28/03/2026
'အမှုတော်မြတ်၌ လူငယ်တို့ရဲ့ လုပ်အားဖြင့် အတူတကွ...' ⛪✨
အသင်းတော်ရဲ့ လိုအပ်တဲ့နေရာတွေမှာ
အသုံးပြုနိုင်ဖို့အတွက် ကျွန်တော်တို့ လူငယ်တွေ
ဒီနေ့မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ တက်တက်ကြွကြွ
စောင်လျှော်ပြီး ရန်ပုံငွေ ရှာဖွေခဲ့ကြပါတယ်။
လုပ်အားဆိုတာ ငွေကြေးနဲ့လဲလို့မရတဲ့
စေတနာမို့လို့ ဒီနေ့မှာ ပါဝင်အားဖြည့်ပေးကြတဲ့ လူငယ်တစ်ယောက်ချင်းစီတိုင်း အတွက်
ဂုဏ်ယူမိပါတယ်။ 😇
ကျွန်တော်တို့ရဲ့ လုပ်အားလေးတွေက တစ်ဆင့် ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ရှားပါစေ။