ရတနာ့ ဂုဏ်ရည် ဓမ္မရိပ်သာ Yadana Gone Ye Meditation Centre

  • Home
  • Myanmar
  • Yangon
  • ရတနာ့ ဂုဏ်ရည် ဓမ္မရိပ်သာ Yadana Gone Ye Meditation Centre

ရတနာ့ ဂုဏ်ရည် ဓမ္မရိပ်သာ Yadana Gone Ye Meditation Centre ဓမ္မရိပ်သာ

တရားအားထုတ်ခြင်းဖြင့် မရဏဘေးကို ကြို-တင်သိမြင်၍(ပုထုဇဥ် ဓလေ့ သံယောဇဥ် များကို ဖြတ်တောက်၍ ကျော်ဖြတ်ပုံ) လယ်တီဆရာတော်ကြီး၏...
03/01/2024

တရားအားထုတ်ခြင်းဖြင့် မရဏဘေးကို ကြို-
တင်သိမြင်၍(ပုထုဇဥ် ဓလေ့ သံယောဇဥ် များကို ဖြတ်တောက်၍ ကျော်ဖြတ်ပုံ)
လယ်တီဆရာတော်ကြီး၏
ဆရာအရင်းဖြစ်သူ ယောအတွင်းဝန်ဦးဖိုးလှိုင်

ကုန်းဘောင်ခေတ် ရတနာပုံမန္တလေးနေပြည်တော်၌ မင်းတုန်းမင်းကြီးနှင့် သီပေါမင်းတို့ထံ၌ အမှုတော်ထမ်းရွက်ခဲ့ပြီး မိမိကိုယ်မိမိ နောက်နှစ်လကြာပါက သေရတော့မည်ဟု ကြိုတင်သိနေခဲ့သော ပုဂ္ဂိုလ်ကြီးမှာ မြန်မာပညာရှိ ယောအတွင်းဝန် ဦးဘိုးလိူင် ဖြစ်ပါသည် ။

ယောအတွင်းဝန် ယောမင်းကြီးဦးဘိုးလိူင်သည် သက်တော်ကြီးမား၍ ရင့်ရော်အိုမင်းလာသောအခါ ဝိပဿနာစီးဖြန်းနည်းကို ဖော်ပြသော မဟာသတိ-
ပဌာနသုတ္တန် ဒေသနာတော်ကြီးကို သူကိုယ်တိုင် အလွယ်ပင်ကျက်ထားခဲ့၏ ။ ထိုမျှမက အများသူငါတို့ လွယ်လင့်တကူ မှတ်သားဖတ်ရှု့ နည်းအတုယူရလေအောင်လည်း စာအုပ်ရေး၏ ။

ကိုယ်တိုင်ကျင့်သုံး အားထုတ်ရုံမျှမက မိမိနားလည်သဘောပေါက်သကဲ့သို့ အများနားလည် သဘော ပေါက်စေရန် ဟောပြောခြင်းကိုလည်း ပြု၏ ။ ဤသို့ မဟာသတိပဋ္ဌာန် ဒေသနာတော်ကြီးအတိုင်း ယောမင်းကြီး ဦးဘိုးလိူင်သည် စနစ်တကျ လေ့လာပြီး အားထုတ်ခဲ့သည်ဖြစ်၍

( ဝိပဿနာ၏ အကျိုးကျေးဇူးကြောင့် )
မိမိသေရမည့် နေ့ကို ကြို၍သိနေခဲ့သည် ။

ထိုအချိန်ဝယ် ယောမင်းကြီးသည် အသက် ( ၇၈ ) နှစ်ရှိနေပေပြီ ။ သည်သို့ ကြိုသိနေသည့်အတွက် ဘာလုပ်သည် ထင်ပါသနည်း ။ ပျာယာမခတ် စိတ်မလှုပ်ရှား ပကတိတည်ငြိမ်အေးချမ်းစွာဖြင့်ပင်
စစ်ကိုင်းသို့ ရောက်နေသော ဦးတူ ဆိုသူကို လှမ်းခေါ်လိုက်သည် ။ ဦးတူမှာ ယောမင်းကြီးဦးဘိုးလိူင် နှင့် ကျောင်းနေဖက်ဖြစ်၏ ။

ဘုန်းကြီးကျောင်းနေစဥ်ကပင် စာသင်ဖော် စာသင်ဖက် ဖြစ်ပေသည် ။ ဦးတူ ရောက်လာသောအခါ သူငယ်ချင်းမောင်တူရေ မင်းနဲ့ငါ ကလေးဘဝ ဘုန်းကြီးကျောင်းသားတုန်းကလို လမ်းကလေးလျှောက်ပြီး အေးအေးဆေးဆေး စကားစမြည်ပြောလို့ လာနေလှည့်ပါ ။ ငါ့ကို ထမင်းဟင်း ချက်တတ်သလို ချက်ပြီးတော့ ကျွေးလှည့်ပါကွယ် ။

ယောမင်းကြီးဦးဘိုးလိူင်ကား ထင်ရှားကျော်ကြားသူ ဂုဏ်ဒြပ်ထည်ဝါသူ ဖြစ်ရလေကား အခြွေအရံတွေ အသိုက်အမြုံတွေ များစွာရှိ၏ ။သို့ပါသော် လည်း သေဖို့ရာ နီးလာခဲ့ပြီမို့ အဆိုပါ သံယောဇဥ်တို့အား ဖြတ်လို၍ ၄င်းမိသားစု မည်သူ မည်ဝါမျှ မိမိထံ မလာစေခဲ့ ။ သီးသန့်အိမ်ကလေး တလုံး၌ ငယ်သူငယ်ချင်း နှစ်ယောက်အတူနေကြသည် ။

ဦးတူမှာ ယောကျ်ားသား ဖြစ်သည့်အတွက် ထမင်းဟင်းချက်ပြုတ်ပုံမှာ အသားမကျပေ ။ ငန်သည့်အခါငန် ၊ တူးသည့်အခါတူး ၊ ချဥ်သည့်အခါချဥ် ၊ စပ်သည့်အခါစပ်နှင့် ။ သို့သော်ငြား ဦးဘိုးလိူင်သည် ဂျီအိပတ္တမများ ။အောင့်အည်းသည်းခံကာ စားစမြဲပင် ။ညနေဘက်ရောက်လျှင် သူငယ်ချင်းနှစ်ယောက် လမ်းအတူလျှောက်ရင်း စကားတွေ
ပြောကြ၏ ။

တရားအတူ ရှု့မှတ်ကြ၏ ။ ဘုရားအတူရှိခိုးကြ၏ ည ၁၀ နာရီ အိပ်ယာဝင်ပြီ ဆိုပါက ဦးတူက မဟာသတိပဋ္ဌာနသုတ်တော်ကြီးကို ရွပ်ဖတ်ပူဇော်၍ ဦးဘိုးလိူင် အားသိပ်သည်ဟူ၏ ။ ထိုသို့သူငယ်ချင်းနှစ်ယောက် နေလာလိုက်ကြသည်မှာ နှစ်လတင်းတင်းပြည့်၍ သေရမည့်နေ့သို့ ကျရောက်ခဲ့ပေပြီ ။

ည ၁၀ နာရီခန့်ရောက်သောအခါ ဦးဘိုးလိူင်က သူငယ်ချင်း မောင်တူရေ မင်းမှာအပြစ်ရှိရင်လည်း ခွင့်လွှတ်ပါတယ် ငါ့မှာအပြစ်ရှိရင်လည်း ခွင့်လွှတ်ပါကွယ် ဟူ၍ ခွင့်လွှတ်စကား တောင်းပန်စကားတို့ကို ဆို၏ ။ တဖန်....... ကဲ ...ငါ့ကို ခါတိုင်းညတွေလိုပဲ မဟာသတိပဋ္ဌာန သုတ်တော်ကြီးကို ရွတ်ဖတ်ပြီး သိပ်ပေတော့ကွယ် ဟုဆိုလေ၏ ။

ဦးတူ မှ မဟာသတိပဋ္ဌာန သုတ်တော်ကြီးကို ရွတ်ဖတ် သရဇ္စျာယ်နေချိန်ဝယ် ဦးဘိုးလိူင်သည် ခုတင်ပေါ်၌ ပက်လက်ကလေးလှန် ၊ လက်အုပ်လေးချီပြီး တရားတော်ကို နာယူနေခဲ့၏ ။ မဟာသတိပဋ္ဌာန သုတ်တော်ကြီးကို ရွတ်ဖတ်ပြီးချိန်ဝယ် ဦးဘိုးလိူင် အိပ်ပျော်သွားသကဲ့သို့ ဦးတူလည်း အိပ်ပျော်သွားတော့၏ ။

မနက်အာရုဏ်တက် လေးနာရီထိုးသည့်အခါ ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံ ကြား၍ ဦးတူနိုးလာသည် ။ ထိုအခါ ဦးဘိုးလိူင်အား ဘုရား ရှိခိုး ပုတီးစိပ်ရန် နိူးလိုက်သည် ။ သို့သော်ငြား ဦးဘိုးလိူင်ကား သက်ဝင်လူပ်ရှားမလာတော့ ။

ခုတင်ပေါ်၌ လက်အုပ်ကလေးချီလျက် ကွယ်လွန်ရှာခဲ့ပေပြီ ။ ဦးဘိုးလိူင်ကား တရားအသိဖြင့် တရားနာ တရားရှုမှတ်ရင်း ကွယ်လွန်ခဲ့သော သူတော်ကောင်းပုဂ္ဂိုလ်ကြီးပင် ဖြစ်ပေတော့သည်။

Credit original uploader and photo

26/12/2023
၁၄ ကြိမ်မြောက် ဗုဒ္ဓ ဓမ္မ ယဥ်ကျေးမှုသင်တန်းဒီဇင်ဘာကျောင်းပိတ်ရက် ၅.ရက် မြောက်နေ့၁၃၈၅ ခု နတ်တော်လဆန်း. ၁၄.ရက် ၂၆.၁၂.၂၀၂၃ ...
26/12/2023

၁၄ ကြိမ်မြောက် ဗုဒ္ဓ ဓမ္မ ယဥ်ကျေးမှုသင်တန်း
ဒီဇင်ဘာကျောင်းပိတ်ရက် ၅.ရက် မြောက်နေ့

၁၃၈၅ ခု နတ်တော်လဆန်း. ၁၄.ရက်
၂၆.၁၂.၂၀၂၃
နေပြည်တော် တပ်ကုန်းမြို့နယ်

ဆင်းရဲခြင်းနဲ့ တွေ့ကြုံရမှ...ဒုက္ခ"ရောက်တယ်မထင်နဲ့၊ချမ်းသာရင်လည်းဒုက္ခ"ရောက်တာပါပဲ!မုန်း"မှစိတ် ပူလောင်ရတာမဟုတ်ဘူး၊ချစ်ရ...
17/12/2023

ဆင်းရဲခြင်းနဲ့ တွေ့ကြုံရမှ...
ဒုက္ခ"ရောက်တယ်
မထင်နဲ့၊

ချမ်းသာရင်လည်း
ဒုက္ခ"ရောက်တာပါပဲ!

မုန်း"မှ
စိတ် ပူလောင်ရတာ
မဟုတ်ဘူး၊

ချစ်ရင်"လည်း
ပူလောင်ရတာပဲ!

လောကဓံ (ရှစ်ပါး)ဆိုတာ
ဆန့်ကျင်ဘက်
တရား"တွေ ပဲ၊

အပြန်"အလှန်
ဒုက္ခ"ရောက်နေကြရတာ၊

လောကဓံ မုန်တိုင်းနှင့်
ကြံ့ခိုင်သည့် စိတ်ထား
ဘယ်လိုထားမလဲ ဆိုတာပဲ
အရေးကြီး ပါတယ်။

----------------------
ဖုဋ္ဌဿ လောက ဓမ္မေဟိ
စိတ်တံ ယဿ န ကမ်ပတိ
အသောကံ ဝိရဇံ ခေမံ.

လောကဓံတရား တစ်ပါးပါးနှင့် ထိတွေ့
ခံစားရတဲ့အခါl

စိတ်သည် မတုတ်လှုပ်ပါစေနှင့်l
မတွေးတော မစိုးရိမ်ပါနှင့်
မက်မောမှု မရှိပါနှင့်

ကြည်လင်အေးချမ်းအောင်
စိတ်ကို လေ့ကျင့် မွေးမြူထားပါ။

မတုန်မလှုပ်ရပ်တည် နေနိုင်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာတစ်ပါးဖြစ်ပေ၏။

*****လောကဓံ တရား ရှစ်ပါး****

(၁) လာဘ ... ပစ္စည်းဥစ္စာရခြင်း
(၂) အလာဘ.. ပစ္စည်း ဥစ္စာမရခြင်း
(၃) ယသ ... အခြွေအရံပေါများခြင်း
(၄)အယသ . .အခြွေအရံမရှိခြင်း
(၅)နိန္ဒာ... အကဲ့အရဲ့ခံခြင်း
(၆) ပသံသာ.. အချီးမွမ်းခံရခြင်း
(၇) သုခံ.. ချမ်းသာခြင်း
(၈) ဒုက်ခံ ....... ဆင်းရဲခြင်း ။

လ ဆိုတာ ပြည့်ပြီးရင် ကွယ်ရတာပဲ။ဘဝဆိုတာလည်း တက်ပြီးရင်ကျရတာပဲ။ဖြစ်ပြီးရင်လည်း ပျက်ရတာပဲ။ဘာမှတစ်သမတ်တည်း မရှိဘူး။သေချာပေါက...
16/12/2023

လ ဆိုတာ ပြည့်ပြီးရင် ကွယ်ရတာပဲ။
ဘဝဆိုတာလည်း တက်ပြီးရင်ကျရတာပဲ။
ဖြစ်ပြီးရင်လည်း ပျက်ရတာပဲ။
ဘာမှတစ်သမတ်တည်း မရှိဘူး။
သေချာပေါက်ရှိနေတာကတော့ မမြဲခြင်းပဲ။

ရှိနေတဲ့အနေအထားကို လက်ခံနိုင်ရမယ်။
ရင်ဆိုင်နိုင်ရမယ်။ ဘဝဆိုတာ လ လိုပဲ။
အမြဲတမ်းပြည့်နေတာ မဟုတ်သလို
အမြဲကွယ်နေတာတော့ မဟုတ်ဘူး။
တဖြည်းဆန်း၊ တဖြည်းဖြည်းပြည့်၊
တဖြည်းဖြည်းဆုတ်၊ တဖြည်းဖြည်းကွယ်။
ဒါဟာ သဘာဝရဲ့ အပြောင်းအလဲ၊
ဘဝရဲ့ အပြောင်းအလဲပဲ....

အဆင်ပြေနေလို့လည်း
သတိလက်လွတ် မဖြစ်ဖို့ လိုသလို
အဆင်မပြေလို့လည်း
စိတ်ပျက်လက်ပျက် ဖြစ်နေဖို့ မဟုတ်ဘူး။
ဖြစ်လိုက်ပျက်လိုက်၊ ပြေလိုက်မပြေလိုက်၊
တက်လိုက်ကျလိုက် ဖြစ်နေတာကိုက
ဘဝရဲ့ သင်္ကေတပဲ။
အချိန်နဲ့အခြေအနေ အခိုက်အတံ့ကို
မယိမ်းယိုင်အောင် ထိမ်းနေနိုင်ရင်
ဘဝရဲ့လောကဓံဆိုတာ ကျော်လွှားသွားမှာပါပဲ။

အရေးကြီးဆုံးကတော့ ဘဝအရှိကို
ဓမ္မအသိနဲ့ ညှိဖို့ပဲ။ ဘဝထဲမှာ ဓမ္မတွဲထားဖို့ပဲ။
ဓမ္မမပါတဲ့ ဘဝဟာ အလှမဖြာဘူး။
တရားမရှိတဲ့ ဘဝဟာ အားမရှိဘူး။
ရုပ်ဝတ္ထုအားတွေ ဘယ်လောက်ပဲရှိရှိ
ဓမ္မအားမရှိရင် ဘဝအမှားတွေကြား
အလှတရားတွေ ရှားနေကြမှာ အမှန်ပဲ။

ဒါကြောင့်
ဘဝပြည့်နေလို့လည်း ဓမ္မမမေ့နဲ့။
ဘဝကွယ်နေလို့လည်း ဓမ္မမပယ်နဲ့။
ဘဝကယ်ဖို့ဆိုတာ
ဓမ္မနဲ့ပဲ ဖြေဆည်ရမှာဖြစ်တဲ့အတွက်
အပ္ပမာဒတရားလက်ကိုင်ထား
သတိအားတွေ မကျအောင်ပဲ
ကြိုးစားကြရမှာပဲပေ........

"ကြေးစည်သံကြားရင် ခွေးဘာကြောင့် အူရသလဲ"****************"ဘာဖြစ်လို့ကြေးစည်လိုတာလဲဗျ။ကုသိုလ်ကောင်းမှုတွေ ပြုပြီးတိုင်းဘာကြ...
15/12/2023

"ကြေးစည်သံကြားရင် ခွေးဘာကြောင့် အူရသလဲ"

****************

"ဘာဖြစ်လို့ကြေးစည်လိုတာလဲဗျ။
ကုသိုလ်ကောင်းမှုတွေ ပြုပြီးတိုင်း
ဘာကြောင့် ကြေးစည်တီးရတာလဲဗျ။"
ဆရာတော်ဘုရားကြီး အမေးရှိလိုက်ပေပြီ။
ဘယ်သူမှ ရုတ်တရက် မဖြေနိုင်ကြပါ။
ကြေးစည်ကလေး ဆောင်ထားလေ့ရှိသော
ပုတီးဆရာတစ်ဦးက" ကြေးစည်ဆိုတာ
ကြီးလေ စည်လေပေါ့ကွာ။ ကြီးအောင်
စည်အောင်ပေါ့ကွာ "လို့ပြောဖူးတာ အမှတ်ရလာပါတယ်။
ဒါပေမယ့် တိကျတဲ့ အဖြေမျိုး မဟုတ်တဲ့အတွက်
အဲ့ဒီအဖြေကို ကျွန်တော်မလျှောက်တင်ရဲပါ။

ဆရာတော်ဘုရားကြီးက -
"ကြေးစည်သံကြားရင် စိတ်ထဲ အေးမသွားဘူးလား။
ရဟန်းသံဃာတွေ ဖူးလိုက်ရရင်ရော အေးမသွားဘူးလား။
တရားနာလိုက်ရတော့လည်း အေးမသွားဘူးလား။
ကြေးစည်ဆိုတာ အေးတာကို ကိုယ်စားပြုတာ။
ကိလေသာ အပူမီးတွေ ဝိုင်းနေတဲ့လူတွေကို
အအေးဓာတ်၊ အငြိမ်းဓာတ်၊ နိဗ္ဗာနဓာတ်ကြီး
သတိရအောင် နှိုးဆော်လိုက်တာ။"
"ပြီးတော့ ကြေးဆိုတဲ့ သတ္ထုက အလွန်အေးတာ။
ဟိုး မြေကြီးထဲ အတွင်းနက်နက် မြေဆီကနေ
ကြေးဖြစ်လာတာ။ ဒါကြောင့် ကြေးစည်သံများ
မကြားလိုက်နဲ့တစ်ခါတည်း အေးခနဲ ဖြစ်သွားတော့တာ။
ဓာတ်ခိုက်တာ၊ ဓာတ်ကူးတာပေါ့" လို့ရှင်းပြလိုက်တော့မှ
အားလုံးသဘောပေါက်သွားပါတယ်။

ဆရာတော်ဘုရားကြီးက ဆက်ပြီးတော့ မေးပြန်ပါတယ်။
"ကြေးစည်သံကြားရင် လူတွေကတော့ အေးခနဲ ခံစားရပြီး
ခွေးတွေက ဘာလို့အူရတာတုံးဗျာ။"
ကျွန်တော်တို့မဖြေနိုင်ပါ။
"ကြေးစည်က အအေး၊ ခွေးက အပူဗျ။
ခွေးများ ဘယ်လောက်ပူတိုန်းဆိုရင်
ခွေးသားစားမိသူဟာ ပူလွန်းလို့ရေချိုးရေစိမ်
လုပ်ရဆိုပဲဗျ။"
"အလွန်ပူတဲ့ခွေးဟာ အလွန်အေးတဲ့ ကြေးစည်သံကြားတော့
ခံစားမှုတစ်မျိုး ဖြစ်ပေါ်ပြီး အူတော့တာပါပဲဗျာ။"
ဆရာတော်ဘုရား ရှင်းပြတာကို ပရိတ်သတ်
ဘ၀င်ကျသွားပါတယ်။ ဒါလည်း အပူနဲ့အအေး
ထိခတ်တုံ့ပြန်မှု တစ်မျိုးလို့ နားလည်မှတ်သားခဲ့ရပါတယ်။


မဟာဗောဓိမြိုင်ဆရာတော် နင့်
အမေးအဖြေ
ပြန်လည်မျှဝေခြင်းဖြင့် - အရှင် မဟောသဓ ဘုရားငါးဆူတောင် မှဓမ္မဒါန

အစားစကား သတိထား..~~~~~~~~~~အစားဆိုတာ ကြိုက်တာကို မစားရဘူး။ တည့်တာကို စားရတယ်။ ကြိုက်တိုင်းစားရင် ရောဂါများတတ်တယ်။ တည့်တာ...
13/12/2023

အစားစကား သတိထား..
~~~~~~~~~~
အစားဆိုတာ ကြိုက်တာကို မစားရဘူး။ တည့်တာကို စားရတယ်။ ကြိုက်တိုင်းစားရင် ရောဂါများတတ်တယ်။ တည့်တာစားမှ ကျန်းမာရေးကောင်းတယ်။

စကားဆိုတာ ပြောချင်တိုင်း မပြောရဘူး။ ပြောသင့်မှ ပြောရတယ်။ ပြောချင်တိုင်းပြောရင် အမှားများတတ်တယ်။ ပြောသင့်မှပြောတာက အပြစ်ကင်းတယ်။

အပေါင်းအသင်းဆိုတာ ပေါင်းချင်တိုင်း မပေါင်းရဘူး။ ပေါင်းထိုက်မှ ပေါင်းရတယ်။ ပေါင်းချင်တိုင်းပေါင်းရင် မကောင်းတဲ့သူနဲ့တွေ့တတ်တယ်။ ပေါင်းထိုက်တဲ့သူပေါင်းမှ အကျိုးရှိတယ်။

အနေအထိုင်ဆိုတာ နေချင်သလို မနေရဘူး။ နေတတ်အောင် နေရတယ်။ နေချင်သလိုနေရင် အကုသိုလ်အဖြစ် များတတ်တယ်။ နေတတ်အောင်နေမှ အကုသိုလ်အဖြစ်နည်းတယ်။

29/11/2022

ဂုဏ်ပြုပွဲဇော်ပွဲ အခမ်းအနား ၌
မှတ်တမ်းပုံရိပ်.အစီစဥ်များ.အား...
နေပြည်တော် တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာ အောင်မြေဗောဓိဓမ္မရိပ်သာ ကျောင်းအတွင်း ဒါယကာ ဒါယိကာများ မှ ထပ်ဆင့်ပြု ဂုဏ်ပြုပူဇော်ပွဲ အား.
အများသူငှာ ဝမ်းမြောက်စွာ သာဓုခေါ၍ ကုသိုလ် ပွားများနိုင်စေရန်.ရိုက်ကူးထားသော
ဗီဒယိုမှတ်တမ်း.အား...

၁။ မနက်ပိုင်း အစီစဥ်....

၂။ ညပိုင်း အစီစဥ် တို့အား...ရိုက်ကူးထားသော မှတ်တမ်းအကျဥ်းဖြစ်ပါသည်။

နယ်စပ်ဒေသဖြစ်သောကြောင့်...ဒုက္ခများတယ်... #ဘုရားရှင် ဟောထားပါတယ်  အပါယ်လေးဘုံက ပုထုဇဉ်တွေရဲ့ အိမ်  တဲ့ ကိုယ့်အိမ်နဲ့ အတူ...
07/07/2022

နယ်စပ်ဒေသဖြစ်သောကြောင့်...ဒုက္ခများတယ်...

#ဘုရားရှင် ဟောထားပါတယ်
အပါယ်လေးဘုံက ပုထုဇဉ်တွေရဲ့ အိမ် တဲ့
ကိုယ့်အိမ်နဲ့ အတူတူပဲ တဲ့

အခုက
အိမ်လည်လာတာ ဆိုရင်
အချိန်တန်ရင် အပါယ်လေးဘုံ ဆိုတဲ့
ကိုယ့်အိမ်ကို ကိုယ်ပြန်ရမှာပါ

ဟိုလိုလို , ဒီလိုလိုနဲ့ နေကြရင်
ငရဲ , တိရစ်ဆာန် , ပြိတ္တာ , အသူရကယ် ဆိုတဲ့
ကိုယ်အရင်က နေခဲ့တဲ့ ဒုက္ခဘုံ
ဆင်းရဲအိမ်ကို ပြန်ရမှာပါ

သတိ ရှိလို့ အသိဉာဏ်တွေ တိုးလာတော့မှ
မိမိတို့ ပုထုဇဉ်ဘဝက လွတ်မြောက်ပြီး
အပါယ်လေးဘုံ ဒုက္ခဆင်းရဲအိမ်ကို
ပြန် မရောက်တော့မှာပါ

အသိဉာဏ် ဆိုတာက
အမျိုးမျိုး အဆင့် ရှိကြတယ်

အဓိက ကေတာ့ -
#သံဝေဂဉာဏ်တွေ ရဖို့
# ဝိပဿနာဉာဏ်တွေ ရပြီး
# မဂ်ဉာဏ် , ဖိုလ်ဥာဏ် အဆင့်ထိ
ရောက်နိုင်ရင်တော့...စိတ်ချရတာပေါ့

ရှေးဦးစွာ သံဝေဂဉာဏ် ရပြီးတော့
အဲဒီ သံဝေဂဉာဏ်နဲ့ပဲ
ငါတို့ နေရတဲ့ ဘဝ သံသရာကြီးထဲမှာ
သတိလေး တစ်ချက်လောက် လွတ်ပြီး
ဟိုလိုလို ဒီလိုလိုနဲ့ ပေါ့တီးပေါ့ဆ နေလို့ကတော့
အပါယ်လေးဘုံ ပြန်ရောက်မှာ အသေချာပဲ

သံသရာခရီးက ဆက်ပြီး သွားရဦးမှာ
မိမိကိုယ်ကို ဧည့်သည် လို့ သဘောပေါက်ရင်
သတိ , ပညာ အလွတ်မခံဘဲ
ဝိပဿနာဉာဏ် ရအောင် ရှုရတာ
ကြိုးစားထားဖို့ပါတယ်...

အမှန်တကယ်လည်း
လူ့ဘဝဆိုတာ ဧည့်သည်လို နေကြရတာ
နေတတ် ထိုင်တတ်ဖို့ အရေးကြီးတယ်လို့

မိမိတို့သည် နယ်စပ်ဒေသ၌ နေကြခြင်းဖြစ်ပါတယ်...
၃၁ ဘုံ၌ မိမိတို့၏ အထက်၌ နတ်ပြည်.၆ ထပ်နဲ့
ဗြဟ္မာ ၂၀ ဘုံရှိကြပါတယ်...
မိမိတို့၏ အောက်၌ အပါယ်..၄ ဘုံဟုဆိုအပ်သော
ငရဲ တိရိစ်ဆာန် ပိတ္တာ အသူရကာယ်.တို့ဖြစ်ကြတယ်နတ်ပြည်နဲ့...အပါယ်.၄ ဘုံတို့ ၏ နယ်စပ်၌ ရောက်နေသောကြောင့် လူဘဝအန္တရာယ် နဲ့ ဒုက္ခများတယ်...

နိုင်ငံ ဒေသ အသီးသီးတို့၌လည်း ပြဿနာ မျိုးစုံးကို ရင်ဆိုင်
ကြုံတွေ့ ပြေးလွှာ ဒုက္ခရောက်နေကြတာလည်း...နယ်စပ်ဒေသက လူတွေပို ၍ ကြုံရတယ်...

ထိုအတူ. နတ်ပြည်နဲ့..အပါယ် ၄ ဘုံကြား၌ ရောက်ရှိနေကြတဲ့
မိမိတို့သည်းလည်း....အသိ သတိ တချက် လွတ်တာနဲ့
နတ်ပြည်ရောက်ဖို မသေချာပေမယ့်....အပါယ် ၄ ဘုံကိုရောက်ဖို့တော့ သေချာပါတယ်...

ဘဝ ကို ဓမ္မ ဖြင့် အလင်းဆောင်နိုင်ကြပါစေ...

"သတိနဲ့မနေတဲ့စိတ်ဟာ အရူးလိုပါပဲ"  *********************မီးလောင်ခံရမှ ဆင်းရဲဒုက္ခရောက်တယ် မထင်နဲ့။ရေနစ်၊ရေကြီးရင်လည်း ဆင်...
24/06/2022

"သတိနဲ့မနေတဲ့စိတ်ဟာ အရူးလိုပါပဲ"
*********************

မီးလောင်ခံရမှ ဆင်းရဲဒုက္ခ
ရောက်တယ် မထင်နဲ့။
ရေနစ်၊ရေကြီးရင်လည်း
ဆင်းရဲဒုက္ခရောက်တာပဲ။
ဆင်းရဲတာမှ ဒုက္ခရောက်တယ် မထင်နဲ့
ချမ်းသာရင်လည်း ဒုက္ခရောက်နေတာပဲ

မုန်းမှ စိတ်ပူလောင်ရတာမဟုတ်ဘူး
ချစ်ရင်လည်း စိတ်ပူလောင်ရတာပဲ။
လောကဓံတရားရှစ်ပါးဆိုတာ
ဆန့်ကျင်ဘက်တရားတွေပဲ
အပြန်အလှန်ဒုက္ခရောက်နေကြတာ
လောကဓံမုန်တိုင်းနဲ့ကြံ့ခိုင်သည့်စိတ်ထား
ဘယ်လိုထားမလဲဆိုတာပဲ အရေးကြီးတယ်

သက်ဆိုးရှည်တယ်ဆိုတာ
လောဘ ဒေါသ မောဟ အကုသိုလ်
မကင်းပဲနဲ့ အသက်ရှင်နေတာ။
သက်ကောင်းရှည်တယ် ဆိုတာ
ကုသိုလ်ကောင်းမှုတွေများများ
လုပ်ရင်းနဲ့ အသက်ရှင်နေတာ။

ငွေ၊ဂုဏ်၊ရာထူး၊စည်းစိမ်
နောက်လိုက်ရင်းနဲ့ မိသားစုနဲ့
ဝေးသထက် ဝေးနေကြရတယ်။
ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေနဲ့
အတူမနေရတဲ့ နေ့တွေ ပိုများလာတယ်
ကိုယ်ဆောက်ထားတဲ့ တိုက်ကြီးပေါ်မှာ
နေရတဲ့ ရက်တွေ မရှိသလောက်
ရှားလာတယ်။
ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ အချိန်
မရှိသလောက် ဖြစ်လာတယ်

သာသနာထွန်းကားတယ်ဆိုတာ
အမှန်တရားကို သိရှိတာ လက်ခံတာ
လိုက်နာကျင့်သုံးတာ။
သာသနာကွယ်တယ်ဆိုတာ
အမှန်တရားကို မသိတာ
လက်မခံတာ မလိုက်နာမကျင့်သုံးတာ

ကြောက်တဲ့စိတ်နဲ့ကြည့်ရင်
တစ်လောကလုံးက ကြောက်စရာချည်းပဲ။
သံသယစိတ်နဲ့ကြည့်ရင် အရာရာကို သံသယဖြစ်စရာချည်းပဲ။
အားကိုချင်တဲ့စိတ်နဲ့ကြည့်ရင်
အကုန်လုံးက အားကိုချင်စရာချည်းပဲ
လိုချင်တဲ့စိတ်နဲ့ကြည့်ရင်
အရာရာ လိုချင်စရာချည်းပဲ
စားချင်တဲ့စိတ်နဲ့ကြည့်ရင်
အရာရာ စားချင်စရာချည်းပဲ
အရာရာစိတ်ပဲ စိတ်က ဖန်ဆင်းထားတာပါပဲ

အရာရာရှိတာမဟုတ်ပဲ စိတ်ရဲ့
သတ်မှတ်ချက်တွေပဲ ရှိနေတာ။
စိတ်က လက်ခံရင် လက်ခံသလို ဖြစ်တာပါပဲ
ဦးနှောက်နဲ့တော့ ဥာဏ်မှီမှာမဟုတ်ဘူး
ဦးနှောက်ကတော့ တိရိစ္ဆာန်တွေမှာလည်း ရှိတာပဲ
ဦးနှောက်ဆိုတာ အကန့်အသတ်ရှိတယ်
ကိလေသာရဲ့ လက်နက်ပဲ
ကိလေသာကတော့ တကယ်ရှိတာကို
ဘယ်သိပါ့မလဲ ဖန်ဆင်းထားတာတွေ
သတ်မှတ်ထားတာတွေကို သိမှာပဲ။

ပညတ် ပရမတ် သိတာနဲ့လည်း မမြတ်သေးဘူး။
ပညတ် ပရမတ် ကွဲတာနဲ့လည်း မမြတ်သေးဘူး
ပညတ် ပရမတ် နှစ်ခုစပ် သိတတ်သူက မြတ်

သတိမရှိရင် ၁ စက္ကန့် ၁ မိနစ် ၁ နာရီ အတွင်းမှာ။
အကုသိုလ်စိတ်တွေ လှေတွေ လှည်းတွေ ကားတွေနဲ့
တိုက်လို့ မကုန်နိုင်အောင် များလွန်းလှတယ်
သတိနဲ့မနေတဲ့စိတ်ဟာ အရူးလိုပါပဲ

တရားအားထုတ်တယ်ဆိုတာ စိတ်ကိုပြင်တဲ့ အလုပ်ပါပဲ
မြတ်စွာဘုရား နောက်ဆုံးသာသနာမှာ စိတ်ကိုပြင်ဖို့ အရေးတကြီးလုပ်သင့်ပါပြီ။

ဓမ္မမိတ်ဆွေများ ကိုယ်စိတ်လန်း၍ ချမ်းမြေ့ကြပါစေ
............................................
၂၀၁၉ စာစု အားပြန်လည်မျှ​ဝေခြင်း။
#တရားစခန်း #ရိပ်သာ #ကျင့်စဥ်

အချိန်ယူပြိး ကြိုတင်ပြင်ဆင်ထားမှ......ဓမ္မကိုအဖော်ပြုတယ်ဆိုတာသေခါနီးကာလနောက်ဆုံး အချိန်ကြမှ အဖော်ပြုလို့ကတော့ ကိုယ့်သန္တ...
24/06/2022

အချိန်ယူပြိး ကြိုတင်ပြင်ဆင်ထားမှ......ဓမ္မကိုအဖော်ပြုတယ်ဆိုတာသေခါနီးကာလနောက်ဆုံး အချိန်ကြမှ အဖော်ပြုလို့ကတော့ ကိုယ့်သန္တာန်ထဲမှာ ဓမ္မက ရောက်လာမှာမဟုတ်ဘူး။
ဓမ္မကလွယ်လွယ်ကူကူနဲ့ရင်ထဲ နှလုံးသားထဲရောက်မလာနိုင်သည့်အတွက် အဖော်ပြုဖို့ရာ အချိန်ယူပြီးကြိုတင်ပြင်ဆင်မှုလုပ်ထားရမယ်၊ အဲလိုလုပ်မထားလို့ရှိရင် နောက်ဆုံးအချိန်မှာ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ပြီး ဒုက္ခဆင်းရဲတွေနဲ့ ရင်ဆိုင်သွားရတတ်တယ် ကိုယ့်အတွက်တကယ်ကိုအဖော်ပြုရမယ့်အရာဟာ ဘာလဲဆိုတာရွေးချယ်ထားဖို့လိုတယ်..

မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ မြတ်သောဥစ္စာဆိုတာက ဘာတွေလဲဆိုရင် သဒ္ဓါ သီလ သုတ စာဂ ပညာဆိုတဲ့လူ့ရဲ့အရည်အချင်းတွေပဲဖြစ်တယ်။

5 Sep 2020
ပြန်လည်မျှ​ဝေသည်။

Address

Yangon

Opening Hours

Monday 05:30 - 20:30
Tuesday 05:30 - 20:30
Wednesday 05:30 - 20:30
Thursday 05:30 - 20:30
Friday 05:30 - 20:30
Saturday 05:30 - 20:30
Sunday 05:30 - 20:30

Alerts

Be the first to know and let us send you an email when ရတနာ့ ဂုဏ်ရည် ဓမ္မရိပ်သာ Yadana Gone Ye Meditation Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to ရတနာ့ ဂုဏ်ရည် ဓမ္မရိပ်သာ Yadana Gone Ye Meditation Centre:

Share