11/04/2026
Sunday School ဆရာ/ဆရာမများ သင်တန်း အောင်မြင်စွာ ပြီးဆုံးခြင်း 🎉
ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ 🙏✨
၂၀၂၆ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့မှ (၁၀) ရက်နေ့အထိ (၅) ရက်တိုင်တိုင် ပြုလုပ်ခဲ့တဲ့ Believers Church Myanmar ရဲ့ ဥပုသ်စာဖြဆရာမများ သင်တန်းကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ။
သင်တန်းကာလ အတွင်း အကောင်းဆုံး ဦးဆောင်သင်ကြားပေးခဲ့တဲ့ ကျွန်တော်တို့ ရဲ့မိတ်ဖက် Community Bible Study က ခေါင်းဆောင်များနဲ့ဆရာ၊ဆရာမများကိုလည်း အထူးကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်။
ဒါ့အပြင် အဖက်ဖက်ကနေ ပံ့ပိုးပေးခဲ့ကြတဲ့ အသင်းတော် ခေါင်းဆောင်များနဲ့ ကလေးငယ်များအပေါ် ဝန်တာထားလျက်စိတ်အားထက်သန်စွာ သင်ကြားခံယူခဲ့ကြတဲ့ ဥပုသ်စာဖြေဆရာ/ဆရာမများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ သင်ကြားခံယူခဲ့တာတွေကို မိမိတို့အသင်းတော်များ တွင်အကောင်းဆုံး ပြန်လည်အသုံးပြုနိုင်ကြပါစေ။