08/09/2022
တော်သလင်းလပြည့်နေ့
ဂရုဓမ္မ (ကုရုဓမ္မ)အခါတော်နေ့
ကုရုဓမ္မဇာတ်တော် ဟောရကြောင်း
====================
ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်အခါ ရဟန်းတော် နှစ်ပါး ဟင်္သာတကောင်ကို အလောင်းအစားနဲ့ သတ်ဖို့ ကြိုးစား ကြရင်း ကောင်းကင်ပျံဝဲနေသော ဟင်္သာကို ကျောက်ခဲဖြင့် လှမ်းပြစ်လေရာ ကျောက်ခဲမှန်သော ဟင်္သာသည် အော်ဟစ်မြည် တမ်းရင်း မြေပြင်ကျပြီး သေဆုံးခဲ့ရတယ်။
ဒီအကြောင်းကို မြတ်ဘုရား သိတော်မူတော့ ချစ်သားရဟန်း သင်ဟာ သာသနာတော်မှာ နေပြီး ရဟန်း၀တ်နေ ပါလျက် ပါဏာတိပါတအမှုကို လုပ်တာ လက်ဆော့ ခြေဆော့ရှိလှပါလား၊ ဟိုရှေးရှေးတုံးက ပညာရှိတွေ က သာသနာပကာလမှာ သတ်ဖို ့နေနေသာသာ သီလတရားတွေကို အသက်တမျှ တန်ဖိုး ထား စောင့်ရှောက် ခဲ့ကြတယ် ဆိုပြီး ကုရုဓမ္မ ဇာတ်တော် ကို ဟောေ တာ် မူခဲ့ပါတယ်။
ယနေ့အချိန် မှာတော့ ကုရုတိုင်း ဆိုတာ အိနိ္ဒယနိုင်ငံ နယူးဒေလီ New Delhi မြို့တော် ၀နျးကငြျလို့ မှတ်တမ်းများအရ သိရတယ်၊ ဒါဆိုရင်တော့ ကုရုတိုင်းသားတွေဟာ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ တရားစောင့်ခဲ့ကြ တယ်၊လို့ ဆိုရမ လိုပါ၊ မြတ်ဘုရား မပွင့်ခင်ကလဲ သာသနာပကာလမှာ ငါးပါးသီလ မြဲခဲ့ကြသလို မြတ်ဘုရား လက်ထက်တော်မှာလဲ ကုရုတိုင်းသားတွေဟာ အဆင့်ြ မင့် လာပြီး သမထ၊ ကမ္မဋ္ဌာန်းတစ်မျိုးမျိုးကို လက်ကိုင် ထား ကျင့်သုံးခဲ့ကြတာမို့ ဘုရားရှင် က ကုရုတိုင်းကို ကြွတော်မူပြီး ခက်ခဲ နက်နဲလှတဲ့ မဟာသတိပဋ္ဌာန သုတ်တော် ကို ဟောတော်မူခဲ့ဖူးတယ်၊
စာရေးသူတို့ ဘုံဘေ ( Mumbai ) မြို့ကတော့ သီရိဓမ္မာသောက မင်းကြီးရဲ့ ကိုးတိုင်းကိုးဋ္ဌာဋ္ဌ သာသနာပြု အစီအ စဉ် မှာ ရှေးယခင်က မဟာရဋ္ဌတိုင်း လို့ အမည်တွင်ခဲ့ပြီး အရှင်မဟာ ဓမ္မရက္ခိတမထေရ် ဦးဆောင်သော သံဃာ ငါးပါး ကြွရောက် လာကာ မဟာနာရဒဇာတ်တော်ကြီးကို ဟောကြားတော်မူခဲ့ပြီး သာသနာမျိုးစေ့ ချခဲ့တယ်လို့ ဆိုတယ်၊ ယနေ့ခေတ် မှာတော့ Maharashatra မဟာရရှ်ထရ ပြည်နယ်ပေါ့၊ ဘုံဘေမြို့ပုနေး Pune မြို့တို့ဟာပြည်နယ်အလယ်ပိုင်းမှာ တည်ရှိပြီး သီပေါ မင်းနေထိုင်ခဲ့ရာ ရတနာဂီရိ Ratnagiri မြို့ကတော့ မဟာရရှ်ထရ ပြည်နယ်ရဲ့ အနောက်တောင်ပိုင်း အစွန်အဖျားမှာ တည်ရှိတယ် လို့ မြေပုံအနေအထားများအရ သိရပါတယ်။
ကုရုဓမ္မ ဇာတ်တော်
===========
ဂေါတမ ဘုရားအလောင်း ပါရမီတော်များကို ဖြည့်ကျင့်စဉ် နုစဉ်အခါတုံးက ကုရုတိုင်း ဣန္ဒပတ္တမြို့တော် မှာ မင်းကျင့် တရားဆယ်ပါးနှင့်အညီ မင်းပြုတော်မူတဲ့ ရှင်ဘုရင်အဖြစ် ထီးနန်းစိုးစံချိန်မှာ ကုရုဓမ္မ ( ကုရုတိုင်းသားတွေ စောင့်ထိန်းကြ လို့ ကုရု ဓမ္မ ) တရားဆိုတာ ဖြစ်ပေါ်လာရ တယ် လို့ ဆိုတယ်၊
ကုရုဓမ္မ ဆိုတာ တခြားမဟုတ်ပါ၊ ယနေ့လူတိုင်းစောင့်ထိန်းနေကြတဲ့ ငါးပါးသီလကိုပဲ ကုရုဓမ္မ ( တနည်းအားဖြင့် အချိန် ကာလတွေ ကြာလာသည်နှင့် အမျှ ) ဂရုဓမ္မ ( ဂရု - လူတိုင်း တလေးတစား စောင့်ထိန်းသင့်သော၊ ဓမ္မ - ငါးပါးသီလ တရားများ ) လို့ အဓိပ်ပါယျ ခေါ်ဆိုရပါမယ်။
အတိတ်တချိန်က ဘုရားလောင်း မင်းပြုနေချိန် မင်းကျင့်တရား ဆယ်ပါးနဲ့ အညီ အုပ်ချုပ်လေ တော့ တိုင်းပြည် မှာ စည်ပင် ၀ပွောပွီး အေးအေးချမ်းချမ်း ရှိနေခဲ့တယ်၊ အဲဒါတင်မကပဲ ဘုရားအလောင်း ရှင်ဘုရင်ကြီး ဟာ မြို့ရဲ့ အရပ်လေးမျက်နှာ၊ မြို့လယ်ခေါင်နေရာ နဲ့ မိမိနန်းတော်တခါး၀ ဆိုတဲ့ နေရာ( ၆ ) ခုမှာအလှူဒါနကို စိတ်ကြိုက်လှူဒါန်းပေးကမ်းလေ့ရှိခဲ့တယ်၊ တစ်တိုင်းပြည်လုံးလဲ ငါးပါးသီလကို စောင့်ထိန်း ကြတယ်၊ တတိုင်းပြည်လုံးထဲမှာမှ အောက်ပါ ( ၁၁ ) ယောက်ကတော့ သီလကို အသက်နှင့် လဲပြီးကို ထိန်း သိမ်းကြပါသတဲ့။ အဲဒီပုဂိ္ဂုလ်တွေကတော့
၁။ ဘုရားလောင်း ဘုရင်၊
၂။ အိမ်ရှေ့မင်းသား၊
၃။ မယ်တော်ကြီး၊
၄။ မိဖုရားခေါင်၊
၅။ မင်းအတိုင်ပင်ခံ ပုရောဟိတ် ပုဏ္ဏားကြီး
၆။ မြေတိုင်းအမတ်ကြီး၊
၇။ ရှင်ဘုရင်၏ ရထားထိန်းတော်၊
၈။ တိုင်းပြည်၏ အကြီးဆုံး ကုန်သည်ကြီး၊
၉။ နန်းတော် တံခါးမှုး
၁၀။ တိုင်းပြည် ကျက်သရေဆောင် သူဋေ်ဌးကွီး
၁၁။ ပြည့်တန်ဆာမ
အထက်ပါလူတွေကတော့ သီလ၀န္တတွေလို့ ဆိုရမှာပါ၊ ဘာဖြစ်လို့လဲဆို တော့ ဘုရားအလောင်း ကုရုမင်းကြီး ဟာ ပါဏာ တိပါတသိက္ခာပုဒ်နဲ့ ပက်သက်ပြီး တနေ့မှာ ရေကန်ထဲကို ခဲလုံးတစ်လုံး ပစ်ချရင်း ငါးလေးတကောင် ကို ထိမှန်သွားတာ သေသလား ရှင်သလား မသိရဘူး၊ အဲဒီအကြောင်းကို တွေးပြီး သူ့သီလကို သံသယ ဖြစ်မိပါသတဲ့။
ပြည့်တန်ဆာမ၏ သီလစောင့်ထိန်းပုံ
====================
ပြည့်တန်ဆာမ၏ သီလကို စမ်းသပ်လိုတဲ့့ သိကြားမင်းဟာ တနေ့မှာတော့ လုလင်တယောက်အသွင် ဖန်ဆင်းပြီး အသပြာ ငွေ တစ်ထောင်ထုပ်ကို ပေးကာ နတ်ပြည် ပြန်သွားခဲ့တယ်၊ စရံသတ်ထားတယ် ဆိုတဲ့သဘော ထင်ပါရဲ့၊ သိကြားလုလင် လာမယ့် ရက်ကို မျှော်ရင်းမျှော်ရင်းနဲ့ စောင့်ထိန်းနေခဲ့တယ်၊ ဘယ်သူက လာခေါ်သည်ဖြစ်စေ မလိုက်ပါဘူး တဲ့၊ ၃ နှစ်တိတိ ကြာတဲ့ အခါမှာတော့ အသပြာ ၁ထောင်လဲ ကုန်ပြီ၊ စားစရာလဲမရှိ ဆင်းရဲလာတဲ့အ ခါမှာ တရားသူကြီးဆီ သွားပြီး အကျိုး အကြောင်း ပြောပြတော့ ၃ နှစ်အတိုင်းအတာဆိုရင် လုံလောက်ပါပြီ၊ စောင့်မနေပါနဲ့တော့ လို့ ဆုံးဖြတ်ပေးလိုက်တယ်၊
ဒီတော့ နောက်လူ အသစ်ကို လက်ခံမယ် လို့ ၀နျခံလိုကျတဲ့ အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သိကြားမင်းက ပေါ်လာပြီး သီလကို စမ်းသပ်လိုတာကြောင့် ဒီလို လုပ်ခဲ့ရတဲ့အကြောင်း တတိုင်းပြည်လုံးကို တရားဟောပြီး ပြည့်တန်ဆာမ အိမ်ကိုလဲ ရွှေငွေ စတဲ့ ရတနာ ၇ ပါးနဲ့ ဖြည့်ဆည်းပေးခဲ့ပြီး နတ်ပြည်ပြန်သွားခဲ့တယ်၊ ဒီနေရာမှာ အဲဒီအမျိုးသမီးလေးက သူ့သီလကို သံသယဖြစ်မိ တာက စောစောက လူသစ်ကို လက်ခံမိတာ ကို စိတ်ထဲမှာ တနုံ့နုံ့နဲ့ မပျော်ရွှင်ပါဘူး တဲ့။ ကုရုဓမ္မအကြောင်းကို ပြောရင်းနဲ့ လိုရင်း ကို မရောက်နိုင် ဖြစ်နေမိပါတယ်၊ ဖော်ပြချင်တာက သူတို့ရဲ့ငါးပါး သီလကို အလေးထားပုံတွေကို ရိပ်မိစေလိုတာကြောင့် တင်ပြ လိုက်တာပါ၊ ရှိစေတော့
တိုက်တိုက်ဆိုင်ဆိုင် ကုရုတိုင်းနဲ့ မနီးမေ၀း က ကာလိင်္ဂတိုင်း ဒန္တပုရ မြို့မှာလည်းပဲ ကာလိင်္ဂရှင်ဘုရင်ကြီး အုပ်ချုပ်နေတဲ့ အချိန်၊ သူတို့ တိုင်းပြည်မှာတော့ မိုးခေါင်တဲ့ ဘေး ဆိုးကြီး ကျနေတာ နှစ်ပေါင်းများစွာ ကြာနေပြီ၊ မိုးခေါင်လေတော့ သီးနှံ တွေလဲ မဖြစ်ထွန်းပဲ တိုင်းသူပြည်သားတွေ စားရမဲ့ သောက်ရမဲ့ အငတ်ဘေး ဆိုက်လာပြန်တယ်၊ အငတ်ဘေး ဆိုက်ရုံ မကပဲ လူတွေ မသန့်မရှင်းဖြစ်ပြီး အနာရောဂါတွေ ထူပြောလာပြီး ကူးစက်တတ်တဲ့ ရောဂါကပ်ဆိုးကြီး ရောက်လာပြန်ရော ..
ဒီတော့ တိုင်းသူပြည်သားတွေက ကာလိင်္ဂဘုရင်ကြီးဆီ အကျိုးအကြောင်းပြောပြပြီး ..
ဒီလို တတိုင်းပြည်လုံး ကပ်ဆိုက်နေချိန်မှာ အရှင်မင်းကြီး ဒါန သီလတွေ များများပြုပြီး (၇) ရက်တိတိ ဥပုသ်စောင့်ပါက မိုးရွာပါလိမ့်မယ် လို့ လျောက်ကြတယ်၊
အဲဒီလို စောင့်သော်လည်း မိုးမရွာလေတော့ နောက်တဖန် ကုရုတိုင်းမှာ အဉ္ဇန၀ဏ္ဏ မင်္ဂလာဆင်တော်ကြီး ရှိတယ်၊ သူတို့ ဆီကို ဆင်တော်အလှူခံပြီး သယ်လာခဲ့ရင် မိုးရွာနိုင်ပါတယ် လို့ ဆိုပြန်တယ်၊ ဒီလို လုပ်ပေမယ့် အဆင်မပြေပြန်ဘူး၊
ဇာတ်တော်ကို အကျဉ်းချုံးရလျင် နောက်ဆုံးမှာ ကုရုတိုင်းသားတွေ စောင့်ထိန်းကြတဲ့ ငါးပါးသီလကို ရွှေပေလွှာမှာ ကူးယူ စေကာ ကာလိင်္ဂတိုင်းသူ ပြည်သားတွေ အားလုံး စောင့်ထိန်းကြမှ မိုးလေ၀သတွေ မှန်လာပြီး တတိုင်းပြည်လုံးသာယာ၀ပြောစည်ပင် လာခဲ့ တယ်၊ တတိုင်းပြည်လုံး အသက်ချမ်းသာရာ ရခဲ့ကြတယ် လို့ ဆိုပါတယ်။
ဇာတ်တော် နှင့် သဘာ၀ဘေးဒဏ်များ သုံးသပ်ချက်
==============================
ဤနေရာတွင် ယခုလို ဆုတ်ကပ်ကာလကြီးထဲမှာ မိုးလေ၀သ မမှန်တာ၊ ကောက်ပဲ သီးနှံများ မအောင်မြင်တာ၊ လေမုန် တိုင်း နာဂစ်မုန်တိုင်း၊ ဆူနာမီ စတဲ့ သဘာ၀ဘေးဒဏ်တွေဟာ လူတွေ တရားပျက် အကျင့်သီလ ပျက်စီးနေတာနဲ့ လည်း သက်ဆိုင်နေတယ် လို့ ကောက်ချက်ဆွဲနိုင်ပါတယ်၊ စာပေများမှာတော့ လူတွေ တရားပျက်လာပြီ ဆိုရင် ကောင်းကင်က ပုံမှန် သွားလာနေကြတဲ့ ဂြိုလ် နက္ခတ် ကြယ် တာရာ စတာတွေလဲ လမ်းကြောင်း မမှန်တော့ဘူး၊ သူတို့ လမ်းကြောင်း ပြောင်းသွာတော့ လေမတိုက်သင့်ပဲ တိုက်တယ်၊ မိုးမရွာသင့်ပဲ ရွာချပြီး ရေကြီးတဲ့ဒုက္ခ၊စတာတွေ ကြုံရတယ်၊ မိုးက ရွာသင့်တဲ့ အချိန်မှာ မရွာပြန်တော့ ကမ်ဘာကြီး ပူနွေးလာတာမျိုး၊ အိုဇုန်းလွှာ ပါးလာတယ်၊ ပေါက်လာတယ် ဆိုတာမျိုး၊ နောက်ဆုံးမှာ သဘာ၀မီး တောင်ကြီးတွေ မကြာခဏ ပေါက်ကွဲလာတာမျိုးတွေကို လူသားတွေမှာ နေရာတိုင်း ခံနေ ကြရတယ်။
ဘာသာရေး ရှုထောင့် တခုတည်းကနေ သုံးသပ်ရမည်ဆိုလျင် လူတွေ တရားပျက်၊ အကျင့်သီလပျက်စီးကာ အကုသိုလ် တွေ များများ လုပ်လေလေ၊ အဲဒီဒေသ နေရာ တိုင်းပြည်တွေမှာ သဘာ၀ဘေးဒဏ်တွေကို မကြာခဏ ခံရလေလေလို့ ဆိုရ မလို ဖွဈေ န တယ်၊ အခုလဲ ကာလိင်္ဂတိုင်းသားတွေ သီလမြဲကာတရားစောင့်ကြတော့ ချက်ချင်းမိုးလေ၀သ မှန်လာတာ ဟာ သက်ရှိလူသားများနဲ့ သက်မဲ့ကမ်ဘာကြီးတို့ ဆက်စပ်မှုရှိနေတယ်ဆိုတာ သက်သေပါပဲ၊ ဒါဟာ ဗုဒ္ဓစာပေများကို ထောက် ပြီး ကိုယ့်ဘာသာ သုံးသပ်ကြည့် မိတာ သက်သက်ပါ၊ အခြား မမြင်နိုင်သော သဘာ၀ ရေမြေအနေအထား စတဲ့ အချက် တွေလဲ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်၊ ( ဥပမာ- ဂျပန်နိုင်ငံတခုလုံး သဘာ၀ငလျင်ကြောပေါ်မှာ တည်ရှိနေတယ် ဆိုတာက တော့ ယနေ့ခေတ် ပစ္စုပ္ပန်အနေအထားတွေလဲ အများကြီး သက်ဆိုင်တယ်လို့ ဆိုရပါမယ် )
ဇာတ်တော် ပေါင်းခန်းမှာတော့
ဂါထာ ။ ။ ဂဏိကာ ဥပ္ပလ၀ဏ္ဏာ၊ ပုဏေ္ဏာ ဒေါဝါရိကော တဒါ၊
ရဇ္ဇုဂါဟော ကစ္စာယနော၊ မောဂ္ဂလာနော ဒေါဏမာပကော၊
သာရိပုတေ္တာ တဒါ သေဋ္ဌိ၊ အနုရုဒေ္ဓါ စ သာရထိ၊
ဗြဟ္မဏော ကဿပေါ ထေရော၊ ဥပရာဇာ နန်ဒပဏ်ဏ္႑ိတော၊
မဟသေီ ရာဟုလမာတာ၊ မာယာဒဝေီ ဇနတတွေိယာ၊
ကုရုရာဇာ ဗောဓိသတေ္တာ၊ ဧဝံ ဓာရေထ ဇာတကံ။
အထက်ပါ ကုရုဓမ္မ ဇာတ်တော်၌ပါသော ပြည့်တန်ဆာမသည် ဘုရားရှင်သာသနာတော်၌ တန်ခိုးအရာတွင် ဧတဒဂ် ရာထူးရရှိသော ဥပ္ပလ၀ဏ္ဏာ ဘိက္ခုနီမ ဖြစ်လာသည် ( သံသရာ ကြောက်စရာ ကောင်းပုံက ပြည့်တန်ဆာမတောင် ဖြစ်ခဲ့ဖူး သတဲ့ )
အရှင်ပုဏ္ဏ ရဟန္တာ မထေရ်သည် ထိုအခါက တံခါးမှုး၊
အရှင်မဟာကစ္စည်းမထေရ်သည် ထိုအခါက မြေတိုင်းအမတ်ကြီး၊
အရှင်မောဂ္ဂလာန်မထေရ်သည် ထိုအခါက အကြီးဆုံး ကုန်သည်ကြီး၊
အရှင်သာရိပုတ္တရာသည် ထိုအခါက သူဋေ်ဌးကွီး၊
အရှငျအနုရုဒ်ဓါသညျ ထိုအခါက ရထားထိန်း၊
အရှင်မဟာကဿပမထေရ်ကြီးသည် ထိုအခါက ပုရောဟိတ်ပုဏ္ဏားကြီး၊
အရှင်နန္ဒ မထေရ်သည် ထိုအခါက အိမ်ရှေ့မင်းသား၊
ယသော်ဓရာ သည် ထိုအခါက မိဖုရားခေါင်ကြီး၊
မယ်တော်မာယာ တဖြစ်လဲ သန္တုဿိတနတ်သားသည် ထိုအခါက ကုရုမင်းကြီး၏ မယ်တော်၊
ဂေါတမဘုရားရှင်သည် ထိုအခါက ကုရုမင်းကြီး အဖြစ်ဖြင့် သံသရာကျင်လည်ခဲ့ဖူးသည်။
ဤဖြစ်စဉ်နှင့် ဆက်စပ်တွေးမိသည်ကား ကုရုဓမ္မအကြောင်းဖော်ပြသော ဤဇာတ်တော်ကို ဘုရားရှင်သည် တော်သလင်း လပြည့်နေ့ တွင် ဟောခဲ့သောကြောင့် ယင်းနေ့ကို ဂရုဓမ္မ အခါတော်နေ့ဟု သတ်မှတ်ခဲ့လေသလား၊ နောက်တချက်အ နေဖြင့် ကာလိင်္ဂတိုင်းသားတို့အား ငါးပါးသီလ ကို ရွှေပေလွှာတွင် ရေးကူးစေကာ တော်သလင်းလပြည့်နေ့တွင် ပေးခဲ့လေ သောကြောင့် ကုရုဓမ္မ အခါတော်နေ့ ဂရုဓမ္မအခါတော် နေ့ဟု သတ်မှတ် ခေါ်ဆိုခဲ့လေသလား တွေးတောစရာပင်။
အဘယ့်ကြောင့် ဆိုသော် ဇာတ်တော်ထဲတွင် ဘုရားအလောင်း ကုရုမင်းကြီးသည် လပြည့်နေ့ ( ၁၅ ) ရက်ခေါ် ပန္နရသီ ဥပုသ်နေ့၌ ကိုယ်တော်တိုင် အလှူပေးရန် ပရိသတ်အကြား လာရောက်စဉ် ကာလိင်္ဂတိုင်းမှ ပုဏ္ဏားများအား ငါးပါးသီလ ကို ရွှေပေလွှာ မှာ ရေးကူးစေသည် ဟု ဆိုသောကြောင့် ဒုတိယအချက်ကို ထောက်သောအားဖြင့် ဂရုဓမ္မ အခါတော်နေ့ဟု သတ်မှတ်ခဲ့ တာ သေချာသလောက် ရှိပေသည်။
အချုပ်ဆိုရသော် တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့သည် ကိုယ်ကျင့်သီလ moralityများ၊ ဂုဏ်သိက္ခာ characters ပိုင်း ဆိုင်ရာများ ပျက်ရွင်းနေသော ယနေ့ခေတ် အခါကြီးတွင် တော်သလင်း လပြည့်နေ့ ကို ရောက်တိုင်း လူသားများအား အကျင့်သီလများ အားကောင်းစေဖို့၊ ငါးပါးသီလ၊ ရှစ်ပါးသီလ စတာတွေကို တလေးတစား စောင့်ထိန်း ကြစေဖို့ ဘုရား အလောင်း ကုရုမင်းကြီးက သတိပေးနေသည် သတိပေးခဲ့သည် ဟုပင် ဆိုချင်ပါတော့သည်။
Download Myanmar Calendar
👇👇👇
https://play.google.com/store/apps/details...
Direct Download
https://bit.ly/31KNiPn
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ်ဘာ )
စာညွှန်း။ ။ ကုရုဓမ္မဇာတက၊ ဒုကနိပါတ်၊
ဇာတကအဋ္ဌကထာ ဒုတိယအုပ်
#တော်သလင်းလပြည့်နေ့
#ဂရုဓမ္မအခါတော်နေ့
#ငါးပါးသီလအခါတော်နေ့