St.Paul's Cathedral -Taungoo

St.Paul's Cathedral -Taungoo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from St.Paul's Cathedral -Taungoo, Religious organisation, Thandaung Street, Taungoo.

09/08/2026

(ဦးစောကေးလာ) အား သဂြ်ိုလ်ခြင်းအစီအစဥ်

နေ့ရက် - ၁၀.၈.၂၀၂၆(တနလ်ာနေ့)
အချိန် - နံနက် ၉:၀၀ နာရီ (ပထမပိုင်း၊ ရှင်ပေါလုကသီဒြယ်)

ဒုတိယပိုင်း - ကချောင်းသခ်ျိုင်း

နှစ်သိမ့်ခြင်းဝတ်

နေ့ရက် - ၁၀.၈.၂၀၂၆(တနလ်ာနေ့)
အချိန် - ညနေ ၅:၀၀ နာရီ
နေရာ - ဆရာမနော်ဂျူးလီယာနေအိမ်၊ သာယာကုန်း

အမှုတော်မြတ်၌,

ဘုန်းတော်ကြီးစောအောင်ခိုင်ညွန့်
နယ်စီးဘုန်းတော်ကြီး
ရှင်ပေါလုကသီဒြယ်

08/08/2026

ခရစ်တော်၌အိပ်ပျော်ခြင်း
ဦးစောကေးလာ
အသက် (၈၈) နှစ်

ရှင်ပေါလုကသီဒြယ်အသင်းသားတဦးဖြစ်သူ (ဦးစောကေးလာ) ဆရာမဂျူးလီယာ၏ဖခင်သည် (၈.၈.၂၀၂၆) နံနက် ၄:၀၀ နာရီခန့်တွင် ခရစ်တော်၌အိပ်ပျော်သွားကြောင်း ကြားသိရသဖြင့်မိသားစုနှင့်ထပ်တူဝမ်းနည်းရပါသည်။ ဘုရားသခင်ထံတော်မှ လူသားတို့ကြံစည်၍မမီနိုင်သောငြိမ်သက်ခြင်းသည်ကျန်ရစ်သူမိသားစုများအပေါ်သက်ရောက်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။ (ဦးစောကေးလာ) ၏ နာမ်ဝိဉာဥ်သည်လည်းဘုရားသခင်ရဲ့သနားခြင်းကရုဏာတော်အားဖြင့်ထာဝရငြိမ်သက်စွာနားနေခွင့်ရရှိပါစေသောဝ်။

နှစ်သိမ့်ခြင်းဝတ်
နေ့ရက် - ၈.၈.၂၀၂၆၊ ၉.၈.၂၀၁၆
အချိန် - ညနေ ၆:၀၀ နာရီ
နေရာ - ဆရာမဂျူးလီယာနေအိမ်၊ သာယာကုန်း

သဂြိုလ်မည့်နေ့ကို ဆက်လက်အသိပေးသွားပါမည်။

မှတ်ချက် - အသင်းသူ/သားများအနေဖြင့် ကျန်ရစ်သူမိသားစုများအားသွားရောက် နှစ်သိမ့်ပေးကြပါရန် မေတ္တာဖြင့် နှိုးဆော်အပ်ပါသည်။

အမှုတော်မြတ်၌,

ဘုန်းတော်ကြီးစောအောင်ခိုင်ညွန့်
နယ်စီးဘုန်းတော်ကြီး
ရှင်ပေါလုကသီဒြယ်

ပတ်စဥ်ဝတ်ပြုခြင်းတာဝန်ဇယား
09/07/2026

ပတ်စဥ်ဝတ်ပြုခြင်းတာဝန်ဇယား

03/07/2026

ကျမ်းစာသင်ကြားခြင်း
၄.၇.၂၆၊ နံက် ၁၀:၀၀ နာရီ၊ ရှင်ပေါလုကသီဒြယ်
အားလုံးဘိတ်ခေါ်ပါသည်။

26/06/2026

အသင်းသူ/သားများခင်ဗျား!
ကျနော်တို့၏အသင်းသူဖြစ်သော နော်ဆာဝါး၏မိခင်၊ ဆရာမနော်သောသီ ဖေါ၏အဖွား(အဖီးနော်ဖလယ် "ဃေးနေမို")သည် ယနေ့မွန်းလွဲ ၃:၂၆ နာရီတွင် ခရစ်တော်၌အိပ်ပျော်သွားကြောင်းသိရှိရသည့်အတွက် ကျန်ရစ်သူမိသားစုများနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါသည်။ အဖီး၏နာမ်ဝိဉာဥ်သည်လည်းဘုရားသခင်ရဲ့သနားခြင်းကရုဏာတော်အားဖြင့်ထာဝရငြိမ်သက်စွာနားနေခွင့်ရရှိပါစေကြောင်း နှင့် ဘုရားသခင်၏ငြိမ်သက်ခြင်းသည်လည်းကျန်ရစ်သူမိသားစုများအပေါ်သက်ရောက်အုပ်စိုးပါစေကြောင်း အသင်းတော်အနေဖြင့် မေတ္တာပို့အပ်ပါသည်။

နှစ်သိမ့်ခြင်းဝတ်နှင့် သဂြ်ိုလ်ခြင်းဝတ် အစီအစဥ်များကို ဆက်လက်အသိပေးသွားပါမည်။ အသင်းသူ/သားများအနေဖြင့် သွားရောက်မေတ္တာပြနှစ်သိမ့်ပေးကြပါရန် မေတ္တာဖြင့် နှိုးဆော်အပ်ပါသည်။

အမှုတော်မြတ်၌,

ဘုန်းတော်ကြီးစောအောင်ခိုင်ညွန့်
နယ်စီးဘုန်းတော်ကြီး
ရှင်ပေါလုကသီဒြယ်

အားလုံးကိုဘိတ်ခေါ်ပါသည်။အသင်းသူ/သားများခင်ဗျား!ကျွန်ုပ်တို့ ရှင်ပေါလုကသီဒြယ်အသင်းတော်၏ ဝိဉာဥ်ရေးဆိုင်ရာ လုပ်ဆောင်မှုတခုဖ...
17/06/2026

အားလုံးကိုဘိတ်ခေါ်ပါသည်။

အသင်းသူ/သားများခင်ဗျား!
ကျွန်ုပ်တို့ ရှင်ပေါလုကသီဒြယ်အသင်းတော်၏ ဝိဉာဥ်ရေးဆိုင်ရာ လုပ်ဆောင်မှုတခုဖြစ်သော "သမ္မာကျမ်းစာသင်ကြားခြင်း" အစီအစဥ်ကို အောက်ပါအတိုင်း ပြန်လည်စတင်ပါတော့မည်။

နေ့ရက် - ၂၀.၆.၂၀၂၆(စနေနေ့)
အချိန် - နံနက် ၁၀:၀၀ နာရီ - ၁၁:၃၀ နာရီ ...
နေရာ - ရှင်ပေါလုကသီဒြယ် ဘုရားကျောင်းအတွင်း
ပို့ချမည့်သူ - အနားယူသာသနာပိုင်ကြီးဒေါက်တာဂျွန်ဝေးလ်မီ
ပို့ချမည့်ခေါင်းစဥ် - သမ္မာကျမ်းစာနှင့်ကျွန်ုပ် "The Bible and Me"

မေတ္တာရပ်ခံချက် -
- အသင်းသူ/သားများအနေဖြင့် ဤအစီအစဥ်နှင့်ပတ်သက်ပြီး သင်ကြားပေးမည့်သူနှင့် တက်ရောက်မည့်သူများအတွက် အမြဲသတိရဆုတောင်းပေးကြပါရန်

- ယောက်ျား၊ မိခင်၊ လူငယ်နှင့် ဓမ္မပညာအကြီးတန်းမှ သားသမီးများ ပါဝင်တက်ရောက်ကြပါရန် မေတ္တာဖြင့် နှိုးဆော်အပ်ပါသည်။

အမှုတော်မြတ်၌,

ဘုန်းတော်ကြီးစောအောင်ခိုင်ညွန့်
နယ်စီးဘုန်းတော်ကြီး
ရှင်ပေါလုကသီဒြယ်
တောင်ငူသာသနာပိုင်နယ်

11/06/2026

ရှင်ပေါလုကသီဒြယ်မိခင်များနှင့်မိတ်ဖက်နယ်များမှမိခင်များတရက်တာသင်တန်း

နေ့ရက် - ၁၃.၆.၂၀၂၆(စနေနေ့)

အချိန် - နံနက် ၈:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ

သင်ခန်စာများ
သမ္မာကျမ်းစာ - ဘုန်းတော်ကြီးစောဘွယ်ဟီထူး
ဝိဉာဥ်ရေးကိုစီမံခန့်ခွဲခြင်း - ဆရာမကြီးနန့်အဲလစ်ဇဘက်စန်းစန်းဌေး
ငွေကြေးကိုစီမံခန့်ခွဲခြင်း - ဆရာမနော်အဲ့အယ်မူး
အချိန်ကိုစီမံခန့်ခွဲခြင်း - ဆရာမနော်အိုမူဖေါ
အက - ဆရာမနော်ထူးလေအောင်

နေရာ - ရှင်ပေါလုကသီဒြယ်ခန်းမဆောင်

မိတ်ဖက်နယ်များဖြစ်သော - ရှင်အနြေ၊ ရှင်သောမ၊ အနောက်တောင်၊ ထန်းတပင်၊ ဗတ္တိဇံဆရာရှင်ယောဟန် မှ မိခင်များကို လှိုက်လှဲစွာဘိတ်ခေါ်ပါသည်။

မှတ်ချက် - ကသီဒြယ် ယောက်ျားများနှင့် လူငယ်များမှ ချက်ပြုတ်ဧည့်ခံရေးတွင် လာရောက်ကူညီပေးကြပါရန် ထပ်လောင်းနှိုးဆော်အပ်ပါသည်။

အမှုတော်မြတ်၌,

ဘုန်းတော်ကြီးစောအောင်ခိုင်ညွန့်
နယ်စီးဘုန်းတော်ကြီး
ရှင်ပေါလုကသီဒြယ်

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အဂ်လီကန်)၊ တောင်ငူသာသနာပိုင်နယ်၊ ရှင်ပေါလုကသီဒြယ်အသင်းတော်၊ ပညာရေးဆပ်ကော်မီတီမှ ကြီးမှူးဖ...
08/06/2026

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အဂ်လီကန်)၊ တောင်ငူသာသနာပိုင်နယ်၊ ရှင်ပေါလုကသီဒြယ်အသင်းတော်၊ ပညာရေးဆပ်ကော်မီတီမှ ကြီးမှူးဖွင့်လှစ်သော "မေတ္တာရိပ်မြုံ" မူကြိုကျောင်း၊ (၂၀၂၆-၂၇) စာသင်နှစ်ကို ကျောင်းသာ/သား (၁၅)ဦး၊ ဆရာမ (၂)ဦး၊ ကြီးကြပ်သူ(၁) ဦး ဖြင့် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် စတင်ဖွင့်လှစ်ပြီဖြစ်ပါသည်။ ဤဖွင့်ပွဲသို့ တက်ရောက်လာကြသော အမှုတော်ဆောင်များ၊ အသင်းတော်ကောင်စီဝင်များ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသူ/သားများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ တနှစ်တာလုံးလုပ်ဆောင်ရမည့်အရာများအတွက် အသင်းသူ/သားများအနေဖြင့် နေစဥ်ဆုတောင်းခြင်းအားဖြင့် သတိရပေးကြပါရန် မေတ္တာရပ်ခံနှိုးဆော်အပ်ပါသည်။

အမှုတော်မြတ်၌,

ဘုန်းတော်ကြီးစောအောင်ခိုင်ညွန့်
နယ်စီးဘုန်းတော်ကြီး
ရှင်ပေါလုကသီဒြယ်

The opening ceremony of "Love Shelter" kindergarten, run by Education Sub-committe, St. Paul's Cathedral, Taungoo Diocese. 15 students, 2 teaching staff, 1 volunteer and 1 manager. please, remember us in your daily prayer!

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အင်္ဂလီကန်)၊ တောင်ငူသာသနာပိုင်နယ်၊ ရှင်ပေါလုကသီဒြယ်၌ လက်ထောက်ဘုန်းတော်ကြီးအဖြစ် (၅)နှစ်တိ...
07/06/2026

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အင်္ဂလီကန်)၊ တောင်ငူသာသနာပိုင်နယ်၊ ရှင်ပေါလုကသီဒြယ်၌ လက်ထောက်ဘုန်းတော်ကြီးအဖြစ် (၅)နှစ်တိုင် ဆက်ကပ်အမှုတော်ဆောင်ခဲ့သော ဘုန်းတော်ကြီး ပြည် ညိမ်းဘွယ်ထူးအား ဂုဏ်ပြုနုတ်ဆက်ခြင်းနှင့်အတူ အကူဘုန်းတော်ကြီးအဖြစ် ဆက်ကပ်အမှု‌တော်ဆောင်မည့် ဘုန်းတော်ကြီးနီကမွီး (ရှင်ပေတရုကျမ်းစာကျောင်းအုပ်) အား ကြိုဆိုခြင်း။

Address

Thandaung Street
Taungoo

Telephone

+9595661178

Website

Alerts

Be the first to know and let us send you an email when St.Paul's Cathedral -Taungoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share