30/08/2026
၁၃၈၈ ခုနှစ် ဝါခေါင်လဆုတ် (၂)ရက်
၃၀.၈.၂၀၂၆ (တနင်္ဂနွေနေ့)
မွန်ပြည်နယ် သထုံမြို့ မြသပိတ်တောင်တန်း
ဘုရားငါးဆူတောင်ပေါ်ကျောင်း
ဝေဘူကမ္မဌန်းရိပ်သာကျောင်းတိုက်
နေ့ဆွမ်း အလှုရှင်
ကွယ်လွန်သူ (ကိုအောင်နိုင်ဦး) အားရည်စူး၍
မအေးမာ မိသားစု သထုံမြို့မှ
သံဃာဂုဏ် အာရုံပြု၍ ဆပ်ကပ်လှုဒါန်းကြပါသည်🪷
ဤသို့ ပြုလုပ်လှူဒါန်းရသော မြတ်ပုညအကျိုးကြောင့် အလှူရှင်မိသားစုဝင်များ၊
ဆွမ်းခံလမ်းမှ ဒါယကာ၊ ဒါယိကာမများနှင့်
ဝေယျာဝစ္စ အကျိုးဆောင် အားလုံးတို့သည်
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေး၍ လိုရာဆန္ဒများ ပြည့်ဝကြပါစေ။
ယနေ့ပြုအပ်သော ကောင်းမှုကုသိုလ်အစုစုတို့သည် ဘဝခရီးတစ်လျှောက် အကျိုးပေးကောင်းကျိုးများ ဖြစ်ထွန်းစေပြီး နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ပါစေ။
ဤကုသိုလ်ကောင်းမှုကြောင့် မိဘဆရာသမားများ၊ ဆွေမျိုးမိတ်သင်္ဂဟများနှင့် သတ္တဝါအပေါင်းတို့လည်း အမျှရ၍ ကောင်းကျိုးချမ်းသာများ ရရှိကြပါစေ🪷