Young Men's Buddhist Association YMBA

Young Men's Buddhist Association YMBA This is Young Men's Buddhist Association 's official page.

29/03/2025
06/03/2025

ရုရှား-မြန်မာချစ်ကြည်ရေးသီချင်း "မဟာမိတ်သစ္စာ" သီချင်းဖြင့် ရုရှားနိုင်ငံတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ရာသက်ပန်နာယကကြီးအား လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။

ဤသီချင်းကို YMBA ယဉ်ကျေးလိမ္မာနည်းပြ သရုပ်ဆောင် တေးသံရှင် လီလီနိုင်ကျော် (ဝိုင်အမ်ဘီအေဂုဏ်ရည်)က သီဆိုပြီး ဝင်းမော်(ရွှေသံစဉ်)မှ ရွှေသံစဉ်တီးဝိုင်းဖြင့် တီးခတ်ကာ STZ Studio တွင် တည်းဖြတ်အသံသွင်းခဲ့ခြင်းဖြစ်ပါသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)

10/02/2025
ဘာသာ သာသနာ စော်ကားသူအား သက်ဆိုင်ရာမှ ပြင်းထန်စွာ အရေးယူပေးပါရန်
10/02/2025

ဘာသာ သာသနာ စော်ကားသူအား သက်ဆိုင်ရာမှ ပြင်းထန်စွာ အရေးယူပေးပါရန်

စိန်ရတု
27/12/2024

စိန်ရတု

18/09/2024

ဂုဏ်ပြုမှတ်တမ်းတင်ခြင်း

ပြည်သူအများ ဘေးဒုက္ခကြုံလာချိန်၌ မိမိအသက်ကိုပင် မငဲ့ကွက်ကြဘဲ စွန့်လွှတ်စွန့်စားစွာ ကယ်ဆယ်ရေးလုပ်ငန်းများ စည်းစည်းလုံးလုံး ဆောင်ရွက်ခဲ့ကြသည့် ပရဟိတအသင်းများ၊ ပရဟိတသူရဲကောင်းများ၊ သံဃာတော်အရှင်သူမြတ်များ၊ စစ်သည်တော်များ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် မိမိတို့အသင်းဝင်များ၊ ဝိုင်းဝန်းလှူဒါန်းကြသော အလှူရှင်များ အားလုံးတို့ကို မိမိတို့အသင်းကြီးမှ ပြည်သူ့သားကောင်းများအဖြစ် လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)

ရေဘေးအန္တရာယ်အတွက်အစွမ်းကုန်ကူညီကယ်ဆယ်ရန်အသင်းကြီးအားဗဟိုဥက္ကဋ္ဌညွှန်ကြား(၁၅-၉-၂၀၂၄)ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဗဟိုဥက္ကဋ္ဌဦး...
17/09/2024

ရေဘေးအန္တရာယ်အတွက်အစွမ်းကုန်ကူညီကယ်ဆယ်ရန်အသင်းကြီးအားဗဟိုဥက္ကဋ္ဌညွှန်ကြား
(၁၅-၉-၂၀၂၄)

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဗဟိုဥက္ကဋ္ဌဦးရဲထွန်းမှ နိုင်ငံတွင်း ရေဘေးအန္တရာယ်ကြုံတွေ့နေရမှုနှင့် ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပပြီး အောက်ပါအတိုင်း ညွှန်ကြားခဲ့ပါသည်။

"ယာဂီမုန်တိုင်း​၏ ရိုက်ခတ်မှုအရှိန်ကြောင့် မုန်တိုင်းစက်ကွင်းနှင့် ဆက်စပ်နိုင်ငံများအားလုံး ရေကြီးရေလျှံဘေးဒုက္ခနှင့် တွေ့ဆုံနေရသည်ကို စိတ်မကောင်းစွာ မြင်တွေ့နေရပါတယ်။ ဒါကြောင့် အသင်းကြီးက ဖွဲ့စည်းထားသော သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ကို ချက်ချင်းတာဝန်ပေးပြီး ၁၄-၉-၂၀၂၄ မှာ သဘာဝအဖွဲ့က အဖွဲ့ငယ် (၂)ဖွဲ့ခွဲပြီး လူနာတင်ယာဉ်(၃)စီး လှေ(၂)စီး လူအင်အား (၁၅)ဦးတို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ခဲ့ပါတယ်။ နောက်ထပ် အဖွဲ့ငယ်တွေထပ်လွှတ်နေတာရှိပါတယ်။ ရေဆင်းလာမယ့် နေရာတွေအတွက်လည်း ကြိုတင်ပြင်ဆင်နေကြပါပြီ။ နောက်ပြီး ဒီနေ့ကစလို့ နိုင်ငံတဝှမ်းမှာရှိကြတဲ့ YMBA အသင်းရုံးတွေကို အရေးပေါ်ကူညီကယ်ဆယ်ရေးဌာနတွေအဖြစ် အစွမ်းကုန် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ကြဖို့ ညွှန်ကြားပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှ ဒေသဆိုင်ရာဥက္ကဋ္ဌများအားလုံး နိုင်ငံ့အရေးမို့ လိုက်နာဆောင်ရွက်ကြဖို့ ထပ်ဆင့်ညွှန်ကြားကြပါ။ သက်ဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြပါ။ ကိုယ်လုပ်တဲ့အလုပ် လူသိဖို့ဆိုတာထက် ကိုယ်လုပ်တဲ့အလုပ် ထိရောက်မှုရှိဖို့က အဓိကကျပါတယ်။ အသင်းဝင်အားလုံး တာဝန်ရှိပါတယ်။ အနယ်နယ်အရပ်ရပ်က အသင်းဝင်တွေထဲက ရေဘေးဒုက္ခကြုံရတဲ့အသင်းဝင်တွေက နီးစပ်ရာအသင်းရုံးတွေကို ဆက်သွယ်ကြဖို့လည်း ညွှန်ကြားကြပါ။ နိုင်ငံ့အရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေ။"

ရဲထွန်း
ဗဟိုဥက္ကဋ္ဌ
အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ
သိရီသုဓမ္မမဏိဇောတဓရ

ဘာသာရေးစော်ကားသူ မိုင်းမိုင်ဆိုင်းသိစေရန်၂၀၂၄ခုနှစ် စက်တင်ဘာလ (၁)ရက်၁။ မိုင်းမိုင်ဆိုင်း(အမျိုးသမီးတေးသံရှင် ကချင်တိုင်း...
02/09/2024

ဘာသာရေးစော်ကားသူ မိုင်းမိုင်ဆိုင်းသိစေရန်

၂၀၂၄ခုနှစ် စက်တင်ဘာလ (၁)ရက်

၁။ မိုင်းမိုင်ဆိုင်း(အမျိုးသမီးတေးသံရှင် ကချင်တိုင်းရင်းသူဟုသိရ)သည် လူသိများသော အခြားဘာသာကိုးကွယ်သူတစ်ဦးအနေဖြင့် မိမိယုံကြည်ကိုးကွယ်ရာမဟုတ်သော ဗုဒ္ဓဘာသာအား ထိခိုက်စေရန်နှင့် သာသနာတော်ညှိုးနွမ်းစေရန် ၎င်း၏လူမှုကွန်ယက်စာမျက်နှာများတွင် စေတီတော်ရင်ပြင်တွင် ဖိနပ်စီး၍ မသင့်လျော်သည့်ပုံများ ဖော်ပြခဲ့မှုသည် မိမိ​၏ ယုတ်ညံ့သည့်ဗီဇနှင့် အောက်တန်းစားစိတ်ဓာတ်ကို လူသိရှင်ကြား ဖော်ကျူးခဲ့ခြင်းပင်ဖြစ်သည်။
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မှီတင်းနေထိုင်ကြသော နိုင်ငံသားတစ်ဦးစီတိုင်းသည် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိတို့ယုံကြည်ရာကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသည်ဟု ညွှန်းဆိုထားသော်လည်း အခြားဘာသာအား ထိခိုက်စော်ကားခြင်းကိုမူ ပြစ်မှုဆိုင်ရာဥပဒေများဖြင့် ကန့်သတ်ထားသည်ကို သတိမူသင့်ပေသည်။
၃။ သို့ပါ၍ ၁၉၆၁ခုနှစ်တွင် နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ကမ္ဘာသိ အသိအမှတ်ပြုထားသည့် ဗုဒ္ဓဘာသာအပေါ် မိုင်းမိုင်ဆိုင်း၏ ရိုင်းပျ ပြုမူ စော်ကားထားမှု လုပ်ရပ်များအား အမြန်ဆုံးပြန်လည် ဝန်ချတောင်းပန်ရန် ပြင်းထန်စွာ သတိပေးလိုက်သည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)

23/08/2024

NIRVANA အမည်နှင့်အရက်သေစာမယှဉ်တွဲအပ်

"Nirvana"​၏ အဓိပ္ပာယ်မှာ ဗုဒ္ဓဘာသာ​၏ အမြတ်ဆုံးသောတရား "နိဗ္ဗာန်" ဖြစ်သည်ဟူ၍ အဘိဓာန်များစွာတွင် အထင်အရှား ဖွင့်ဆိုထားပေသည်။ ထေရဝါဒ ဗုဒ္ဓကျမ်းဂန်အဆိုအရ (၃၁)ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် (၃၁)ဘုံမှ စိတ်၏ လုံးဝချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို "နိဗ္ဗာန်"ဟု ခေါ်သည်။ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့သည်ပင်လျှင် “သန္တိမာရဗ္ဘာတိ အနုပါဒိသေသံ နိဗ္ဗာနံ အာရဗ္ဘ ပဋိစ္စ သန္ဓာယ” နိဗ္ဗာန်ကို ရည်ညွှန်း၍ ညွတ်ကိုင်း၍ ပရိနိဗ္ဗာန်ပြုကြရသဖြင့် ဗုဒ္ဓဘာသာဝင်တို့အတွက် "နိဗ္ဗာန်"သည် တုနှိုင်းမယှဉ်အပ်သော အမြတ်ဆုံးတရားဖြစ်သည်။
သို့ဖြစ်ရာ ထေရဝါဒဗုဒ္ဓဘာသာထွန်းကားရာ ဤမြန်မာနိုင်ငံတော်တွင် "Nirvana"ဟူသောစကားလုံး သုံးကာ အရက်သေစာ သောက်စားရောင်းချ မူးယစ်ပျော်ပါးခြင်းသည် လုံးဝလျော်ကန်မှုမရှိကြောင်း သိစေအပ်ပါသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)

အမှတ်(၂)တပ်မတော်စစ်ဆေးရုံ ခုတင်(၅၀၀)တွင် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့(YMBA)မှ လူ(၁၀၀၀)စာ အာဟာရဒါနလှူဒါန်းခြင်းနိုင်ငံတေ...
23/08/2024

အမှတ်(၂)တပ်မတော်စစ်ဆေးရုံ ခုတင်(၅၀၀)တွင် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့(YMBA)မှ လူ(၁၀၀၀)စာ အာဟာရဒါနလှူဒါန်းခြင်း

နိုင်ငံတော်နှင့်နိုင်ငံသားတို့​၏ သစ္စာကို စောင့်သိရိုသေစွာဖြင့် တိုင်းပြည်တာဝန်များကို ထမ်းဆောင်ရင်း အမှတ်(၂)တပ်မတော်စစ်ဆေးရုံ ခုတင်(၅၀၀)တွင် ဆေးကုသမှုခံယူနေကြသည့် တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားပြည်သူများနှင့် ဆေးရုံဝန်ထမ်းများတို့အတွက် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့(YMBA)မှ လူ(၁၀၀၀)စာ အာဟာရဒါနလှူဒါန်းခြင်းအခမ်းအနားကို ၂၀၂၄ခုနှစ် ဩဂုတ်လ ၂၃ရက် သောကြာနေ့ နံနက်(၁၀:၀၀)နာရီက အမှတ်(၂)တပ်မတော်စစ်ဆေးရုံ ခုတင်(၅၀၀) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အခမ်းအနားကို အမှတ်(၂)တပ်မတော်စစ်ဆေးရုံ ခုတင်(၅၀၀) တပ်မှူး ဗိုလ်မှူးချုပ်ဇော်မျိုးဟန် နှင့်တာဝန်ရှိသူများ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့နာယကဖြစ်သည့် YMBA ဗဟိုဥက္ကဋ္ဌ ဦးရဲထွန်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းဥက္ကဋ္ဌများ ညှိနှိုင်းရေးမှူး ဦးပြည်စိုးဟန်၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးမင်းမြတ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး YMBA အသင်းဥက္ကဋ္ဌ ဦးသန့်စင်၊ ဧရာဝတီတိုင်းဒေသကြီး YMBA အသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းဦး၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ အဖွဲ့ဒုခေါင်းဆောင် ဦးစိုးဝင်းနှင့် ဒေါ်ပြုံးသီတာ၊သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ ဝင် ရန်ကုန်တိုင်းဒေသကြီး တွဲဖက်အတွင်းရေးမှူး ဦးဇမ္ဗူထွန်းဝင်း၊ ဘဏ္ဍာရေးမှူး ဒေါ်သီတာရွှေ၊ ရုံးအဖွဲ့မှူး ဦးရန်လင်းအောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်မှ လှူဒါန်းရခြင်းအကြောင်းရင်းအား ပြောကြားပါသည်။
ထို့နောက် တပ်မှူးမှ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားကာ လက်ဖက်ရည်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
၎င်းနောက် အလှူရှင်အဖွဲ့က ဆေးရုံဝန်ထမ်းများနှင့်အတူဆေးရုံတက်ရောက်နေကြသည့် လူနာများ၊ လူနာစောင့်များနှင့် ဆေးရုံဝန်ထမ်းများအား ထမင်း၊ ဟင်း၊ ချဉ်ရည်ဟင်း၊ ငပိရည်တို့စရာများကို လှူဒါန်းပေးခဲ့ကြကြောင်း သိရှိရပါသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)

၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၁) ရက် ဗုဒ္ဓဟူးနေ့ ၊နံနက် ၉ နာရီအချိန်တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ဘန္ဒရာနာယကေအထိမ်းအမှတ် အ...
22/08/2024

၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၁) ရက် ဗုဒ္ဓဟူးနေ့ ၊နံနက် ၉ နာရီအချိန်တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ဘန္ဒရာနာယကေအထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာ အစည်းဝေးခန်းမဆောင်ကြီးတွင်ကျင်းပသော (၁၄၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား၌ သီတဂူတက္ကသိုလ်များ၏ အဓိပတိ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)၏ ဩဝါဒါဓိပတိဆရာတော်၊ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးအား သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ကေလနီယ တက္ကသိုလ်မှ Doctor of Literature (Honoris Causa) ဘွဲ့ကို ဆက်ကပ်‌ခဲ့ကြောင်း သိရှိရပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

https://my.wikipedia.org/wiki/%E1%80%97%E1%80%AF%E1%80%92%E1%80%B9%E1%80%93%E1%80%98%E1%80%AC%E

Alerts

Be the first to know and let us send you an email when Young Men's Buddhist Association YMBA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share