St. John the Baptist Church, Taungoo

St. John the Baptist Church, Taungoo ဗတ္တိဇံဆရာရှင်ယောဟန်အသင်းတော် အသင်းသူ/ သားများ၏ လှုပ်ရှားမှုမှတ်တမ်းများ

🍃နွေကျောင်းပိတ်ချိန်ကာလမှာ ဓမ္မပညာသားသားမီးမီးများအတွက် ဗတ္တိဇံဆရာရှင်ယောဟန်လူငယ်များအသင်းနှင့် ဓမ္မပညာအသင်းတို့မှ ဦးစီး...
08/04/2026

🍃နွေကျောင်းပိတ်ချိန်ကာလမှာ ဓမ္မပညာသားသားမီးမီးများအတွက် ဗတ္တိဇံဆရာရှင်ယောဟန်လူငယ်များအသင်းနှင့် ဓမ္မပညာအသင်းတို့မှ ဦးစီးပြီးပြုလုပ်တဲ့ Summer Camp လေးဒီနှစ်လည်းရှိပါတယ်နော

🍃သင်တန်းကာလအနေနဲ့ ၁၂.၄.၂၀၂၆မှ ၁၆.၄.၂၀၂၆ အထိ ကြာမြင့်မှာဖြစ်ပြီး သမ္မာကျမ်းစာလေ့လာခြင်းများနှင့်အတူ ဝိညာဉ်ရေးရာအတွက် သင်ခန်းစာများ၊ စိတ်ဝင်စားဖွယ်ရာဗဟုသုတသင်ခန်းစာများ၊ အသင်းလိုက် ဂိမ်းကစားခြင်း၊ လက်မှုပညာပြုလုပ်ခြင်းများနှင့် ပြိုင်ပွဲပြုလုပ်ခြင်းများလည်း ပါဝင်မှာဖြစ်ပါတယ်။

သင်တန်းအတွက် ပါဝင်လှူဒါန်းလိုပါလည်း ကျောင်းထိုင်ဘုန်းတော်ကြီး၊ ဓမ္မပညာဆရာမများမှတစ်ဆင့် လှူဒါန်းနိုင်ပါတယ်
အားလုံးကို ဘုရားသခင်ကောင်းချီးပေးပါစေ🥰

ခရစ်တော်၌အိပ်ပျော်သွားသူ၊ဆရာမခရစ္စမတ်ဆီနှင့်သာသနာပိုင်ကြီးဒေါက်တာဂျွန်ဝေလ်းမီတို့၏မိခင် နော်ပေးပေ အသက်(၉၉) နှစ်စျာပနအစီအ...
08/04/2026

ခရစ်တော်၌အိပ်ပျော်သွားသူ၊
ဆရာမခရစ္စမတ်ဆီနှင့်သာသနာပိုင်ကြီးဒေါက်တာ
ဂျွန်ဝေလ်းမီတို့၏မိခင် နော်ပေးပေ အသက်(၉၉) နှစ်
စျာပနအစီအစဥ်
ပထမဝတ်ပြုခြင်း
၁၀.၄.၂၀၂၆ (သောကြာနေ့)နံနက်၈း၀၀နာရီ
ရှင်ဂျော့ဂျက်ဗိမာန်တော်၊သံတောင်​ကြီး၊တောင်စခန်းမြို့
ဒုတိယပိုင်း သင်္ဂြိုဟ်ခြင်း
ရှင်ဂျော့ဂျက်သုသာန်

သံတောင်ကြီးသို့သွားရောက်ဂါရဝပြုလိုသူများ
၁၀.၄.၂၀၂၆ ​(သောကြာနေ့) နံနက် ၅း၃၀ အချိန်တွင်
တောင်ငူမြို့၊ဗတ္တိဇံဆရာရှင်ယောဟန်ဘုရားကျောင်းဝင်းမှ အသင်းတော်မော်တော်ယဥ်ဖြင့်ထွက်ခွာပါမည်ဖြစ်ပါကြောင်း အသိပေး​အပ်ပါသည်။

အမှုဆောင်ကော်မတီ
ဗတ္တိဇံဆရာရှင်ယောဟန်အသင်းတော်
တောင်ငူမြို့။

ဝမ်းးနည်းကြောင်းသဝဏ်လွှာဆရာမခရစ္စမတ်ဆီနှင့်သာသနာပိုင်ကြီးဒေါက်တာဂျွန်ဝေလ်းမီတို့၏မိခင် နော်ပေးပေ အသက်(၉၉) နှစ်သည် ယနေ့ ၈...
08/04/2026

ဝမ်းးနည်းကြောင်းသဝဏ်လွှာ
ဆရာမခရစ္စမတ်ဆီနှင့်သာသနာပိုင်ကြီးဒေါက်တာ
ဂျွန်ဝေလ်းမီတို့၏မိခင် နော်ပေးပေ အသက်(၉၉) နှစ်သည် ယနေ့ ၈.၄.၂၀၂၆ (ဗုဒ္ဓဟူးနေ့)နံနက်၊သံတောင်ကြီးနေအိမ်တွင်ခရစ်တော်၌ အိပ်ပျော်သွားပါသဖြင့် မိသားစုများနှင့်ထပ်တူ ဝမ်းနည်းရပါသည်။
ဘုရားသခင်ထံတော်ပါးမှနှစ်သိမ့်ခြင်းနှင့်ငြိမ်သက်ခြင်းကောင်းချီးမင်္ဂလာတော်သည် ကျန်ရစ်သူမိသားစုများအားလုံးအပေါ် သက်ရောက်ပါစေကြောင်း သခင်ယေရှုခရစ်တော်၏နာမတော်၌ ဆုတောင်းမေတ္တာပို့သပါသည်။
အဖီးနော်ပေးပေ ၏ နာမ်ဝိညာဉ်သည် ဘုရားသခင်ရဲ့သနားခြင်းကရုဏာတော်အောက်တွင်ငြိမ်သက်စွာ နားနေခွင့်ရရှိပါစေသော။

ဝမ်းနည်းခြင်းများစွာဖြင့်
ဗတ္တိဇံဆရာရှင်ယောဟန် အသင်းသူ/သားများ
တောင်ငူမြို့။

သံတောင်ကြီးသို့ သွားရောက်ဂါရဝပြုလိုသောသူများ
ကျောင်းထိုင်ဘုန်းတော်ကြီးစတီဗင်ထံဆက်သွယ်ပါရန်။ 09.269572245
သင်္ဂြိုဟ်ခြင်းအစီအစဥ် နှင့်တကွ သံတောင်ကြီးသို့သွားရောက်မည့်နေ့ရက်နှင့်အချိန်နာရီကို ထပ်မံကြေငြာပေးပါမည်

Preparing for Easter Sunday.
04/04/2026

Preparing for Easter Sunday.

02/04/2026

သန့်ရှင်းသောအပတ်နှင့်အီစတာနေ့ဝတ်ပြုခြင်း
အစီအစဥ်
၂.၄.၂၀၂၆-ကြာသပတေးနေ့
ညနေ - (၄း၀၀}နာရီ (ညဝတ်နှင့်ခြေဆေးခြင်းဝတ်)

၃.၄.၂၀၂၆-သော​ကြာနေ့ကြီး
နံနက် - ၇း၃၀ နာရီ (မုန့်နှင့်စပျစ်ရည်မပါသော ပွဲတော်ဝတ်)
ပွဲတော်ဝတ်အပြီး - ကားတိုင်ခရီးစဥ်ဝတ်ပြုခြင်း
နေ့လယ်(၁၂း၀၀)နာရီ-အဆာပြေသုံးဆောင်ခြင်း
မွန်းလွဲ - ၁း၀၀ နာရီ မှ ၄း၀၀ နာရီ (စကားတော် (၇) ခွန်း ဝတ်ပြုခြင်း

၅.၄.၂၆-တနင်္ဂနွေနေ့
နံနက် - (၇-၃၀ နာရီ) ပွဲတော်မင်္ဂလာဝတ်
နံနက်(၉း၀၀)နာရီ-မိတ်ဆုံစားခြင်း

အမှုတော်မြတ်၌,

အမှုဆောင်ကော်မတီ
ဗတ္တိဇံဆရာရှင်ယောဟန်အသင်းတော်
တောင်ငူမြို့။

ခရစ်တော်၌အိပ်ပျော်သွားသော စောလုကာချမ်းသာ               အတွက်အစီအစဥ်များ     နှစ်သိမ့်ခြင်းဝတ်ယနေ့ ၂၆-၃-၂၀၂၆(ကြာသပတေးနေ့)...
26/03/2026

ခရစ်တော်၌အိပ်ပျော်သွားသော စောလုကာချမ်းသာ
အတွက်အစီအစဥ်များ

နှစ်သိမ့်ခြင်းဝတ်
ယနေ့ ၂၆-၃-၂၀၂၆(ကြာသပတေးနေ့)၊
ည ၆း၀၀နာရီ

စျာပနအစီအစဥ်
ပထမပိုင်းဝတ်ပြုခြင်း-
၂၇၊၃၊၂၀၂၆ (သောကြာနေ့)နံနက် ၈း၀၀နာရီ
ဗတ္တိဇံဆရာရှင်ယောဟန်ဘုရားရှိခိုးကျောင်း၊၁၉ ရပ်ကွက်၊သီတာလမ်း၊တောင်ငူမြို့။

ဒုတိယပိုင်း​ သင်္ဂြိုလ်ခြင်း - အနောက်ခရစ်ယာန်သုဿာန် (ပေါရိဿဒ် သင်္ချိုင်း)

အောက်မွ့ဘွယ်ဝတ်ပြုခြင်း
28.3.2026(စနေနေ့)၊နံနက် 8:00 နာရီ


ဗတ္တိဇံဆရာရှင်ယောဟန်အသင်းတော်
တောင်ငူမြို့

ဗတ္တိဇံဆရာရှင်ယောဟန်အသင်းသားဖြစ်သူ စောလုကာချမ်းသာ(အသက် ၈၇နှစ်) သည် ယနေ့ ၂၅-၃-၂၀၂၆ ရက်နေ့  (ဗုဒ္ဓဟူးနေ့)နံနက် ၃း၄၅ နာရီအခ...
24/03/2026

ဗတ္တိဇံဆရာရှင်ယောဟန်အသင်းသားဖြစ်သူ စောလုကာချမ်းသာ(အသက် ၈၇နှစ်) သည် ယနေ့ ၂၅-၃-၂၀၂၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့)နံနက် ၃း၄၅ နာရီအချိန် တောင်ငူမြို့၊အောက်ချိုင်း နေအိမ်တွင်ခရစ်တော်၌ အိပ်ပျော်သွားပါကြောင်း၊ ရပ်နီး ရပ်ဝေးရှိ အသင်းသူ၊ အသင်းသားများအား ဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါသည်။
စောလုကာချမ်းသာ၏ နာမ်ဝိညာဥ်သည် ဘုရားသခင်၏ ကျေးဇူးကရုဏာတော်အားဖြင့် ​ငြိမ်သက်စွာနားခိုခွင့် ပေးသနားတော်မူပါစေသော။

နှစ်သိမ့်ခြင်းဝတ်ပြုခြင်းကို ၂၅-၃-၂၀၂၆(ဗုဒ္ဓဟူးနေ့)
ညနေ ၅း၀၀နာရီအချိန်၊ တောင်ငူမြို့၊အောက်ချိုင်းနေအိမ်တွင်ပြုလုပ်ပါမည်။

စျာပန အစီအစဥ်ကိုထပ်မံကြေငြာပေးပါမည်။



ဗတ္တိဇံဆရာရှင်ယောဟန်အသင်းတော်
တောင်ငူမြို့

22.3.2026မနက်ပိုင်း ဆရာမန်းစိုးအောင် မှယောသပ်နှင့်မာရိအကြောင်းဟောပြောခြင်း။ဖခင် မိခင်များအား ဂုဏ်ပြုခြင်း။မွန်းလွဲပိုင်း...
22/03/2026

22.3.2026
မနက်ပိုင်း ဆရာမန်းစိုးအောင် မှ
ယောသပ်နှင့်မာရိအကြောင်းဟောပြောခြင်း။
ဖခင် မိခင်များအား ဂုဏ်ပြုခြင်း။
မွန်းလွဲပိုင်း ပြိုင်ပွဲများ
ယောက်ျားများအသင်း၏ ပဌနာဆုတောင်းချက်
ပဌနာတော်ကြီး အသံဖြင့်သီဆိုခြင်း
တောင်ငူသာသနာပိုင်နယ် ဆောင်ပုဒ်သီချင်း များယှဥ်ပြိုင်ခြင်းများဖြစ်ပါသည်။

ညနေပိုင်းသင်ကြားခြင်းသင်းထောက် စောစိုးကမော်ဒိုထူး မှ သီချင်းသင်ကြားခြင်းဆရာမနန့်အဲလစ်ဇဘက်အိနှင်းဖြူ မှ စိတ်ကျန်းမာရေး အက...
21/03/2026

ညနေပိုင်းသင်ကြားခြင်း
သင်းထောက် စောစိုးကမော်ဒိုထူး မှ သီချင်းသင်ကြားခြင်း
ဆရာမနန့်အဲလစ်ဇဘက်အိနှင်းဖြူ မှ စိတ်ကျန်းမာရေး အကြောင်းသင်ကြားခြင်း

မနက်ပိုင်း သင်ကြားခြင်းဆရာမနော်အယ်ဝါးမှရက်ရောစွာလှူဒါန်းခြင်းအကြောင်း
21/03/2026

မနက်ပိုင်း သင်ကြားခြင်း
ဆရာမနော်အယ်ဝါးမှ
ရက်ရောစွာလှူဒါန်းခြင်းအကြောင်း

တစ်ရက်တာသင်တန်း စ ပါပြီ
21/03/2026

တစ်ရက်တာသင်တန်း စ ပါပြီ

အသင်းသူ/သားများ အားလုံး အင်တိုက်အားတိုက်ပါဝင်ကြပါရန် နိုးဆော်အပ်ပါသည်။
15/03/2026

အသင်းသူ/သားများ အားလုံး အင်တိုက်အားတိုက်ပါဝင်ကြပါရန် နိုးဆော်အပ်ပါသည်။

Address

Taungoo

Website

Alerts

Be the first to know and let us send you an email when St. John the Baptist Church, Taungoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Place Of Worship

Send a message to St. John the Baptist Church, Taungoo:

Shortcuts

Share