18/11/2020
#ယနေ့ဆိုရင်
ကလေးတွေကို
အခြေခံစာသင်ပေးနေတာ
တစ်ပတ်လောက်တော့ရှိပါပြီ။
ကလေး(၃၀)လောက်ကို
ဦးဇင်းတစ်ပါးတည်းသင်ပေးပါတယ်။
စာလာသင်တဲ့ကလေးတွေထဲ(k-G)မတက်ရသေးတဲ့ကလေးကအစ၊
၄,၅,၆-တန်းကလေးတွေအထိပါလာတယ်။
သူတို့ကိုမေးကြည့်ပါတယ်။
#သားတို့/သမီးတို့
က,ခ,အဆုံးအထိရကြလားဆိုတော့
ပြုံးပြုံး ပြုံးပြုံးနဲ့
ဟဲဟဲနဲ့ဟဲဟဲရတယ်ပေါ့
သူတို့စိတ်ထဲမှာအေးဆေးပဲလို့ထင်နေထယ်။
"ရတယ်ဘုရား"တဲ့၊
အဲ့အသံကြားရလို့အရမ်းဝမ်းသာရတယ်။
တကယ်လားဆိုတော့
တကယ်ပါဘုရားတဲ့
အဲ့တာနဲ့ဆိုခိုင်းတယ်
တစ်ချို့လည်းရတယ်
တစ်ချို့လည်းဒစ်လည်နေတယ်။
အလွတ်မရေးခိုင်းသေးပါဘူး။
ဆိုပဲဆိုခိုင်းသေးတာပါ
အဲ့လိုအနေထားတွေ့ရတယ်
ရလို့ဆိုတဲ့ကလေးကလည်း
""လေနဲ့ဝမ်းနဲ့မကွဲသလို၊ကနဲ့ခမကွဲ""တဲ့အနေထားကိုတွေ့ရတာအရမ်းဝမ်းနည်းစရာကောင်းပါတယ်။
K-Gမတက်ရသေးတဲ့ကလေး
မရေးတတ်တာ၊မဆိုတတ်တာနားလည်ပေးလို့ရပေမယ့်
၁-တန်းအထက်လေးတွေမရတာတကယ်စိတ်ပျက်မိပါတယ်။
ဘယ်သူကိုအပြစ်ပြောရမှာမှန်းကိုမသိတော့ဘူး။
#အပြုသဘောဆောင်တဲ့မူနဲ့ပဲပြောပါမယ်မိဘတို့ရေ
#ကလေးမိဘတွေကိုပြောချင်တာက
မိမိကလေး
သိဖို့တက်ဖို့တော်ဖို့
တွေးခေါ်တက်ဖို့
ဝိုင်းဝန်းပါဝင်အားဖြည့်ပါလို့ပြောချင်ပါတယ်။
#ကလေးပညာရေးဂရုစိုက်တဲ့အနေနဲ့
မိမိကလေးကျောင်းကပြန်လာရင်
စာစစ်သင့်ပါတယ်
ညဆိုလည်းကလေးကို
စာလုပ်ချိန်
၁-နာရီ/၂-နာရီသီးခြားသမှတ်ပေးပါသင့်ပါတယ်။
အဲ့တာမှသာ
မိဘတို့မျှော်လင့်တဲ့ကလေး၏ပညာရေးပန်းတိုင်ရောက်မှာပါ။
#ကလေးများသည်ဆရာ/ဆရာမများနှင့်နေချိန်၊ထိတွေ့ဆက်ဆံချိန်ထက်မိဘနဲ့နေချိန်ပိုများပါတယ်။
#မိမိကလေး
တော်ဖို့
တက်ဖို့
သိဖို့
မှန်မှန်ကန်ကန်တွေးခေါ်တတ်ဖို့
မိဘဆရာဝိုင်းဝန်းထိန်းကြောင်းမှရမှာလို့သိထားပေးပါ။
✍️✍️✍️✍️✍️✍️✍️✍️✍️✍️
ဘုန်းရွှေဥတ်(ကြေးဝါမြေ)
18-112020-ဗုဒ္ဓဟူးနေ့