26/08/2026
သူတစ်ပါး၏ မကောင်းသော စကားများနှင့် ကြုံသည့်အခါ မူလစိတ်ဓာတ် မပြောင်းလဲစေဘဲ မြတ်စွာဘုရား အဆုံးအမအတိုင်း ထိန်းသိမ်းလေ့ကျင့်ရန် အချက်များမှာ-
စိတ်ကို ထိန်းသိမ်းနည်း အဆင့် (၄) ဆင့်
🤨စိတ်မဆိုးအောင် ထိန်းပါ
အပြောမခံရမီက မူလအေးချမ်းသည့် စိတ်အခြေအနေ မပြောင်းလဲသွားအောင် စတင်ထိန်းချုပ်ပါ။
🤨ကြမ်းတမ်းစွာ မတုံ့ပြန်ပါနှင့်
စိတ်မထိန်းနိုင်ဘဲ ဒေါသဖြစ်သွားသည့်တိုင် ရိုင်းစိုင်းမကောင်းမွန်သော စကားများ မထွက်ပါစေနှင့်။
😮💨စေတနာ ပြောင်းလဲပါ
မျိုသိပ်ထားရာမှ မပေါက်ကွဲသွားစေရန် ပြောဆိုသူ၏ အကျိုးကို လိုလားသော စိတ်ကလေး မွေးမြူပေးပါ။
😤မေတ္တာဖြန့်ကျက်ပါ
ထိုသူအပေါ် မေတ္တာထားရုံမက သတ္တဝါအားလုံးအပေါ်သို့ မေတ္တာတိုး၍ ဖြန့်ကျက်ပေးပါ။
😡တင်ပျဉ်ခွေ ထိုင်မှသာ မဟုတ်ဘဲ နေ့စဉ်ဘဝတွင် အပြောဆိုခံရသည့်အခါ မိမိစိတ်မပြောင်းလဲအောင် ထိန်းနိုင်ခြင်းသည်လည်း တရားကျင့်ခြင်းဖြစ်သည်။
🤬အားကစားသမားများ လေ့ကျင့်သကဲ့သို့ မေတ္တာဓာတ်နှင့် စိတ်၏စွမ်းရည် တိုးတက်လာစေရန် ပုံမှန် မဖြစ်မနေ လေ့ကျင့်ယူရမည်။