Naw Mu Ka Baw

Directions

Naw Mu Ka Baw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Naw Mu Ka Baw, Religious Center, Taungoo.

ယောဘဝတ္တု၈း၇ သင်သည်အစအဦး၌ ငယ်သော်လည်း၊နောက်ဆုံး၌အလွန် ကြီး ပွါးလိမ့်မည် 💜။https://www.facebook.com/share/1GaxB7SnrS/
https://www.facebook.com/share/19xvUmegmb/
https://www.facebook.com/share/16UzwbNfwe/

04/10/2026

# မေတ္တာ #
နာဟုံ ၁း ၁-၁၅

04/10/2026

#အနက်ဖွင့်ခြင်း #

နေဟမိ ၈း၇း၈
က ၁း၂၆
၁ပေ၅း၈
၁သကျ၅း၁၇
၂ကော ၁၃း၁၂
မသာဲ၅း၇မသာဲ၁၂း၂၄-၂၈
ယော၁၀း၃၀
မာကု၃း၂၀-၃၀
က ၁း၂၆-၂၇
ယော ၈း၇-၈
လု၃း၂၃-၃၈
သြဗဒိ ၁း၄
လု၄၀း၄၂

29/09/2026

#ဘုရားသခင်ကိုမမေ့နဲ့ #

တရားဟောရာကျမ်း ၈း၁၁-၂၀

တရားသူကြီ ၂၁း၁၀

27/09/2026

26.9.2026 စနေနေ့

#နာခံတတ်သောနှလုံးသား #

(ဘုရားသခင်၏စကားကိုနာခံရန် သင်ယူခြင်း)
၁ ရာဇဝင် ၃:၁-၁၀၊ ၁၉-၂၀၊ ၂:၁၁
၁။ မိဘများ၏ စကားကို နာခံခြင်း (ဧဖက် ၆:၁-၂၊ ကောလောသဲ ၃:၂၀)

၂။ ဆရာများနှင့် ဝိညာဉ်ရေးရာ ခေါင်းဆောင်များ၏ စကားကို နာခံခြင်း (သုတ္တံ ၁၂:၁၊ ဟေဗြဲ ၁၃:၁၇)

၃။ ဘုရားသခင်၏ စကားကို နာခံခြင်း

Naw Mu Ka Baw

27/09/2026

25.9.2026

#ဘုရားသခင်ပြင်ဆင်ပေးသောလက်နက်စုံ #

ဧဖက် ၆း၁၁-၁၈

Naw Mu Ka Baw

27/09/2026

24.9.2026 ကြာသာပတေး

#ခိုလှုံခြင်း #

၂ရာ ၁၆. ၁၂
၂ရာ ၂၀. ၁၂


Naw Mu Ka Baw

27/09/2026

22.9.2026 အင်္ဂါ

#မှားယွင်းသောအရေးအသားများအကြောင်း #

လူတစ်ဦးတစ်ယောက်ရဲ့အမှီနာမကိုရေးသားခြင်းဖြစ်သည်။

AD ၁၀၀မွ ၈၀၀အတွင်းရေးခဲ့သည်။
ဓမ္မသစ်ကျမ်းနောက်ဆုံးသည် ဗျာဒိတ်

ဗျာဒိတ် ကျမ်းရေးသားခဲ့တာက AD၉၅ လောက်ကဓမ္မာသစ်ကျမ်းရေးခဲ့ပြီးပြီဖြစ်တယ်။
ဓမ္မသစ်ကျမ်း ၂၇ ကျမ်းလုံး ရေးသားခဲ့ပြီးပြီ။

မှားယွင်း သောအရေးအသား AD ၁၀၀ မွ ၈၀၀ ရေးသားခဲ့သောအရာ
`--> လူတစ်ဦးတစ်ယောက် ရဲ့နာမည်ကိုအသုံးပြုတာကလဲ၊ဒီကျမ်းစာရေးသားတဲ့ ဓမ္မသစ်ကျမ်း ကိုရေးသားတဲ့တမန်တော်ရဲ့နာမည်ကိုယူသုံးပြီးရေးသားခြင်းဖြစ်သည်။

၂သကျ၂း၁-၂

မှားယွင်း သောသြဝါဒ သွန်သင်သောသူတွေကတစ်ခြားစာအုပ်နဲ့စာပေနဲ့လာခြင်းမဟုတ်= သမ္မာကျမ်းစာအုပ်နဲ့ပဲလာတာဖြစ်တယ်။

ထို့ကြောင့် သမ္မာကျမ်းစာမှန်ကန်စွာပိုင်းဖြတ်နားလည်သဘောပေါက်ခြင်းမရှိဘူးဆိုရင်အလွာ်တကူမှားယွင်းခြင်းနောက်ပါသွားနိုင်တယ်။

ဒါကြောင့် ရှင်််ပေါလုပြောတယ်။ငါတို့စာကဲ့သို့သောစာအားဖြင့်ဖြစ်စေတဲ့၊သင်တို့စိတ်ရွေ့လျော့ခြင်း၊စိုးရိမ်တုန်လှုပ်ခြင်း၊အလျှင်တဆောမရှိမည်အကြောင်းငါတို့သည်တောင်းပန်ကြ၏။

ကျွန်တော်၊ကျွန်မတို့သညိ သမ္မာကျမ်းကို၊အမှား၊အမှန်နားလည်သလောက်ပေါက်စွာ၊မှန်မှန်ကန်ကန်ရွေးချယ်ထားရမယ်။

Naw Mu Ka Baw

24/09/2026

✝💝 သခင့်နောက်သို့ အစဉ်လိုက်မည်💝✝
-------------------------------------------------------------
သုတ္တံကျမ်း၁း၃၃ငါ့ စ ကား ကို နား ထောင် သော သူ မူ ကား လုံ ခြုံ စွာ နေ ၍၊ ဘေး ကို မ ကြောက် ဘဲ ငြိမ် ဝပ် လိမ့် မည်။

ဆင်ခြင်။ ။သိုးများသည် အခြားသတ္တဝါများနှင့်မတူပါ။ သိုးများသည် အမြင်အာရုံအားနည်းသူများဖြစ်၍ အဝေးကိုမမြင်ရသောကြောင့် မိမိတို့၏ သိုးထိန်းအသံကိုသာ အာရုံစိုက်နားထောင်ပြီး သိုးထိန်းနောက်သို့လိုက်ကြပါသည်။သိုးထိန်း၏ အသံကိုမှတ်မိသောကြောင့် သိုးထိန်းအသံမဟုတ်ပါက မလိုက်တတ်ကြပါ။သိုးများသည် အားနည်းကြသဖြင့် ရန်သူများ လာရောက်တိုက်ခိုက်သည့်အခါမှာ သူတို့ကိုယ်တိုင်ပြန်လည်တုန့်ပြန်နိုင်ခြင်းမရှိပဲ သိုးထိန်းကသာ သူတို့အားကာကွယ်ပေးရသောကြောင့် သိုးထိန်းအပေါ်တွင်အပြည့်အဝယုံကြည်အားကိုးပြီး ရှင်သန်နေသူများဖြစ်ပါသည်။သခင်ယေရှုသည် ကျွန်ုပ်တို့ယုံ ကြည်သူများအား သိုးများနှင့် ပုံဆောင်ထားပါသည်။သိုးများသည် တစ်ကောင်တည်းမနေကြပဲ အစုအဖွဲ့နှင့် နေသလို ကျွန်ုပ်တို့ယုံကြည်သူများသည်လည်း တစ်ယောက်တည်းသီးသန့်မနေပဲ ယုံကြည်သူများစုဝေးရာ အသင်းတော်ထဲတွင် နေပြီး သိုးထိန်းဖြစ်သော သခင်ယေရှု၏ စကားကို နားထောင်ရပါမည်။သိုး၏ရန်သူဖြစ်သော ဝံ၊ ခြ‌ေ င်္သ့၊ ကျား စသည်တို့သည် အုပ်စုထဲတွင် မရှိသောသိုးများကို အလွယ်တကူ ဖျက်ဆီးသတ်ဖြတ်တတ်သကဲ့သို့ ကျွန်ုပ်တို့၏ ရန်သူဖြစ်သော စာတန်သည် ကျွန်ုပ်တို့ လမ်းလွဲနေပါက ပိုမိုပြီး ဘုရားနှင့်ဝေးအောင် သွေးဆောင်ဖြားယောင်းပြီး လုပ်ကြံ၊ သတ်ဖြတ် ၊ ဖျက်ဆီး ချင်နေပါသည်။သခင်ယေရှုသည် ကောင်းသောသိုးထိန်းဖြစ်၍ မိမိ၏သိုးများကို ကောင်းစွာ ကြည့်ရှုစောင့်ရှောက်ရုံသာမက မိမိ၏ သိုးများအသက်အန္တရာယ်ကြုံတွေ့ရသည့် အချိန်၌ မိမိအသက်ကိုပင် မနှမြောပဲ အသက်စွန့်ပြီး ရွေးနှုတ်ကယ်တင်ပေးခဲ့ပါသည်။သခင်ယေရှုသည် ကျွန်ုပ်တို့အားလုံးအတွက် ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးပါးစလုံးကို ကယ်တင်ပေးခဲ့ပြီး လွတ်မြောက်ခြင်းရရှိစေခဲ့ပါသည်။သခင်ယေရှုသည် ထာဝရအသက်ကိုပေးရုံသာမက ပြည့်‌စုံသောအသက်ဖြင့် ရှင်သန်နိုင်ရန် အတွက် လုပ်ဆောင်ပေးခဲ့ပါသည်။အသက်နှင့်ပြည့်စုံခြင်းဆိုသည်မှာအသက်ရှင်ရုံမျှမဟုတ်ပဲအသက်ရှိသောသူတစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့်အရာမှန်သမျှ အားလုံး ပိုင်ဆိုင်ရရှိခြင်းဖြစ်ပါသည်။ ဥပမာ- အသက်ရှင်လျက်နှင့် စိတ်ဝေဒနာ ခံစားနေရခြင်း၊ အနာရောဂါ ခံစားနေရခြင်း သည် ဘုရား‌ပေးချင်သော ပြည့်စုံသောအသက် မဟုတ်ပါ။ထို့ကြောင့် သခင်ယေရှုသည် ဝိညာဉ်ကိုကယ်တင်ပေးခဲ့ခြင်းအပြင် ခန္ဓာနှင့် စိတ်ကိုပါ ကယ်တင်ပေးပြီး ရန်သူလုယူထားသောအရာများကို ပြန်လည်ရယူခဲ့ပြီ ဖြစ်သောကြောင့် စာတန်၏ လိမ်လည်မှုမခံရအောင် ယုံကြည်သူ အသင်းတော်ထဲတွင် ရှိနေရမည် ဖြစ်ပြီး သခင်ယေရှု၏အသံတော်ကိုသာ နားထောင်လျက် နောက်တော်သို့ တစိုက်မတ်မတ် လိုက်ရမည် ဖြစ်ပါသည်။

ဆုံးဖြတ်ချက်။ ။သခင်ပေးသော အသက်ဖြင့် အသက်ရှင်လျက် သခင့်အသံကိုနားထောင်၍ သခင့်နောက်သို့ အစဉ်လိုက်ပါမည်။

ဆုတောင်းချက်။ ။အိုး..အဖဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်တို့အား ရန်သူလက်မှ ရွေးနှုတ်ကယ်တင်ပေးခဲ့ပြီး ထာဝရအသက်ကိုပေးရုံသာမကအထူးသဖြင့် ပြည့်စုံသောအသက်ဖြင့် ရှင်သန်စေသည့်အတွက် ကျေးဇူးတင်ပါ၏။ ကျွန်ုပ်တို့၏အသက်တာ၌ ကိုယ်တော်၏အသံကိုသာနားထောင်ပြီး ကိုယ်တော့်နောက်တော်သို့ အစဉ်လိုက်သောသူဖြစ်ရန် မစတော်မူပါမည့်အကြောင်း သခင်ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်
♥God Bless You All ♥
Mu Ka Baw #
*************************************

24/09/2026

✝💝 ဝိညာဉ်အဦးသီး-ချစ်ခြင်းမေတ္တာ💝✝
-------------------------------------------------------------

ကျမ်းချက်။ ။ ဂလာတိဩဝါဒစာ - ၅:၂၂-၂၃
ဝိ​ညာဉ်​ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊- နူး​ညံ့​သိမ်​မွေ့​ခြင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ပေ​တည်း။ ထို​သို့​သော​အ​ကျင့်​ကို အ​ဘယ်​တ​ရား​မျှ မ​မြစ်​တား။-

ယှဉ်တွဲဖတ်ရှုရန်
၁ ယော - ၄း ၁၆
၁ကော - ၁၃း ၄-၈ နဟေမိ - ၈း ၁၀
ဆင်ခြင်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသောကြောင့် မိမိ၌ရှိသော တစ်ပါးတည်းသော သားတော် ယေရှုခရစ်တော်ကို ဤလောကသို့စေလွှတ်ကာ ကျွန်ုပ်တို့၏အပြစ်အတွက် ကိုယ်စားလက်ဝါးကားတိုင်ပေါ်တွင်အသေခံအသွေးသွန်း၍ အပြစ်ငရဲမှ ကယ်တင်ပေးခဲ့ပါသည်။ သခင်ယေရှုကို ယုံကြည်လက်ခံသူတိုင်းအပြစ်ငရဲမှ လွတ်မြောက်ကာ ထာဝရအသက်ကို ကျေးဇူးတော်အားဖြင့် ပိုင်ဆိုင်ရရှိသွားပြီး ဘုရားသားသမီးများ ပြန်လည်ဖြစ်ခွင့်ရသွားပြီဖြစ်ပါသည်။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်သားများကို အလွန်ပင်ချစ်တော်မူသည့်အတွက် နောင်တမလွန်တွင် အပြစ်ငရဲမှ လွတ်မြောက်အောင် လုပ်ပေးခဲ့သည်သာမက ယခုလက်ရှိ အသက်ရှင်စဉ်ကာလမှာပင်လျှင် ကျွန်ုပ်တို့၏ အခက်အခဲ ပြဿနာများကို ကူညီဖြေရှင်းပေးရန် စောင့်ကြိုနေသော မေတ္တာတော်ရှင် ဘုရားသခင်ဖြစ်ပါသည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို စိတ်နှလုံးထဲ၌ မြင်တွေ့ခံစားရပြီး ဘုရားမေတ္တာ၌ တည်သောသူသည် ဘုရားသခင်၌ တည်သောသူဖြစ်သည်။ ထိုသူ၌လည်း ဘုရားသခင်တည်တော်မူ၍ ခက်ခဲသောအခြေအနေ၌ပင် စိတ်ပျက်အားငယ် စိုးရိမ်ပူပန်ခြင်းမရှိပဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်အားဖြင့် ငြိမ်သက်ဝမ်းမြောက်လျက်အသက်ရှင်နိုင်မည်ဖြစ်သည်။ နောင်တမလွန်တွင်လည်း တရားဆုံးဖြတ်သောနေ့၌ ရဲရင့်ရသော အခွင့်ရရှိမည်ဖြစ်သည်။
ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်ကို ယုံကြည်လက်ခံရရှိသောသူ၏ စိတ်နှလုံးထဲသို့ သန့်ရှင်းသောဝိညာဉ်တော်က မေတ္တာတော်ကို ညွှန်းလောင်းပေး၍ ဘုရားသခင်ကိုပိုမို၍ ချစ်လာမည်။ ကိုယ်နှင့်စပ်ဆိုင်သော သူတို့ကိုလည်း ချစ်လာမည်။ထိုသို့ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် ပြည့်ဝလာသည်ကို ကြည့်ခြင်းအားဖြင့် ဝိညာဉ်ပကတိ၏အသီး (၉) လုံးတွင် ပထမဦးဆုံးသောအသီးဖြစ်သော ချစ်ခြင်းမေတ္တာအသီး သီးလာကြောင်းကို သိမြင်နိုင်ပါသည်။ ထိုချစ်ခြင်းမေတ္တာအသီး သီးလာသောသူသည် သူတစ်ပါးအပေါ်၌ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်းများရှိလာမည်။ ချစ်ခြင်းမေတ္တာရှိသောသူ၌ ဂုဏ်ပြိုင်ခြင်း၊ ဝါကြွားခြင်း၊ မာန်မာန၊ အမျက်ဒေါသ၊ အပြစ်မြင်ခြင်း၊ မတရားသော အမှု၌ ဝမ်းမြောက်ခြင်း မရှိပါ။ ချစ်ခြင်းမေတ္တာသည် ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်သည်၊ ယုံကြည်တတ်သည်၊ မျှော်လင့်တတ်သည်၊ သည်းခံတတ်သည်၊ ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်လျက် သမ္မာတရား၌ ဝမ်းမြောက်တတ်ပါသည်။ ထို့ကြောင့် ဝိညာဉ်အဦးသီးဖြစ်သော ချစ်ခြင်းမေတ္တာအသီး သီးလာပါက နောက်ထပ် ဝိညာဉ်အသီးများဖြစ်သော ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း နှင့် ကာမဂုဏ် ချုပ်တည်းခြင်းများပါ သီးလာမည် ဖြစ်သည်။ ထိုသို့ ဝိညာဉ်အသီးများစွာသီးလျက် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသောသူ၊ ဝိညာဉ်ပကတိလူဖြစ်ဖို့ရန်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လက်ခံရရှိပြီး ထိုမေတ္တာတော်၌ အစဉ်တည်လျက် ဘုရားသခင်‌၏ ချစ်ခြင်းမေတ္တာတော်ကို ညွှန်းလောင်းပေးသော သန့်ရှင်းသော ဝိညာဉ်တော်ဘုရားနှင့် နေ့ရက်အစဉ်အတိုင်း အချိန်ယူကာ မိဿဟာယဖွဲ့ခြင်း အသက်တာကို တည်ဆောက်ဖို့ရန် အထူးလိုအပ်ပါသည်။

ဆုံးဖြတ်ချက်။ ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌တည်၍ ဝိညာဉ်တော်နှင့် မိဿဟာယဖွဲ့ခြင်းဖြင့် ဝိညာဉ်အသီးများစွာကိုသာ၍ သီးပွင့်ကြီးထွားစေပါမည်။

ဆုတောင်းချက် ။ ။ အိုး..အဖဘုရားသခင်၊ ကိုယ်တော်၏အနှိုင်းမဲ့ချစ်ခြင်းမေတ္တာတော်အားဖြင့်တစ်ပါးသူများအားပြန်လည်၍ ချစ်ခြင်းမေတ္တာပြသလျက် ဝိညာဉ်အသီးများစွာသီးပွင့်ဝေဆာစေတော်မူပါ။ သခင်ယေရှုနာမ၌ ဆုတောင်းပါ၏ အဖ။ အာမင်။

God Blessed All🙏
# ✍ Naw Mu Ka Baw ✍

Address

Taungoo

Website

Alerts

Be the first to know and let us send you an email when Naw Mu Ka Baw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share