဟန်းရှင်လူတို့အား သင်ကြားပြသမှုရှိခြင်း၊ ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး စည်ပင်ပြန့်ပွား ထွန်းကားအောင် သာသနာပြုလုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ပြုလုပ်အားထုတ်ခြင်းတို့သည် ဤစတုတ္ထပုဂ္ဂိုလ်အမျိုးအစားတွင် ပါဝင်ဖွယ်ရှိပါသည်။

တိပိဋကစာမေးပွဲအောင်သာသနာ့အာဇာနည် အရှင်မြတ်တို့ဘုရား -

ပိဋကတ်ကျမ်းစာများကို သင်ယူတတ်မြောက်အောင် ကြိုးစားအားထုတ်တော်မူကြပြီးလျှင် မြတ်စွာဘုရားရှင်သာသနာတော်မြတ်ကြီး တည်တံ့ပြန့်ပွားစည်ကားတိုးတက်အောင် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ကြမည့် မျိုးဆက်သစ်ရဟန်းသာမဏေငယ်များကို ပရိယတ္တိစာပေသင်ကြားပေးခြင်းဖြင့်လည်းကောင်း၊ ရဟန်းရှင်လူအပေါင်းတို့အား ထေရဝါဒပိဋကတ်တော်များနှင့်အညီ တရားဓမ္မဟောပြတော်မူကြ၍လည်းကောင်း၊ ထေရဝါဒဗုဒ္ဓသာသနာတော်၏ အနှစ်သာရဖြစ်သော ပဋိပတ်အကျင့်မှန်ကို ကျင့်သုံးဆောက်တည်နိုင်အောင် သင်ကြားပြသတော်မူကြ၍လည်းကောင်း သာသနာပြုလုပ်ငန်းများကို စွမ်းအားရှိသမျှ ကြိုးစားအားထုတ်တော်မူကြ၍လည်းကောင်း ခိပ္ပနိသန္တိသုတ်လာ ပုဂ္ဂိုလ်လေးမျိုးတို့အနက် စတုတ္ထပုဂ္ဂိုလ်မျိုးတွင်ပါဝင်သော သာသနာ့အာဇာနည် ဂုဏ်ရည်ထူးချွန်ပုဂ္ဂိုလ်မွန်ပုဂ္ဂိုလ်မြတ်များ ဖြစ်တော်မူကြလိမ့်မည်ဟု ယုံကြည်ကိုးစားအားထားလျက် ရှိကြပါသည်။

အရှင်မြတ်တို့ကလည်း ခိပ္ပနိသန္တိသုတ်၌ မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် အတ္တဟိတ ပရဟိတ ပဋိပန္နစတုတ္တပုဂ္ဂိုလ်မျိုးဖြစ်အောင် ကြိုးစားအားထုတ်တော်မူကြပါ၊ နိုင်ငံတော်အစိုးရအမှူးပြုသည့် ဒါယကာ,ဒါယိကာမအပေါင်းတို့ကလည်း သာသနာ့အာဇာနည်အရှင်မြတ်တို့ ရွှင်လန်းချမ်းမြေ့စွာ သာသနာပြုနိုင်ကြစေရန် ပစ္စည်းလေးပါးထောက်ပံ့ကြလျက် သာသနာပြုကုသိုလ်ထူးကို ဆည်းပူးအားထုတ်ကြပါဟု တိုက်တွန်းလျက် သာရဏီယသြဝါဒကထာကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါသတည်း။ ။

မြန်မာ့အလင်း
(၁၄-၅-၂၀၂၄)
မဟာသံဃာ - Mahar Sangha

(၈ - ၅ - ၂၀၂၄) ရက်နေ့ ည(၇) နာရီ(၃၄)မီနစ်တွင်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် သိုက်ကုန်း ဆရာတော်ဘုရားက...
10/05/2024

(၈ - ၅ - ၂၀၂၄) ရက်နေ့ ည(၇) နာရီ(၃၄)မီနစ်တွင်၊
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်
သိုက်ကုန်း ဆရာတော်ဘုရားကြီး (နိုင်ငံတော် ဩဝါဒါ
စရိယ၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ
သဒ္ဓမ္မဇောတိက) ဘဒ္ဒန္တဥာဏဒီပ သည် သက်တော်
(၁၀၁) ဝါတော် (၈၀) အရွယ်တော်၌ ပန်းလှိုင်ဆေးရုံ
တွင် ပျံလွန်တော်မူသွားပါသည်။

မဟာသံဃာ - Mahar Sangha

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ၏ ကိုယ်တိုင်ရေး အတ္ထုပတ္တိဘဝကန္တာရသင်္ကေတကထာကျမ်း``ခရီးလမ်းကြမ်း စခန်းဖွေရှာ တစ်သက်တာ´´83...
07/05/2024

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ၏ ကိုယ်တိုင်ရေး အတ္ထုပတ္တိ
ဘဝကန္တာရသင်္ကေတကထာကျမ်း
``ခရီးလမ်းကြမ်း စခန်းဖွေရှာ တစ်သက်တာ´´

83.9 mb
https://www.mediafire.com/download/7fjkxnyzgyh3um7

(စာအုပ်ဝယ်ယူဖတ်ရှု့ရန် အခက်အခဲရှိသူများအတွက် Download ရယူဖတ်ရှု့ပေးနိုင်ရန် ပူဇော်ခြင်းသာ)

မဟာသံဃာ - Mahar Sangha

ဝေဠုဝန်နိကာယဂိုဏ်း၏ ပန္နရသမမြောက် ဂဏာဓိပတိသာသနာပိုင်အဖြစ် ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲကျင်းပသုဝဏ္ဏဝတီမြို့၊  ၂၀၂၄ မေ ၅...
07/05/2024

ဝေဠုဝန်နိကာယဂိုဏ်း၏ ပန္နရသမမြောက် ဂဏာဓိပတိသာသနာပိုင်အဖြစ် ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲကျင်းပ

သုဝဏ္ဏဝတီမြို့၊ ၂၀၂၄ မေ ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ ပဏ္ဍိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် သာသနဓဇ သိရီပဝရဓမ္မာစရိယ ဝိနယပါဠိပါရဂူ(BA) ဘဒ္ဒန္တ ပညိန္ဒ မဟာထေရ်မြတ်ကြီးအား ဝေဠုဝန်နိကာယဂိုဏ်း၏ ပန္နရသမ (၁၅)ကြိမ်မြောက် ဂဏာဓိပတိ (သမုတိသာသနာပိုင်) အဖြစ် ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲကို မေ ၅ ရက် နံနက် ၈ နာရီက အဆိုပါကျောင်းတိုက် ဓမ္မရတနာဃရ ကျောင်းတော်၌ ကျင်းပသည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်ကြီးများနှင့်တကွ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင် နှင့် တက်ရောက်လာသူများက ဝေဠုဝန်နိကာယဂိုဏ်း၏ ပန္နရသမမြောက် ဂဏာဓိပတိသာသနာပိုင်၊ ပဏ္ဍိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညိန္ဒမဟာထေရ်မြတ်ကြီးထံမှ သီလခံယူ ဆောက်တည်ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင်များက ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် ဝေဠုဝန်နိကာယဂိုဏ်း ဗဟိုအကျိုးတော်ဆောင်ချုပ်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတက သာသနာပိုင် ဘွဲ့တံဆိပ်တော် ဆက်ကပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားပေးကာ ဝေဠုဝန်နိကာယဂိုဏ်း၏ ပန္နရသမမြောက် ဂဏာဓိပတိသာသနာပိုင် ဘွဲ့တံဆိပ်တော်နှင့် ဘွဲ့ လက်မှတ်တို့အား ဆရာတော် ဘဒ္ဒန္တပညိန္ဒ မဟာထေရ်မြတ်ကြီးထံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆက်ကပ်ပေးသည်။

ဆက်လက်၍ သာသနာပိုင် ဆရာတော်ကြီး၏ ထေရုပ္ပတ္တိ အကျဉ်းအားဖတ်ကြားခြင်း၊ ဆရာတော်ကြီး၏ သြဝါဒကထာအား ဖတ်ကြားခြင်း၊ ဂဏာဓိပတိ ဂုဏဝိသိဋ္ဌပူဇာ ဂုဏ်ပြုလွှာဂါထာ ဖတ်ကြားပူဇော်ခြင်းတို့ကို သံဃာတော်များက ဆောင်ရွက်ပေးတော်မူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တင်ပြ လျှောက်ထားသည်။ ယင်းနောက် မော်လမြိုင်မြို့ မြစေတီရဲကျောင်းဆရာတော် သာသနဓဇ သိရီပဝရဓမ္မာစရိယ ဝိနယပါဠိပါရဂူ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ထံမှ ရေစက်ချ အနုမောဒနာတရား နာယူကြသည်။

ဝေဠုဝန် နိကာယဂိုဏ်းကို စတင် တည်ထောင်ချိန်မှစ၍ ယနေ့အချိန်အထိ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံသော ဆရာတော်ကြီးများကို ဂဏာဓိပတိ(သမုတိသာသနာပိုင်)အဖြစ် အစဉ်အဆက် တင်မြှောက်ပူဇော်ခဲ့ရာ (၁၅)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ပြီး ယင်းတို့အနက် သထုံမြို့နယ်မှ သုံးပါး၊ ကျိုက်ထိုမြို့နယ်မှ တစ်ပါး၊ ချောင်းဆုံမြို့နယ်မှ နှစ်ပါး စုစုပေါင်း မွန်ပြည်နယ်မှ ငါးပါး သမုတိ သာသနာပိုင်အဖြစ် တင်မြှောက် ပူဇော်ခံခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခွန်(ဝင်းပ)

မြန်မာ့အလင်း
(၆-၅-၂၀၂၄)

မဟာသံဃာ - Mahar Sangha

ဟင်္သာတမြို့နယ်၊ ပုသိမ်မြို့၊ ကွင်းကောက် ပိန္နဲကွင်းကျေးရွာ၏ စတုတ္ထမြောက် တိုင်တစ်ရာဆရာတော်ဘုရားကြီး ဘန္ဒန္တ နန္ဒဝံသ မဟာ...
06/05/2024

ဟင်္သာတမြို့နယ်၊ ပုသိမ်မြို့၊ ကွင်းကောက် ပိန္နဲကွင်းကျေးရွာ၏
စတုတ္ထမြောက် တိုင်တစ်ရာဆရာတော်ဘုရားကြီး ဘန္ဒန္တ နန္ဒဝံသ မဟာထေရ်
သက်တော် (၉၆) နှစ်၊ ဝါတော် (၇၆) ဝါ
ကောဇာ (၁၃၈၆) တန်ခူးလဆုတ် (၉)ရက်၊ ကြာသပတေးနေ့
ည (၇)နာရီ(၂၄)မီနစ်တွင် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံကြီး၌
ဘဝနတ်ထံ ပျံလွန်တော်မူပါသည်။

(အဘ အောင်မင်းခေါင် နေထိုင်ခဲ့ရာ ဟင်္သတမြို့နယ် ကွင်းကောက်ကျေးရွာတိုင်တစ်ရာကျောင်းကြီးသည် မူလဆရာတော်ကြီးသုံးပါး၏မပုတ်မသိုး ရုပ်ကလပ်တော်များပူဇော်ထားရာလည်းဖြစ်သည်။)

မဟာသံဃာ - Mahar Sangha

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ ဘဝဖြစ်စဉ်အကျဉ်း=-=-=-=-=-=-=-=-=-=-=-=-=မဟာဗောဓိမြိုင် ဆရာတော်သည် စစ်ကို...
01/05/2024

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်
ဘုရားကြီး၏ ဘဝဖြစ်စဉ်အကျဉ်း
=-=-=-=-=-=-=-=-=-=-=-=-=

မဟာဗောဓိမြိုင် ဆရာတော်သည်
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မင်းကုန်း
ကျေးရွာ တွင် ( အဖ )ဦးဘစံ +( အမိ )
ဒေါ်မေ တို့မှ ၁၃၀၃ ခုနှစ် ဝါဆိုလပြည့်နေ့
ည(၁)နာရီ၊ အင်္ဂါနေ့တွင် ဖွားမြင်သည် ။
ငယ်နာမည် မောင်ငြိမ်းမောင် ဖြစ်သည် ။

( သန်းခေါင်ယံ ည ၁၂ နာရီကျော် အချိန်ဖြစ်၍
တနင်္လာအကုန် အင်္ဂါအကူး ။ ကျေးဇူးတော်ရှင်
ဆရာတော်ဘုရားကြီး မှာ အင်္ဂါ ကိုသာ
အသိအမှတ်ပြုတော်မူပါသည် ။ )

( ဘဝဥပါဒါန်အစွဲကြောင့် ပထမဘဝစုတိစိတ်ကျချိန် မိသားစုအပေါ်တွယ်တာစိတ်ဖြင့် ခန္ဓာချုပ်ခဲ့သဖြင့်
ယခင်ဘဝကအကိုကြီး ဖြစ်ခဲ့သူထံ ယခုဘဝ ဖခင်
အဖြစ်ပြန်ဝင်စားခြင်းကပင် ဘဝကန္တာရသင်္ကေတ
သံဝေဂ ယူစရာ ဘဝအစ ဖြစ်တော်မူရကြောင်း
ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူပါသည် ။ )

၁၃၁၇ ခုနှစ် တပို့တွဲ လပြည့်ကျော် (၆) ရက်
စနေနေ့တွင် မိခင်ဒေါ်မေ၏ ပစ္စယာနုဂ္ဂဟဖြင့်
မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ထံတွင်
ရှင်သာမဏေ ပြုသည် ။
ဘွဲ့အမည် ရှင်ဉေ ယျ ဟု ကိုယ်တိုင် ခံယူခဲ့သည် ။

၁၃၂၃ ခုနှစ် ဝါဆိုလဆန်းတွင် မင်းကုန်းတောရ
ဆရာတော် ဘဒ္ဒန္တအာစာရ ကို ဥပဇ္ဈာယ်ပြု၍
ထန်းတစ်ပင် ရွှေဖောင်တော်ဦး ကျောင်းတိုက်
ခဏ္ဍသိမ်၌ (ပထမအကြိမ်) ရဟန်းဖြစ်သည်။
ရဟန်းဒကာ ဦးဘသန်း + ဒေါ်စောဉာဏ် တို့ ဖြစ်ကြသည်။

၁၃၁၈ ခုနှစ် ကဆုန်လပြည့်ကျော် (၁၀) ရက်
တနင်္ဂနွေနေ့တွင် ရွှေဘိုမြို့ ဝေဠုဝန် ပါဠိတက္ကသိုလ်
စာသင်တိုက်သို့ ပိဋကတ် စာပေများ သင်ယူရန် ရောက်ရှိ ။
၁၃၁၉ ခုနှစ်တွင် ရွှေဘို ဝေဠုဝန်ပါဠိတက္ကသိုလ်မှ
အစိုးရပထမငယ်တန်း အောင်မြင်သည် ။

၁၃၂၁ ခုနှစ် ဝါဆိုလဆန်း (၁၁) ရက်
ဗုဒ္ဓဟူးနေ့ တွင် ရန်ကုန်မြို့ ကျောက်ပန်းတောင်
းကျောင်းတိုက်သို့ စာပေသင်ကြားရန် ရောက်ရှိ ။
၁၃၂၁ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် (၃)ရက်
ဗုဒ္ဓဟူးနေ့တွင် မော်လမြိုင် စိန်မမပါဠိတက္ကသိုလ် သို့
ပညာသင်ကြားရန် ရောက်ရှိ ၊ ထိုနှစ်မှာပင်
အစိုးရပထမလတ်တန်း အောင်မြင်သည် ။

၁၃၂၅ ခုနှစ် နွေဦးကာလတွင် ဧရာဝတီတိုင်း
ပုသိမ်မြို့ သာသနရံသီ ပါဠိတက္ကသိုလ်သို့ ရောက်ရှိသည် ။ ထိုနှစ်မှာပင် အစိုးရ ပထမကြီးတန်းကို အောင်မြင်သည် ။
(တိုင်းတွင် ဒုတိယ ရသည်။)

၁၃၂၇ ခုနှစ် တော်သလင်းလဆန်း(၁၃)ရက် နေ့တွင်
စာသင်တိုက်တွင် နေဖို့ရန် ခက်ခဲခြင်းကို အကြောင်းပြု၍
လူဝတ်လဲခဲ့သည် ။
ရန်ကုန်မြို့ရှိ ဆေးလိပ်ခုံ တခုံတွင် စာရေးဝင်လုပ်သည် ။
၁၃၂၉ ခုနှစ် နယုန်လတွင် မိခင်ဒေါ်မေ ၊ အမဒေါ်ကြည် တို့၏ သဘောတူ ချက်ဖြင့် တစ်ရွာတည်းနေ
ဒေါ်စိန်မေနှင့် အိမ်ထောင်ကျခဲ့သည်။

လူ့ဘဝတွင် ရန်ကုန် သင်္ကန်းကျွန်း၌ နေထိုင်ကာ
ဈေးဆိုင် ၊ အထည်ဆိုင် ၊ ဆေးဆိုးပန်းရိုက် ၊
မဲနယ်ထုတ်လုပ်ခြင်းများ လုပ်ကိုင်ခဲ့သည် ။
ရပ်ကွက်အတွင်း လူမှုရေးများ နှင့် (ရ.လ.က အဖွဲ့)
ဦးဆောင်ကော်မတီ အမှုဆောင်လူကြီး ၊
ပါတီကိုယ်စားလှယ် ၊ တရားရေးကော်မတီဥက္ကဋ္ဌ၊
အုပ်စု ခေါင်းဆောင်၊ အရံပါတီဝင် စသည်များ
ထမ်းဆောင်ခဲ့သည် ။

ဘဝဒုက္ခကို သံဝေဂ ရသည်ဖြစ်၍
၁၃၃၇ ခုနှစ်မှစ၍ ပုတီးစိပ်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊
တောတောင်များသို့ လှည့်လည်ခြင်း၊ ဘုရားတည်ခြင်း ၊
ပြုပြင်ခြင်း ၊ မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့သည် ။
၁၃၃၉ ခုနှစ်တွင် ကျိုက်လတ်မြို့နယ်၊ ကြီးချောင်းရွာ၊
ဆင်ကူးရွာရှိ ပြည်လုံးချမ်းသာ ဖောင်တော်ဦးစေတီတော်" ကို ပြုပြင်မွမ်းမံသည်။ ပြာသိုလ လပြည့်နေ့တွင်
ပန္နက်ချမင်္ဂလာ ပြုလုပ်ပြီး တပေါင်းလပြည့်နေ့တွင်
ထီးတော်တင် မင်္ဂလာ ပြုလုပ်နိုင်ခဲ့သည် ။

၁၃၄၁ ခုနှစ် ဝါဆိုလဆန်း (၁) ရက်၊ တနင်္ဂနွေနေ့တွင်
ရန်ကုန် မဟာစည် သာသနာ့ရိပ်သာကြီးတွင် ၄၉ ရက် တရားစခန်းဝင်ခဲ့သည် ။
၁၃၄၁ ခုနှစ် ဝါခေါင်လပြည့်ကျော် (၇) ရက်နေ့ ညနေ (၅) နာရီတွင် ဉာဏ်စဉ် တရားများ နာကြားခွင့်ရခဲ့သည် ။

၁၃၄၁ ခုနှစ် တော်သလင်းလဆန်း
(၁၂) ရက် တနင်္ဂနွေနေ့ နံနက် (၈:၄၅) နာရီတွင်
ဘောက်ထော် သီရိရတနာလမ်း သာသနာ့ဗိမာန်
ဆရာတော် ဘဒ္ဒန္တဝိမလကို ဥပဇ္ဈယ်ပြု၍
ခေမာသီဝံကျောင်းတိုက် ခဏ္ဍသိမ် တွင်
(ဒုတိယအကြိမ်) ရဟန်းဖြစ်သည် ။

၁၃၄၁ ခုနှစ် သီတင်းကျွတ်လပြည့်ကျော်
(၄) ရက် အင်္ဂါနေ့မှ အစပြုကာ အရညဝါသီ
တောရမှီလျက် သီတင်းသုံး နေတော်မူသည်။
( သီတင်းသုံး တော်မူရာ နေရာများကို သီးသန့်
ဖော်ပြထားပါသည် ။ )

၁၃၄၁ ခုနှစ်တွင် သာစည်မြို့နယ် ရွှေကျောင်းကုန်း
တောင်ထိပ်၌ 'လောကမုနိစေတီတော်' ကို
တည်ထားခဲ့သည် ။ အုတ်မြစ်ချမင်္ဂလာ နှင့်
ဌာပနာပိတ်ပွဲကို တပို့တွဲလပြည့်နေ့တွင် ပြုလုပ်ပြီး
တပေါင်းလပြည့်နေ့တွင် ထီးတော်တင်ပွဲကို
အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည် ။

၁၃၅၃-၅၄-၅၅ ခုနှစ်များတွင် ပျဉ်းမနား
(ယ္ခုနေပြည်တော်) ရှိ လက်လုပ်တောင်တောရတွင်
သီတင်းသုံးစဉ် ကာလအတွင်း 'လက်လုပ်တောင်
ဆရာတော်ဈာန်ပျံသည်' ဟူသော ကောလဟာလကြောင့် ဆရာတော်၏ အကြောင်း တစ်နိုင်ငံလုံး ပျံံ့လွင့်ခဲ့သည် ။

၁၃၅၇ ခုနှစ် တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင်
သုဝဏ္ဏသျှံတောင်တွင် လားဟူ(၂၂)ရွာ ၊
လီရှော(၄)ရွာတို့မှ လူနှစ်ထောင်ကျော်၏
ဗုဒ္ဓဘာသာခံယူပွဲကြီး ကို စည်ကားသိုက်မြိုက်စွာ
ကျင်းပနိုင်ခဲ့သည် ။

ယင်းတိုင်းရင်းသားများ ဒေသန္တရ ဗဟုသုတရ
တိုးပွားရန် ရည်သန်၍ ၁၃၅၈ ခုနှစ် တပေါင်းလဆန်း
(၃)ရက်နေ့တွင် သာစည်၊ ပျဉ်းမနား၊ မန္တလေး၊ ရွှေဘို၊
ရန်ကုန်မြို့များသို့ ပို့ဆောင်ပေးခဲ့သည် ။
ထိုသို့သော အကြောင်းများ ကြောင့် 'မဟာဗောဓိမြိုင်
ဆရာတော်' ဟူ၍ နိုင်ငံအနှံ့ လူသိများ ထင်ရှား ခဲ့သည် ။

၁၃၅၉ ခုနှစ်တွင် နတ်တလူတောရ ကို
စတင်တည်ထောင်၍ ဝါဆိုလပြည့် နေ့ မှ
တော်သလင်းလပြည့်နေ့ထိ (၂) လတိတိ
တရားစခန်း ဖွင့်လှစ်ပေးခဲ့သည် ။

စခန်းပွဲအတွင်း ဝေယျာဝစ္စ ဆောင်ရွက်သူများအတွက်
တော်သလင်းလပြည့်မှ သီတင်းကျွတ်လပြည့်နေ့ထိ
(၁) လ စခန်းကို ပြုလုပ်ပေးခဲ့သည် ။

၁၃၅၉ ခုနှစ်တွင် နတ်တလူတောရ၌
'မင်းဘိသိက်ခံ' ဘုရားတည်ထား ပူဇော်သည် ။
နှောင်းတန်ခူးလပြည့်နေ့တွင် အုတ်မြတ်ချမင်္ဂလာ၊
၁၃၆၀ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဌာပနာပိတ်ပွဲ ၊
တပေါင်းလဆန်း (၄) ရက်တွင် ထီးတော် တင်ပွဲနှင့်
တပေါင်းလပြည့်နေ့တွင် အနေကဇာတင်တော်မူသည် ။

၁၃၆၁ ခုနှစ် ကဆုန်လပြည့်နေ့တွင်
မွေးဖွားရာ ချက်မြှုပ်အိမ်နေရာတွင်
ဉေယျဓမ် ရွှေချက်သို တံခွန်တိုင်'
ကို တည်ထားခဲ့သည် ။
တစ်ချိန်တည်းမှာပင် နတ်တလူတောရ ၌
နှစ်လတရားစခန်း ထပ်မံ ဖွင့်လှစ်ပေးခဲ့သည် ။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
သီတင်းသုံးတော်မူခဲ့သည့် ဒေသများ .
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
၁။ သာသနဗိမာန်ကျောင်း ရန်ကုန် (၁) ဝါ
(၁၃၄၁ ခု)
၂။ ရွှေကျောင်းကုန်းတောင် သာစည် (၁) ဝါ
(၁၃၄၂ ခု)
၃။ ဇင်းကျိုက်တောင် ဇင်းကျိုက် (၁) ဝါ
(၁၃၄၃ ခု)
၄။ မင်းတစ်ရာ့တစ်ပါးတောင် ဇင်းကျိုက် (၁) ဝါ
(၁၃၄၄ ခု)
၅။ ကျောက်ခမောက်ဂူ ဇင်းကျိုက် (၁) ဝါ
(၁၃၄၅ ခု)
၆။ သံသုမာရတောင် ဖူးကြီး၊ မှော်ဘီ (၂) ဝါ
(၁၃၄၆,၄၇ ခု)
၇။ အရှေ့ပရက္ကမဂူ စစ်ကိုင်း (၂) ဝါ
(၁၃၄၈,၄၉ ခု)
၈။ ရွှေကျောင်းကုန်းတောင် သာစည် (၃) ဝါ
(၁၃၅၀ မှ ၁၃၅၂ ခု)
၉။ လက်လုပ်တောင် ပျဉ်းမနား နေပြည်တော် (၃) ဝါ (၁၃၅၃ မှ ၁၃၅၅ ခု)
၁၀။ ဘုန်းတော်ပြည့် သုဝဏ္ဍသျှံ ရှမ်းပြည်နယ် (၁) ဝါ
(၁၃၅၆ ခု)
၁၁။ မဟာဗောဓိမြိုင် သုဝဏ္ဍသျှံ ရှမ်းပြည်နယ် (၂) ဝါ (၁၃၅၇,၁၃၅၈ ခု)
၁၂။ နတ်တလူ(ဇာတိမြေ) ကန့်ဘလူ (၁) ဝါ(၁၃၅၉ ခု)
၁၃။ ဝေဒလ္လ ပြင်ဦးလွင် (၁) ဝါ(၁၃၆၀ ခု)
၁၄။ မဇ္ဈိမ ဓမ္မမောနိဂူ လယ်ဓမ္မပိုင်၊ ဂန့်ဂေါ (၁) ဝါ
(ပုံတောင်ပုံညာ)(၁၃၆၁ ခု)
၁၅။ မောနေယျတော စကားပိုင်၊ ဂန့်ဂေါ (၁) ဝါ
(ပုံတောင်ပုံညာ)(၁၃၆၂ ခု)
၁၆.။ ပဋိပတ္တိတော ပုလဲနယ်၊ ကျော်တော (၁) ဝါ
(၁၃၆၃ ခု)
၁၇။ စံရိပ်ငြိမ်ကျောင်း ပုလဲနယ်၊ ကျော်တော (၁) ဝါ
(၁၃၆၄ ခု)
၁၈။ ခေါင်နန်းပလ္လင် ကလေးဝမြို့နယ် (၉) ဝါ
(၁၃၆၅ မှ ၁၃၇၃ ခု) မဟာမြိုင်တော ။
၁၉။ ဉေ ယျဓမ်တောရ မင်းဘိသိက်ခံအနီး
ကန့်ဘလူမြို့နယ် (၃) ဝါ
၂၀ ။ ရွှေနှစ်တောရ

ခေတ္တသီတင်းသုံးရာဒေသများ
🌸🌸🌸🌸🌸🌸🌸🌸🌸🌸

၁။ ရသေ့မဂူ ဇင်းကျိုက် သုံးလခန့်
၂။ ဖရုံညှာ စခန်း ဇင်းကျိုက် တစ်လ
၃။ တောင်စဉ် မိတ္ထီလာ တစ်လ
၄။ ကျောက်ထီးတောင် ကျောက်ဆည် နှစ်လ
၅။ ဝါးသုံးရုံစခန်း ပုလဲ ၇၂ ရက်
၆။ မပဒန်ဂူ ညောင်နီရွာ မိုးမိတ် နှစ်လ

ဆရာတော်ဘုရားကြီး၏ငါ မနေသုံးချက် ..
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
တစ်ချက်ချက်တို့ကြောင့် ရွေ့ပြောင်းခဲ့ရသော
နေရာပေါင်း ကား သုံးဆယ်ဝန်းကျင် ရှိခဲ့ပြီး ဖြစ်ပါသည် ။

၁။ ဘယ်နေရာရောက်ရောက် ဌာနေသံဃာများ
စိတ်ငြိုငြင်ကြောင်း ကြားသိရက ထိုနေရာ၌ ငါမနေ ။

၂။ ဘယ်နေရာရောက်ရောက် လူရှုပ် လာဘ်ပေါ
ကျော်ဇော ခြွေရံ ဤလေးတန် အခံရှိနေက
ထိုနေရာ ငါမနေ ။

၃။ ဘယ်နေရာရောက်ရောက် သာသနာမှီ၍
မိမိကိုယ်ကျိုးရှာလိုသော လူ၊ ရှင်၊ ရဟန်းများ
တွေ့လာရက ထိုနေရာ၌ ငါမနေ ။

လူ့ဘဝက ..
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဆုတောင်း
လှူခဲ့သောအလှူပန်ခဲ့သောဆု
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

၁ ။ ဘုရားတပည့်တော် ဤဆေးတော်ကို
ဝေဘူဆရာတော်ဘုရားကြီးအား လှူဒါန်းပါ၏ ။
ဤကောင်းမှု စေတနာအရှိန်၏ တွန်းလွှတ်အား
သတ္တိကြောင့် ဆရာတော်ဘုရားကြီးကဲ့သို့
ကျင့်နိုင်စွမ်းရှိပြီး ဆရာတော်ဘုရားကြီးကဲ့သို့
သိနိုင်စွမ်းလည်း ရှိရပါလို၏ ဘုရား ။

၂ ။ ထိုသို့ ကျင့်နိုင်စွမ်းအလျှောက် သိနိုင်စွမ်းအား
ထွန်းပေါက်ပြီးပါသော် ဆရာတော်ဘုရားကြီးသည်
ဝေနေယျအား သနားချီးမြှောက်သလိုပင်
ဘုရားတပည့်တော်လည်း ချီးမြှောက်နိုင်စွမ်း
ရှိရပါစေသား အရှင်ဘုရား ။

၃ ။ ဘုရားတပည့်တော်၏ ဤဆုပန်ဆင်မှုကို
ဆရာတော်ဘုရားကြီး အသိမှတ်ပြုရိုးအမှန် ရှိခဲ့ပါသော် ဤဆေးတော်အား သုံးဇွန်းတိတိ ဘုဉ်းပေးပါစေသား ။

ဤကား ဆရာတော် ကြီး ဦးငြိမ်းမောင်ဘဝက
ပန်ဆင်ခဲ့သော ဆုပေတည်း ။

ဝေဘူဆရာတော်ဘုရားကြီး တရားဟောသောအခါ
ဟောနေရင်း စတုမဓူ ဘုဉ်းပေးခဲ့သောကြောင့်
ဦးငြိမ်းမောင် ၏ ဆုတောင်း(နံပါတ် ၃)အချက်
ပြည့်သည်ဟု ပြောရမည်ဖြစ်သည် ။

ဝေဘူဆရာတော်ဘုရားကြီးကဲ့သို့ မဟာဗောဓိမြိုင်
ဆရာတော်ဘုရားကြီးသည် တရား ကျင့်ကြံအားထုတ်ခဲ့
ကျင့်ကြံနေသူဖြစ်ခဲ့သောကြောင့် (နံပါတ် ၁)
အချက်လည်း ပြည့်သည်ဟု ပြောရမည် ဖြစ်သည် ။

ဝေဘူဆရာတော်ဘုရားကြီးကဲ့သို့
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည်လည်း
ဝေနေယျတို့အား တရားဓမ္မများဖြင့် ချီးမြှောက်ပေးနိုင်
ခဲ့သောကြောင့် (နံပါတ် ၂) အချက်နဲ့လည်း ပြည့်သည်
ဟု ပြောရမည်ဖြစ်သည် ။

သူတော်စဉ်အပေါင်းတို့သည်
မိမိတို့လှူဒါန်းလိုသော လှူဖွယ်ရာများ လှူဒါန်းရာမှာ
ဆရာတော်ဘုရားကြီး ဦးငြိမ်းမောင်ဘဝက
ကျင့်သုံးခဲ့သော နည်းကို ယူလိုက ယူနိုင်ကြစေဖို့
ထပ်ဆင့်မျှဝေပေးခြင်းဖြစ်သည်။

ကိုးကား ... ဘဝကန္တာရသင်္ကေတကထာ။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူသွားပါသည်။သက်တော် (၈၃)နှစ် သိက္ခာ ဝါတော် (၄၅) ဝါ(၃၀-၄-၂၀၂၄)အင်္ဂါနေ့...
30/04/2024

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
ဘဝနတ်ထံ ပျံလွန်တော်မူသွားပါသည်။

သက်တော် (၈၃)နှစ်
သိက္ခာ ဝါတော် (၄၅) ဝါ

(၃၀-၄-၂၀၂၄)အင်္ဂါနေ့။ နေ့လည်တစ်နာရီဆယ်မိနစ်။

🙏🙏🙏

Venerable Mahathera Mahar Bodhi Myai Sayardaw
Pass away at 1:10 PM of 30 Apr 2024.

မဟာသံဃာ - Mahar Sangha

တိဘက်ဗုဒ္ဓဘာသာဟာ ဝဇီရယာနမဟုတ်၊တိဘက်ဗုဒ္ဓဘာသာသီးသန့်သာဖြစ်တယ်။  တိဘက်ဗုဒ္ဓဘာသာရဲ့သမိုင်းမှာ ပဒုမသမ္ဘဝဆရာတော်တစ်ပါးထဲသာသနာ...
08/08/2022

တိဘက်ဗုဒ္ဓဘာသာဟာ ဝဇီရယာနမဟုတ်၊တိဘက်ဗုဒ္ဓဘာသာသီးသန့်သာဖြစ်တယ်။

တိဘက်ဗုဒ္ဓဘာသာရဲ့သမိုင်းမှာ ပဒုမသမ္ဘဝဆရာတော်တစ်ပါးထဲသာသနာပြုခဲ့တာမဟုတ်တာကို အထူးသတိပြုသင့်ပါတယ်။နန္ဒလန္ဒာတက္ကသိုလ်ကြီးရဲ့ ပဏ္ဍိတကြီးတစ်ပါးဖြစ်တဲ့ သန္တရက္ခိတဆရာတော်ဟာလည်းသာသနာပြုခဲ့ပါတယ်။ပဒုမသမ္ဘဝဆရာတော်ဟာ တန္တာရများစွာကိုပို့ချသလိုပဲ သန္တရက္ခိတဆရာတော်ဟာလည်း မဟာယာနကျမ်းလာများနှင့် ဟိနယာနကျမ်းများကိုပါပို့ချခဲ့ပါတယ်။ထို့ကြောင့်တိဘက်နိုင်ငံရဲ့ဗုဒ္ဓဘာသာဟာထူးဆန်းစွာနှင့်ပင် ဟိနယာန၊မဟာယာနှင့်မဟာယာနခွဲ တန္တာရခေါ် ဝဇီရယာနကိုပါလက်ခံယုံကြည်ကြတာဖြစ်ပါတယ်။နောက်ပိုင်းမှာ ဆရာသမားများနှင့်ဆရာတော်ကြီးအများစုဟာ အိန္ဒိယကနေ တန္တာရဆရာသမားများထံကနေ တန္တာရကိုအထူးအလေးပေး တိဘက်ကိုယူဆောင်လာလို့သာ တိဘက်မှာ တန္တာရအလေးပေးတာပါ။ တန္တာရဟာလည်း သီးသန့်ဂိုဏ်းခွဲတစ်ခုမဟုတ်ပဲ ကျင့်စဉ်တစ်ခုမျှသာဖြစ်ပြီး မဟာယာနတရားတော်များမှဆင်းသက်လာတာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တို့အကုန်လုံးသိကြတဲ့ ဆရာသမားတစ်ယောက်ဖြစ်တဲ့ ဂုရုသကျမုနိဂေါတမဗုဒ္ဓဟာ ထေရဝါဒ(ဟိနယာန)နှင့်မဟာယာနဆိုပြီး လမ်းစဉ်များကိုပေးသနားတော်မူခဲ့ပါတယ်။ထိုနည်းလမ်းနှစ်သွယ်အနက် ဆရာသမားသကျမုနိပေးသနားခဲ့တဲ့ မဟာယာနလမ်းစဉ်မှာတော့ ဗောဓိသတ္တတစ်ပါးအဖြစ်ရယူပြီးတော့ဗုဒ္ဓဘဝမှနေ သတ္တဝါအပေါင်းကိုကယ်တင်ပြီးတော့မှ ပရိနိဗ္ဗာန်ပြုမဲ့ လမ်းစဉ်လို့အကြမ်းဖြင်းနားလည်နိုင်ပါတယ်။ဗောဓိသတ္တတွေက သာမန်ပုထုဇဉ်နတ်တစ်ပါးမဟုတ်ပဲ အရဟတ္တဆိုက်နေပြီး ဖိုလ်ဆိုက်ရင်ရဟန္တာဖြစ်ကာဘဝရောဒုက္ခရော ဆုံးသွားမှာဖြစ်ပါတယ်။ဆိုတော့ ဗောဓိသတ္တတစ်ပါးဖြစ်ဖို့ သက်ရှိထင်ရှားဗုဒ္ဓကိုဖူးပြီးတော့ ဗုဒ္ဓဆုပန်ရမယ်ဆိုတာတော့ ယာနနှစ်ခုစလုံးမှာရှိပါတယ်။အခုကာလအနေဖြင့်တော့ ယခုဒီစကြာဝဋ္ဌာမှာဗုဒ္ဓတွေမပွင့်ပေမဲ့ အရှေ့စကြာဝဋ္ဌာ၊အနောက်စကြာဝဋ္ဌာ၊အထက်စကြာဝဋ္ဌာ၊တောင်စကြာဝဋ္ဌာ၊မြောက်စကြာဝဋ္ဌာတွေမှာ ယခုထိတိုင် ဓမ္မာကာယကြီးငါးပါးဖြစ်တဲ့ ဒျာနိဗုဒ္ဓငါးဆူဟာ ပွင့်ဆဲဖြစ်ပါတယ်။ထိုဗုဒ္ဓငါးပါးအနက်မှာမှ အမိတဘဗုဒ္ဓ၊အက္ခောဘယဗုဒ္ဓနှင့်ဘေသဇ္ဇေဂုရုဗုဒ္ဓသုံးပါးဟာ အထင်အရှားဆုံးဗုဒ္ဓသုံးဆူဖြစ်ပါတယ်။ထိုဗုဒ္ဓသုံးဆူပွင့်ရာ ဗုဒ္ဓခေတ္တရာမှာပြန်လည်ဝင်စားပြီးတော့ ဗုဒ္ဓဆုပန်ဖို့လည်း ဂုရုဗုဒ္ဓကနေနည်းလမ်းပေးပြီးသားဖြစ်ပါတယ်။ထို ကျင့်စဉ်ကတော့ တရုတ်၊ဂျပန်နဲ့ကိုရီးယားဘက်မှာထင်ရှားလှပါတယ်။တိဘက်နဲ့နီပေါနိုင်ငံတို့မှာလည်း တန္တာရမကျင့်နိုင်တဲ့သာမန်လူတွေလည်းကျင့်ကြံကြပါတယ်။

တန္တာရစတာကအဲ့ကစတင်တာပါပဲ ဗောဓိသတ္တဆုပန်ဖို့အတွက် ဗုဒ္ဓခေတ္တရာမှာပြန်လည်မဝင်စားတော့ပဲ ယခုဘဝနဲ့တင် ဘူမိအဆင့်တွေကိုလျင်မြန်စွာကျော်နိုင်ရန်အတွက် တန္တာရနည်းလမ်းခေါ် ဝဇီရယာနနည်းလမ်းကို ဂေါတမဗုဒ္ဓကနေ နောက်ဆုံးအကြိမ် ဓမ္မဘီးလှည့်စဉ်က ဟောကြားခဲ့တာပါ။တန္တာရဟာ အဘိဓမ္မာနဲ့ဆက်နွယ်နေသလိုအနှစ်ချုပ်အားဖြင့် သဘာဝကိုအရှိကိုရှိတိုင်း ဟောကြားထားတဲ့တရားတော်ဖြစ်ပါတယ်။တန္တာရမှာ အဆင့်၃ဆင့်ရှိပါတယ်။အနိမ့်တန္တာရ၊အလယ်အလတ်တန္တာရ၊အမြင့်တန္တာရဆိုပြီး သုံးခုရှိတဲ့အထဲ သာမန်လူတွေကျင့်နိုင်တဲ့ အနိမ့်တန္တာရမှာတော့ ဗောဓိသတ္တတွေရဲ့ တန္တာရတွေပါဝင်တယ်။ဝဇီရသတ္တလို့ခေါ်တဲ့တန္တာရကျင့်စဉ်ကလည်း ဘာသာရေးလေ့လာသူတို့နဲ့မစိမ်းလှပါဘူး။ဒီတန္တာရတွေကို ဂေါတမဗုဒ္ဓကနေတဆင့် အရှင်အာနန္ဒာထိုကတစ်ဆင့်အိန္ဒိယကဆရာကြီးတွေ ထိုကတစ်ဆင့်တိဘက်သို့ရောက်ပါတယ်။ဒါကြောင့်တိဘက်မှာ အရောက်စောတဲ့တန္တာရကိုအလေးပေးကြတာပါ။တကယ်က တိဘက်မှာက မဟာယာနဗုဒ္ဓဘာသာကျမ်းတွေကအပြီးအပြည့်ဆုံးတွေ့ရမှာပါ။

တိဘက်ကို နန္ဒလန္ဒာတက္ကသိုလ်ကနေတိုက်ရိုက် မဟာယာနကျမ်းတွေ ထေရဝါဒကျမ်းတွေ တန္တာရကျမ်းတွေကို အရှင်အာတိစ္စနှင့်အခြားသော ဆရာတော်များ၊ဆရာကြီးများတို့နေသယ်ဆောင်ခဲ့ပါတယ်။တိဘက်မှာ ဝဇီရယာနရဟန်းဆိုတာမရှိပါဘူး။ဘာကြောင့်လည်းဆိုတော့ ဝဇီရယာနဆိုတဲ့ စကားလုံးကိုတန္တာရအပြင် မည်သည့်ယာနကိုမှရည်ညွှန်းခေါ်ဆိုတာမဟုတ်လို့ပါပဲ။တန္တာရဟာကျင့်စဉ်သီးသန့်မျှဖြစ်ပြီး ရဟန်းဝိနည်း၊သိမ်ဝင်ကမ္မဝါစာ တို့မရှိပါဘူး။အဲ့တာတွေက မဟာယာနမှာပဲရှိတာပါ။ဒါကြောင့် တိဘက်မှာဝဇီရယာနရဟန်း၊တိဘက်ဟာ ဝဇီရယာနဗုဒ္ဓဘာသာနိုင်ငံလို့သုံးနှုန်းနေတာမှားယွင်းနေပါတယ်။တိဘက်မှာ မူလသဗ္ဗထိဝိနည်း၂၅၄သွယ်နှင့်ဗောဓိသတ္တသီလ၄၈ပါးကိုဆောင်တဲ့ သံဃာတော်နှင့်တိဘက်မှာ တိဘက်ဗုဒ္ဓဘာသာ သာထွန်းကားတယ်လို့မှတ်သားရမှာပါ။တိဘက်မှာမဟာယာနအပြင် အခြားယာနနှင့်ကျင့်စဉ်တွေပါဝင်လို့ တိဘက်မဟာယာနကမစစ်ဘူးလို့ထင်ရင်အမှားကြီးမှားပါလိမ့်မယ်။တိဘက်နိုင်ငံကိုသာသနာပြုကြွတဲ့ နန္ဒလန္ဒာကဆရာတော်ကြီးတွေက တစ်ချိန်က မဟာယာနဗုဒ္ဓဘာသာမှာအတော်ဆုံး ဆရာတော်ကြီးတွေပဲကြွပြီးသာသနာပြုတာကြောင့် သူတို့ရဲ့အမွေခံတိဘက်နိုင်ငံရဲ့မဟာယာနဗုဒ္ဓဘာသာဟာ အပြီးပြည့်စုံဆုံး မဟာယာနဗုဒ္ဓဘာသာတစ်ခုဖြစ်သလို ထေရဝါဒကျမ်းတွေ၊မဟာယာနကျမ်းတွေနှင့်တန္တာရကျမ်းစသည့် ဗုဒ္ဓပေးသနားတော်မူတဲ့ လမ်းစဉ်မှန်သမျှတိဘက်မှာသွားစုနေတာကြောင့် အပြည့်စုံဆုံးဗုဒ္ဓဘာသာဆိုရင်လျှင်မှားနိုင်ဖွယ်မရှိပါ။

ပုံပါ-သန္တရက္ခတိဆရာတော်
Creadit #

အန္တိမစျာပန ကုသိုလ်ယူသာသနာနှစ်.၂၅၆၆.‌ ကောဇာသက်ကရာဇ် ၁၃၈၄.ခုနစ် ဝါခေါင်လ္ဆန်း (၂)ရက်  မုံရွာမြို့နယ် ကံပြားကြီးရွာ စန်းဂု...
02/08/2022

အန္တိမစျာပန ကုသိုလ်ယူ

သာသနာနှစ်.၂၅၆၆.‌
ကောဇာသက်ကရာဇ် ၁၃၈၄.ခုနစ် ဝါခေါင်လ္ဆန်း (၂)ရက်

မုံရွာမြို့နယ် ကံပြားကြီးရွာ
စန်းဂုဏ်ရောင် ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒဒ္တစန္ဒောဘာသ သာသနဓဇသိရီပဝရ ဓမ္မာစရိယ သက်တော် (၁၀၂) နှစ် သိက္ခာတော် (၈၂) ဝါ ဆရာတော် ဘုရားကြီး ဈာပနပူဇာ ပူ‌ဇော်ခြင်းသို့
သုခဟိတနာရေးကူညီမှုနှင့်သွေးလှူရှင်အသင်းမှ
သွားရောက်ကုသိုလ်ယူခဲ့ပါသည်။

နတ်လူ သာဓု သာဓု သာဓု ခေါ်စေသော်...........

နာရေးကူညီမှု
သွေးကူညီမှု ကျမ်းမာရေးကူညီမှု
အရေးပေါ်သဘာဝဘေးများ
ဆိုင်ကယ်/ကား Accident များ အတွက် အကူညီလိုအပ်ပါက သုခဟိတအသင်းရုံးနှင့်အောက်ပါ
ဖုန်းနံပတ်များအား ဆက်သွယ် အကူညီတောင်းနိုင်ပါသည်။

📞📞📞📞
Ph.0712024994
09954324994
09450077244
:::::::::::::::::::::::::::::::::::::::::::::::::::::::::
သုခဟိတနာရေးကူညီမှုနှင့်သွေးလှူရှင်အသင်း
မုံရွာမြို့ သလ္လာရပ်ကွက်

02/08/2022

ကရင်ရွာတစ်ခုက ကရင်အမျိုးသမီးများ ကရင်ဘာသာဖြင့် ဘုရားရှင်အား ရွတ်ဖတ်ပူဇော်နေကြခြင်း။

Chanting sermon by young Karen ladies in one of Karen village, Myanmar with their laugauge.

#မဟာသံဃာ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when မဟာသံဃာ - Mahar Sangha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share