Toungoo Diocese

Toungoo Diocese တောင်ငူသာသနာပိုင်နယ်အတွင်းရှိ အသင်းတော်သတင်းများကို စုစည်းတင်ဆက်ပေးလျက်ရှိပါသည်။

သာသနာပိုင်နယ်ရုံးမှ ဌာနဆိုင်ရာများ ပူးပေါင်း၍ အနောက်တောင်ဘုန်းကြီးပိုင်နယ်၊ ဘုတလက်ရွာသို့မိသဟာယကွင်းဆင်းခြင်း (1.8.2026 ...
03/08/2026

သာသနာပိုင်နယ်ရုံးမှ ဌာနဆိုင်ရာများ ပူးပေါင်း၍ အနောက်တောင်ဘုန်းကြီးပိုင်နယ်၊ ဘုတလက်ရွာသို့
မိသဟာယကွင်းဆင်းခြင်း (1.8.2026 မှ2.8.2026)

တောင်ငူသာသနာပိုင်နယ်၊အင်္ဂလီကန်လူငယ်များရဲ့ အွန်လိုင်းဝတ်ပြုကိုးကွယ်ခြင်း(၂၆-၇-၂၀၂၆) တနင်္ဂနွေနေ့၊ ည ၇:၀၀ နာရီ“မကြောက်ကြ...
26/07/2026

တောင်ငူသာသနာပိုင်နယ်၊အင်္ဂလီကန်လူငယ်များရဲ့ အွန်လိုင်းဝတ်ပြုကိုးကွယ်ခြင်း
(၂၆-၇-၂၀၂၆) တနင်္ဂနွေနေ့၊ ည ၇:၀၀ နာရီ

“မကြောက်ကြနှင့်၊ ငါသည် သင်တို့နှင့်အတူရှိ၏”
အခြေခံကျမ်းချက်များ (ဟေရှာယ ၄၁:၁၀၊ယေရမိ ၂၉:၁၁၊တမန်တော်ဝတ္ထု ၈:၁-၄၊ရောမ ၈:၃၅-၃၉)

ဒီနေ့ လူငယ်အများစုရဲ့ နှလုံးသားထဲမှာ ရှိနေတာက “အိပ်မက်” မဟုတ်တော့ဘူး။ “စိုးရိမ်ခြင်း” ဖြစ်လာတယ်။

* မနက်ဖြန် ဘာဖြစ်မလဲ။
* နေရမလား၊ ထွက်သွားရမလား။
* မိသားစုနဲ့ ဘယ်တော့ ပြန်ဆုံရမလဲ။
* ဘုရားသခင်က ငါ့ကို မမေ့ဘူးလား။

ဒီမေးခွန်းတွေကို လူငယ်များစွာ နေ့တိုင်း မေးနေကြတယ်။ ဒါပေမယ့် သမ္မာကျမ်းစာ၊နှုတ်ကပတ်တော် က “မကြောက်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။” လို့ဂတိတော်ရှိတယ်။ ဘုရားသခင်က အခြေအနေကောင်းမှသာ ကျနော်တို့နဲ့ အတူရှိတာ မဟုတ်ဘူး။ အခက်အခဲကြားမှာလည်း ကျနော်တို့နဲ့အတူရှိတယ်။

(၁) ဘုရားသခင်က ပြန့်ကျဲသွားသော သူများကိုလည်း ဦးဆောင်လမ်းပြတဲ့ဘုရားဖြစ်တယ်။
(တမန်တော်ဝတ္ထု ၈း၄)မှာ ခရစ်ယာန်တွေဟာ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ယေရုရှလင်ကနေ ပြန့်ကျဲသွားကြတယ်။ သူတို့ ထွက်ပြေးခဲ့တာ ရှုံးနိမ့်လို့ မဟုတ်ဘူး။ဘုရားသခင်က သူတို့ကို နေရာသစ်တွေမှာ သက်သေခံစေဖို့ ပို့ဆောင်ခဲ့တာဖြစ်ခဲ့ပါတယ်။

“ကွဲလွင့်ခြင်း၊ပြန့်ကျဲခြင်း” ဟာ ဘုရားသခင်ရဲ့ အစီအစဉ်၊ အကြံအစည်တော်ကို မဖျက်ဆီးနိုင်ဘူး။ ဒီနေ့ အင်္ဂလီကန် လူငယ်များစွာလည်း ကမ္ဘာအနှံ့ ရောက်နေကြတယ်။ ဘုရားသခင်က … “မင်း ဘယ်နိုင်ငံရောက်ရောက် ငါ့အမှုတော်ဆောင်ဖြစ်နိုင်တယ်။” လို့ ပြောနေတယ်။

(၂) ကြောက်ရွံ့ခြင်းထက် ဘုရားသခင် ရဲ့ကတိတော်က ပိုကြီးတယ်။
ကြောက်တယ်ဆိုတာ အပြစ်မဟုတ်ဘူး။ ဒါဝိဒ်တောင် “ငါကြောက်သောနေ့၌ ကိုယ်တော်ကို ယုံကြည်မည်။” လို့ ဆိုခဲ့တယ်။ သတ္တိရှိတဲ့သူဆိုတာ မကြောက်တဲ့သူ မဟုတ်ဘူး။
ကြောက်နေတဲ့အချိန်မှာတောင် ဘုရားကို ယုံကြည်တဲ့သူ ဖြစ်တယ်။ဘုရားသခင်က ဂတိတော်အတိုင်း ဂတိတည်တဲ့ဘုရားဖြစ်လို့ပဲ။

(၃) ကျနော်တို့က ကိုယ့်ရဲ့ အနာဂတ်ကို မမြင်ရပေမယ့် ဘုရားသခင်က မြင်တော်မူတယ်။
(ယေရမိ ၂၉:၁၁) “သင်တို့အတွက် ငါကြံစည်သော အကြံအစည်ကို ငါသိ၏။”
ကျနော်တို့ လူသားတွေကကိုယ့်ဘဝလမ်းကို အပြည့်အဝမမြင်နိုင်ဘူး။ ဒါပေမယ့် ဘုရားသခင်က အဆုံးထိ မြင်တယ်။ ကျနော်တို့က တစ်လှမ်းပဲ မြင်တယ်။ ဘုရားက တစ်ဘဝလုံး မြင်တယ်။ကျတော်တို့အတွက်အကြံအစည်ရှိတယ်။

(၄) ဘယ်နေရာရောက်ရောက် ယုံကြည်သူအဖြစ် အသက်ရှင်ပါ။
နိုင်ငံရပ်ခြား ရောက်သွားတာဟာ ယုံကြည်ခြင်းကို ထားခဲ့ရမယ်လို့ မဆိုလိုဘူး။
ဒံယေလက ဗာဗုလုန်မှာ၊ယောသပ်က အီဂျစ်မှာ၊ဧသတာက ပါရှားမှာ အခက်အခဲပေါင်းများစွာတွေ့ကြုံရပေမဲ့ ဘုရားကို သစ္စာရှိခဲ့ကြတယ်။

ဒီနေ့ အင်္ဂလီကန်လူငယ်များလည်း ရောက်နေတဲ့ နေရာဒေသ၊နိုင်ငံအသီးသီး မှာ ခရစ်တော်၏ သက်သေများ ဖြစ်နိုင်ကြတယ်။
ဥပမာ … ဒုတိယကမ္ဘာစစ်အတွင်း လူအများက နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်။ အချို့က ထွက်ပြေးရင်း အသင်းတော်အသစ်များ စတင်တည်ထောင်ခဲ့ကြပြီး ယုံကြည်ခြင်းကို အခြားဒေသများသို့ သယ်ဆောင်သွားနိုင်ခဲ့ကြတယ်။ မူလက အရှုံးလို ထင်ရတဲ့ ပြောင်းရွှေ့မှုက နောက်ပိုင်းမှာ ဧဝံဂေလိလုပ်ငန်း တိုးချဲ့ရာ လမ်းကြောင်းဖြစ်လာခဲ့တယ်။ ဘုရားသခင်သည် လူတို့၏ နာကျင်ဖွယ်အခြေအနေများကိုပင် ကောင်းကျိုးအတွက် အသုံးပြုနိုင်တော်မူကြောင်းကို သတိရစေပါတယ်။

ချစ်တဲ့လူငယ်များ…

* နိုင်ငံက မတည်ငြိမ်နိုင်သေးပါ။
* အလုပ်တွေက မသေချာနိုင်ပါ။
* အနာဂတ်က ကိုလည်း မြင်နိုင်ဖို့ ခက်ခဲနေသေးတယ်

သင်ရဲ့ နေရပ် ပြောင်းနိုင်တယ်၊ အလုပ် ပြောင်းနိုင်တယ်၊ နိုင်ငံ ပြောင်းနိုင်တယ်။
ဒါပေမယ့်… သခင်ယေရှုခရစ်တော်က မပြောင်းလဲပါ၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက မပြောင်းဘူး။
(ရောမ ၈:၃၈-၃၉) မှာ ဖေါ်ပြသလို မည်သည့်အရာမျှ ကျွန်ုပ်တို့ကို ခရစ်တော်၌ရှိသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှ မခွဲနိုင်ပါဘူး။

ဒါကြောင့် လူငယ်များ …

* ကြောက်ရွံ့ခြင်းကို ဘုရားကိုအမှန်တကယ်ယုံကြည်ခြင်းနဲ့ ရင်ဆိုင်ပါ။
* နေရာသစ်တိုင်းတွင် ခရစ်တော်ရဲ့ သက်သေဖြစ်ပါ။
* မျှော်လင့်ချက် မပျောက်စေနဲ့
* ဘုရားသခင် က သင့်ဘဝအတွက် ကောင်းမြတ်သော အကြံအစည်ရှိတာကိုယုံကြည်ပါ။

“အခြေအနေက သင့်ရဲ့အနာဂတ်ကို မဆုံးဖြတ်နိုင်ဘူး။ ဘုရားသခင်သာ သင့်ရဲ့အနာဂတ်ကို ကိုင်တွယ်ထားတယ်၊စီမံပေးတယ်။ ကြောက်ရွံ့ခြင်းက သင့်ကို မောင်းနှင်မနေစေနဲ့။ ခရစ်တော် ရဲ့ မျှော်လင့်ချက်ကသာ သင့်ဘဝကို ဦးဆောင်စေပါ။”

❤️🙏❣️Bp Dr. John Wilme

09/07/2026

ဧဝံဂေလိနှင့်သာသနာပြုနေ့ ဝတ်ပြုခြင်း
တရားဒေသနာ
တရားဟောသူ - Rev.စောလို

28-7-2026 - The feasts of (1) St . John the Baptist’s Church, (5) young peoples are confirmed by Diocesan Bishop of Toun...
28/06/2026

28-7-2026 - The feasts of (1) St . John the Baptist’s Church,
(5) young peoples are confirmed by Diocesan Bishop of Toungoo (Bp Dr. Saw Sheesho).(27-7-2026)

(2) St. Peter’s Church (4)miles . (3) young peoples are confirmed by Bishop Yo Shia (Retired)(27-7-2026)

18/06/2026

Bishop Elijah Jang-Whan Kim has been installed as the new Primate of the Anglican Church of Korea.

On 13 June, the Anglican Church of Korea concluded its 35th National Synod, bringing together 123 delegates from the three dioceses of the province. During the synod, delegates unanimously elected Bishop Elijah Jang-Whan Kim, Bishop of Seoul, as the new Primate and Presiding Bishop. He will serve in this role for the next two years.

Following his election, the Most Revd Elijah Jang-Whan Kim said, ‘I am deeply humbled by this calling. During my tenure, I will dedicate myself to fostering true church unity, igniting a spiritual church revival and expanding our meaningful contribution to the Anglican Communion.’

Read the full story at:https://bit.ly/4oEeO7C

လွိုင်ကော်ခရီးစဉ် -လှည့် အပြန်(14/6/2026)ကမ်းနီ ဘုန်းကြီးပိုင်နယ် တွင် လက်ထောက် ဘုန်းတော်ကြီးအဖြစ်အမူတော် ထမ်းဆောင်မည့် ...
14/06/2026

လွိုင်ကော်ခရီးစဉ် -လှည့် အပြန်
(14/6/2026)
ကမ်းနီ ဘုန်းကြီးပိုင်နယ် တွင် လက်ထောက် ဘုန်းတော်ကြီးအဖြစ်အမူတော် ထမ်းဆောင်မည့် ဘုန်းတော်ကြီးစောထင်လင်း အားကြိုဆိုခြင်း၊ခန့်အပ်၊ အပ်နှင်းခြင်းနှင့်အတူကမ်းနီဘုန်းကြီးပိုင်နယ်တွင် (6)နှစ်ကြာ အကူဘုန်းတော်ကြီးအဖြစ်တာဝန် ထမ်းဆောင်ခဲ့သော ဘုန်းတော်ကြီး နီကမွီး (Principal of spbs) အား ဂုဏ်ပြု နူတ်ဆက်ခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်နိူင်ခဲ့ပါသည်။
ဆရာတော်များ ကျရာနေရာမှာ ဆက်ကပ်လုပ်ဆောင်လေရာခပ်သိမ်း ဘုရားရှင်ရဲ့ဘုန်းတော်ကိုထင်ရှားဖော်ဆောင်နိုင်ကြပါစေကြောင်းဆုတောင်းမေတ္ထာပို့သအပ်ပါသည်။
❤️🙏❣️

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)၊ ဘားအံသာသနာပိုင်နယ်၏ အဌမမြောက် နယ်စီးသာသနာပိုင်ကြီးအဖြစ် ဘုန်းတော်ကြီးပေါလ်က...
31/05/2026

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)၊ ဘားအံသာသနာပိုင်နယ်၏ အဌမမြောက် နယ်စီးသာသနာပိုင်ကြီးအဖြစ် ဘုန်းတော်ကြီးပေါလ်ကညောထူးအား သာသာနာပိုင်ဘိသိက်ပေးခြင်းနှင့် ပလ္လင်
အပ်နှံခြင်း အစီအစဉ်တွင် တောင်ငူသာသနာပိုင်နယ်မှ သာသနာပိုင်ကြီးနှင့်အတူ လုပ်ဖေါ်ဆောင်ဖက်များ၊ ရှင်မာကု(သံတောင်မြို့သစ်-အသင်းသူ/သားများ) စုစုပေါင်း (၃၅) ဦးခန့် ကြွရောက်ပါဝင်ချီးမြင့်သည်အတွက်အထူးကျေးဇူးတင်ရှိသကဲ့သို့ ဘားအံ နယ်စီးသာသနာပိုင်ကြီး ကညောထူးနှင့်မိသားစု၊ သံဃာတော်များ၊ ဗဟိုအမူဆောင်ကော်မတီဝင်များနှင့်အသင်းသူ/အသင်းသားအားလုံးအပေါ် ဘုရားရှင်လမ်းပြ ပို့ဆောင်ကောင်းကြီးပေးပါစေကြောင်းဆုမွန်ကောင်းအပ်ပါသည်။ ❤️🙏❤️

Agape (2)Graduation Ceremony 25-5-2026
25/05/2026

Agape (2)
Graduation Ceremony
25-5-2026

(2-5-2026) ဘုရားကျောင်း အနုမောဒနာပြုခြင်းနှင့် လူငယ် (၂၁) ဉီးအား လက်တင်မင်ဂလာပေးခြင်းအား နယ်စီးသာသနာပိုင်ကြီးဒေါက်တာရှီး...
03/05/2026

(2-5-2026) ဘုရားကျောင်း အနုမောဒနာပြုခြင်းနှင့် လူငယ် (၂၁) ဉီးအား လက်တင်မင်ဂလာပေးခြင်းအား နယ်စီးသာသနာပိုင်ကြီးဒေါက်တာရှီးရှို မှ ပြုလုပ်ပေးခဲ့ပါသည်။
ရှင်ပြန်ထမြောက်ခြင်းဘုရားကျောင်း ၊(လိပ်ပြာကြီးရွာ)သံတောင်မြို့နယ်၊ကရင်ပြည်နယ်၊မဲဖြူမြောက်ပိုင်း ဘုန်းကြီးပိုင်နယ် ။
ဘုရားကျောင်းဆောက်လုပ်ခြင်း ကုန်ကျငွေ ကျပ်
(၁၄၄၃၄၂၇၅၀) ကျပ်သိန်းတစ်ထောင့်လေးရာလေးဆယ့်သုံးသိန်းလေးသောင်းနှစ်ထောင့်ခုနှစ်ရာ့ငါးဆယ်)တိတိ ကကုန်ကျပါသည်။
အလှူရှင် များအားလုံးနှင့်အတူ နယ်စီးဘုန်းတော်ကြီး စိုးပိုင်အေး၊ လက်ထောက်ဘုန်းတော်ကြီး၊ ဓမ္မဆရာ/မ များ နှင့်အသင်းသားအားလုံးကို ဘုရားရှင် ဆက်လက်ကောင်းကြီးပေးပါစေသောဝ်။ ။ အာမင် 🙏❤️🙏

Address

Nat Shin Naung Road
Toungoo

Alerts

Be the first to know and let us send you an email when Toungoo Diocese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to Toungoo Diocese:

Shortcuts

Share