Zyan Thilna

Zyan Thilna အရဟံ သိဒ္ဓိ

"ပေါင်မုန့်ကို ရေစိမ်၍ ခွေးကျွေးရသော ယတြာ"ကျွန်ုပ်တို့ လူတစ်စုသည် ဦးဇင်းညာကလိ၏ ကျောင်းတွင် ဆုံဖြစ်ကြလေ၏။ ပေတလူသည် ကျွန်ု...
16/05/2026

"ပေါင်မုန့်ကို ရေစိမ်၍ ခွေးကျွေးရသော ယတြာ"

ကျွန်ုပ်တို့ လူတစ်စုသည် ဦးဇင်းညာကလိ၏ ကျောင်းတွင် ဆုံဖြစ်ကြလေ၏။ ပေတလူသည် ကျွန်ုပ်တို့အား နံပြားထောပတ်သုတ်၊ လက်ဖက်ရည်များဖြင့် ဧည့်ခံကျွေးမွေးထားပြီးလျှင် ၎င်းကမူ ကျွန်ုပ်တို့အား နေ့လည်စာကျွေး‌မွေးရန် အတွက် စျေးသို့ သွားလေ၏။

စျေးမှ ပြန်ရောက်သောအခါ ငရုတ်သီးခွဲကြမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငံပြာရည်တို့ဖြင့် ငံပြာရည်ချက် ပြုလုပ်ပြီးနောက် ထိုငံပြာရည်ချက်ထဲတွင် ဘဲဥများကိုဖောက်၍ ထည့်လိုက်သောအခါ ဘဲဥငါးပိချက်ဟင်း ရလေတော့၏။ ထို့ပြင် ဝက်သားဆီပြန်ဟင်းတစ်ခွက် ချက်ရပြန်၏။ အရည်သောက်အဖြစ် ဘူးညွန့်ကို ဟင်းချိုချက်၏။

အလုံးစုံကျက်သောအခါ ဦးဇင်းညာကလိကို ဆွမ်းကပ်၏။ ဦးဇင်းညာကလိ ဆွမ်းဘုဉ်းပေးပြီးသော အခါ ကျွန်ုပ်တို့ လူစုအား ကျွေး‌လေ၏။ ကျွန်ုပ်တို့ လူစုသည်လည်း ပေတလူချက်သော ဟင်းများကို မြိန်ရှက်စွာဖြင့် စားသောက်ကြလေ၏။

ဒေါ်သာဉာဏ်ကြီးကမူ ဘူးညွန့်ဟင်းချိုကို နှစ်နှစ်ခြိုက်ခြိုက် သောက်နေလေ၏။

ကိုပီတာကြီးကမူ ဘဲဥငါးပိချက်ကို တို့စရာများနှင့် တွဲဖက်ကာ မြိန်ရှက်စွာစားသောက်နေ၏။ ထိုအချိန်၌ ဒေါ်သာညဏ်က

ဒီကလူစုနဲ့ တွေ့ရတာ တစ်ခုတော့ ကောင်းတယ်၊ အရေးအကြောင်းဆို ယတြာ တောင်းလို့ရတယ်။ ဟောဒီ ပေတလူလေးကလည်း ယတြာ အကုန်တတ်တယ်။ သူ့အဘ ဆိုတာကလည်း ယတြာ အကုန်တတ်တယ်။ ဓာတ်ရိုက်၊ ဓာတ်ဆင်လည်း လုပ်တတ်တယ်။ နေရာကိုကျနေတာပဲ။ ဒါပေမဲ့ ဒီမှာ ပေးနေတာကတော့ အများစုဟာ ပေတလူရဲ့ယတြာ တွေပဲ ဖြစ်နေတယ်။ အဘဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ပေးတယ်ရယ်လို့ သိပ်မရှိဘူးဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က-

ပေတလူပေးတဲ့ ယတြာတွေချည်း ဖြစ်နေတော့ ကျုပ် မလိုဘူးပေါ့ဗျာ။ သူပေးလို့ မဖြစ်ဘူး ဆိုရင်တော့ ကျုပ် ဝင်ရမှာပေါ့ဟု ကျွန်ုပ်က ပြောလိုက်ရလေတော့၏။ ထိုအခါ ဒေါ် သာဉာဏ်က

အဘပေးတဲ့ ယတြာတွေဟာ တစ်ခါတလေ ဗေဒင်ဆန်တယ်။ တစ်ခါတလေတော့လည်း ဆက်စပ် စဉ်းစားလို့ကို မရဘူး။ လုပ်လိုက်ရင် ဟုတ်သွားတာပဲ၊ ဘယ်လိုဟာတွေလဲ ရှင်းပြပါဦးဟု ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်က

ဒီလိုရှိတယ် ဒေါ်သာဉာဏ်ရဲ့...တစ်ခါတလေလည်း တကယ့် ဗေဒင်ယတြာနည်းတွေ အသုံးပြုလို့ ကောင်းတယ်။ တစ်ခါတလေကျပြန်တော့ ကောင်းကင်ကို မျက်နှာမော့ပြီး ဒီကိစ္စအတွက်လုပ်ရန်ဖြစ်မယ့် ယတြာပေးပါဆိုပြီး အမြန် ဆုတောင်းကာ အာရုံပြုလိုက်တယ်။ အဲဒီလို အာရုံပြုလိုက်ရင် ဘာလုပ်ရမယ်၊ ဘာလုပ်ရမယ် ဆိုတာ အာရုံထဲမှာ ပေါ်လာတော့တာပဲ။ ပေါ်လာတဲ့ အာရုံအတိုင်း ပြုလိုက်ရင် အဲဒီကိစ္စဟာ ပြီးသွားတာပဲ ဟု ပြောလိုက်ရာ ဒေါ်သာဉာဏ်ကြီးက

နမူနာတစ်ခုလောက် ပြောပြပါလား...အဘရယ်ဟု ပြောလေတော့၏။ ထို့ကြောင့် ကျွန်ုပ်လည်း

နမူနာပြောဆိုတော့လည်း ပြောရတာပေါ့ဗျာ၊ တစ်ခါက မနန္ဒာဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ ကျုပ်ဆီကို ရောက်လာတယ်။ သူရော၊ သူ့ယောကျ်ားရောဟာ ကျုပ်နဲ့ အတော်ရင်းနှီးကြပါတယ်။ သူ ရောက်လာတဲ့ကိစ္စကိုမေးတော့ မြေနီကုန်းက ခြံကြီး နဲ့ အိမ်ကြီးကို ဝယ်ဖို့စကားပြောထားတာ စျေးလည်း တည့်နေပြီ။ အဲဒီအချိန်မှာ ရောင်းတဲ့ဘက်က မရောင်းဘူး ဖြစ်နေလို့ လာတာပဲ။ အဲဒီတော့ ကျုပ်က မနန္ဒာရယ် ညည်းမှာလည်း ခြံနဲ့တိုက်ရှိနေတာပဲ။ ဘာလုပ်မလို့လဲလို့ မေးလိုက်တယ်။ အဲ့ဒီမှာ မနန္ဒာက လုပ်ငန်းရှင် တစ်ဦးက အဲဒီနေရာမျိုးမှာ လိုချင်တယ်ဆိုလို့ သမီးက ဝယ်လိုက်ပြီးရင် အဲဒီလူကို ပြန်ရောင်းမလို့ပါ လို့ ပြောတယ်။ သူကလည်း ချက်ချင်းကို ဝယ်ချင် နေတယ်။ သူများ ဦးသွားမှာလည်း စိုးတယ်တဲ့။ ပြီးတော့ ဒါကြီးကိုဝယ်ဖို့ သူ့မှာငွေမပြည့်လို့ ငွေလည်း ဆွဲထားရတယ်တဲ့။ အဲဒီငွေတွေက အတိုးပေးရမှာတဲ့။ မဝယ်လို့ကို မဖြစ်ဘူးတဲ့။ အဲဒီတော့ ကျုပ်လည်း တတ်ထားတဲ့ ယတြာနည်းနဲ့ ဘယ်လိုမှလုပ်လို့ မရဘူးဆိုတာ သိတယ်။ အဲဒါကြောင့် မျက်နှာကို ကောင်းကင်ဘက်ကိုမော့ပြီး မျက်စိမှိတ်ကာ ချက်ချင်း အောင်မြင်မယ့် ယတြာပေးပါလို့ အာရုံပြုပြီး တောင်းလိုက်တယ်။ အဲဒီတော့ မျက်စိထဲမှာ အာရုံတစ်ခု ပေါ်လာတယ်။ တစ်တောင်လောက်ရှိတဲ့ ပေါင်မုန့်ကြီးကို ရေဆွတ်ပြီး အဲဒီဝယ်မယ့် တိုက်ရဲ့ရှေ့မှာ ချထားတယ်။ ခွေးနှစ်ကောင်ဟာ အဲဒီပေါင် မုန့်ကြီးကိုလာပြီး ဆွဲကြတယ်။ မနန္ဒာက အဲဒါကို ကြည့်ပြီး သဘောကျနေတာကိုလည်း တွေ့ရတယ်။ ကျုပ်က အဲဒီတော့ မနန္ဒာ ဒီက အပြန်မှာ တစ်တောင် လောက်ရှိတဲ့ ပေါင်မုန့်ကြီးကို ဝယ်လိုက်။ အဲဒီပေါင် မုန့်ကြီးကို ရေဆွတ်ပြီး အဲဒီဝယ်မယ့်တိုက်ရှေ့မှာ သွားချလိုက်လို့ မှာလိုက်တယ်။ အဲဒီမှာ ခွေးလာဆွဲရင် အောင်ပြီလို့လည်း မှာလိုက်တယ်။

မနန္ဒာဟာ မှာတဲ့အတိုင်း လုပ်တယ်။ ပြီးတော့ ကားကိုမောင်းမထွက်သွားဘဲ ခွေးကဆွဲ၊ မဆွဲ စောင့်ကြည့်သေးတယ်။ ခွေးနှစ်ကောင် လာပြီးဆွဲမှ သူက ကားကို မောင်းထွက်သွားတယ်။ ညလည်း ကျရော ရောင်းမယ့်လူက ရှေ့နေကိုခေါ်ပြီး မနန္ဒာကို ရောင်းမယ်လို့ ပြောပါလေရော။ အဲဒီမှာပဲ ရှေ့နေတွေ ဘာတွေခေါ်ပြီး ရောင်းဖြစ်သွားတယ်‌ပေါ့။ မနန္ဒာ လည်း ဝယ်ဖြစ်သွားတယ်။

အဲဒါကြောင့် နောက်တစ်နေ့မှာ မနန္ဒာရောက် လာပြီး ကျုပ်ကို ငွေတစ်သိန်းကန်တော့တယ်။ ကျုပ် လည်း အဲဒီနေ့မနက်မှာပဲ ခြံထဲက ကလေးတွေကို ဝက်သားဟင်း ချက်ကျွေးလိုက်တယ်။ တစ်ပတ် လောက်ကြာတော့ မနန္ဒာရောက်လာပြီး နန္ဒာလက်ထဲ ခြံနဲ့တိုက်လည်း ရောက်ရော ဝယ်မယ့် လုပ်ငန်းရှင်က အင်တင်တင် လုပ်နေပြန်ပြီ။ အဲဒါလုပ်ပေးပါဦးလို့ ပြောလာပြန်တယ်။ ကျုပ်လည်း မျက်နှာကို ကောင်းကင်ကို မော့ပြီး အာရုံတောင်းလိုက်တယ်။ အာရုံထဲမှာလည်း ပေါင်မုန့်ရေဆွတ်ပြီး ခွေးကျွေးနေတာကိုပဲ မြင်နေရ ပြန်တယ်။ ကျုပ်လည်း မနန္ဒာကို အဲဒီအတိုင်းလုပ်ဖို့ ခိုင်းလိုက်တယ်။ မနန္ဒာလည်း ပေါင်မုန့်ရေဆွတ်ပြီး ခွေးကျွေးလိုက်ပြန်တယ်။ ဝယ်မယ့်လူက ဝယ်မယ် ဆိုပြီး ခြံနဲ့အိမ်ကို လာကြည့်တယ်။ ခြံမှာက ဆိုင်လေးတွေ ဆောက်ပြီး ငှားထားကြတာကိုး။ ဒါပေမဲ့ ဆိုင်လေးတွေ အားလုံးလိုလိုဟာ ဖျက်သွားကြပါပြီ။ ကုလားဒန်ပေါက်ဆိုင်တစ်ဆိုင်ပဲ ကျန်နေတာ။ ဝယ်မယ့်သူက အဲဒီကုလားဒန်ပေါက်ဆိုင် ပြောင်းသွားမှ ငွေချေမယ်လို့ ပြောပြန်လေရော။ ကျုပ်ကလည်း ကုလားဒန်ပေါက်ဆိုင်ပြောင်းသွားဖို့ ယတြာ တောင်းရပြန်ရော။ မနန္ဒာလည်း ပေါင်မုန့်တစ်လုံး ရေဆွတ်ပြီး ဒန်ပေါက်ဆိုင်ရှေ့ကို ယူသွားတယ်။ အဲဒီ မှာ ကုလားက အစ်မ...အစ်မပေါင်မုန့်ကို ခွေးမကျွေး နဲ့တော့။ ကျွန်တော်တို့ဆိုင် အခုပဲ ပိတ်ပြီး အခုပဲ ပြောင်းတော့မှာ။ ကျွေးမနေနဲ့တော့လို့ ပြောတယ်။ တကယ်လည်း သူဟာ မီးကြိုးတွေ ဘာတွေဖြုတ်ပြီး ပစ္စည်းပစ္စယတွေ သိမ်းနေတယ်။ ပြီးတော့ ဒန်ပေါက် ကုလားက ပြောသေးတယ်။ ဒီခြံနဲ့ ဒီအိမ်ကို လာ၊ လာပြီး ဝယ်နေကြတာ လူတစ်ရာလောက်ရှိပြီ။ အရောင်းအဝယ်ကို မဖြစ်ဘူး။ အစ်မ ပေါင်မုန့်ကို ရေဆွတ်ပြီး ခွေးလာကျွေးတော့မှပဲ အရောင်းအဝယ် ဖြစ်သွားတော့တယ်။ ဘယ်သူပေးတဲ့ နည်းလဲ။ မဟုတ်မှ လွဲရော ဆရာကြီး မင်းသိင်္ခပေးတဲ့နည်းပဲ ဖြစ်ရမယ်လို့ ပြောတယ်။ အဲဒီတော့ မနန္ဒာကလည်း ဟုတ်တယ်။ အဘ ပေးတဲ့နည်းပဲလို့ ပြောလိုက်တယ်။ အဲဒီမှာ ဒန်ပေါက် ရောင်းတဲ့ကုလားက ဒီဆရာကြီး ပေးတဲ့နည်းက ဖြစ်တယ်။ ချက်ချင်းကို ဖြစ်တာ။ ကျွန်တော့်ကိစ္စတုန်းကလည်း သူပဲ လုပ်ပေးတာ။ အောင်မြင်ပါတယ်။ တခြား ဗေဒင်ဆရာပေးတဲ့ နည်းတွေနဲ့ မတူဘူး။ ကျွန်တော်တို့မှာ ကုလားဆရာတစ်ယောက် ရှိတယ်။ သူ့နာမည်က ဦးကာဆင်တဲ့။ သူက ပြောဖူးတယ်။ မင်းသိင်္ခလုပ်တဲ့ ယတြာနည်းတွေက ရိုးရိုးနည်းတွေ မဟုတ်ဘူးတဲ့။ ကျွန်တော်တော့ နားမလည်ဘူး။ တကယ် ဖြစ်တာတော့ အမှန်ပဲတဲ့။ ဒီအိမ်နဲ့ ဒီခြံက အမွေဆိုင် ငါးယောက်တဲ့။ တစ်ယောက်က ကန့်ကွက်နေတာ။ အခု အဲဒီကန့်ကွက်တဲ့ လူကိုယ်တိုင်က အစ်မတို့ ဆီလာပြီး ရောင်းသွားတာ မဟုတ်ဘူးလား ဟု ပြောလေတော့၏။

မနန္ဒာသည် ငွေသိန်းနှစ်ထောင်ကျော်နဲ့ ဝယ်လိုက်သော ခြံနဲ့အိမ်ကို လုပ်ငန်းရှင်အား သိန်းသုံးထောင်ကျော်နှင့် ပြန်၍ ရောင်းလိုက်လေ၏။ ထို့ကြောင့် နှစ်ရက်အတွင်းမှာပင် ငွေသိန်းတစ်ထောင်ကျော် မြတ်သွားပြန်၏။ နောက်တစ်နေ့တွင် ကျုပ်အား ငွေများ ထပ်မံကန်တော့ပြန်၍ ဝက်သားဟင်း ထပ်မံ၍ ချက်ကာ ခြံထဲမှ ကလေးတွေကို ကျွေးလိုက်လေတော့သတည်း။

သဗ္ဗေသတ္တာ ကမ္မဿကာ

#မင်းသိင်္ခ
ဆရာသခင် နတ်ဆေးအား လေးစားဂါရဝပြုလျက်
Zyanthilna

မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဟူသော အနန္တော အနန္တငါးပါး ကို ပူဇော်ကန်တော့ရာ၌ "ကန်တော့ပွဲ" ပြင်...
08/04/2026

မြန်မာ့ရိုးရာယဉ်ကျေးမှုတွင် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဟူသော အနန္တော အနန္တငါးပါး ကို ပူဇော်ကန်တော့ရာ၌ "ကန်တော့ပွဲ" ပြင်ဆင်ခြင်းသည် ရှေးအစဉ်ဆက်ကတည်းကလက်ဆင့် ကမ်းလာသည့် မွန်မြတ်သော ဓလေ့တစ်ခုဖြစ်ပါသည်။
ကန်တော့ပွဲတစ်ခုတွင် အဓိကအားဖြင့် အုန်းသီးတစ်လုံး နှင့် ငှက်ပျောသီးသုံးဖီး(သို့မဟုတ်) ငါးဖီး ပါဝင်လေ့ရှိသည်။
အုန်းသီးသည် အသီးများထဲတွင် သန့်စင်ဆုံးဟု ယူဆကြသည်။ အခွံအထပ်ထပ်ဖြင့် ဖုံးအုပ်ထားပြီး အတွင်းရှိ အုန်းရည်မှာအလွန်စင်ကြယ်သည်။ ၎င်းသည် … "စင်ကြယ်ခြင်းနှင့် ခိုင်ခံ့ခြင်း" ကို ကိုယ်စားပြုပါသည်။
ငှက်ပျောပင်သည် တစ်ပင်လျှင် တစ်ကြိမ်သာ အသီးသီးပြီး မျိုးဆက်ပြန့်ပွားလွယ်သည်။ ၎င်းသည် "အေးချမ်းခြင်း၊ အောင်မြင်ခြင်းနှင့် အပေါင်းအဖော် စုံလင်ခြင်း" ကို ကိုယ်စားပြုသည်။
မိမိတို့ထက် ဂုဏ်ကျေးဇူးကြီးမားသော အနန္တောအနန္တငါးပါးအား အကောင်းဆုံးသော အရာများဖြင့် ရိုသေမှုကိုဖော်ပြခြင်းပင်ဖြစ်ပါသည်။
အုန်းသီး (အုန်း = အောင်) ဟူသော အသံထွက် နှင့်အညီ အရာရာ အောင်မြင်စေရန် နှင့် ငှက်ပျော (ပျော် = အေးချမ်းပျော်ရွှင်)ဟူသော အဓိပ္ပာယ်ဖြင့် အေးချမ်းပျော်ရွှင်စေရန် နိမိတ်ဖတ်ပူဇော်ခြင်းဖြစ်သည်။
မိမိတို့မှ သိလျက်နှင့်ဖြစ်စေ၊ မသိဘဲနှင့်ဖြစ်စေ ပြုမူမိသော ကာယကံ၊ ဝစီကံ၊မနောကံ အပြစ်များကို ညွတ်တွားဝန်ချတောင်းပန်ခြင်းအနေဖြင့်တင်လှူကြသည်။
ဘုရားကန်တော့ပွဲ တင်လှူခြင်းသည် ရုပ်ဝတ္ထုပစ္စည်းကို ပူဇော်ခြင်းထက် မိမိတို့၏ စိတ်ထားကို နှိမ့်ချခြင်း နှင့် ကျေးဇူးတရားကိုသိတတ်ခြင်း (ကတညုတတရား) ဟူသော တန်ဖိုးကို ပို၍ အလေးထားပါသည်။
ဤသို့ ပြုလုပ်ခြင်းဖြင့် စိတ်နှလုံး အေးချမ်းခြင်း၊ ဘေးဥပါဒ်ကင်းဝေးခြင်းနှင့် ကောင်းကျိုးမင်္ဂလာများ ရရှိစေပါသည်။

Zyan Thilna

မေတ္တာဖြင့်သာ ….ဘာသာရေးအရဖြစ်စေ၊ အယူအဆအရဖြစ်စေ…ယုံကြည်မှုဆိုတာ ရှိနိုင်ပေမယ့် … "အစွန်းရောက်ခြင်း" ကတော့ အန္တရာယ်ရှိပါတယ...
30/03/2026

မေတ္တာဖြင့်သာ ….

ဘာသာရေးအရဖြစ်စေ၊ အယူအဆအရဖြစ်စေ…ယုံကြည်မှုဆိုတာ ရှိနိုင်ပေမယ့် … "အစွန်းရောက်ခြင်း" ကတော့ အန္တရာယ်ရှိပါတယ်။ မိမိကိုယ်ကို ဂရုမစိုက်တော့ဘဲ၊ အလုပ်အကိုင် ပျက်ကွက်ပြီး တခြားသော လောကကိုပဲ အားကိုးနေတာဟာ လက်ရှိဘဝကို ဖျက်ဆီးရာလည်း ရောက်ပါတယ်။
"အတိတ်က ဘာဖြစ်ခဲ့တယ်၊ ဘယ်သူ့အနွယ်ဖြစ်တယ်" ဆိုတာထက် "ဒီနေ့၊ ဒီအချိန်မှာ ငါဘယ်သူလဲ" ဆိုတာက ပိုအရေးကြီးပါတယ်။ ကိုယ်တိုင် ကြိုးစားအားထုတ်မှု (ဝီရိယ) မရှိရင် ဘယ်အရာမှ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။
တစ်ခါတလေမှာ စိတ်ရဲ့ စွဲလမ်းမှုကြောင့် ထင်ယောင်ထင်မှားဖြစ်တာ၊ အိပ်မက်ကို အရှိမှတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကို "ပညာ" နဲ့ မဆင်ခြင်ဘဲ "သဒ္ဓါ" သက်သက်နဲ့ပဲ သွားရင် လမ်းမှားရောက်တတ်တာမို့ စိတ်ကို တည်ငြိမ်အောင်ထားပြီး သတိကပ်ဖို့ လိုပါတယ်။
သိုက်နန်းရှင်တွေ၊ ပုဂ္ဂိုလ်တွေဆိုတာက မိမိရဲ့ "သီလ၊ သမာဓိ၊ ပညာ" ကိုပဲ ကြည့်မှာပါ။ အပြင်ပန်း ပူဇော်ပသမှုတွေထက် မိမိရဲ့ ကိုယ်ကျင့်တရား ကောင်းမွန်အောင် နေထိုင်ခြင်းကသာ အစစ်မှန်ဆုံးဖြစ်မှာပါ…။
စိတ်ရဲ့ အတိတ်ကို တူးဆွနေတာထက် လူ့ဘဝရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ လူပီသစွာ ရှင်သန်ဖို့၊ အလုပ်အကိုင်ကို ကြိုးစားဖို့၊ အသိတရားနဲ့ ယှဉ်ပြီး ယုံကြည်ဖို့ ပဲလိုပါတယ်..။
နတ်ကူမှ မ တာမဟုတ်ဘဲ ကိုယ်တိုင်ကူမှ ရတာပါ။ အိပ်မက်တွေ၊ အယူအဆတွေနောက်မှာပဲ တကောက်ကောက်လိုက်ပြီး လက်ရှိဘဝကို ပစ်ပယ်ထားတာဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေတာနဲ့ တူတူပါပဲ။ တကယ်တမ်း ပုဂ္ဂိုလ်တွေက မစ စေချင်ရင် ကိုယ့်ရဲ့ သီလကို လုံအောင်ထိန်းပြီး ဝီရိယရှိရှိအလုပ်လုပ်ပြတာက ပိုပြီးအကျိုးထူးပါလိမ့်မယ်။

ကံ ကံ၏ အကျိုးသာ…

Zyan Thilna

🙏🏻အခက်ခဲဖြစ်နေရာမှ အံ့ဖွယ် ဘဝတစ်ဆစ်ချိုးပြောင်းလဲခဲ့တဲ့အထိ ထူးခြားသောပုတီးစိပ်နည်း🙏🏻📿နံသင့်နဝင်း (သို့)ဂြိုလ်သက်ပုတီးစိပ...
10/03/2026

🙏🏻အခက်ခဲဖြစ်နေရာမှ အံ့ဖွယ် ဘဝတစ်ဆစ်ချိုးပြောင်းလဲခဲ့တဲ့အထိ ထူးခြားသောပုတီးစိပ်နည်း🙏🏻

📿နံသင့်နဝင်း (သို့)ဂြိုလ်သက်ပုတီးစိပ်နည်း📿
ဘုရားဂုဏ်တော် (၉)ပါးဖြင့်ဂြိုလ်တိုင်ခွင်ဘုရားများအားပုတီးစိပ်ပူဇော်ပုံ

၁. တနင်္ဂနွေနေ့ (အရဟံ) ၆ပတ်
၂. တနင်္လာနေ့(သမ္မာသမ္ဗုဒေါ) ၁၅ ပတ်
၃. အင်္ဂါနေ့(ဝိဇ္ဇာစရဏသမ္ဗဒေါ) ၈ပတ်
၄. ဗုဒ္ဓဟူး နံနက်(သုဂတော) ၁၇ ပတ်
ညနေ (လောကဝိဒူ) ၁၂ ပတ်
၅. ကြာသပတေးနေ့(အနုတ္တရောပုရိသဓမ္မသာရ
ထိ) ၁၉ ပတ်
၆. သောကြာ.(သတ္တာဒေဝမနုဿနံ) ၂၁ ပတ်
၇. စနေနေ့ နံနက်ပိုင်း (ဗုဒ္ဓေါ) ၁၀ ပတ် နဲ့ ညနေပိုင်း
(ဘဂဝါ) ၁၀ ပတ်

🙏🏻ပုတီးစိပ်နည်းနှင့် ဆုတောင်းပုံ🙏🏻

ဘုရားတပည့်တော်သည် ဤနေ့ ဤရက် တနင်္ဂနွေ နေ့မှစ၍ စနေနေ့ ထိတိုင်အောင် (၇) ရက်တိတိဘုရားဂုဏ်တော် (၉)ပါးကို နေ့စဥ် ဂြိုလ်သက်
အလိုက်ပွါးများအားထုတ်ပါမည်ဟု အဓိဌာန်ပြုပါသည်။

ဤသို့ပွားများအားထုတ်ရသော အကျိုးကြောင့်
လိုအပ်သောဆန္ဒများ အကြံစည်များ၊ တစ်လုံးတစ်ဝတည်းပြည့်စုံအောင်မြင်ရပါလို၏ဘုရား။
(မိမိကြိုက်နှစ်သက်ရာဆုတောင်းပါ)

ဤနေ့သည် (တနင်္ဂနွေနေ့) ဖြစ်သည့်အတွက်
တနင်္ဂနွေနေ့ဖွား ဘုရား၊ ရဟန္တာ ကိုယ်တော်မြတ်ကြီးအပေါင်းတို့အား ရည်မှန်း၍ (အရဟံ)ဂုဏ်တော်ကို တနင်္ဂနွေ ဂြိုလ်သက်လိုက် ပုတီး (၆)ပတ် စိပ်၍ ပူဇော်ပါမည်အရှင်ဘုရား....
ဤသို့ပူဇော်ရသော အကျိုးအားကြောင့်
၁..တနင်္ဂနွေ ဂြိုလ်မင်းကြီးသည် ကျွန်ုပ်အားချစ်ခင်ကျင်နာစွာ စောင့်ရှောက်ပါစေသတည်း...
၂..တနင်္ဂနွေနေ့ဖွား သူတော်စင် သူတော်မြတ်အပေါင်းတို့က စောင့်ရှောက်ပါစေသတည်း....
၃..တနင်္ဂနွေနေ့ဖွား ယောက်ကျား မိန်းမအပေါင်းနှင့် သတ္တဝါအပေါင်းတို့က ကျွန်ုပ်အားကူညီစောင့်ရှောက်ပါစေသား။ အန္တရာယ်ပြုခြင်းမှ ရှောင်ရှားပါစေသတည်း..
၄..တနင်္ဂနွေနေ့တွင် ပြုလုပ်သမျှ အလုပ်ကိစ္စအဝဝတို့အောင်မြင်ပါစေသတည်း...။

( ) နေရာများတွင် နေ့အလိုက် ဂြိုလ်သက်အလိုက် ဂုဏ်တော်ပြောင်း၍ ဆုတောင်းပါ။ ပုတီး စိပ်ပါ။

🙏🏻အကျိုးကျေးဇူး🙏🏻
(၇)ရက်(၇) ကြိမ်ပြည့်ပြီးမြောက်ပါက ပါရမီ
အနုအရင့်အလိုက် စီးပွားရေး ကျန်းမာရေး ပညာရေး ရာထူးတိုး၊ အရောင်းဝယ် စသည်များ စတင်ထူးခြားလာပါမည်...။

အိမ်ကဘုရားမှာစိပ်လို့ရပါတယ် ။
အချိန်မှန်ရင် ပိုကောင်းပါတယ် ။

မူရင်းရေးသားသူအား လေးစားလျက် 🙏🏻🙏🏻🙏🏻

Zyan Thilna - ဇျာန်သိလ်ဏ

ဓါတ်ပေါင်းလပြည့်နေ့ (တပေါင်းလပြည့်) - ၂/၃/၂၀၂၆ (တနင်္လာ)မြန်မာတို့ရဲ့ ၁၂ လရာသီမှာ လောကီလမ်းလျှောက်ကြတဲ့၊ ဝိဇ္ဇာလမ်းလိုက်...
25/02/2026

ဓါတ်ပေါင်းလပြည့်နေ့ (တပေါင်းလပြည့်) - ၂/၃/၂၀၂၆ (တနင်္လာ)

မြန်မာတို့ရဲ့ ၁၂ လရာသီမှာ လောကီလမ်းလျှောက်ကြတဲ့၊ ဝိဇ္ဇာလမ်းလိုက်ကြတဲ့ လောကီ၊ လောကဓါတ် ဆရာတို့အတွက် အထူးခြားဆုံးနဲ့ အပြည့်စုံဆုံး လပြည့်နေ့ (၂) ခု ရှိပါတယ်။ အဲ့ဒီ လပြည့်နေ့တွေကတော့ တန်ဆောင်မုန်းလပြည့်နေ့နဲ့ တပေါင်းလပြည့်နေ့ ပဲဖြစ်ပါတယ်။ နေ့နံအလိုက် ဗေဒင်သဘောမှာ ပြန်ကြည့်ရင်လည်း တန်ဆောင်မုန်း ဆိုတဲ့ စာလုံးအရှေ့ဆုံးဟာ စနေ ဖြစ်ပြီး နောက်ဆုံးဟာ ကြာသပတေး ဖြစ်သလို တပေါင်း ဆိုတာကလည်း စနေနဲ့ ကြာသပတေးပဲ ဖြစ်လို့နေပြန်ပါတယ်။ ဒါတွေက ခဏထားလိုက်ဦးစို့....

တန်ဆောင်မုန်းလပြည့်ညဟာ နက္ခတ်တာရာအပေါင်း စုံညီတဲ့အတွက် အင်းဆွဲ၊ ဆေးဖော်၊ ဓါတ်ထိုး၊ ဆေးကျိတ်၊ ဂါထာ၊ မန္တာန်နဲ့ မန္တယားတို့ကို ပြုလုပ်စီရင် ရွတ်ဆိုရာတွင် အစွမ်းသိဒ္ဓိအမျိုးမျိုး ရရှိနိုင်တယ်ပေါ့။ ဆေးပေါင်းခတဲ့ရက်လို့ တင်စားကြပါတယ်။ အဲ့ဒီလိုပါပဲ တပေါင်းလပြည့်နေ့ဟာ ဓါတ်အစုံပေါင်းတဲ့လဖြစ်လို့ ဓါတ်ပေါင်းလ (တပေါင်းလ) ရယ်လို့ ရှေးဆရာသခင်တွေက အမည်ပေးကြတယ်ပေါ့။

ဆိုရရင် တပေါင်းလပြည့် ဟာ အင်မတန်မှ ထူးခြားတယ်။ မြတ်စွာဘုရားရှင် ကပိလဝတ်ပြည်ကို ပြည်တော်ဝင်ဖို့ စတင်ကြွချီတော်မူတဲ့နေ့ဟာ တပေါင်းလပြည့်နေ့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို ဗုဒ္ဓဘာသာဝင်တွေက "ပြည်တော်ဝင်အခါတော်နေ့" လို့လည်း သတ်မှတ်ပူဇော်ကြတယ်ပေါ့။ နောက်တစ်ခါ ဝိဇ္ဇာလောကမှာလည်း ဝိဇ္ဇာကြီးတွေက မြတ်စွာဘုရား ပြည်တော်ဝင်တဲ့နေ့ကို အားပြုပြီး ၎င်းတို့သည်လည်း ပြည်တော်ဝင် ကြတယ်ပေါ့။ ​ဒီအကြောင်းအရာက အရမ်းကို ကြည်ညိုဖို့ကောင်းသလို ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားအကြောင်းကိုလည်း ဖော်ပြနေပါတယ်။

​မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့အချိန်တုန်းက ခမည်းတော် သုဒ္ဓေါဒနမင်းကြီးဟာ သားတော်ကို မြင်ချင်လွန်းတာကြောင့် လာရောက်ရန် ပင့်ဖိတ်ဖို့အတွက် အမတ်ပေါင်း (၁၀) ယောက်တိတိကို တစ်ယောက်ပြီးတစ်ယောက် စေလွှတ်ခဲ့ပါတယ်။
​ရှေ့ကစေလွှတ်လိုက်တဲ့ အမတ် (၉) ယောက်နဲ့ အခြံအရံတွေဟာ ဘုရားရှင်ထံရောက်တော့ တရားနာပြီး ရဟန္တာဖြစ်ကာ ဗုဒ္ဓထံမှာပဲ ရဟန်းပြုသွားကြတယ်။ မင်းကြီးထံ သတင်းပြန်မပို့နိုင်ကြပါဘူး။ ​နောက်ဆုံး (၁၀) ယောက်မြောက်အဖြစ် ဘုရားရှင်နဲ့ ငယ်သူငယ်ချင်းဖြစ်တဲ့ ကာဠုဒါယီအမတ်ကို စေလွှတ်ခဲ့ရပါတယ်။ ​ကာဠုဒါယီအမတ်ဟာလည်း ရဟန္တာဖြစ်သွားခဲ့ပေမယ့် မင်းကြီးရဲ့ တာဝန်ကို မမေ့ဘဲ တပေါင်းလရာသီ ရောက်တဲ့အခါမှာ ဘုရားရှင်ကို ပြည်တော်ဝင်ဖို့ လျှောက်ထားခဲ့ပါတယ်။

​တပေါင်းလရဲ့ သာယာပုံ၊ ခရီးသွားလို့ကောင်းပုံတွေကို ဂါထာပေါင်း (၆၀) နဲ့ တန်ဆာဆင်ပြီး ကျူးရင့်ခဲ့ပါတယ်။ ဒါကို မြန်မာစာပေမှာ "တပေါင်းလဖွဲ့" တွေရဲ့ အစလို့တောင် ဆိုနိုင်ပါတယ်။
​"အရှင်ဘုရား... အခုအချိန်ဟာ သစ်ပင်တွေမှာ အရွက်သစ်တွေဝေပြီး ပန်းတွေပွင့်တဲ့အချိန်၊ လမ်းခရီးမှာလည်း အရိပ်ကောင်းပြီး အေးချမ်းတဲ့အချိန်မို့ ခမည်းတော်ရှိရာကို ကြွဖို့ အကောင်းဆုံးအချိန်ပါဘုရား" လို့ လျှောက်ထားခဲ့တာပါ။ မြတ်စွာဘုရားဟာ လျှောက်ထားချက်ကို လက်ခံပြီး တပေါင်းလပြည့်နေ့မှာ ရာဇဂြိုဟ်ပြည်ကနေ ကပိလဝတ်ပြည်ကို ရဟန္တာပေါင်း (၂၀,၀၀၀) နဲ့အတူ စတင်ကြွချီတော်မူကာ ပြည်တော်ဝင်ခဲ့ပါတယ်။ အဲ့ဒီနေ့ဟာ တပေါင်းလပြည့်နေ့ပါပဲ။

အဲ့ဒါကို အကြောင်းပြုလို့ မဟာမြိုင်ဆိုတဲ့ ဝိဇ္ဇာတို့ဌာန အရပ်ဒေသက ဝိဇ္ဇာကြီးတွေဟာ ဒီနေ့၊ ဒီရက်မှာ ပြည်တော်ဝင်ကြတယ်ပေါ့။ ဘုရားရှင်ရဲ့ သာသနာနဲ့ ၇ ရက်သားသမီးတို့ကို စောင့်ရှောက်ဖို့၊ ကာကွယ်ဖို့၊ ကယ်တင်ဖို့ မိမိတို့ ထွက်ရပ်ပေါက်ခဲ့တဲ့ တိုင်းပြည်ကို ပြည်ဝင်၊ ပြည်ထွက် ပြုကြတယ်။ ဓါတ်ပေါင်းလပြည့်နေ့ရဲ့ မနက်ခင်းအစောပိုင်းတွေမှာ ဝင်ရောက်ကြတာဖြစ်လို့ လေးဆူဓါတ်ပုံ ရွှေတီဂုံ စေတီ‌တော်ကို ဦးစွာ ဦးတိုက်ရင်း changes လုပ်ကြတယ်ပေါ့။ အရင်က ရောက်နှင့်နေတဲ့ ဝိဇ္ဇာကြီးတွေက မဟာမြိုင်ကို ပြန်ထွက်မယ်၊ မဟာမြိုင်က အသစ်ရောက်လာတဲ့ ပုဂ္ဂိုလ်က ပြည်ဝင်တယ် ပေါ့။ ဒါ့ကြောင့်လည်း ဓါတ်ပေါင်းလပြည့်နေ့ရဲ့ အာရုဏ်မကျင်းခင်မှာ လောကီလမ်း၊ ဝိဇ္ဇာလမ်းလိုက်ကြတဲ့ပုဂ္ဂိုလ်တွေဟာ ဝိဇ္ဇာတွေနဲ့ တွေ့လိုတွေ့ငြားသော်၎င်း၊ ဓါတ်အ‌ပေါင်းကို ခံယူရရှိရန်သော်၎င်း၊ ရွှေတိဂုံဘုရားသို့ အစောကြီးသွားကာ အဓိဌာန် ပြုကြတယ်ပေါ့။ ဒီလောက်ဆိုရင် ဓါတ်ပေါင်းလပြည့်နေ့ဟာ လောကီလမ်း၊ ဝိဇ္ဇာလမ်းလိုက်ကြတဲ့သူတွေအတွက် ဘယ်လောက်အရေးပါသလဲဆိုတာ သိကြပြီလို့ ထင်မြင်မိပါကြောင်း..

မူရင်းရေးသားသော ဆရာကြီး
#နတ်ဆေး အား လေးစားလျက်ပြန်လည်ကူးယူဝေမျှပါသည်။

Zyan Thilna

🗓24-7-2023 Update List 🗓🙏🏻🙏🏻🙏🏻 🙏🏻🙏🏻🙏🏻❤️တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝဖြင့် စိတ်ချယုံကြည်စွာ ကံစမ်းနိုင်ပါသည် ❤️🇹🇭 31-7-2...
23/07/2023

🗓24-7-2023 Update List 🗓

🙏🏻🙏🏻🙏🏻 🙏🏻🙏🏻🙏🏻

❤️တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝဖြင့် စိတ်ချယုံကြည်စွာ ကံစမ်းနိုင်ပါသည် ❤️

🇹🇭 31-7-2023 ရက်နေ့ ထွက်မည့် ထိုင်းထီပါ 🇹🇭

( ၁ ) စောင် - ၁၀၀၀၀ ကျပ်…

💰💰💰💰💰

🇹🇭Sold Out ဖြစ်ထားသော နံပါတ်များကို ပုံအောက်များတွင်ဖော်ပြပေးထားပါတယ် 🇹🇭

ထီဆုကြီးများပေါက်ကြပါစေ…။🙏🏻🙏🏻🙏🏻🙏🏻🙏🏻

📲09795136390, 0943096020 or CB
🚨🚨K pay - 09780550480 🚨🚨

🗓21-7-2023 Update List ( ဒုတိယ အသုတ်ထီ ) 🗓🚨 🇹🇭 ဘတ်စျေးတက်လို့ ထီစျေးနည်းနည်းတက်ထားပါတယ်နော် 🇹🇭🚨🙏🏻🙏🏻🙏🏻 🙏🏻🙏🏻🙏🏻❤️တာဝန်ယူမှု...
21/07/2023

🗓21-7-2023 Update List ( ဒုတိယ အသုတ်ထီ ) 🗓

🚨 🇹🇭 ဘတ်စျေးတက်လို့ ထီစျေးနည်းနည်းတက်ထားပါတယ်နော် 🇹🇭🚨

🙏🏻🙏🏻🙏🏻 🙏🏻🙏🏻🙏🏻

❤️တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝဖြင့် စိတ်ချယုံကြည်စွာ ကံစမ်းနိုင်ပါသည် ❤️

🇹🇭 31-7-2023 ရက်နေ့ ထွက်မည့် ထိုင်းထီပါ 🇹🇭

( ၁ ) စောင် - ၁၀၀၀၀ ကျပ်…

💰💰💰💰💰

🇹🇭Sold Out ဖြစ်ထားသော နံပါတ်များကို ပုံအောက်များတွင်ဖော်ပြပေးထားပါတယ် 🇹🇭

ထီဆုကြီးများပေါက်ကြပါစေ…။🙏🏻🙏🏻🙏🏻🙏🏻🙏🏻

📲09795136390, 0943096020 or CB
🚨🚨K pay - 09780550480 🚨🚨

12/02/2022

မျက်မှေးလေးမှချစ်တယ်ဆိုသူများအတွက်

အရောင်ရှယ်သန့် ရှယ်တောက်
မှန်ပုံးအလွတ်တမင်ထုတ်ရောင်းပေးတာ စျေးသက်သက်သာသာရအောင်လို့ မင်မင်စေတနာပါရှင့်🥰

အမြင့်၁၃”
အလျား ၁၃”
အကြီးကြီးနော်🥰

TAIYO Japanese Traditional Toy and Good Second Hand House

လှတယ်မဟုတ်လား
12/02/2022

လှတယ်မဟုတ်လား

18/01/2022

Edit-Sold Out
ချစ်စရာဂျပန်မလေးတွေ 🥰
တစ်ရုပ်ချင်းစီ အတိုင်းအတာလေးပါ😇
အလျား ၆လက်မ
အမြင့်၈.၅လက်မ

မြေရုပ်လေး၂ရုပ်တွဲရက်လေးပါ ချစ်စရာအရမ်းကောင်းပါတယ်နော် လိုချင်ရင်တော့👇🏻👇🏻👇🏻
စျေးတန်တန်လေး ၂ရုပ်ကို ၂၅,၀၀၀ ကျပ်ပါရှင့် 🥰

မဂ်လာရှိသောညချမ်းလေးဖြစ်ပါစေ🙏🏻🥰
TAIYO Japanese Traditional Toy and Good Second Hand House

18/01/2022

Address

Yangon
11211

Telephone

+959450118500

Website

Alerts

Be the first to know and let us send you an email when Zyan Thilna posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share