Methodist English Men Fellowship

Directions

Methodist English Men Fellowship Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Methodist English Men Fellowship, Religious organisation, No.18,Phont Phyo Yay Street, Kyaik Khauk Pagoda Road, Near Aung Chan Thar Bus St, Thanlyin.

📢 ဧဝံဂေလိသင်တန်း ဖိတ်ကြားလွှာ  ​မက်သဒစ်အင်္ဂလိပ်အသင်းတော် တွင် ပြုလုပ်မည့် "ရေခံမြေခံ ဆင့်ပွား ဧဝံဂေလိသင်တန်း" သို့ ပါဝင...
03/10/2026

📢 ဧဝံဂေလိသင်တန်း ဖိတ်ကြားလွှာ

​မက်သဒစ်အင်္ဂလိပ်အသင်းတော် တွင် ပြုလုပ်မည့်
"ရေခံမြေခံ ဆင့်ပွား ဧဝံဂေလိသင်တန်း" သို့ ပါဝင်တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

​📅 ရက်စွဲ: ၂၆ - ၂၇ အောက်တိုဘာ၊ ၂၀၂၆
⏰ အချိန်: နံနက် ၉:၀၀ မှ ညနေ ၄:၀၀ အထိ
📍 နေရာ: မက်သဒစ်အင်္ဂလိပ်အသင်းတော်

03/10/2026
03/10/2026

အယ်လ်နီညို သတိပေးချက်နှင့်
ကြိုတင်ပြင်ဆင်ရေး အကြံပြုချက်များ

"Be informed. Be prepared. Act together.”

ကမ္ဘာ့ရာသီဉတုပြောင်းလဲခြင်းဖြစ်စဉ်များ
ကြောင့်(၂၀၂၆ -၂၇) ခုနှစ်ကမ္ဘာတဝှမ်းမှာ
ယခင်ကာလများထက်ပိုပြီးပြင်းထန်တဲ့
အယ်နီညိုဖြစ်စဉ်ကိုကြုံကြရတော့မယ်လို့
ပညာရှင်များသတိပေးနေခဲ့ပြီးဖြစ်ပါသည်။
မကြာခင်ကြုံတွေ့ရမဲ့ အယ်လ်နီညှိ
ဖြစ်စဉ်ဟာ ဖြစ်ဖူးသမျှထဲမှာ အပြင်း
ထန်ဆုံးဖြစ်မယ်လို့လဲ ခန့်မှန်းထားကြ
ပါတယ်။

အယ်လ်နီညိုဆိုတာဘာလဲ။
အယ်လ်နီညို (El Niño) ဆိုတာ
ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနဲ့
အရှေ့ပိုင်းမှာ ပင်လယ်ရေမျက်နှာ
ပြင်ဟာကမ္ဘာ့ရာသီဉတုပြောင်းလဲခြင်း
ကြောင့်အပူချိန် ပုံမှန်ထက် ပူနွေးလာပြီး
ကမ္ဘာတစ်ဝန်း မိုးလေဝသပုံစံတွေကို
ပြောင်းလဲစေတဲ့ ရာသီဥတုဖြစ်စဉ်
တစ်ခုဖြစ်ပါတယ်။

အယ်လ်နီညို ဆိုတာနဲ့ အပူချိန်မြင့်တက်
မယ်လို့ပဲ တထစ်ချ သတ်မှတ်လို့ မရပါဘူး။
ဉပမာ -တစ်ချို့နေရာတွေမှာ ပိုပူမယ်။
တချို့နေရာတွေမှာ ပိုအေးမယ်။၊ မိုးရွာတာ
ပိုပြင်းထန်မယ်။ မိုးခေါင်ရေရှားလည်းဖြစ်
နိုင်ပါတယ်။ မိုးလေဝသနဲ့ ရာသီဥတုခန့်မှန်း
ချက်တွေကိုကြည့်ပြီး ကြိုတင်ပြင်ဆင်ခြင်း
သည်အလွန်အင်မတန်အရေးကြီးပါသည်။

မြန်မာနိုင်ငံမှာဘာတွေဖြစ်နိုင်ပါသလဲ။
ယခု၂၀၂၆ခုနှစ် အယ်လ်နီညိုဖြစ်စဉ်ဟာ
အောက်တိုဘာလကနေ ၂၀၂၇ခုနှစ်
ဖေဖော်ဝါရီလအထိ အပြင်းထန်ဆုံးခံ
စားရနိုင်ပါတယ်။ အပူချိန်မြင့်တက်လာ
တာကိုသိသိသာသာခံစားရမှာဖြစ်သလို
မိုးကြီး၊ ရေကြီးတာကိုလည်းသိသိသာသာ
ကြုံတွေ့ခံစားရနိုင်ပါတယ်။

ဤဖြစ်စဉ်ကြောင့် ကမ္ဘာတဝှမ်းတွင်
လူ့အသက်ပေါင်း (၄)သိန်းကျော်ဆုံးရှုံးနိုင်
ခြေရှိမှုတွင် မြန်မာနိုင်ငံမှ လူအသက်ပေါင်း ၁၁၀၀-၁၃၀၀ခန့် ဆုံးရှုံးနိုင်သည်ဟုခန့်မှန်း
ထားပါသည်။

စိုက်ပျိုးရေးလုပ်ငန်းများတွင်
ဆောင်းသီးနှံစိုက်ပျိုးမှုပေါ်သိသိသာ
ထိခိုက်သက်ရောက်မှုရှိလာမှာဖြစ်ပါ
တယ်။ ရေအမြဲမပြတ်ရရှိနိုင်ဖို့၊ ရေစုတ်၊
ထွန်ယက်စိုက်ပျိုးဖို့ စက်သုံးဆီမလုံလောက်မှု၊
လက်လှမ်းမီမှု မရှိနိုင်ခြင်းကြောင့်
ဆောင်းသီးနှံများထိခိုက်ပျက်စီးနိုင်ပါသည်။
အပူချိန်နှင့်ရေလုံလောက်မှုမရှိခြင်း
ကြောင့် ဆောင်းသီးနှံများဖြစ်သည့်
မီးဖိုချောင်သုံးသီးနှံတွေ၊ ပဲ၊နှမ်း၊ပြောင်း၊
အာလူး၊ ကြက်သွန်နီ/ဖြူ၊ မုန်လာ၊ မုန်ညင်း၊
နေကြာ၊ ဟင်းသီးဟင်းရွက်မျိုးစုံ၏
အထွက်နှုန်းကျဆင်းသွားမည်ဖြစ်သည်။
ရေရှားပါးမှုဖြစ်စဉ်များနှင့်စက်သုံးဆီ
လိုအပ်ချက်မြှင့်မားမှုများရှိလာပါမည်။

ထို့အတူသယ်ယူပို့ဆောင်ခများလည်း
မြှင့်တက်လာမည်ဖြစ်ပြီ၎င်းနှင့်ဆက်စပ်
သည့်ကုန်ဈေးနှုန်းများလည်းကြီးမြှင့်လာ
မည်ဖြစ်ပါသည်။ လက်ရှိ၌ မြန်မာပြည်တွင်
မွေးမြူရေးလုပ်ငန်းကဏ္ဍတွင်လည်းအကျိုး
သက်ရောက်မည်ဖြစ်ပါသည်။ ကြက်/ဘဲဉ
အထွက်နှုန်း၊ အသားအထွက်နှုန်းများကျ
ဆင်းလာမည်ဖြစ်ပါသည်။အပူချိန်မြင့်တက်
လာမှုကြောင့် သား၊ ငါးမျိုးပွား နှုန်းများ
ကျဆင်းလာမည်ဖြစ်ပါသည်။

နောက်ဆက်တွဲအဖြစ် မြန်နိုင်ငံ၏
မြို့ကြီးများတွင်ကုန်ဈေးနှုန်း သိသိ
သာသာမြှင့်တတ်လာမည်ဖြစ်ပါသည်။
မြေအောက်ရေကိုအဓိကသုံးစွဲမှုများသော
မြို့ပြကြီးများတွင် ရေရှားပါးမှုစံချိန်တင်
မြင့်တက်လာမည် ဖြစ်ပါသည်။
ပူပြင်းလာမှုကိုလျော့ချရန် လျှပ်စစ်
သုံးစွဲမှုများမြင့်မားလာပြီးမီးပြတ်တောက်
မှုပိုမိုကြုံတွေ့လာရမည်ဖြစ်ပါသည်။
ရေနှင့်သဘာဝဓါတ်ငွေ့သုံးလျှပ်စစ်ထုတ်
လုပ်မှုများလည်းလျော့နည်းလာမည်ဖြစ်သည်။

အပူချိန်မြင့်တက်မှုနှင့်ကာဗွန်ထုတ်လွှတ်မှု
များလာမည်ဖြစ်သောကြောင့်အပူရှပ်ပြီး
သေဆုံးမှုများလည်းပိုမိုများပြားလာနိုင်မည်
ဖြစ်ပါသည်။

ဘယ်သူတွေပိုမိုထိခိုက်နိုင်ချေရှိသလဲ။
အသက်ကြီးသူ၊ ကလေးငယ်၊ ကိုယ်ဝန်
ဆောင်မိခင်များ၊ နေပူထဲတွင်အလုပ်လုပ်ကိုင်
ကြသူများ၊ လယ်သမားများနှင့်စိုက်ပျိုးရေး
လုပ်ကိုင်ကြသူများ၊ သောက်ရေသုံးရေလုံ
လောက်စွာမရရှိနိုင်ကြသူများ၊ ဝင်ငွေနည်း
ပါးသောအိမ်ထောင်မိသားစုများ၊ အလှမ်း
ဝေးကွာကြသောလူမှုအသိုင်းအဝိုင်းများ၊
မသန် စွမ်းသူများနှင့်စိုက်ပျိုးမွေးမြူရေးကို
မှီခိုရှင်သန်ကြသူများသည်ယေဘုယျအားဖြင့်
ထိခိုက်နိုင်ချေမြှင့်မားသောသူများဖြစ်ပါသည်။
ဤအုပ်စုများတွင် မိမိမပါဝင်သည့်အတွက်
ပူပန်စရာမရှိဟု မထင်မြင်အပ်ပါ။ အားလုံးအနည်းနှင့်အများခံစားကြရမည်သာဖြစ်ပါသည်။

ဘယ်လိုတွေပြင်ဆင်နေကြပါသလဲ။
ကြိုတင်ပြင်ဆင်ဖို့နားလည်တဲ့နိုင်ငံ
အသီးသီးမှာတော့ ပညာရှင်များ၏
အကူအညီနဲ့ စားနပ်ရိက္ခာ၊ ရေစုဆောင်း
မှုများကိုပြုလုပ်ထားကြပါတယ်။
မလေးရှားကတော့ ရေကိုဉီးစားပေး
ပြင်ဆင်ထားကြပါပြီ။ ထိုင်းနိုင်ငံက
တော့ အရန်ဆန်နဲ့စားဆီ ရာခိုင်နှုန်းတိုး
မြှင့်သိုလှောင်တာတွေပြုလုပ်ထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံကတော့ စိုက်ပျိုးရေး
ကဏ္ဍနဲ့ဆန်တင်သွင်းမှုကိုဉီးစားပေး
လုပ်ဆောင်ထားပါပြီ။ ဒါကြောင့်မြန်မာ
နိုင်ငံကဆန်အမြောက်အများကိုတင်ပို့
ဝယ်ယူထားခြင်းဖြစ်ပါတယ်။

အကျဉ်းချုပ်ဆိုရလျင် အပူချိန်မြင့်တက်
လာမှုကြောင့်ကမောက်ကမဖြစ်လာမည့်
ရာသီဉတုဖြစ်စဉ်များကြောင့် ဆက်စပ်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုရေးနှင့်စီးပွား
ရေးလုပ်ငန်းများအတွက် အနုတ် လက္ခဏာ
ဆောင်သည့် နောက်ဆက်တွဲများကိုအနည်းနှင့်
အများမလွဲမသွေခံစားကြရမည်ဖြစ်ပါသည်။

ဘာတွေကိုသိထားသင့်ပါသနည်း။
ယုံကြည်စိတ်ချရသော/တရားဝင်သော
မိုးလေဝသကြိုတင်ခန့်မှန်းချက်များကို
အစဉ်မပြတ်လေ့လာပါ။ အပူချိန်သတိ
ပေးချက်များကိုအမြဲသတိရှိပါ။
မိုးရွာသွန်းမှုအခြေအနေများကိုသတိပြုပါ။
မိုးရွာသွန်းမှု ခန့်မှန်းချက်အပေါ်မူတည်ပြီး
စိုက်ပျိုးချိန်ကို ပြန်လည်စီစဉ်ပါ။
ရာသီဥတုဒဏ်ခံနိုင်သော သီးနှံမျိုးများကို
စဉ်းစားပါ။ မိုးခေါင်ရေရှားမှုနှင့်ရေရရှိနိုင်မှု
သတင်းအချက်အလက်များစုဆောင်းထားပါ။
စိုက်ပျိုးရေးအကြံပေးချက်များကိုလိုက်နာပါ။
မြေဆီလွှာအတွင်း ရေဓာတ်ထိန်းထားနိုင်ရန်
mulch၊ သဘာဝမြေဩဇာ စတာတွေ အသုံး
ပြုနိုင်ပါတယ်။ မီးဘေးအန္တရာယ်ဖြစ်ပေါ်နိုင်
သည့်အခြေအနေများကိုပြင်ဆင်လျော့ချပါ။
ဒေသ၏ ရေအရင်းအမြစ်အခြေအနေများကို
အမြဲလေ့လာပါ။ ကောလဟာလမီဒီယာများ၏
သတင်းအချက်အလက်များကိုသတိဖြင့်
ရှောင်ကြဉ်ပါ။

အသင်းတော်များဘာတွေပြင်ဆင်ထားသင့်ပါသနည်း။
အသင်းတော်အချင်းချင်းအပြန်အလှန်
ဆုတောင်းပေးကြပါ။
အသင်းတော်တွင်းဤသဘာဝဘေးအား
ကြိုတင်အသိပေးနိုင်သည့်စနစ်များပြင်
ဆင်ထားပါ။ အသင်းတော်တွင်ထိခိုက်
ခံစားရနိုင်ချေမြှင့်မားသောအိမ်ထောင်စု
များအား ရှာဖွေစာရင်းပြုစုထားပါ။
ရေသိုလှောင်ခြင်းအစီအမံများကိုကြိုတင်
ပြင်ဆင်ထားရှိပါ။

အသင်းတော်တွင်း၌ဤအခြေအနေများကို
တုန့်ပြန်ပေးမည့်အဖွဲ့များဖွဲ့စည်းထားပေးပါ။
ဤကိစ္စကိုတုန့်ပြန်ရန်အသင်းတော်တွင်း
အချင်းချင်းအပြန်အလှန်ဆက်သွယ်သတင်း
ပေးနိုင်မည့်ကွန်ရက်များပြုလုပ်ထားပါ။

အပူချိန်အလွန်မြင့်မားသည့်အချိန်များတွင်
လုံခြုံစွာနှင့်သက်သောင့်သက်သာစွာ
နေထိုင်နိုင်မည့်နေရာထိုင်ခင်းများကို
ပြင်ဆင်ထားကြရန်။ အရေးပေါ်အခြေ
အနေများတွင် အထောက်အပံ့ပေးနိုင်ရန်
ပြင်ဆင်ထားပါ။ ဒေသခံတာဝန်ရှိသူများနှင့်
လူသားချင်းစာနာထောက်ထားမှုကူညီရေး
အဖွဲ့အစည်းများဖြင့်ချိတ်ဆက်ထားပါ။
သစ်ပင်စိုက်ပျိုးခြင်း၊ထိန်းသိမ်းခြင်းနှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းများ
ဆောင်ရွက်ပါ။

(ဘကြီးဖြိုး - ပြုစုရေးသားသည်)

04/07/2026

I got over 20 reactions on one of my posts last week! Thanks everyone for your support! 🎉

We are deeply saddened to hear that Naw Pa Saw Htwe (aged 69), the mother of U Min Thu, President of the Methodist Engli...
04/07/2026

We are deeply saddened to hear that Naw Pa Saw Htwe (aged 69), the mother of U Min Thu, President of the Methodist English Men's Fellowship, and his wife Naw Hnin Wut Yee, passed away on 3 July 2026 (this morning). The Methodist English Church (National Convention) prays for the peace of God to rest upon the bereaved family and for God's comfort and love to be with each and every member of the family.

Thank you very much to all the donors and MEMF members for your generous contributions and support.MEMF would like to ex...
07/06/2026

Thank you very much to all the donors and MEMF members for your generous contributions and support.

MEMF would like to express our special thanks to Dr. Mnkyaw, Ko Htike Soe and Uncle U Aung for their contributions.

29/03/2026

Methodist English Church ✝️
Palm Sunday 🌿
Morning Worship Service 🛐

မက်သဒစ် အင်္ဂလိပ် အမျိုးသားသဟာယအဖွဲ့၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်(စနေနေ့) လှည်းကူးမြို့နယ်၊ ဒေါင်းမီးခွက်ကျေးရွာ,တစ်ရက်...
14/02/2026

မက်သဒစ် အင်္ဂလိပ် အမျိုးသားသဟာယအဖွဲ့
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်(စနေနေ့)
လှည်းကူးမြို့နယ်၊ ဒေါင်းမီးခွက်ကျေးရွာ,
တစ်ရက်တာ အားသစ်လောင်းအစီအစဉ်

Address

No.18,Phont Phyo Yay Street, Kyaik Khauk Pagoda Road, Near Aung Chan Thar Bus St
Thanlyin
11291

Website

Alerts

Be the first to know and let us send you an email when Methodist English Men Fellowship posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share